ချွေချွေတာတာ ငါးရက်စာ – KZ’s ထမင်းဆိုင်

ဇီဇီOctober 27, 20141min39047

ဒီ တစ်ပတ် အလှည့်ကျ စားဖိုမှူးကတော့ …
နင်းနင်း ခေါ် ရေမြေ့သနင်း ဖြစ်ပါတယ်။ ခွိ။
ရေမြေ့သနင်း ပြည့်ရှင်မင်းကို မီးဖိုချောင်သွင်းနိုင်တဲ့ နာ ကွ။။

:mrgreen:

သူတစ်ယောက်တည်း ချက်တာ မဟုတ်ပါဘူးတဲ့။
မဒမ်နင်း နဲ့ ၂ ယောက် အတူ ဈေးသွား အတူချက်တဲ့ ဟင်းတွေပါတဲ့ဗျားးး

ဪ။
လောကကြီး၊ လောကကြီး….

နှလုံးသား ဆီသို့ ဖြတ်လမ်းကို သိတဲ့ အမျိုးသားတွေ ပေါများလာပါ့ပေါ့လားးး
သာဓု!!!!

:kwi:

နင်းနင်းတို့ ဘာ စိတ်ကူးပေါက်မှန်းမသိပါဘူးဗျာ။ ၅ ရက်စာထဲရယ် ပေးတော့ ၅ ရက်ပဲ အရင်တင်လိုက်တယ်။

~~~~~~~~~~

 

တနလာင်္နေ့ 

.

.
ပုဇွန်အစပ်ကြော်လေးရယ်၊ မကျည်းသီးစိမ်းထောင်းကြော်လေးရယ်၊ ဒန့်သလွန်သီး ငါးနဲ့ ချဉ်ရည်ဟင်းလေးရယ်…

.

ရှလွတ် .. ပြန်တောင် လွမ်းတယ်… ပုဇွန်လေးတွေက ၅၀ဝ ကျပ် ဈေးဆိုတော့ အတော်ပဲ … မကျည်းသီးစိမ်းလေးတွေကလဲ ၃၀ဝ ကျပ်ဖိုးဆို အတော်ပဲလေ…
တပတ်စာ အစ မှာ အစပ်ကလေး နဲ့ ဖွင့်လိုက်ရင် တောက်လျှောက်ပွင့်သွားမယ်… ကံပွင့်သွားမယ်လေ…

.
ပုဇွန်အစပ်ကြော် – အရင်ဆုံး ဝယ်လာတဲ့ ၂ဝ ကျပ်သား ပုဇွန်လေးတွေကို ဖင်ဆိတ်ခေါင်းဆိတ်ပါမယ်… အရမ်းလဲ မဆိတ်ပါနဲ့.. အကောင်သေးရင် စားစရာ ရှိတော့မှာ မဟုတ်ပါဘူး… ဖင်လောက်ကိုပဲ အူမစိုက်မိဖို့ နည်းနည်း တိလိုက်ပါ… ခေါင်းက အာမယားချင်ရင် ဖြုတ်ပေါ့… သဘောပါ… ပြီးရင် မီးပေး ဆီလေးထည့် ဆနွင်းကတော့ ဆန္ဒရှိရင် ထည့်လိုက်ပေါ့… ပုဇွန်လေး ထည့်ကြော်လိုက်ပါ… ရဲလာပြီ ဆိုရင်… ခဏ အိုးဘေးလေး ကပ်ထားပါ… ပြီးရင် ငရုတ်သီး အကြမ်းဖတ် ဆ ထည့်ပြီး ကြော်လိုက်ပါ… နှာစချေပြီဆိုရင် နည်းနည်း မွှေးလာပါပြီ… ကြက်သွန်နီ ပါးပါး လှီးထားတာကို ထည့်ပြီး လှိမ့်လိုက်ပါ… ပြီးရင် ခုနက အိုးဘေးကပ်ထားတဲ့ ပုဇွန်နဲ့ ရောပြီး မွှေလိုက်ရင် ပုဇွန်အစပ်ကြော် လေး ရပါပြီ…

.
မကျည်းသီးစိမ်းထောင်းကြော် – တင်ဖူးပါတယ်.. ဒါပေမဲ့ ပြန်နွှေးပေးပါ့မယ်… အရင်ဆုံး မကျည်းသီးစိမ်းကို မညပ်တညပ်လေးထောင်းပါ… ထောင်းပြီးတာနဲ့ ကြော်ဖို့ တန်းလုပ်တာ ပိုအဆင်ပြေပါတယ်.. မဟုတ်ရင် မည်းကုန်လို့ပါ… ပြီးတာနဲ့ ဆီသတ် မကျည်းသီးစိမ်းထောင်းတာလေးကို ထည့်ပါ… ပြီးရင် ငပိထောင်းထားတာလေးကို ထည့်ပါ… သွေးတိုးရှိတဲ့ အိမ်ဆိုရင် လျှော့ထည့်ပေါ့… ငပိထောင်းဆိုတာက ငရုတ်သီးလှော်ထား၊ ပုဇွန်ခြောက်ထောင်းထား၊ ငါးပိ မီးဖုတ်ပြီး ရောထားတဲ့ ဟာပါ… ပြီးရင်တော့ ရေလေး နည်းနည်းထည့်ပြီး ဆူစေတော့ပေါ့… အရောင်လှချင်ရင်တော့ ဆီသတ်ကတည်းက အရောင်တင်မှုန့် နည်းနည်းထည့်ပါ… တနည်း ငရုတ်သီး အစိမ်းမှုန့်ပေါ့… ဆီပြန်ပြီး လုံးသွားရင်တော့ မကျည်းသီးစိမ်းထောင်းကြော်လေး ရပါပြီ…
