” သွေးကြောဆိုင်ရာ ရောဂါများအကြောင်း – ၄ (အပြီးသတ်) “

ခင္ခAugust 5, 20141min1135

” သွေးကြောဆိုင်ရာ ရောဂါများအကြောင်း – ၄ (အပြီးသတ်) “

 

၄။ သွေးကြောထုံးခြင်း

သွေးကြောထုံးခြင်းလို့ အများကသိထားကြပေမယ့် တကယ်တော့ သွေးပြန်ကြော ဖောင်းတွန့်တာ ဖြစ်ပါတယ်၊ သွေးပြန်ကြောဖောင်းတွန့်ခြင်းဟာ မတ်တတ်ရပ်များလွန်းခြင်းကြောင့် ဖြစ်ပေါ်လာရတာပါ၊ သွေးပြန်ကြောတွေဟာ ဖိအားနည်းတဲ့ အဖွဲ့အစည်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ကြံခိုင်မှု သိပ်မရှိပါဘူး၊ ခြေလေးချောင်းသတ္တဝါတွေရဲ့ သွေးပြန်ကြောထက်ပိုပြီး လူတစ်ယောက်ရဲ့ သွေးပြန်ကြောတွေဟာ သွေးဖိအားများတာကို ပိုပြီးခုခံရပါတယ်၊ ဒီလိုသွေးဖိအားများတာကို တွန်းလှန်ရတဲ့အတွက်ကြောင့် သွေးပြန်ကြောနံရံတွေဟာ ဆွဲဆန့်ထားသလိုဖြစ်ပြီး ပုံပျက်လာပါတယ်၊ မတ်တတ်ရပ်တဲ့အချိန်ကြာခြင်း ကိုယ်ဝန်ဆောင်ခြင်း ဝမ်းချုပ်ခြင်းနဲ့ ကိုယ်အလေးချိန်များလွန်းခြင်းတွေကြောင့် ဖိအားပိုများလာပြီး သွေးပြန် ကြောတွေ ဖောင်းတွန့်ဖို့အလားအလာ ပိုများလာပါတယ်၊ သွေးပြန်ကြောအတွင်း သွေးခဲခြင်းဖြစ်ပြီး နှစ်အနည်း ငယ်အကြာမှာ သွေးကြောတွေ ဖောင်းတွန့်လာနိုင်ပါတယ်၊

