” ဪ ၂ နှစ်ကျော် ခရီးတောင် ခြေဆန့်မိပြီကိုး “

 

နှစ် နှစ်ကျော် ကာလ

အဖြစ်အတော်စုံလှ

ရေးခဲ့တဲ့ပိုစ့်တွေ

မှတ်မှတ်ရရ ၄ရ မှာလေ

ကျုပ်အရွယ်နဲ့ ထပ်တူပေ ။

ဆက်ကာသာ ခရီးဆက်

မပြတ်ပါကွယ် ပိုစ့်ရေးလျှက်

မန့်တာလည်း ရှိသလို

မမန့်တာလည်း ရှိကြသကို

ခင်သူတွေလည်း ပေါသကိုး

ချဉ်သူလည်း ဒုဒေးဆို

ကြိုက်သူလည်းထိ

မကြိုက်သူလည်းရှိ

အဲဒါတွေ ကျုပ်ဘာမှမသိ

ရေးချင်ရင် ရေးလိုက်တာမို့

နှစ်ထောင့်ဆယ့်လေးဩဂုတ်ကိုး

တော့တန်း ခုနှစ်အရောက်တိုး

မန့်သူအပေါင်း ကျေးဇူးကွယ်

ဖတ်သူအပေါင်း ကျေးဇူးရယ်

လွန်တာရှိလည်း ဝန္တာမိပါဘဲ

အရွယ်တွက်သော် ငါးဆယ်သို့မျှော်။

 

 

ခင်ခ။

About ခင္ခ

ခင္ ခ has written 458 post in this Website..