အရောင်ရင့်မှတ်တမ်း ဩဂုတ် ၂၀၁၄

kaiAugust 8, 20143min24224

IBM stuffs 16 million neuron chips into binary ‘frog’ brain

Cram 5.4 billion gates, million neurons in 28nm CMOS processor

By Chris Williams,

IBM researchers developing chips that mimic the brains of mortals say they’ve created a 4,096-core processor that simulates a million neurons.

The SyNAPSE silicon, fabricated by Samsung using a 28nm process, has 5.4 billion CMOS transistor gates, consumes 70mW, and uses a processor architecture completely unlike today’s CPUs.

..

The aim is to build a computer with ten billion neurons and a hundred-trillion synapses that consumes just one kilowatt of power and occupies less than two litres in volume.

..

That’s two orders of magnitude down from what DARPA describes as a “human-level design”, as you can see from this slide. Today, the technology represents 16 million neurons as opposed to the roughly 100 billion inhabiting each of our grey matter.

DARPA Synapse project roadmapDARPA’s SyNAPSE timeline from 2011 … click to enlarge

“16 million neurons is roughly the scale of a frog brain,” Prof Furber quipped. “So, the IBM board may be able to catch a fly for its dinner.”

==================

US Secretary of State’s message to Myanmar leaders – Huffington Post

Many hail the Obama administration’s engagement policy. In his speech to graduates of the West Point military academy on May 28, 2014, Obama claimed reforms in Myanmar as a success for U.S. foreign policy.

Obama then said, “We’re now supporting reform and badly needed national reconciliation through assistance and investment, through coaxing and, at times, public criticism. And progress there could be reversed, but if Burma succeeds, we will have gained a new partner without having fired a shot.”
However, Obama’s interpretation of diplomatic success is not pleasantly received in the U.S. Congress. Citing a growing list of human rights violations, the Chairman of the House Foreign Affairs Committee Ed Royce on July 9, 2014 called for a range of new punitive measures, including visa bans, an end to U.S.-Myanmar military cooperation, and a consideration of re-imposing economic sanctions.

http://www.theregister.co.uk/2014/08/07/ibm_synapse_chip/

24 comments

  • Mr. MarGa

    August 9, 2014 at 10:24 am

    ဘယ် စမ်းသပ်ချက် ဖြစ်ဖြစ် ဖားကနေ စတာပဲကိုးးး
    ဖားကလေးတွေ သနားစရာ
    (မှတ်ချက် – ဟို ဖားသက်ပြင်း မပါ) :mrgreenn:

  • ဇီဇီ ခင်ဇော်

    August 9, 2014 at 12:16 pm

    ခု ဖားကိစ္စတွေ ခေတ်စားလာပြီ ဆိုတော့ ဖားတဲ့ ပို့(စ) အဲလေ ဖားပို့(စ) လေး ရေးအူးမှ။
    :kwi:

    အစမ်းသပ်ခံ ဖား အရှုံးး ~~~~~~~~~
    သဘောထားအကြီးဆုံးးး ~~~~~
    အားလုံးနဲ့ နှိုင်းယှဉ် ~~~~~~~~
    တို့ ကတော့ ဂတုံးးးး~~~~~~~

    :mrgreen:

  • kai

    August 9, 2014 at 5:04 pm

    ⏩ဆရာမကြီး ဒေါ်မြင့်မြင့်ခင်၏ အကြောက်တရား⏪

    ဒေါက်တာအောင်ကြီး

    နိုင်ငံတော်အကြီးအကဲကို မကြောက်တဲ့သူ

    ကျွန်တော်တို့ မန္တလေး ဆေးကျောင်းဆင်းတွေ ကျောင်းသား ဘဝက စပြီး ပင်စင်ယူပြီးသည်အထိ ကြောက်ချစ်ရိုသေရတဲ့ မာမီကြီး သို့မဟုတ် ဒေါက်တာ ဒေါ်မြင့်မြင့်ခင်ကို တပည့်တွေ တသသ ဖြစ်ရတုံး။ သူ့အကြောင်း တဖွဖွ ပြောရတုံး။သူ့ရဲ့ ထက်မြက်မှုတွေ၊ တော်တည့်ဖြောင့်မှန်မှု တွေ၊ ဟုတ်မှန်ရာကို ဘယ်သူ့မျက်နှာမှ မထောက်ဘဲ ရဲရဲဝံ့့ဝံ့ ပြောဆိုတင်ပြမှုတွေ၊ တပည့်တွေရဲ့ ရှေ့လမ်းခရီးအတွက် ကြောင့်ကြစိုက်မှုတွေ၊ ဘဝတူ ဆရာဝန် အိုကြီးအိုမတွေရဲ့ဘဝနဲ့ ကျန်းမာရေးအတွက် အင်တိုက်အားတိုက် လုပ်ဆောင်မှုတွေ။ ပြောလို့ရယ် ဘယ်မကုန်။ နေသူရိန်က မကြောက်တရား ဆိုတာ ဟောခဲ့တယ်။ ကျွန်တော်က ဆရာမကြီးရဲ့ အကြောက်တရား ဆိုတာ ပြောချင်တယ်။

    တစ်ခါက နိုင်ငံတော် အကြီးအကဲ မန္တလေးကို တိုင်းခန်းလှည့်လည်လာသတဲ့။ မဆလပါတီ ဥက္ကဋ္ဌကြီး ဦးနေဝင်း။ မန္တလေးက ပညာရှင်တွေနဲ့ တွေ့ချင်ပါတယ်ဆိုလို့ နန်းတွင်း တပ်ဧည့်ရိပ်သာမှာ တွေ့ဆုံပွဲတစ်ခု တိုင်းမှူးက စီစဉ်ပေးရတယ်။ ဦးနေဝင်း ဆိုတာ လူတွေ မော်လို့မှ မကြည့်ရဲလောက်အောင် ဖုန်းမီးနေလ ထွန်းပနေချိန်။ သူ့နာမည်ကိုတောင် လူကြားထဲ ကျယ်ကျယ် မပြောဝံ့ကြ။ နံပါတ်ဝမ်းကြီးလို့ တိုးတိုးတိတ်တိတ် ကြိတ်ခေါ်ရတာ။ ပါမောက္ခချုပ်တွေ ဌာနမှူးတွေ ပညာရှင်တွေအစုံနဲ့ ဥက္ကဋ္ဌကြီး တွေ့ဆုံပွဲ။

    ထုံးစံအတိုင်း ဒီလိုတွေ့ဆုံပွဲမှာ ဘယ်သူမှ တုပ်တုပ်လှုပ်ဝံ့တာ မဟုတ်။ ကြည့်တာတောင် ကိုယ့်ရှေ့တည့်တည့်ဘဲ ကြည့်ရဲတာ။ မြင်းတွေ ပါးချပ်တပ်ထား သလို။ ဥက္ကဋ္ဌကြီး ပြောသမျှ မှန်ပါ့ လုပ်ရတာ။ သူ့လေသူမိရင်း ဥက္ကဋ္ဌကြီး ငါ့မြင်းငါစို်င်း လိုက်တာ ပညာရှင်တွေရဲ့ ခြေချောင်းလေးတွေပေါ် တက်နင်းတာတွေ၊ ဖနောင့်နဲ့ ကြိတ်တာတွေ ဖြစ်ကုန်ရော။ “ခင်ဗျားတို့ ပညာရှင်တွေ မန္တလေးလို ယဉ်ကျေးမှု အချက်အချာ မြို့ကြီး ကံကောင်း ထောက်မစွာ ရောက်နေရက်ကနဲ့ ကိုယ့် အဝန်းအဝိုင်း အပြင်မထွက်ဘဲ မလေ့လာဘဲ နေတာ ညံ့ရာမကျဘူးလား” ဘာညာဘာညာ ပေါ့ဗျာ။ ပညာရှင်တွေကဘဲ . . ဘာရလိမ့်မလဲ . . သိတယ် မဟုတ်လား . . အားလုံး ပြုံးပြုံးလေး အောင့်ခံနေလိုက်ကြတာပ။ သူက ဥက္ကဋ္ဌကြီး ဆိုတော့ သူ့တာဝန်က ပြောဖို့။ ပညာရှင်တွေရဲ့တာဝန်က ဥက္ကဋ္ဌကြီး ပြောတာ နားထောင်ဖို့။ အဆင်ကိုပြေလို့။

    အဆင်မပြေတာက ဆရာမကြီး ဒေါ်မြင့်မြင့်ခင်။ သူူက နံပါတ်ဝမ်းကြီး ထင်ရာ တုပ်နေတာ အစာမကြေဘူး။ အားလုံး ငုပ်တုပ် ထိုင်ခံနေတာလည်း သူမကြိုက်ဘူး။ သူမနေနိုင်တာနဲ့ လွတ်ခနဲ ဝင်ပြောလိုက်တယ်။

    “ကျွန်မတို့ မန္တလေး ရောက်ကတည်းက ဆေးရုံနဲ့ ဆေးကျောင်းထဲတင် ထိုင်မနေပါဘူး။ မန္တလေး မှာ ကြည့်သင့် ကြည့်ထိုက်တဲ့ နေရာတွေ ရောက်အောင်သွားတယ်။ တွေ့သင့် တွေ့ထိုက်တဲ့ လူတွေနဲ့ တွေ့ပါတယ်။ စကားပြောပါတယ်။ တမ္ပဝတီကို မကြာ မကြာ ရောက်ပါတယ်။”

    ဥက္ကဋ္ဌကြီး အံ့ဩတကြီး လှမ်းကြည့်လိုက်တယ်။ ဘယ်သူများလဲပေါ့။ ငယ်ငယ် ချောချော ထက်ထက်မြက်မြက် ရှိပုံရတဲ့ အမျိုးသမီးတစ်ဦး။ သူ “ဖျား”သွားပုံရတယ်။ တစ်ဖက်ကလည်း သူပြောသမျှ ငုံ့ခံမနေဘဲ နှုတ်တုံ့လှန်တဲ့ ဒီအမျိုးသမီး ကို စိတ်ဝင်စားသွား ပုံရတယ်။ ဒီမှာတင် ဆရာမကြီးနဲ့ ဥက္ကဋ္ဌကြီး စကားလက်ဆုံကျသွားပါ သတဲ့။ ဂျပန်ခေတ် အတွေ့အကြုံတွေ ရယ်ရယ်မောမော ပြောတဲ့ဆိုတဲ့ အဆင့်ထိ ရောက်သွားပါသတဲ့။ တွေ့ဆုံပွဲ တက်ရောက်လာတဲ့ ကျန်တဲ့ ယောက်ျားသားတွေ တုပ်တုပ်မှ မလှုပ် ငုပ်တုပ်။

    ဒေသဆိုင်ရာအကြီးအကဲကို မကြောက်တဲ့သူ

    ဆရာမကြီး အငြိမ်းစား ယူခါနီး နောက်ဆုံး စစ်ဆေးရတဲ့ စာမေးပွဲမှာ ကြုံရတာကလည်း မှတ်သားလောက်တယ်။ နောက်ဆုံးနှစ် စာမေးပွဲ ဖြေဆိုတဲ့ တပည့်တွေထဲမှာ တိုင်းကောင်စီ အရာရှိကြီးတစ်ဦးရဲ့ ရင်သွေးတစ်ဦးပါလေရဲ့။ သူကလေးက ကျန်တဲ့ဘာသာတွေ အောင်ပြီး ဆရာမကြီးတို့ စစ်ဆေးရတဲ့ ဘာသာရပ်မှာ လာကျနေတာ။ ဘယ့်နှယ် လုပ်ကြမတုံး။ သတင်းအစအန ရသွားတဲ့ ကြားပွဲစားတွေက ဆရာငယ်တွေ/ဆရာလတ်တွေကို အစ်အောက်မေးကြ။ မသိမသာ ဖိအားပေးဖို့ ကြိုးစားကြ။ ကာယကံရှင်ဖက်က ဘယ်လိုသဘောထားတယ် မသိ။ ဆရာမကြီးဖက်ကတော့ စိတ်ရှင်းလိုက်သမှ။ စာမေးပွဲတစ်ခုရဲ့ လုပ်ရိုးလုပ်စဉ် ဖြစ်ရိုးဖြစ်စဉ်လမ်းကြောင်း အတိုင်း သွားစေ။

    “ဒီကလေးကို အအောင်ပေးရအောင်က သူ့ကို ငါချထားတာ မဟုတ်ဘူး။ ငါချထား ရင်လည်း ချသင့်လို့ ချထားတာဘဲ။ အအောင်ပေးစရာ အကြောင်းမရှိဘူး။ အခုဟာက တခြား စာစစ်တွေက ချထားတာ။ သူတို့လည်း အကြောင်းမဲ့ လုပ်ထားတာ မဟုတ်ဘူး။ ငါက ကြားထဲက ဝင်စွက်ဖက်စရာ ဘာအကြောင်း မရှိဘူး။”