ဒါဆိုရင်တော့ တရက်စာ ထမင်းမြိန်စေပြန်ပြီပေါ့… 

.

.

.~~~~~~~~~~

အဂါင်္နေ့ 

.

.

ကြက်သား အာလူး နဲ့ မဆလာမွှေးမွှေးလေး ဆီပြန်ဟင်း၊ ဂေါ်ရခါးသီးကြော်

.
ကြက်သားကလဲ ရင်ပုံသားကို ၅၅ဝ ကျပ်ဈေး၊ အာလူးကတော့ အသေးအကြီးပေါ်မူတည်ပြီး ဈေးကွာတယ်.. ဂေါ်ရခါးသီးကလဲ ၃ လုံးမှ ၅၀ဝ ကျပ်ဈေး

.
ကြက်သားဆီပြန် – ဆိုင်မှာ တခါတည်း ကြော်တုံးဆိုရင် ခုတ်ပေးလိုက်ပါလိမ့်မယ်… ထုံးစံအတိုင်း ဆီလေးသတ်လိုက်ပါ… ငရုတ်သီးစိမ်းမှုန့်လေးကိုတော့ အရောင်လှရုံ ထည့်ပါ… ပြီးရင် ကြက်သွန်ဖြူနီ ထောင်းထားတာလေးကို ထည့်ပါ… မွှေးပြီး လိပ်တက်လာရင်… ကြက်သားကို ထည့်ပါ… ရေစစ်ထားရင် ပို အရသာ စိမ့်ဝင်သလားပဲ… ပြီးရင် ကြက်သားအနူးကို ရေကြည့်ထည့်ပြီး စောင့်ပါ… ဆီကျန် ရေကျန်ဆိုရင်တော့ တော်ရုံ ရေခမ်းရင် မီးပိတ် အိုးချပေ့ါ… ဆီပြန်.. ဆီပြန်မှ ကြက်သားနူးအိကြိုက်ရင် ရေလိုသေးရင် ထပ်ထည့်ပြီး ဆီပြန်တဲ့ထိ စောင့်ပါ… မပြီးခင်မှာ မဆလာထည့်ဖို့ မမေ့ပါနဲ့ဦး… လက်ရှိတော့ ကုလားလေး မဆလာ အလွယ်သုံးဖြစ်တယ်… ဒါမှ မွှေးမွှေးလေးနဲ့ သွားရည်ယိုလာမှာပေါ့… ကဲ .. ဒါဆို… ကြက်သားဆီပြန်ဟင်းလေး ရပြန်ပါပြီ…

.
ဂေါ်ရခါးသီးကြော် – အရင်ဆုံးတော့ အခွံနွှာတာ တော်တော် စိတ်ပျက်စရာပဲ… စားသာ ကောင်းတာ … ပြီးရင် ပုံစံကတော့ ကြိုက်သလို တုံးနိုင်တယ်.. အပြားပုံစံလှီးမလား… အချောင်းပုံစံလှီးမလား… အရသာက အတူတူပဲ… ဆီလေးသတ်.. ကြက်သွန်ဖြူ ဓားပြားလေးနဲ့ ရိုက်ပြီးရင်… ခုနက တုံးထားတာလေးတွေ ထည့်လိုက်ရုံပါပဲ… ပြီးရင် နွမ်းသွားရင် တော်ပါပြီ ချလို့ရပါပြီ… အရည်လေးနဲ့ ဆီကျန်ရေကျန်ဆိုလဲ ချိန်သာ အိုးချလိုက်ပါ…
ဒါဆိုရင်တော့ ဆီပြန်မွှေးမွှေးလေးနဲ့ ဂေါ်ရခါးသီး ချိုချိုလေး ထပ်တွေ့ပြီး ထမင်းစားမြိန်ဦးမှာပေါ့…

.

.

.~~~~~~~~~~

ဗုဒ္ဓဟူးနေ့ 

.

.

ငါးဖယ်ခရမ်းချဉ်သီးအနှစ်ဟင်း နဲ့ ပဲသီးကြက်ဥရောကြော်

.
ငါးဖယ်ခရမ်းချဉ်သီး အနှစ်ဟင်း – ငါးဖယ်ကတော့ အရောပဲ ဝယ်စားလိုက်တယ်… ဈေးကတော့ ၅၀ဝ ကျပ်လား ၆၀ဝ ကျပ်လား မမှတ်မိတော့ဘူးဗျ… အနေတော်လေးတွေ ပြားချင်လဲ ပြား.. လုံးချင်လဲ လုံးလိုက်ပေါ့… ပြားတာက အရသာ ပိုဝင်သလားပဲ..