ဇီဇီ ဆာဆာ -အပိုင်း (၃) ဆက်လက် အသံလွှင့်နေပါသည်..

ဇီဇီAugust 7, 201410min52283

 အပိုင်း (၁)  https://myanmargazette.net/201746
အပိုင်း (၂)   https://myanmargazette.net/201827

 

 

 

 

ဇီဇီ ဆာဆာ ဆက်လက် အသံလွှင့်နေပါသည်။
ဇီဇီ ဆာဆာ ဆက်လက် အသံလွှင့်နေပါသည်။

 

အပိုင်း (၃) ကို စ ကြစို့ရဲ့။

ဆာဆာရေ။ ရွာထဲမှာလေ ကျနော်ရောက်စလောက်မှာပဲ ရွာထဲကို အလာကျဲသွားတဲ့ ဆြာတစ်ယောက် ရှိဖူးရဲ့။ အဝင် အထွက်လိုပဲ ဆိုတော့ အဲ့ဒီ ဆရာ ရေးတဲ့ ပို့(စ) တွေကို တိတ်တိတ်လေးပဲ ဖတ်ခဲ့ဖူးတယ်။
ကိုယ် က အဲလို အလေးအနက်တွေ စဉ်းစားရတာတွေ အားနည်းတဲ့သူမို့ မမန့်ရဲ ခဲ့တဲ့ စာရေးသူတစ်ယောက်ပါဗျာ။။ သူ့ကို ပြန်လာစေချင်ပါတယ်။ လောဘကြီးတယ်ပဲ ဆိုဆို။ ဂဇက် အတွက်ပါ။
ကိုသစ်မင်း မဟုတ်လား ဇီဇီရေ။
ကျနော်သူ့ကို ဆရာသစ်လို့ပဲလေးလေးစားစား ခေါ်ခဲ့ဖူးတယ်ဗျ ။ ရွာထဲကိုတော့ ကျနော်နဲ့သူနဲ့က မရှေးမနှောင်းရောက်လာကြတဲ့ပုံပဲ ။ ဆရာသစ်ရဲ့စာတွေကိုကောင်းပါတယ်လို့ ကျနော့်အနေနဲ့မပြောဝံ့ဘူးဗျ ။ဘာဖြစ်လို့လဲဆိုတော့ ကျနော်လိုမြင်းထိန်းငတာက ကင်းဝန်းမင်းကြီးကိုချီကျူးသလိုဖြစ်နေရော့မယ် ။ မောင်ဆာမိ ရှော့ပင်တစ်ထည်ပေးလိုက်မယ် တိတ်တိတ်နေ လို့ဆိုရမလိုဖြစ်နေမယ်

:mrgreen:

အဲ …တစ်ခုတော့ ရဲရဲကြီးပြောရဲတယ် ။ တကယ်လို့များ အခြားဆိုဒ်က မန်ဘာတွေနဲ့ အပြိုင်ကြွားရမယ့်ပွဲဆိုရင် …… ” ဟေ့ကောင်တွေ ဒီမှာကြည့်ထားကွ … ငါတို့ရွာမှာ ဆရာသစ်ရှိတယ် !!” လို့ မျက်နှာထားတင်းတင်းနဲ့ကို ခေါင်းမော့ပြီး မော်ကြွားပစ်လိုက်မှာဗျို့ ။ တကယ်တော့ ဆရာသစ်ဆီက ကျနော်တိတ်တဆိတ် လေ့လာဆည်းပူးခဲ့တာတွေလည်းအများသာ း…… မောင်ဂီကို ခေါင်းတတ်ပြီး ညီလေးရေ လို့ပြောနေပေမယ့် ဆရာသစ်ရဲ့ စေတနာနဲ့ မျှဝေမှုတွေဟာ ဖတ်သူတိုင်းရဲ့ ရင်ကို ကိုင်လှုပ်စေခဲ့တယ်ဆို မမှားပါဘူး။ ပြောစရာအများကြီးထဲက ဆရာသစ်ရဲ့ကဗျာစွမ်းဟာလည်း ” မှတ်” ဆိုတဲ့ ကဗျာလေးနဲ့တင် ဂဇက်ရွာမှာ ပျော်ရွှင်ခဲ့ဖူးသေးတာပေါ့ ။ မပြီးသေးဘူးဗျို့ …… ဆွေးနွေးပွဲတွေလုပ်ပြီး ဦးဆောင်ဆွေးနွေးခဲ့တာတွေလည်းရှိသေး ။ ကျုပ်လား ? ဝင်မဆွေးနွေးဝံ့ပါဘူးဗျာ ။ ကျုပ်က ဘရွတ်ရွှတ်တွတ် ဆိုတော့

:mrgreenn:

အပြင်ကတော့မလွတ်တန်းဖတ်ပါတယ်ဗျာ ။ နေဦး ကျုပ်ကိုပေးခဲ့ဖူးတဲ့ ကဗျာလေး အမှတ်တရ ယူသွားဦးဗျို့ ……

အို ..လှယမင်း သင့်ရဲ့မျက်ဝန်း မြှားနဲ့ခွင်းသို့ ကျွန်နှုပ်ရင်တွင်း ချစ်ခြင်းထွင်းဖောက် ရောက်ခဲ့ပြီ။
အို …ပျိုကညာ သင့်ရဲ့မာယာ ပိုက်ကွန်ဖြာယှက် အုပ်မိုးလျှက်အား ကျွန့်နှလုံးသားလျှင် သားကောင်လားပင် ဖြစ်ခဲ့ပြီ။
အို…. သူငယ်မ သင့်အလှလျှင် ကောင်းကင်မိုးသား အုပ်မိုးထားသို့ သွားသည့်နေရာ ကြည့်လေရာတွင် မြင်မြင်သမျှ အလှမျက်နှာ သင်လိုက်ပါခဲ့ ဖဲ့ခွါဝေးရာ မပြေးသာပြီ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~“

ဟဲဟဲဟဲ။ ဂဇက်က ကျနော့ မောင်တွေထဲ ဘယ်သူ့ အချစ်ဆုံး ထင်တုန်းဗျ။ ချစ်လည်း ချစ်ပါရဲ့ ။ တစ်ခါတစ်ခါ တောက်ညင်လဲ ကတ်ပါရဲ့ဗျာ။
ချစ်တာက တော်လို့ဗျ။ ကျနော်ပြောဖူးပါတယ်။ ဒီ အသက်အရွယ်တန်းထဲ ဒီ လောက် တော်တဲ့ လူငယ် သူ့ပဲ မြင်ဖူးသဗျ။ တော်သလောက် မာန်မတက်တတ်တော့ ရှိသလောက်နဲ့ မာန်တက်နေတဲ့ သူတွေ ၁ဝ ယောက်နဲ့တောင် ကျနော် မောင်လေး အလိုက်ပေးမလဲဘူးဗျ။ ဂဇက်ကို စေတနာထားတဲ့စိတ်က အစ ချစ်တာ။
အဲ!! စိတ်ထဲမှာ ရှိသလို ပြောတတ်လုပ်တတ်တာလေးပဲ အမြင်ကတ်စရာကောင်းနေရောပဲ။ ကျနော် သူ့ အပေါ်သဘောထား ပို့(စ) အကျယ်ရေးဖူးတာမို့ ဆာဆာပဲ ပြောပြတော့ဗျာ။
ကျုပ်ကတော့ သူ့ကို ရုပ်လွှာတစ်ထောင်မောင်မောင်ဂီ လို့သာဆိုချင်တော့တယ် ။
တလွံဲမတွေးကြနဲ့နော် … မျက်နှာများတယ်လို့ပြောတာမဟုတ်ဘူး

:mrgreenn:
နံမည်တွေများလွန်းလို့ ဒီလိုခေါ်ချင်တာ ။
ကျုပ်လို နေ့တိုင်းရွံာထဲဝင်တဲ့သူတောင် သူနာမည်ပြောင်းရင် မျက်စိလည်လွန်းလို့ဗျာ ,…
လဆန်းလဆုပ်ဆိုလည်းနာမည်ပြောင်းတယ် ။ ငလျင်လှုပ်ရင်လည်းပြောင်း ၊ မုန်တိုင်းတိုက်ရင်လည်းပြောင်း ၊ ပျော်ရင်လည်းပြောင်း ……… ခေါင်းတွေတောင်မူးသွားမယ်ဗျို့ …
အိုင်တီတွေ မားကက်တင်းတွေလဲမွှေနှောက်ခြောက်ခြားနိုင်တာတော့ပြောမနေတော့ဘူးဗျာ …
တမူထူးတာလေးပြောရရင်ဖြင့် …
ကျုပ်တို့ မြန်မာစာပေလောကမှာ ရှင်မဟာရဋ္ဌသာရဆိုတာ ကညှစ်တံ တစ်ချက်လှည့်ရင် ကဗျာပုံစံတစ်မျိုးထွက်သဗျ .…
အဲ့ဒီကောင် မောင်ဂီဆိုတာကလည်း ကီးဘုတ်ကို တစ်ချက်ပုတ်ရင် စကားလုံးအသစ်တွေထွက်လာတာကလား ……
ရုပ်ရှင်နယ်ကတောင် ခိုးချသွားသေးဆိုပဲ ။
သူရေးတဲ့စာတွေလည်း အခြားဆိုဒ်တွေက ခိုးကူးသွားသေးရဲ့ ။
သူတို့လို တော်တဲ့လူငယ်တွေရှိနေတာကိုက ဒီရွာကြီးအတွက် တကယ့်ကို ဝမ်းမြောက်စရာဘဲဗျို့ ……။
တစ်ခုပဲ …… မြန်မာပြည်ကွန်နက်ရှင်ကြောင့် မောင်ဂီကိုအရင်လို အမြဲမတွေ့ရတော့တာပါပဲ ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အဲဗျာ။
နောက်တစ်ယောက်ကတော့ မန်းလေးက ကိုပေပေါ့ဗျာ။ ဂဇက် တကြောမှာ ကော်မန့် အများဆုံး ပေးနိုင်ခဲ့သူကြီးပေါ့။ ကျနော် ဒီရွာဝင်ခါစက စာရေးဖြစ်အောင် အားပေးခဲ့သူထဲ ပါပါ့ဗျာ။
ကွမ်းလေးတမြုံ့မြုံ့နဲ့ ကွမ်းပို့စ်လေးတွေ ရေးနေပုံလေးမြင်ယောင်မိတယ်ဗျာ။
ပို့စ်တိုင်းကိုမလွတ်တမ်းဖတ်ပြီး ကွန်မန့်လေးတွေနဲ့အားပေးခဲ့တာများ အသစ်ဝင်တဲ့မန်ဘာတွေအဖို့ တကယ့်အားဆေးပါဘဲ ။
ရွှေမန်းသားပီသစွာပဲ အစိမ်းလိုင်းကိုမူပိုင်ချုပ်ထားသူပေါ့ ။
သူရေးခဲ့တဲ့ ကျောက်စိမ်းအကြောင်းပို့စ်တွေမှာဆို ဘယ်အရည် ဘယ်အသွေးက်ို ဘယ်လိုဖြင့်ခေါ်တယ် ၊
အရပ်ထဲအခေါ် ပညာရပ်ပိုင်းဆိုင်ရာအခေါ် စုံစုံ လင်လင်ပြထားပုံများ PDF တောင်ထုတ်ထားသင့်တယ်ဗျို့ ။
ပျော်ပျော်ပါးပါးစတတ် နောက်တတ်လို့ သူရှိစဉ်ကဆို ရွာထဲက လူငယ်အဖွဲ့တွေနဲ့ တကယ့်ကို ကြက်ပျံမကျစည်ကားခဲ့သေးတာဘဲ ။

ကဲ…… ကိုပေ ……
မအားလပ်တာသိပေမယ့်လည်း တတ်နိုင်ရင်တော့လာခဲ့ပါဥိီးးးး လို့

~~~~~~~~~~~~~~~~~~~~~~~~~

ပွင့်ပွင့်လင်းလင်းပြောရရင် ကျနော် လေးစားတဲ့ အမျိုးသမီး အမျိုးအစားထဲ ပါတဲ့ အမ တစ်ယောက်ပါ။
အတွေးအခေါ်ရှိတယ်။
ဘာသာရေးကိုင်းရှိုင်းတယ်။
မကလက်ဘူးး။
အချက်အပြုတ်တော်တယ်။ ဟိ။ ကိုယ့် စားဖိုမှူးမို့ ဒီတစ်ချက် အကြိုက်ဆုံးပဲ။
အပြိုင်အဆိုင်စိတ်မရှိဘူးး
အလှတရားကို ခံစားတတ်တယ်။
ပန်းလေးတွေ ကိုချစ်တယ်။ ဝေ့ ကို ကြည့်ရတာ ကျနော့ စိတ်ထဲ အေးချမ်းတယ် လို့ ခံစားရတယ်။ ကိုယ်နဲ့ ဆန့်ကျင်ဘက် ပုံစံမို့လားမသိ။ အနေအေးသူမို့ မစမနောက်ဖြစ်ပေမဲ့ မဝေဟာ ကျနော်ချစ်တဲ့ ဂဇက်က အမ တစ်ယောက်ပါ။
ကျနော် စိတ်ညစ်တဲ့ အချိန်မှာ မဝေဆီက ရဖူးတဲ့ အားပေးစကားပါတဲ့ အီးမေး(လ) လေး ကျနော် ဘယ်တော့မှ မမေ့ပါဘူးလို့ ဒီနေရာကနေပြောချင်ပါတယ်။

ဒီမှာ ဇီဇီ.… ဆိုရိုးစကားတစ်ခုကြားဖူးကြလားဗျ ။
အစားကောင်းစားရရင် မိတ်ဆွေကောင်းကို သတိယတတ်သတဲ့ ။
ကျုပ်တို့အစ်မတော် အေတီဝမ် (အန်တီဝေ) ကလည်း အဲ့သလိုမျိုးးးးးးဗျ ။
ဒါကြောင့် အီးဇီးကွတ်ဝေဝေ လို့ ထင်ရှားခဲ့တာပေါ့ ။
မပြီးသေးဘူးနော် …… ခရီးတစ်ခုထွက်ရင် မှတ်တမ်းတစ်ပုဒ်ကျန်အောင် ဓာတ်ပုံတွေ စာတွေနဲ့ကိုမှတ်တမ်းတင်းထားသေးဗျာ ။
ကျုပ်တို့က သူ့ကို အပြင်မှာတိုးတိုးတိတ်တိတ် ခေါ်ကြတာကတော့ ” အော်မေ့ ဂိုဏ်းခွဲမှူး” လို့ ။။။။
:mrgreen:
နောက်တာပါဗျာ ……
ကျုပ်တို့အစ်မကြီး ရဲ့ရွာသံယောဇဉ်ကို ပြောရရင်ဖြင့် စဝင်ကတည်းက အခုထိကို မအားလပ်တဲ့အချိန်မှတပါး ပုံမှန်ကိုစာဝင်ဖတ်နေပါသတဲ့ ……
ကွန်နက်ရှင်နဲ့နေရာအခက်အခဲကြောင့်သာ ကွန်မန့်တွေမရေးဖြစ်ပေမယ့် တိတ်တဆိတ် ဖတ်နေတာသိရတော့လည်း အားတက်မိသဗျာ ……
ပို့စ်တိုင်းကိုလည်း ဟောင်းသစ်မရွေး အားပေးဖတ်ရှုပါသတဲ့ ……
ကဲ …… အန်တီဝေ ……
ဒီတစ်ခါ အလှူလုပ်ရင်ဖိတ်ပါ …… ဟဲဟဲ..

