” အပြုံးလေးသာ ထပ်ကာကွန့်စို့ “

 

ပိတုန်းရောင်ကေသာအလှ

ဘေးအသာချလို့

မြန်မာဆန်ကာဝတ်ဆင်စွာနဲ့

ဆွဲခြင်းလေးနဲ့သူလှမ်းတယ်

မြင်သူကြည့်ရကျက်သရေဗျ

အိနြေ္ဒအလှနဲ့ တင့်လို့တယ်၊

 

ဆံကေသာရောင်စုံချယ်

နုပျိုအကြွ လှသွေးကြွယ်

စကပ်တိုဘောင်းဘီတိုနဲ့

ဖြူဝင်းလှပေါင်တံနှစ်သွယ်

မြင်သူငေးကြသူ့အလှဝယ်

ပေါ့ပါးသွက်လက် သဘောကျဖွယ်၊

 

အမြင်ကွဲကြ လှဟန်များကို

ကြည့်မိခံစား အငြင်းပွားလို့

မြန်မာဆန်မှ လှသည့်ထင်သူ

ခေတ်ဆန်အလှ လက်ခံကြသူ

တကယ်ဆန်းစစ် တွေးမိလိုက်တော့

လူတိုင်းကိုယ်စီ အလှရှိသပေါ့။

 

တစ်ချို့ကလည်း ဆိုကြမြဲကွယ်

ရုပ်လှဖို့ထက် စိတ်လှဖို့လို

မြင်ကွင်းတွေ့ရ ရုပ်ပါဘဲမို့

အပြုံးလေးသာ ထပ်ကာကွန့်စို့

ဘာဘဲဝတ်ဝတ် လှတယ်ဗျို့။

 

ခင်ခ။

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..