သူ နဲ့ ကိုယ်

ဇီဇီAugust 8, 20141min64044

သူ နဲ့ ကိုယ်

 

သူ့ကို ကိုယ် မပိုင်ဆိုင်ဘူး။
ဒါဆို … စွန့်လွှတ်စရာလည်း မလိုဘူး။

သူ နဲ့ ကိုယ် မနီးကပ်ဘူး။
ဒါဆို … ဝေးစရာ အကြောင်းမရှိဘူး။

သူ နဲ့ ကိုယ် အတူတူမရှိနိုင်ဘူး။
ဒါဆို … ခွဲခွါစရာ မလိုဘူး။

သူ နဲ့ ကိုယ့် ကြားမှာ တစ်ယောက်ကို တစ်ယောက် ချည်နှောင်ထားတဲ့ ကြိုးတွေ မရှိဘူး။
သူ နဲ့ ကိုယ့် ကြားမှာ ဖြိုဖျက်ရခက်ခဲတဲ့ တံတိုင်းကြီးပဲ ရှိတယ်။

သူ နဲ့ ကိုယ့် ကြားမှာ တစ်ယောက်ကို တစ်ယောက် ချုပ်နှောင်ထားတဲ့ ကတိတွေ မရှိဘူး။
သူ နဲ့ ကိုယ့် ကြားမှာ ဖြတ်ကျော်ရခက်ခဲတဲ့ ပင်လယ်ကြီး ရှိတယ်။

သူ နဲ့ ကိုယ့် ကြားမှာ …………………………….. မရှိဘူး။
သူ နဲ့ ကိုယ့် ကြားမှာ …………………………..ရှိတယ်။

သူ နဲ့ ကိုယ့် ကြားမှာ …………………………….. မရှိဘူး။
သူ နဲ့ ကိုယ့် ကြားမှာ …………………………..ရှိတယ်။

သူ နဲ့ ကိုယ့် ကြားမှာ …………………………….. မရှိဘူး။
သူ နဲ့ ကိုယ့် ကြားမှာ …………………………..ရှိတယ်။

……………………………………………………..

………………………………………………………………….

…………………………………………………………………………….

………………………………………………………………………………………….

 

 
ဟိ။  :mrgreenn:
လေးဖြူ ရဲ့ “မင်းနဲ့ငါကြားး” သီချင်းရယ်၊

မျိုးကြီးရဲ့ “ဝေး” သီချင်းရယ် နားထောင်ပြီး တဲ့ အချိန်မှာ ဂလို ဂေါက် သွားတော့တာပါပဲ။

:k:

 

44 comments

  • ဦးကျောက်ခဲ

    August 8, 2014 at 10:21 am

    သူ နဲ့ ကိုယ့် ကြားမှာ …………(မေတ္တာ)……….. မရှိဘူး။
    သူ နဲ့ ကိုယ့် ကြားမှာ …………(အကြွေး)………..ရှိတယ်။
    အဟိ… ခရက်ဒစ်ကဒ် လစဉ်ကြေး ပေးရမှာမို့ပါ… :k:

    • ဇီဇီ ခင်ဇော်

      August 8, 2014 at 11:38 am

      ဟယ်။
      ကျန်းးးးး
      ကျောက် နဲ့ နှင်းကြားမှာရော
      မေတ္တာကြွေး (မေတ္တာ + အကြွေး) တွေ ရှိလားဟင်??

      :mrgreenn:

  • nozomi

    August 8, 2014 at 10:36 am

    သူနဲ့ကိုယ့်ကြားမှာ အချစ် မရှိတော့ဘူး
    သူနဲ့ကိုယ့်ကြားမှာ နားလည်မှုပဲ ရှိတယ်

    • ဇီဇီ ခင်ဇော်

      August 8, 2014 at 11:37 am

      ကိုယ် နဲ့ နို ကြား ရော ဘာရှိပါလိမ့်?? 🙄

      ဟိ.. :mrgreenn:

