” တင်စားခဲ့တဲ့ ဒေါင်း “

ခင္ခAugust 4, 20141min1916

” တင်စားခဲ့တဲ့ ဒေါင်း “

 

အိုးဝေ အိုးဝေ လို့တွန်ကာကျုးတဲ့ ဒေါင်း

ကျောင်းသားများအတွက် ရင်မှာငြိတဲ့ ဒေါင်း

ဝှေ့ရမ်းလို့သာ တိုင်မှာလွှင့်တဲ့ ဒေါင်း

ဇာတိမန်ကြွ ခွပ်သဏ္ဍန်ပြတဲ့ ဒေါင်း

အာဏာရှင်ကို ငုံမခံခွပ်တော့

ဒီအလံအောက်မှာ သေခဲ့ကြသည်

ဒီအလံအောက်မှာ နေခဲ့ကြသည်

ဒီအလံအောက်မှာ ကြွေခဲ့ကြသည်

ဒီလိုပေးဆပ် အာဇာနည်ကို

ဒို့များဦးညွှတ် အလေးပြုတယ်။

 

 

ခင်ခ။

6 comments

  • kai

    August 4, 2014 at 4:24 pm

    ကင်များ…. စားပလိုက်သလားလို့…

    ဆိုတော့…
    ဒေါင်းဖန်ဝါ သူရိယာနေမင်း..တဲ့..
    နေကြွေတဲ့နေ့.. မရှိစကောင်း… :k:

  • ဇီဇီ ခင်ဇော်

    August 4, 2014 at 4:27 pm

    ဖဲမှာတော့ ဒေါင်း ဆိုတာ နိုင်တာပဲ။

    :k:

  • kyeemite

    August 5, 2014 at 2:02 pm

    ဒေါင်းဖန်ဝါ သူရိယာနေမင်း..ဆိုတော့ “အရှေ့ကနေဝန်းထွက်သည့်ပမာ…တစ်နေ့တို့ခေတ်ရောက်ရမည်မှာမလွဲပါ” …တဲ့
    ဦးသိန်းဖေမြင့် ပြောသွားတာ…တော်တော်ကြာခဲ့လေပြီ…ခုထိမရောက်နိုင်သေး :chee:

    • ခင် ခ

      August 5, 2014 at 2:33 pm

      ” ရောက်ချင်ကြလွန်းလို့ သွားတော့သွားနေတာဘဲ မည့်သို့ကြောင့်မရောက်သည်မသိ ” လို့ဘဲ သက်ပြင်းချကာ ပြောရလေမလား ဆြာမိုက်ရေ။

  • အလင်းဆက်

    August 5, 2014 at 6:48 pm

    ဒေါင်းမြင်တိုင်း..တွေးမိတာက….
    ………………………………….
    ………………………………….

    • ခင် ခ

      August 6, 2014 at 11:09 pm

      ဘာကိုလဲဟင်

Leave a Reply