    သူ့အိမ်ကို ဖုံးတွေ ဝင်လာမစဲ တသဲသဲ။ လူကိုယ်တိုင်တော့ ဘယ်သူမှ လာမတွေ့ရဲဘူး။ စိတ်ကူးထဲတောင် ထည့်ရဲမယ်မထင်။ အဲဒီအချိန် လာတဲ့ ဖုုံးမှန်သမျှ ဆရာမကြီး ကိုယ်တိုင် မကိုင်တော့ဘူး။ အိမ်ကလူ တစ်ဦးဦး ကိုင်စေတယ်။ စာမေးပွဲနဲ့ ပတ်သက်တယ် ဆိုရင် ဆရာမကြီးဆီ သတင်း ဆက်ပို့စရာမလို။ ဖုံးပွဲစားတွေလည်း နောက်ဆုံးတော့ လက်လျှော့သွားပုံရတယ်။ အောင်စာရင်းမှာ အဲဒီ စာသင်သား နာမည် ပါမလာဘူး။

    ဆရာမကြီးကြောက်တဲ့ ဆရာ ATBT

    နိုင်ငံတော် အကြီးအကဲကိုရော ဒေသဆိုင်ရာ အကြီးအကဲကိုရော ဒီလို တုံ့ပြန်ဝံ့ တုံ့ပြန်ရဲတဲ့ ဆရာမကြီးတစ်ယောက် လောကကြီးထဲ သူကြောက်စရာလူ မရှိလောက်ဘူးလို့ ခင်ဗျားတို့ ထင်ကြပေလိမ့်မယ်။ ဒီပွဲ ခင်ဗျားတို့ လွဲတယ်။ ဆရာမကြီး ကြောက်ရတဲ့လူ လောကကြီး ရှိသေးသဗျ။ ကျွန်တော်သိသလောက် နှစ်ယောက်ရှိတယ်။

    ဆရာ ATBT လို့ လူသိများတဲ့ ဆရာကြီး ဒေါက်တာ ဦးအောင်သန်းဘတူက ဆရာမကြီး ကြောက်ရတဲ့သူ တစ်ဦး။ ဆရာက မာမီ့ထက် ငယ်ပါတယ်။ ဆရာဝန်ငယ် ဘဝက မာမီ့လက်အောက်မှာတောင် အလုပ်လုပ် သွားဖူးသေးတယ်။ ဘာလုပ်လုပ် စနစ်တကျ သပ်သပ်ရပ်ရပ် လုပ်သူ။ အင်မတန် စူးစိုက်အားကောင်းသူ။ ဆေးလောကမှာ ကျင်လည်ရင်း ဆေးပညာ ပါမောက္ခဘဝကနေ မြန်မာနိုင်ငံ ဆေးပညာ သုတေသန ဌာန ညွှန်ကြားရေးမှူးချုပ် အထိ ဖြစ်တယ်။ဒေသဆိုင်ရာ ကမာ္ဘ့ကျန်းမာရေး အဖွဲ့ကြီးမှာ ဆက်လုပ်တယ်။ အငြိမ်းစားယူပြီးနောက်ပိုင်း မြန်မာနိုင်ငံ ဆေးပညာရှင် အသင်းမှာ ဝင်လုပ်တော့ ဆရာမကြီးနဲ့ ဆုံရပြန်တယ်။

    အလုပ်အတူတူ လုပ်ကြရင်း ပြဿနာတွေ ဆွေးနွေးညှိနှိုင်းစရာတွေ ပေါ်လို့ ညှိကြနှိုင်းကြရတဲ့အခါ ကိစ္စ တော်တော်များများမှာ မာမီကြီးနဲ့ ဆရာနဲ့ ထပ်တူထပ်မျှ သဘောချင်း တိုက်ဆိုင်တာ တွေ့ရသတဲ့။ တခါတလေ တစ်ဦးကိုတစ်ဦး ကြိုတင် တိုင်ပင်ထားတာ မဟုတ်ဘဲ ဖြစ်နိုင်တဲ့ပြဿနာ (issues) နဲ့ ဖြစ်နိုင်ခြေရှိတဲ့အဖြေတွေ (solutions) အိမ်မှာ ချရေးခဲ့ပြီး အစည်းအဝေး လာသတဲ့။ အစည်းအဝေး ရောက်ခါမှ တစ်ဦး မှတ်စု တစ်ဦး တိုက်ကြည့်တဲ့ အခါ ထပ်တူနီးပါး တူနေတာ တွေ့ရတတ်သတဲ့။ စကားလုံး ရွေးချယ်ပုံကအစ။

    “မောင်အောင်ကြီးနှယ်ကွယ်။ သူ့ notes နဲ့ ကိုယ့် notes တိုက်ကြည့်ရင် တခါတလေ ထပ်တူနီးပါးကွဲ့။ wording တောင် တူနေလို့ ကိုယ့်မှာ အံ့ဩရသေးတယ်။ သူက တကယ့် တကယ်တော့ ကိုယ့်ရဲ့ intellectual soulmate ဘဲ။”

    ဒါဖြင့် မာမီကြီးက ဆရာ ATBT ကို ဘာအကြောင်းကြောင့် ကြောက်နေရသတုံး။ ဒါကဒီလို။ project တစ်ခုခု/အလုပ်တစ်ခုခု အတူတူ တွဲလုပ်ကြပြီ ဆိုရင် ဆရာက လုပ်ငန်းအစဉ် (timeline) စနစ်တကျ ဆွဲတယ်။ အဲဒီအတိုင်း အချိန်မီ (deadline) ရောက်အောင် သွားတယ်။ သူ့ roadmap က အမြဲလိုလို ကွက်တိ ဝင်အောင်သွားတဲ့ လမ်းညွှန်မြေပုံ။ အလို အပို မရှိ။ ရှိရင်လည်း လုံလောက်တဲ့ အကြောင်းပြချက် ရှိတယ်။ သူက အင်မတန် professional ပီသသူ။

    “ငါကတော့ အလုပ်တွေကများ။ စိတ်တွေကများတော့ သူခိုင်းတာ တခါတလေ အချိန်မီ မပြီးတာ များတယ်။ မင်းသိတဲ့အတိုင်း ငါ့ လက်ထဲမှာ project တွေက ဆယ်ခုလောက် တစ်ပြိုင်တည်း လုပ်နေရတာ။ ဒါကို အောင်သန်းကလည်း သိတယ်။ ဒါပေတဲ့ သူ့မြင်ရင် ‘မမ ကျွန်တော် ခိုင်းထားတာ ပြီးပလား’ လို့ မေးမှာ ငါ့မှာ ကြောက်နေရတာ” လို့ မာမီကြီး ထုတ်ပြောခါမှ ဒီလောကကြီးထဲ ဒေါ်မြင့်မြင့်ခင် ကြောက်တဲ့သူ ရှိသေးကြောင်း ကျွန်တော် သိလိုက်ရပါတော့တယ်။

    ဆရာမကြီးကြောက်တဲ့ ဆရာဦးတင်ထွဋ်

    ဆရာမကြီး ကြောက်ရတဲ့ နောက်တစ်ဦးက မန္တလေးက ခင်ဗျ။ ဆရာမကြီးရဲ့ တပည့် ရင်းချာတစ်ဦး။ ဆရာမကြီး အလွန်ချစ်ခင်သူတွေထဲက တစ်ယောက်။ ဆရာမကြီး ကို လည်း အပြန်အလှန် ချစ်ခင်လေးစားသူ။ ဒေါက်တာ ဦးတင်ထွဋ်။ ဆေးပညာ ပါမောက္ခ။ ကျွန်တော့် ဆရာ။

    ဆရာက အလွန်ရိုး အလွန်အေး။ ကျွန်တော်တို့ တတိယနှစ် ဆေးရုံလက်တွေ့ စဆင်း ကတည်းက ဆရာတော်ခဲ့တာ။ နောက်ဆုံးနှစ်ထိ။ အလုပ်သင်ဆရာဝန် ဘဝထိ။ ဆရာ ဦးခင်မောင်ဝင်း ဆရာ ဦးသန်းထွန်း မမ ဒေါ်သန်းရင်မာ မမ ဒေါ်ခင်မေစန်း မမ ဒေါ်ဝင်းဝင်းမြင့်တို့နဲ့ အတူ ဆေးပညာဌာနမှာ ဆရာအဖြစ်တာဝန်ထမ်းခဲ့တာ။ နောင် ကျွန်တော် ဆေးပညာဌာနမှာ တာဝန်ယူရတော့ ဆရာနဲ့ ပြန်ဆုံစည်းရတယ်။ ဆရာက ရိုးမြဲရိုး အေးမြဲအေး။ ဆရာနဲ့ ရင်းရင်းနှီးနှီး ထဲထဲဝင်ဝင် အလုပ် အတူတူ လုပ်ခါမှ ဆရာ့ရဲ့ အခြား တစ်ဖက်က စာမျက်နှာကို ဖတ်မိတော့တယ်။ ဆရာက မြန်မာသီချင်းကြီး သီချင်းခံ ကြိုက်သူ။ ကွန်ပြူတာ ကျွမ်းသူ။ မအိ်ပ်ဘဲ နေနိုင်သူ။

    ကျွန်တော်တို့ ဆေးပညာဌာနမှာ အမှတ်စာရင်းသွင်းတာအစ ကျောင်းခေါ်ချိန် စာရင်း သွင်းတာအဆုံး အားလုံး ကွန်ပြူတာနဲ့ လွယ်လင့်တကူ တွက်ချက်နိုင်တာတွေ အားလုံးဟာ ဆရာ့အားထုတ်မှု အသီးအပွင့်တွေပါဘဲ။ အဲဒီ ပရိုဂရမ်တွေ ဆွဲနေရရင် သူ့မှာ ပျော်လို့။ ပရိုဂရမ်ကို စမ်းသပ်ရင်း၊ run ရင်း အဆင်မပြေရင် အဖုအထစ်ရှိရင် သူ မအိပ်တော့ဘူး။ ပြဿနာရဲ့ ရင်းမြစ်ကို လိုက်ရှာပြီးပြင်တော့တာ။ ပိုကောင်းတဲ့ စနစ်ကို ရှာတော့တာ။ အလုပ်ဖြစ်ရုံ လုပ်တာမျိုး မဟုတ်ဘူး။ ဒီလိုကိစ္စမျိုးမှာ ဆရာက ဇွဲနဘဲ ကြီးလှတယ်။ မေးခွန်းရိုက်တဲ့အခါ စာလုံး ပမာဏ၊ စာလုံး အထားအသို၊ သတ်ပုံ၊ သဒ္ဒါ အသုံးအနှုံး၊ စာမျက်နှာ ဖွဲ့စည်းပုံ ဒါတွေကိုလည်း ဆရာက အချိန်ယူပြီး စိစစ်တတ်တယ်။ အထပ်ထပ် အခါခါ ပြန်ပြင်တတ်တယ်။ ကျွန်တော်တို့ ဌာနက ထုတ်တဲ့ မေးခွန်းတွေမှာ သတ်ပုံမှားတာ သဒ္ဒါမှားတာ တစ်ခါမှ မတွေ့ရဘူးလို့ ရန်ကုန်က ဆရာမကြီးတစ်ဦး ချီးကျူးဖူးတယ်။ ဒါတွေဟာ ဆရာဦးတင်ထွဋ် လက်ရာ။

