ရွှေအကြောင်းသိကောင်းစရာ 127,128,129,130

Zaw AungAugust 7, 20141min1182

ရွှေအကြောင်းသိကောင်းစရာ(127)

ကျွန်တော့်ဆိုင်မှာ လက်ကောက် ၃ ကွင်း အတုနဲ့အလဲခံရပြီးမှ ပြန်ရခဲ့တာလဲ တစ်ခါကြုံဖူးပါတယ်
အမျိုးသမီးတစ်ယောက် လက်ကောက်လာဝယ်ပါတယ်
ပိုက်လုံးလက်ကောက်သုံးကွင်း ဝတ်ကြည့်လိုက်ဈေးဆစ်
လိုက်နဲ့ နောက်ဆုံးဒီသုံးကွင်းဖယ်ထားပေးပါ ခုပိုက်ဆံသွား
ယူပြီး ပြန်လာခဲ့မယ်ဆိုပြီး ထွက်သွားတယ် ဘယ်ပြန်လာတော့မလဲ သူထားခဲ့တာအတုတွေ ွဖြစ်နေပြီလေ အရင်နေ့ထဲက လာကြည့်သွားပြီး ပုံစံတူလုပ်
ပြီး လက်မှာဝတ်လာတာ အင်္ဂာျီလက်ရှည်နဲ့အုပ်ထားတာ
ဝတ်ကြည့်ရင်းနဲ့ စာရေးမမျက်စိအလစ်မှာ လဲလိုက်မှာပေါ့
ဆုံးပြီပဲတွက်လိုက်တယ် ရဲလဲမတိုင်တော့ပါဘူး
ဒါပေမယ့်အသိဆိုင်တွေ အမျိုးဆိုင်တွေကိုတော့ အကြောင်းကြားလိုက်တယ် လူပုံစံနဲ့လုပ်ပုံလုပ်နည်းပြောပြ
လိုက်တယ် သတိထားမိအောင် မခံရအောင်ပေါ့ တစ်ပတ်
လောက်အကြာမှာ ကျွန်တော့်ညီဆိုင်က ဖုန်းလာတယ်
အဲဒီပုံစံအတိုင်း အမျိုးသမီးတစ်ယောက် အင်္ဂာျီလက်ရှည်နဲ့
ပိုက်လုံးလက်ကောက်တွေလာကြည့်နေတယ်တဲ့ ( စဉ် ၁၂၈ သို့ )ု

ရွှေအကြောင်းသိကောင်းစရာ(128)
(စဉ် 127 မှအဆက်)

သူ့ဆိုင်ကယုဇနပလာဇာရှေ့မှာ ကျွန်တော့်ဆိုင်ကပန်းဘဲ
တန်းမှာဆိုတော့ နဲနဲတော့လှမ်းတယ် သူ့ကိုအချိန်ဆွဲထား
လိုက်လို့ပြောပြီး ချက်ချင်းကားနဲ့လိုက်သွားတယ် ကားလမ်းတွေကလဲပိတ်တော့ လမ်းမှာကြာနေတာပေါ့
ဟိုအမျိုးသမီးကလဲ အချိန်ဆွဲတာရိပ်မိလာတော့ အတင်း
ပြန်မယ်လုပ်တယ် ကျွန်တော့်ညီကဒီမိန်းမသေချာလောက်
တယ် ယူဆပြီးရပ်ကွက်လူကြီးခေါ်ပြီး ရပ်ကွက်ရုံးမှာထိန်း
ထားလိုက်တယ် မဟုတ်ရင်လူမှားရင် ကိုယ်ပြန်အမှုပတ်
နိုင်တယ် အသရေဖျက်မှုနဲ့ ရောက်သွားတော့ဟုတ်ပါတယ်
ဆိုင်မှာလုပ်သွားတဲ့သူပဲ ပစ္စည်းပြန်ပေးတာပဲယူလိုက်တယ်
အမှုမဖွင့်တော့ပါဘူး ဒါပေမယ့်အဲဒီအမျိုးသမီးကံဆိုးတယ်
အခြားရွှေဆိုင်တစ်ဆိုင်က ရပ်ကွက်ရုံးမှာလာကြည့်ပြီး
သူ့ဆီကလက်စွပ်တစ်မတ်သား ခိုးသွားတယ်ဆိုပြီး
အမှုဖွင့်လိုက်တာ ထောင်ကျသွားတယ်

ရွှေအကြောင်းသိကောင်းစရာ(129)

