ဘုံဆိုင်

အာဂAugust 5, 20141min1998

ဒုက္ခ အယ်ကိုဟောတို့
စီးဆင်းကခုန်ရာ…….
ပြာလိုကြွေကျရင်း ပျောက်ဆုံးမဲ့
ဘဝထဲ…။
ခပ်ညစ်ညစ်စိတ်တွေရောလို့
မော့ပစ်လိုက်….။
လောကဓံဆိုတာ ကြိုးညှိစရာမလိုပေမဲ့
အသံထွက်က ဒီမှာ ညံ့တာများတယ်။
အိပ်ကပ်ထဲ ကံတရားထက်
ငွေသာထည့်ခဲ့…။
ဘဝကို ရဲရဲကြီးမူးလို့ရတယ်။
မနက်ဖြန် မနက်
သေမင်းတံခါးဝကိုမရောက်ခင်အထိပေါ့။

8 comments

  • အလင်းဆက်

    August 5, 2014 at 6:23 pm

    လောကဓံဆိုတာ ကြိုးညှိစရာမလိုပေမဲ့
    အသံထွက်က ဒီမှာ ညံ့တာများတယ်။

    ———-

    အကြွင်းမဲ့… လက်ခံတယ်.. ။

    အသံထွက်က.. ” ဒီမှာ ” ညံ့တာများတယ်… ဆိုတဲ့ စကားဟာ..
    ကျနော့်လက်ခံခြင်း အထွတ်အထိပ်ပါ ။

    အထူးသဖြင့်… ဒီမှာ… ဆိုတဲ့… စကားလုံး…

  • ခင် ခ

    August 5, 2014 at 10:53 pm

    ဘုံဆိုင်မှာ
    ဂလုံဂလန်
    ကြားရင်တော့
    ခင်ခတစ်ယောက်
    မူးလို့မှောက်ပြီပေါ့
    အေ့

  • kai

    August 6, 2014 at 5:55 am

    ဘုံဆိုင်ဆိုတာ…
    အထာနဲ့ပြောတဲ့.. နီနစ်တို့စကား
    အဲဒီစနစ်နဲ့သွားရင်တော့
    ရှင်သေမင်းက မနက်ဖြန်မစောင့်
    ဒီနေ့တင်.. အရောက်လာခဲ့တဲ့..။ ။

  • အာဂ

    August 6, 2014 at 3:35 pm

    ဘယ်လိုဖြစ်တယ်မသိဘူး အရှေ့ဆုံးက စာလုံးတွေမမြင်ရဘူး။ဒါကြောင့်ဒီမှာထပ်တင်လိုက်တယ်။အခြားလူတွေ ရောမြင်ရလားမသိ ကျနော်တော့မမြင်ရဘူး။

    ဒုက္ခ အယ်ကိုဟောတို့
    စီးဆင်းကခုန်ရာ…….
    ပြာလိုကြွေကျရင်း ပျောက်ဆုံးမဲ့
    ဘဝထဲ…။
    ခပ်ညစ်ညစ်စိတ်တွေရောလို့
    မော့ပစ်လိုက်….။
    လောကဓံဆိုတာ ကြိုးညှိစရာမလိုပေမဲ့
    အသံထွက်က ဒီမှာ ညံ့တာများတယ်။
    အိပ်ကပ်ထဲ ကံတရားထက်
    ငွေသာထည့်ခဲ့…။
    ဘဝကို ရဲရဲကြီးမူးလို့ရတယ်။
    မနက်ဖြန် မနက်
    သေမင်းတံခါးဝကိုမရောက်ခင်အထိပေါ့။

    ကွန်မန့် ပေးကြတဲ့သူတွေအားလုံးကိုကျေးဇူးတင်ပါတယ်။

  • မဟာရာဇာ အံစာတုံး

    August 7, 2014 at 12:01 pm

    အချို့ အချို့ မူးတဲ့ လူတွေကို ကြည့်ရတာ ..
    စိတ်ချမ်းသာဖို့ ကောင်းလိုက်တာ …
    ဒါပေမယ့် .. အချို့အချို့ လူတွေကျတော့ ..
    မူးလာရင် ဖင်ခေါင်ကျယ်လွန်းလှတယ် ….
    ဒီလူတွေကတော့
    ရဲရဲကြီး မူးပြီး ရဲရဲကြီး ဖင်ခေါင်းကျယ်
    ရဲရဲကြီး အရိုက်ခံပြီး ရဲရဲကြီး ဆေးရုံရောက်
    ရဲရဲကြီး ဂန့်သေပါလေရော ….

    ခြွင်းချက် ။ ။ ရွာထဲက လူတွေ မူးလာရင် အလွန် ခြစ်ဖို့ကောင်းဒါ …
    :mrgreen:

  • black chaw

    August 8, 2014 at 1:12 pm

    ဘုံဆိုင် ဆိုတာ အရက်ဆိုင်
    အရက်ဆိုင် ဆိုတာ အရက်သမားတွေ ထိုင်တဲ့ဆိုင်
    အရက်သမားတွေ ဆိုတာ
    …………………….
    …………………….
    …………………….။
    :mrgreen:

  • မြစာကလေး

    August 10, 2014 at 10:48 pm

    စိုင်းခမ်းလိတ် ကတော့
    ဘုံဆိုင်ထဲ မှာ ရောက်နေတာ သစ္စာမရှိတဲ့ ဆံတိုမလေးကြောင့် ဆိုဘဲ။ :-)))

Leave a Reply