” သွေးကြောဆိုင်ရာ ရောဂါများအကြောင်း – ၃ “

ခင္ခAugust 5, 20141min794

” သွေးကြောဆိုင်ရာ ရောဂါများအကြောင်း – ၃ “

 

၃။ သွေးကြောများကြောင့်ဖြစ်သော ခြေထောက်အနာများ

ရက်အနည်းငယ်အတွင်း အနာမကျက်ဘဲ အပေါ်ယံအရေပြားလွှာ ယိုယွင်းခြင်းကို Ulcer (အနာခွက်)လို့ ခေါ်ပါတယ်၊ ခြေထောက်တွေဆီကို သွေးအရောက်နည်းခြင်းကြောင့် အောက်ဆီဂျင်ရရှိမှုနည်းပြီး ဗက်တီး ရီးယားပိုး ဝင်ရောက်လာတဲ့အတွက်ကြောင့် ခြေထောက်အနာဖြစ်ရတာပါ၊ ခြေထောက်အနာ ၂ မျိုးရှိပါတယ်၊ သွေးပြန်ကြောပိတ်ဆို့မှုကြောင့်ဖြစ်တဲ့ ခြေထောက်အနာ နဲ့ သွေးလွှတ်ကြောပိတ်ဆို့မှုကြောင့်ဖြစ်တဲ့ ခြေထောက်အနာတို့ ဖြစ်ပါတယ်၊

သွေးပြန်ကြောပိတ်ဆို့မှုကြောင့်ဖြစ်တဲ့ ခြေထောက်အနာကို ခြေထောက်အောက်ပိုင်းနဲ့ ခြေချင်းဝတ်ဝန်ကျင်းမှာ တွေ့ရပါတယ်၊ အသားနီလန်နေတဲ့ ဗဟိုချက်ရှိပြီး ပုံသဏ္ဍန်မမှန်တဲ့အနားစွန်းတွေနဲ့အတူ အရေပြားဝန်းကျင်မှာ ပုံမှန်မဟုတ်တဲ့ သွေးယိုစိမ့်မှုကို တွေ့ရပါတယ်၊သွေးပြန်ကြောကနေ သွေးစီးဆင်းမှုမှာ အတားအဆီးတစ်ခုတွေ့ တာကြောင့် ဖြစ်ရတာပါ၊အရင်တုန်းက သွေးပြန်ကြောတွင်း သွေးခဲခြင်း ဒါမှမဟုတ် သွေးကြောထုံးခြင်းကြောင့် ဖြစ်တတ်ပြီ သွေးပြန်ကြောပိတ်ဆို့ခြင်းဟာ အောက်ဆီဂျင်ကို လျော့နည်းစေပါတယ်၊ သွေးပြန်ကြောအတွင်း သွေးစီးဆင်းမှု ပုံမှန်ထက်နှေးကွေးသွားခြင်းဟာ တစ်သျှူးတွေ ယိုယွင်းတဲ့အထိ ဖြစ်စေနိုင်ပါတယ်။

သွေးလွှတ်ကြောပိတ်ဆို့မှုကြောင့်ဖြစ်တဲ့ ခြေထောက်အနာကို ခြေထောက်နဲ့ ခြေဖဝါးမှာ တွေ့ရပေမယ့် ခြေချင်းဝတ်ဝန်းကျင်မှာတော့ မတွေ့ရပါဘူး၊ သွေးပြန်ကြောပိတ်ဆို့မှုကြောင့်ဖြစ်တဲ့ ခြေထောက်အနာဟာ သေးငယ်ပြီး ထင်ရှားတဲ့အနာဝရှိပါတယ်၊ သွေးလွှတ်ကြောနဲ့ သွေးစီးဆင်းမှုအားနည်းခြင်းကြောင့် ဖြစ်ရတာ ပါ၊သွေးတိုးရောဂါ သွေးလွှတ်ကြောမာကျောခြင်း ဒါမှမဟုတ် ဆီးချိုရောဂါတွေကြောင့် ဖြစ်နိုင်တာပါ၊

အနာသေး ရင်တော့ ပိုးသတ်ဆေးပါဝင်တဲ့ လိမ်းဆေးနဲ့ ကုသရပါ့မယ်၊ ဒါပေမယ့် အနာကြာရှည်ဖြစ်ရင်တော့ ဆရာဝန် နဲ့ ကုသသင့်ပါတယ်၊ ထိုအနာတွေကို ပိုးသတ်ဆေးရည်နဲ့ သေချာသန့်စင်ပေးပြီး အနာကိုစည်းပေး တဲ့ ပက်တီးစ အနေနဲ့လည်း လေဝင်လေထွက် ကောင်းဖို့လိုပါတယ်၊ သွေးပြန်ကြောပိတ်ဆို့မှုကြောင့်ဖြစ်တဲ့ ခြေထောက်အနာမှာတော့ သွေးလှည့်ပတ်စီးဆင်းမှု အားကောင်းစေဖို့ ခြေထောက်တွေကို မြှောက်ထားသင့် ပါတယ်၊ အထောက်အကူပြုတဲ့ ခြေအိတ်ရှည်ဝတ်ထားသင့်သလို ခြေထောက်သွေးတိတ်စေဖို့ ပက်တီးစီးပေး သင့်ပါတယ်၊ ရောဂါပြင်းထန်လာပါက သွေးကြောထုံးနေတာတွေကို ဖယ်ရှားခြင်း သွေးလွှတ်ကြောအစားထိုး ကုသမှုခံယူခြင်းတွေနဲ့ ခွဲစိတ်ကုသနိုင်ပါတယ်၊ အရေပြားအစားထိုး ကုသလို့လည်းရပြီး ဝေဒနာရှင်ဟာ တက်တက်ကြွကြွ နေထိုင်သင့်ပြီး အနာကျက်အောင် မှန်ကန်သင့်လျှောတဲ့ အစားအစာတွေ စားသောက် သင့်ပါတယ်၊

