” ဈေးထဲမှ အလွယ်ဝယ်ယူနိုင်သော သက်စောင့်ဩဇာဓာတ် ဗီတာမင် “

ခင္ခAugust 8, 20141min1278

” ဈေးထဲမှ အလွယ်ဝယ်ယူနိုင်သော သက်စောင့်ဩဇာဓာတ် ဗီတာမင် “

 

ဗီတာမင် ဆိုတာကိုတော့ အတော်များများ အခုခေတ်မှာ ရင်းနှီးသိထားကြပြီးသားပါ၊ အခုခေတ်မှာ ဆေးကြေငြာတာတွေကလည်း မျိုးစုံမို့လေ၊ ကျုပ်တို့ခန္ဓာကိုယ်မှာ သတ္ထုဓာတ်တွေ မျိုးစုံလိုအပ်နေပြီး အဲဒီသတ္တုဓာတ်တွေကဘဲ ခန္ဓာကိုယ် ကျန်းမာအောင် နုပျိုလန်းဆန်းအောင် သွားလာလှုပ်ရှား အားအင်ရှိ အောင်ထောက်ကူပေးကြတာပါ၊ လူ့ခန္ဓာကိုယ်အတွင်း အစာခြေချက်မှု စွန့်ပစ်မှု ဓာတုဖြစ်စဉ် ပုံမှန်လည်ပတ်မှု အတွက် ဗီတာမင်ကို အစားအစာတွေက ရယူကြပါတယ်၊ ဗီတာမင်ကို သက်စောင့်ဩဇာဓာတ်လို့လည်း ခေါ်ကြပါသေးတယ်၊ တကယ်လည်း ဗီတာမင်ဟာ သက်စောင့်ဓာတ်ပါဘဲ၊

အဲဒီ ဗီတာမင်ကို အမျိုးအစား အုပ်စုတွေခွဲပြီး သတ်မှတ်ကြပါတယ်၊ ဗီတာမင် အေအုပ်စု ဘီအုပ်စု စီအုပ်စု ဒီအုပ်စု အီးအုပ်စု အိပ်(ချ)အုပ်စု ကေ အုပ်စု နဲ့ ပီအုပ်စု ဟူ၍ဖြစ်ပါတယ်။ တကယ်တော့ ဗီတာမင်တွေဟာ နေ့စဉ်စားသုံးနေသော အစားအစာတွေထဲမှာ ပါပြီးသားဆိုပေမယ့် အစာအစာကို မျှမျှတတ မစားကြရင် စားပင်စားသော်လည်း ဗီတာမင်အပြည့်အစုံ ခန္ဓာကိုယ်ကရရှိဖို့ နည်းပါးလာတတ်တဲ့အခါ ဗီတာမင်ပါသော ဆေးဝါးတွေကို အစားထိုး အားဆေးအဖြစ်သောက်သုံးမှုဖြစ်လာကြတာပါဘဲ၊ အားဆေးသောက်လိုက်ရင် လူခန္ဓာကိုယ်မှာ ဗင်တာဓာတ်တွေရောက်သွားပြီး အားရှိသွားကြမယ်လို့ တစ်ချို့ထင်ကြပါတယ်၊ တကယ်တော့ မာတီဗီတာမင်ပါတဲ့ အားဆေးကိုသောက်ပေမယ့် လူခန္ဓာကိုယ်က သူ့မှာလိုအပ်တဲ့ ဗီတာမင်အုပ်စုကိုဘဲ လက်ခံရယူတာပါ ခန္ဓာကိုယ်ထဲမှ ရှိပြီးသားမလိုအပ်တဲ့ဗီတာမင်အုပ်စုကိုတော့ ခန္ဓာကိုယ်က မစုပ်ယူတော့ဘဲ ဆီးအဖြစ်ပြောင်းလဲကာ စွန့်ဖယ်ပြစ်ကြတာလည်း ခန္ဓာကိုယ်ရဲ့ သဘောသဘာဝပင်ဖြစ်ပါတယ်၊ ဒါကြောင့် တစ်ချို့ယူဆတဲ့ အားပိုရှိအောင် တစ်နေ့ကို အားဆေး မနက်ကော ညရော သောက်နေတာမျိုးတွေ ရှိပါတယ်၊ တကယ်တော့ သောက်သာဘဲဖြစ်ပါလိမ့်မယ် လူခန္ဓာကိုယ်က လိုသလောက်ဘဲ ဗီတာမင်ကိုရယူတာပါ၊ ဆေးဝါးမသုံးဆောင်ဘဲ အစားအသောက်တွေနဲ့ ခန္ဓာကိုယ်လိုအပ်တဲ့ ဗီတာမင် အဟာရဓာတ်တွေကို ဖြည့်မယ် ဆိုရင် ဘယ်အသီးအနှံ ဘယ်လိုအစားအစာတွေကနေ ဘယ်လိုဗီတာမင် အမျိုးအစားအုပ်စုတွေရသလဲဆိုတာ ပိုင်းခြားသိရင် စာဖတ်ပရိတ်သပ်အနေဲ့ ပိုအဆင်ပြေလိမ့်မယ်လို့ထင်ပါတယ်၊ ဒါကြောင့် ဗီတာမင်အုပ်စုအမျိုး အစား နဲ့ ပါဝင်သည့်အစားအစာတွေကို အုပ်စုလိုက်ဖော်ပြပေးလိုက်ပါတယ်။

