နာရီသံရယ် တချက်ချက်ညံ.. the clock is ticking

မြန်တျန့်ပြည် သမဒ ဦးသိန်းဂိန်ဟာ ၁၉၈၈ စစ်အုပ်ချုပ်ရေးကာလအတွင်း ဒီမိုကရေစီအရေး အုံကြွလှုပ်ရှား တောင်းဆိုသူများကို ရက်ရက်စက်စက် နှိပ်နှင်းရာမှာ ပါခဲ့တယ်လို့ လန်ဒန်အခြေစိုက် ယူကေဘားမား ကမ်ပိန်းအဖွဲ့ကြီးမှ ဝီကီလိခ် သတင်းပေါက်ကြားမှုကို အခြေခံ စွပ်စွဲထားပြီး ဘယ်အခန်းကဏ္ဍမှာ ပါဝင်ကပြ အသုံးတော်ခံ ခဲ့သလဲဆိုတာ ပွင့်ပွင့်လင်းလင်း ပြည်သူကို တင်ပြဖို့ တောင်းဆိုထားတယ်ဗျ။ ဒီတော့ ပြုပြင်ပြောင်းလဲရေး ကြွေးကြော်သံနဲ့ မဲလိမ်မဲခိုး တက်လာတဲ့ ကြောက်ဖွတ်ပါတီ အုတ်ကထ ဦးသိန်းဂိန် ဘာကောင်လဲ ဂေဇက်ရွာသူားများနဲ့ ပါးပါးလေး ဆွေးနွေးချဉ်သဗျ။

ဒင်းတက်လာခါစကတော့ အခုဝံကျီးဖြစ်သွားတဲ့ မောင်ရဲထွက်တို့ ဝါဒဖြန့်တာမှာ သမဒဂျီး အရေးအခင်း ကာလက ကလေးမြို့မှာ တပ်ရင်းမှူး တာဝန်ယူခဲ့တယ်။ တောခိုဖို့ ထွက်ပြေးလာသူ ကျောင်းသား အချို့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံပြီး အိမ်ပြန်ပို့ပေးခဲ့တယ်…ဘာညာ ကွိကွိ ဖတ်ရတယ်။

ပြောကြေးဆို ကျနော်လဲ သမဒဂျီးဆိုတဲ့ကောင်အကြောင်း သိပ်မသိဗျ။ စစ်ဗိုလ်တွေက များလွန်းတော့ ဗိုလ်ချုပ်ဆိုတိုင်း ဆိတ်မဝင်စားတော့ဘူး။ စစ်ဦးစီးဗိုလ်မှူးဂျီး တာဝန်နဲ့ စစ်ရုံးမှာနေ.. နောက်တော့ တြိဂံ တိုင်းမှူး ဖြစ်လာတယ်ထင်တယ်။ နောက်တော့ သိတဲ့အတိုင်း စစ်ထောက်ချုပ်၊ နာဂစ်အခြေခံအုပဒေ ကော်မရှင် ငှက်ကထ.. နောက်ဆုံး သောက်သမဒ ဖြစ်လာတယ်။ သူ့လက်ထက် ဘာမှ ပြောင်းလဲတာလဲ မတွေ့ရ.. အနှစ်သာရ ရှိတဲ့ ပြောင်းလဲမှုမျိုးကို ပြောတာပါ။ မီးမလာလို့ အီးပီစီကို ဆဲတာမျိုး၊ အင်တာနက် မကောင်းလို့ အမ်ပီတီကို ဆဲတာမျိုးကို ပြောတာမဟုတ်..။ အချို့ကလဲ ဆန္ဒပြလို့ ရနေပြီ ဆိုပြန်တယ်။ ဆန္ဒပြတော့လဲ ဘာမှ ဟုတ်တိပတ်တိ လိုက်လျောတာ မတွေ့။ အယင်က ဆန္ဒပြလျင် ထောင်ဆယ်နှစ်ချတယ်။ အခုတော့ ၆လ၊ တနှစ်ချပြီး ပြန်လွှတ်ပေးတယ်။ တောင်းဆိုတာ ရတာ မကြားမိ။ ကြုံဒိုးလေး သုံးသပ်တာပါ။