~~~~~~~~~~~~~~~~~~~~~~~~~~~~~~“`

အဟိဟိဟိ။ :mrgreenn: အမဝင့် အကြောင်း ပြောရရင် ပြောမဆုံးပေါင် ဖြစ်တော့မယ်။ ကျနော့ အမြင်ကတော့ အမဝင့် လောက် ပွင့်လင်းပြီး ဟောဟောဒိုင်းဒိုင်းပြောတတ်တဲ့ အမျိုးသမီးမျိုး မတွေ့ဖူးတာ အမှန်ပဲ။ သဘောကျသဗျာ။
မြန်မာ မိန်းကလေးတွေ အဲဒီ အမရဲ့ သတ္တိ ၄ပုံ ၁ပုံပဲ ရကြည့်။ မြန်မာပြည် အိမ်ထောင်ရေး အခြေအနေတွေ ဘာဆက်ဖြစ်မတုန်း စောင့်ကြည့်ချင်သေးးး။ ဟေးဟေးဟေးးး;
ကိုယ့် အမ ရဲ့ အတွေးအခေါ်နဲ့က နိုင်ငံ မှား မွေးတယ်လို့ပဲ ဆိုရမယ်။ သိပ် ရဲရင့်လွန်းတယ်း။ မြန်မာပြည်စံနဲ့ မကြိုက်ညီတာလေး တစ်ခုပဲ။ ဒါပေမဲ့ ဒီ လို အတွေးမျိုး ဒီ ဂဇက်မှာ မြင်ရတဲ့ အတွက် အရသာ တစ်ခုရှိတယ်ဗျာ။
အမကို မကြာမကြာလာစေချင်တယ်။ တန်ခိုးများရှိရင် အမဝင့်ကို အပျိုကြီး ပြန်ဖြစ်ခိုင်းမယ်။ ဘာတာဝန် ဝတ္တရားမှ မရှိပဲ ဂဇက်ကို မကြာမကြာလာနိုင်အောင်။
နောက်ပြီး အမရဲ့ ကလေးတွေ ကို ကလေးတွေ ပညာရေးကို စိတ်ဝင်စားတဲ့ စိတ်ဓာတ်ကိုချစ်တယ်ဗျာ။ အမေတိုင်း ကိုယ့်သားသမီးပညာရေးကို နည်းမှန်လမ်းမှန် စိတ်ဝင်စားရင်ကို ကျနော်တို့ ပညာရေးဒီလောက် ဆိုးမယ်မထင်ဘူးးး။
ကျနော်ကတော့ မပြုံး လို့ဘဲ ရင်းရင်းနှီးနှီးခေါ်မယ်နော ……
မပြုံးလို လူတစ်ယောက် ဂဇက်ရွာကိုရောက်လာတာ တကယ်ကို အားတက်မိပါတယ် ။
လျှမ်းလျှမ်းတောက် ဘာသာပြန်စာရေးဆရာမတစ်ယောက်ဟာ ကျုပ်တို့ရဲ့ အမာခံရွာသူဖြစ်နေတယ်ဆိုတာ ဘယ်လောက်ဂုဏ်ယူဖို့ကောင်းလဲဗျာ ။
တိမ်ယံသစ္စာ ဝတ္ထုကို အလင်းဆက်က တင်ပေးတာကစပြီး ရွာနဲ့မိတ်ဆက်ခဲ့တာပေါ့ ။
တကယ်တမ်း သီးသန့်တင်တဲ့ပို့စ်ကတော့
၄ဝကျော်ကျမရဲ့တမ်းချင်း ဆိုတဲ့ ငါးပိအကြောင်းပို့စ်လေဗျာ ။
ကျုပ်နဲ့ အဲဒီမှာစတွေ့တာဘဲဗျို့ ့ ။ ကျုပ်လည်းသူ့စာကိုဖတ်ပြီး ငယ်ငယ်က ငါးပိလှမ်းကြတဲ့ဘဝကိုပြန်လွမ်းလိုက်တာ
ဆာမိ ငါးပိထောင်းနေသည် ှုဖြစ်သွားပါရောလား ။
လစ်ဘရယ်ဆန်ဆန်တွေးခေါ်မှုနဲ့ တိုင်းပြည်အပေါ်ထားတဲ့စေတနာတွေကို သူ့ရဲ့ပို့စ်တွေမှာတွေ့ရပါလိမ့်မယ် ။ပညာရေး မညာကြေး ဆိုတဲ့ပို့စ်မှာဆို ကျုပ်တို့တိုင်းပြည်ရဲ့ပညာရေးအခြေအနေကိုကောင်းကောင်းကြီးထင်ဟတ်စေခဲ့တာပေါ့ ။
သူ့စာတွေကို ကောင်းလားလို့တော့မမေးပါနဲ့ ။
ကျုပ်ဆိုတဲ့ ချာပလာကောင်က ကောင်းပါတယ်လို့ညွှန်းမိရင် မပြုံးဂုဏ်ငယ်ပါလိမ့်မယ် ။
ကျုပ်က မြင်းထိန်းငတာ … သူက ကျမ်းပြုဆရာ

:kwi:

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဂဇက်ရဲ့ ရသရေးလက်မှာ ကျနော် အကြိုက်ဆုံး စာရေးသူဗျာ။ ရေးဟန်ကို ဘယ်လို သဘောကျမှန်းကိုမသိဘူးးး
စိတ်ထဲမှာလည်း ရင်းနှီးပြီး လူရင်းတွေ ပြောသလို ပြောဆိုချင်မိတယ်ဗျာ။ ရွာထဲ မှာလည်း ကိုစိုင်း ရဲ့ ပရိတ်သတ် သီးသန့်ကို ရှိသဗျ။
စိတ်ထဲက ဝန်ထုတ်ဝန်ပိုးတွေ အလေးအပင်တွေ ခဏပစ်ချပြီး ရွာထဲမှာ အရင်လို ပျော်ရွှင်စေချင်ပါရဲ့။ ကျနော် ပြောမှားဆိုမှားရှိခဲ့ရင်လည်း တောင်းပန်ချင်ပါသေးရဲ့။
ဟုတ်တယ်ဗျ။ မန်းဂဇက်မှာ ဘယ်သူနဲ့မှမတူတဲ့ ကိုယ်ပိုင်ရေးဟန်စစ်စစ်နဲ့ ရေးသားနေတဲ့သူကိုညွှန်းရရင်
ကျုပ်တို့ရဲ့ မေမြို့သားကြီး ကိုစိုင်း ကိုပြရမှာပါဘဲ ။
အထေ့အငေါ့ အသော့လေးတွေနဲ့ ဘဝပုံရိပ်တွေကို သရုပ်ဖေါ်တဲ့နေရာမှာ ကိုစိုင်းကိုတော့ ကျုပ်က ဆရာတင်ပါတယ် ။
တချိန်တခါ ဂဇက်ရွာမှာ ကွန်မန့်ပြင်းပြင်းလေးတွေခေတ်စားခဲ့စဉ်တုန်းက ကိုရှုံးလူလာပဟေ့ဆို ပွဲကအတော်စည်ခဲ့တာပေါ့ ။
မြန်မာ့ရိုးရာအဝတ်အစားနဲ့ပါတ်သက်ပြီး ပို့စ်တင်ခဲ့ရာကစလို့ နန်းမတော်မယ်ပု နဲ့အခြေအတင်ပွဲလေးဟာလည်း အမှတ်တရများစွာထဲက တစ်ခုပါလေ ။
ကျုပ်တို့လို ပေါက်ကရမရေးဘဲ ရင်ဘတ်နဲ့စာရေးသူလို့ဆိုချင်ပါတယ် ။
တကယ်တော့ ……
သူ့နှလုံးသားထဲက စမ်းရေစီးသံလေးတွေကို မကြာမကြာ ကြားချင်နေမိတယ်ဆိုရင် ယုံတယ်မဟုတ်လား…………

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အဲ။ ဘဲဥ လို့ ပြောရင် ကျနော် ရွာထဲ ရောက်ခါစ က ကော်မန့်တွေ ရီရလို့ လိုက်ကြည့်ဖူးပြီး သူ့ပုံစံမှန်းလိုက်တိုင်း ကာတွန်းဘဲဥ ပုံစံပဲ မြင်လာတတ်တယ်။
အတော်ပျော်တတ်မယ်လို့လည်း မှန်းမိရဲ့။ သူ့ အကြောင်းလေး ပြောပြပါဦး ဆာဆာ။
ဘဲဥ အကြောင်း ပြောရမယ် ဆိုရင် ဖရဲ တို့နဲ့တကယ့်တွဲဖက်ညီခဲ့တဲ့သူတွေပါ ။ အစားအသောက် အရသာ တွဲစားလို့ မရတာ။ လူတွေက အတွဲညီခဲ့တာပေါ့။
ဂဇက်ရွာရဲ့ ဆည်းလည်းလေးများအဖွဲ့ဝင်ပေါ့ ။
သူလည်း ဦးကျောက်ခဲတို့ ဂိုဏ်းဝင်ဘဲဗျ ။
မဟာပထဝီမြေကြီးကို ရန်ရှာကြတဲ့သူတွေလေ :mrgreen:
“” ဘဲဥ ဖရဲ ၊ စိန်ဗိုက် မောင်အံ
သောသောညံ “” လို့ တင်စားရလောက်အောင်ဘဲ ရွာကို စီကားစေခဲ့တာပေါ့ ။
အခုတော့မောင်အံတစ်ယောက်သာ ကျန်နေတော့တယ် ။
ဘဲဥ ဆိုတာ ရွာကလူတွေ သတိယရှိနေမှာပါ ။
ဈေးထဲမှာဘဲဥ ဖြူဖြူလေးတွေမြင်တိုင်း ဂဇက်ဘဲဥကိုဘသတိယနေမယ်ဆိုတဲ့အကြောင်းးးး

:mrgreen:

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

နောက်တစ်ယောက်က နှင်းတောင်မယ်တော်ကြီးလို့ ချစ်စနိုးခေါ်ကြတဲ့ ကျနော်တို့ အမကြီး မ စနိုးစမိုင်း
ကျနော့ စာရင်း အရ ဆိုရင် ရွာထဲ ရသ အရေးကောင်းတဲ့ ထိပ်တန်း ၅ ယောက်တည်း ပါသဗျ။ အရေးကောင်းပုံကတော့ စ ရေးတဲ့ လမှာတင် ဆု ရသွားတာ ပြောစမှတ်ပါပဲ။ မရွေးပဲကို မနေနိုင်တာ။
အမက တော့ မရေးတတ်ဘူး မရေးတတ်ဘူး နဲ့ ရေးလိုက်ရင် ရင်ကို တိုက်ရိုက်ထိတဲ့ စာတွေချည်းပဲ။ “ချစ်သော လက်ကလေး” ကို အကြိုက်ဆုံးပဲ။
ကျနော့ အတွက် ထမင်းတစ်လုပ် ကျေးဇူးရှိဖူးတဲ့ အမပေါ့ဗျာ။
အပြုံးဆိုတာ မြင်ရသူကိုကြည်နူးမှုတွေ ခံစားရစေပါတယ် …………
နှင်းပွင့်လေးတွေဟာလည်း အေးမြတဲ့ခံစားမှုနဲ့အတူ ရွှင်လန်းစေတယ် ဆိုရင် ………
snow smile ဆိုတဲ့ အမတော်ဟာ ကြည်သာရွှင်လန်း ငြိမ်းချမ်းခြင်းတွေနဲ့အတူ ဂဇက်ကိုရောက်လာခဲ့သူပေါ့ ။
အလှူရေစက်လက်နဲ့မကွာဆိုသလို ခရီးရောက်မဆိုက်ဘဲ ရွှေပြည်သာသီလရှင်ကျောင်းမှာ အလှူပွဲလုပ်ဖြစ်ခဲ့တာသက်သေပါ ။
ရွာထဲကလူတွေကိုပါကျောင်းဒကာဒကာမဖြစ်အောင် စည်းရုံးရင်း ………
ဟော ကြည့်စမ်း !! စာလည်းရေးရော ဆိုက်ကားသမား ပို့စ်နဲ့ နာမည်ကျော်သွားပါရောလား ။
လက်တွေဖွက်မထားပါနဲ့အစ်မရေ …
စာမရေးတတ်ဘူးလို့တော့ ညာလို့မရဘူးနော် . .