ဗီတာမင် အေအုပ်စု

ဗီတာမင်အေမှာမှ အေ ၁ နှင် အေ ၂ ဆိုပြီး ရှိပါသေးတယ်၊

ဗီတာမင် အေ ၁ ပါဝင်တဲ့ အစားအစာတွေကတော့ ငါး ၊ အသည်း တို့မှ ထုတ်ယူသော အဆီ၊ ကြက်ဥ အနှစ်၊ တိရိစ္ဆန် နို့ရည်နှင့် နို့ထွက်ပစ္စည်း များဖြစ်ကြပါသည်။ ဗီတာမင်အေ ၁ ၏ အရောင်မှာ အဝါအကြည်ရောင်ရှိ တတ်ပါသည်၊

ဗီတာမင် အေ ၂ ကို တရုတ်ဆီးသီး မုန်လာဥဝါ ကန်းစွန်းဥ စသည့် သစ်သီး သစ်ဥများမှ ရရှိနိုင်ပြီး ဗီတာမင် အေ ၂ ၏ အရောင်သည် ရွှေဝါရောင်ဖြစ်ပါတယ်

 

ဗီတာမင် ဘီအုပ်စု

တိရိစ္ဆာန်များ၏အသည်း၊ ဝက်သား၊ ကြက်သား၊ ငါး၊ ကျောက်ကပ်၊ ဆန်လုံးညို၊ ဖွဲနု၊ ဂျုံစေ့၊ ပဲဆန်၊ သစ်စေ့၊ နို့ရည်၊ ဒိန်ခဲ၊ အစိမ်းရောင်ဟင်းစားရွက်များမှ ရနိုင်ပါတယ်၊

 

ဗီတာမင် စီအုပ်စု

အရည်ရွှမ်းသောသစ်သီး၊ ခရမ်းချဉ်သီး၊ သစ်ရွကါစိမ်းစုံ၊ အာလူး၊ ငရုတ် တို့မှရနိုင်ပါတယ်၊

 

ဗီတာမင် ဒီအုပ်စု

နို့၊ ဥ ၊ ငါး နှင့် နေရောင်ခြည်မှ ရနိုင်ပါတယ်။

 

ဗီတာမင် အီးအုပ်စု

သစ်ဆိမ့်သီး၊ မြေပဲ၊ နေကြာစေ့၊ နေကြာဆီ တို့မှ ရနိုင်ပါတယ်။

 

ဗီတာမင် ဂျီအုပ်စု

နို့၊ ဥအမျိုးမျိုး၊ အသားစိမ်း၊ ဟင်းရွက် တို့မှရနိုင်ပါတယ်။

 

ဗီတာမင် အိပိ(ချ်)အုပ်စု

အသည်း၊ မြေပဲ၊ သစ်စေ့၊ ဥအမျိုးမျိုးအနှစ်၊ မှို အစိုအခြောက်၊ ဌက်ပျောသီး၊ ဖရဲသီး တို့မှရနိုင်ပါတယ်။