ထောင်းတာတွေ မပြောတော့ဘူးနော်…  ပြီးရင် ကြော်ထားလိုက်ပေါ့… ခရမ်းချဉ်သီးကိုလဲ အရော်သီးတွေ ပဲ ဝယ်ထားတယ်ဗျ… ဒါမှချက်ရင် ပြဲမြန်ပြီး ခရမ်းချဉ်သီးအနှစ်က ပိုကောင်းတယ်ဗျ… သို့ပေသိ အလယ်က အစေ့တွေတော့ ထုတ်ရတယ်… အဖေ နဲ့ မတည့်လို့.. အဆစ်မြစ်နာဆို ယူရစ်အက်စစ်ဖြစ်တဲ့ အဲဒီအစေ့က အင်မတန်ဆိုး… ဒါနဲ့ ဆီလေးသတ် ကြက်သွန်ဖြူတော့ ထည့်ချင်ရင် ၂ မွှာလောက် ဓားပြားလေး ရိုက်ရိုက်၊ ငရုတ်ကျည်ပွေ့နဲ့ ဖိဖိပေါ့ အဲဒါလေးထည့်တော့ မွှေးတာပေါ့… ပြီးရင်တော့ အရောင်တင်မှုန့် ဝါ ငရုတ်သီးအစိမ်းမှုန့်လေးထည့်.. ခရမ်းချဉ်သီး လှီးထားတာလေးတွေ ထည့် ကြေသေပြဲတဲ့အထိ မွှေလိုက်လှိမ့်လိုက်ပေါ့… ခရမ်းချဉ်သီးက အခွံလေးတွေ လှိမ့်လာရင်တော့ ငါးဖယ်ကြော်ထားတာလေး ထည့်ပြီး… အရသာ မြည်းကြည့်ပေါ့.. ကျွန်တော်ကတော့ နောက်ဆုံးမှာ ချစ်တို ငရုတ်ဆီလေး ထည့်ထည့်ထပ်စွက်တယ်… ပိုကောင်းမလားဆိုပြီး… ဒီလိုနဲ့ပဲ ငါးဖယ်ဟင်းကလေး ရပါပြီဗျာ…

.
ပဲသီးကြော် – ဒါကတော့ အလွယ်လေးပါ… ပဲသီး ၁ စည်း ၂၀ဝ ကျပ်နဲ့ ၂ စည်းလောက် ဝယ်လိုက်ပါ… ပြီးရင် စဉ်းပါမယ်… အိုးအပူပေး ဆီသတ်.. ကြက်သွန်နီကြိုက်ရင်တော့ မထူမပါးလေး တလုံးလောက် လှီးပြီးထည့်ရင် ကောင်းပါတယ်… ပြီးရင်တော့ ဆားလေး အရင်ထည့်လိုက်ပါ… ပြီးရင် မီးပြင်းပြင်းလေးနဲ့ မှာ ပဲသီးလေးထည့်လိုက်ရင် စိမ်းစိမ်းစိုစိုလေးနဲ့ လှမှာပါ… သို့ပေသိ ကျွန်တော်တို့က ကြက်ဥကလေးနဲ့ ဆိမ့်ဆိမ့်လေးစားမှာဆိုတော့ အဲလို မကြော်ချင်လဲ ရပါတယ်… ပြီးရင်တော့ ပဲသီးကြော်လေး ရပါပြီ…
ဟင်းတွေကတော့ အသားဟင်းတခွက်၊ အသီးအရွက် တခွက်ချက်ပါတယ်.. အရည်သောက်ကလေးလိုရင် ဆီကျန်ရေကျန်လေးကိုမှ ခပ်သောက်ပြီး အူစိုစေပါတယ်… 
ဒါဆိုရင် ဗုဒ္ဓဟူးနေ့ ဟင်းလျာလေးကို မျက်လုံးထဲ ပေါ်လောက်ပါပြိနော်….

.

.

.~~~~~~~~~~

ကြာသပတေးနေ့ 

.

.

ရှောက်သီးသုပ် နဲ့ ပိန်းဥအရည်သောက်

.
ရှောက်သီးသုပ် – ရှောက်သီးကတော့ တလုံး ၃၀ဝ ကျပ်ဆိုတော့ ဈေးသိပ်မပေါဘူးဗျ… အလုံးကြီးတော့ စားမယ့်သူနဲ့ ချိန်သုပ်ရမှာပဲ.. တခြမ်းဆို တော်တော်လေးကို လောက်ပါတယ်.. လိုအပ်တာကတော့ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ ငါးပိထောင်း၊ ရှောက်သီးနဲ့ ပုဇွန်ခြောက်မှုန့်တို့ပါပဲ… ငံပြာရည်လေးတော့ လေးချင်သေးရင် ထပ်ထည့်ပေါ့… ရှောက်သီးကိုခွာ ပြီးရင် ကြက်သွန်လေးတွေကို ပါးပါးလှီး မျက်စိမစပ်ချင်ရင် နည်းကတော့ မစမ်းဖူးသေးဘူး… ရေခဲသေတ္တာထဲ ထည့်ပြီးမှ လှီးရင် သိပ်မစပ်ဘူးတဲ့… တချို့ကတော့ စတီးအပြောင်သားကို ပါးစပ်မှာကိုက်တယ်.. ထားပါ.. အခိုးသတ်တာတော့ ရေ ၂ ရေလောက် ဆေးရင် ပြောင်ပါပြီ… ပြီးရင် သမအောင်သာ ရောလိုက်ပေတော့.. ဆီချက်ထည့်ချင်သေးရင်တော့ ထပ်ကွန့်နိုင်ပါတယ်… ဒါဆို ရှောက်သီးသုပ်ကလေး ရပြီပေါ့နော်…

.