:kwi:

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ချစ်တဲ့ မောင်လေးနဲ့ ပတ်သက်ပြီးမှ သိရပေမဲ့ ညီမလေး လို ချစ်သွားရတဲ့ တစ်ယောက်ပေါ့။
အွန်လိုင်းမှာ သူများတွေကို ပျော်ရွှင်မှုပဲ ပေးနိုင်တဲ့ ညီမလေးမို့ ဒီရွာကို ဧည့်သည် အဖြစ်နဲ့ပဲ ရောက်လာခဲ့ပေမဲ့ စိတ်ထဲ ရှိနေခဲ့ပါတယ်။
နော်ရှီး ရေ။
~~~ ကြည်ကြည်လင်လင် အေးချမ်းလှတဲ့ ည အချိန်ခါ ~~~~
အမှောင်ကိုဖြိုကာ လောကထဲကို အလင်းဆောင်တာ ~~~~
နေရာတကာမှာ နှင်းဖွေးဖွေးတွေကျ ချိန်မှာ ~~~
ကယ်တင်ပိုင်ရှင် မွေးဖွါးခဲ့ပြီကွယ် ……~~~~~
ချစ်ဆွေရယ် ~~ စိတ်ညစ်စရာဘေးးး ကိုဖယ် ~~~
ဘုရားရှင်တော် ~~ မွေးနေ့မှာ မြူးးးပျော်မယ် ……
ချစ်ဆွေရယ် ~~ စိတ်ညစ်စရာဘေးး ကိုဖယ် ~~
ဘုရားရှင်တော် … မွေးနေ့မှာကွယ် ~~~~
နော်ရှီးရေ …… ရွာထဲကလူတွေသတိယနေကြတယ် ။
လွတ်လပ်ပေါ့ပါးစွာနဲ့ ရွာထဲလာခဲ့ပါဦး တဲ့ ။
ရွာထဲကို ခြေတစ်ခါချဖူးရင် အမြဲရွာသူားအဖြစ်သတ်မှတ်ပါသတဲ့ ……
ဆိုးတိုင်ပင် ကောင်းတိုင်ပင်ရွာလေးက အမြဲတန်း တံခါးဖွင့်ထားပါတယ်နော………….

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဟဟဟ။
ဦးနွေဦး ကြီး သတိရလိုက်တာ။ ဖဘမှာတော့ ဒီလူကြီး ကော်မန့်လာလာပေးရင် ဖတ်ပြီး ရီရလွန်းလို့။ အရှိုက်တည့်တည့်ထိအောင် ကော်မန့်ပေးတတ်တဲ့ လူကြီးဗျ။
သူက သူ့ ဘလော့ နဲ့ သူဆိုတော့ ရွာထဲ မလှည့်အားဘူးပေါ့ဗျာ။ လာနိုင်ရင်တော့ လာစေချင်သေးးး
ကျနော် ဖွင့်ချင်တဲ့ ထမင်းဆိုင်မျိုး သူရေးသွားတာလေး မှတ်မှတ်ရရ။ နောက်ပြီး ဦးနွေဦးပို့(စ) တင်ရင် ဓာတ်ပုံတင်တာ သိပ်သပ်ရပ် အချိုးကျတယ်ဗျ။ အဲဒါတော့မှတ်မှတ်ရရပဲ။ ရွာထဲ ပြန်လာပါဦးးး၊ ဘောင်းဘီ ဆီး ဝတ်ပေးမလို့ စောင့်နေကြပါတယ်လို့။
နွေဦးရောက်လျှင်
ညှိုးရင့် ရွက်ဝါ
ညှာတံ လည်းပြုတ်
အို … ရုတ်တရက်
မြေသို့သက်လေ
ရွက်ကြွေလွင့်မျော
ဥဩ သံချို
နွေကြို ပုံရိပ်
အတိတ်တို့ဟောင်း
အသစ်ပြောင်းလို့
ရွက်ဟောင်းစွန့်ပစ်
ရွက်နုသစ်ဝေ
အော် ……… နွေ တဲ့လား မေ ……… ။

ဟင် …… ဘာမှတော့မဆိုင်ဘူးနော် ။
ကိုနွေဦးနာမည်ကြားလိုက်တာနဲ့ ယောင်ယမ်းပြီးလွမ်းပစ်လိုက်တာ အနာတစ်ခြားဆေးတစ်ခြား ဖြစ်သွားပြီ :mrgreenn:
အေးဗျာ …… ဒီလူကြီးကလည်း နာမည်လေး နုနုရွရွနဲ့ဆိုတော့ ကဗျာဆန်ဆန်တွေများရေးမလားထင်မိပါတယ် ။
တကယ့် ဒိဋ္ဌဓမ္မတွေဘဲဗျို့ ……
ငယ်ငယ်ကဖတ်ဖူးတဲ့ ဆရာနွမ်ဂျာသိုင်း ရဲ့ ” နွေဦးရောက်ပြီသူကယ်ချင်း “ဆိုတဲ့ဝတ္ထုလေးတောင်သတိယမိသေးဗျာ ။
ကဲ .…… ကိုနွေဦးရေ ……
ရွာက လူတွေမျှော်နေတယ် …
နွေဦးရောက်ရင် အကြောင်းကြားပါ :mrgreen:

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကျနော် ဟိုတလောက ပို့(စ) တွေ မွှေရင်း ကိုစိန်သော့ ရဲ့ ဓာတ်ပုံရိုက် ပညာတွေ မျှထားတဲ့ ပို့(စ) တွေ သွားတွေ့တယ်ဗျ။ ဆရာစားမချန် တော်တော်လေး အားစိုက်ပြီး နားလည်အောင် ရေးထားတာဗျို့။
ကျနော် မမှီလိုက်ပေမဲ့ အဲဒီ စိတ်ဓာတ်နဲ့ကို ဒီ ဆရာကို လေးစားသဗျာ။
ဂဇက်ရွာရဲ့ဓာတ်သေပညာရှင်ပေါင်းများစွာထဲက တစ်ဦးပါ ။
ဓာတ်ပုံတစ်ပုံကောင်းကောင်းရဖို့ …
ကင်မရာကောင်းစရာမလို
အကြောင်းအရာ ရွေးစရာမလို
ကင်မရာနောက်ကလူသာကောင်းဖို့ လိုတယ်ဆိုတဲ့ ဆိုရိုးစကားကို ကောင်းကောင်းကြီးသက်သေထူနိုင်တဲ့သူပေါ့ ။
ကိုစိန်သော့ရွေးချယ်ရိုက်ကူးတဲ့အကြောင်းအရာလေးတွေဟာ သာမန်နေ့စဉ်မြင်ကွင်းတွေထဲက ဖြစ်နေလည်း
တင်ပြပုံ ၊ အဖြတ်အတောက် ၊ အယူအဆ နဲ့ သိမ်မွေ့လှတဲ့ဓတ်ပုံပညာပြည့်ဝမှုတွေကြောင် ့ခံစားမှုပေါင်းများစွာ မက်ဆေ့ချ်ပေါင်းများစွာကိုပေးနိုင်ခဲ့ပါတယ် ။
ကျနော်အားကျရတဲ့ ပညာရှင်တစ်ယောက်ပါ ။
တကယ်တော့ ကျနော့်လိုပဲ ရွာက လွမ်းနေကြမှာပါလေ ………

~~~~~~~~~~~~~~~~~~~~~~~~~~~~

အချစ်ဆုံး ညီမလေး တစ်ယောက်ပါ ဆာဆာရေ။ တစ်နိုင်ငံတည်းဖြစ်နေတာကြောင့်မို့ အပြင်မှာလည်း တွေ့ဖြစ်တဲ့ ညီမလေးပါ။
လူပုံလေး ပျော့နွဲ့သလောက် သတ္တိရှိပြီး မဟုတ်မခံ မှန်တော့ ပြောရဲတဲ့ ညီမလေးမို့ ကိုယ့် မှာမကျေနပ်ရင်သူ့သွားသွားတိုင်ရတာ အမှတ်တရပါ။
ကဗျာရေးလည်း ကောင်းးး၊ ရသရေးလည်း ဖြစ်တဲ့ လက်ပိုင်ရှင် ရွှေကြည် လေးပါ။
ဒေါ်အောင်ဆန်းဆုကြည်အတွက် မေးခွန်း များဆိုတဲ့ ပို့စ်တက်လာတဲ့အချိန်မှာ ဝင်ရောက်ကွန်မန့်ရေးရင်းနဲ့ ရွာထဲရောက်လာသူပါ တဲ့ ။
သေသေချာချာဖတ်ပြီး သေသေချာချာ မန့်တတ်တဲ့သူများထဲက တစ်ယောက်ပါပဲ ။
အမေကို ပိုပြီးချစ်ပါတယ်လို့ ပထမဆုံး ပို့စ်မှာ ပြောထားခဲ့ပေမယ့် ……
တကယ်တော့ ဖခင်ဖြစ်သူကိုလည်း လေးစားလွန်းတဲ့စိတ်ကြောင့် မိခင်ကိုအချစ်ပိုမိတယ်လို့ထင်ခဲ့သူပါဘဲ …
အခုတော့ ……
ရွာကိုအပြင်ကဘဲ ချစ်နေသူပေါ့ ။
ရွာမဝင်တာကြာပေမယ့် ရွာသတင်းတွေကိုတော့ အမြဲမပြတ် စိတ်ဝင်စားနေသူလေ ။
ချက်ဘောက် မှာတွေ့ရင် ရွာထဲကအကြောင်းမေးလေ့ရှိတာလည်း သူ့ရဲ့ အလေ့အကျင့်တစ်ခုပါဘဲ ။
ကဗျာလေးတွေလည်း စိတ်ပါရင်ရေးတတ်သလို နိုင်ငံရေးကိုလည်း မပြတ်စောင့်ကြည့်တတ်သူပါ ။
လူချစ်လူခင်ပေါသလို ဘယ်သူနဲ့မှပြဿနာမရှိဘဲ လူမှုဆက်ဆံရေးကောင်းသူအဖြစ် သတ်မှတ်လို့ရတဲ့သူပေါ့ ။
ကဲ မရွှေကြည် …
ရွာအဝင်လမ်းက အရင်လောက် မဆိုးတော့ပါဘူးးးး တဲ့
ကြုံရင် လှည့်ဝင်ခဲ့ပါဦးနော ………