  • kyeemite

    August 8, 2014 at 10:45 am

    သူ နဲ့ ကိုယ့် ကြားမှာ …ဘာမှမရှိဆိုတာပဲရှိတယ်…..
    အင်း …ရေးသူတင်မက …ဝင်ဖတ်သူတွေပါဂေါက်ကုန်ပြီ :k:

    • ဇီဇီ ခင်ဇော်

      August 8, 2014 at 11:36 am

      ဂေါက်တာတွေ ကူးကုန်ပြီ။
      အဟိ။
      :mrgreenn:

  • ခင် ခ

    August 8, 2014 at 10:47 am

    သူ နဲ့ ကိုယ့် ကြားမှာ………….. အကြွေး…………. မရှိဘူး။
    ဒါဆို အခင်အမင် အဓွန့်ရှည်လတ္တံ။

    • ဇီဇီ ခင်ဇော်

      August 8, 2014 at 11:35 am

      မတိဝူး။
      အနော်ကတော့ အနော့ ကို အမြဲ သတိရနေအောင် ရတဲ့ အကြွေး အကုန်ယူတယ်။
      ဟိဟိ :mrgreenn:

  • Nyo Win

    August 8, 2014 at 10:50 am

    ဒါဆို..သေချာတယ်..
    သူ ့ကိုယ်မသိ…..ကိုယ့် သူမသိ….. 🙂

    • ဇီဇီ ခင်ဇော်

      August 8, 2014 at 11:32 am

      အိုဂျာ။
      ဘူ့ ဘူ မှ မသိမှတော့ ဒီလို စာထက်လာပါ့ မလားဂျ။
      ဒါဒွေဂို လူဗျိုဂျီး နားမလည်ပါဝူးးးဂျာ

      :mrgreenn:

  • Crystalline

    August 8, 2014 at 11:08 am

    မွေးမေလေ့ရောက်နေပြီလား.. အာ့တောင် အဲ့လိုဂေါက်ချိန်ရှိသေးလား.. :mrgreenn:

    • ဇီဇီ ခင်ဇော်

      August 8, 2014 at 11:31 am

      ဂျာ။
      မွေးမေလေ့က လကုန်ခါနီး တစ်ပတ်လောက်မှ ရောက်မှာပါ။
      အာ့ကြောင့် ခု ဂေါက်ခွင့်ရတုန်း ဂေါက်ထားတာ။
      ဟိ :mrgreenn:

  • Myo Thant

    August 8, 2014 at 11:31 am

    သူ နဲ့ ကိုယ့် ကြားမှာ မခွဲကြေးဆိုတဲ့ ကတိတွေ မရှိဘူး။

    သူ နဲ့ ကိုယ့် ကြားမှာ မခွဲနိူင်တဲ့ သံယောဇဉ်ကိုယ်စီ ရှိတယ်။

    • ဇီဇီ ခင်ဇော်

      August 8, 2014 at 11:40 am

      မိုက်တယ်ကွာ။
      ဒီ စကားလုံးဒွေကြောင့်
      မိုး နဲ့ မျိုး ကြား မဆုံးနိုင်တဲ့ သံယောဇဉ်တွေ ရှိတာပေါ့လေ။
      :s:

      • Myo Thant

        August 8, 2014 at 11:43 am

        သံယောဇဉ် ….. သံယောဇဉ် ……

        လူကိုအရူးတစ်ပိုင်းဖြစ်စေတယ် ( လေးဖြူ )

  • ဗုံဗုံ

    August 8, 2014 at 12:00 pm

    သူနဲ့ ကိုယ်ကြားမှာ.
    ကြားဆိုတဲ့ နေရာလေးတောင်မရှိချင်ဘူး….. :chit:

    • ဇီဇီ ခင်ဇော်

      August 8, 2014 at 12:03 pm

      အို။ ဂလိုတွေ ချစ်တတ်တာရော ဦးလေးက တူမလေးနဲ့ တူသလားဟင်??
      :chit:

      • ဗုံဗုံ

        August 8, 2014 at 12:08 pm

        အူးလေးကတော့ အားတိုင်း သဘောင်္ဂျစ်ကြီး
        ကိုင်ကိုင်ပြီး လိုက်ခြစ်နေဒါဘဲ…. :mrgreen:

