” ဪ ၂ နှစ်ကျော် ခရီးတောင် ခြေဆန့်မိပြီကိုး “

ခင္ခAugust 9, 20141min22616

” ဪ ၂ နှစ်ကျော် ခရီးတောင် ခြေဆန့်မိပြီကိုး “

 

နှစ် နှစ်ကျော် ကာလ

အဖြစ်အတော်စုံလှ

ရေးခဲ့တဲ့ပိုစ့်တွေ

မှတ်မှတ်ရရ ၄ရ မှာလေ

ကျုပ်အရွယ်နဲ့ ထပ်တူပေ ။

ဆက်ကာသာ ခရီးဆက်

မပြတ်ပါကွယ် ပိုစ့်ရေးလျှက်

မန့်တာလည်း ရှိသလို

မမန့်တာလည်း ရှိကြသကို

ခင်သူတွေလည်း ပေါသကိုး

ချဉ်သူလည်း ဒုဒေးဆို

ကြိုက်သူလည်းထိ

မကြိုက်သူလည်းရှိ

အဲဒါတွေ ကျုပ်ဘာမှမသိ

ရေးချင်ရင် ရေးလိုက်တာမို့

နှစ်ထောင့်ဆယ့်လေးဩဂုတ်ကိုး

တော့တန်း ခုနှစ်အရောက်တိုး

မန့်သူအပေါင်း ကျေးဇူးကွယ်

ဖတ်သူအပေါင်း ကျေးဇူးရယ်

လွန်တာရှိလည်း ဝန္တာမိပါဘဲ

အရွယ်တွက်သော် ငါးဆယ်သို့မျှော်။

 

 

ခင်ခ။

16 comments

  • ဇီဇီ ခင်ဇော်

    August 9, 2014 at 8:57 am

    Happy birthday to you, Ko Kyi Kha..!!
    :s:

    • ခင် ခ

      August 9, 2014 at 9:05 am

      ဦးဆုံးရောက်လာတာအတွက် နဲ့ ဆုတောင်းလေးအတွက် ကျေးဇူးပါ ဇီဇီခင်ဇော်ရေ။
      မန်းပြန်ရောက်တဲ့အခါမှဘဲ မုန့်လိုက်ကျွေးတော့မယ်ဗျာ။

  • ဦးကျောက်ခဲ

    August 9, 2014 at 9:16 am

    ဆြာခရေ ဖွဘုတ်မှာတော့ ဆုတောင်းပြီးပြီခင်ဗျ… အခု ထပ်ဆုတောင်းလိုက်မယ်
    ရေလိုအေးလို့ ပန်းလိုလန်းဆန်းပါစေ ခင်ဗျား…

    • ခင် ခ

      August 9, 2014 at 9:28 am

      ကျေးဇူးပါဗျာ ဆြာကျောက်ရေ။
      ဆုတောင်းပေးတဲ့ ဆြာကျောက်တို့ဇနီးမောင်နှံလည်း ရေလိုအေးလို့ ပန်းလိုလန်းပါစေဗျ။

  • surmi

    August 9, 2014 at 9:45 am

    ဪ ယနေ့ဦးခ မွေးနေ့ကိုး 🙂

    ဆန္ဒရှိတိုင်း စိတ်ညွှတ်တိုင်း အောင်မြင်စွာဆောင်ရွက်နိုင်သူဖြစ်ပါစေကြောင်းးး

  • Mr. MarGa

    August 9, 2014 at 10:06 am

    ဗလာဗို ပါ လေးခ ခင်ဗျားးး
    ဆက်ရေးမှာတွေကို မျှော်နေပါတယ် လို့

  • ခင် ခ

    August 9, 2014 at 10:34 am

    ကျေးဇူးပါ ဆြာဆာ နဲ့ ကိုမာဃ ရေ။

  • manawphyulay

    August 9, 2014 at 10:43 am

    ဪ အခုမှ ငါးဆယ်ကိုမျှော်မလို့ပဲရှိသေးတာပဲ… နှစ် နှစ်ရာသို့တိုင်စေသော်….

