ပုဆိုး အနီ

ကျနော့်တွင် အနီရောင် ပုဆိုးတစ်ကွင်း ရှိသည်။
ထိုပုဆိုးမှာ ကရင်ပုဆိုး ဖြစ်ခြင်းကြောင့် ကန့်လန့်ဖြတ် လိုင်းများ၏ အလယ်တွင် အနီရောင် လိုင်းကြီး ပါရှိသည်။
ပုဆိုး၏ အနံမှာ တိုပါသည်။
ပုဆိုးဟု ဆိုလျင် ခပ်တိုတိုသာ ဝတ်တတ်သော ကျနော်နှင့် ကွက်တိပင် ဖြစ်နေပါတော့သည်။

ကျနော်သည် ထိုပုဆိုးကို အလွန် နှစ်သက်ပါသည်။
သို့ရာတွင် ထူထဲခြင်း မရှိဘဲ ပုဆိုးပါး တစ်ခုသာ ဖြစ်သောကြောင့် နေရောင် တောက်ပသော နေ့ခင်းအခါများတွင် လူကြားသူကြား ဝတ်မသွားရဲပါ။
ထို့ကြောင့် အိမ်နေရင်းသာ ဝတ်ဆင်ပါသည်။
တစ်ခါတစ်ရံ မိုးကလေး အုံ့တုံ့တုံ့ ရှိပြီး ကျနော်ကိုယ်တိုင်လည်း အတန်ငယ် စိတ်ရူးပေါက်နေသည့် အချိန်များတွင်မူ ဟိုနားဒီနား သွားလာသည့်အခါ ဝတ်ဆင် တတ်ပါသည်။
သို့ရာတွင် ပုဆိုးမှာ ပါးသောကြောင့် ကိုယ့်ကိုယ်ကို မလုံမလဲတော့ ဖြစ်မိသည့် အခါများတွင် ပုဆိုးကို မ,သွားသည့် အထာဖြင့် ရှေ့ပုဆိုးစ နှစ်ခုကို ဆုပ်ကိုင်ကာ လမ်းလျောက် တတ်ပါသေးသည်။

ကျနော် နှစ်သက်သည့် ပုဆိုး ဖြစ်သည့်အတွက် သေချာ လျော်ဖွပ်ထားတတ်ပါသည်။
ထိုပုဆိုးကို မည်သူမျှ မဝတ်ရ ဟူ၍ သတိပေးထားသည့်တိုင် ညီငယ် တစ်ယောက်မှ ဘုမသိ ဘမသိဖြင့် ယူဝတ်လေသောအခါ အကြီးအကျယ် ဒေါပွပြီး စုံစိနေအောင် ဆဲပစ်ခဲ့ရပါသေးသည်။
ရွာပြန်စဉ် အခါကလည်း ထိုပုဆိုးကို ဝတ်ဆင်၍ နွားစာကျွေးစဉ် နွားပြာကြီးမှ တရှူးရှူး၊ တရှဲရှဲဖြင့် ဒေါသထွက်သည့် ပုံစံ လုပ်ပြခြင်းကိုလည်း ခံခဲ့ရပါသေးသည်။
သို့ရာတွင် ကျနော့် လက်ထဲတွင် ဝရဇိန် နဂံ (နဂံ/ နကန်/ နကံ = နွားမောင်းသည့် တုတ်ချောင်းကို ပြောတာ၊ စာလုံးပေါင်း သေချာ မသိ။) ရှိနေခြင်းကြောင့် အတွန့်တက် မလာရဲပါပေ။