 

ဗီတာမင် ကေအုပ်စု

ဟင်းစားအရွက်များ၊ မုန်လာဥ၊ ဂေါ်ဖီထုပ်၊ ဟင်းသီးဟင်းရွက်ဆီ တို့မှရနိုင်ပါသည်၊ ထိုဗီတာမင် ကေအုပ်စု သည် သွေးပိတ်ဆို့မှုမှာ ကာကွယ်ပေးပါသည်။

 

ဗီတာမင် ပီအုပ်စု

စားသုံး၍ရသော စိုက်ခင်းပင် အပင်ငယ်လေးများမှ ရနိုင်ပါတယ်၊ ထိုဗီတာမင် ပီအုပ်စုသည် သွေးကြောငယ် လေးများ၏ နံရံထိန်းဖြစ်ပါသည်။

 

ဗီတာမင်ဒီကို အစားအသောက်မှမဟုတ်ဘဲ နေပူစာလှုံခြင်း နေရောင်အောင်လမ်းလျှောက်ခြင်း ဖြင့်လည်းရရှိနိုင် ပါသည်၊ ဗင်တာမင်ဒီသည် အသက်အရွယ်ကြီးရင့်လာတဲ့အခါ အရိုးခြင်ဆီအားနည်းမှုဖြစ်တတ်ပါတယ်၊ အရိုးခိုင် မာအောင် ဗီတာမင်ဒီ လိုအပ်ပါတယ်လို့ တိုက်တွန်းချင်ပါတယ်။

 

တစ်ခုတော့ရှိပါတယ် မိမိခန္ဓာကိုယ်မှာ ဗီတာမင်ကြွယ်ဝဖို့ အတွက် အသား၊ ဥ နဲ့ ဟင်းရွက်တို့ကို မျှတစွာစား ပေးဖို့လိုပါတယ်၊ အမျိုးသမီးတွေ အသောက်များတဲ့ ဆေးတစ်ခုဖြစ်သော ဖယ်ရိုဗစ်ကဲ့သို့သောဆေးသည် အမျိုးသမီးများ ခန္ဓာကိုယ်လိုအပ်တဲ့ သံဓာတ်အများဆုံးပါဝင်ဆေးဖြစ်ပါတယ်၊ အဲဒီ သံ ဓာတ်ကို ဟင်းနုနွယ် ရွက်စားခြင်းဖြင့် ရနိုင်သည်ဆိုတဲ့နေရာမှာ တစ်နေ့တာသံဓာတ်လုံလောက်စွာရဖို့ ဟင်းနုနွယ်ရွက် ၈ဝ ကျပ် သားခန့် စားရမှာဖြစ်ပါတယ်၊ အဲဒီနေရာမှာ ကြက်သား နဲ့ အားလူး ဟင်းချက်စားပြီး ဟင်းနုနွယ်ရွက် အနည်း ငယ်ကြော်စားလိုက်ရင် အမျိုးသမီးများအတွက် ခန္ဓာကိုယ်လိုအပ်တဲ့ သံဓာတ်ပမာဏရရှိမှာဖြစ်ပါတယ်။ သံဓာတ်သည် သွေးနီဥအတွက် အားပေးသော အစားအစာပါ။

ဖော်ညွှန်းပါဗီတာမင်ပါ အသား ဥ နှင့် ဟင်းရွက်များကို မြန်မာဈေးတွင် အလွယ်တကူဝယ်ယူနိုင်သည်ဖြစ်၍ ကျန်းမာရေးအတွက် မိမိခန္ဓာကိုယ်တွင် ဗီတာမင်ဓာတ်ပြည့်ဝအောင် အသား၊ ဥ နှင့် ဟင်းသီးဟင်ရွက် အသီးတို့ကို မျှတစွာစားနိုင်ကြဖို့ ဖတ်ဖူး ကြားဖူး သိတမျှထဲမှ မျှဝေလိုက်ပါသည်။

 