ပိန်းဥ အရည်သောက် – ဒါကတော့ ရှမ်းပိန်းဥလား.. ဗမာ ပိန်းဥလား မသိဘူး.. ဥသေးသေးတွေ ဖြူဖြူလေးတွေပဲ.. အဲဒါပိုစားကောင်းတယ်… ဥကြီးတာကျတော့ ဈေးလဲ ကြီးတယ်… တဥကို ၈၀ဝ ကျပ်တောင်… အခုကျွန်တော်ချက်မယ့် ပိန်းဥကတော့ တဆယ်သား ၂၀ဝ နဲ့ ၃ဝ သား ၅၀ဝ ကျပ်နဲ့ ပိန်းဥပါ.. အခွံချွတ်ပြီးသားကို ဝယ်တော့ အလုပ်ရှုပ်သက်သာတာပေါ့… အဲဒါလေးတွေကို ထပ်ခြမ်းလေးတွေ ခြမ်း… ဆီသတ်ပြီးရင် ထည့်သာချလိုက်တော့… ပြီးရင် ရေများများထည့်ပြီး လွှတ်သာထား.. နူးမနူး စမ်းကြည့်ပေါ့… တရေကုန်လို့မှ မနူးရင် ထပ်ထည့်ပေါ့… ရေကျန် ဆီကျန်လေးနဲ့ နူးရင် စားလို့ရပါပြီ…
ဒါဆိုရင် ကြာသပတေးနေ့ကို ရှောက်သီးသုပ် ချဉ်ငံစပ်လေး နဲ့ အချိုချက် ပိန်းဥ အရည်သောက်လေးနဲ့ အိုကေပေါ့…

.

.

.~~~~~~~~~~

သောကြာနေ့

.

.

အမဲသားဟင်းစပ် နဲ့ မုန်လာဥချဉ်ရည်ဟင်း

.
အမဲသားဟင်းစပ် – ဒါကတော့ ယောကမအိမ်မှာ သွားစားတာဗျ.. စားတဲ့သူနည်းတော့ ၂ဝ သားလောက်ပဲ ဝယ်ထားတယ်… ဘယ်ဈေးလဲတောင် မမေးမိဘူး… အသားတုံးလေးတွေကိုတော့ ထမင်းစားတုံးလောက်လေးတွေ လှီးတယ်ဗျ.. အဓိကကတော့ ဂျင်းပဲ.. ပုံမှန်ဆီသတ်နေကျအတိုင်းပဲ ဆီသတ်တယ်… ဟင်းအနှစ်အတွက် ထောင်းတာထုတာမှာပဲ ဂျင်းလေးကို ရောထောင်းရတာ မဟုတ်ရင် ညှီမှာ.. အခုတော့ မညှီဘူး… ဆီထည့်၊ အရောင်တင်မှုန့် ထည့်၊ ဆီကျက်ရင် ထုထောင်းထားတာလေးတွေ ထည့် အသားတုံးလေးတွေ ထည့်ရုံပါပဲ… တခုပဲ ဆီပြန်ဆိုတော့ ရေလုံးဝ မကျန်အောင်ရယ်.. အနူးအတွက်ရယ် ရေချိန်ပါပဲ… ပြီးရင်တော့ မဆလာလေး အုပ်လိုက်ပေါ့.. တချို့ကတော့ မချက်ခင်တည်းက မဆလာတို့ ဘာတို့နဲ့ လုံးထားတတ်တယ်.. ပြီးရင် ပျင်းတော်သိမ်ကို ထည့်တတ်ကြတယ်.. အခုကတော့ တကယ်ကို မညှီတာပါ… ဂျင်းပဲ နိုင်းချင်း ထည့်လိုက်တယ်.. ရေလဲ ခန်း အမဲသားလဲ အနူးဆို မဆလာလေး အုပ်လိုက်ရင် ဟင်းစပ်တခွက် ရပါပြီဗျာ.. မွှေးချင်လွန်းလို့တော့ မဆလာလဲ အရမ်းမထည့်ပါနဲ့ တခါတခါ ခါးသွားတတ်ပါတယ်…

.
မုန်လာဥချဉ်ရည်ဟင်း – မုန်လာကတော့ ဈေးပေါနေပါတယ်.. တစည်းကို ၂၀ဝ ကျပ်ပါ… ၂ စည်းလောက်ဆို အိုကေပဲ… အရွက်လေးတွေပါထည့်ပေါ့.. ပိုချိုတယ်… တချို့ဆို မုန်လာဥ လှီးရင် တစောင်းတောင် လှီးကြသေးတယ်… ကဲပါ.. ချက်ကြစို့.. ကျွန်တော်ကတော့ လုံးချက်ချက်တာဗျ… အိုးထဲမှာ ဆီရော အရောင်တင်မှုန့်ရော ကြက်သွန်ဖြူနီထောင်းထားတာရော ငါးပိရောပေါ့… ရေထည့်ဆူရင် မြည်းကြည့်လိုက်ပေါ့… မုန်လာဥက အဖြူနော်.. ချက်တာ.. အချိုရေလေးထွက်.. နူးပြီဆိုရင် မီးပိတ်… သိပ်မခက်ပါဘူး.. ဒါဆိုနောက်တခွက်ပေါ့…
ဒါဆို နောက်ထပ် တရက်ပြီးသွားပြန်ပါပြီ…

 

ကျွန်တော့်ရဲ့ ဟင်းတွေက ချက်ရမခက်ပါဘူး..

ဒါပေမဲ့ ထမင်းမြိန်မယ်.. ရာသီပေါ်ကိုမှ ဈေးဖိုးချွေတာချက်တာပါ…

ဟင်းအစပ်တွေကလဲ တခါတခါ စဉ်းစားမရတဲ့အခါမျိုးမှာ စမ်းချက်ဖို့ပါ…

နေ့တိုင်းချက်နေရတဲ့ အိမ်ရှင်မတွေ

ဟဲ ကျွန်တော်ဆို အိမ်ရှင်ထီးတွေ တွေးစရာရသွားတာပေါ့…