    ဆရာ ဦးတင်ထွဋ်က သူ လုပ်သမျှ ကိစ္စတွေမှာ ဒီလို အသေးစိပ် ဂရုပြုတာ၊ ဒီလို စေ့စေ့စပ်စပ်ရှိတာ ဘာပြဿနာ ရှိသတုံး။ ဒါ ကောင်းတဲ့ ကိစ္စဘဲ။ ဒါပေတဲ့ “ကောင်းတဲ့ကိစ္စ” က “မကောင်းတဲ့ကိစ္စ” ဖြစ်သွားတဲ့ အခါလည်း ရှိရဲ့။ အဲဒါကတော့ စာရင်းတစ်ခုခု/မေးခွန်းတစ်ခုခုကို အချိန်မီ အမြန် ပို့ဖို့ လိုတဲ့ အခါ၊ “အားဂျင်း” လုပ်ရတဲ့အခါမျိုးကျရင် ဆရာနဲ့ အလုပ်လုပ်ရတာ တော်တော် စိတ်ညစ်ဖို့ ကောင်းတယ်။ သူ စိတ်ကြိုက် မဖြစ်မချင်း သူ့လက်ထဲက ဘာမှ မထွက်တော့ဘူး။ စာမျက်နှာ ဖွဲ့စည်းပုံ ပြင်ရပြန်တာနဲ့။ စာလုံး size ပြင်ရပြန်တာနဲ့။ သတ်ပုံ ပြန်စစ်ရတာ နဲ့။ ကွန်ပျူတာက spell check လုပ်ပြီးတာ မှန်သော်လည်း တစ်ချို့သော ဆေးပညာ ဝေါဟာရတွေကို ကွန်ပြူတာက သူသိတဲ့ ဝေါဟာရနဲ့ ပြင်အစားထိုးတတ်လို့။ ဥပမာ miliary TB (တစ်ကိုယ်လုံး ပျံ့နှံ့နေတဲ့ တီဘီရောဂါ) လို့ ရေးတာကို ကွန်ပြူတာက military TB လို့ ပြင်ရေးတယ်။ ပိုဆိုးတာက ကျောက်ကပ်ရောင် ရောဂါ တစ်မျိုး nephritic syndrome ရေးတာကို ကွန်ပျူတာက nephrotic syndrome လို့ ပြင်ရေးတဲ့ အခါမျိုး။ ဒီ နှစ်ခုက တူသလိုလို ရှိပေတဲ့ ရောဂါ လက္ခဏာ၊ ကုထုံး၊ ရောဂါ ရဲ့ ရှေ့အလားအလာတွေ တော်တော် ကွာပါတယ်။ ဒီလို မိုင်းကွင်းတွေ သိထားလို့ ဆရာက သေသေချာချာ စိစစ်တာ။ ဒါကို ကျွန်တော် နားလည် သဘောပေါက်ပါတယ်။ ဒါပေတဲ့ သင့်တော်တဲ့ စကားလုံး မရ ရအောင် အချိန် တော်တော်ကြီး ယူပြီး စဉ်းစားတာ၊ စာမျက်နှာ အထားအသိုကို တမေ့တမော လုပ်နေတာကိုတော့ ကျွန်တော် စိတ်ညစ်တယ်။ ဆရာက ဒါမျိုးကို အလွန် အင်မတန် မွေ့လျော်တယ်။ တစ်ခါက ဌာနမှာ ဆရာနဲ့ အတူထိုင်ပြီး မေးခွန်း ထုတ်တာ ညနက် သန်းကောင် တိုင်ပါလေရော။ ကျွန်တော့်မှာ ဇက်ကျိုးလု။

    ဆရာ အငြိမ်းစား ယူသွားပြီးနောက်ပိုင်းကာလ ဌာနက သုံးတဲ့ ကွန်ပြူတာ ပရိုဂရမ် တစ်ခုခု ဗွေဖောက်တိုင်း ဆရာ့ကို သတိရတယ်။ ဆရာရှိရင် ဒါမျိုး အလွယ်တကူ fix လုပ်နိုင်မှာ။ အဲ . . . အချိန်လည်း တော်တော်ယူမှာ။ ဆရာမကြီး ဒေါ်မြင့်မြင့်ခင်က သူ စာအုပ်ရေးရင်းတန်းလန်း အကြောင်းအရာ အချက်အလက် တစ်ခုခု သိချင်တဲ့အခါ ဆရာ့ကို လှမ်းလှမ်းပြီး အကူအညီ တောင်းလေ့ရှိတယ်။ ဆရာက ဆရာမကြီး ရှာခိုင်းတဲ့ အချက်အလက်တွေသာမက တစ်ခြား နှီးနွယ်တဲ့ အချက်အလက်တွေကိုပါ ရှာပေး စုစည်းပေးတာ။ ဒါကြောင့်လည်း ဆရာမကြီးက ဆရာ့ကို အားကိုးတာ။ ဒါဆိုရင်လည်း ဆရာမကြီးက ဆရာ့ကို ဘာကြောင့် ကြောက်ရသတုံး။

    ဆရာမကြီးက လောလောဆယ် ကျမ်းတစ်စောင်ပေတစ်ဖွဲ့ (The heritage: Myanmar Women through the Ages) ပြုနေတာရှိတယ်။ အဲဒီ ကျမ်းအတွက် လိုအပ်တဲ့ အချက်အလက် တစ်ချို့ကို ဆရာဘဲ ရှာပေးခဲ့တာ။ ဒီအထိက ပြဿနာ မပေါ်သေးဘူး။ အဲဒီစာအုပ်ကို တည်းဖြတ်ဖို့၊ သတ်ပုံသတ်ညွှန်း ပြင်ဖို့၊ စာညွှန်း (index) ဖွဲ့ဖို့ ဆရာ့ကို တာဝန်ပေးမယ်လို့ ဆရာမကြီး ဆုံးဖြတ်လိုက်ကတည်းက ပြဿနာ စတော့တာ။ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ဆရာမကြီး မွေးနေ့ပွဲ မန္တလေးမှာ လာလုပ်တဲ့အချိန် ဆရာနဲ့ ဆုံပြီး သူ့စာအုပ်ကို တည်းဖြတ်မယ်ပေါ့။ ဆရာမကြီးက ဒီကိစ္စ တစ်ပတ် ဆယ်ရက် အတွင်း ပြီးမြောက်မယ် ထင်ရှာတာ။ တကယ့်တကယ် ဆရာနဲ့ ဆရာမကြီး အတူတူ လုပ်ကြတော့ ဆရာမကြီး ထင်သလို မဟုတ်ချေတကား။

    ဆရာက စာမူကို အပြန်ပြန် အလှန်လှန်ကြည့်၊ အထပ်ထပ် အခါခါကြည့်။ ရှေ့နောက် မညီဘူး ထင်ရင် ပြန်စစ် ပြန်ပြင် ပြန်ငြင်း။ ဆရာမကြီးကို ချစ်တဲ့ကြားက၊ ဆရာမကြီး ကို ကြောက်တဲ့ကြားက။

    “မောင်အောင်ကြီးရယ်။ မောင်တင်ထွဋ်က တော်ပါတယ်။ အင်မတန် စေ့စပ်တယ်။ ဒါပေတဲ့ သူ့ဟာက စေ့စပ်လွန်းတော့ ငါတို့ အလုပ်က ခရီး မတွင်တော့ဘူးကွဲ့။ ငါ့ စာအုပ် အချိန်မီ ပြီးတော့မယ် မထင်ဘူး။ ငါ သူ့တောင် ကြောက်လာပြီ။”

    လို့ ဆရာမကြီး မညည်းစဖူး ညည်းရှာတယ်။ ကျွန်တော် ဘာပြန်ပြောရမှန်း မသိဘူး။ ကျွန်တော့်အတွက်က ဒါမျိုးတွေ ရိုးနေပြီ။ တစ်ခါက ဆရာမကြီး ကျွန်တော်တို့ ဌာနမှာ လုပ်တဲ့ ဆေးလက်တွေ့ပါရဂူ စာမေးပွဲ လာစစ်တယ်။ ပြင်ပစာစစ် အနေနဲ့ လာတာ။ စာမေးပွဲအပြီး ပြင်ပစာစစ် အစီရင်ခံစာ ရေးရတယ်။ ဆရာမကြီး လက်ရေးနဲ့ ရေးတာ ကို ဆရာက ကွန်ပြူတာ စာစီပေးတယ်။ ဆရာမကြီး ရေးတဲ့အထဲက စာတစ်ကြောင်း ကို ဆရာက ဘဝင်မကျဘူး။ အဲဒါကို သူပြင်ချင်တော့ ကျွန်တော့် လာတိုင်ပင်တယ်။ ကျွန်တော်ကလည်း ဆရာပြောတာ သဘောတူတယ်။ ဒါကို ရိုးတိုးရိပ်တိတ် သိသွားတဲ့ ဌာနမှူးဆရာမကြီးက

    “ဟို နှစ်ကောင် ဘာတွေ ကြံစီနေတာလဲ။ မာမီရေးထားတာ ပြင်ဖို့ လုံးဝ လုံးဝ မကြိုးစားနဲ့နော်။ သိရင် မိုးမီးလောင်မယ်။”

    လို့ ကျွန်တော်တို့ကို ဝမ်နင်ပေးတယ်။ ဒါပေတဲ့ ဆရာက သူ ဘဝင်မကျတဲ့ စာသားကို လွှတ် ပြင်ချင်နေတာ။ သူ့စိတ်ထဲ ကျလိကျလိ။ နောက်ဆုံး မနေနိုင်တဲ့အဆုံး စာကြောင်း တစ်နေရာမှာ semi-colon လေး ထိုးခံလိုက်တယ်။ စာကြောင်း ချောသွားတယ်။အဓိပ္ပာယ်လည်း မပျက်ဘူး။ စီပြီးသား စာမူ ပြန်ဖတ်တဲ့ ဆရာမကြီး စာဖတ်အပြီးမှာ စာရွက်ပေါ် အသာတကြည် လက်မှတ်ထိုးပေးလိုက်ခါမှ ကျွန်တော်တို့ နှစ်ယောက် ရင်ထဲက အလုံးကြီး ကျသွား။ ဆရာ ဦးတင်ထွဋ်က ဒီလိုလူ။

    ဟောဒီလောကီမှာ သူဘာကို ကြောက်တာလဲ

    လူချင်းအတူတူ ဘယ်သူ့ကိုမှ ကြောက်စိတ်မပြခဲ့တဲ့ ဆရာမကြီး ဒေါ်မြင့်မြင့်ခင် ဘာကို ကြောက်နေတာပါလိမ့်။ သူ့ နေဝင်ချိန် နီးကပ်လာပြီဆိုတာ ဉာဏ်ကြီးသူပီပီ သူသိသည်။ လက်ထဲမှာ အလုပ်တွေ အများကြီး ကျန်သေးသည်။ လက်ထဲက အလုပ်တွေထက် ခေါင်းထဲက အလုပ်တွေက ပိုများနေ။ ဒါတွေ သူမသေခင် တတ်နိုင်သရွေ့ အပြီးသတ်သွားခဲ့ချင်သည်။ သူ့နောက်ဆုံးနေ့တွေက ဆေးရုံပေါ်မှာ။ နေလို့ထိုင်လို့ နည်းနည်းသက်သာပြီ ဆိုတာနှင့် ကွန်ပြူတာ တောင်းတော့တာပါဘဲ။ သုံးလေးနာရီ ခေါင်းမဖော်တမ်း အလုပ်လုပ်ပြီ။ တစ်ခါက တပည့်တစ်ဦး သူ့ဆီလာလည်သည်။ သူ့အနားကပ်ပြီး နှုတ်ဆက်သည့်တိုင် သူ လှည့်မကြည့်ခဲ့။ အလုပ်ဇောကပ်နေတာရော၊ နားမကြားတာရော။ ဒီလိုနှင့် တပည့် ဖြစ်သူ တိတ်တိတ်ဆိတ်ဆိတ် လှည့်ပြန်သွားရသည်။

    ဆေးရုံပေါ်မှာနေရင်း၊ ဆေးကုသမှုခံယူရင်း၊ ကိုယ်တွေလက်တွေ ခြေတွေ ဖောသွပ်ရောင်ရမ်းရင်း၊ အမောဖောက်ရင်း၊ အောက်စီဂျင် မပြတ်ရှူရင်း အလုပ်တွေ တရစပ် ကျုံးလုပ်နေသည့် အသက် ၉ဝ ကျော် မြန်မာအဖွားအိုတစ်ဦး သင် မြင်ဖူးပါသလား။ လုပ်သင့် လုပ်ထိုက်သည့် လုပ်နိုင်သည့်အလုပ်တွေကို လုပ်မသွားရမှာ၊ လုပ်နေဆဲ အလုပ်တွေ ဆုံးခန်းတိုင်ပြီးမသွားမှာကို သူ ပူပန်ကြောင့်ကြရှာတာ။ ဆရာမကြီး၏ အကြောက်တရား မြစ်ဖျားခံရာကို ကျွန်တော်မြင်လိုက်ပြီ။

    လူ့ဘဝဆိုတာ မပြီးသေးသော ပန်းချီကားတစ်ချပ်ပါဘဲ။ ပန်းချီကားကြီးက ကြီးလွန်းလှ သမို့ မည်သူမျှ ပြီးစီးသွားအောင် မဆွဲနိုင်ခဲ့ကြ။ ကိုယ်ကျရာ ကိုယ်သန်ရာ အခန်းကဏ္ဍကို ပြီးစီးအောင် ကိုယ်စီ ဆွဲနိုင်ခဲ့ရင်ဖြင့် မပြီးသေးသော ပန်းချီကားကြီးထဲ လှပပြည့်စုံသော ပန်းချီကားချပ်လေးတွေ ပေါ်ထွန်းလာပါလိမ့်မည်။ ဆရာမကြီး ဒေါ်မြင့်မြင့်ခင်၏ အကြောက်တရားမျိုးက ထိုပြီးပြည့်စုံသော ပန်းချီကားလေးတွေ ဖန်ဆင်းရာမှာ ကြီးမားသည့် အထောက်အပံ့ ဖြစ်လိမ့်မည် ထင်သည်။ ။

    ၁၃-၂-၁၃
    ၂၁-၆-၁၄

    • ဝင့်ပြုံးမြင့်

      August 10, 2014 at 7:34 pm

      ဆရာမကြီး ဆုံးသွားတာ တိုင်းပြည်အတွက် အဖိုးမဖြတ်နိုင်တဲ့ ဆုံးရှုံးမှုလို့ ပြောချင်ပါတယ်။ သူ့စာအုပ်တွေထဲမှာ လူနာတွေကို အင်မတန်စေတနာထားတာ သိပ်ပေါ်လွင်တယ်။
      စိတ်မကောင်းလို့ ဘာမှ ဆက်မပြောတတ်တော့ဘူး။

      • kai

        August 11, 2014 at 11:43 pm

        မြန်မာတွေအသက်ကြီးလာရင်.. ဘာလုပ်ရမယ်ဆိုတာ..သိကြစေလိုရင်း.. ရည်ရွယ်ရင်းပါ…။
        .. ဒါကို ဆရာမကြီး.. လက်တွေ့ပြသွားတယ်လို့…

  • ဦးကြောင်ကြီး

    August 9, 2014 at 11:54 pm

    မာမွတ် မာမွတ်
    ဦးမာမွတ်
    လျှာကြီးနဲ့ပွတ်
    ဦးမာမွတ်..
    မာမွတ်သမီး
    ကြောင်ကြီးခွီး
    သဂျီးထငြီး
    ဂဒီး ဂဒီး..

