” ဝဋ်လည်တယ်လို့ ဆိုချင်ဆို “

ခင္ခAugust 6, 20141min18219

” ဝဋ်လည်တယ်လို့ ဆိုချင်ဆို “

 

အညာထန်းပေါ ထန်းတောထဲဝယ်

ကြီးပြင်းလာခဲ့ ကလေးငယ်

ညနေဆို သောက်သူအုံလို့

လက်မလည်အောင်ရောင်းရရှာတော့

သူတို့ခဗျာ ပျော်ကြတာပေါ့

တစ်နေ့သောအခါ ထမ်းအိုးတစ်ခုမှ

ကျန်သည့်ထန်းရေ သောက်မိလေရော

အဖေဖြစ်သူ စိတ်တွေဆိုးလို့

ထိုးလိုက်တဲ့လက်သီး ဖင်ထိုင်ကာလဲပြီး

ချာလည်ကာ အမူးတွေပျောက်

ထွက်လာခဲ့ ဒီထန်းတောညို

ကြာခဲ့ပ ထိုချိန်ရယ်

မီးမှိန်မှိန် ဒေါင့်ကျစားပွဲ

ကဇော်ရေ သောက်ကာလဲ

အဖေသိရင် သတ်မလားဘဲ။

 

ခင်ခ။

 

 

စာကြွင်းးးးးးးးးးးးးးးး

ငယ်ငယ်ကဆိုခဲ့ဘူးတဲ့ ဒီကဗျာလေးကို သတိပြီးရွတ်မိတဲ့ ခဏခံစားကြည့်တာလေ။

“နွေဦးကာလ မြူထသောခါ ယင်းထောင်ယင်းဆွဲ ဆောင်မြဲအိုးလွယ်ကာ ထန်းပွင့်ထန်းခိုင်ရွှန်းရွှန်းမြိုင် ကလိုင်သာလွယ်၍ တက်သည်နှင့်လေး”

 

this

19 comments

  • kai

    August 6, 2014 at 4:30 pm

    သေသေချာချာတွေးတော့.. မြန်မာတွေ.. ထန်းရည်မှာပဲရပ်နေတယ်ထင်မိတယ်..။
    အနောက်တိုင်းကများ.. အဂ္ဂိယတ်.. အဲဒီကနေ.. ဓာတုဗေဒတက်ပြီး.. ကမ္ဘာနဲ့လူသားကောင်းဖို့လုပ်ရင်း.. ငွေတွေသဲ့ယူ.. လူနေမှုတွေမြင့်..
    စပျစ်ဝိုင်ဆိုလည်း.. အရသာစုံအောင်ဖောက်… တကမ္ဘာလုံးအတွက်..

    မြန်မာတွေ.. ထန်းရည်ကို.. အရသာအမျိုးမျိုးထွက်အောင်.. အရက်ဖောက်သင့်လှတယ်..။
    အဲ..
    အဲ..
    နောက်ဘဝမှ… :k:

    • ခင် ခ

      August 6, 2014 at 4:51 pm

      သဂျီးကလည်း အမြင့်ကြီးတွေပြောတတ်လိုက်တာ
      အမြင့်ဆိုရင် ဟိုက ထန်းပင်အမြင့်မှာ လေတဖြူးဖြူးတိုက်တာလောက်သိကြတဲ့ ဉ္စာကို………….။

      • kai

        August 8, 2014 at 3:57 am

        မမြင့်ပါဘူးဆရာခရယ်..
        မြန်မာတွေ.. လဖက်ရည်ကိုတောင်.. အမည်တရာနဲ့အရသာစပ်နိုင်ခဲ့သေးတာ..

        ထန်းရည်ကိုသာလုပ်ရင်.. “အရက်”နွယ်မို့.. တိုးရစ်တွေအလည်… သေချာပေါက် “ပေါက်”တယ်လို့… ပြောချင်တာပါ…။

        ဓါတ်လုံးအဆင့်နဲ့.. မရပ်ကြစေလို… :k:

  • ဇီဇီ ခင်ဇော်

    August 6, 2014 at 4:38 pm

    ဟမ်မငေးးး
    ကိုဂျီးခ ရယ်။
    ရုံးက အမျိုးသမီးတွေကိုလေ ဟိုတစ်ခေါက်က ထန်းလျက် မှာကျွေးမိလိုက်တာ သွားတိုင်း မှာနေလို့ ဒုက္ခရောက်ပါပကော။ ဒါတောင် ထန်းရေချိုမသောက်ဘူးသေးဘူးးး
    သောက်ဖူးရင် ထန်းတောက ပြန်ပါ့မလားမသိဘူးးး
    ထန်းရည်ကတော့ အနော် က အချိုပဲ ကြိုက်တတ်တယ်။
    :mrgreen:

    • ခင် ခ

      August 6, 2014 at 4:54 pm

      ကျုပ်ကတော့ ထန်းရည်သောက်ဖူးဘူးဗျ ထန်းသီးဘဲစားဖူးတာ ထန်းရည်အနံကို မကြိုက်လို့လေ။

  • အလင်းဆက်

    August 6, 2014 at 5:40 pm

    ကရင်ပြည်နယ် မှာ..
    ထန်းရည်စစ်စစ် ( တကယ့် စစ်စစ် )
    သောက်ပြီး… တုံးခနဲ..လဲ…

    သတိရထာ…

    • ခင် ခ

      August 6, 2014 at 11:13 pm

      တုံးခနဲ တောင် လဲဆိုပါလားဗျ
      ကိုအလင်းဆက်ရေ

      • အလင်းဆက်

        August 8, 2014 at 3:37 pm

        တုံးခနဲ..လို ့တော့..အသံကြီးမမည်ဘူးပေါ့.. ။
        ဒါမယ့်…အဲဒါသောက်ပြိး..မူးတာ ဒေါင်ချာစိုင်းသွားတယ်.. ။ လမ်းမလျှောက်နိုင်တော့ဘူး။
        တချိုးတည်း..အိပ်ပဲ.. ။

        သောက်တာလည်း..ကြည့်ဦးလေ..
        ကျနော့် ဒူလောက်ထိ.. ရှည်တဲ့..ဝါးဆစ်ခွက်အရှည်ကြီးနဲ ့…အပြည့်ဗျ… ။
        ကြက်ကြော်လေးနဲ ့..မြည်း…
        ရှယ်ပဲ..
        ချို..ပြီး.ရှတတ…ပူတူတူ…
        အဲဒီ ဝါးဆစ်ရှည်ကြီးနဲ ့အပြည့်ကိုမှ…တစ်ထောင်ပဲ..ပေးရတယ်ဗျာ.. ။
        တန်ချက်..
        ရန်ကုန် တို ့..ပဲခူးတို ့မှာ..အရောအနှောတွေနဲ ့တောင်..အဲ့လောက် ဈေးမပေါဘူး ။

        ဟိုမှာများ..ကုန်တောင် မကုန်နိုင်…

        ထန်းတော့ထဲမှာ..ထန်းသီးနံ ့လေးတွေလည်း..သင်းးးလို့ …
        အောင်မယ်..လေး…လွမ်းထာ…

        :mrgreen:

        • ခင် ခ

          August 8, 2014 at 4:36 pm

          ( သောက်တာလည်း..ကြည့်ဦးလေ..
          ကျနော့် ဒူးလောက်ထိ.. ရှည်တဲ့..ဝါးဆစ်ခွက်အရှည်ကြီးနဲ ့…အပြည့်ဗျ… ။)

          အပါးပါး များချက်ဗျာ။ ကျွန်တော်ဆိုရင် တဝက်တောင်မကျိုးခင် တုံး ကနဲ ဖြစ်မလားဘဲဗျ။

  • kyeemite

    August 7, 2014 at 11:54 am

    ငယ်ငယ်က တောင်သမန်ကိုဖြတ်ပြီး ကျောက်တော်ကြီးဘုရားနားက ထန်းတောမှာ
    ထန်းရေသွားသွားသောက်ဖူးခဲ့တာ သတိရသဗျာ…

    • ခင် ခ

      August 7, 2014 at 12:28 pm

      အခုတော့ အဲဒီနေရာ ကျောင်းသားတွေနဲ့ စည်းလှတယ်ဗျာ။
      ရတနာပုံတက္ကသိုလ် အဲဒီနား ကျောင်းစဖွင့်ကထဲပေါ့လေ။