~~~~~~~~~~~

ရွာက ချက်နည်း မရှင်းတာမေးရင် နင်းနင်း ကိုယ်တိုင်ဖြေနော်။
နောက်လည်း ရ ရက် စာ ပြည့်အောင်ကြိုးစား ချက်စား အဲ ကြိုးစားချက်ပေးနော်။

 

:k:

47 comments

  • Yae Myae Tha Ninn

    October 27, 2014 at 10:17 am

    အနော့်ကို လုပ်ပြီ… ၂ ရက်က ယောက္ခမ အိမ်သွားစားလို့ပါ… 🙂

    • မမချွိ

      October 27, 2014 at 12:21 pm

      မပြောစေချင်ရင် နောက်တစ်ခါ ရ ရက်စာပေးပေါ့။
      ဟိ

      :k:

      • Yae Myae Tha Ninn

        October 27, 2014 at 12:50 pm

        အိုကေ.. စနေက ကတ်ကြေးကိုက် နဲ့ ၁၂ မျိုး ဟင်းချို…

        တနင်္ဂနွေက သီးစုံပဲဟင်း နဲ့ ပဲပုတ်ထောင်း … အဆင်ပြေမလား.. ချက်နည်းထပ်ပို့ပေးမယ်… 🙂

        • မမချွိ

          October 27, 2014 at 12:53 pm

          ကွန်မန့် နဲ့ တင်လိုက်လေ။

          🙂

  • pooch

    October 27, 2014 at 11:11 am

    ဗိုက်ဆာတာ ဒီနေ့ ကန်တင်းစောစောဆင်းရတော့မယ် :mrgreenn:

    ဒီမှာက ကျန်းမာရေးနဲ့ ညီညွတ်တာပဲ စားရတယ် စားချင်တာ စားလို့မရဘူး အသား အရွက် အသုပ် ၃ ပုံ ဟင်းရည် ထမင်းပါတယ်ဆိုရုံ :((
    ညစာကျတော့လည်း အများကြီးမစားဖြစ်တော့ ပိတ်ရက်လောက်ပဲ စားချင်တာ စားလို့ ရတယ်

    • Yae Myae Tha Ninn

      October 27, 2014 at 11:52 am

      တနားပါဒယ်.. မယ်ပုလေး… အိမ်နဲ့ နီးရင် လာစားလှည့်ပါ.. မဒမ်ကလဲ သဘောကောင်းပါတယ်… 🙂

  • Novy

    October 27, 2014 at 11:40 am

    စနေအတွက်ကတော့

    ငါးဥကလေးကြော် / ချဉ်ပေါင်ဟင်းပျစ်ပျစ်ကလေးချက် / တို့စရာအစုံနဲ့ ငါးပိရေစပ်စပ်လေးဖျော်
    အမလေး ထမင်းတောင် ၂ပုဂံလောက်ဝင်သွားတယ်

  • Yae Myae Tha Ninn

    October 27, 2014 at 11:53 am

    နိုဗီရေ… တရက်စာ ဝင်ဖြည့်သွားတာ ကျေးဇူးပါ… ငါးဥကလေးက ငါးသလောက်ဥလား… ဈေးကြီးတယ်နော်.. မချက်တတ်ရင် ခါးသေး… ငါးပိရေ ကြိုက်ရင် မဒမ်နဲ့ တူသွားပြီဗျ… ကျွန်တော်ကတော့ မြိတ်သားမို့ ငါးပိ ပိုကြိုက်ပါတယ်… 🙂