  • kai

    August 10, 2014 at 12:13 pm


    မှန်လှပါ ခြေတော်ရင်း ဆံခင်းလို့ ခြေတော်စုံ ဆံပုံပါတယ်ဘုရား ဝအောင်လည်း ကျွေးလိုက်ပါ လှအောင်လည်း ဆင်လိုက်ပါ ပြုံး၍လည်း ကန်တော့ခံတော်မူပါ ရယ်၍လည်း ကန်တော့ခံတော်မူပါ ဘုရား

    • ခင် ခ

      August 11, 2014 at 11:10 pm

      ဒါဆိုနောက်တော်ဆိုင်းက ရွာစားရေ ဒိုးသံနှောစေဗျာ

  • မြစာကလေး

    August 12, 2014 at 11:41 pm

    သူကြီး
    ဆရာမကြီး အကြောင်း ရေးထားတဲ့ စာလေး ဖတ်ပြီး
    ကိုယ့်ဟာကို ညည်း နေမိတာ ကိုတောင် နဲနဲ ရှက်မိသွားတယ်။
    ဆရာမကြီး ကို အားကျ လွန်းလိုက် တဲ့ စိတ် က အင်အားဖြစ်လိုက်ပါတယ်။
    မျှပေးလို့ ကျေးဇူးပါ။

    • pooch

      August 14, 2014 at 2:27 pm

      စိတ်လေတယ် လော်ထရီးရားလေး လာလို့ သွားအားပေးမလို့ဆို
      မစားဘူး မစားဘူး ဘာမှ မစားတော့ဘူး အငတ်နေမယ် 😥

      • kai

        August 14, 2014 at 5:09 pm

        လော့ထရီးရာက.. ဂျာပွန်ကမဟုတ်လား..
        မက်ခ်ဘာဂါနဲ့ သိပ်တူမယ်မထင်..။

        ဆိုတော့…
        ဒါကိုတင်တာက.. တခြားမဟုတ်ပါဘူး..။
        ကိုယ်ဝန်ဆောင်မိခင်ရဲ့..သားအိမ်ရယ်..။ အစာအိမ်ရယ်..။ အစာအိမ်ထဲက..ဝမ်းမီး(အက်စစ်)ဆိုတာရယ်.. ဘာမှန်းမကွဲကြတဲ့.. မိလိန္ဒပဥှာထဲက.. အမေးအဖြေလေးတွေသတိရမိလို့ပါ…။ :k:

        • pooch

          August 15, 2014 at 6:34 am

          ကိုရီးယားကပါ ၂၄ရက်​​နေ့ Grand opening သူငယ်​ချင်​းကစိုင်​းစိုင်​း​ခေါ်လာမယ်​​ပြောလို့ :mrgreen:

        • kai

          August 18, 2014 at 4:37 am

          History

          The company was founded on February 1972 in Tokyo, Japan by Shin Jun Ho, a Korean entrepreneur. Its first franchises opened in Nihonbashi, Ueno, and Yokohama in September of that year.[2]In 1979 the brand was established in Seoul, South Korea.[3] Lotteria later spread throughout East Asia adding locations in China, Myanmar, Taiwan, and Vietnam.

          ဂျာပွန်က.. ကိုရီးယန်း-ဂျပန်နိုင်ငံသားပိုင်တာတဲ့ဗျ..။ :K:

  • kai

    August 14, 2014 at 8:36 am

    အဖွဲ့ချုပ် ဥက္ကဌအား အမေရိကန်နိုင်ငံခြားရေးဝန်ကြီးလာရောက်တွေ့ဆုံ
    *********************************************************************
    ဩဂုတ်လ ၁ဝ ရက်နေ့ ည ၈နာရီ ၃ဝ မိနစ်က ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် ဥက္ကဌအား အမေရီကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနှင့် အဖွဲ့ဝင်များလာရောက်တွေ့ဆုံရာ ဥက္ကဌ မှလက်ခံတွေ့ဆုံဆွေးနွေးခဲ့သည်။

    National League for Democracy

    • kai

      August 14, 2014 at 5:11 pm

      ဥက္ကဌ မှလက်ခံတွေ့ဆုံဆွေးနွေးခဲ့သည်။

      အဲဒီအဆုံးအပိုဒ်ကို.. ဖတ်ကြည့်ပြီး.. အင်း..
      မြန်မာတွေရယ်လို့. ပြောချင်မိရဲ့..။

      ဒီပလိုမေစီနားမလည်သူတွေများ.. ဒီချုပ်ပြန်ကြားရေးရောက်နေပုံ..။

  • မဆီ မဆိုင် ဖား တဲ့ ကိစ္စ လေး တစ် ခု ပြောချင်ပါတယ်။
    ဆရာမကြီးဒေါ်မြင့်မြင့်ခင်အကြောင်းပါလာလို့ပါ

    မန္တလေးမြို့မှာ မ ဆ လ ပါ တီ မဝင်ဘဲ ကြံကြံခံရင်း အခွင့် အရေးတွေစွန့်လွှတ်ခဲ့သူ တစ်ဦးရှိပါတယ်

    ဦးခင်မောင်စိန်ပါ ဆရာဝန်ကြီး

  • kai

    August 18, 2014 at 4:34 am

    နာမည်ကျော် စီးပွားရေးစာစောင် တခုဖြစ်တဲ့ Wall Street Journal ကတော့ ဒဏ်ခတ်ခံထားရတဲ့သူတွေ အနေနဲ့ အမေရိကန်ရဲ့ စံသတ်မှတ်ချက်တွေနဲ့အညီ လိုက်နာကျင့်ကြံပြီး နာမည်ပျက် စာရင်းထဲမှာ မပါအောင် ကြိုးစားကြဖို့ တိုက်တွန်းထားတဲ့အကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတဦးကို ကိုးကား ဖော်ပြခဲ့ပါတယ်။

    ဇွန်လနှောင်းပိုင်းမှာတုန်းကလည်း နာမည်ပျက်စာရင်းဝင် စီးပွားရေး သမားတွေနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေ ရန်ကုန်မှာ တွေ့ဆုံခဲ့သလို၊ စီးပွားရေး လုပ်ငန်းဆိုင်ရာ ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Charles Rivkin ဟာလည်း ရှေ့လထဲ မြန်မာနိုင်ငံကို သွားတဲ့အခါ ဒီကိစ္စကို ဆွေးနွေးဖို့ စီစဉ်ထားတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

    အောင်လွင်ဦး / ဗွီအိုအေ (မြန်မာပိုင်း)
    http://burmese.voanews.com/content/us-sanctions-miss-the-target/2414655.html

  • kai

    August 31, 2014 at 3:29 pm

    တရုတ်နိုင်ငံ World View မဂ္ဂဇင်း၏ သတင်းထောက်ချုပ်ဖြစ်ပြီး Southwest China University of Political Science \ Journalism and Communications ဌာန ပါမောက္ခ Yin Hongwei သည် ဩဂုတ် ၂၈ ရက်တွင် Eleven Media Group သို့ လာရောက်ခဲ့ကာ တရုတ်-မြန်မာ ဆက်ဆံရေးအခြေအနေနှင့် ပတ်သက်ပြီး Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ပါမောက္ခ Yin Hongwei သည် ၂၀၁၂ ခုနှစ်အတွင်းကလည်း မြန်မာနိုင်ငံသို့ လာရောက်ပြီး ဒေါက်တာသန်းထွဋ်အောင်နှင့် တွေ့ဆုံကာ တရုတ်-မြန်မာ ဆက်ဆံရေး အခြေအနေများအကြောင်း ဆွေးနွေးခဲ့ဖူးသူဖြစ်သည်။ ယခုဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးချက်များထဲမှ ပါမောက္ခ Yin Hongwei ၏ မေးမြန်းချက်နှင့် ဒေါက်တာသန်းထွဋ်အောင်၏ ဖြေကြားချက်အပြည့်အစုံကို ပါမောက္ခ Yin Hongwei ၏ သဘောတူခွင့်ပြုချက်ဖြင့် ဖော်ပြလိုက်ပါသည်။

    မေး ။ တရုတ်နိုင်ငံကနေ မြန်မာနိုင်ငံကိုလာပြီး ရင်းနှီးမြှုပ်နှံတဲ့အခါ တရုတ်- မြန်မာ ဆက်ဆံရေး အခြေအနေက ဘယ်လိုရှိလဲ။ အရင်မြန်မာအစိုးရနဲ့ တရုတ်အစိုးရ ဆက်ဆံရေးက အရမ်းအဆင်ပြေခဲ့တယ်။ ဒါပေမဲ့ ဒီမိုကရေစီလမ်းကြောင်း သွားတဲ့အခါမှာ အများကြီး အဆင်မပြေတာ တွေ့လာရတယ်။ အဲဒါတွေက ဘာကြောင့်ပါလဲ။

    ဖြေ။ အဓိကကတော့ အရင်အစိုးရ။ မြန်မာစစ်တပ်အစိုးရပေါ့။ တပ်မတော်အစိုးရ၊ အာဏာရှင်အစိုးရက တကယ်ကျတော့ အများစုက corrupted ဖြစ်တယ်။ corruption ပိုင်းမှာ အဲဒီတရုတ်ကုမ္ပဏီတွေက ပတ်သက်မှုရှိတယ်။ အဲဒါကြောင့် တချို့တရုတ်ကုမ္ပဏီတွေဟာ unlawful ရယ်၊ unethical ရယ်ပေါ့။ တရားမဝင်တဲ့နည်းနဲ့ နောက်တစ်ခါကျင့်ဝတ်နဲ့မဆိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေ လုပ်တဲ့အခါကျတော့ အခုလို ဒီမိုကရေစီပြောင်းလဲတဲ့ အခြေအနေမျိုးမှာ ကျင့်ဝတ်နဲ့မညီတဲ့ တရုတ်စီးပွားရေး လုပ်ငန်းတွေဟာ အထိနာသွားတယ်။ သူတို့နဲ့ယှဉ်ပြိုင်စရာ တခြားနိုင်ငံတွေပေါ်လာတယ်။ တစ်ဖက်မှာလည်း ဒီအစိုးရလက်ထက် ရောက်တဲ့အခါ မီဒီယာတွေပွင့်လင်းလာတယ်။ သတင်းစာလွတ်လပ်ခွင့် ရလာတဲ့အခါ လူထုနဲ့မီဒီယာက ထောက်ပြဝေဖန်မှုတွေ ပြုလုပ်လာတဲ့အခါကျတော့ အစိုးရအနေနဲ့ ဒီလုပ်ငန်းတွေမှာ သူတို့အနေနဲ့ ထင်သလိုလုပ်လို့ မရတော့တဲ့ အခြေအနေမျိုးမှာ ရောက်လာတယ်။ ဒါကြောင့်မို့ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုမှာလည်း မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံအကြားမှာ အဆင်မပြေတာတွေ ဖြစ်လာတယ်။ အဓိကကတော့ မြန်မာပြည်သူတွေက တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ၊ တရုတ်ကုမ္ပဏီ တော်တော်များများ ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ သူတို့ရဲ့အကျိုးစီးပွားကို ထိခိုက်တယ်လို့၊ တိုင်းပြည်ရဲ့ အကျိုးစီးပွားကို ထိခိုက်တယ်လို့ ယူဆတဲ့အတွက် ဆန္ဒပြမှုတွေ၊ မကျေနပ်မှုတွေ ဖြစ်လာခဲ့ရတယ်။ ဒါကြောင့်မလို့ ဒီလိုဖြစ်ရတာပါ။

    မေး ။ မြန်မာနိုင်ငံမှာ တရုတ်တွေ ရင်းနှီးမြှုပ်နှံတဲ့ မြစ်ဆုံစီမံကိန်း၊ လက်ပံတောင်း ကြေးနီစီမံကိန်း၊ ကျောက်ဖြူ ရေနံဂက်စ်ပိုက်လိုင်းစီမံကိန်း၊ အခုလုပ်မယ့် ရထားလမ်းစီမံကိန်းကို ဒီက မြန်မာလူထုက ဘာကြောင့်ကန့်ကွက်နေတာလဲ။