ပုဆိုး အနီနှင့် ညီအစ်ကိုဟု ဆိုနိုင်သော ပုဆိုးအစိမ်းတစ်ထည် ရှိပါသေးသည်။
ထိုပုဆိုး အစိမ်းမှာလည်း ကရင်ပုဆိုး ဖြစ်ပါသည်။
သို့ရာတွင် ထူသည်၊ အနံလည်း ရှည်ပါသည်။
ပုဆိုး အစိမ်းကို ယခင်က အလုပ်သွားသည့် အခါများတွင် ဝတ်ဆင်သွားတတ် သော်လည်း နောက်ပိုင်းတွင် ချစ်သူလေးက မကြိုက်ဟု ဆိုလာသဖြင့် အပြင်သွားသည့်အခါ မဝတ်ဆင်တတ်တော့ပါ။
နောက်တစ်ချက် အနေဖြင့် ပြောရရင် ပုဆိုးအစိမ်းမှာ မည်မျှ တင်းကြပ်အောင် ဝတ်ထားသည် ဖြစ်ပါစေ ခဏခဏ လျှောလျှောကျတတ် သောကြောင့် လိုင်းကား တွယ်စီးရသည့် အခါ အခန့်မသင့်ပါက ကျွတ်တတ်ပါသောကြောင့် မဝတ်တော့ပါ။
ယခင် အခါက ပုဆိုးအစိမ်း ဝတ်သည့် နေ့များတွင် ကားစီးရင်းဖြင့် ကျွတ်ကျကာနီး အနေအထားသို့ ရောက်ခဲ့သည်များ ရှိခဲ့ဖူးပါသည်။
လက်က အဖမ်းမြန်သော ကြောင့်သာ အရှက်နှင့် သိက္ခာကို ထိန်းသိမ်း နိုင်ခဲ့ခြင်း ဖြစ်ပါ၏။

ယခုအခါ ကျနော် နှစ်သက်သော ကရင်ပုဆိုး အနီလေးကို မီးပူတိုက်ပြီး ဘီဒိုထဲတွင် သိမ်းဆည်းပြီး ဖြစ်ပါသည်။
ကျနော့် ခါးတွင်မူ ထိုအနီရောင်လေး၏ ညီအစ်ကို အစိမ်းရောင်လေး ရှိနေပါသည်။
ပြီးပါပြီ …..။

{မှတ်ချက် ။     ။ ရေးစရာ မရှိလို့ ကြံဖန်ပြီး ရေးတင်လိုက်ခြင်း ဖြစ်ပါသည် … ကွီကွိ}

 

ချစ်ခြင်းများဖြင့် …

အံစာတုံး

36 comments

  • surmi

    August 7, 2014 at 7:12 am

    ပုဆိုးအနီကတော့ ချည်သားဖြစ်မယ်ထင်တယ်
    ပုဆိုူအစိမ်းကတော့ စီလွန်သားဖြစ်ပါလိမ့်မယ်
    ချည်သားစစ်စစ် ကရင်ပုဆိုးတွေဟာအလွန်ဝတ်လို့ကောင်းတာကိုယ်တွေ့ပဲ ။
    ကျုပ်ငယ်ငယ်တုန်းက ကုရင်ပုဆိုး ၆ ထည်ကို အမြဲတန်းမချွတ်ဘဲဝတ်လို့ နာမည်တောင်တွင်ခဲ့သေးတယ်
    “” စောအိမ်ခင်”” တဲ့ :mrgreen:

    • မဟာရာဇာ အံစာတုံး

      August 7, 2014 at 11:04 am

      စောအိမ်ခင် ခေါ် ဥဥဆာ ကလည်း
      ငယ်ငယ်တုန်းက ကရင်ပုဆိုး ခရေဇီ ပေါ့နော် …
      ကျော်နဲ့ အဖော်တော့ ရဘီ … :mrgreen:
      ကျနော် ကတော့ ချည်သား၊ စီလွန်သားမှန်း သိတတ်ဖူးရယ် ..
      ခု … ဥဆာ ပြောမှ သိတာ … ဟီးးး
      ဘာပြောပြော ပုဆိုးအနီ ဝတ်ကောင်းပုံ ထောက်ရင် ချည်သား ဖြစ်လို့ နေမှာ …

  • ခင် ခ

    August 7, 2014 at 7:58 am

    နောင်နှစ်အနည်းငယ်ကြာသောအခါ ထိုပုဆိုးအနီကို လေလံတင်ဈေးပြိုင်စနစ်နဲ့ ရောင်းမယ်ဆို တိုးတိုးတိတ်တိတ် မလုပ်နဲ့နော် ကျုပ်တို့ကိုလည်းပြောပေးအုံး