ပို့စ်ရဲ့ အဓိက ပွိုင့်ဖြစ်တဲ့ သောက်သမဒဂျီး အရေးအခင်းမှာ ဘာလုပ်ခဲ့လဲ။ စွတ်စွဲထားသလို လူသတ်သမား စာရင်းဝင်လား၊ အေးရာအေးကြောင်း မိန်းမနဲ့ ဖက်အိပ်နေသလား.. လေ့လာကြည့်ဖို့လိုမယ်။ အဘချုပ်ကြီး ဗိုသမ်းရွှေကို အိပ်ယာထဲမှာ ဒိုက်ထိုးနေပြီး ဖုံးပေါ်ကနေ ဟောဟဲဟောဟဲ လျှာထွက်ပြ လိမ်လို့ရမည်တော့ မထင်။ စစ်အစိုးရခေတ်မှာ ရာထူးကြီးရ နေရာကောင်း ရသွားသူများကို ကြည့်လျင် အရေးအခင်းကာလမှာ ဗိုသမ်းရွှေဂျီးသဘောကျ အမှုတော် ထမ်းရွက်နိုင်သူများသာ ဖြစ်ကြောင်းတွေ့ရမည်။ အဲဒီ အဘချုပ်ဆိုတာကြီး ပေးတဲ့တာဝန်ကို ဒီပို့စ်အတွက် စပ်ဆက်ကြည့်လျင်..

၁။ အရေးအခင်းကာလနဲ့ ပြီးခါစ အချိန်များမှာ ဆန္ဒပြသူများကို နှိမ်နင်းမှု

၂။ အခြေအနေ ထိန်းချုပ်သွားနိုင်ပြီး နောက်ပိုင်း အုပ်ချုပ်စီမံမှု

မြန်တျန့်သမဒဂျီး ကတွတ်ပီ
မြန်တျန့်သမဒဂျီး ကတွတ်ပီ သာမီးလေးများ၏ ရှိခိုးပူဇော်မှု ခံယူနေစဉ်

သမဒ ဦးသိန်းဂိန်သည် အရေးအခင်းပြီးကာစ ကာလအထိ ဗိုလ်မှူးကြီးတာဝန်နဲ့ စစ်ရုံးမှာ ရှိနေခဲ့တယ်။ အဲဒီအချိန် သူ့မှာ တိုင်းပြည် အုပ်ချုပ်စီမံရေး တာဝန်မရှိသေး။ စစ်ဆင်ရေး စကားနဲ့ဆို ရန်သူချေမှုန်းရေး လုပ်နေတယ်။ နယ်မြေစိုးမိုးရေး မဟုတ်ပါ။ ဒီတော့ သူလက်မှာ သွေးဘယ်လောက် စွန်းခဲ့သလဲ၊ ဘယ်လို စွန်းခဲ့သလဲ.. ပြည်သူအများမှာ သိခွင့်ရှိတယ်။

အန်အယ်ဒီ ဦးဝင်းထိန်ကတော့ အရေးအခင်း နှိပ်နှင်းမှုအတွက် အဲဒီအချိန်က တပ်ရင်းမှူးသာ ဖြစ်နေသေးတဲ့ သမဒမှာ အပြစ်မရှိနိုင်လို့ သုံးသပ်သတဲ့။ ဒါဆို စစ်ရုံးမှာထိုင်နေချိန် ဒင်းဘာလုပ်ခဲ့သလဲ..။ အတိုက်အခံ တွေကို နှိမ်နင်းဖြိုခွဲခဲ့တာ အရေးအခင်းကာလ တခုထဲမဟုတ်.. အဲဒီနောက်ပိုင်း နှစ်ပိုင်းတွေ၊ ၁၉၉ဝခုနှစ် ရွေးကောက်ပွဲနောက်ပိုင်း ဖမ်းဆီးနှိပ်စက်မှုတွေပါ ထည့်သွင်းစဉ်းစားရမည်။ ၁၉၉၂ခုနှစ်ကြမှ ညောင်နှစ်ပင် အမျိုးသားညီလာခံခေါ်ပြီး စစ်တပ်ထာဝစဉ်ကြီးစိုးဖို့ နိုင်ငံရေးလမ်းစဉ် အတိအလင်း ချပြ။ အရေးအခင်းမှာ ဦးသိန်းဂိန် သွေးမစွန်းခဲ့ဆိုလျင် နောက်ပိုင်းဖမ်းဆီး နှိပ်ကွပ်မှုတွေ.. တိုင်းရင်းသား နယ်စပ်ဒေသတွေက တိုက်ပွဲကြီး တိုက်ပွဲငယ်တွေမှာရော ဘယ်လောက် ဘယ်လို ပတ်သက်ခဲ့သလဲ။ စစ်သားမို့ စစ်တိုက်တာထက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ ကိုယ်တိုင် ပါဝင်ခဲ့သလား၊ ဒါမှမဟုတ် ဘယ်လို ထောက်ပံ့မှုမျိုးလုပ်ခဲ့ တာလဲ..။ သိမှကို ဖြစ်မယ်။