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

နောက်တစ်ယောက်က ရွှေမိုးတိမ်။
ကျနော့ မောင်လေး အရင်းနဲ့ တစ်ရုံးထဲ အလုပ်လုပ်တာပါ။
သတ်သတ်လွတ် စားတယ်။၊
ပရဟိတအလုပ်တွေကို စိတ်ပါလက်ပါ အားသွန်ခွန်စိုက်လုပ်တယ်။
ကိုယ်ပိုင်စီးပွါးရေးလေးတစ်ဖက်နဲ့ စာရေးစာဖတ် ဓာတ်ပုံရိုက် ဝါသနာပါတဲ့ ညီမလေး တစ်ယောက်ပါ။ ရွာထဲ မလာတာ ကြာနေပါပြီ။ ပြန်ခေါ်ကြပါဦးစို့။
နာမည်လှလှလေးနဲ့ တိမ်တွေကိုချစ်တတ်သူပါ တဲ့ ……
သူလည်း ဓာတ်သေ ဝါသနာရှင်တစ်ယောက်ပါဘဲ ။
ကျုပ်တို့ထက်တော့ အယူအဆ ၊ အဖြတ်အတောက် ၊ အလင်းအမှောင်နဲ့ ဓာတ်ပုံဝါသနာမှာ အပုံကြီးသာတယ်ဗျို့ ။
စာရေးရင် အမြဲတန်း သူ့စာလေးတွေက မြူးမြူးကြွကြွနဲ့ပုံဖေါ်နိုင်သူပါ ။
ပရဟိတ အားသန်သူဖြစ်လို့ ပလက်ဖေါင်းစာသင်ဝိုင်းကိုလည်း တစ်တပ်တစ်အား ကူညီပံ့ပိုးနေသူပေါ့ ။
အများသူငါလုပ်နိုင်ခဲတဲ့ ကိစ္စမို့ ဒီနေရာကပဲ ဝမ်းမြောက်ဂုဏ်ယူပါကြောင်းပြောချင်ပါတယ် ရွှေမိုးတိမ်ရေ ……
သွားရင်းလာရင်း ထော်လာဂျီတွေ့ရင်လည်း သူရေးခဲ့တဲ့ ပို့စ်လေးတစ်ပုဒ်ကိုသတိယမိပါရဲ့ ။
စာမသင်နိုင်ရှာတဲ့ ကလေးသူငယ်လေးတွေကို ပညာဒါနတွေဖြန့်ဝေရင်း ပျော်ပိုက်နေတဲ့ ရွှေမိုးတိမ်ရေ …
ဂဇက်ရွာမှာလည်း ကိုယ်ပိုင်အတွေးနဲ့ စာလွှာလေးများ မျှော်နေကြပါတယ် ……… လို့ .…

~~~~~~~~~~~~~~~~~~~~~~~~~~~~

အဟိ။ နောက် တစ်ရွှေ။ ကျနော် က ညီမလေးတွေထဲ ဒီ ရွှေ ၂ ရွှေ ကို အချစ်ဆုံးးး။ စကားပြောတာလေး က အစ ချစ်စရာလေးမို့။
ကျနော် စိတ်ထဲ မှတ်မှတ်ထင်ထင် အရှိဆုံး က ဘီယာပို့(စ) ပဲ။ ဟိ။ သန်ရာသန်ရာပဲ။
ရွှေအိ ရေးသားပုံက အတော်ရှင်းလင်းလို့ သူပြောချင်တဲ့ အကြောင်းအရာက စာရေးသူစိတ်ထဲကို တိုက်ရိုက်ရောက်တယ်လို့ ခံစားရပါတယ်။
မြေလတ်သူ လို့ ဆိုတဲ့အတိုင်း အင်မတန်မှဖေါ်ရွေပြီး ပျော်ပျော်နေတတ်တဲ့ ရွာသူတစ်ယောက်ပါဗျာ ။
ရွာသက်ကတော့ သက်တော်ရှည်အဖွဲ့ဝင်တွေပေါ့နော် ။
ပို့စ် တင်တာအလွန်နဲပါတယ် ။ရေးလိုက်ရင်လည်း တစ်ပုဒ်ဆိုတစ်ပုဒ် မှတ်တမ်းကျန်တဲ့ပို့စ်လေးတွေပါ ။
ကွန်မန့်လေးတွေဝေဝေ ဆာဆာနဲ့ အားပေးတတ်လို့ ကျုပ်တို့ ရွာဝင်စက အလွန်အားတက်ခဲ့တာပေါ့ ။
ပျော်ပျော်ပါးပါး စနောက်ကြရင်း ရွာထဲမှာပျော်နေတတ်တဲ့သူပါဘဲ ။
ရွာရဲ့အလှူပွဲတွေ တွေ့ဆုံပွဲတွေမှာ မပျက်မကွက် တက်ရောက်ချီးမြှင့်တတ်ပြီး
ဂဇက်ရွာရဲ့ အမာခံအဖွဲ့တွေပေါ့ ။
ဟော ……… အခုတစ်လော တော့ ပျောက်နေပါတယ်လေ ။
တွေ့ရင်ပြောကြပါ ။ ရွာထဲမှာ ပြန်ဆုံကြပါစို့နော

:mrgreen:

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~`

ကျနော် အရင် ပို့(စ) တွေ တင်တုန်းက မမျှော်မဖြစ်မျှော်ရတဲ့ ကော်မန့်ရှင်ပေါ့ဗျာ။
ရွာကို ပုံမှန်ဝင်တယ်။ ကော်မန့်ကို ပုံမှန်ပေးတယ်။ သူမလာရင်တောင် ကြည်ဆောင်း မလာသေးပါလားလို့ စိတ်ထဲတွေးမိတဲ့ထိ ရွာမှာ ပုံမှန်ရှိတာဗျ။
အမှတ်မမှားရင် မနှစ်က ရွာ အဝင်လမ်း တစ်ချက် ကြပ်သွားတဲ့ အချိန်က စ မတွေ့မိသလိုပဲ။ ပြန်လာရင် ကောင်းမယ်ဗျာ၊
ကြည်ဆောင်း ဆိုတဲ့ ဒီနံမည်ကို တွေ့စက အများစုအမြင်မှာ ရွာသားတစ်ယောက်လို့ထင်တတ်ကြသဗျ ။
င်္ကိုကြည်ဆောင်း လို့ခဏခဏ ခေါ်တာလည်းတွေ့ဖူးပါရဲ့ ။
ကျုပ်ကတော့ သူ့ကိုအစကတည်းက ရွာသူတစ်ဦးဆိုတာ သိနေတာပေါ့ဗျာ ။
ကျုပ်ထင်တာမမှားရင် ပို့စ်တစ်ပုဒ်မှ မရေးခဲ့ဘူးထင်တာဘဲ ။
ဒါပေမယ့် … ရွာထဲရှိစဉ်ကတော့ ကွန်မန့်တွေနဲ့အားဖြည့်တတ်သူပေါ့ ။
အတွေးအမြင်လေးတွေရိုးရှင်းပွင့်လင်းတယ်ဆိုတာ သူ့ကွန်မန့်တွေက ပြောပြနေပါလိမ့်မယ် ။
လူကိုမမြင်ရဘဲ ခင်မင်ကြတယ်ဆိုတာ ဒီစာသားလေးတွေကပဲ
နားလည်မှုတွေပေးခဲ့ကြတာမဟုတ်လား ။
တကယ်လို့များ မန်းဂဇက်ကို မမေ့သေးဘူးဆိုရင် ကြည်ဆောင်း ဆိုတဲ့ ရွာသူတစ်ယောက် ပြန်လာမှာပါလေ ……
ဂဇက်ရွာရဲ့သံယောဇဉ်ကို ဘယ်သူဖြတ်နိုင်တာမှတ်လို့……………………

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အွန်လိုင်း တကြောမှာ ဒီ အမလောက် စာပေလိုင်း နှံ့စပ်တဲ့သူ မရှိဘူးထင်တယ်ဗျ။ သိချင်တာ သူ့သာမေးး၊ စာအုပ်နဲ့ ပတ်သက်တဲ့ အင်ဖိုမေးရှင်း အစုံရှိတယ်။
အွန်လိုင်း စာဖတ်ဝိုင်း လို မျိုးလည်း လုပ်ထားတယ်ထင်တယ်။ မဂ္ဂဇင်းတစ်စောင် အတွက် ဟာသပါတဲ့ စာတစ်ပုဒ် တောင်းဖူးတယ်ဗျ။ ကျနော်က မရေးရဲလို့ မပို့ဖြစ်တာ။

နာမည်လေးကလှသလို စာပေအပေါ်ချစ်တဲ့စိတ်ကလည်းလှသဗျာ ။
ဂဇက်ရွာရဲ့ ရှေးဦးလူသားတွေထဲကတစ်ယောက်ပေါ့ ။
သူ့ကိုရွာထဲ မတွေ့တော့လို့ သံယောဇဉ်ပြတ်သွားပြီထင်ရင်မှားမယ်ဗျို့    
ဂဇက်က စာတွေအမြဲဖတ်ပြီး ရွာအကြောင်းကို အမြဲမေးတတ်သူပေါ့ ။
ဖွဘုတ်တခွင်မှာ ရွှေအိမ်စည် ဆိုတာ ဂရုပေ့ချ်ပေါင်း ၃ဝ ကျော် ၄ဝ လောက်ကိုထိန်းကျောင်းမောင်းနှင်နေပေမယ့် ရွာသူားတစ်ယောက် ဂရုထဲစာလာရေးရင် အပြေးရောက်လာပြီးကူညီတတ်ပါတယ်။
ရွာကလူတွေကို ချစ်လို့ပါ  တဲ့ ။
သူရေးတဲ့စာတွေကို ဂဇက်မှာ အများကြီးတွေ့ရမှာပါ ။ စာရေး အလွန်ကောင်းပြီး ကျနော့်ရဲ့မြင်ဆရာ သင်ဆရာတစ်ဦးပေါ့   :mrgreenn:  
ကျနော်ရေးခဲ့ဖူးတဲ့ ဝန်ကြီးပဒေသရာဇာ ပို့စ်ဟာ သူ့ရဲ့”” ပြည်တော်ဝင်ခွင့်စောင့်နေသူ (သီဟသူမင်းသား) “”  https://myanmargazette.net/66599  
ကိုအတုယူပြီးရေးခဲ့တာပါဘဲ ။
ရွာကိုချစ်တဲ့ ရွှေအိမ်စည်တစ်ယောက် ရွာထဲမှာမတွေ့ရပေမယ့်လည်း ရွာသူားတွေက သတိယနေကြကြောင်းးးးး
ကဲ …… ကျုပ်ရဲ့ ဆြာမ  ရောက်ရာအရပ်က မကြာမကြာလာခဲ့ပါဦး   :mrgreen:

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကိုရင်မောင် ကို အရင်ကတော့ မကြာမကြာတွေ့ရတယ်။
ခုတော့ အလာကျဲသဗျ။ အရင်လလယ်လောက် က ကော်မန့် ၁ ခု ၂ ခုတွေ့လိုက်သေးတယ်။ ခေါ်ပါဦးဗျာ။
ကျနော့်ရဲ့ ပထမဆုံးပို့စ်မှာ ပထမဆုံးမန့်တဲ့သူဟာ အစ်ကိုကြီးကိုရင်မောင်ပါဘဲဗျာ ။
စာရေးကျဲပေမယ့် ကွန်မန့်လေးတွေနဲ့ ရွာကိ်ုစည်ကားစေသူတစ်ဦးပေါ့ ။
နိုင်ငံရပ်ခြားမှာနေပေမယ့် ရွာအလှူတွေမှာ သိလို့ကတော့ လက်မနှေးဘူးဗျို့ ။
ဂဇက်ရွာသားစိတ်အပြည့်ရှိတဲ့သူပါပဲ ။
သတင်းထူးများဆိုရင် ဂဇက်ရွာကို အရင် ဆုံးသတိယပြီးပြောပြောလေ့ရှိပါတယ် ။
ဟိုတစ်လောကတော့တွေ့လိုက်ပါသေးတယ် ……
မအားလွန်းလို့သာ ရောက်မလာတာဖြစ်မှာပါလေ ။
ကိုရင်မောင်ဆိုတာ မန်းဂဇက်နဲ့ခွဲပြီးပြောလိုမရတဲ့ပုံရိပ်တစ်ခုမဟုတ်လား ………
ဦးမိုက်နဲ့ တွေ့စဉ်တုန်းကတောင် ဦးမိုက်က ကိုရင်မောင်ကိုဘသတိယကြောင်းပြောနေပါတယ် အစ်ကိုကြီးရေ ……
အခါအခွင့်သင့်ရင်ဖြင့် ………………

~~~~~~~~~~~~~~~~~~~

 

 

83 comments

    • ဇီဇီ ခင်ဇော်

      August 7, 2014 at 9:50 am

      ပထမဆုံး လာအားပေးတာ ကျေးဇူးပါ။

      :s:

  • ခင် ခ

    August 7, 2014 at 9:28 am

    တတိယရွာလမ်းက ကလေးတစ်သိုက် လက်ခုတ်သံပြိုင်တူနဲ့ ” ဟေးးးးးးးးးးးးးး” လို့ အော်လိုက်ကြသဖြင့် ခင်ခ လှမ်းကြည့်မိလိုက်တယ် ဘာ ပါ လိမ့် ပေါ့။
    ” ဪ ရွာထဲ တိုင်းခန်းလှည့်တာ တတိယလမ်းထဲ ဝင်လာတာကိုး “

    • ဇီဇီ ခင်ဇော်

      August 7, 2014 at 9:53 am

      တတိယ လမ်း ခွဲကို ရောက်ပြီ။
      ကလေးတွေ ကို မုန့်ဝေမယ်။

      :s:

  • Nyo Win

    August 7, 2014 at 9:40 am

    ဪ..တတိယလမ်းခွဲပေါ်ရောက်ပြီပဲ..MG မန်ဘာအရဆို လ တော်တော်များများ
    လျှှောက်ရမဲ့ လမ်းပဲ……လောလောဆယ် ကိုသစ်မင်း ပိုစ့်တွေပြန်တူးနေတယ်…..
    ဒါနဲ ့စကားမစပ် FB ကြီး နည်းနည်းခြောက်သွေ ့နေတယ်… 🙂

    • ဇီဇီ ခင်ဇော်

      August 7, 2014 at 9:49 am

      တူလိုက်တာ၊
      မနက်က ကိုသစ်မင်းရဲ့ စာတွေ လိုက်ဖတ်နေတယ်။
      🙂
      ဒီ လမ်းကို ပြီးအောင် လျှောက်မယ်။
      ဘာပဲဖြစ်ဖြစ်၊ ဘယ်လောက် ကြာကြာ။

      ဖဘမှ မွှေမဲ့သူ ပြဿနာရှာမဲ့သူမရှိလို့လားဟင်?
      :s:

      • Nyo Win

        August 7, 2014 at 10:48 am

        မဟုတ်ပါဘူး…..ပျင်းစရာကောင်းနေပြီး အပြုံးတွေမေ့လုလုဖြစ်နေလို ့… 🙂

        • ဇီဇီ ခင်ဇော်

          August 7, 2014 at 12:17 pm

          ကျုပ်လည်း ကျုပ် အကိုကြီး အမကြီးတွေကို လွမ်းတာပေါ့ဟယ်။
          😥
          အပြုံးတွေတော့ မေ့မပစ်လိုက်ပါနဲ့ဦးးး
          လွမ်းရင် ရွာထဲ လာပါ။
          ရွာထဲမှာရှိပါတယ်။
          :a:

      • TNA

        August 8, 2014 at 6:36 am

        ဖဘမှာပျင်းနေတာတော့အမှန်ပဲ ဖဘသတင်းစာမှာထည့်ရမယ်ထင်တယ် ရောက်ရာအရပ်မှအမြန်ပြန်လာပါဆိုပြီး :mrgreen:

  • weiwei

    August 7, 2014 at 10:15 am

    ချစ်ခြင်းမေတ္တာအပြည့်နဲ့ အသံလွှင့်တင်ဆက်နေသံကို ကြားယောင်နေမိပါတယ် ..

    • ဇီဇီ ခင်ဇော်

      August 7, 2014 at 12:14 pm

      ချစ်ခြင်းမေတ္တာနဲ့ နားသောတ ဆင်လို့ ထင်ပါတယ် ဝေရေ။

      :chit:

  • TNA

    August 7, 2014 at 10:42 am

    မသိသူတွေ သိသူတွေရောနေတဲ့ပိုစ့်ပေါ့ဒီပိုစ့်ကတော့။ မေ့နေသူတွေကိုလဲပြန်လည်သတိယမှတ်မိစေတဲ့ပိုစ့်ပေါ့။ နောက်ပိုစ့်တွေလဲဆက်လက်စောင့်မျော်အားပေးလျှက်

    • ဇီဇီ ခင်ဇော်

      August 7, 2014 at 12:14 pm

      ငင်။
      မွသဲ မသိသူ ပါသေးသလားးး
      ဘူလဲ ပြောပြ။

      :s:

      • TNA

        August 8, 2014 at 6:34 am

        ရွှေအိမ်စည်နဲ့ ကြည်ဆောင်း သိတာလိုလို မသိတာလိုလို :mrgreen:

        • Crystalline

          August 8, 2014 at 7:25 am

          မသဲကတော့နောက်ပြီ…

        • ဇီဇီ ခင်ဇော်

          August 8, 2014 at 7:42 am

          ငင်။
          မွသဲ တော်တော်နောက်တဲ့ လူဇိုးးးး
          :s:

  • nozomi

    August 7, 2014 at 11:18 am

    ဒီ ဇီဇီ နဲ့ ဆာဆာ တို့ ရဲ့ စေတနာ နဲ့ဇွဲ ကိုတော့ ချီးကျူးမိပါရဲ့
    စဉ်းစားပြီးရေးတာမပြောနဲ့ အားလုံးပြီးအောင်ဖတ်ရတာတောင် မလွယ်
    ဒီစေတနာတွေကြောင့်
    ဇီဇီ လဲ စိုင်းစိုင်း ရပါစေ
    ဆာဆာ လဲ ဇွန်ဇွန် ကို ရပါစေ

    • ဇီဇီ ခင်ဇော်

      August 7, 2014 at 12:13 pm

      ဒီလို စေတနာတွေကို မြင်နိုင်တဲ့ နိုနို တစ်ယောက်လည်း နိုးနိုး (မေမြတ်နိုး) လေးနဲ့ ဖြစ်ချင်တိုင်း ဖြစ်ပါစေ။
      .
      .
      .

      .
      .
      .
      .
      .

      .
      .
      .