  • Novy

    October 27, 2014 at 12:10 pm

    ငါးသလောက်ဥကတော့ဈေးကြီးတဲ့ အပြင်တစ်ခါတစ်လေရှာလို့တောင်မရဘူး
    ငါးပျက်ဥ လေးတွေကစားကောင်းပြီးနုညံ့ပါတယ် ဈေးလည်းမကြီးပါ ဂွဈေးမှာရောင်းပါတယ်
    ဥလေးတွေကလက်သန်းလောက်ပဲရှိပါတယ်

    • Yae Myae Tha Ninn

      October 27, 2014 at 12:54 pm

      ဒါဆို နိုဗီက စမ်းချောင်းသူပေါ့… ဂွဈေးတော့ မဝယ်ဖူးသေးပါ… အဲအရှေ့မှာ ဖယ်ရီဆင်းပြီး ညဈေးပဲ သွားတာမို့.. ဒီတခါ စမ်းဝယ်ကြည့်မယ်လေ… မဝေ ကတ်ကြေးကိုက်ဆိုင်ဘေးက ပသျှူးထမင်းကြော် ဆိုင်မှာ စားတတ်ပါတယ်.. မြင်ဖူးတယ် ..ဟုတ်.. တွေ့ရင် ခေါ်လိုက်ပါ.. ရှင်းခိုင်းလို့ ရအောင်… 😛

  • မွသဲ ( 17082011 )

    October 27, 2014 at 2:35 pm

    အီးးးးးးးးးးးးးးးးးးးးးး စားချင်လိုက်တာ။ အိမ်မှာဟင်းမချက်နိုင်တာအတော်ကြာသွံားပြီပဲ။ မြန်မာဟင်းလေးတွေစားချင်လိုက်တာ။ လိုရာလေးတွေကူးသွားပါအိ။ ချွိချွိ နင်းနင်း ကျေးကျေး

    • Yae Myae Tha Ninn

      October 27, 2014 at 3:40 pm

      ဟုတ် … မွသဲ… နီးရင် လာလည်ပါလေ.. ကျွေးပါ့မယ်… 🙂
      ကြိုတော့ ပြောထားပေါ့.. ပိုချက်ထားလိုက်ဖို့… 🙂

  • MAUNG

    October 27, 2014 at 2:45 pm

    အမဲသား ကလွဲလို့ အကုန် ကြိုက်၏
    ယောက္ခမ အိမ် သွားစား မဲ့ နေ့မှာ ဘော်ဘော် တွေ ရောလိုက်လို့ရလား 🙂

    • Yae Myae Tha Ninn

      October 27, 2014 at 3:42 pm

      လိုက်လို့ ရပါ၏… MAUNG… 🙂

  • kyeemite

    October 27, 2014 at 3:26 pm

    .ရေမြေ့သနင်း မဒမ်သနင်းကို ကရုစိုက်တာတော့ ကိုယ်တွေ့ဗျို့..ဟီး
    .ဟင်းချက်လည်းကျွှမ်းတော့ မဒမ်သနင်းတို့ကံကောင်းချက်… 🙂

    • Yae Myae Tha Ninn

      October 27, 2014 at 3:44 pm

      ဟီး.. ဦးမိုက် တကယ်တော့ သူက ချက်တာပါ.. ကျွန်တော်က ဘေးက အရက်ခွက်လေးကိုင်ပြီး… မှတ်လိုက် ရိုက်လိုက် လုပ်တာပါ… ဟီး… 🙂
      ဂရုကတော့ စိုက်ရတယ်.. တယောက်တည်းရှိတာကိုး… 😛

  • Yae Myae Tha Ninn

    October 27, 2014 at 4:06 pm

    စနေနေ့ – ဒါက ကျွန်တော့် အကြိုက်ဆုံး စာ.. ကတ်ကြေးကိုက် နဲ့ ၁၂ မျိုး ဟင်းချို…
    ကတ်ကြေးကိုက် – ကြော်မယ်ဆို ညပ်ခေါက်ဆွဲဖတ် ကို တရက် ကြိုဝယ် ရေခဲသေတ္တာထဲ ထည့်ထားရပါမယ်.. ဒါမှ တောင့်ပြီး စားကောင်းတာပါ.. သီးသန့် အဖတ်ရောင်းတာ ရှိပါတယ်.. ဘုန်းကြီးလမ်းနားမှာပါ… ကဲ .. ကြော်ကြစို့… အရင်ဆုံး ဆီထည့်၊ ကြက်သွန်ဖြူလေး ၂ မွှာလောက်ကို ဓားပြားရိုက်ထည့်… ငရုတ်သီး အကြမ်းဖတ်ရော အစိမ်းမှုန့်ရော ထည့်ပါ… ပြီးရင် အသားပါရင် အသားထည့်ပါ.. ပြီးရင် ဂေါ်ဖီမထူမပါးလှီးထားတာကို ထပ်ပါ… နွမ်းသွားရင် ညက်ခေါက်ဆွဲဖတ် ထည့်ပါမယ်.. ကြော်လို့ကောင်းအောင် နည်းနည်းဖြတ်ထားတာ ပိုကောင်းပါတယ်.. ပြီးပဲပြုတ်လေးထည့်ပါ… ညက်ဖတ် ၂၅ သားလောက်ဆို ပဲပြုတ် ၁ရာဖိုးလောက်ဆို လောက်ပါတယ်.. ပြီးရင် အလယ်ဖောက်ပြီး ဘဲဥ ၂ လုံးလောက်ဖောက်ခေါက်ပြီး ထည့်ပါ… ပြီးမှ ရှာလကာရည် သို့မဟုတ် ပအုန်းရည်ထည့်ပါ… နောက်ဆုံး မီးပိတ်ပြီးသွားရင် အလယ်ထပ်ဖောက်ပြီး ပဲပင်ပေါက် ၁ ရာဖိုးလောက်ထည့်လိုက်ပါ… မနွမ်းလဲ ရပါတယ်.. ဒါမှ ကျလွတ် ကျလွတ် နဲ့ စားကောင်းတာပါ… ဥဆိုလဲ ဘဲဥက ပိုဆိမ့်ပါတယ်… ဒါဆို ကတ်ကြေးကိုက်လေး ပြီးပါပြီ…
    သူနဲ့လိုက်မယ့် အချဉ် အကောင်းဆုံးကတော့ သခွားသီးကို ပါးပါးလှီး ငရုတ်သီးစိမ်းလေး ညှပ်ထည့်ပြီး ရှာလကာရည် နဲ့ လုပ်ထားတဲ့ အချဉ်က အကောင်းဆုံးပါပဲ… တခုပဲ ဆားထည့်ပြီး ရင် အချိုမှုန့် အစား သကြား လေး ထည့်လိုက်ရင် အတော်ပါပဲ…

