တိုးတက်နေတဲ့ ပညာခေတ်ထဲက ပညာတတ် မြန်မာအမျိုးသမီးများရဲ့

nitrospeedAugust 14, 20101min923

မြန်မာပြည်မှာခုတလောနာမည်ကြီးနေတဲ့ PRIVATE SCHOOL ရဲ့လိမ်ညာမှုပါ။  Private School တွေဖွင့်တော့ M.Sc M.Aရထားတဲ့ မိန်းကလေးတော်တော်များများဝမ်းသာကြပါတယ်။ Private School တွေက M.Sc M.A ရထားတဲ့သူတွေကို ဆရာမအဖြစိ study guide အဖြစ်ခန့်မယ်လို့ seven days news ဂျာနယ်မှာ အတိအလင်း ပြောထားတာကိုဖတ်ခဲ့ရလို့ပါ။

အဲဒီထဲမှာကျွန်မလဲတစ်ယောက်အပါအဝငိဖြစ်ခဲ့ပါတယ်။ ကျွန်မကM.Sc ရထားတဲံသူကိုး။ မဟာမြကျွန်းသာ (MMAC)ဆိုတဲ့ ကျောင်းက M.Sc M.Aတွေကိုဆရာမအဖြစ် study guide အဖြစ်ခေါ်ပါတယ်။ ကျွန်မလဲ ဝင်လျှောက်ဖြစ်ပါတယ်။

ဆရာမအဖြစ်အရွေးခံရပါတယ်။ အရမ်းနာမည်ကြီးနေတဲ့ကျောင်းမို့ အရမ်းအထင်ကြီးပြီး လျှောက်ခဲ့တာပါ။ နေစရာစားစရာပေးပြီး လစာကို ၄၅၀၀ဝ မှ ၈၀၀၀ဝ ထိပေးမယ်လို့ပြောခဲ့ပါတယ်။

ကျွန်မတို့လို ပညာသာတတ်ပြီး ကိုယ့်ဝမ်းစာကိုကိုယ့်ဘာသာရှာစားနေရတဲ့ မိန်းကလေးတွေအတွက်တော့ မဟာ့မဟာအခွင့်အရေးပါပဲ။ ဒါပေမယ့်ဒါတွေကအိမ်မက်ပဲဖြစ်ခဲ့တာ။အလုပ်လျှောက်လွှာကို လက်ခံတဲ့နေရာက ၆မိုင်ခွဲမှာရှိတဲ့မူကြို တစ်ခုမှာပါ။

မူကြိုကလဲ စင်ကာပူသင်ရိုးအတိုင်းသင်တဲ့မူကြိုမို့ အထင်ကြီးစရာအင်မတန်ကောင်းပါတယ်။ မူကြိုတောင် ဒီလောက်အဆင့်မြင့်ရင် private school ကပိုတောင် သားနားမယ်လို့ ထင်ခဲ့ပါတယ်။ ဒါနဲ့ ပဲကျွန်မအရွေးခံ ရပါတယ်။ အလုပ်အတွက် စာချုပ် ချုပ်ရမယ်လို့ပြောပါတယ်။

တလကို ၄၅၀၀ဝ နဲ့ ၃နှစ်စာချူပ်ရပါတယ်။ စာချူပ်ထဲမှာလဲ ကျောင်းသားတွေနဲ့ ပတ်သက်တဲ့အချက်တွေသာ ပါပြီး သင်ကြားရေးတာဝန်ခံဆရာမ ဆိုတဲ့ရာထူးနဲ့ချူပ်တာပါ။ စာချူပ်ချူပ်ပြီးတာနဲ့ မြရိပ်မာလာဆိုတဲ့အဆောင်ကိုခေါ်သွားပါတယ်။

အဲဒီမှာစပြီးတွေ့ တာပါပဲ။ ပေ ၁၀ဝပတ်လည်တောင်မရှိတဲ့ ခြံဝင်းထဲမှာ နှစ်ထပ်တိုက်၂လုံး ၊ဂိုထောင်လိုလို အခန်း၂ခန်း၊ စာသင်ဆောင်၂ခုနဲ့ ရေကန်၁ကန်တွေ့ရပါတယ်။

နှစ်ထပ်တိုက်၂လုံးကတော့ကျောင်းသူတွေနေတဲ့အဆောင်ပါ။ ဂိုထောင်လိုလိုအခန်းကတော့ ဆရာမများအတွက်ဖြစ်ပါတယ်။ ဂိုထောင်တခုမှာဆရာမ၄ယောက်နေရပါတယ်။ မိုးတွင်းရောက်ရင် ခုတင်ခြေထောက်ထိ ရေမြုပ်တဲ့အခန်းတွေပါ။

