နှင်းတွေ ရင်ဘတ်ထဲစီးဆင်းပြီ ဆိုရင်..အဲဒါအလွမ်းပဲ..။

အာဂAugust 6, 20141min13210

-ဘယ်တော့မှ နှင်းမကျတဲ့
-မြို့လေးထဲ ……
-ကိုယ့်အလွမ်းဆွေးတွေ
-ကြွေကျနေပုံများ တစ်ဖွေးဖွေးနဲ့…။

-အဝေးဆိုတဲ့ အကွာအဝေးက
-သတိရမှုကို ကြိုးနဲ့သီဆွဲထားသလိုပဲ…။
-ကောင်မလေးရေ…
-ဧရာဝတီ မြစ်ရေဟာ..
-ဘယ်နေရာရောက်ရောက် ပြောင်းပြန်မစီးဆင်း သလိုပေါ့..။

-ငါ့ရဲ့ အဝေး မြို့လေးမှာဖွက်ထားတဲ့
-မင်း ရဲ့ နှလုံးသားပေါ်မှာလည်း
-ငါ ဘယ်တော့မှ ပြောင်းပြန်မစီးဆင်းဘူး..။

-တကယ်တော့
-သတိရတယ်ဆိုတာ ထမ်းထားရသူသာ
-လေးလံကြောင်းသိတဲ့အရာပါ..။
-ငါ့လိုပဲ မင်း ရဲ့ရင်ထဲသတိရခြင်းတွေ
-လေလံနေရင်…
-ရန်ကုန်မှာ နှင်းတွေကျသလိုပေါ့…ငါ အရမ်းပျော်မိ..တယ်။

10 comments

  • ဇီဇီ ခင်ဇော်

    August 6, 2014 at 5:31 pm

    နှင်းတွေ ငါ့ရင်ဘတ်ထဲစီးဆင်းပြီ အခု။

    😥

  • ခင် ခ

    August 6, 2014 at 10:48 pm

    ကျုပ်ကတော့ ရင်ဘတ်ထဲက အလွမ်းတွေ နှင်းတောထဲ သွားချချင်တယ်လေ

  • black chaw

    August 7, 2014 at 12:51 pm

    နှင်းတောထဲတိုးပြီး
    လွမ်းတတ်သလို လွမ်းသွားပါတယ် ညီလေးရေ။
    :mrgreen:

  • Kaung Kin Pyar

    August 7, 2014 at 12:58 pm

    တကယ်တော့
    -သတိရတယ်ဆိုတာ ထမ်းထားရသူသာ
    -လေးလံကြောင်းသိတဲ့အရာပါ..။

    (ဒီစာသားလေး…ကြိုက်မိပါတယ်…။)

  • ဦးကျောက်ခဲ

    August 7, 2014 at 1:37 pm

    ကျောက်စ် နားလည်တာတော့…
    နှင်းတွေ ရင်ဘတ်ထဲစီးဆင်းပြီ ဆိုရင်..အဲဒါထမင်းဟင်းချက်ဖို့ပဲ… အားဟိ
    :k:

  • kai

    August 8, 2014 at 4:25 am

    နှင်းဆိုတာ.. Snow လား.. Fog လား..။ Hail လား..။ Mist လား..။ Dew လား..။ :k:

  • အလင်းဆက်

    August 8, 2014 at 3:59 pm

    တကယ်တော့…လူငယ်တစ်ယောက်ရဲ ့ ဦးနှောက်ထဲမှာ..
    ပြောင်းပြန် စီးနေတဲ့ မြစ်တစ်စင်း ရှိတယ်…တဲ ့.. ။

    ဘယ်သူပြောတဲ့စကားလဲတော့…မမှတ်မိတော့..

    :mrgreen:

    ဒီကဗျာ နာမည်လေးကို..တော်တော် သဘောကျသွားတယ်…

  • Mr. MarGa

    August 8, 2014 at 8:07 pm

    ရန်ကုန်မှာ နှင်းတွေကျသလို တဲ့
    မန်းမှာက နှင်းမကျဘဲ မြူပဲဆိုင်းတာမို့
    😥

Leave a Reply