    ဖြေ။ ပြောရရင်တော့ အားလုံးမှာ မြန်မာပြည်သူလူထုက တစ်ခုမှမကြိုက်ဘူး။ ဒီစီမံကိန်းတွေကို တစ်ခုမှမကြိုက်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ တကယ်ဝေဖန်ဆန်းစစ်နိုင်တဲ့ သူတွေကတော့၊ တချို့တွေက အရင်အစိုးရ လုပ်လာခဲ့ပေမယ့် တိုင်းပြည်အတွက် အရမ်းကြီး မနစ်နာဘူးဆိုရင် အရမ်းကြီးမကန့်ကွက်တဲ့သဘော၊ တကယ့်နိုင်ငံရေးပါတီတွေ၊ တကယ့်ဂျာနယ်လစ်တွေ၊ တကယ့် တက်ကြွလှုပ်ရှားသူတွေ တော်တော်များများကတော့ တချို့စီမံကိန်းတွေကို လုံးဝသဘောမတူနိုင်တဲ့ အခြေအနေမှာရှိတယ်။ တချို့ကျတော့ အကန့်အသတ်တွေနဲ့ ပြန်ပြီးတော့ မကန့်ကွက်တာတွေရှိတယ်။ ဥပမာအားဖြင့် မြစ်ဆုံစီမံကိန်းလိုဟာမျိုးက ကျွန်တော်တို့ လုံးဝခွင့်မပြုနိုင်ဘူး။ ခွင့်မပြုနိုင်တဲ့ဟာကျတော့ ဒီကိစ္စမှာ လာဘ်ပေးလာဘ်ယူ corruption တွေကရှိနေတယ်။ လျော်ကြေးကိစ္စတွေမှာ တရုတ်ဘက်က နစ်နာတာတွေကလည်း သူက ပြန်လျော်ကြေးတောင်းမယ် ဆိုတာရှိတယ်။ လျော်ကြေးတောင်းမယ်ဆိုရင် ကျွန်တော်တို့ဘက်က ဒီ corruption ကိစ္စကို တရုတ်အစိုးရရှင်းပေးဖို့လိုမှာပဲ။ ဘယ်သူတွေဟာ ဘယ်လောက်ယူထားလဲ။ မြန်မာအစိုးရ ဘယ်လောက်ယူထားသလဲ။ ဘယ်လောက် ပေးထားသလဲ။ လာဘ်ပေးလာဘ်ယူ လုပ်ထားခဲ့ပြီဆိုရင် ဒီစီးပွားရေးဟာ unethical ဖြစ်တယ်။ ကမ္ဘာ့တရားရုံးမှာ တရားမဝင်ဘူး။ ဒီမြစ်ဆုံစီမံကိန်းကတော့ ဘယ်နည်းနဲ့မှ ခွင့်ပြုမှာမဟုတ်ဘူး။ ထပ်လုပ်လို့လည်းရမှာ မဟုတ်ဘူး။ လျော်ကြေးကိစ္စ စဉ်းစားမယ်ဆိုရင် ထိုက်သင့်တဲ့ လျော်ကြေးတော့ အစိုးရအနေနဲ့ ပေးကောင်းပေးနိုင်မယ်။ မထိုက်သင့်တဲ့ဟာတွေကို မပေးနိုင်ဘူး။ ဒီအစိုးရကို ချဉ်းကပ်လို့မရလို့ နောက်တက်မယ့်သူဖြစ်ဖြစ်။ ဒေါ်အောင်ဆန်းစုကြည်ကို ချဉ်းကပ်လို့ဖြစ်ဖြစ် မြစ်ဆုံစီမံကိန်းဟာ အောင်မြင်မှာမဟုတ်ဘူး။ ဘယ်အစိုးရပဲတက်တက် ဒီမြစ်ဆုံစီမံကိန်းလုပ်ဆောင်တဲ့ အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည် ဖြစ်နေရင်တောင် လူထုရဲ့ ဆန့်ကျင်မှုကို ရင်ဆိုင်ရလိမ့်မယ်။ မြစ်ဆုံစီမံကိန်းကို ဆက်လုပ်ခဲ့ရင်။ ဒါကတစ်ပိုင်း။ နောက်တစ်ပိုင်းကကျတော့ ရထားလမ်းစီမံကိန်း။ တရုတ်နိုင်ငံအတွက်ကတော့ အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်ဖြစ်တယ်။ မြန်မာနိုင်ငံအတွက်တော့ National Security Issue ဖြစ်တယ်။ တရုတ်ရဲ့ပိုက်ဆံနဲ့ ရထားလမ်းစီမံကိန်းကိုဆောက်ရင် BOT စနစ်နဲ့ နှစ် ၅ဝ တရုတ်က ဝင်ရောက်ပြီးတော့ ရင်းနှီးမြှုပ်နှံမယ့်ကိစ္စက ခွင့်မပြုနိုင်တဲ့ အခြေအနေဖြစ်တယ်။ ဘာလို့ဆိုတော့ မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံရဲ့ နောက်ထပ် ခရိုင်းမီးယား သို့မဟုတ် နောက်ထပ် တရုတ်နိုင်ငံရဲ့ ပြည်နယ်တစ်ခုဖြစ်သွားမယ်လို့ ကျွန်တော်တို့ယူဆတယ်။ ဖြစ်သွားနိုင်မယ့် အခြေအနေမျိုးတွေလည်း ကျွန်တော်တို့ဆီမှာရှိထားတယ်။ ဘာလို့ဆိုတော့ တရုတ်နိုင်ငံဟာ အင်အားကြီးမားတဲ့ စူပါပါဝါနိုင်ငံဖြစ်တယ်။ တရုတ်နိုင်ငံရဲ့ လက်ရှိစစ်အင်အားတိုးချဲ့မှုတွေ၊ ဒေသဆိုင်ရာ အနေအထားတွေ၊ စီးပွားရေးနဲ့ နိုင်ငံရေး စစ်ရေးအင်အားကြီးထွားလာမှုတွေ၊ တောင်တရုတ်ပင်လယ် ကိစ္စတွေဟာ မြန်မာပြည်သူတွေနဲ့ မြန်မာအစိုးရအပေါ်မှာ ဖိအားတွေရှိနေတယ်။ အဲဒါကြောင့်မို့လို့ ရထားလမ်းစီမံကိန်းကိုလည်း ကျွန်တော်တို့ လုံးဝပေးနိုင်မှာ မဟုတ်ဘူး။ ဒါတရုတ်အစိုးရကြောင့် မဟုတ်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့နိုင်ငံရဲ့ အကျိုးစီးပွား၊ ကျွန်တော်တို့နိုင်ငံရဲ့ ရေရှည်အထိကြည့်ရမယ်။ ဒါကြောင့်မို့လို့ လက်ပံတောင်းတောင် စီမံကိန်းလိုမျိုး၊ နောက်ပြီးတော့ ကျောက်ဖြူရေနံပိုက်လိုင်းလို ဟာမျိုးက ဒေသခံတွေ အကျိုးစီးပွားနဲ့ ဒေသဆိုင်ရာ အတွက်ဖြစ်တယ်။ တစ်နိုင်ငံလုံးရဲ့ အကျိုးစီးပွားနဲ့ တစ်စိတ်တစ်ပိုင်းပဲ ပတ်သက်တဲ့အတွက် ဒါတွေအားလုံးအပေါ်မှာ ကျွန်တော်တို့ဘက်က မကန့်ကွက်ဘူး။ ဒီလိုမကန့်ကွက်ခဲ့တဲ့အတွက် ရေနံပိုက်လိုင်းလည်း ပြီးသွားတယ်။ ဂက်စ်ပိုက်လိုင်းလည်း ပြီးသွားတယ်။ လက်ပံတောင်းတောင် စီမံကိန်းကလည်း အခုထက်ထိ ဆိုလိုတာက ဒေသခံတွေ ကိစ္စကိုတော့ သူတို့ရှင်းပေးဖို့လိုတယ်။ ဒီနှစ်ခုကတော့ ပြဿနာမရှိဘူး။ ဟိုနှစ်ခုကတော့ ဘယ်တော့မှ မရဘူး။

    ဒီအစိုးရကို ချဉ်းကပ်လို့မရလို့ နောက်တက်မယ့်သူဖြစ်ဖြစ်။ ဒေါ်အောင်ဆန်းစုကြည်ကို ချဉ်းကပ်လို့ဖြစ်ဖြစ် မြစ်ဆုံစီမံကိန်းဟာ အောင်မြင်မှာမဟုတ်ဘူး။ ဘယ်အစိုးရပဲတက်တက် ဒီမြစ်ဆုံစီမံကိန်းလုပ်ဆောင်တဲ့ အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည် ဖြစ်နေရင်တောင် လူထုရဲ့ ဆန့်ကျင်မှုကို ရင်ဆိုင်ရလိမ့်မယ်…

    မေး ။ အရင်တုန်းက တရုတ်အစိုးရနဲ့ တရုတ်ပြည်သူလူထုက ဒီစီမံကိန်းတွေကို ပြဿနာတစ်ခုတည်းအနေနဲ့ စဉ်းစားခဲ့တယ်။ အခု ခင်ဗျားပြောတဲ့အတွက် တစ်ခုချင်းစီ ကျွန်တော်မြင်မိပြီ။

    ဖြေ။ အဓိကကတော့ မြန်မာပြည်သူတွေဟာ တရုတ်နိုင်ငံကို ဆန့်ကျင်နေတာမဟုတ်ဘူး။ မြန်မာပြည်သူတွေဟာ ကိုယ့်အကျိုးစီးပွားကို ကာကွယ်နေတာ။ အဲဒါကို မြင်ဖို့လိုတယ်။ ဘာလို့ဆိုတော့ တရုတ်က မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံရင် မြန်မာပြည်သူတွေက တရုတ်ကို မုန်းတီးနေတယ်ဆိုတာ အဲဒါမဟုတ်ဘူး။ သူတို့အကျိုးစီးပွား။ ဒီနှစ်ခု (မြစ်ဆုံစီမံကိန်းနှင့် ရထားလမ်းစီမံကိန်း) က တိုင်းပြည်အတွက်ကို ထိခိုက်နိုင်တဲ့အတွက် လုံးဝလက်မခံဘူး။

    မေး။ မြစ်ဆုံစီမံကိန်း ကိစ္စကိုတော့ ခင်ဗျားရှင်းပြလို့ သဘောပေါက်သွားပါပြီ။ ဒါပေမဲ့ အဲဒီလိုမျိုး တခြားရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီးတော့ တရုတ်နဲ့မြန်မာ ဘယ်ကဏ္ဍတွေမှာ ပူးပေါင်းလုပ်လို့ရနိုင်မလဲဆိုတာ ခင်ဗျားအနေနဲ့ ကျေးဇူးပြု၍ ပြောပေးပါ။

    ဖြေ။ အစိုးရချင်းထက် ပုဂ္ဂလိကတွေနဲ့ လုပ်တဲ့နေရာမှာ တခြားနိုင်ငံတွေ၊ ဂျပန်တို့ အမေရိကန်တို့ အီးယူတို့လုပ်တဲ့ပုံစံမျိုး။ အထူးသဖြင့် အာဆီယံက အများကြီးရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာတယ်။ ဘာမျိုးတွေမှာ ဝင်လာလဲဆိုတော့ ဟိုတယ်တို့၊ Tourism တို့၊ ဆောက်လုပ်ရေးတို့ ဒီလိုလုပ်ငန်းမျိုးတွေမှာ တော်တော်များများ ဝင်လာတယ်။ ရေနံသဘာဝဓာတ်ငွေ့ ရှာဖွေရေးတို့လို လုပ်ငန်းတွေမှာ ဂျပန်တို့ အာဆီယံတို့ အထူးသဖြင့် စက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်မှုမှာ တော်တော်များများ ရင်းနှီးမြှုပ်နှံမှုတွေ လာတဲ့အခါကျတော့ တရုတ်က အဲဒီနေရာတွေမှာ ရင်းနှီးမြှုပ်နှံတာတွေနည်းပြီးတော့ သူတို့က သယံဇာတတူးဖော်တဲ့ လုပ်ငန်းတွေမှာပဲ လုပ်တာများနေတယ်။ အဲဒီတော့ ဒီသယံဇာတ တူးဖော်ရေးလုပ်ငန်းတွေမှာ လုပ်တာများရင် မြန်မာနိုင်ငံမှာ ပုံရိပ်ကထိမှာပဲ။ အဲဒီတော့ မြန်မာနိုင်ငံမှာ တခြားနိုင်ငံက အီးယူတို့၊ ဂျပန်တို့၊ အာဆီယံတို့ လုပ်တဲ့လုပ်ငန်းတွေမှာ ပိုမြှုပ်နှံဖို့သင့်တော်တယ်။ တရုတ်နိုင်ငံကလည်း အခုနောက်ပိုင်းမှာ နည်းပညာပိုင်းက မြင့်လာပြီလေ။ မြင့်လာတော့ အိုင်တီနယ်ပယ်တို့ စက်မှုဇုန်တို့ တခြားနယ်ပယ်တွေမှာ မြှုပ်နှံပါ။ ဒီသယံဇာတတူးဖော်တဲ့ လုပ်ငန်းတွေမှာတော့ မမြှုပ်နှံပါနဲ့လို့ ပြောချင်တယ်။