    • မဟာရာဇာ အံစာတုံး

      August 7, 2014 at 11:06 am

      အို .. ရောင်းပါဘူး …
      ပြတိုက်မှာ ထားသွားမှာ .. ဟီးဟီးးး
      :mrgreen:

  • ဇီဇီ ခင်ဇော်

    August 7, 2014 at 7:59 am

    ဟိဟိ။
    အဲဒီ ကရင် ပုဆိုး အနီတို့ မွန်ပုဆိုး ကန့်လန့်တို့ ကို ဝတ်တာ ကို မက်စိနောက်တတ်တယ်။

    မမဂျီးလာရင် မမဂျီးရှေ့ ဝတ်မလာနဲ့နော်။ တိယားးးး
    :k:

    ပုဆိုးထဲမှာ ရခိုင်လုံချည်တို့ ကချင်ပုဆိုး ဝတ်တာကို သိပ်ကြိုက်တယ်။
    ရှပ်လက်တို့ ဗျောင် သန့်သန့် လေး နဲ့ ကချင်ပုဆိုးလေးနဲ့ သားရေဖိနပ်လေးနဲ့ ဆို ပစ်ကြွေချင်တာ မနည်းရယ်။
    :s:

    • မဟာရာဇာ အံစာတုံး

      August 7, 2014 at 11:08 am

      ဂလိုဆိုရင်တော့ …
      မမဂျီး လာရင်
      အစွန်းနှစ်ဖက် ရှောင်ပီး လာတွေ့မှ ဖြစ်မယ် ထင်ဒယ် …
      :mrgreen:

    • pooch

      August 7, 2014 at 11:54 am

      ကချင်ပုဆိုးနဲ့ တချို့ကချင်လေးတွေ အလွန် ကျက်သရေရှိပြီး ချောတယ်ဆိုတာ အပြည့်အဝထောက်ခံပါကြောင်း။
      ပူတာအိုမှာ အခြေချရင် ကောင်းမလားပဲနော် :mrgreen:

      • မဟာရာဇာ အံစာတုံး

        August 7, 2014 at 12:04 pm

        ဂျီးဒေါ်တွေ …
        မကြံကောင်း မစည်ရာ …
        အဲ့ဒီမှာက အရမ်းအရမ်း အေးတာနော် … :mrgreen:

      • sorrow

        August 7, 2014 at 2:17 pm

        ဝတ်ပြအုံးမှပါလေ…အဟိဟိ ..
        ပုံ..ကချင်နုထွားကြီး

        • ဇီဇီ ခင်ဇော်

          August 7, 2014 at 2:26 pm

          အဟွတ်။
          ဘေးနားမှာ ဘယ်သူမှ မပါမှ ကြွေမှာ။
          ဘေးနားမှာ ပိုင်ရှင်ကြီးနဲ့ ဆို မကြွေဘူးးး
          :kwi:

    • TNA

      August 9, 2014 at 3:04 pm

      အောင်မယ်လေးချွိရယ် အိုက်အဆင်ဝတ်တာကိုကြားမိရင် ရင်ထဲအောင့်အောင့်လာနွန်းနို့ 😥
      တခါသားပေါ့ကွယ်။ ဘတ်စ်ကားစီးသွားတာ လူချောင်လို့။ ကိုယ့်ဘေးမယ် ချွိပြောသလို အဆင်လေးနဲ့ကောင်ကလေးပေါ့ ( ရှပ်လက်တို့ ဗျောင် သန့်သန့် လေး ( သူကတော့ လက်ရှည်လည်ကတုံး ) နဲ့ ကချင်ပုဆိုးလေးနဲ့ သားရေဖိနပ်လေး ) ထိုင်နေတာ။ ကိုယ်ကလဲအေးဆေးပေါ့။ နောက်ဆင်းခါနီးတော့ သူလိုက်ဆင်းလာတယ်ကို်ယ့်နောက်က။ လွယ်ထားတဲ့ပိုက်ဆံအိပ်လေးသွားတယ်လို့တော့ ထင်လိုက်မိတယ် အော် —- ဆင်းရင်းနဲ့တွန်းမိ တာပေါ့။ နောက်အောက်ရောက်မှသိတယ် ပါသွားပါပေါ့ ခုနစ်သောင်း 😥 အိုက်ဒါ ခါးပိုက်နှိုက်ကြီး။ အိုက်အဆင်နဲ့လူတွေဆိုမုန်းဒယ် :byee:

      • sorrow

        August 9, 2014 at 3:48 pm

        ငွင်….ကျော်အဲ့မျိုး ဝတ်နေကျခည….ကျော်များလားမသိ….
        မနေ့ကမွန်မွန်ပြောသွားသဗျ…အဲ့မျိုးအဆင်ဆိုရင်ကိုဆောရိုးကိုသတိရသတဲ့….သေတာပဲအေးပါတယ်ဂျာ….

        • TNA

          August 9, 2014 at 7:26 pm

          ဟယ်အိုက်ဒုန်းက ဇောရိုးလား အာ့ဆို ပိုက်ပိုက်ကျန်ပေး ငွားးးးးးးးးးးးးး

      • ဇီဇီ ခင်ဇော်

        August 11, 2014 at 4:06 pm

        ဟမ်မငေးးး
        ယောက်ခမွပြောမှ ဝေးဝေးကပဲ ကြိုက်တာ ကောင်းပါမည်။
        :byee:
        ဟိ၊
        ဥမပါ (အဲလေ) ဥပမာ
        စိုင်းစည်တွမ်ခမ်းလို ရုပ်မျိုး အရပ်မျိုး ကိုယ်လုံးမျိုးနဲ့
        ရှပ်လက်တို အနက်လေးနဲ့ ကချင်ပုဆိုးလေးးး
        ကားတင်ပြေးချင်စရာလေးးးး
        :s:

  • kyeemite

    August 7, 2014 at 10:29 am

    ကျုပ်ကတော့ ပုဆိုးထဲမှာ “အင်းမ” ပုဆိုးရယ် “ဂန့်ဂေါ” လုံချည်ရယ်အကြိုက်ဆုံးပဲဗျ :i:
    ကချင်ပုဆိုးလည်းကြိုက်ပါတယ်….ကရင်လုံချည်တော့ မဝတ်ဖူးသေး….နင့် ကရင်လုံချည်နာ့ကိုပေးပါလား
    ညဝတ်အိပ်မလို့ :k:

    • မဟာရာဇာ အံစာတုံး

      August 7, 2014 at 11:10 am

      အမလေး … လေး ..
      ကြံကြီးစည်ရာ ….
      ညဝတ်အိပ်ဖို့ တောင်းသတဲ့ …
      ဘာဒုန်း .. ပုဆိုးက ပါးတယ်၊ တိုတယ် ဆိုပီး ညဝတ်ဖို့ တောင်းတာ မဟုတ်လား … ဟွန်း …
      :mrgreen:

  • weiwei

    August 7, 2014 at 11:08 am

    ပုဆိုးအကြောင်းရေးထားတာဆိုတော့ ကိုယ်နဲ့က ဘာမှမဆိုင် …
    မွန်ပုဆိုးအမြဲဝတ်တတ်တဲ့ ကျောင်းတုန်းက သူငယ်ချင်းတစ်ယောက်ကို သတိရမိသွားတယ် ..

    • မဟာရာဇာ အံစာတုံး

      August 7, 2014 at 11:26 am

      အဲ့ဒီ ..
      သူငယ်ချင်း တစ်ယောက်က
      သူငယ်ချင်း ပေါ့နော် … ဟီးဟီးး
      :mrgreen:

  • ဗုံဗုံ

    August 7, 2014 at 12:05 pm

    ပုဆိုးပြီးရင်…… နင်ဘာရေးအူးမလဲ….
    တစ်သိန်းပြည့်ရင် ..နင့်ဂတိ..
    နာအမေ့ဘူးနော်… ဒဒိထားနေ… :mrgreen:

    • မဟာရာဇာ အံစာတုံး

      August 7, 2014 at 12:13 pm

      ဟေ …
      ဘာတုန်း …
      ငါက အတိတ်မေ့တတ်တယ် ….
      :mrgreen:

      • ဗုံဗုံ

        August 7, 2014 at 12:17 pm

        အော်.. နီ တစ်သိန်းရရင်..
        ငါက နောက်ထပ် ကိုးသိန်းထပ်ဖြည့်ပေးမလို့ပါ..
        မေ့နေတယ်ဆိုလည်း ရှိဘာစေဒေါ့…. :mrgreen:

  • အလင်းဆက်

    August 7, 2014 at 12:15 pm

    ကျနော်တော့…
    အခုနောက်ပိုင်း..ကချင်ပုဆိုးတွေပဲ..ဝတ်ဖြစ်နေတယ်.. ။
    ကချင်ပုဆိုးနဲ ့ လိုက်ဖက်တဲ့ အကျီ င်္ကလည်း..ကော်လာကတုံးအဖြူပဲ..မို ့..
    ကော်လာကတုံးအဖြူ လက်တိုလေးတွေနဲ ့..ကချင်ပုဆိုး အစိမ်းကွက်စိပ်လေးတွေ
    တော်တော် ဝတ်ဖြစ်တယ်.. ။
    ကရင်ပြည်နယ်သွားတုန်းက.. လက်ဆောင်ရထားတဲ့ ပုဆိုးနီနီလေးလည်း..တစ်ခါတစ်ရံ ဝတ်တယ် ။
    မွန်ပုဆိုးတော့…မဝတ်ရဲ… ။

    ပြီးတော့…
    အခု ဝတ်ချင်နေတာက.. ရှမ်းဘောင်းဘီနဲ ့…ရှမ်းအကျီ င်္ လေး…

    • မဟာရာဇာ အံစာတုံး

      August 7, 2014 at 12:18 pm

      နင်ကတော့ ကချင်ပုဆိုး ဝတ်တယ် ဆိုပေမယ့်
      ဟိုဂျီးဒေါ် နှစ်ယောက်တော့ နင့်ကို ခြွင်းချက် ထားမယ် ထင်ဒယ် … :mrgreen:

      စကားမစပ် …
      နင့်ပုဆိုး မဝတ်ရင် ငါ့ပေး …

  • black chaw

    August 7, 2014 at 12:36 pm

    အဟမ်း အဟမ်း အဟမ်း
    အံစာကြီး ရဲ့ ပို့စ်ကို အားပေးချင်လို့
    ဝင်လာလိုက်တာ
    ပုဆိုးဝတ်မလာမိဘူး။
    ရှော့ပင်လေး ပဲ ဝတ်လာမိတယ်။
    ဟေးဟေး။
    :mrgreen:

  • ဦးကျောက်ခဲ

    August 7, 2014 at 1:49 pm

    ပုဆိုးဆိုရင် ဘယ်ပုဆိုးမှ မကြိုက် … ကောင်းကောင်းမဝတ်တတ်တာလည်းပါတယ်…
    ရခိုင်ပုဆိုး မိုးစိုရင် လေးချက်ကတော့ ပုံသာချွတ်ခဲ့ချင်တာပဲ…
    အဲ… ကျန်တာတွေကြတော့ မိုးစိုချိန် ကြမ်းကြမ်းလျှောက်မိရင် ဗြန်းကနဲ ကွဲသဗျ…
    ပုဆိုးပါးပါးနဲ့ အဆောင်နားကဖြတ်လျှောက်တဲ့သူဆို “Burma Bell” လို့ အော်သေးတာ…
    :k:

  • Nyo Win

    August 7, 2014 at 4:31 pm

    ” ပုဆိုး အစိမ်းကို ယခင်က အလုပ်သွားသည့် အခါများတွင် ဝတ်ဆင်သွားတတ် သော်လည်း နောက်ပိုင်းတွင် ချစ်သူလေးက မကြိုက်ဟု ဆိုလာသဖြင့် အပြင်သွားသည့်အခါ မဝတ်ဆင်တတ်တော့ပါ။ ”
    ဟေးဟေး အစိမ်းရောင်ကရင်ပုဆိုးကို အဖြူနဲ ့တွဲလိုက်တော့ ဆိုတော့ …….
    အင်းလေ…ဘယ်ကြိုက်မတုန်း…… 🙂