သူခိုးရွှေဝယ်မိလို့ ဆုံးရှုံးတဲ့အကြောင်းရေးတော့ comment
မှာမေးခွန်းလေးတွေတက်လာပါတယ် ဘယ်လိုလုပ်ရမလဲတဲ့ သူခိုးရွှေကို သူခိုးရွှေမှန်းသိသိကြီးနဲ့
တစ်ဝက်ဈေးနဲ့ဝယ်တဲ့သူတွေ အကြောင်းကတော့ ပြောစ
ရာမလိုပါဘူး သူတို့ကကျွမ်းပြီးသား ရဲတွေတရားသူကြီးတွေနဲ့ပါ ခင်မင်ရင်းနှီးနေကြပြီ ရိုးရိုးရွှေ
ဆိုင်တွေသူခိုးရွှေဝယ်မိတဲ့အခါ အပေါင်ဆိုင်တွေသူခိုးရွှေ
အပေါင်ခံမိတဲ့အခါ ဒုက္ခရောက်ပါတယ် တစ်ချို့ရွှေဆိုင်တွေမဝယ်ဘဲနဲ့ သူခိုးကလက်ညှိုးထိုးလို့
လျော်လိုက်ရတာတောင်ရှိဖူးပါတယ် ကျွန်တော့်ကိုယ်တွေ့
တစ်ခုပြောပြပါမယ် ဆိုင်ဖွင့်စကပေါ့ အမျိုးသမီးငယ်တစ်
ယောက်က သူ့လက်စွပ်ကို နားကပ်နဲ့လဲပြီး ငွေနဲနဲပြန်ထုတ်ချင်လို့တဲ့ အကဲခတ်ကြည့်လိုက်တော့ ရိုးရိုး
သားသားပုံပေါက်လို့ တန်ဖိုးကလဲနဲပါတယ်ဆိုပြီး လုပ်ပေးလိုက်တယ် တစ်ပတ်လောက်လဲကြာရော ရဲနဲ့ပြန်
ရောက်လာတယ် အိမ်ဖော်ကအိမ်ရှင်ဆီက ခိုးလာတာတဲ့
(စဉ် 130 သို့)

ရွှေအကြောင်းသိကောင်းစရာ(130)
(စဉ် 129 မှအဆက်)

ပြန်ပေးလိုက်ရင်ပြီးရောထင်တာ မဟုတ်ဘူးရဲစခန်းမှာ
သက်သေထွက်ချက် လိုက်ပေးရသေးတယ် ပြီးရင်တရားရုံး
ကခေါ်အုံးမှာတဲ့ သူခိုးလက်ခံအမှုနဲ့ ကိုယ်ပါအမှုပတ်မပတ်
ဆိုတာ တရားသူကြီးက ဆုံးဖြတ်မှာတဲ့ ပေါက်ဈေးနဲ့ဝယ်
ကြောင်း သက်သေတွေပြရအုံးမှာတဲ့ အဲဒါနဲ့အမှုစစ်ကို
တရားရုံးမလိုက်ရအောင် ကြည့်လုပ်ပေးဗျာလို့ ဆိုင်ကလဲ
သွားတဲ့နားကပ်လဲ ပြန်မယူတော့ဘူးလို့ ပြောလိုက်တော့
သူဘယ်လိုကြည့်လုပ်လိုက်လဲမသိဘူး အဲဒီမှာတင်ဇာတ်
လမ်းပြတ်သွားတယ် ဒါကတန်ဖိုးနည်းလို့ဖြစ်မယ် တန်ဖိုး
များတဲ့ပစ္စည်းဝယ်မိရင်တော့ မလွယ်ဘူး လာသိမ်းတဲ့အချိန်မှာ ပစ္စည်းမရှိတော့ရင် ရှိတဲ့ရွှေအရည်ကျိုပြီး ပေးရတယ် လာသိမ်းတဲ့ရဲနဲ့ ညှိလို့ရရင် ရသလို အရည်ညံ့တွေပေးကြတာပေါ့ ပြီးရင်
တရားရုံးမှာလဲ နဲနဲသွားလိုက်ထားရသေးတယ် ပူးတွဲတရား
ခံထဲမထည့်အောင် ဥပဒေဆိုတာက သရေကွင်းလိုပဲ
လိုရင်လိုသလို ဆွဲလို့ရတယ်လေ
(စဥ 131 သို့)

2 comments

  • ခင် ခ

    August 7, 2014 at 10:10 pm

    သူခိုးလာရောင်းထားတဲ့ ပစ္စည်းလာစစ်တဲ့အခါ မရှိရင် လာစစ်တဲ့ရဲကိုညှိပြီး အစားထိုးပေးတော့ တရားခွင်ကျ တရားလိုဘက်က သူတို့ပျောက် ပစ္စည်းမဟုတ်ဘူးဆိုရင် ဘယ့်နဲ့လုပ်မလဲဗျ

  • Zaw Aung

    August 8, 2014 at 6:25 am

    အဲလို မပြောကြပါဘူး ရတာ ယူကြတာပါဘဲ

Leave a Reply