သို့ စိန်ကြက်ဆင် – Crazy ????

မြစပဲရိုးAugust 8, 20141min21127

“I came, I saw, I conquered” ဆို။

ဖြေပါဦး ဂျူးလိယက် ဆီဇာ ကြီး ရယ်
အောင်ပွဲခံပြီး မှတော့ ဒီလို စကားမျိုး ပြောတာပေါ့။
တိုက်ပွဲဝင်နေ တဲ့ ကာလ ထဲ
ငါ ရှုံးခဲ့ရင် လို့ ဆိုတဲ့ အတွေး နဲ့
နဲနဲလေး တောင်မှ မခြောက်ခြား ခဲ့ ဘူးတဲ့လား။

မေးပါရစေ ဘန်ဂျာမင် ကြီး ရယ်
“I am prepared for the worst, but hope for the best”
ဆိုတဲ့ ပြောစကား။
ကြားရတာ စိတ်ဖြေစရာပေါ့။
အကောင်းဆုံး အတွက် ကြိုးစားနေတုန်း
အဆိုးဆိုတာ လာခဲ့ရင်
တကယ်ဘဲ မတုန်မလှုပ် လက်ခံနိုင်ရဲ မှာတဲ့လား။

“Everything I Do I Do It for You” တဲ့လား ဘရိုင်ယန် အဒန်စ်။
ဒီစကား
ရောဘင်ဟုကြီး ကတောင် လိုက်နာခဲ့ပေါ့။
ကိုယ်မုန်းတဲ့ အရာ  သူ ကြိုက်နေမှတော့
အကွာအဝေး မများရလေအောင်
တပ်ပျက်နေတဲ့ စိတ် ကို ထိန်းလို့
ကြိုးစား နေရတဲ့ အခြေ က တကယ်ဘဲ  နေသာ ရဲ့လား။

ဒီမှာ စိန်ကြက်ဆင်
ဒီ မိန်းမကြီး ဘာတွေ “Crazy” ဖြစ်ပြီး လျှောက် ရေးတယ် တွေးမနေနဲ့။
မရူးရုံ တမယ် ယဲ့ယဲ့ လေး ကျန်တာ တောင်
ဒီလို “ကဘာ” တွေ စပ်နိုင်သေးတယ်။
ပြိုင် ရဲ  ရဲ့ လား။ :-)))

ဒီနေ့ နဲနဲ အူ သွားလို့ တစ်ကြောင်း
ဇီကလေး ကို အားကျလို့ တစ်ကြောင်း
ဒီနေ့ မှတ်ချက်များ မချ နိုင်ခဲ့ သေးလို့ တစ်ကြောင်း
မနက်ဖြန် လဲ ဆက်ပျောက် နေနိုင်၍ တစ်ကြောင်း
မြစာကလေး ရဲ့ စင်ပြိုင်  စိန်ကြက်ဆင် ကို စိန်ခေါ်လို၍ တစ်ကြောင်း
ဤ အကြောင်းကြောင်း တို့ ရောစပ်၍
ဤ စိတ် လွှတ် အရူး “ကဘာလေး” စပ်ပြီး အသံပေးသွားပါတယ်။
ချစ်သော ရွာသူ/သား အပေါင်း
ကျန်းမာ ချမ်းသာ ကြပါစေကုန်။

ပုံ
ရွာ့ အထင်ကရ အမီကြော်
ကဘာဆြာမကြီး
မြစာကလေး :-)))))

Exams_are_over_LETS_CELEBRATE_by_Loonalily

 

 

27 comments

  • nozomi

    August 9, 2014 at 12:02 am

    ကွန်ကလေး ကို ရွာထဲ ခေါ်လာ နိုင်သူက အူစရာလား
    လောကကြီးကိုခါးစောင်းတင်
    စောက်ထိုးကြည့်ပစ်လိုက်စမ်းပါ

  • ဇီဇီ ခင်ဇော်

    August 9, 2014 at 12:14 am

    အကြမ်းးပညာ နာမည်ကြီးး ဇီဇီ မှ
    ဂေါက်တောက်တောက်နှုတ်ခွန်းး ဆက်သ လိုက်ပါတယ်။
    မြစာကလေးး စိ်န်ကြက်ဆင် ကို အနိုင်ရပါစေ။
    :s:

    • မြစာကလေး

      August 10, 2014 at 2:47 pm

      Yessssss….. four stars. You deserve it. :-))))
      မြ ကို ဝင်ပြီး အားပေး ကြသူ များ ကို ကျေးဇူးတင်ရှိကြောင်းပါ။
      တစ်ယောက်ချင်း အတွက် စကားပြန် လာပါမယ်။
      အခုတော့ မနက်စာ ဆီ ပြေးပြီ။ :-)))