  • kai

    August 8, 2014 at 3:49 am

    ယူအက်စ်ရောက်စက.. ပုဆိုးဝတ်ပြီး.. ဒေါင်းတောင်း..အပ်တောင်း ပလက်ဖောင်းလမ်းလျှောက်ဖူးရဲ့..။
    အဆန်းပေါ့…။

    အခုတော့.. ဒေါ်စုကောင်းမှုနဲ့.. မြန်မာ လေဒီတွေများ.. ထမိန်ကိုယ်စီ..။
    ယောက်ျားတွေလည်း.. ပုဆိုးနဲ့တိုက်ပုံဝတ်.. အဆန်းမဖြစ်တော့..

    ကြုံလို့ပြောရရင်.. အခုထိ… အိမ်မှာရေလဲပိုင်းလုပ်တာက.. ရခိုင်ပုဆိုးဗျ..။
    ပွဲတက်တဲ့လုံချည်.. ဂန့်ဂေါလား.. ယောလားက… အောက်ကနေပြဲနေလို့.. အသာလေးဖုံးဝတ်ထားရတယ်..။ :a:

    ရီစရာပြောရရင်.. နွေရာသီပင်လယ်ကမ်းစပ်သွားတုံး.. သဲသောင်မှာတင်.. ပုဆိုးနဲ့.. ရေကူးအဝတ်လဲတာကို.. အံ့ဩတကြီးဖြစ်ကုန်တဲ့..ဘိုတွေတွေ့ဖူးသေး..
    သူတို့ကတော့.. ကားကွယ်.. မျက်နှာသုတ်ပုဝါကွယ်နဲ့.. အလုပ်များကြတယ်လေ…
    ကွိ… :k:

  • Yae Myae Tha Ninn

    August 8, 2014 at 12:34 pm

    ရေးစရာမရှိလို့ ရေးပေမဲ့.. ကျွန်တော်က သစ္စာနီရဲ့ မသိဘူး အကျီင်္င်္… ကိုဌက်ကြီးရဲ့ အဖြူရောင်အကျီင်္လေးကို သတိရမိသွားတယ်ဗျာ.. မော်ဒန်ဆန်တယ်ပြောရမလား.. အရေးအသားကို.. တာရာမင်းဝေလဲ အဲလိုပုံစံမျိုးလေးတွေ ရေးတတ်တယ်ဗျ… သူ့ကိုလဲ သတိရမိတယ်… သူ့စာလေးတွေ ရှာဖတ်လိုက်ပါဦးမယ်ဗျိုုးးးးးးးးး… 🙂

  • မဟာရာဇာ အံစာတုံး

    August 8, 2014 at 1:17 pm

    @ ဥဘလက်

    ပုဆိုး မပါဘူး ဆိုတော့
    ဘာလုပ်နေတုန်း ပို့စ်ထဲ ဝင်တာတာတုန်းလို့ တွေးနေဒါ ..
    အော် .. ရှော့ပင်လေး ကယ်ပေလို့ အတွေး သိပ်မချော်တော့တာ …
    ဒါတောင် ချော်ချင်ချင် .. :mrgreen:

    @ ဥကျောက်

    လင်းလင်း တောင်မှ ဘောကျတယ် ဆိုတော့
    အင်း .. ဥငေး ပြောတာလည်း ဟုတ်နိုင်ပေသပေါ့ .. ဟီဟိ

    @ သဂျီး

    သဂျီးက ပုဆိုး ပြဲတာကိုတောင် မချုပ်အားဘူးကိုး …
    အသစ်လည်း မဝယ်၊ ချုပ်လည်း မချုပ် ဆိုတော့ကာ
    အတော် ကပ်စေးနှဲမယ့် လူကြီး …