    • ခင် ခ

      August 9, 2014 at 11:02 am

      ဇာတာမှာတောင် အသက်၁၂ဝ ရှည်စေသော်ဘဲဆုတောင်းထားတာ မနှောက နှစ် နှစ်ရာ တောင်ဆုတောင်းပေးတယ်ပေါ့။ ကျေးဇူးပါဗျ၊ ဒီတိုင်းပြည်မှာတော့ အဲဒီလောက်ကြီး အသက်မရှည်ရလည်း ရပါတယ်ဗျာ။

  • sorrow

    August 9, 2014 at 11:00 am

    happy birthday ပါ ကိုကြီးခရေ…. ရွာသားလူငယ်တွေကို ဦးဆောင်ပါခင်ဗျာ ..စိတ်ချမ်းသာကိုယ်ချမ်းသာနဲ့လူ ဖြစ်ရပါစေကြောင်း …

  • အလင်းဆက်

    August 9, 2014 at 11:40 am

    ပျော်ရွှင်ပါစေ…လေး ခရေ…
    ရေးပြီးခဲ့သမျှကိုလည်း…အားပေး ဖတ်ရှုခဲ့သလို..ဆက်ရေးမှာတေါကိုလည်း.စောင့်မျှော်လျက်ပါ

  • MAUNG

    August 9, 2014 at 12:12 pm

    Happy Birthday Ko Gyi Khin 🙂

  • မြစာကလေး

    August 10, 2014 at 1:41 pm

    ပျော်ရွှင်သောမွေးနေ့ ဖြစ်ပါစေ။ ကောင်းမြတ်တဲ့လိုရာ ဆန္ဒ တွေလဲ ပြည့်ပါစေ ကိုခ ရေ။

    ကျွန်မ တော့ ကိန်းဂဏန်း တစ်ခု တစ်နှစ်တစ်ခါ မြင့်လာတာ တော့ မေ့ထားတယ်။
    ဒါကို လက်ခံနိုင်ဖို့ တရာ မရှိသေး။ lol:-))

    ကျောက်စ် ရဲ့ ဗေဒင် ကို အားကျပြီး လိုက်ပြောရရင် Zodiac Sign အရ ဆို ကိုခ က “The Leo – The Lion” တဲ့။
    ကိုယ်မတတ်တော့ သူများ ဟောတာ ကို ကော်ပီ လုပ် ပြီး လက်ဆောင်ပေးပါတယ်။

    Loyalty is your trademark. People know you are a genuine friend who is always ready to lend a hand.
    Even if you can’t help someone with their specific problem, you still manage to send out a warm and reassuring vibration that makes them feel better.
    You love sharing your joys and successes with the people you love, and when you do, you are magnanimous — you never give a thought to getting anything in return.

    Try to remember that your strong sense of self can be misinterpreted by others — understatement could sometimes be a more effective way for you to show your loyalty and express your generosity.
    Some people think you are a show-off, but this too is a mistake. Your dramatic flair is part and parcel of your zest for life, your love of people and your optimism. For you, life is a stage on which you can perform and express your talents.

    မှန်တယ်ထင်တာဘဲ။ နော့။ :-)))

  • lu lu

    August 10, 2014 at 7:25 pm

    ဦးခ ဆိုတဲ့အတို်င်း
    ကျန်းမာေ ပျာ်ရွှင်ချမ်းမြေ ့ခြင်းတွေ အားလုံးဦးခ ထံပါး
    နေ ့ရက်တိုင်းမှာ ခစား ဝင်ရောက်လာပါစေလို ့ဆုတောင်းပေးလိုက်ပါတယ် နော်

  • black chaw

    August 11, 2014 at 11:12 am

    Happy Birthday ပါ ကိုခင်ခ ရေ။
    နောက်ကျနေတဲ့အတွက် ခွင့်လွှတ်ပါဗျ။

Leave a Reply