  • ဦးကျောက်ခဲ

    August 7, 2014 at 1:43 pm

    ကျောက်စ် ဒုတိယနှစ် ကွင်းဆင်းတော့ ကျောက်ပန်းတောင်း ချောက် ပုပ္ပား…
    ဘာပြောကောင်းလိမ့်မလဲ… ရေဗူးထဲမှာ ရေအစား ထန်းရည်ထည့်ထားတာ…
    စစ်ရေဗူးအဖုံးကို ဖွင့်လိုက်ရင်… ရှူး… ကနဲပဲ… ဂေ့ ဂေ့
    :mrgreen:

    • ခင် ခ

      August 7, 2014 at 2:47 pm

      အကြံကောင်းလှတဲ့ ကိုကျောက်ပါဘဲဗျာ။

  • Paing Lay

    August 8, 2014 at 11:14 am

    ဟုတ်ပဂျာ……..လေးခင်ခပြောမှ ရန်ကုန် အောင်မင်္ဂလာ အဝေးပြေးဂိတ်ကို သွားတဲ့ ထန်းရည်ဆိုင်နဲ့ မန္တလေးမှာရှိတဲ့ တောင်သမန် အစပ်နားက ထန်းရည်ဆိုင်ကို သွားသတိရမိတယ်ဗျို့ 😀

    • ခင် ခ

      August 8, 2014 at 11:35 am

      မန်း တောင်သမန်က ထန်းရည်ဆိုင်ကို ရောက်ဖူးတဲ့ပေါ့ ဟုတ်လား

  • နွေဦး

    August 9, 2014 at 11:11 am

    ထန်းတောက ဗမာပြည်မှာတင် ထန်းရေထုတ်ရောင်းတာ..
    အိန္ဒိယမှာလည်း ထန်းပင်တွေ အများကြီး..
    သူတို့ဘာလို့ ထန်းရေမထုတ် ထန်းမလှီး ကြတာလဲ..
    နည်းပညာ မရှိလို့လား..
    အညာက ထန်းသမားတွေ ဈေးကွက် အသစ် ချဲ့ဘို့ကောင်းတယ်ဗျ..
    ဒီမှာက ထန်းပင်ရှားနေပြီ..

  • Crystalline

    August 9, 2014 at 12:37 pm

    အဲဒီအဖေက တော်တော်ဆိုး မသောက်စေချင်ရင် ကလေးကိုအဲ့ဒီအလုပ်တွေမခိုင်းနဲ့ပေါ့… ဒီမှာအရက်ဆေးလိပ် အရွယ်မရွေးဝယ်ရနေတော့ ကလေးတွေကို အဲဒါမျိုးတွေခိုင်းတာတွေ့ဖူးတယ်.. အရမ်းစိတ်တိုတယ်..
    ထန်းရည်နဲ့ပတ်သက်ရင်တော့ကြိုက်တယ်.. တွံတေးကအစ်မခြံမှာ ထန်းပင်တွေရှိတယ်.. ကိုယ်တွေသွားမယ်နေ့ဆို ကြိုပြောထား.. ထန်းတက်တဲ့တစ်ယောက်က အိုးတွေဘာတွေ သေချာဆေးပြုပြီး ရှယ်ယူထားပေးတာ.. ပုဇွန်ကင်တွေ ကြက်ကြော်တွေနဲ့မြည်း.. တခါတော့ ကောင်းလွန်းလို့ စပရိုက်ဘူးနဲ့ အိမ်ပြန်သယ်လာ.. ရေခဲသေတာထဲထည့်.. အထဲမှာတင် ဖောင်းကနဲပေါက်တာ.. သုတ်လိုက်ရတာ.. သောက်ရတာနဲ့ မကာမိဘူး.. :((

    • ခင် ခ

      August 9, 2014 at 2:18 pm

      ( ရေခဲသေတာထဲထည့်.. အထဲမှာတင် ဖောင်းကနဲပေါက်တာ.. သုတ်လိုက်ရတာ.. သောက်ရတာနဲ့ မကာမိဘူး.) ဒါဆို ထန်းရည်မှာ သဘာဝဂတ်စ်ပါဝင်တဲ့သဘောရှိတယ်ထင်၏။

  • TNA

    August 10, 2014 at 4:25 pm

    ပုဂံရောက်တိုင်း အမြဲတိုးခဲ့ရတာ ထန်းတောပေါ့ လွမ်းတောင်သွားပြီ ကိုခင်ခရယ်

Leave a Reply