    @ သနင်း

    ရှာဖို့ …..
    ကျုပ်လည်း သူတို့စာတွေ ကြိုက်သဗျ …

    အားလုံး အားလုံး သန်းခရု ဘဲရီးမက်ချ် …

  • TNA

    August 9, 2014 at 3:08 pm

    အင်းပုဆိုးအပါးတော့မဝတ်ပါနဲ့ဟယ်။ တခါသားကုလားတယောက် ပလေကပ်ကိုနေလည်ခင်းကြောင်တောင် ဝတ်လာတာတွေ့ပီးကတဲက ပလေကပ်တွေကိုမကျိရဲတော့ပါဘူးဟယ် :mrgreen:

  • အဲဒီပုဆိုးအစိမ်​းက အိမ်​​နေရင်​းပုဆိုးနဲ့ တူလာပြီ​လေ.. အလုပ်​သွားတာနဲ့မတူဘူး.. အာ့​ကြောင်​့ပါလို့… ?
    ဒီက လှ​စေချင်​တာကိုး.. 🙂

  • မဟာရာဇာ အံစာတုံး

    August 10, 2014 at 4:29 pm

    တော်ဒေးဒါပေါ့ …
    တီသဲ ဆီကို လာတုန်းက အဲ့ဒါ ဝတ်မလာလို့ ..
    နို့မို့ဆို …
    တေဘီဆြာဘဲ ….
    :mrgreen:

    ============

    ကေကေဘာ …
    လှစေချင်မှန်း တိဘီးဒါဘာ …
    စေဒနာဒွေ ရေစီးကမ်းပြိုစရာ ဆိုလို့ ဒီနှီယောက်ဘဲ ချိဒဲ့ဟာကို ..
    :mrgreen:

  • Crystalline

    August 10, 2014 at 4:52 pm

    ရိုးရာထမီတွေကြိုက်ပါတယ်… တိုပြီး ကွင်းကျဉ်းတာစိတ်ညစ်… :))
    ဘကြီးတို့အိမ်လာလိမ်သူလည်း ကချင်ပုဆိုး…လည်ကတုံး ကတီပါနဲ့… စကားပြောလည်းယဉ်ကျေးပ… :))

  • မြစာကလေး

    August 10, 2014 at 9:36 pm

    မောင်အံ
    အစ က ဟိုးအရင် Post တွေ လို မပြီးတဲ့ တန်းလန်းစာ ဘဲ ဖြစ်မယ် မှန်းလိုက်တာ။
    အခုတော့ တန်းလန်း မဟုတ်ပေါ့။
    ဒါပေမဲ့ အောက်က မှတ်ချက် တွေ ဖတ်ရင်း တန်းလန်း Post ပါဘဲလို့။
    ဒါထက်
    မွန်ပုဆိုး နဲ့ တောက်တဲ့ က ဘပု ဆီမှာ ရာဇဝင်ရှိသနော်။
    :-)))

  • မဟာရာဇာ အံစာတုံး

    August 11, 2014 at 12:00 pm

    ဂျီးဒေါ်ခွစ် …

    ဘကြီးတို့ အိမ်လာ (လိမ်) သူတွေ .. ဟုတ်ဒလားဗျ ??? :mrgreenn:

    အရီးလတ် …

    အမငေးး ငေးး
    တန်းလန်းပို့စ် ပဲ မှတ်ဒဒဲ့ …
    ပီးတော့ .. တန်းလန်းပို့စ် ပါဘဲ .. ဒဲ့ ..
    အရီး လုပ်တာနဲ့ လူလည်း တန်းလန်း ဖြစ်တော့မယ် …

  • ရေးစရာ မရှိ
    ရေးစရာရှာ
    ပုဆိုးအနီလေး
    သွားတွေ့ တာ။
    ဟိုတွေး ဒီတွေး
    ငါလေရေး
    ချစ်သူလေးက
    မလာသေး
    ဘယ်ရောက်နေလဲ ဟေးးးးးးးးးးးးးးးးးးးးးးးးးးး။

Leave a Reply