    မေး ။ အခုလောလောဆယ်ပေါ့။ ကျောက်ဖြူမှာ စီးပွားရေးဇုန်တစ်ခုလုပ်မယ်။ အဲဒီမှာ တရုတ်နိုင်ငံက လုပ်ငန်းရှင်တွေ အများကြီးလာချင်တယ်။ လာချင်ပေမယ့် သူတို့မှာ သို့လော၊ သို့လော ဖြစ်နေတယ်။ သူတို့လာလုပ်လို့ရှိရင် သူတို့ကို ဆန့်ကျင်ကြမလားဆိုပြီး စိုးရိမ်စိတ်ရှိကြတယ်။ လာလုပ်လို့ ရ၊ မရ ခင်ဗျားအနေနဲ့ သူတို့စိုးရိမ်စိတ် ပပျောက်အောင် ဖြစ်နိုင်စွမ်း ရှိ၊ မရှိ အဲဒါကို သိချင်ပါတယ်။

    ဖြေ ။ ကျွန်တော်မြင်တာကတော့ အဓိကက ရထားလမ်းကို အလောတကြီး မဖောက်ဖို့။ တရုတ်အစိုးရအနေနဲ့ ရထားလမ်းကိုဖောက်ဖို့အတွက်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ရထားလမ်းက အခုချိန်မှာ“၀”တို့၊“မိုင်းလား”တို့က တကယ်ကျတော့ တရုတ်အစိုးရနဲ့ တော်တော်ကြီး ပတ်သက်နေတဲ့ လက်နက်ကိုင်တွေ၊ မြန်မာနိုင်ငံရဲ့ အချုပ်အခြာ မပိုင်ဘူး။ ဒီလိုအနေအထားမျိုးမှာ တရုတ်ရဲ့ ငွေအားလုံးနဲ့ ဘီလျံ ၅ဝ နဲ့ ရထားလမ်းကြီးဖောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ကျွန်တော်တို့က ကျောက်ဖြူရေနက်ဆိပ်ကမ်းဆောက်ပြီးရင် ရထားလမ်းတို့ဘာတို့ ဖောက်ရမယ်ဆိုတာ ကျွန်တော်တို့နားလည်တယ်။ ဒါပေမဲ့ ဒီအချိန်မှာမဖြစ်နိုင်ဘူး။ ဘယ်လိုအချိန်မှာ ဖြစ်နိုင်မလဲ။ မြန်မာစီးပွားရေး တိုးတက်လာမယ်။ကိုယ့်ပိုက်ဆံနဲ့ကိုယ် ဖောက်နိုင်မယ်။ နောက်ပြီးတော့ “ဝ”တို့၊ “မိုင်းလား” တို့မှာ ကျွန်တော်တို့ရဲ့ အချုပ်အခြာ ပြန်ရလာတာနဲ့ တစ်ပြိုင်နက်တည်း ဒါမှမဟုတ်“ဝ”လက်နက်စွန့်သွားတဲ့နေ့၊ “ဝ” တပ်ဖွဲ့တွေအားလုံး လက်နက်စွန့်သွားတဲ့နေ့ အဲလိုမျိုး ကိုယ့်အချုပ်အခြာ ပြန်ပိုင်သွားတဲ့နေ့မှာ ကျွန်တော်တို့ ဒီရထားလမ်းဖောက်ဖို့ကို လုပ်မှာဖြစ်ပါတယ်။ အခုချိန်မှာ ကျောက်ဖြူမှာ စီးပွားရေးမြှုပ်နှံတာ တရုတ်တွေအတွက် နောက်ဆယ်နှစ်၊ ၁၅ နှစ်မှာ သေချာပေါက်မြတ်မယ်။ ဘာလို့လဲဆိုတော့ နောက် ၁ဝ နှစ်၊ ၁၅ နှစ်မှာတော့ “ဝ” တွေ လက်နက်စွန့်ပြီးတော့ မြန်မာပြည်ဟာ ငြိမ်းချမ်းပြီးတော့ တိုင်းရင်းသားလက်နက်ကိုင်တွေအားလုံး လက်နက်စွန့်သွားပြီဆိုတဲ့နေ့မှာ ဒီရထားလမ်းဟာ ကိုယ့်ပိုက်ဆံနဲ့ကိုယ်၊ ဒါမှမဟုတ်ရင် တရုတ်ပိုက်ဆံနဲ့တော့ ကျွန်တော်တို့ မဖောက်နိုင်ဘူး။ တခြားနိုင်ငံက ပိုက်ဆံနဲ့ဆို ကျွန်တော်တို့နိုင်ငံအတွက် ဒီရထားလမ်းက အကျိုးရှိမယ်။ တရုတ်အတွက်လည်း အကျိုးရှိမယ်။ ဒါပေမဲ့ ဒီအချိန်မဟုတ်သေးဘူး။ ဒီအတွက်တော့ စောင့်ရမယ်။ ကျောက်ဖြူမှာ ရင်းနှီးမြှုပ်နှံတာ တရုတ်တွေအတွက် အကျိုးရှိပါတယ်။ လာခဲ့ပါ။ ကျောက်ဖြူမှာရော၊ ရခိုင်ပြည်နယ်မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ရခိုင်ပြည်နယ်ဟာ အရမ်းသဘာဝရင်းမြစ်ပေါတယ်။ အလုပ်သမားပေါတယ်။ ကျောက်ဖြူမှာရင်းနှီးမြှုပ်နှံမှုဟာ တရုတ်အတွက် အကျိုးရှိပါတယ်။ အားလုံးလာခဲ့ပါ။ ဒီအတွက်လည်း ဆန့်ကျင်မှုတွေ မဖြစ်အောင်အတွက် တရုတ်နိုင်ငံအနေနဲ့ ပိုပြီးပွင့်လင်းမြင်သာမှု ရှိရမယ်။ တရုတ်အနေနဲ့ ပြင်ဆင်မှုတွေလုပ်ရမယ်။ တခြားနိုင်ငံတွေနဲ့ တန်းတူတာဝန်ယူမှုတွေ၊ ပြင်ဆင်မှုတွေလုပ်ရမယ်။ အဲဒီတော့ တရုတ်တွေ ဒီမှာလာပြီးတော့လုပ်မယ့် ရင်းနှီးမြှုပ်နှံမှုတွေအတွက် စိုးရိမ်ပူပန်မှုတွေ မရှိပါနဲ့။

    မေး ။ ရထားလမ်းကို တရုတ်ငွေနဲ့ မဖောက်ဘူးဆိုတော့ ကျန်တဲ့ ဂျပန်တို့၊ အမေရိကန်တို့ငွေနဲ့ကော ဖောက်ဖို့ရည်ရွယ်ချက်ရှိလား။

    ဖြေ။ အဲဒါနဲ့ ဖောက်ရင်ဖောက်လိမ့်မယ်လို့ ကျွန်တော်မြင်တယ်။

    မေး။ တရုတ်မဟုတ်ဘဲနဲ့ တခြားကျန်တဲ့ ဗြိတိန်တို့၊ ဂျပန်တို့၊ အမေရိကန်တို့ရဲ့ငွေနဲ့ ရထားလမ်းဖောက်မယ်ဆိုရင် ခင်ဗျားတို့အမြင် ဘယ်လိုရှိလဲ။

    ဖြေ။ ကျွန်တော်တို့ကတော့ အခုလောလောဆယ် ခဏဆိုင်းထားပြီးတော့ တိုင်းရင်းသား ပြဿနာတွေပြေလည်သွားပြီ။ အထူးသဖြင့် ပြတ်ပြတ်ပြောလိုက်မယ်။ “ဝ” လက်နက်စွန့်တဲ့နေ့အထိ လုပ်ဆောင်ပြီးပြီဆိုရင် အပြတ်ပြောလိုက်မယ်။ “ဝ” ကို ခင်ဗျားတို့ လက်နက်ချခိုင်းလိုက်။ ချပြီး တိုင်းရင်းသားပြဿနာတွေ၊ ဖက်ဒရယ်လည်း ပေါ်လာပြီဆိုတဲ့နေ့မှာ ကျွန်တော်တို့က ရထားလမ်းကို တရုတ်ရယ်၊ ဂျပန်ရယ်၊ တခြားနိုင်ငံတွေ အားလုံးပိုက်ဆံနဲ့ ဖောက်မယ်။ ကျွန်တော်တို့ လိုအပ်ရင်ဖောက်မယ်။ ဒီရထားလမ်းကို ပိုင်ဆိုင်တဲ့သူဟာ မြန်မာပဲဖြစ်ရမယ်။ တရုတ်ကပိုင်ဆိုင်လို့မရဘူး။ အဓိက,က ဒါပါပဲ။ ရထားလမ်းကိုပိုင်ဆိုင်တာ ကျွန်တော်တို့၊ ဘာလို့လဲဆိုတော့ တရုတ်နိုင်ငံနဲ့ ကျွန်တော်တို့ ဆက်ဆံရေးရှိနေခြင်းဟာ ကျွန်တော်တို့နိုင်ငံအတွက် ရန်ကုန်ထိလည်းပေါက်မယ်၊ ကျောက်ဖြူထိလည်းပေါက်မယ်။ ကူမင်းကနေ ရန်ကုန်ဖောက်မယ်။ ကျောက်ဖြူဖောက်မယ်။ ကားလမ်းလည်း ဖောက်မယ်။ ရထားလမ်းလည်း ဖောက်မယ်။ ဒီအခြေအနေဟာ ခဏစောင့်ရမယ်။ ကျွန်တော်တို့နိုင်ငံဟာ တည်ငြိမ်သွားရမယ်။ ဒီမိုကရေစီဖြစ်ထွန်းသွားရမယ်။ ရွေးကောက်ပွဲတွေ မှန်မှန်ကန်ကန် ဖြစ်လာရမယ်။ “ဝ” တွေဟာ လက်နက်ကို အပြီးစွန့်ရမယ်။ “ဝ” လက်နက်အပြီးစွန့်တဲ့နေ့။ အဲဒါပြီးတဲ့နေ့မှာ ကျွန်တော်တို့ ဒီရထားလမ်းကို တရုတ်ပိုက်ဆံလည်း ပါမယ်။ ဂျပန်တွေလည်းပါမယ်။ တရုတ်ပြည်မှာ ဖောက်သလိုပေါ့။ တရုတ်ပြည်မှာ ဂျပန်ပိုက်ဆံပါတယ်။ အင်္ဂလန်ပိုက်ဆံပါတယ်။ အီးယူပိုက်ဆံပါတယ်။ အဲလိုလမ်းတွေ ဖောက်တာပဲ။ ဒီလမ်းဟာ စီးပွားရေးအတွက် အသုံးပြုတဲ့ လမ်းတစ်လမ်းဖောက်ဖို့အတွက် ကြိုးစားမယ်။

    မေး ။ “၀” တွေက တရုတ်ရဲ့စကားကို တစ်သဝေမတိမ်း နားထောင်မယ်လို့ထင်သလား။

    ဖြေ ။ တရုတ်နဲ့ မြန်မာအစိုးရ နှစ်ယောက်လုံးရဲ့စကားကို နားထောင်ရလိမ့်မယ်။ တရုတ်စကား တစ်ခုတည်းတော့ နားထောင်လို့မရဘူး။ ဒီအစိုးရနှစ်ရပ်လုံး သဘောတူညီပြီး လက်နက်စွန့်ဖို့ပြောတာကို သူနားမထောင်ရင် တိုက်လိမ့်မယ်လို့ ကျွန်တော်မြင်တယ်။

    မေး ။ တစ်ခုမေးချင်တာက တရုတ်နိုင်ငံကနေ မြန်မာနိုင်ငံလာပြီး ရင်းနှီးမြှုပ်နှံတဲ့အဖွဲ့တွေပေါ့။ လာကြတဲ့အခါ ဒီမှာရှိတဲ့ တိုင်းရင်းသားလူမျိုးတွေနဲ့ သော်လည်းကောင်း၊ ဒေသခံတွေနဲ့ သော်လည်းကောင်း အဆင်မပြေဘူး။ မတည့်ဘူး။ အဲဒါ အဆင်ပြေသွားအောင် တရုတ်နိုင်ငံကလူတွေ ဘယ်လိုပြောင်းလဲဖို့လိုမလဲ။