  • black chaw

    August 8, 2014 at 1:06 pm

    သူ နဲ့ ကိုယ်
    ဆိုတော့
    ကိုယ် နဲ့ သူ ပေါ့။
    :mrgreen:

    • ဇီဇီ ခင်ဇော်

      August 8, 2014 at 1:52 pm

      ဒါပေါ့
      ဒါပေါ့။
      :mrgreen:

  • TNA

    August 8, 2014 at 1:20 pm

    ဒီဂဗျောင်လေးက အဲ့ ကဗျာလေးက ဆိုင်းဆိုင်းဖမ်းကိုင် ကိုရည်များညွှန်းလေရော့သလားကွယ် :mrgreen:

    • ဇီဇီ ခင်ဇော်

      August 8, 2014 at 1:52 pm

      လက်မှတ်ကို မထိုးချင်ထိုးချင် မြင်ပြီးကတည်းက စိတ်လျှော့လိုက်ပြီ။
      ဟိ။
      ဒါ နောက်တစ်ယောက်!!
      :mrgreenn:

      • TNA

        August 9, 2014 at 2:33 pm

        ပလုတု မင်းခန့်ဆိုတာမြန်းလား ဟို ဒုတမတဂျီးတားဆိုဒါမြန်းလား ဟိုတယောက်မြန်းလား ဒီတယောက်မြန်းလား :mrgreen:

  • မဟာရာဇာ အံစာတုံး

    August 8, 2014 at 1:26 pm

    သူနဲ့ကိုယ် ကြားမှာ ..
    ရှိချင်တာ တွေလည်း ရှိတယ်
    မရှိချင်တာ တွေလည်း ရှိတယ် ….
    အဲ့ဒါ .. အဲ့ဒါ .. ဘဝသံဒရာ ဘဲ … ဟီဟိ
    :mrgreen:

    • ဇီဇီ ခင်ဇော်

      August 8, 2014 at 1:51 pm

      ရှင်းသွားတာပဲ ပလော်ဖစ်ဆာ ရယ်။
      :mrgreenn:

  • weiwei

    August 8, 2014 at 1:30 pm

    ကိုယ့်မှာ ပြောစရာ သူတောင်မရှိတာ ခက်တယ် …

    • ဇီဇီ ခင်ဇော်

      August 8, 2014 at 1:50 pm

      အဟီးဟီးးးး
      ဝေ့ ကော်မန့်ကို ရေသောက်ရင်းဖတ်တာ သီးသွားတယ်။
      :mrgreenn:

  • sorrow

    August 8, 2014 at 2:27 pm

    သူနဲ့ကိုယ်နဲ့ချစ်တာ ဘယ်သူမှ မသိလိုက်ပါ
    ကြယ်ပွင့်လေးတွေ ပြုံးသလား လမင်းကြီးကသာ
    နေ့တိုင်း နေ့တိုင်းတွေ့တာ စပယ်ရုံကလေးနားမှာ
    ကြူကြူမွှေးတဲ့ အနမ်းများ ဟိုတုန်းကပေါ့ဗျာ့…အဲ့ရာလေးပါနားထောင်လိုက်..မမ…ကောင်းတယ်…အဟိဟိ
    https://soundcloud.com/burmarememberance7/14ovb3kqtao7

    • ဇီဇီ ခင်ဇော်

      August 8, 2014 at 3:09 pm

      ဘယ်သူ ဆို တာလဲ။
      စိုင်းစိုင်းလားးးး??

      :kwi:

    • မြစာကလေး

      August 10, 2014 at 2:35 pm

      ===============
      အခုတော့ ရင်ဆိုင်လာရင် သူမသိ သလိုဘဲ ကွာ
      တက္ကသိုလ်ရင်ခွင့်မှာဆို ဆို ကိုယ့်လို လူမျိုး ကို
      ဂရုမစိုက်ချင်သလိုနေတာ မူပျက်လာခဲ့တာ
      အို နေပါစေကွာ ဂုဏ်ရည်မတူတာ ကိုယ်ဟာ ဆိုရင် အ ထ က ကျောင်းသား ဆိုလား။
      =================
      စိန်ဝင်းထွန်း တဲ့။
      ဟိုးတုန်း က ၁ဝတန်း မှာ တစ်နေသူ တွေ များ တော့ ဆိုထား တဲ့ သီချင်း ထင်ရဲ့။