    ၁၂ မျိုး ဟင်းချို – ဒါလုပ်ဖို့ အရင်ဆုံး ငါးဖယ်လုံးလေးတွေ လုပ်ပါမယ်.. ငါးဖယ်ထောင်းပြီးသားကို ကော်မှုန့် နည်းနည်း ကြက်ဥတလုံး ဖောက်ထည့်ပြီး နယ်လိုက်ပါ… ပြီးရင် လက်ကလေးထဲ နယ်ထားတာကို ဖျစ်လိုက်ပါ.. ထွက်လာတဲ့ အလုံးလေးကိုမှ ဇွန်းလေးနဲ့ ယူ ရေအေးထဲ စိမ်.. ဒါဆို ငါးဖယ်လုံးလေး ရပါပြီ… ကျန်တာကတော့ တကယ် ၁၂ မျိုး မပြည့်ပါဘူး.. မှိုခြောက်ပန်းခြောက်ရယ်၊ မုန်လာဥနီဖြူ ၂ ခုလုံးကို ပန်းပုံဖော်၊ ပြောင်းဖူးသေးသေးလေးတွေကို တစောင်းဖြတ်၊ မုန်ညင်းရွက်ကလေးတွေကိုတော့ အလောတော်လောက် ဖြတ်ထား… ဒါတွေလုပ်နေတုန်း ကြက်ခြေထောက် ခေါင်း ၅ရာ ဖိုးလောက်ကို ဆူအောင်တည်ထားလိုက်ပါ… ဆူပြီဆိုရင် မုန်လာတွေ အရင်ထည့် အော်… ပဲသွေးလေးတွေ ပဲပြားလေးတွေလဲ တုံးထည့်.. ပြီးမှ ကျန်တဲ့ အရွက်တွေထည့်လိုက်ရင် အတော်ပါပဲ… ပြီးခါနီးမှ ငရုတ်ကောင်းလေးထည့်လိုက်ရင် ၁၂ မျိုး ဟင်းချိုလေး ပြီးပါပြီ…
    ဒါဆို စနေနေ့ ဟင်းစားရပါပြီနော်…

  • တောင်ပေါ်သား

    October 27, 2014 at 4:08 pm

    FOR …. KZ …..