အမျိုးသမီးများသွေးပြန်ကြောဖောင်းတွန့်ခြင်းကို ခြေထောက်မှာ တွေ့ရမှုများပြီး အစာရေမျိုပြွန် စာအိုနဲ့စာအိုဝ၊ မိန်းမအင်္ဂ ါစပ်တွေမှာလည်း တွေ့ရတတ်ပါတယ်၊ သာမန်သွေးပြန်ကြောဖောင်းတွန့်ခြင်းသည် သိပ်ပြသနာ မရှိလှပေမယ့် အတွင်းပိုင်းကျတဲ့ သွေးပြန်ကြောတွေထဲက အဆို့ရှင်အားနည်းလာရင်တော့ အပေါ်ယံသွေးပြန် ကြော အဖွဲ့အစည်းဆီကို နောက်ပြန်စီးတာတွေ့ရနိုင်ပါတယ်၊ သွေးကြောဖောင်းတွန့်ခြင်းရဲ့ လက္ခဏာတွေ ကထော့ သိသိသာသာ သွေးကြောတွေ ဖောင်းလာခြင်း ခြေသလုံးကြွက်သားကိုယ်ခြင်း ခြေထောက်တွင်ရောင် ရမ်းခြင်းနဲ့ အရောင်ပြောင်းခြင်း၊ အရေပြားကွာကျခြင်းနဲ့ ကျိန်းစပ်ခြင်း၊ အနာခွက်ဖြစ်လာခြင်းတို့ပါ၊ တစ်ခါတရံ သွေးပြန်ကြောတွေပေါက်ထွက်ပြီး သွေးယိုစီးတတ်ပါတယ်၊ ကိုယ်ဝန်ဆောင်ချိန် သွေးပြန်ကြောဖောင်းတွန့်ခြင်း ကတော့ မီးဖွားပြီးတဲ့နောက် ပျောက်ကင်းသွားတတ်ပါတယ်၊ အပျော့စား သွေးပြန်ကြော ဖောင်းတွန့်ခြင်း ကတော့ ကိုယ်အလေးချိန်လျော့ချခြင်းဖြင့် သက်သာနိုင်ပါတယ်၊ဒါပေမဲ့ အရမ်းဆိုးရင်တော့ခွဲစိတ်ကုသရပါမယ်၊ တစ်ခုက ပေါင်ခြံကနေ ခြေဖနောင့်အထိဖောင်းနေတဲ့ သွေးပြန်ကြောတွေကို ခွာချခြင်းဖြစ်ပြီး နောက်တစ်နည်း ကတော့ အတွင်းပိုင်း သွေးပြန်ကြောတွေဆီကို သွေးပို့လွှတ်တဲ့ သွေးကြောထုံးတွေကို ခြေခြင်းဖြစ်ပါတယ်၊ တစ်ခု သတိပြုရမှာက နေထိုင်မှုပုံစံ မပြင်ခြင်းသည် သွေးပြန်ကြော ဖောင်းတွန့်ခြင်း ပြန်ဖြစ်နိုင်ပါတယ်၊ ဒါကြောင့် ကြာကြာ မတ်တတ်ရပ်ခြင်းကို ရှောင်ရှားပြီး ကိုယ်အလေးချိန်ကို လျော့ချပေးသင့်ပါတယ်၊

သွေးပြန်ကြောဖောင်းတွန့်ခြင်းဟာ သွေးစီးဆင်းမှုနှေးကွေးခြင်းကြောင့် ဖြစ်ရတာမို့ သွေးချောချောမွေ့မွေ့ စီးဆင်းစေပြီး သွေလှည့်ပတ်မှုအဖွဲ့အစည်းကို လှုံဆော်ပေးတဲ့ အစားအစာတွေ စားသုံးပေးသင့်ပါတယ်၊ ကြက်သွန်နီ ကြက်သွန်ဖြူ ဥ အမျိုးမျိုးနဲ့ ကညွတ်မှာ ဆာလ်လဖာ(ကန့်ဓာတ်)ကြွယ်ဝပါတဲ့အတွက် ကန့်ဓာတ် ဟာ သွေးခဲစေမယ့် အလားအလာကို ဟန့်တားပေးပါတယ်၊ ကမာ ဂဏန်း ပုဇွန်ဆိတ်တို့နဲ့ အခွံမာ ငါးတွေ၊ ဂျုံနဲ့လုပ်တဲ့မုန့်တွေနဲ့ အစေ့အဆန်တွေမှာ သွပ်ဓာတ်ပါဝင်ပါတယ်၊ သွပ်ဓာတ်ဟာ ခန္ဓာကိုယ်ကြီးထွားမှု ဒဏ်ရာပျောက်ကင်းစေမှုတွေအတွက် အရေးပါတာကြောင့် စားပေးသင့်ပါတယ်၊ သကြားရည်နဲသော သစ်သီး ဖျော်ရည် ဗီတာမင်စီကြွယ်ဝသော အချဉ်ဓာတ်အသီးများ နဲ့ ဟင်းသီးဟင်းရွက်များ စားသုံးပေးသင့်ပါတယ်၊