      • ဇီဇီ ခင်ဇော်

        August 10, 2014 at 3:06 pm

        ဟမလေး အရီးရေ။
        ပြောစရာတွေရှိသေးပါ့။
        နောက်မှ။
        ခုတော့ အဆဲခံရ ပို အားရှိသွားပါပေါ့။
        ခွိခွိခွိ

        :kwi:

        Anyway, Thank you so much..!!!
        :s:

      • black chaw

        August 10, 2014 at 3:42 pm

        တစ်ယောက်ချင် စီ ဆို လို ့
        မပါလိုက် မရှိရ အောင်
        အီကို ပင် မ နီလာရတုခမ်းမထဲက
        အ ပြေးအလွှား ဝင်ပြီး
        ကွန်းမန် ့ရေးလိုက် ရ ပါ ကြောင်း။

  • အလင်းဆက်

    August 9, 2014 at 6:58 am

    ရလဲ့
    ဖတ်ရတာ အရသာ ရှိပါ့ဗျာ
    ဒဿနဆန်တဲ့ ကဗျာတွေ ဆရာ တာရာမင်းဝေ မရှိတဲ့နောက်ပိုင်း အဖတ်ရ ကျဲသွားတာ

    အခုတော့ ကဗျာ အဆာပြေသွားပါပေါ့။

    ဒါမျိုး ကိုယ့်အကြိုက်ကဗျာလေးတွေ တွေ ့ရင်
    ကဗျာပြခန်းလေးကို သေမလောက် လွမ်းတယ်ဗျာ ။

    ကျနော်ချစ်၍ ကျနော် ခံစားမိသောကဗျာများ ဆိုပြီး ကဗျာအစုအဝေးလေးတစ်ခုခု လုပ်ရင် ကောင်းမလားးး
    စဉ်းစားနေတယ်

    :mrgreen:

  • kyeemite

    August 9, 2014 at 9:09 am

    – မြစာကလေး
    -လှတာမရွေးနဲ့
    -ညစာသာတွေး
    -ရရာသာလွေးနေရင်း
    -ရွာသားတစ်သိုက်နဲ့
    -အမြဲ ဟီးတိုက်နေတဲ့
    -အိုဘယ့်…ကြီးမိုက်။

    -ခိခိခိ…ကျုပ်လည်း ကဘာရေးတတ်ပ :k: :k: :k:
    -ပုံ/
    -ရွာ့မထင်မရှား ကဘာဆြာကြီး
    -ကကြီးမိုက်။ :boss:

  • Mr. MarGa

    August 9, 2014 at 9:13 am

    Everything I do, I do it for you…
    အဲ့ စာသားလေး အခုတလော အာတွေ့နေသဗျ :mrgreenn:

  • surmi

    August 9, 2014 at 9:51 am

    အားပါးးးး အရီးတို့အပြေးအလွှားနှစ်သိမ့်ပုံက မိုက်သဗျ
    သေသေချာချာ ထိုင်ပြီးများငယ်လက်သွေးလိုက်ရင်
    ဘယ်လိုကောင်းတဲ့ ကဗျာများထွက်လာမလဲပဲ
    အရီးကိုတော့လျော့မတွက်လိုက်နဲ့နော :mrgreen:

  • ခင် ခ

    August 9, 2014 at 10:35 am

    တယ်ကောင်းပါလား အရီးရေ ကျွန်တော်ဖြင့် ညကနှစ်ခေါက် အခုတစ်ခေါက် ဝင်ဖတ်မိတယ်ဗျ။
    ကြိုက်လွန်းလို့လေ။

  • Nyo Win

    August 9, 2014 at 11:49 am

    Bravo!!!!!! အရီးခင်….
    လူငယ်အတွေး/အရေး နဲ ့ဖတ်လို ့ကောင်းပ။

  • Crystalline

    August 9, 2014 at 12:43 pm

    အရီးကတော့ အရီးပါပဲ..
    “ခင်”ကတော့ “ခင်” ပါပဲ.. ( ဇီဇီခင်ဇော်ခေါ်တာတွေ့လို့.. :k: )

  • ဦးကြောင်ကြီး

    August 9, 2014 at 11:42 pm

    စိန်ကြက်ဆင်
    အိမ်မက်တွင်
    ဇိမ်ဖက်ခြင်
    လိင်ဇာတ်ထွင်
    တိမ်သက်မြင်
    ရှိန်ငှက်ဝင်
    ငြိမ်သက်အင်
    သိမ်ထွက်လျင်..။