ကျွန်မတွေ့ခဲ့ရတဲ့ဖိနှိုပ်မှုနဲ့ချူပ်ချယ်ခံရမှုများကို အောက်မှာဆက်ရေးထားပါတယ်။

  • (၁)တိုးတတ်နေတဲ့ခေတ်ထဲမှာသတင်းစာမဖတ်ရဘူးတဲ့။
  • (၂)ရေဒီယိုနားမထောင်ရဘူးတဲ့။
  • (၃)MP3 MP4 လက်ကိုင်ဖုန်းသုံးခွင့်မပြုဘူးတဲ့။
  • (၄)မိမိမိသားစုအသိုင်းအဝိုင်းက မိမိထံသို့ ဖုန်းဆက်ခွင့်မရှိပါတဲ့။ လာရောက်တွေ့ခွင့်မရှိပါတဲ့။
  • (၅)သန့်ရှင်းရေးနဲ့ ပန်းပင်ရေလောင်းတာကို အလှည့်ကျလုပ်ရပါတယ်။
  • (၆)ညဘက်ရေတင်တာကိုအလှည့်ကျစောင့်ရပါတယ်။(ကျောင်းသူများရဲ့ရေချိုးခန်းထဲကိုထည့်တာပါ
  • (၇)ကျောင်းသူများရဲ့အခန်းကိုroom service ဝင်ပေးရပါတယ်။
  • (၈)ဂိတ်ပေါက်စောင့်ရပါတယ်။
  • (၉)ဆရာမများတနေ့ကို ရေတခါပဲချိုးရမယ်လို့ စည်းကမ်းထုတ်ထားပါတယ်။ ရေချိူးရတဲ့နေရာကိုပြောပြပါမယ်။
လူနှစ်ရပ်လောက်ရှိတဲ့ ရေကန်နဲ့ခြံစည်းရိုးအုတ်နံရံကြား လူတကိုယ်ဝင်စာရှိတဲ့နေရာမှာချိုးရတာပါ။ လူနှစ်ရပ်လောက်ရှိတဲ့ ရေကန်မှာ ရေကတစ်တောင်လောက်ပဲရှိတာကိုပုံးမှာကြိုးတပ်ပြီးငင်ချိုးရတာပါ။

မျက်နှာသစ်ဖို့ ရေက အမှိုက်တွေနဲ့ သံချေးရေပါ။ တစ်နှစ်ပတ်လုံးမိုးတွင်းက လွဲလို့ ကျန်တဲ့အချိန်တွေမှာ ဒီလိုပဲသုံးရပါတယ်။

ဒါဟာလိမ်ညာမှုပါပဲ။

ဒါဟာအိမ်ဖော်တွေလုပ်ရတဲ့အလုပ်မျိူးတွေပါ။ ဆရာမဆိုတဲ့နာမည်တပ်ပြိးအိမ်ဖော်လုပ်ချုင်းတာပါ။

စာချုပ်မှာ မပါတဲ့အချက်တွေကို အခိုင်းခံရပေမယ့် စာချုပ်ဆိုတာကြီးကိုကြောက်လို့ မထွက်ရဲတဲ့သူတွေ အများကြီးပါ။ မဟာမြကျွန်းသာဆိုတဲ့ ဒီ private schoo l ကပညာတတ်အမျိုးသမီးတွေကိုပြင်ပနဲ့ အဆက်အသွယ်ဖြတ်တောက်ပြီး အကျဉ်းချ ကျွန်ပြု ထားတာ ပြည်တွင်းလူကုန်ကူးမှုလို့ တောင်ပြောလို့ ရပါတယ်။

တိုးတက်နေတဲ့ နည်းပညာခေတ်ကြိးထဲမှာသတင်းစာမဖတ်ရဆိုတာတော်တော် ဆိုးဝါးတဲ့အချက်ပါ။ စီးပွားရေးအရ ကြည့်ရင်လဲ ပိုက်ဆံ ရစရာရှိတဲ့ ကျောင်းသူတွေကိုတော့ ကောင်းကောင်းထားပြီး ပိုက်ဆံပေးရမယ့်ဆရာမ(တနည်းဝန်ထမ်း၊ အလုပ်သမာ) ကိုတော့ဖိနှိပ်ထားတာ အရင်းရှင်စနစ်ကို ကျင့်သုံးတာပါပဲ။

အရမ်းကောင်းပြီး အဆင့်မြင့်ပါတယ်လို့ နာမည်ကြီးနေတဲ့မဟာမြကျွန်းသာ privateschool ကိုတော့ ပညာတတ် မိန်းကလေးများ မလျှောက်မိပါစေနဲ့။

အမှားကြီးမှားမှာစိုးရိမ်လို့ပါ။ နီးစပ်ရာသူငယ်ချင်းများကိုပြောပြပြီး forward လုပ်ပေးကြပါလို့ အကူအညီတောင်းပါတယ်။

ကျေးဇူးတင်ပါတယ်။

လွဲတော့လွဲနေတယ်နော်………………………….   ဟဲဟဲ……………………….

3 comments

  • Yin Nyine Nway

    August 15, 2010 at 9:59 am

    စိတ်ပျက်စရာကောင်းတယ်နော်
    ဘာလို့ ဒီလိုကျောင်းတွေ ပေါ်လာရတာလဲ

  • kopauk mandalay

    August 15, 2010 at 4:13 pm

    ကျနော်တို့မြန်မာလူမျုးိမှာ အခက်တွေ့စေတာက ဒီလိုပြဿနာတွေပါ။
    အဲဒါဘာလဲဆိုတော့ အလုပ်တစ်ခုကို လက်မခံခင်မှာ အလုပ်နဲ့ပါတ်သက်တဲ့ ကိုယ်ကဘာလုပ်ပေးရမယ် ကိုယ်ကဘယ်စည်းကမ်းတွေလိုက်နာရမယ်
    ကိုယ်က ဘာတွေခံစားခွင့်ရှိမယ်ဆိုတာကို သေသေချာချာမစူးစမ်းဘဲ လက်ခံလိုက်ကြတာပါဘဲ။
    စကားလက်ဆောင်ပေးလိုက်ချင်ပါတယ် မစခင် အရင်ဝအောင်ပြောပါလို့။

  • etone

    August 16, 2010 at 10:04 am

    ဘာလို့ ငြိမ်ခံခဲ့ရတာလဲ ။ မကျေနပ်ရင်အလုပ်ထွက်ခွင့်ရှိတာပဲမဟုတ်ဘူးလား ။

Leave a Reply