ခင်ခ။

8 comments

  • manawphyulay

    August 8, 2014 at 10:17 am

    အသားကတော့ သိပ်မစားဖြစ်တာကြာပါပြီ။ အနံ့သိပ်မခံနိုင်ဘူးဖြစ်နေလို့ အသီးအရွက်ပဲ စားဖြစ်ပါတယ်။
    နောက် ဖယ်ရိုဗစ်ကဲ့သို့သောဆေးသည် ဝမ်းအရမ်းချုပ်သဖြင့် မသောက်တော့ဘူး။ ဘာအားဆေးသောက်သောက် လူကလည်း မဝဘူးဖြစ်နေတယ်။
    ဘိုလိုလုပ်ရပါ့ ဦးဦးခင်ခ….. :mrgreen:

    • ခင် ခ

      August 8, 2014 at 10:24 am

      သံဓာတ်များသော ဆေးများသည် ဝမ်းချုပ်တတ်သည့်သဘောရှိပေမယ့် အမျိုးသမီးများအတွက် ထိုသံဓာတ်သည် သက်စောင့်ဓာတ်ဟုပြောရပါတယ်ဗျ၊ ထိုသံဓာတ်ရစေမယ့် ဝက်အသည်း ကြက်အသည်း တွေကျတော့လည်း အမြဲစားဖို့က မဖြစ်နိုင်ဘူးလေ။ ဝမ်းချုပ်တတ်ရင် အသီးဖော်ရည် ချဉ်ရည်တို့စားပေးပြီး သံဓာတ်ပါသောဆေးတော့ သောက်သင့်ပါကြောင်း………..။

  • ဇီဇီ ခင်ဇော်

    August 8, 2014 at 10:24 am

    ဝှါးးးးးးးးးးးးးးးးးးးးးးးးး
    :a:
    ကိုကြီး ခ သများ ရေးမို့ ကြံထားတာ ဦးသွားပြီ။
    ဟိဟိ။ :mrgreenn:
    ရေးဖြစ်မှ ဒီ ပို့(စ) ကို ရီဖာ လုပ်လိုက်မယ်နော်။
    :k:

    • ခင် ခ

      August 8, 2014 at 11:15 am

      အဲ စိတ်ကူးရှိတုန်း ရေးဖြစ်သွားတာပါ
      ဇီဇီခင်ဇော် ထပ် ရေးတော့လည်း စာဖတ်ပရိတ်သပ်အတွက် ဖတ်ခွင့်စာတစ်ပုဒ် ထပ်ဖြစ်မှာပါ။
      ကျုပ်လည်းမျှော် နေမယ်နော်

  • အလင်းဆက်

    August 8, 2014 at 3:53 pm

    တစ်နေ့ တစ်နေ့..ကျနော် စားဖြစ်တဲ့အထဲ…
    ဗီတညမင် ( C ) က..အများဆုံးပဲ…

    • ခင် ခ

      August 8, 2014 at 4:17 pm

      သဘာဝဗီတာမင် စီ အစားများခြင်း ကိုယ်ခန္ဓာအတွက် ခုခံအားကိုကောင်းစေတဲ့အကျိုးရှိသော်လည်း စီဗစ်လိုမျိုး ဘိုင်စီးလိုမျိုး စီမံထုတ်ထားတဲ့ ဆေးများပါ ဗီတာမင်စီကို မလိုအပ်ဘဲ အစားများခြင်းသည် သည်းခြေ ကျောက်ကပ်တို့တွင် ကျောက်အနည်ကျမှု ဖြစ်နိုင်ချေရှိတယ်လို့တော့ ဖတ်ဖူးတယ်ဗျ။

  • TNA

    August 10, 2014 at 4:14 pm

    မှတ်သားသွားပါတယ် ကိုခင်ခရေ။ တခါတရံ ဘယ်ဗီတာမင်အတွက် ဘယ်အစားအစာဆိုတာ လိုက်လို်က်ရှာနေရတာမို့ ခုတော့ အတော်ပဲဖြစ်သွားတယ်။ ကျေးဇူးပါ

    • ခင် ခ

      August 11, 2014 at 10:14 am

      ဝင်ရောက်အားပေး မှတ်သွားသေးလို့ ကျေးဇူးပါ TNA ရေ။

Leave a Reply