  • pooch

    August 10, 2014 at 10:22 am

    Stay Hungry, Stay Foolish
    ဆိုတဲ့လူကြီးကို​ရော ဘာ​ပြောအုန်​းမလဲ အရီး
    အ​နော်​က အခုရူး​တော့မရူး​သေးဘူး
    ဒါ​ပေမဲ့ ဦး​နှောက်​က ဘာမှ ထပ်​မှတ်​လို့မရ​တော့ဘူး
    ဗလာဖြစ်​ပြီး ​မေ့​ကြောထူ​နေလို့
    😥

  • နှူးဘာ မိဂီ

    August 10, 2014 at 3:58 pm

    ပေါတောတောနဲ့

    :'(

  • TNA

    August 10, 2014 at 4:02 pm

    မွစာကလေးဆိုလို့ ဘူဒုန်းမှတ်တယ် အရီးကိုးးးးးးးးးးးးးးးးးးးးးးးးးးးးးး ကူဂေါက်ပျဇီလားအရီးရယ်။ ဇီဇီပေါဒလို ဒုတ်ခဆိုတာအဖော်နဲ့အပေါင်းနဲ့လာနေတာမို့ သူများလဲ မနက်ဖန်လောက်ဂေါက်ရင်ကောင်းမား

  • ရဲစည်

    August 10, 2014 at 4:18 pm

    ဆြာဂျီး စိန်ကြက်ဆင်ဆိုတာ ဘယ်သူမှန်း မသိပေမဲ့ နံမည်ကျား ယုံနဲ့ သိပ်တော့ မလွယ်ဘူးလို့ မှတ်တယ် …
    ဆိုတော့
    ဆြာမဂျီး မြစာကလေး နဲ့ ဆြာဂျီး စိန်ကြက်ဆင်တို့ ပွဲဂျီးပွဲကောင်းကို စောင့်မျှော်နေဘမယ်

    လေးဇားလျှက်

    ကျောက်စိမ်းတညင်

  • မဟာရာဇာ အံစာတုံး

    August 10, 2014 at 4:32 pm

    အရီး …
    စိန်ကြက်ဆင် ဆိုဒါ ဘီဒူဒုန်း …
    အဲ့ဒါ ပြောအုံး …
    ကဗျာကဒေါ့ .. လန်းဒယ် …
    ကွီးရော့ တွေကို ကဗျာရေးသွားတာ ချယ်ဘဲ ….

  • ဇီဇီ ခင်ဇော်

    August 10, 2014 at 4:40 pm

    ဟယ်
    ရဲစည် ဟုတ်ဘူးးးလားးးး
    🙄

    • မဟာရာဇာ အံစာတုံး

      August 10, 2014 at 4:50 pm

      စိန်ကြက်ဆင် ဆိုဒါ အိုက်လူဂျီးလား …
      တိဘာဘူးဗျာ …
      အခြားလူ မှတ်လို့ …
      အင်း .. ဒီလူကလည်း လွယ်တဲ့ လူတော့ ဟုတ်ဘူးရယ် …
      နံမယ်တွေကလည်း များလှပါဘိနဲ့ ….
      ရွာထဲ ဆူညံဆူညံ ဆိုရင် သူက ထိပ်ဆုံးဂဘဲ …. ဟီဟိ
      :mrgreen:

  • မြစာကလေး

    August 10, 2014 at 10:26 pm

    ကိုနို
    ပထမဆုံး မှတ်ချက်လေးအတွက် ကျေးဇူး ၃ ထပ်ကွမ်း ယူပါ။
    ကွန်ကလေး က အခု နာမည်ကျော် မော်ဒယ် ဖြစ်နေပါပေါ့။
    လောကကြီး ကို ဇောက်ထိုး ကြည့်မိတာ အကြောင်း မဟုတ် စာမေးပွဲ မေးခွန်း ကို ဇောက်ထိုး မ ဖြေမိဖို့ လိုတာ သိသလား။
    သိမှာပါ။

    အကြမ်းပညာရှင်ဇီကလေး
    အကြမ်းမပါဘဲ အချောဆိုတာ ဘယ်တော့ မှ တန်းပြီး မရဘူးကွဲ့။
    တန်ဖိုးကြီးပါတယ်လေ။