      ရန် :mrgreenn:

  • မဟာရာဇာ အံစာတုံး

    August 7, 2014 at 11:22 am

    ဟိုအကောင်တွေကတော့ ပျောက်နေတာ ကြာပေါ့ …
    တစ်ယောက်က မိန်းမနား ကပ်နေတယ်
    နှစ်ယောက်က စော်လေးတွေနားပဲ ကပ်နေကြတယ် …
    အခုနေ ပျံလာလို့ကတော့ ..
    အာဘွား ပေးပလိုက်မယ် ….
    :mrgreen:

    • ဇီဇီ ခင်ဇော်

      August 7, 2014 at 12:12 pm

      ဪဟော်။
      နာ့ မောင်လေးက တော့ မကပ်ရရှာဘူးကိုးးးးး
      :mrgreen:

      • မဟာရာဇာ အံစာတုံး

        August 7, 2014 at 12:21 pm

        ကျော်လည်း …
        ကပ်တော့ ကပ်တာပေါ့လို့ … ဟီးဟီး :mrgreen:

        သို့ပေမယ့် …
        ရွာကိုလည်း ဘယ်မေ့လို့ ရမလဲလို့ …
        (လစ်မစ် ပြည့်ဂါနီးလို့) :mrgreen:

        • ဇီဇီ ခင်ဇော်

          August 7, 2014 at 12:27 pm

          ဆက်ကပ်ပါအေ။
          :mrgreen:
          .
          .
          .

          .
          .
          .
          .

          .

          (နာ့ က နိ ကို မှီခါနီးနေပြီလေ)
          ခိခိ။
          :mrgreenn:

  • black chaw

    August 7, 2014 at 11:46 am

    ညီအစ်ကိုတော် ကိုဆာ နဲ့ တူမတော် ခိုင်ဇာ
    ဇီဇီ ဆာဆာ ပိုစ်လေးတွေအတွက် ဂုဏ်ယူပါတယ် ဗျာ။
    ကျွန်တော် ရေးခဲ့ဖူးတဲ့ ပို့စ်တစ်ပုဒ်ထဲက အချက်အလက်တွေကို ကိုးကားပြီး
    ခင်ဗျားတို့ကို ချီးမွမ်းခန်းဖွင့်လိုက်ပါရစေဦး။

    1. Give your utmost. The more you put in, the more you’ll get out.
    ၁။ အတတ်နိုင်ဆုံး သင်မျှပေးပါ။ သင်များများပေးလေလေ သင်များများ ရလေလေ ဖြစ်သည်။

    ဟုတ်ပါတယ်။ ဒါ ခင်ဗျားတို့ ရဲ့ ပေးဆပ်မှုတစ်ခုပါ။
    များများပေးဆပ်လေ များများ ရရှိလေ ဖြစ်တယ်ဆိုတာ ခင်ဗျားတို့ တွေ့လာရမှာပါဗျ။
    🙂

    2. Be a master of your subject. Make no mistakes. Always have the urge to improve yourself. Never be content with standing still.
    ၂။ သင့်အလုပ်ကို သင် ပိုင်နိုင်ပါစေ။ အမှား မလုပ်ပါနှင့်။ ကိုယ့်ကိုယ်ကို မြှင့်တင်တိုးတက်နိုင်ရန် အမြဲ
    ဆန္ဒရှိပါ။ မိမိ နေရာ၌ ရပ်တန့်နေခြင်းမျိုးနှင့် ကျေနပ်မနေပါနှင့်။

    မိမိ နေရာ၌ ရပ်တန့်နေခြင်းမျိုး နှင့် ကျေနပ်မနေဘူးဆိုတာ ဒီပို့စ်လေးက သက်သေပေါ့။
    🙂

    3. Show initiative. People who get ahead are the ones who do things
    which nobody asks them to do.
    ၃။ ရှေ ့ဆောင်နိုင်မှု စွမ်းရည်ပြသပါ။ တစ်ခြားသူများရှေ ့တွင်ရောက်နေသူများသည် ခိုင်းစရာမလိုပဲ လုပ်တတ်ကြသူများ ဖြစ်သည်။

    ဘယ်သူမှ မခိုင်းပဲ လုပ်တတ်သူတွေဆိုတာ ကိုလည်း ဒီပို့စ်လေး က သက်သေ ဖြစ်ပါကြောင်း။
    🙂

    7. Have fun! Great work comes best from happy people.
    ၇။ ပျော်ပျော်နေတတ်ပါ။ ပျော်ပျော်နေတတ်သော လူများထံမှ ကြီးမြတ်သော အလုပ် ထွက်ပေါ်လာတတ်ပါသည်။

    ခင်ဗျားတို့ ပျော်ပျော် နေတတ်တာ တစ်ရွာလုံးက သိကြပါတယ်ဗျာ။
    ပျော်ပျော်နေတတ်သူတွေ ဖြစ်လို့လည်း ခင်ဗျားတို့ ဆီကနေ
    အခုလို ကြီးမြတ်သော ပို့စ်တစ်ပုဒ် ထွက်ပေါ်လာတာပဲပေါ့။
    🙂

    ဘလက်ချောကြီးရေးခဲ့ဖူးတဲ့ ပို့စ်လေးက…
    What We Expect Of You သင့်ကို ကျွန်ုပ်တို့ မျှော်လင့်ထားသည်မှာ
    http://myanmargazette.net/95791
    ဖြစ်ပါတယ်။
    ဖတ်ကြည့်ကြပါ။ သိတ်ကောင်းတဲ့ ပို့စ်ပါ…အဟွတ်…အဟွတ်…။

    ကိုယ့်ပို့စ်လေးလည်း ကြော်ငြာ ပြန်ထိုးရင်း
    ကိုဆာမိ နဲ့ ခိုင်ဇာတို့ကိုလည်း ချီးမွမ်းခန်းဖွင့်ရင်း
    သူကြီးဆီကလည်း ၁၃ ကျပ်လည်း ယူရင်း
    အတင်းကြီး ဝင်မန့်သွားပါကြောင်း…။
    :mrgreen:

    • ဇီဇီ ခင်ဇော်

      August 7, 2014 at 12:10 pm

      ဒီ လူဂျီးရဲ့၊
      ဒီ စကားလေးတွေ
      ဒီ မြှောက်ပင့် ခိုင်းစားမှုတွေ
      ဒီ အပြောလေးတွေ နဲ့ပဲ
      ဒီလောက် အဆိုအဆဲ ခံရတာကို မမှုပဲ
      ဒီ လို တွေးရေးနေမိတဲ့၊
      ဒီ က ဇီဇီရယ်ပါ။
      အဟွတ်။
      အိမ်စာတွေလည်း ပေးမယ်သိလားးး၊ ရေးနေတုန်းမို့။

      :s:

    • surmi

      August 7, 2014 at 8:03 pm

      ထုတ်တန်းနဲ့ ခေါင်းနဲ့ဆောင့်မိနေရင်း
      ဆက်လက်ရေးသားနေပါကြောင်းးးး ကိုဘလက်ကြီးခင်ဗျားးး :mrgreen:

  • ဗုံဗုံ

    August 7, 2014 at 12:07 pm

    နာ့မမဂျီး….. အစားတွေသိပ်စားတာလဲမပြောနဲ့
    စာတွေလည်း သိပ်ရေးရတာကိုး…
    အာ့ဂျောင့် သိပ်ဝတာ…….
    မီး.. အူးလေး တနားပါဒယ်….. :mrgreen:

    • ဇီဇီ ခင်ဇော်

      August 7, 2014 at 12:08 pm

      သိပ်ချစ်တတ်တာလေးနဲ့ပဲ ဦးလေးကို ပျော်အောင်ထားပါ့မယ်။

      :s:

      • ဗုံဗုံ

        August 7, 2014 at 12:16 pm

        ပြန်လာပါတော့ဆိုနေ လွမ်းလှပြီ…. 😥

        • ဇီဇီ ခင်ဇော်

          August 7, 2014 at 12:18 pm

          ဒီဘွ ဒီ မျှ ……
          ပိန်သွားမှ ပြန်လာမယ်။
          😥

    • ဇီဇီ ခင်ဇော်

      August 7, 2014 at 12:15 pm

      မန်းလေး ရောက်ရင် သွားပြန်ခေါ်လေ။
      🙂

  • ရွှေအိမ်စည်

    August 7, 2014 at 12:47 pm

    ရွာကို ကျနော်ခဏခဏလာကြည့်ပါတယ်…
    .ဖေ ့ဘုတ်မှာ ရွာကလူဒွေတွေ ့ရင်ကျနော်ကတော့ တရေးတယူဆက်ဆံပါတယ်…။
    ဘာမှန်းကိုမသိဘူး…ဖေ ့ဘုတ်မှာ စည်းကမ်းသတ်မှတ်ချက်မရှိဘူး..ဘယ်ဆိုဒ်ရှင်မှကြောက်စရာမလိုဘူး..
    ကျနော်ဂရုတွေပေချ် တွေ ၃၆ ခုတည်ထောင်ထားလို ့….
    မာ့ခ်ဇက်ကာဘာ့ခ်ပြီးရင်ကျနော်ဘဲအများဆုံးပိုင်ဒယ် 😛
    ….အကောင့်.ဟက်မှာလည်းမကြောက်ရဘူးဗျ….အချိန်တိုင်း…ကျနော်ကို လုံခြုံစိတ်ချစေတယ်….

    ဇီဇီခင်ဇော်ကို ကျေးဇူးတင်ပါတယ်….

    နီနီခင်ဇော်ကတော့…စိန်သူထေးမဖြစ်သွားပြီ…စပွန်ဇာကောင်းတာကိုး…

    ဇီဇီကော…..???

    • ဇီဇီ ခင်ဇော်

      August 7, 2014 at 12:56 pm

      အမရဲ့ အားစိုက်နိုင်မှု၊ စေတနာ ပါမှုကို သိပါ့ဗျာ။
      :s:

      နီနီ က စပွန်စာခိုင်လောက်အောင် ကောင်းတာကိုးဗျ။ (အသံ ပြောပါတယ်။)
      :mrgreenn:

      ဇီဇီကတော့ အသုံးမကျလှပါဘူးးး အဟိ၊
      :mrgreen:

      • surmi

        August 7, 2014 at 8:06 pm

        ဂျီးတော်ရွှေအိမ်စည် ဦးဆောင်လှုပ်ရှားခဲ့တဲ့ ဖိုရမ်လေးလည်း
        အမှတ်ရမိနေပါသေးတယ်

    • kai

      August 8, 2014 at 4:16 am

      ရွှေအိ်မ်စည်ရေ..
      “ပြည်တော်ဝင်ခွင့်စောင့်နေသူ” ကိုသတင်းစာထဲပုံနှိပ်ဖေါ်ပြခဲ့တာမှာ.. အဲဒီတုံးကယူအက်စ်-မြန်မာသံအမတ်က(အခု သမ္မတအကြံပေး) စိတ်ဝင်စားသမို့.. ထပ်စုံစမ်းသေးတယ်..
      စုံစမ်းရသလောက်.. တကယ်ရှိခဲ့ဟန်မတူပါ…
      ကြည့်ရတာ.. ပုံပြင်တပုဒ်လို့ထင်ပါတယ်..။

      စကားအတင်းစပ်..
      တခါက… ဦးသန့်ရေးတဲ့ဆောင်းပါး.” မြန်မာတွေဘာသာရေးလိုက်စားလွန်းတယ်” ဆိုတဲ့.. ဆောင်းပါးလေး ပြန်ရှာပေးနိုင်မလား.. ဟင်င်…

      . ရွှေအိမ်စည်ကို.. ဖေ့စ်ဘုတ်ပိုင်ရှင်ဖြစ်စေတဲ့..ဆာတီဖီကိတ်.. အကြောင်းပြောပြဦးမယ်..။
      အဲဒါက.. ဖေ့စ်ဘုတ်ရှယ်ယာတခုကို.. ဝယ်ပြီး.. ဆာတီဖကိတ်ထုတ်ပေးတာ..။ စတော့ရှယ်ယာအစစ်ပေါ့…။
      တခု.. ဒေါ်လာ ၁၅ဝလောက်ပေါက်နေတယ်…။
      http://money.cnn.com/2012/05/22/technology/facebook-paper-stock-certificates/

  • kyeemite

    August 7, 2014 at 1:28 pm

    မနေ့ကပဲ ကျုပ်လည်း ပို့စ်တစ်ခုမှာ သဂျီးက ကိုသစ်မင်းရဲ့လင့်ပေးထားလို့
    ပြန်ဖတ်ကြည့်မိနေသေးတယ်..
    “သူတို့ညီအစ်ကို”ဆိုတဲ့ပို့စ်လေးတောင်သမိုင်းောကာင်းလေးမို့ ပီဒီအက်ဖ်လုပ်ပြီးသိမ်းလိုက်သေးတယ်

    မရိုစီအကြောင်းတော့မပြောပါနဲ့…ပြောင်းလိုက်တဲ့နာမည်…ကိုဆာပြောသလို မူးတောင်မူးတယ်

    ကွမ်းပို့စ်ပိုင်ရှင် ဝင်းတော့ကာ ကိုလည်း ဖွဘုတ်မှာတော့ တွေ့နေပါရဲ့..ရွာကိုလည်းပြန်လာစေချင်

    မနှင်းပြုံးကတော့ မကြာသေးခင်ကမှ ဖတ်ရွေးဆုရှင်အဖြစ် ရော အလှူရှင်အဖြစ်ရောရင်းနှီးခဲ့သေး…

    မှတ်မှတ်ရရ ကိုစိန်သော့ ဆိုတဲ့ ဓါတ်သေဆြာကိုလည်းသတိရနေပါတယ်…သူ့ရဲ့ တစ်နေ့တာဘဝဖြတ်သန်းမှု ပုံလေးတွေတောင်ကူးထားမိသေး….
    ……………………………………………………………………..
    ……………………………………………………………………..
    ပြောရရင်တော့မဆုံးနိုင်အောင်ပါပဲလေ…

    ကျန်သူတွေအားလုံးကိုလည်းတစ်ယောက်တစ်မျိုး မရိုးနိုင်တဲ့ အမှတ်ရစရာတွေနဲ့ သတိရပါ့
    ရွာထဲမှာဆုံကြအုံးမယ်လေ..ပျော်ပျော်ပါးပါးပေါ့ :s:

  • နှူးဘာ မိဂီ

    August 7, 2014 at 1:30 pm

    တူးပါဒယ် ခီညာ တူးပါဒယ် ခီည …
    လှည့်ပတ်ပီး ကို သူမနေရ ငါမနေရ တူးပါတယ်ခီည….
    ခီညားကို လည်း တူးအုံးမှပါ…
    ရေငုပ်နေသူယီး ရယ်….