    ဖြေ။ အဓိက,ကတော့ တရုတ်အစိုးရကော၊ တရုတ်လူမျိုးကကော အစိုးရနဲ့ပြေလည်သွားပြီလို့ထင်ရင် အားလုံးနဲ့ ပြေလည်ပြီလို့မြင်တယ်။ အဲဒီအယူအဆကို စွန့်လွှတ်လိုက်ပါ။ တကယ်ကျတော့ အခုလောလောဆယ် မြန်မာနိုင်ငံမှာ အစိုးရနဲ့ ပြည်သူဆိုတာ သပ်သပ်စီပါ။

    မေး ။ ဒီထက်ပိုပြီး တိတိကျကျ အိုင်ဒီယာတစ်ခု သိရမလား။ ဒီကဒေသခံတွေနဲ့ အဆင်ပြေအောင် ဘယ်လိုပေါင်းရမလဲဆိုတာ အကြံပေးပေးပါ။

    ဖြေ။ ခုနပြောသလိုပါပဲ။ ပြည်သူတွေနဲ့ အဆင်ပြေအောင်။ မြန်မာပြည်သူတွေနဲ့ အဆင်ပြေဖို့ဆိုတာကတော့ ပြည်သူတွေလိုလားတဲ့ အစိုးရတစ်ရပ်တင်ဖို့ပါပဲ။ ပြည်သူတွေလိုလားတဲ့ အစိုးရတစ်ရပ် ထွက်လာပြီဆိုတာနဲ့ ဒီအစိုးရနဲ့ဆက်ဆံရေးဟာ တရုတ်ပြည်သူတွေအတွက် အဆင်ပြေမယ်။ ဆိုလိုတာက မြန်မာနိုင်ငံမှာ ဒီမိုကရေစီ၊ ပြည်သူလိုလားတဲ့ ဒီမိုကရေစီအစိုးရတစ်ရပ် ဖြစ်ပေါ်လာပြီဆိုရင် တရုတ်ပြည်သူတွေနဲ့ မြန်မာပြည်သူတွေရဲ့ဆက်ဆံရေး ကောင်းသွားမယ်။

    မေး ။ ခင်ဗျားအနေနဲ့ ကျွန်တော်ကတစ်ဆင့် မြစ်ဆုံစီမံကိန်းလုပ်နေတဲ့သူတွေကို ဘာပြောချင်လဲ။

    ဖြေ။ လက်လျှော့လိုက်ပါပေါ့။ တခြားလူမပြောနဲ့။ ဒေါ်အောင်ဆန်းစုကြည်တောင် ဒီကိစ္စကို ပြောမယ်ဆိုရင် ကျွန်တော်တို့က ဝေဖန်ထောက်ပြမှာပဲ။ ကျွန်တော်တို့က အမေရိကန်ကိုကြိုက်နေလို့၊ တရုတ်ကိုမုန်းနေလို့ အနောက်နိုင်ငံတွေကို ထောက်ခံနေလို့ ဒီကိစ္စတွေကို ဆန့်ကျင်နေတာ မဟုတ်ဘူး။ ဒါတွေဟာ ကျွန်တော်တို့နိုင်ငံ၊ ကျွန်တော်တို့တိုင်းပြည် အကျိုးစီးပွားအတွက် ကျွန်တော်တို့က ဆန့်ကျင်ကန့်ကွက် နေရတာဖြစ်တယ်။

    ကျန်တဲ့သမ္မတလောင်းတွေ အားလုံးဟာ ဒေါ်အောင်ဆန်းစုကြည်မဖြစ်ရင် သူရွေးချယ်တဲ့သူပဲ သမ္မတဖြစ်ဖို့ ရာခိုင်နှုန်းများတယ်။ ရွေးကောက်ပွဲကို မတရားညစ်ခဲ့မယ်ဆိုရင် တိုင်းပြည်မှာ ဆူပူအုံကြွမှုတွေဖြစ်မယ်။ ခင်ဗျားတို့လည်း ရင်းနှီးမြှုပ်နှံလို့ရမှာ မဟုတ်တော့ဘူး။ ဒါဟာ လက်ရှိအခြေအနေပဲ။ အဲဒါက သမိုင်းတွေရှိခဲ့တယ်…

    မေး။ ၂၀၁၅ မှာပေါ့။ သမ္မတရွေးကောက်ပွဲ လုပ်တဲ့အခါမှာ တရုတ်ပြည်သူတွေက ဘာမြင်လဲဆိုတော့ ဦးသိန်းစိန်၊ သူရရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပေါ့။ အဲဒီလေးဦးမြင်တယ်ပေါ့။ ခင်ဗျားအနေနဲ့ ဘယ်လိုမြင်လဲ။

    ဖြေ ။ ဖွဲ့စည်းပုံအခြေခံဥပဒေအရတော့ ဒေါ်အောင်ဆန်းစုကြည်က သမ္မတမဖြစ်နိုင်ဘူး။ ဒါပေမဲ့ သေချာတာတစ်ခုကတော့ ကြံ့ခိုင်ရေးပါတီမနိုင်ဘူး။ နိုင်မှာက NLD နဲ့ သူ့ရဲ့မဟာမိတ်ပါတီတွေပဲ အနိုင်ရလိမ့်မယ်။ ကျွန်တော်တို့ရဲ့ သမ္မတရွေးချယ်နည်းစနစ်ကို ခွဲပြောရင် ဒုသမ္မတသုံးယောက် တင်မြှောက်တယ်။ ဒုသမ္မတသုံးယောက်မှာမှ မဲအများဆုံးလူက သမ္မတဖြစ်တယ်။ သုံးယောက်မှာ လွှတ်တော်နှစ်ရပ်က နှစ်ယောက်ရွေးရတယ်။ စစ်တပ်က သမ္မတတစ်ယောက် ရွေးရတယ်။ လွှတ်တော်နှစ်ရပ်က နှစ်ယောက်က ရွေးကောက်ပွဲက လာရတယ်။ အဲဒီနှစ်ယောက်က ကြံ့ခိုင်ရေးပါတီက သော်လည်းကောင်း၊ စစ်တပ်ကသော်လည်းကောင်း ဘယ်နည်းနဲ့မှ အရွေးမခံရနိုင်ဘူး။ ဆိုလိုတဲ့အဓိပ္ပာယ်က မဲရွေးပွဲမှာ NLD နဲ့ သူ့ရဲ့မဟာမိတ်တွေကသာ အပြတ်အသတ် အောင်ပွဲခံသွားလိမ့်မယ်။ အဲဒီတော့ PR စနစ်ပဲလုပ်လုပ်၊ ဘာပဲလုပ်လုပ် ဘယ်လောက်ပဲ မဲညစ်ညစ် သူတို့လွှတ်တော် ဒုသမ္မတနှစ်ယောက်ဟာ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည် ရွေးချယ်တဲ့သူကိုယ်တိုင် သို့မဟုတ် သူရွေးချယ်တဲ့ သူတွေဖြစ်မယ်။ စစ်တပ်က ၂၅ ရာခိုင်နှုန်းက ဘယ်လောက်ပဲ ထောက်ခံထောက်ခံ၊ နောက်ဆုံး မဲအများဆုံးလူက အဲဒီနှစ်ယောက်ထဲကလူ ဖြစ်မယ်။ ဆိုလိုတဲ့အဓိပ္ပာယ်က မြန်မာနိုင်ငံမှာ အခုလက်ရှိသမ္မတ ဦးသိန်းစိန်ဟာ သမ္မတဆက်ဖြစ်ဖို့ ရာခိုင်နှုန်း ၂ဝ အောက်မှာပဲရှိတယ်။ ကျန်တဲ့သမ္မတလောင်းတွေ အားလုံးဟာ ဒေါ်အောင်ဆန်းစုကြည်မဖြစ်ရင် သူရွေးချယ်တဲ့သူပဲ သမ္မတဖြစ်ဖို့ ရာခိုင်နှုန်းများတယ်။ ရွေးကောက်ပွဲကို မတရားညစ်ခဲ့မယ်ဆိုရင် တိုင်းပြည်မှာ ဆူပူအုံကြွမှုတွေဖြစ်မယ်။ ခင်ဗျားတို့လည်း ရင်းနှီးမြှုပ်နှံလို့ရမှာ မဟုတ်တော့ဘူး။ ဒါဟာ လက်ရှိအခြေအနေပဲ။ အဲဒါက သမိုင်းတွေရှိခဲ့တယ်။ ၉ဝ ပြည့်နှစ်မှာလည်း NLD ပါတီနဲ့ သူ့မဟာ မိတ်တွေက ၉၅ ရာခိုင်နှုန်းနိုင်တယ်။ ၂ဝ၁၂ ကြားဖြတ် ရွေးကောက်ပွဲမှာလည်း NLD က ၉ဝ ရာခိုင်နှုန်းနဲ့ ဒီနှုန်းအတိုင်းပဲ ၂ဝ၁၅ လည်းသွားမယ်။ ဘယ်လောက်ပဲညစ်ညစ် ၈ဝ နဲ့ ၉ဝ ကြားဆိုရင် မဲအများဆုံးဟာ သမ္မတရွေးချယ်နိုင်တဲ့ NLD နဲ့ သူ့ရဲ့မဟာမိတ် တိုင်းရင်းသားတွေ၊ မဟာမိတ်ပါတီတွေကပဲ နိုင်သွားလိမ့်မယ်။

    မေး ။ အကယ်၍ ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်လာခဲ့ဖူးဆိုရင် ခင်ဗျားစိတ်ထဲမှာ ဘယ်သူ့ကိုမြင်လဲ။

    ဖြေ ။ သူရွေးချယ်တဲ့သူပဲဖြစ်မယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဘယ်လောက်ပဲနိုင်နိုင် စစ်တပ်နဲ့ သူ့ရဲ့အသိုင်းအဝိုင်းကတော့ အာဏာရဲ့ ၄ဝ ရာခိုင်နှုန်းကို ချုပ်ကိုင်ထားမှာပဲ။ ၆ဝ ရာခိုင်နှုန်းပဲ အာဏာရှိမယ်။

    မေး ။ ကျွန်တော် မြန်မာနိုင်ငံမလာခင် တရုတ်နိုင်ငံမှာ အမေရိကန်ရယ်၊ ဗြိတိန်ရယ်၊ ကနေဒါရယ်ပေါ့။ ကောင်စစ်ဝန်တွေနဲ့ တွေ့ခဲ့တယ်။ ကျွန်တော်မေးတယ်။ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ပံ့ပေးမလားပေါ့။ သူတို့ကပြန်ဖြေတယ်။ ပုဂ္ဂိုလ်ရေးအရ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ပံ့မှုပေးမှာ မဟုတ်ဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီကိုတော့ အဲဒါကိုတော့ ထောက်ပံ့မယ်ပေါ့။ သူတို့ရဲ့ ပြောဆိုချက်ကို ခင်ဗျားဘယ်လိုထင်လဲ။

    ဖြေ။ အဓိက,ကတော့ သူတို့အကျိုးစီးပွားရှိတယ်။ တရုတ်မှာလည်း တရုတ်အကျိုးစီးပွားရှိတယ်။ အနောက်နိုင်ငံတွေမှာလည်း သူတို့အကျိုးစီးပွားရှိတယ်။ အနောက်နိုင်ငံတွေကလည်း မြန်မာနိုင်ငံကို ဖွံ့ဖြိုးတိုးတက်သွားဖို့ထက်ကို သူတို့ရဲ့အကျိုးစီးပွားအရ မြန်မာနိုင်ငံမှာ တည်ငြိမ်ဖို့နဲ့ သူတို့ဩဇာလွှမ်းမိုးဖို့ သူတို့အာရုံစိုက်လာတယ်။ သူတို့ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ကြိုက်ချင်မှ ကြိုက်မယ်။ ဒါပေမဲ့ လူထုကြိုက်လာပြီဆိုတဲ့ နေ့မှာတော့ သူတို့ ပုဂ္ဂိုလ်ရေးအရ မကြိုက်တာတွေက ပြီးသွားမယ်။

    မေး ။ ဒေါ်အောင်ဆန်းစုကြည်က ပုဒ်မ ၄၃၆ မှာ ညပ်နေတာလား။ ပုဒ်မ ၄၃၆ တစ်ခုပဲပြင်ဖို့လိုသလား။ ဒါမှမဟုတ် ၂၀၀၈ ဖွဲ့စည်းပုံတစ်ခုလုံး ပြင်ဖို့လိုသလား။