      ရေး မှန်တယ်ကွ။ အဖြေကိုက် ကြည့်တော့။
      :-)))

  • ကူမားရ်

    August 8, 2014 at 2:30 pm

    သူ နဲ့ ကိုယ့် ကြားမှာ …………(အတိတ်….အနာ.ဂါတ်)……….. မရှိဘူး။
    သူ နဲ့ ကိုယ့် ကြားမှာ …………(ပစ္စုပန် ဘဲ)………..ရှိတယ်။

    သူ နဲ့ ကိုယ့် ကြားမှာ …………(အတ္တ ..မာန်..မာန)……….. မရှိဘူး။
    သူ နဲ့ ကိုယ့် ကြားမှာ …………(ကြင်နာခြင်း နားလည်ခွင့်လွတ်ခြင်းတွေပဲ)………..ရှိတယ်။

    သူ နဲ့ ကိုယ့် ကြားမှာ …………(အနိုင်ရလိုမှု ..အသာစီးရလိုမှု)……….. မရှိဘူး။
    သူ နဲ့ ကိုယ့် ကြားမှာ …………(ဘာပေးလိုက်နိုင်မလည်း ဆိုတာပဲ)………..ရှိတယ်။

    သူ နဲ့ ကိုယ့် ကြားမှာ …………(အမုန်းတရားတွေ မြူမှုန်လောက်တောင်မရှိဘူး)……….. မရှိဘူး။
    သူ နဲ့ ကိုယ့် ကြားမှာ …………(ချစ်မြတ်နိုးခြင်းတွေ eternity)………..ရှိတယ်။

    နေမကောင်းလို့ဒီလောက်ပဲ..ကျန်တာနောက်မှ ဝင်ပေါမယ်…

    • ဇီဇီ ခင်ဇော်

      August 8, 2014 at 3:07 pm

      အမယ်..
      အမယ်…
      အမယ်……
      နေမကောင်းလို့သာ တော်တော့တယ်။
      နေများကောင်းရင် ရေးမှာ ပို့(စ) ထက်တောင် ရှည်သွားနိုင်သေးး

      :s:

  • အလင်းဆက်

    August 8, 2014 at 3:42 pm

    ရလဲ့…မမဂျီးတို ့က…ဒါမိုးလည်း.. ရတာပဲ.. ။

    ရင်နဲ့အမျှ…လိုက်ပါ ခံစားကြည့်လိုက်တယ်…ဆိုရင်..ပိုနေမလား…

    :mrgreen:

    • ဇီဇီ ခင်ဇော်

      August 8, 2014 at 3:44 pm

      ငင်!!
      အရင် ရေနွေးဖြစ်တွေ မဖတ်ဖူးဘူးထင်တယ်။
      သူများတွေ မျောက်စိနောက်တယ် ဆိုလို့ သများ လျှော့ထားရတာ။
      ဟိဟိ

      :mrgreenn:

    • ဇီဇီ ခင်ဇော်

      August 9, 2014 at 12:09 pm

      သူ ဆိုတာ………….
      သူ ဆိုတာ ………………….
      အဲဒီ မောင် (MG) ပေါ့။

      :s:

  • pooch

    August 8, 2014 at 4:38 pm

    သူနဲ့ကိုယ်နီးကပ်တယ်။

    သူနဲ့ ကိုယ်မကြာခဏ တူတူရှိဖြစ်တယ်။

    သူနဲ့ကိုယ် ကြားမှာ နှောင်ကြိုးတွေ ကတိတွေမရှိဘူး။

    သူနဲ့ကိုယ် ကြားမှာ နားလည်မှုတချို့ရှိတယ်။

    သူနဲ့ကိုယ်ကြားမှာ ဖြတ်ကျော်ဖို့ခက်ခဲတဲ့ ပင်လယ်ကြီးရှိတယ်။

    • ဇီဇီ ခင်ဇော်

      August 9, 2014 at 12:10 pm

      ဒါပေမဲ့ သူ့ ကို ချစ်တယ် မို့လားးးး??