    အားဟိ
    (မနေ့ကတောင် ဟို ဂျော်လကီမယီးနဲ့ ပြောဖြစ်သေးတယ် ခီညားအကြောင်း..)

    @U Sir တရက် ဟိုဘဲ ကို အုံးသွားစား ရအောင်ဗျ..

    • ဇီဇီ ခင်ဇော်

      August 7, 2014 at 1:35 pm

      ဘာ!!!!
      မတမ !!!!
      နာ့ အကြောင်းတွေ ကောင်းတာတွေပဲ တူးနော်။
      မကောင်းတာတွေ များလို့ စိတ်မချဝူးးးရယ်။
      ဟိဟိ :mrgreenn:

      ဘာတွေပြောကြတာတုန်းး။ ၂ ယောက်မူးပြီး လမ်းမှာတင် အသက်ပျောက်ပြီ မှတ်နေတာ။
      ပေါ်လာကြသေးတယ်နော်။
      :mrgreen:

      .

      .
      .
      ကြောင် ကြာကြာ ရေမငုတ်နိုင်ပါဘူးအေ။
      .
      .
      .

      .
      .
      .
      .
      .
      .
      .

      (ရေနစ်နေတာ)
      😥

    • surmi

      August 7, 2014 at 8:00 pm

      မောင်ဂီရေ
      သွားမယ့်နေ့ တစ်ရက်ကြိုလောက်ဖုန်းဆက်နော
      ကြိုစီစဉ်ချိန်ရအောင်လို့

    • ဇီဇီ ခင်ဇော်

      August 7, 2014 at 1:38 pm

      နီးစပ်ရာတွေ ကို ခေါ်ပါဦး မိုက်မိုက်ရေ။
      ကိုသစ် ပို့(စ) တွေချည်းသတ်သတ် ကျနော် ဘွတ်မှတ် လုပ်ထားလိုက်တယ်။
      ကျေးကျေးပါ။

      :s:

  • ဦးကျောက်ခဲ

    August 7, 2014 at 1:57 pm

    ဇီဇီ နဲ့ ဆာဆာ ပါတ်တူးလိုက်တာ အခုတော့ လွမ်းစရာတွေဖြစ်ကုန်ပြီ…
    သဂျီးမင်း ဦးဒွန်ကင်း (Don King) အဆိုအရ ရွာသူရွာသား သောင်းကျော်ရှိသတဲ့…
    လှည့်ပတ်သာတူး… တူးရင်း မတော်တာတွေထွက်လာရင် မြေဖို့လိုက်… အဟိ အဟိ
    :mrgreen:

    • ဇီဇီ ခင်ဇော်

      August 7, 2014 at 2:02 pm

      ကူပြီး မတူးချင်ဘူးလားဟင်။
      တူးတဲ့နေရာမှာ ကျောက်(စ) က အိတ်စပွတ် မို့ အကူအညီတောင်းချင်လို့။
      တူးနေပါရစေ။
      နို့မို့ ဒွန်ကင်းကြီး ပွဲသွင်းတဲ့ထဲ လက်ဝှေ့ဝင်ထိုးနေရမှာ စိုးလို့။
      အဟွတ်။
      :kwi:

  • အခုမ ှ အပိုင်းသုံးကို အရင်ဆုံးဖတ်ကြည် ့ မိတယ်

    မိုက်စ်

    စာအရေးကောင်း သူ တွေ ရွာကိုစွန့်ခွာတာမဟုတ်ပေမယ့်

    စာမရေးဘဲ နား နေ ကြ တာကိုတော့ စိတ်မကောင်းပါ

    • ဇီဇီ ခင်ဇော်

      August 7, 2014 at 3:50 pm

      လေးပေါက်က အပိုင်း (၁) မှာ ပါဗျာ

      🙂

      • kyeemite

        August 8, 2014 at 2:41 pm

        တစ်ခုလောက် ဇာဇာနဲ့ဆာဆာကို အကြံပုချင်ပါတယ်
        -တချို့က (၃) ကျမှဝင်ဖတ်ဖြစ်တော့ (၁) နဲ့ (၂) ကို ဒီပို့စ်ထဲ အောက်ဆုံးမှာ လင့်ပေးထားစေချင်ပါဂျောင်းးးးး :s:

        • ဇီဇီ ခင်ဇော်

          August 8, 2014 at 3:02 pm

          ဟုတ်။
          အဲလို လုပ်လိုက်မယ် မိုက်မိုက်။
          အကြံပုတာကို ကျေးဇူး တင်ပါတယ်။

          :s:

      • surmi

        August 8, 2014 at 3:16 pm

        များမကြာမီ
        အပိုင်း ၄ လာပါတော့မည်

        :mrgreen:

        • ဇီဇီ ခင်ဇော်

          August 8, 2014 at 3:46 pm

          နေပါဦးးးး
          အရီး ကို စောင့် ပါရစေဦးးး

          :mrgreenn:

  • ကျနော်အခုရက် ရွာထဲ ဝင် စာမ ဖတ်ဖြစ်ပါ။

    ဖြတ်သန်းခြင်းနဲ့ နပန်းလုံးနေပါတယ်။

    နောက် Mart တွေအကြောင်းရေးနေတာ 2 ပုဒ် က အခု ဘဲ ပြီး သွား ပါပြီ.

    ဒီနေ့ တော့ စာ ရေး ပြီး သွားလို့ ပိုစ်တွေ လိုက်ဖတ် ရ တာပါ

    နောက်ဓါတ်ပုံ အတွက်လဲ လုံး ပန်း နေ ရ ပါ တယ်

    ပြိုင်ပွဲတွေဝင်ပါ လို့ ကျနော်ကို ဓါတ်ပုံ ပညာသင်ပေးတဲ့ ဆရာကျော်ဝင်းလှိုင် ( ယဉ်ကျေးမူ့တက္ကသိုလ်)
    က ပြော လိုက်လို့ပါဘဲ။

    သူပြောတဲ့ အမှတ်တရ စကားလေးကို ပြန်လည်ဝေငှချင်ပါတယ်။

    “အကိုရေ တံခါးဆိုတာကိုယ် တိုင် မကြာ မကြာ ခေါက်မှ ပွင့် တာ ပါ “

  • ဇီဇီ ခင်ဇော်

    August 7, 2014 at 4:12 pm

    အခွင့်အလန်းး တံခါးးပေါက်တွေ မကြာခဏ ပွင့်ပါစေ လေးးပေါက်ရေ။
    🙂

  • ဟုတ်ကဲ့
    လော လော ဆယ် တော့ ဘယ် တံခါး ကို ခေါက်ရင်ကောင်းမ လဲ လို့
    တံခါးပေါက်တွေ ရွေးနေပါ တယ်

    အသက်ကြီးမှ လက်ပေး သင် တုန်း ကြိုးစားနေတုန်းပါဗျာ

  • Yae Myae Tha Ninn

    August 7, 2014 at 4:25 pm

    ကျွန်တော်လဲ ပို့စ်တင်မယ်ဆိုပြီး.. ပုံပြောသလိုဖြစ်နေတယ်.. သတိရပါတယ်.. ဒါပေမဲ့ မိုးရွာတုန်း ရေခံဆိုတော့..အခု မြေဈေးတွေကောင်းတုန်း မြေဘက်လှည့်နေရလို့ပါ… ဒီပို့စ်ကနေ အားလုံးကို လွမ်းလိုက်ပါတယ်.. 🙂 🙂 🙂

    • ဇီဇီ ခင်ဇော်

      August 8, 2014 at 7:43 am

      ရေးပါရေးပါ။
      လာလွမ်းသွားတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်။
      🙂

  • thit min

    August 7, 2014 at 6:16 pm

    လက်ရှိရေးနေသူ မဟုတ်တော့တဲ့ (ကျွန်တော်အပါအဝင်) စာရေးခဲ့သူု
    တော်တော်များများကို တူးဆွဖော်ထုတပေးတာကိုတွေ့ရလို့ဒီပို့စ်ရဲ့
    အင်အားစိုက် ထုတ်မှုကိုလေးစားရပါတယ်…။

    ဒီပို့စ်လေးဟာ..
    ဒီနေရာမှာ စာရေးဖူးကြသူ များ ကိုယ့်ပုံရိပ် ကိုယ်ပြန်မြင်ရစေတဲ့..
    မှန်ကလေးတချပ်ခြင်းစီ စီရီပေးလိုက်တာမို့ ဘယ်ဘက်ကကြည့်ကြည့်
    လှလို့နေပြန်ပါတယ်..။

    ကောင်းတဲ့စိတ်ကူးပါ..။အများကိုစိတ်ချမ်းသာစေပါတယ်..။

    “ကောင်းကျိုးချမ်းသာကို ပြုသော ဇီဇီ နှင့် ကိုဆာ ” ကို ကျေးဇူးတင်ပါသည် ခင် ဗျား…။

    • ဇီဇီ ခင်ဇော်

      August 7, 2014 at 6:23 pm

      စာတွေ ပြန်ရေးးးစေ ချင်လို့
      စာတွေ လာရေးးစေချင် လို့ ဒီလောက် ကြိုးးးစားးနေတာပါ အကိုရေ။
      အသိအမှတ်ပြုရင် ကျနော်တို့ လိုအပ်နေ တဲ့ ကွက်လပ်လေးး လာဖြည့် ပေးးပါနော်။
      :s:

    • surmi

      August 7, 2014 at 8:43 pm

      ဆရာသစ်ရေ
      ရောက်လာလက်စနဲ့ တစ်ပွဲလောက်နွဲခဲ့ပါဦးနော 🙂

  • amatmin

    August 7, 2014 at 7:28 pm

    ကိုယ်တိုင်လည်း ဖတ် မန့် ရင်း
    ဒီလူတွေကို သိကျွမ်းခဲ့ဖူးပါရက်
    ဇီဇီ ဆာဆာ တူးလက်ကို လိုက်ဖတ်ရင်းမှ
    ပြန်မှတ်မိလာ လွမ်းထှာ ဗျာ ။
    ခင်ညားတို့ နနှစ်ယောက် အပြန်အလှန်တူးခဏ်း ကိုလည်း
    လုပ်ကြပါအုန်း နော့ ။ 😛

    • surmi

      August 7, 2014 at 8:09 pm

      ဟဲဟဲ ဒါတော့ဘယ်တူးလို့ဖြစ်မလဲကိုမတ်ရဲ့
      အပြန်အလှန် သဘောတူညီစွာနဲ့မဖေါ်ကြေး လုပ်ထားတာ :mrgreen:

    • ဇီဇီ ခင်ဇော်

      August 8, 2014 at 7:45 am

      တနားထာ။
      သမီးယောက်ခမွ သစ္စာရှိတယ်။
      လုံးဝ မတူးနိုင်ဘူးးး
      ခိခိ
      ကိုယ့် အကြောင်းကို ချန်ပြီး ကျန်တဲ့သူအကြောင်းတွေပဲ လိုက်တူးးးးးးးးးးးမှာ!!!

      :mrgreen:

  • Mr. MarGa

    August 8, 2014 at 8:00 pm

    ဒီ နှုန်းနဲ့ ဆိုရင်တော့ ကိုဘလှိုင်လောက်နီးနီး ရှည်မလားပဲ (အခြေအနေမဲ့ သန်းကြွယ်သူဋ္ဌေးကိုပြောတာပါ) :mrgreenn:
    ရွာသက်က (စာရင်းအရဆို) အတော်ရှည်တာမို့ ဒီလူတွေထဲတော့ မသိသူ မရှိသေးးး
    ဟဲဟဲ.. သေချာတယ် သူတို့တွေကတော့ ကျုပ်ကိုသိမှာမဟုတ်

    P.S ကိုယ့်အကြောင်းတွေ ချန်ခဲ့မယ်ဆိုရင်တော့ ဒီနှစ်ယောက်အပေါ် တစ်ရွာလုံးက အမြင်တွေကို စုပြီးတော့ကို တင် ဦး မှာ
    :mrgreen:

    • ဇီဇီ ခင်ဇော်

      August 8, 2014 at 8:04 pm

      မူးးးးပြီ လားးးး
      မေ့ ပြီ လားးးး
      အပိုင်းး တစ် ကို ပြန် ဖတ် for Mister Marga..!
      :k:

      • Mr. MarGa

        August 8, 2014 at 8:07 pm

        တိန်
        မူးစရာ မေ့စရာလား
        ကိုယ့် အကြောင်း ဆိုဒါ ပို့စ် တင်တဲ့ နှစ်ယောက်ကို ပြောဒါလေ
        မူးးးးပြီ လားးးး
        မေ့ ပြီ လားးးး
        အပေါ်ကွန်မန့်ကို ပြန်ဖတ်

        :k:

        • ဇီဇီ ခင်ဇော်

          August 8, 2014 at 8:10 pm

          တနားထာ။
          သမီးယောက်ခမွ သစ္စာရှိတယ်။
          လုံးဝ မတူးနိုင်ဘူးးး
          ခိခိ
          ကိုယ့် အကြောင်းကို ချန်ပြီး ကျန်တဲ့သူအကြောင်းတွေပဲ လိုက်တူးးးးးးးးးးးမှာ!!!
          :mrgreen:

        • Mr. MarGa

          August 8, 2014 at 8:11 pm

          ချဉ်ဘ… ဗျာ

  • ရွှေ ကြည်

    August 9, 2014 at 5:10 pm

    သိကြားမင်း ကြိမ်စင်္ကြာရိုက်ခေါ်တာ ဘာများလဲလို့ ဒါကြောင့်ကိုးးးးးးးးးးးးးးး
    အပိုင်းတွေမှာ ရေးထားတဲ့ရွာသူရွာသားတွေ အကုန်နီးပါးသိနေတယ်
    ဒါပေမယ့် သူတို့ထဲက တချို့ကို အရေးအသားဘယ်လိုလဲမသိဘူးရယ်
    ဘာလို့လဲဆိုတော့ ကွန်မန့်တွေမှာပဲ တွေ့ဖူး မြင်ဖူးတာမို့ပါ
    အစ်မကေဇီနဲ့ အူးဆာမိ ကြိုးစားမှုကိုလေးစားပါရဲ့ဗျာ
    ရွာဝင်နိုင်အောင်ကြိုးစားပါဦးမယ်ရှင်
    အကုန်လုံးဖတ်ကြည့်ပြီးလွမ်းသွားတယ်
    အစ်မကေဇီကိုလည်း လွမ်းဒယ် ဒါဗြဲ

    • ဇီဇီ ခင်ဇော်

      August 10, 2014 at 3:11 pm

      ချွေကြည်လေးကိုလဲ လွမ်းလို့ ပြန်ခေါ်နေရတာကို။
      ရွာကို မကြာခဏ လာပါအူးးးး
      အင်တာနက် ကောင်းတဲ့ နေရာ ရောက်မှ မလည်နိုင်ဘူး ဖြစ်နေတာ၊..
      :a:

  • မြစာကလေး

    August 10, 2014 at 5:51 am

    အရင်ဆုံး ပြောလိုတာကတော့ မနန်း ရဲ့ သရုပ်ဖော်ပုံလေး တွေ ကို အတော်လေးနှစ်ခြိုက် ပါကြောင်းပါ။
    ဇီဇီခင်ဇော် ကတော့ တူမှတူ။
    ဒီပုံကြည့်ပြီး နောက်ပိုင်း ဂဇက်ရေဒီယို ဆိုပြီး အွန်လိုင်း လေလှိုင်းကနေ စကားတွေ ပြောလာနိုင်မှာ လို့ စိတ်ကူးယဉ်နေမိသေး။

    ကဲ ကြွေးကျန် ဘိဇနက် ကို ဆပ်ရရင်တော့ …

    (၃၂) ကိုသစ် – ရွာက လွမ်းလို့ ကျန်နေခဲ့ကြသူတွေ ကို အားမနာ ဘူးလား လို့ နွမ်ဂျာသိုင်း စကား ခိုး ပြောပါမယ်။
    တစ်ချိန်က အရှေ့ကျွန်း နဲ့ အနောက်ကျွန်း စကားတွေ ဖလှယ်ရင်း အမိတက္ကသိုလ် တစ်ရင်ခွင် ထဲ က တစ်အူတုန်ဆင်း မောင်ရင်း တစ်ယောက် ဖြစ် နေတော့ ပိုပြီး ခင်မင်သွားတာ လူ့သဘာဝပါဘဲ မဟုတ်လား။
    ဘယ်နှစ်ကလဲ မမေးရဲခဲ့ဘူး။ သောင်ကျန်းသူမှန်း သိသွားမစိုးလို့ပါ။
    တူနှစ်ကိုယ်တိုင်းပြည် အသစ်ချပ်ချွတ် ရဲ့ ဘုရင် (ထင်ရတာဘဲ ) အဖြစ် နန်းသိမ်းပွဲခံ သတင်းလေး နဲ့ အတူ ပြန်ပေါ်မလာတော့ တဲ့ သူ ကတော့ ရွာထဲ မှာ သူ ဘယ်လောက် အရိပ်ပေးခဲ့တယ် ဆိုတာ ဘယ်သတိထား မိပါ့မလဲ။
    (တောက်စ် – စီအာ “ဂဂ”) မြစာကလေး စကားလုံး တွေ မြင့်တယ်နော။
    လိုရင်းကတော့ အများကြီး မဟုတ်ပါဘူး။ နဲနဲ လေး ရေလောင်းပေးရုံလေး ပြန်လာပါ ကိုသစ် ရှင့်။

    (၃၃) နံပါတ်မှာ “သုံးသုံး” ကတော့ တစ်ခါတစ်ခါ “ပုန်းပုန်း” နေတတ်တဲ့ မှင်စာ။ မောင်ဂီ တဲ့။
    သစ်မင်း နဲ့ အင်ဇာဂီ အတွဲညီ ခဲ့တာ သတိရပါတယ်။ Inz@gi ဆိုတဲ့ နာမည် ကို မှားဘာသာပြန်မိလို့ ကိုသစ် ပြင်ပေးခဲ့တာလဲ အမှတ်ရပါတယ်။
    အဓိက အမှတ်အရဆုံးကတော့ “စတိဗ်” ကို လွမ်းတဲ့ လွမ်းချင်း တစ်ခုမှာ မှားခဲ့တဲ့ အလွဲ ကို ချက်ခြင်း ဝင်ပြီး ထောက်ပြပြင်ပေးခဲ့တဲ့ အစွမ်းကိုပေါ့။ အလေးပြုပါတယ်။ တကယ်ပါ။
    အစ ကတော့ ငါ နဲ့ လွမ်းဖော် ရပဟေ့ လို့ ဝမ်းသာနေတာ နောက်ပိုင်းမှ ဒင်း က ကိုယ့်လူကြီး စတိဗ်ကို မကြိုက်မှန်း သိလာခဲ့တာ။
    ဒါပေမဲ့ အနောက်ကျွန်း နဲ့ အရှေ့ကျွန်း မှန်းမထားဘဲ ရွှေပြည်ကြီး က ကန်တီး တစ်ခုမှာ ထိုင်ရင်း ပျော်ရွှင်စွာ စကားလက်စုံ လဲ ကျခဲ့ဘူးပါ့ နော။
    ဒါလဲ အမှတ်တရ တစ်ခုပေါ့။ ဒီအတွက် ကဘချော ကို ကျေးဇူးတင်ပါတယ်။

    (၃၄) Windtalker လို့ အရင်သိပြီး နောက်ပိုင်း “မောင်ပေ” အဖြစ် နဲ့ ရင်းနှီးခဲ့သူပေါ့။
    ဒီ ဘောလုံးဝါသနာ အိုး လေး က ကိုရီးယားမင်းသား လို ပုံစံ ရှင့်။
    နောက်ပိုင်း ပျောက်သွားတာ ရွာထဲ အတော်လေးဟာကွက် ဖြစ်သွားခဲ့တာ မသိဘူးလား ကွယ်။ အားချိန်လေး ပြန်ဝင်ခဲ့ပါဦးလား။

    (၃၅) ဝေဝေ – ရွာထဲ ရွာသူ မဖြစ်ခင် ကထဲ က သူ့ ခရီးသွား စာလေး တွေ။ အချက်အပြုတ် အကြောင်းတွေ ကို တခုတ်တရ ဖတ်လာတာပါ။ စာလေး တွေ ဖတ်ရင်း စိတ်ထဲ က အတော်လေး ခင်မင် နေမိသူပေါ့။ ဒါကြောင့် လဲ အိမ်အပြန် သူ့ ကို အမိဖမ်း တွေ့ခဲ့တယ်။
    အဲဒီ ည က ကမ္ဘာမြေကြီးပေါ်မှာ သွေးရင်း ညီအစ်မ သုံး ယောက် ကို အမှတ်တရ ကောက် ရလိုက် တဲ့ ညပေါ့။
    အခွင့်သာ ရ ရင် တစ်ညလုံးများ စကားထိုင်ပြောနေမိမလားဘဲ။
    တစ်ခါမှ မမြင်ဘူး ဘဲ တကဲ့ သွေးရင်း တွေ လို ရေပက်မဝင် စကားတွေ နဲ့ ချစ်ခင်သွားတာ တော်ရုံ မြင်းကောင်ရေအားနဲ့ ရေစက် မဟုတ်ဘူး။ ပြန်တွေးတိုင်း လွမ်းနေပါတယ်။

    (၃၆) မပြုံး – ဒါလဲ နောက် ညီမ တစ်ယောက်ဘဲ။ ဒါကတော့ စကားရည်လုဖော် ညီမပေါ့။ ဘာသာပြန် စာရေးသူ ဆိုတာ နည်းနည်းနောနော ဂုဏ်မဟုတ်ဘူး။
    ဒါနဲ့တောင် မာန်မဝင့်ဘဲ သူ့ဟာသူ နှိမ့်ချပြောတတ်တဲ့ စိတ်လေး က တစ်အားချစ်ဖို့ ကောင်းတာဘဲ။
    ပြောတဲ့စကား တွေ ထဲ ပွင့်လင်းရိုးသား တဲ့ အတွေးတွေချပြတာ သဘောမမျှရင်တောင် ကိုယ့်ဟာကိုလဲ ပြန် review လုပ်ခဲ့မိတာ အမြတ်ပါ။
    မကုန်နိုင်တဲ့ အကြောင်း တွေ ကို မတူတဲ့ ဘက်တွေ က ငြင်းတမ်း ဆက်ပြီး ကစားနေပါရစေ။ နော်။

    (၃၇) “ရှုံးလူ” – ရွာ ဝင်စ က ရွာထဲ ညတိုင်း လိုလို ဆုံနေ တာ .. ဒီ ကိုယ်တော်ကတော့ အမှတ်ထင်ထင် ရှိမယ် မထင်။ ကိုယ်ကသာ လူသူမရှိ တိတ်နေတဲ့ ရွာလမ်းမှာ အရိပ်တွေ့တော့ ဝမ်းသာအားရ ပေါ့။
    သူ့ဘဝ အလုပ်ထဲက အကြောင်း တွေ ကို စွဲလမ်းဖို့ ကောင်းအောင် သရုပ်ဖော် ရေးတတ်တဲ့ စာရေးကောင်းသူ တစ်ယောက်ပါ။
    အရင်လိုဘဲ ပြန်လာပြီး စိတ်ထဲရှိရာ ချရေး နေစေချင်ပါရဲ့။
    ဟေ့ – ကြားလား။ သူငယ်။

    (၃၈) ဘဲဥ – သူ့နာမည်ကြားတိုင်း ပြုတ်စားချင်တာ အရမ်းဘဲ။ ဒီမှာ ဘဲဥ မစားရတာ ကြာပြီကိုး။ ရွာထဲ စိတ်ပျော်ဖို့ ကောင်းအောင် ပြောတတ်တဲ့ ကလေး တွေ လို့ မှတ်မှတ်ထင်ထင် ရှိခဲ့ပါတယ်။ နောက်တော့ ပျောက်ချင်းမလှပျောက်သွားတာ ဘဝ တိုက်ပွဲ ထဲ ရွာထက် အရေးပါတာတွေ ကို အာရုံ စိုက် သွားလို့ ထင်ရဲ့။
    သတိတရ ပြန်ခေါ်ပါတယ် နော်။ ဘဲဥ ရေ။ ဘဲမ လေးပါခေါ်ပြီး ပြန်လာနော်။

    (၃၉) မနှင်းပြုံး – ကိုယ်ရွာနဲ့ ဝေးချိန်မှာ ဝင်လာပြီး အစွမ်းပြခဲ့သူ ပေါ့။ ပြန်ရောက်လာစ က သတိမထားမိဘဲ မောင်အံ ရဲ့ ကျေးဇူး ကြောင့် မို့ သူ့ ဆုရ စာ လေး ဖတ်ဖူးသွားတာ။
    သူ့စာ တွေ ဖတ်ပြီး ဆိုက်ကား နင်းချင်သွားစိတ် ပေါက်တယ်၊
    တံခါး မ ညှပ်ဘဲ ကိုယ့်လက် လဲ နာသွားခဲ့တယ်။ ပျောက်မသွားပါနဲ့ ညီမ ရေ။ အနှစ်ပါတဲ့ စာလေး တွေ ကြော်ပေးပါဦး။ အမြည်း လိုနေလို့။

    (၄၀) “ရှီး” – အရမ်းချစ်ဖို့ကောင်း တဲ့ ပိုးကရင်မလေး က မျက်နှာမြင် ချစ်ခင်ပါစေ ဆိုတဲ့ ဆုတောင်းပြည့်ပါတယ်။ သူ့ကို ရွာထဲ ခေါ်လာတဲ့ ဆပ်စလူး ကို လဲ ကျေးဇူးတင်ပါတယ်။
    နယ်စပ် က ချစ်စရာ အပြစ်ကင်း တဲ့ ကလေးလေးတွေ အကြောင်း ဖွဲ့ပြပါ ရှီး ရယ်။ နားထောင်ချင်ပါတယ်။

    (၄၁) နွေဦး – ဝင်းဦးရဲ့ နှင်းပျောက်တဲ့နွေ ထဲက “နွေဦး ရောက်ပြီ နှင်းလဲ ပျောက်ပြီလေ” ကို ပြေးသတိရတယ်။
    ရွာထဲမတော့ နွေဦးရော၊ နှင်းရော ရှိနေတော့ နှစ်ရာသီ လုံး ကို မပျောက်ဘဲ ထားချင်ပါတယ်။
    ရွာက လူတွေကို ဗုဒ္ဓဂါယာခရီး ခေါ်သွားပေးခဲ့တဲ့ ကိုနွေဦး ကျေးဇူး ကို မမေ့ပါ။
    မအားကြမှန်းသိပေမဲ့ မကြာမကြာ “ဝေ့” သံလေး ပေးစမ်းပါလို့။

    (၄၂) ဒိုင်းမွန်းကီး တဲ့လေ။ ကိုစိန်သော့ ပေါ့။ အကျော်အမော် ဓာတ်ပုံဆရာ ကို ရွာက ပိုင်ခဲ့တာ။
    ဆက်ပြီး ပိုင်ချင် ဂုဏ်ဝင့်ချင်ပါသေးတယ်။ Princess နဲ့ တွေ့ပြီး ခရီးစဉ်တွေ များလို့ ရွာကို မေ့သွားလား ကိုစိန် ရဲ့။ ပြောပြစမ်းပါဦးတော့။

    (၄၃) ရွှေကြည် – ချစ်ရတဲ့ လုံမ တွေထဲ က တစ်ယောက်ပေါ့။ ရပ်ဆွေ ရပ်မျိုးတောင် တော်လိုက်သေး။ ဒါကြောင့် ပိုချစ်ရတာ။
    ဒါပေသည့် ဗြုန်းဆို ပျောက်သွားလိုက်တာ တစ်ခါ သူ့ စိုင်းစိုင်း သံ ကြား မှ ပြန်ပေါ် လာတော့ တယ်။ ခေါင်းခေါက်ချင်တယ် နော်။ ကောင်မလေး။
    ပြန်လာခဲ့ပါ။