    ကိုချော
    ကျောင်းကြီး ရဲ့ ရွှေရတုသတင်းကို ကိုချော ဆီက ကြားရဖို့ မျှော်နေသူပါ။
    သူငယ်ချင်း အပျိုကြီး စိတ်သွားတိုင်း ကိုယ်ပါနိုင်သူ ကတော့ ရွှေရတုပွဲ ပြန်မလို့ စီစဉ်နေပြီ။
    အဆောင်ရှေ့သီချင်းဆိုတဲ့ အခန်း လွဲ နေလို့ ဖြုတ်ပေးလိုက် တယ် ဆိုလား။ သတင်းကြားမိလိုက်သေး။
    ဒါထက် “နီလာရတုခမ်းမ” ဆိုတာ ဘယ်အခန်း ကို ပြောတာလဲ။ မသိတော့ဘူး။

    ဆက်ဆက်
    ဦးမင်းလူ နဲ့ ရွာထဲက ကဗျာ ဆရာများ ထံမှ “စု တု ပြု” ပါတယ်။
    ဆရာထဲ မင်းလဲ ပါသပေါ့။
    ဒီတော့ တပည့်မကောင်း ဆရာသာ ခေါင်းခံပေတော့။

    ကကြီးမိုက်
    ရှင့်ကြီး ရဲ့နာမည် မှာ ကို က လှပတဲ့ ကဗျာ တစ်ပုဒ် စီး နေတာ မြင်ကြရ ပါတယ်လေ။

    ဖိုးသိကြား
    နတ်သမီး ၅၀ဝ ထဲ ဘူသူ့ အတွက် ရွေး ပြီး လုပ်ပေးနေသလဲ ဟေ့။

    ကဆာမိ
    ဖျား ပေးပေး ကျမ်းပေးပေး ငယ်တုန်းက ကဘာ မရေးဘူးခဲ့ပါ။
    မရေးတဲ့ အပြင် ကျောင်း က ကဗျာခန်း သွားပြီး ဟာသ လုပ်လွန်းတဲ့ သောင်းကျန်းသူ အဖွဲ့ပေါ့။
    ရွာထဲရောက်မှ သူများနောက်လိုက် ရင်း လက်သွေး နေတာ။ ဟိ။
    အားပေးကြပါ။

    ကိုခ ရေ
    ကျေးဇူးပါ။
    အမှန်တော့ ကိုယ်ပိုင်ဟန်မဟုတ်။
    သူများရေးတာ ခိုးချ ပြီး စာလုံး အစားထိုးခြင်းပါ။
    ခံစားချက်ကတော့ ရင်တွင်းဖြစ်ပေါ့။
    တာ … ဒါ …. :-)))

    ကိုညို
    ရှင့် အဖွဲ့ ကို မှီပါဘူးတော်။
    ဆကာတင် လေး အတွက် Congratulations ပါနော်။

    မကြည်စင်လေး
    အဲဒီ “ခင်” က အကောင်း မထင်နဲ့။ ပူးပေါင်းကြံစည်မှု။
    အဲ့ နှစ်ယောက်လုံးကို ခေါင်းခေါက်ဖို့မှတ်ထားတယ်။

    လုံမလေး
    ကျောင်းသားဘဝ တုန်း က ဘာကို အကြောက်ဆုံးလဲ။ ကိုယ့် စိတ် ကို ဇောက်ထိုး ဖြစ်အောင် စွမ်းနိုင်တာလေ။ lol:-)))

    ကြောင်ကြောင်
    တစ်ခုတ်တရ ဝင်အားပေးသွားလို့ လျှာ အားကောင်းပါစေ ဆုတောင်းပါတယ်။

    ပုချ်လေး
    သူ့စကား ကို အရင်ဆုံး ပြောဘူးခဲ့တာပါ။
    ဒီမှာ။
    {
    ဟို လူကြီးရဲ့ “Stay Hungry. Stay Foolish” ကို လက်ကိုင်ထားပါတယ်။
    ဒီ အရွယ်ကြီးရောက်ကာမှ အသားကျနေတဲ့ တစ်ခုကနေ ဘာမှမဆိုင်တဲ့ နောက်တစ်ခု ကို ပြောင်းဖို့ ကြိုးစားနေတာ ရူးနေလို့ပါဘဲ။
    ဆာ တာကတော့ မပြောနဲ့။ ရွာထဲက ကိုယ့် ဖေးဘရိတ် ထမင်းဆိုင် ကိုတောင် လှည့်မကြည့် နိုင်တာ။
    }