      :s:

  • Mr. MarGa

    August 8, 2014 at 7:52 pm

    သူ နဲ့ ကိုယ် ကြားမှာ
    ……….. မရှိဘူး။
    ……….. ရှိတယ်။
    ……….. မရှိဘူး။
    ……….. ရှိတယ်။
    ……….. မရှိဘူး။
    ……….. ရှိတယ်။
    ……….. မရှိဘူး။
    ……….. ရှိတယ်။
    ……….. မရှိဘူး။
    ……….. ရှိတယ်။
    ……….. မရှိဘူး။
    ……….. ရှိတယ်။
    သူနဲ့ ကိုယ် ကြားမှာ ချုပ်နှောင်ထားတာ မရှိပုစ်….
    နားလည်မှု ဆိုတာပဲ ရှိတယ်
    (စိတ်ပေါက်တိုင်း အဲဒါကို ခေါင်းစဉ်ပြောင်းဒယ်)

    အဲ… ဖွဘုတ်ကြီးလဲ ရှိသေးတယ်ဟ :s:

    • ဇီဇီ ခင်ဇော်

      August 9, 2014 at 12:11 pm

      ငါလည်း မကြာခဏစိတ်ဖောက်ပြန်တတ်လို့ ကွက်လပ်လေးပဲ ထားတာ ကောင်းမလားလို့။

      :k:

      • Mr. MarGa

        August 9, 2014 at 12:23 pm

        နားလည်မှု ဆိုတဲ့ စကားလုံးလေးတစ်လုံးကို
        ဟိုဘက် လှည့်ပြီး အဓိပ္ပာယ်ကောက်လိုက် ဒီဘက်ကနေ လှည့်ပြီးပြောလိုက် နဲ့
        အဲ့ တစ်လုံးလေးနဲ့တင် လုပ်စားနေတာ ကြာပေါ့ :k:

  • ဦးကြောင်ကြီး

    August 9, 2014 at 11:48 pm

    သူနဲ့ကိုယ်
    ထူလှည့်ပျို
    ဆူသဲ့ချို
    အူမှည့်ဖို..

  • မြစာကလေး

    August 10, 2014 at 2:42 pm

    မနေ့ ည က ဒီမှာ မှတ်ချက် ချလိုက်ခဲ့ မိတယ် ထင်တာ
    အိပ်ချင်မူးတူး နဲ့ မို့ မချခဲ့မိ ဘူးလားလား မသိတော့။ 🙄
    ဒီတော့ ထပ် ရေးပါ့မယ်။
    =====
    သူ နဲ့ ကိုယ် “ပလေတိုးနစ် တဲ့ … အပြစ်ကင်းတဲ့ ချစ်ခြင်း” ရှိတယ်။
    သူက မလိုချင်ဘူး တဲ့။
    ဒီတော့ ပြန်သိမ်းလိုက် တယ်။
    နောက်တော့ ပြန်ယူမယ်တဲ့။
    ပြန်ပေးလိုက် တယ်။
    နောက် သူ က အဲဒါ သူလိုချင်တာ မဟုတ်ပြန်ဘူး တဲ့။
    ကိုယ် ကလဲ သူလိုချင်တာ မရှိ ဘူး လို့ ပြောလိုက် တယ်။
    ဒါနဲ့ ဘဲ သူ နဲ့ ကိုယ် ကြား စာရင်းတွေရှုပ် ပြီး အငြင်း အခုံ တွေ ရှိ သွားခဲ့တယ်။ :-))))

    • ဇီဇီ ခင်ဇော်

      August 10, 2014 at 3:09 pm

      အဟဟ။
      တူထာ။
      ခက်တာက ဂိုင်း များက ပလေတို ရဲ့ အချစ်အကြောင်း စ လိုက်ရင်
      ဘာမှ မဘာရတာပဲ မြင်ပြီး ငြင်းတာက အရင်။
      :kwi:

Leave a Reply