    (၄၄) ရွှေမိုးတိမ် – သိပ်ပြီး မရင်းနှီး ပေမဲ့ “ထော်လာဂျီ” ကိုတော့ အရီး လဲ မှတ်မှတ်ထင်ထင် ရှိပါတယ်။
    ပို ရင်းနှီးသွား အောင် မကြာမကြာ လာပြီး စကားစမြီ ပြောလှည့်ပါ မိန်းကလေးရေ။

    (၄၅) ရွှေအိ – ရင်းရင်းနှီးနှီး ကို သိပါ့။ အမှတ်မမှားရင် အဖွဲ့လိုက်ကြီး ချောင်းသာသွားတော့ မြက်ဦးထုပ်လေးနဲ့။ ဝုတ်လားဟင်။
    ဒါဇင်ပလပ်စ် ရဲ့ အမာခံ မို့ ရွာ ရဲ့ အမာခံ လဲ ဆက်ဖြစ်နေဦးမှာလို့ ယုံကြည်ပါတယ်။
    အသံလေးတွေ နဲနဲပါးပါး ပြုပေးဖို့ တောင်းပန်ပါရစေ။ ပြိုင်တူတွန်းရင် ရွေ့ပါတယ်နော်။ ဒါရောမှန်လား။
    လာဖြေပါ။

    (၄၆) ကြည်ဆောင်း – သိပ်မရင်းနှီး ပေမဲ့ ခင်စရာပါ။ ဘာလို့လဲ ဆိုတော့ သူ့ Avatar ပုံ မျက်နှာ ရှုံ့ရှုံ့ နဲ့ ဗလပြနေတဲ့ ကလေး က ချစ်စရာမို့။ ဒါရောမှန်လား မသိ။

    (၄၇) ရွှေအိမ်စည် – သူ့ ကို အစက ကျား မှတ်လို့။ နောက်မှ မိန်းကလေး မှန်းသိတယ်။ စာအုပ်စင် တစ်ခု ရွာထဲ ဆောက်ပေးနေတဲ့ သူ မို့ ခင်မင်မိပါတယ်။
    အခု သိပ် မရင်းနှီးပေမဲ့ ပိုပြီး ရင်းနှီးခင်မင်ချင်ပါတယ်။

    (၄၈) ကိုရင်မောင် – သူကလဲ မောင်ရှုံး လိုဘဲ။ ရွာထဲ လူခြေတိတ်ချိန် ဝင်လာတတ်သူပေါ့။ မှတ်ချက်လေး တွေ ကို Post တိုင်း မှာ ကြိုးစားပေးတတ်သူတစ်ယောက်ပါ။
    စိန တိုင်း မှာ ဘဲ ပျော်နေဆဲပါဘဲ လား ကိုရင်မောင်၊ မမယ်မ ကိုလဲ နှုတ်ဆက်လိုက်ပါတယ်။
    ရွာထဲ အရင်လို အသံလေးများ ပေးပါဦးရှင့်။

    • ဇီဇီ ခင်ဇော်

      August 10, 2014 at 3:10 pm

      အရီး တနားပါတယ်။
      အိပ်ချင်မူးတူးနဲ့ ပင်ပန်းနေရောမယ်။
      နောက်ပို့(စ) မှ နံပတ်ထည့်ပေးမယ်နော်။
      ဟီးဟီးးး
      ခုထိကတော့ မှန်တယ်။

      :s:

    • မ " တတ် ပါ့ "

      August 22, 2014 at 4:29 pm

      စိမ်းစိမ်းကြီးဖြစ်သွားတော့ ဖတ်ရတာမျတ်လုံးတောင်စိမ်းချင်လာ(အဲ ပြာတာတာ)လို့ …

  • မြစာကလေး

    August 10, 2014 at 5:53 am

    စာမကျော် လူမကျော် နံပါတ်မကျော် ဘူး ထင်တာပါဘဲ။ သန်းခေါင်ကျော် ရုံမက ရှိပြီ။
    အရီး အပြေးလိုက်ခဲ့ပါတယ် ဇီ နဲ့ ဆာ ရေ။
    စောင့်နေတာ ကိုလဲ ကျေးဇူးအထူး တင် ချစ်ခင်စွာဖြင့် :-)))

  • ဝင့်ပြုံးမြင့်

    August 10, 2014 at 7:28 pm

    ဇီဇီ ဆာဆာ
    မျှစ်ကြော် လျှမ်းလျှမ်းမတောက်သေးဘူး။ စွတ်ပြီး တင်မနေနဲ့လေ။ နယ်ပယ်တစ်ခုကို ဝင်ရင် မိန်းမတစ်ယောက်ဝင်ရင် ဒီလောက် ဘယ်လွယ်ပါ့မလဲ။ ကိုယ့်ကို ဝိုင်းဖိထားတာ။ မသိမသာ နှိပ်ကွပ်ထားတာတွေ သိပ်ရှိတာပေါ့။ အဲဒီလိုလုပ်တဲ့လူတွေထဲ မိန်းမတွေ မပါဘူး။ ယောက်ျားတွေချည်းပဲ။ ဒါနဲ့တောင် မြန်မာပြည်မှာ မိန်းကလေးတွေကို တန်ဖိုးထားတယ် လုံမလို့ခေါ်ပြီး မိဘမောင်ဖားတွေရဲ့ ဂရုစိုက်မှုကို ခံယူရတယ် ဘာညာပေါ့။ အဲဒီ အဖြီးအရွှီးတွေကို ယုံတဲ့ မိန်းမတွေ မနည်းဘူး။ ဒို့မြန်မာမတွေမှာ စောင့်ထိန်းချင်ရတာနဲ့၊ လိမ္မာရေးခြား ရှိချင်ရတာနဲ့ အလုပ်မဟုတ်တာတွေ တော်တော်လုပ်တယ်။ တကယ်လုပ်ရမှာက ဘရာစီယာ အလံထူထားရမှာ။

    • ဇီဇီ ခင်ဇော်

      August 10, 2014 at 7:37 pm

      ဒီ အပြော လေးးတွေ ကြွေနေရတာပါဗျာ။
      :s:
      အမ ပြော တဲ့ နေရာ ပေးး မှု မျိုးးး မပြော နဲ့ မိန်းးမ တစ်ယောက် အကြောင်းး ဝိုင်းး အတင်းးပြောပြီးးး ဖဲ့ ချင်တဲ့ ယောင်ကျားးးတွေ
      ကျနော့် မျက်မြင်ပါ။
      :a:

    • မြစာကလေး

      August 10, 2014 at 9:27 pm

      ပြုံးညီမ
      ဘက်တစ်ဘက် က ဆို မှန်ပါမယ်။
      မငြင်းလိုပါဘူး။
      ကိုယ့် ကိုယ်တွေ့ကတော့ မြန်မာပြည်က အလုပ်မှာ အလုပ်တွဲလုပ် ရသူတွေ ၉၀% က မဟာပုရိသများပါ။
      အသက်အရ ရော ဝါအရရော ကြောင့် သူတို့ ရဲ့ ထိပ် မှာ ရှိခဲ့ပါတယ်။
      ညစ်ချင်သူ မရှိမဟုတ် ရှိပါတယ်၊
      အတော်လေးရှားခဲ့ပါတယ်။
      အလုပ်သဘာဝ ပုံစံ ကွဲ လို့တစ်ကြောင်းလဲ ဖြစ်နိုင်ပါတယ်။
      အားလုံး နီးပါးသော ယောကျားင်္ များ က အင်မတန် အလုပ် တွဲ လုပ်လို့ ကောင်းသူ ၊ လေးစားထိုက်သူ၊ အင်မတန် စိတ်ဓာတ်ရင့်ကျက်သူ၊ ထက်မြက်သူ တွေပါဘဲ။
      တစ်ပြည်လုံး နဲ့ ခြုံရင် လူ အနည်းစု လေး တော့ ဖြစ်ချင်ဖြစ်လိမ့်မယ်။
      ဒါပေမဲ့ ကိုယ် တွေ့ဘူးတဲ့ သူတို့ အတွက် တော့ ကိုယ့်ညီမ ပြောတာ အကျုံးမဝင်ကြောင်း လေး လျှောက်လဲ ခွင့်ပေးပါ။

      ဒါနဲ့ {” စောင့်ထိန်းချင်ရတာနဲ့၊ လိမ္မာရေးခြား ရှိချင်တာနဲ့” }
      ဒီ လိုတွေ က ဒီကာလကြီး ရဲ့ မြန်မာပြည် မှာ ရှိသေးရဲ့လား ကွယ်။
      အဲဒါတွေမရှိတော့ ဘဲ တစ်ခြား ကို လမ်းလွဲ ရောက်နေတာ က မိန်းမ တွေ ကို နှိမ်ဖို့ ပိုပြီး အခွင့် ရနေကြတာဘဲ လို့ ထင်ပါတယ်။

      • ကထူးဆန်း

        August 11, 2014 at 6:45 am

        ရွာ့အတွက် ဇီဇီ့ ကို မိတ်ဆက်ပေးခဲ့ တဲ့ ဆရာမကြီး ကို ကျေးဇူးတင်မိပါရဲ့ ..
        ရွာထဲက ဆာဆာ တို့ ညီအကို နှစ်ယောက် ရဲ့ လက်စွမ်းကိုလည်း မချီးကျူ း ဘဲ မနေနိုင်အောင်ပါဘဲ ..
        အဲ အဲ ရွာဟုတ်ဘူး မြို့ ….

        • ကထူးဆန်း

          August 11, 2014 at 6:47 am

          ဆောဒီး .. အရီး စာဖတ်ပြီး reply နိုပ်မိထားတာ သတိမထားမိလိုက်ဘူး
          :kwi:

        • ဇီဇီ ခင်ဇော်

          August 11, 2014 at 8:07 am

          နောက်တစ်ပိုင်းမှာ နာ့ အကို ထူးထူးဆန်းဆန်းကြီး ပါတယ်နော်။
          လာခဲ့ဦးးးး

          ဒါနဲ့ စကားမစပ် တီချယ်ကြီး နေမကောင်းဘူးး
          ဆေးရုံမှာ။
          ဒီ နေ့ ဆင်းမှာ လားမသိဘူးးး
          :a:

  • Shwe Ei

    August 16, 2014 at 8:46 pm

    ရွာထဲမှာ ပို့စ်တင်အုံးမယ်လို့ ကြိတ်ပီး အားခဲနေတာ လွန်ခဲ့တဲ့ ၁လလောက်ထဲက…

    အလုပ်ပြောင်း အိမ်ပြောင်းနဲ့ ၂ခုလုံးတိုက်ဆိုုင်ပြီး..စာဝင်မဖတ်နိုင်တော့တာတောင် လနဲ့ချီနေဘီ

    အခုတင်မဲ့ပို့စ်တွေ လက်ထဲကိုင်ထားပြီး..ထုံးစံအတိုင်း ဘာသာပြန်တဲ့ ခရီးကိုမရောက်သေးဝူး

    ဘာဘဲဖြစ်ဖြစ် သများရေးတဲ့ ရသ မဆန်သော စာများကို အမွှန်းတင်ထားပေးလို့..

    မွဆွိ ရော အန်ကယ်ဆာရော ကျေးဇူးပါခည 🙂

    • surmi

      August 17, 2014 at 12:00 am

      အောင်မလေးလပို့စ်တင်မယ်ဆိုလို့ ဝမ်းသာပါတယ်ဗျို့ ……
      တင်မယ့်ရက် ရွာထဲမရောက်ဖြစ်ရင်လည်းပြောပါနော ……

      ဒါနဲ့ မရွှေအိကိုဘယ်မေ့လို့ဖြစ်မလဲဗျာ
      ကျုပ်တို့ မျက်စိသူငယ်နားသူငယ်ဘဝမှာ
      ကွန်မန့်လေးတွေနဲ့ အားပေးခဲ့ကြတာပဲမဟုတ်လား ။
      အဲဒီတုန်းက စုံစုံ ဆိုတဲ့ရွာသူတစ်ယောက်လည်း လုံးဝကိုမတွေ့တော့တာသတိထားမိတယ် ။
      ပြောရင်းဆိုရင်း မိုးစက် တစ်ယောက်လည်း မတွေ့တာကြာပေါ့ ။

    • ဇီဇီ ခင်ဇော် (15102012)

      August 17, 2014 at 7:03 am

      အဲဒီ အသံလေးတွေ ကြားချင်တာ။
      ခိခိ..
      :chit:
      ရေးရကျိုးနပ်တာပေါ့။
      ကိုယ့်နာမည်သာ အခန့်သား ပါချင်တယ်…..
      စာလာမရေးချင်ဘူး ဆိုတာမျိုး ဆို ……
      .
      .
      .
      .
      .
      .
      .
      .

      .
      .

      ဪ လာဆွဲခေါ်ချင်တာလို့ ပြောတာ။
      ဟေးဟေးဟေးး

      :s:

  • surmi

    August 17, 2014 at 12:02 am

    အောင်မလေး ပို့စ်တင်မယ်ဆိုလို့ ဝမ်းသာပါတယ်ဗျို့ ……
    တင်မယ့်ရက် ရွာထဲမရောက်ဖြစ်ရင်လည်းပြောပါနော ……

    ဒါနဲ့ မရွှေအိကိုဘယ်မေ့လို့ဖြစ်မလဲဗျာ
    ကျုပ်တို့ မျက်စိသူငယ်နားသူငယ်ဘဝမှာ
    ကွန်မန့်လေးတွေနဲ့ အားပေးခဲ့ကြတာပဲမဟုတ်လား ။
    အဲဒီတုန်းက စုံစုံ ဆိုတဲ့ရွာသူတစ်ယောက်လည်း လုံးဝကိုမတွေ့တော့တာသတိထားမိတယ် ။
    ပြောရင်းဆိုရင်း မိုးစက် တစ်ယောက်လည်း မတွေ့တာကြာပေါ့ ။

  • မ " တတ် ပါ့ "

    August 22, 2014 at 12:29 pm

    နားသောတဆင်နေပါတယ်ရှန်။။။။

Leave a Reply