    မောင်ဂီ
    ဒီလောက်မှ မပေါ ရင် ရှင်လေး ရဲ့ အရီး ဘယ်လိုဖြစ်နိုင်ပါ့မလဲ။ :-)))

    သဲနု
    လာပါ၊ လာပါ။ ဂေါက်ဖို့ အဖော်လိုပါတယ်။
    အဖော်ရှတာ တွေ့ရင်တကယ် စိတ်ဖြေနိုင်တာနော်။
    စောင့်နေပြီ။

    မောင်ရဲစည်
    စိန်ကြက်ဆင် ရဲ့ လက်ထောက် – ခြေထောက်ကြီး။ ကိုယ်မဟုတ်တာကျ ဝင် ဝင်ပြီး ခေါင်းခံ သူကြီး ရဲ့။
    အခုလို အသံလေး ဝင်ပြီး ပြသွားတာဘဲ ကျေးဇူးပါတော်။

    မောင်အံ
    ဂယ်လား။
    ကျုပ် တူလေး က တိပ်တော် တာဘဲ။
    ဟိ။

    ဤ ကဘာ ထဲသို့ ကြွရောက်လာသူ များ အားလုံး အား မြစာကလေး မှ လှိုက်လှိုက်လှဲလှဲ ကျေးဇူး တင်ရှိပါကြောင်း။
    သန်းထီကြီးများပေါက်လို့ စိတ်သွားတိုင်းရောက် အောင်မြင်ကြပါစေ။ :-)))

  • black chaw

    August 11, 2014 at 11:21 am

    မြေညီထပ် က SS 10 ပါ အစ်မရေ။
    ဦးကံဇော် လက်ထက်မှာ နီလာရတု ခမ်းမ ဖြစ်သွားတာပါ။

  • ဦးဦးပါလေရာ

    August 11, 2014 at 11:35 am

    .ကဗျာဆြာမကြီးရဲ့ စိန်ခေါ်ချက်က ကြမ်းလှချေကလား….
    :mrgreen:

    .အခုတစ်လောသတိထားမိတာ
    .အီကိုရွှေရတု နီးလာလေ အီကိုသူဟောင်းတွေ ဇာတိမာန်တက်ကြွလာလေပဲဗျို့ ……
    :mrgreen:

  • weiwei

    August 11, 2014 at 2:15 pm

    အဖော်လိုက်ပြီး ဂေါက်ချင်နေပါပြီ …
    ဒီတစ်ပါတ်မှ မရူးရင် နောက်ဘယ်တော့မှ မရူးတော့ဘူးလို့ ထင်ရလောက်အောင် အထက်ကလူကြီးတွေ ဝိုင်းပြီး ဒုက္ခပေးထားကြပါတယ် ..
    အခု ဂေါက်ဖော်ဂေါက်ဖက်တွေအများကြီးတွေ့တော့မှပဲ နဲနဲစိတ်သက်သာရာ ရသွားတော့တယ် ..

  • thit min

    August 12, 2014 at 11:33 am

    Veni Vidi Vici လို့ ငယ်ငယ်ကကျောင်းစာအုပ်တွေရဲ့ အဖုံးမှာ
    အူကြောင်ကြောင်ရေးခဲ့ဘူးတာ အမှတ်ရမိပြီးပြုံးမိသွားပါရဲ့ မလတ်ရေ..။
    မလတ်ရဲ့ ဒီစာစုလေးတွေကို ချဲ့တွေးမိပေမဲ့..ချဲ့မရေးနိုင်တဲ့ဘဝမို့..
    တခုတည်းသောရင်ခွင်က အတူတူပေါက်ဖွားခဲ့ကြတဲ့..
    မလတ်ရဲ့မောင်လေးကို ခွင့်လွတ်ပေးပါလို့…။
    I came, I saw, I got the bad connection.

  • မြစာကလေး

    August 12, 2014 at 11:31 pm

    ကိုပါ၊
    ကြည့်ရတာ အနီးက လူ က အီကိုသူများလားရှင့်။ :-))

    ဝေဝေ
    တစ်ချို့ ဟာတွေက ပြီးတော့လဲ ပြီးသွားပေမဲ့ မပြီးသေးခင် စိတ်မခိုင်နိုင်သေး။
    ကိုယ့်ညီမ နဲ့ အဖော်ရလို့ အားရှိတယ်။ ;-))

    ကိုသစ်
    အခါအခွင့်လေးများ သင့်ရင် ချဲ့ ရေးပါလို့။ အားလုံး ရဲ့ ဆန္ဒပါရှင့်။ :-))

Leave a Reply