တနေ့က အင်တာနက်မှာ ဖတ်လိုက်တာ ဦးရဲထွက်လား ဦးသိန်းဆွေးလား မသိ.. ဝီကီလိခ်ခေတ်မှာ သတင်းဆိုတာ ဖုံးမရပါလို့ စစ်တပိုင်းအစိုးမရကို ဝေဖန်မှုနဲ့ ပတ်သက်ပြီး ကာကွယ်ပြောသွားတယ်။ ဒီနေ့ ကြားပြန်ရေးဝံကျီးအသစ် ဦးရဲထွက် ဘာပြောလဲဆိုတော့ ဝီကီလိခ်လို အခြေအမြစ်မရှိတဲ့ သတင်းကနေ သမဒဂျီးကို စွပ်စွဲတာ လက်မခံနိုင်ဆိုပဲ..။ ဘာပဲဖြစ်ဖြစ် နောင်တော်ကြီးတွေ ပြောဖူးတဲ့ အရိုးတွန်လိမ့်မည် ဆိုတာ ဒါမျိုးလား… မီးတုတ် မီးတုတ် ရှို့ရှို့…။

8 comments

  • kyeemite

    August 6, 2014 at 11:50 am

    ဘယ်သူမှန်တယ်တော့မသိ…..ဆက်ငြင်းကြပေါ့…ကောင်းတာတော့ တစ်ယောက်မှမကောင်းပါဘူး
    အဲ့ဗိုဂျုပ်တွေထဲ သေချာနေတာကတော့ ခင်ညွှန့်နဲ့ အဲ့ချိန်က ရန်ကုန်တိုင်းမှူးပဲ

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က စစ်မှုထမ်းဟောင်းတဦးဖြစ်တဲ့ ဦးဝင်းထိန်ကတော့ သမ္မတ ဦးသိန်းစိန် နှိမ်နှင်းတယ်လို့ ပြောနေတာဟာ သမိုင်းမသိလို့ ပြောဆိုတာ ဖြစ်ပြီး အဓိက တာဝန်ရှိသူတွေကတော့ အနားယူသွားတဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် ဖြစ်တယ်လို့ ပြောပါတယ်။

    “ရှစ်လေးလုံးမှာ ရန်ကုန်ကို နှိမ်နင်းတာ အဓိကလုပ်တာက အခုအပြင်ရောက်နေတဲ့ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ပဲ။ နောက်ပြီးတော့ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း တင်လှ၊ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဝင်းမြင့်တို့ အတူတူပေါ့ အဓိက။ အဲတော့ ဦးသိန်းစိန်က အဲဒီတုန်းက ကလေးမှာ တပ်ရင်းမှူးပဲ ရှိသေးတာ။

    ပြီးခဲ့တဲ့နှစ်က ကျင်းပခဲ့တဲ့ ၈ လေးလုံး ငွေရတုအထိမ်းအမှတ်ပွဲနဲ့ ပတ်သက်လို့တော့ သမ္မတဦးသိန်းစိန်က “ကျနော်တို့ နိုင်ငံရေးသမိုင်းအတွက် အရေးကြီးတဲ့ သင်ခန်းစာများ ရယူနိုင်တဲ့ ကိစ္စရပ်တခုဖြစ်ပါတယ်”လို့ ပြောကြားခဲ့ဖူးပါတယ်။

    http://www.thithtoolwin.com/2014/08/blog-post_149.html?utm_source=BP_recent

  • kyeemite

    August 6, 2014 at 12:01 pm

    ဆောရီးပါ..ရန်ကုန်တင်မဟုတ်ပါဘူး…အဲ့တုန်းက နဝတ အဖွဲ့အားလုံးရယ် တဝတ ငှက်ကထတွေအားလုံးရယ်
    တရားခံအဖြစ်ထင်ရှားပြီးသူတွေပဲ

  • မင်း ခန့် ကျော်

    August 6, 2014 at 12:07 pm

    အရည်မရ အဖက်မရ။
    ငကန်းသေ
    ငဆွေတက်လိမ့်မည် :mrgreen:

  • ဇီဇီ ခင်ဇော်

    August 6, 2014 at 12:28 pm

    အေးလေ အေးလေ
    ဘဘဂျီးတွေက တစ်ယောက် ခြေရာ တစ်ယောက် ပိုသာအောင်နင်းနိုင်ကြတာကလားးးးးး။။
    ဒီပုတ်ထဲက ဒီပဲချည်းပဲ။
    :mrgreen:
    မပူနဲ့။ တစ်အုံလုံး မပြုတ်သရွေ့ ဒါမိုးတွေချည်းလာမှာ။
    ဥသေးစိမ်နောက်မှ တက်တဲ့သူက မိတ္ထီလာတို့ လားရှိုးတို့မှာ ဆူပူအောင်လုပ်နိုင်တဲ့ ဗိုလ်ချုပ်မျိုးပဲ ဖြစ်မှာ။
    ဟိဟိ။
    :kwi:

    တို့ ကြီးမေ အရည်အချင်းမှီတဲ့သူကိုသာ ထမင်းထုပ်သိုးအောင် ရှာနေရတာ။
    :a:

    အာ့ကြောင့် အဘချစ်တွေ ထောက်စရာဖြစ်နေတာပေါ့လို့။
    သူ့တို့ဘက်က အမွေစားအမွေခံနိုင်သူတွေက အများဂျီးးးးပဲ။
    :kwi:

    • မင်း ခန့် ကျော်

      August 6, 2014 at 2:32 pm

      ဟုတ်ပါ့အေးးး
      အိုက်ဒီဝီးခီးကခုမှသိသလားးးး
      ညံ့ချက်တော့။
      အရိုးတွေတောင်ဆွေးတော့မယ်။
      ခုမှဖော်ထုတ်သလေးဘာလေးနဲ့
      တအုံတမကြီးကိုဘယ်လိုဖယ်ထုတ်နိုင်မလဲ
      မစဉ်းစားဘူး။
      တခါတလေ
      အဲဒီလိုယောင်ဝါးဝါးတွေကြောင့်တိုင်းပြည်က
      နစ်သထက်နစ်နေတာ။
      ဟိုကနောက်ပြန်မလှည့်သေးဘူး။
      သူတို့ကနောက်ပြန်လှည့်အောင် ဆွဆွပေးနေတာ။

      ပါလက်စတိုင်းကစီးပွားရေးသမားတွေလိုပဲ
      ငြိမ်ချမ်းရေးနီးပလားမဆိုနဲ့
      ပိုက်ဆံပေးပြီး ဒုုံးနဲ့ဆော်ဆော်ခိုင်းနေတာ။
      ညံ့ချက်က ဒေါ်လာဘယ်လောက်ပေးပြီး
      ဝယ်ညံ့တာလဲ ဝီးခီးရေ :mrgreen:

  • ခင် ခ

    August 6, 2014 at 10:37 pm

    အသက်ဆုံးအောင် သတ်တာနဲ့ ဘဝတုန်းအောင် သတ်တာ ဒါဘဲကွာပါတယ် သတ်တာတော့ အကုန်ဝိုင်းသတ်ကြ တာပါဘဲ
    တစ်ခုတော့ရှိတယ် ကမ္ဘာအလယ်မှာ မြန်မာလို့ မော်မကြွားနိုင်အောင် ဘဝတွေကိုသတ်နေတာကတော့ နေရပေမယ့် သေရသလိုပါဘဲကွယ်
    အခုမှတော့ ဟိုအရေးမှာမပါဘူး ဒီအရေးမှာ သူအဲဒီသင်ခန်းစာ သူမသိဘူး အဲဒီအချိန် သူအတန်းမတက်ဖြစ်ဘူး လုပ်မနေပါနဲ့ အရင်အစိုးရလက်ထပ်က ပွင့်လင်းမြင်သာမှုမရှိဘူးဆိုတယ် အဲဒီအစိုးရတုန်းက သူမပါတာကျနေတာဘဲ တကယ်ထိပ်သီးနေရာမှာတောင် တာဝန်ယူခဲ့သေးတာလေဗျာ

  • TNA

    August 10, 2014 at 4:31 pm

    အိ ဒါတော့မသိဘူးရယ် အဲ့ ၁၃ ကျပ်တော့ယူသွားတယ် ကျန်တာတော့ အူးကြောင်ဆက်လက်စုံစမ်းပါလေ

Leave a Reply