သွေးပြန်ကြောဖောင်းတွန့်နေသူများဟာ တစ်နေ့ကို ရေ(၂)လီတာခွဲခန့် သောက်သုံးသင့်ပါတယ်၊ ကော်ဖီ လဖက်ရည်ကိုတော့ ဆီးရွှင်စေတဲ့အတွက် မသောက်သင့်ပါဘူး ကော်ဖီ လဖက်ရည်သောက်ခြင်းကြောင့် ခန္ဓာကိုယ်ရေဓာတ်ကို ဆီးအဖြစ်ဆုံးရှုံးစေပါတယ်၊ ဝမ်းချုပ်ခြင်းဟာ သွေးပြန်ကြောဖောင်းတွန့်လာတတ် ပါတယ်၊ ဒါကြောင့် ဗီတာမင် ဘီပါဝင်တဲ့ ဒိန်ခဲ ဥအမျိုးမျိုး တရုတ်ဆီးသီး စွန်ပလွန်သီး သဖန်းသီးနဲ့ ကတွတ် သီးတွေကို စားသုံးပေးသင့်ပါတယ်၊ (Credit – ဒေါက်တာမီမီကို)

စာကြွင်းးးးးးးးးးးးး

ဤ သွေးကြောဆိုင်ရာ ရောဂါများအကြောင်း ကို ဒေါက်တာမီမီကို၏ ရောဂါနဲ့စားစရာမှ မျှဝေခြင်းဖြစ်ပြီး၊ ဒီဂဇက်ဆိုဒ်၏ မန်ဘာမဟုတ်ဘဲ အားပေးနေသော စာဖတ်ပရိတ်သတ်များစွာရှိသဖြင့် ဗဟုသုတ အဖြစ် ဝေဌလျှက်………………….။

ကျန်းမာရွှင်လန်းကြပါစေ။

ခင်ခ။

5 comments

  • ဇီဇီ ခင်ဇော်

    August 5, 2014 at 7:35 pm

    စီးရီးလိုက် မျှဝေမှု အတွက် ကျေးဇူးတင်ပါကြောင်းးး…

  • ခင် ခ

    August 5, 2014 at 11:03 pm

    ု့အပိုင်း ၄ ပိုင်းစလုံး ဝင်ရောက်အားဖြည့် မန့်ခဲ့တဲ့ ကိုအလင်းဆက် နဲ့ မဇီဇီခင်ဇော် တို့နှစ်ယောက်ကို ကျုပ်ရင်ဘတ်ထဲကနေ အထူးပင်ကျေးဇူးတင်ပါတယ်နော်
    အလျဉ်းသင့်လို့ ကျုပ်နေတဲ့ မန်း ရောက်ဖြစ်ကြရင် မမေ့မလျော့ ဆက်သွယ်ပေးပါ လို့ အဲဒီစကားပါးခဲ့ပါရစေ။

  • kai

    August 6, 2014 at 5:40 am

    ဗီတာမင် ဘီပါဝင်တဲ့ ဒိန်ခဲ ဥအမျိုးမျိုး တရုတ်ဆီးသီး စွန်ပလွန်သီး သဖန်းသီးနဲ့ ကတွတ် သီးတွေကို စားသုံးပေးသင့်ပါတယ်၊

    မြန်မာပြည်.. သာမန်ဈေးတွေမယ်.. နေ့စဉ်ရလွယ်တဲ့.. အသီး..အရွက်..အသား..တမျိုးမျိုးညွှန်းသင့်တယ်..။
    ဥပမာ.. အမဲသား.. :k:

    #7: Red Meat (Beef)
    Vitamin B12 in 100g 3oz Serving (85g) Per Medallion (34g)
    6.0μg (100% DV) 5.1μg (85% DV) 2.0μg (34% DV)
    Lamb is also High in Vitamin B12 with (45% DV) per 3oz serving cooked.
    Read more at http://www.healthaliciousness.com/articles/foods-high-in-vitamin-B12.php#86hV1syMk9JDOVPE.99

  • ခင် ခ

    August 6, 2014 at 6:52 am

    မြန်မာပြည်ဈေးထဲက အလွယ်ဝယ်ရပြီး ဘာစားရင် ဘယ်လိုဗီတာမင်ဓာတ်ရတယ်ဆိုတာမျိုး ရေးနေတယ်ဗျ

Leave a Reply