    ဖြေ။ ဘယ်ဥပဒေပုဒ်မပဲဖြစ်ဖြစ် အမျိုးသား ပြန်လည်သင့်မြတ်ရေး။ ဆိုလိုတာက စစ်တပ်နဲ့ ပြည်သူအကြား ရင်ကြားစေ့ရေးအောင်မြင်ရင် ဘယ်ပုဒ်မ မဆို အခုချက်ချင်းပြင်လို့ရတယ်။ ပုဒ်မ ၄၃၆ ပဲဖြစ်ဖြစ်။ ၅၉(စ)ပဲဖြစ်ဖြစ် အားလုံးညှိလို့ရရင် သူတို့နှစ်ဦးနှစ်ဖက်ကြား ညှိလို့ရတာ အကုန်ပြင်လို့ရတယ်။ လောလောဆယ်မှာ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အကုန်ပြင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ တိုင်းရင်းသားဖက်ဒရယ်တို့ ဘာတို့ ဖြစ်ပေါ်ရေးကလည်း ချက်ချင်းမဖြစ်နိုင်ဘူး။ Peace က လက်မှတ်ရေးထိုး ရုံလောက်ပဲရှိမယ်။ တစ်ခါတည်း ဖြေလိုက်မယ်။ ဖက်ဒရယ်ကိစ္စ အပါအဝင် အားလုံးဟာ ၂ဝ၂ဝ ပြည့်နှစ် နောက်ပိုင်းမှာ အကုန်ဖြစ်မယ်။ ၂ဝ၁၅ မတိုင်ခင်မှာ တချို့လည်း ပြင်လို့ရမယ်။ ၂ဝ၁၅ နဲ့ ၂ဝ၂ဝ ကြားမှာ ထပ်ပြီးပြင်ရမယ်။ အကြိမ်ကြိမ်ညှိရမယ်။ ဆိုလိုတဲ့အဓိပ္ပာယ်က လူထုနဲ့ စစ်တပ်ကြားမှာ အာဏာခွဲဝေမှု၊ ချုပ်ကိုင်မှု ဆက်ရှိနေဦးမယ်။ ၂ဝ၂ဝ မတိုင်ခင်အထိ။ အဲဒီတော့ ဒီကိစ္စတွေဟာ ဖွဲ့စည်းပုံပြင်ရေးလောက် ဒီလောက်အရေးမကြီးပါဘူး။ အဓိက,က စစ်တပ်နဲ့ လူထုကြားမှာရှိနေတဲ့ ညီညွတ်ရေးပဲ အရေးကြီးတာ။ ဒီနှစ်ယောက်သာ ညီညီညွတ်ညွတ်နဲ့ တစ်ယောက်နဲ့တစ်ယောက် ထိပ်တိုက်မတိုးဘူးဆိုရင် ကျွန်တော်တို့နိုင်ငံဟာ ရှေ့ဆက်သွားလို့ရပြီ။ ပြင်လို့ရပြီ။ အကုန်လုံးလုပ်လို့ရပြီ။ အဲဒီတော့ ၂ဝ၂ဝ မတိုင်ခင်မှာ ကျွန်တော်တို့ အကုန်လုံးဖြတ်လို့ရတယ်။

    ဒီလက်မှတ်ထိုးပွဲ Peace Accord က Show Business ပဲ။ ကျွန်တော်တို့ရဲ့ ပြည်တွင်းစစ်က ၁၉၄၈ ကတည်းက ၆၆ နှစ်ရှိပြီ။ ကမ္ဘာပေါ်မှာ အရှည်ကြာဆုံးပြည်တွင်းစစ်။ ၆၆ နှစ်ရှိခဲ့တဲ့ ပြည်တွင်းစစ်ကို လက်မှတ်ကလေး တစ်ချက်ထိုးရုံနဲ့ မပြေလည်ဘူး…

    မေး ။ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ ငြိမ်းချမ်းရေးစကားဝိုင်းပေါ့။ သူတို့ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို ခင်ဗျားအနေနဲ့ ဘယ်လိုမြင်လဲ။

    ဖြေ ။ အားလုံးကတော့ Paper Treaty ပေါ့။ စက္ကူပေါ်က သဘောတူညီချက်ကို လက်မှတ်ရေးထိုးဖို့ ပြင်နေကြတယ်။ တကယ်ကျတော့ လက်မှတ်ထိုးပြီးတာနဲ့ အားလုံးပြေလည်သွားမှာတော့ မဟုတ်ဘူး။ ဒါဟာ Show Business ပဲ။ ဒီလက်မှတ်ထိုးပွဲ Peace Accord က Show Business ပဲ။ ကျွန်တော်တို့ရဲ့ ပြည်တွင်းစစ်က ၁၉၄၈ ကတည်းက ၆၆ နှစ်ရှိပြီ။ ကမ္ဘာပေါ်မှာ အရှည်ကြာဆုံးပြည်တွင်းစစ်။ ၆၆ နှစ်ရှိခဲ့တဲ့ ပြည်တွင်းစစ်ကို လက်မှတ်ကလေး တစ်ချက်ထိုးရုံနဲ့ မပြေလည်ဘူး။ ဒါဟာသမ္မတဦးသိန်းစိန် အစိုးရအတွက် Just Show Business ပဲ။ အဲဒါကြောင့်မို့ ကျွန်တော်တို့ နောက်ငါးနှစ်လောက်မှာ တကယ့်နိုင်ငံရေး ဆွေးနွေးပွဲက ၂ဝ၁၅ နဲ့ ၂ဝ၂ဝ ကြားမှာ ဖြစ်မယ်။ ၂ဝ၂ဝ ကျမှ ဖွဲ့စည်းပုံအသစ် ပြန်ပြင်ဆွဲပြီးတော့ အားလုံးပြန်ပြီးတော့ အဲဒီမှာ ဖက်ဒရယ်ဖြစ်လာလိမ့်မယ်။ ဒီကြားထဲမှာတော့ ပုံမှန်အတိုင်းသွားမယ်။ တစ်ယောက်နဲ့ တစ်ယောက် ထိပ်တိုက်တွေမတိုးဖို့။ မျှခြေတစ်ခုပေါ့ ထိန်းထားပြီး ထိပ်တိုက်တွေမတိုးဘူးဆိုရင် သူ့ဟာသူ ဖြစ်လာလိမ့်မယ်။

    မေး ။ ဒီကိုမလာခင် အမေရိကန်က လွှတ်တော်အမတ် တစ်ယောက်နဲ့တွေ့တယ်။ တွေ့တော့မေးတဲ့အခါ လွှတ်တော်အမတ်က ပြောပါတယ်။ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးစာချုပ် ချုပ်လိုက်ပြီပေါ့ဗျာ။ ချုပ်ပြီးလို့ အကောင်အထည် ဖော်တဲ့အခါမှာ ဘယ်သူက လာကြီးကြပ်မလဲ၊ ဘယ်လိုအကောင်အထည် ဖော်မလဲပေါ့။ ခင်ဗျားအနေနဲ့ ဘယ်လိုမြင်လဲ။

    ဖြေ ။ ဘယ်သူမှ ကြီးကြပ်စရာမလိုပါဘူး။ မလိုဘူး။ ကိုယ့်ဟာကိုယ်ပဲ လုပ်မယ်။ ကျွန်တော်တို့အချင်းချင်း တိုင်းရင်းသား ပြဿနာတွေရှင်းမယ်။ ဘယ်သူမှ ကြီးကြပ်စရာမလိုဘူး။ မြန်မာနိုင်ငံမှာရှိနေတဲ့ တိုင်းရင်းသား ပဋိပက္ခတွေက Power Struggle ကြောင့် ဖြစ်တာမဟုတ်ဘူး။ နိုင်ငံရေးပြဿနာကြောင့် ဖြစ်တာ။ အဲဒါကြောင့် ဒီပြဿနာဟာ လက်နက်ကိုင်တွေချည်းပဲ ရှင်းလို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေက သိပ် Strong မဖြစ်ပါဘူး။ အခုက လက်နက်ကိုင်ကြောင့် ဖြစ်နေတဲ့ ပြဿနာမဟုတ်ဘူး။ အဓိကဖြစ်တာ နိုင်ငံရေးပြဿနာ။ အဲဒီတော့ နိုင်ငံရေးပြဿနာကို ဖြေရှင်းပြီးရင် တစ်ယောက်နဲ့တစ်ယောက် အပေးအယူညှိပြီးသွားရင် စစ်တပ်ဆိုတာလည်း အကုန်လုံးဖျက်လို့ရပြီ။ အဓိက နိုင်ငံရေးပြဿနာ။ စစ်တပ်ပြဿနာ မဟုတ်ဘူး။

    ပါမောက္ခ Yin Hongwei ၏ ကိုယ်ရေးအကျဉ်း
    မွေးသက္ကရာဇ်- ၁၉၇၃ ခုနှစ်
    ပညာအရည်အချင်း- ပါမောက္ခ (Journalism and Communications Department of Southwest China University of Political Science)
    လုပ်ငန်းအတွေ့အကြုံ – Yunnan Daily၊ Southern Weekend နှင့် South Wind သတင်းမဂ္ဂဇင်းတို့တွင် လုပ်ကိုင်ခဲ့ဖူးပြီး The Time Weekly တွင် သတင်းထောက်ချုပ်အဖြစ် လုပ်ကိုင်ခဲ့ဖူးသည်။ လက်ရှိအချိန်တွင် World View မဂ္ဂဇင်း၏ သတင်းထောက်ချုပ် လုပ်ကိုင်နေပြီး ဂျာနယ်လစ်လုပ်သက် နှစ် ၂ဝ ရှိသူဖြစ်သည်။ ပါမောက္ခ Yin Hongwei သည် တရုတ်-ဗီယက်နမ် နယ်စပ်၌ ကြီးပြင်းခဲ့သူဖြစ်ပြီး တရုတ်နှင့် အရှေ့တောင်အာရှ ဆက်ဆံရေးကို အချိန်ကြာမြင့်စွာ လေ့လာခဲ့သူဖြစ်သည်။ သတင်းများ၊ ဆောင်းပါးများအတွက် လိုအပ်သော တွေ့ဆုံမေးမြန်းမှုများကို အရှေ့တောင်အာရှနိုင်ငံများသို့ မကြာခဏသွားရောက်ပြီး လူကိုယ်တိုင် တွေ့ဆုံမေးမြန်းလေ့ ရှိသူဖြစ်သည်။
    – See more at: http://news-eleven.com/politic/%E1%80%86%E1%80%AD%E1%80%AF%E1%80%9C%E1%80%AD%E1%80%AF%E1%80%90%E1%80%B2%E1%80%B7%E1%80%A1%E1%80%93%E1%80%AD%E1%80%95%E1%81%B8%E1%80%AC%E1%80%9A%E1%80%B9%E1%80%80-%E1%80%BB%E1%80%99%E1%80%94%E1%80%B9%E1%80%99%E1%80%AC%E1%82%8F%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%84%E1%80%B6%E1%80%99%E1%80%BD%E1%80%AC-%E1%80%A1%E1%80%81%E1%80%AF%E1%80%9C%E1%80%80%E1%80%B9%E1%80%9B%E1%80%BD%E1%80%AD%E1%80%9E%E1%80%99%E1%81%BC%E1%80%90-%E1%80%A5%E1%80%AE%E1%80%B8%E1%80%9E%E1%80%AD%E1%80%94%E1%80%B9%E1%80%B8%E1%80%85%E1%80%AD%E1%80%94%E1%80%B9%E1%80%9F%E1%80%AC-%E1%80%9E%E1%80%99%E1%81%BC%E1%80%90%E1%80%86%E1%80%80%E1%80%B9%E1%80%BB%E1%80%96%E1%80%85%E1%80%B9%E1%80%96%E1%80%AD%E1%80%AF%E1%82%94#sthash.JLjteLXZ.dpuf

    • တိမ်မည်း

      August 31, 2014 at 4:25 pm

      ဘယ်ကပုံကြီးလဲဟင် အွန်လိုင်းကတော့ ဟုတ်ဖူးထင်တယ်… အခုပဲ ရှာကြည့်တယ် တွေ ့ဖူးရယ်…

  • kai

    September 1, 2014 at 4:23 am

    လယ်မြေတွေ ရောင်းဝယ်နေကြတဲ့ကိစ္စ မရောင်းကြဖို့ ဒေါ်စုမေတ္တာရပ်ခံ
    ******************************************

    “အကြွေးပိနေလို့ ဒီဝန်ကိုမခံနိုင်လို့ လွယ်လွယ်နဲ့ ကိုယ့်ရဲ့မြေကို မရောင်းပါနဲ့လို့…
    ကျမတို့နဲ့ ဆက်သွယ်ပါ… ဆက်သွယ်ပြီးတော့ အခက်အခဲဘယ်လိုရှိလည်းပြောပါ… ကျမသိတယ်နော်…
    လိုက်ပြီးတော့ မြေတွေဝယ်နေတဲ့သူတွေရှိတယ်ဆိုတာ၊ မရောင်းပါနဲ့ လွယ်လွယ်နဲ့ မရောင်းပါနဲ့…

    စဉ်းစားကြည့်ပါ…
    လွယ်လွယ်နဲ့ လျှောက်ပြီးတော့ဝယ်နေတဲ့သူတွေဟာ သူတို့မှာ အကျိုးအမြတ်မရှိပဲနဲ့ လုပ်ပါ့မလား… အဲဒီ့ဟာလေးကိုစဉ်းစားပြီးတော့ ချင့်ချင့်ချိန်ချိန်နဲ့ လုပ်ကြပါလို့ ကျမအနေနဲ့ မေတ္တာရပ်ခံပါတယ်

Leave a Reply