ခြေထောက်အနာတွေဟာ သွေးပြန်ကြောနဲ့ သွေးလွှတ်ကြောတွေမှာ သွေးစီးဆင်းမှု ပုံမမှန်ခြင်း ကြောင့်ဖြစ် တာပါ။ ဒါကြောင့် သွေးလှည်ပတ် အဖွဲ့အစည်းကို အားကောင်းစေတဲ့ အစားအစာတွေ စားသောက်သင့်ပါတယ်၊ သွေးလွှတ်ကြောနံရံမှာ အဆီပြင်ဖြစ်နေသူ ဆီးချိုရောဂါရှိသူ သွေးတိုးရှိသူတွေမှာ ခြေထောက်အနာပိုဖြစ်နိုင် လို့ အစားအစာကို လိုသလိုထိန်းညှိစားသောက်တတ်ဖို့လိုပါတယ်၊ ဗီတာမင်စီမှာ ဓာတ်တိုးမှု ဆန့ကျင်စေတဲ့ အစွမ်းသတ္တိရှိတာကြောင့် ရှောက် သံပရာမျိုးဝင် အသီးတွေ သစ်သီးဖျော်ရည် ကီဝီသီး စတော်ဘယ်ရီသီး ပန်းဂေါ်ဖီ ကိုက်လံ အစိမ်းရောင်ရှိတဲ့ ဘူးညွှန့်တွေ စားသုံးနိုင်ပါတယ်၊ ဗီတာမင်အီးရရှိမည့် ဂျုံအစေ့အဆန် အခွံမာသီးနဲ့ သစ်စေ့တွေကို စားသုံးပေးပါ၊ နှံစားသီးနှံနဲ့ ငါးတွေမှာ သွပ်ဓာတ်ပါတာကြောင့် သွေးလှည့်ပတ်မှု ကို အထောက်အကူ ပြုစေပါတယ်၊

ဆန် ပေါင်မုန့် ခေါက်ဆွဲခြောက်နဲ့ ကွေ့ကာ ပဲနီလေး ကုလားပဲ ပဲခြောက် တွေဟာလည်း သွေးလွှတ် ကြောနံရံ တွေမှာ အဆီပြင်ဖြစ်မှုကို ဟန့်တားပေးပြီး သင့်မှာသွေးတိုးရှိရင် ဆားလျော့စားစေချင် ပါတယ်၊ ပြုပြင်မွန်းမံထား တဲ့ အစာတွေကို လျော့စားပါ၊ ကိုယ်အလေးချိန်တက်သူတွေမှာ အခွံမာသီး များများမစားဘဲ မုန်လာဥနီ/ဝါ လို သစ်သီးဖျော်ရည်အား သကြားလျော့ပြီးသောက်သင့်ပါတယ်၊ (Credit – ဒေါက်တာမီမီကို)

 

 

စာကြွင်းးးးးးးးးးးး

သွေးလွှတ်ကြော သွေးပြန်ကြောများရှိ သွေးလည်ပတ်မှုအားကောင်းရန် ဆေးလိပ်သောက်ခြင်းကို ကင်းအောင် နေသင့်ပါတယ်။

 

ခင်ခ။

4 comments

  • အလင်းဆက်

    August 5, 2014 at 6:41 pm

    ကျနော်…ဆေးလိပ် မကြိုက်တာ..တော်သေးတယ်.. ။

    ———–

    အတည်ပြောရင်းနဲ ့..ဖောက်ချင်လာလို ့…

    😆

    ဆေးလိပ် မကြိုက်ပေမယ့်..ဖွေးဖွေးကို…..ဖွာချင်လိုက်တာ…

    :mrgreen:

  • ဇီဇီ ခင်ဇော်

    August 5, 2014 at 7:33 pm

    ဪ။
    ဆေးလိပ် သောက် သူတွေ သတိထားရမဲ့ အပိုင်းပေါ့။
    အသက်နဲ့ လဲပြီး ဒီ အလိပ်တွေ သောက်နေတဲ့ သူတွေကို နားမလည် ဘူးဗျ။
    :a:

  • kai

    August 6, 2014 at 5:34 am

    ယူအက်စ်မှာ.. ကျမ်းမာရေးအာမခံ.. အသက်အာမခံဝယ်မယ်ဆိုရင်.. ဆေးလိပ်သောက်တဲ့သူဟုတ်/မဟုတ်မေးတယ်..
    ဟုတ်ရင်.. “ရှယ်”စာရင်းဝင်သဗျ..
    သဘောက.. ပရီမီယံအာမခံကြေးတွေတက်ကုန်ရော..

    မြန်မြန်သေမှာ သေချာတဲ့(သေချာတဲ့) သူစာရင်းထဲ.. တန်းထည့်တာ… :k:

    • ခင် ခ

      August 6, 2014 at 11:06 pm

      ဒီက အာမခံစနစ်ကလည်းအဲလိုပါဘဲဗျ
      ဒါပေမယ့် အာမခံသွားဝယ်တဲ့သူကတော့ ခပ်ရှားရှားရယ် ဒီမှာက

Leave a Reply