    အိမ်ထောင်ပြုရန် စဉ်းစား နေသည့် စိုင်းစိုင်းခမ်းလှိုင်
    http://www.mizzimaburmese.com/2013-10-20-16-16-07/2014-04-01-06-37-42/item/31075-2014-10-27-05-04-45
    အဆိုတော် သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်ကအိမ်ထောင်ပြုရန် စဉ်းစားနေပြီး၎င်း၏မင်္ဂလာ ပွဲကို ၂၀၁ရခုနှစ်တွင်ကျင်းပဖြစ်မည် ဟု မဇ္ဈိမကို ပြောသည်။
    “အချစ်ရေး နဲ့ပတ်သက်ပြီး အခု လောလော ဆယ်တော့ ဘယ်သူနဲ့ ဆိုပြီးပြော စရာ မရှိသေးဘူး။ ဒါပေမယ့် အသက်အရွယ် အရ အိမ်ထောင် ပြုသင့်တဲ့ အရွယ် ကိုရောက်ပြီလို့ ခံစား ရတယ်” ဟု ၎င်းကပြောသည်။ မိန်းကလေး ပရိသတ်အများအ ပြား၏အားပေးမှုကို ခံနေရသည့် စိုင်းစိုင်းခမ်းလှိုင်၏အချစ်ရေးမှာပရိသတ် များအလွန်စိတ်ဝင်စားသည့် ကိစ္စ တစ်ခုဖြစ် ပြီး လွန်ခဲ့သည့် နှစ်များ အတွင်းကနာမည်ရမင်းသမီးတစ်ဦးနှင့်နာမည်ကြီးကာပရိသတ်များ၏စိတ်ဝင်တစားစောင့် ကြည့် ခြင်းကို ခံခဲ့ရ သေးသည်။ ၎င်းတို့ စုံတွဲကို အင်မတန်လိုက်ဖက်သည်ဟု အများက သုံးသပ်ခဲ့ ကြသော်လည်း၎င်းတို့၏အ ချစ်ရေးသည် အကြောင်းအမျိုး မျိုးကြောင့် ပျက်ခဲ့ရသည်။ အချစ်ရေး ကိစ္စများ ပြီးပြတ် ခဲ့ပြီဖြစ်သော်လည်း ၎င်းတို့ သည် အနုပညာအလုပ်များကိုဆက်လက်လက်တွဲလုပ်ကိုင်ခဲ့ကြခြင်းကြောင့် ပရိသတ်များက ချစ်စိတ်မပျက်ပြယ်ကြသေးဟု ယခု အချိန်ထိသုံးသပ်ပြောဆိုနေဆဲ ဖြစ်သည်။
    စိုင်းစိုင်းခမ်းလှိုင် သည် သရုပ်ဆောင် အလုပ်နှင့် ဂီတ အနုပညာ အလုပ်နှစ် ခုစလုံးကို မျှတအောင် လုပ်ကိုင်လျက် ရှိပြီးယ နေ့ အချိန်ထိ ဆယ်ကျော်သက် မိန်း ကလေး များ၏ အားပေးခြင်းကို ခံရကာ မိုးရာသီ ဂီတ ဆုပေးပွဲ၌ ပရိသတ် အကြိုက် ဆုံးအနုပညာ ရှင်ဆုဖြစ်သည့် “I Love Artist Make Award” ဆုကို ရရှိခဲ့ သည်။ ၎င်း၏ ပြင်ပ ဇာတ်ကောင်စရိုက်နှင့်လိုက် ဖက်သည်တက္ကသိုလ် ကျောင်းသား၊ အချစ်ကားများနှင့် မေတ္တာဘွဲ့ ဇာတ်ကားများကိုရိုက်ကူးလျက်ရှိပြီးလုံးဝမ ရိုက် ဖူး သေးသည့် ဆိုးပေတေသည့် ဇာတ်ရုပ်များကိုလည်း တိုးချဲ့ ရိုက်ကူး သွားရန် စီစဉ်လျက် ရှိသည်ဟု ဆိုသည်။
    ဂီတပိုင်းနှင့် ပတ်သက်ပြီးလည်း စိုင်းစိုင်းခမ်းလှိုင်က “ကျွန်တော်ဒိတ်ဒိတ်ကြဲ ဗီစီဒီ ထွက်ပါ့မယ်။ ထွက်ပြီးရင် single သီချင်း အသစ်လေးတွေလည်း ဖြန့်ဖို့ ရှိပါ တယ်။ အယ်လ်ဘမ် သစ်ကတော့ ၂၀၁၅ ထဲမှာ မှပဲလုပ်ပါတော့မယ်။ ခုလော လောဆယ်လျာထား တာကတော့ Snare အဖွဲ့ရဲ့ Frenzo ကပဲထုတ်လုပ်တာ ဆိုတော့ နိုဝင်ဘာ ၁၅ ရက်နေ့လို့မှန်းထား တယ်။ အဲဒါကြောင့်သူနဲ့ မတိုက်ဘဲ သူ့နောက် တစ်လလောက် ခြားပြီးမှ ထွက်ဖို့ စီစဉ်ထားတယ်”ဟုဆိုသည်။

  • မမချွိ

    October 27, 2014 at 4:23 pm

    သများးး ငိုရ မှာလားးး ရီရမှာလားးးဟင်???
    :kwi:

    • တောင်ပေါ်သား

      October 27, 2014 at 4:29 pm

      ကံကိုသာ ပုံချလိုက်ပေါ့ကွယ် ၊

      လောလောဆယ် ဘယ်သူနဲ့ ဆိုပြီးပြော စရာ မရှိသေးဘူး ဆိုတော့

      အားမလျှော့ပါနဲ့လေ 🙂

    • pooch

      October 27, 2014 at 4:47 pm

      2017 ဆိုတော့ မျှော်လင့်လို့ရသေးတယ် :loll:

  • Yae Myae Tha Ninn

    October 27, 2014 at 4:41 pm

    တနင်္ဂနွေနေ့ – သီးစုံပဲဟင်း နဲ့ ပဲပုတ်ထောင်း
    သီးစုံပဲဟင်း – ဒါကတော့ အလွယ်ဆုံးလေးပါပဲ.. ကုလားပဲခြမ်းလေး ၂ ရာဖိုးလောက်လေးဝယ်.. အိုးလေးနဲ့တည်… မဝေအောင်တော့ ဆူလာရင် ကြွေပန်းကန်အသေးစားလေး တလုံး ထည့်ထားလိုက် မဝေတော့ပါဘူး.. ပဲလေးပြဲပြီဆိုရင် မီးပိတ်.. မိန်းမကတော့ ထောင်းချင်တယ်.. ကျွန်တော်က ငပျင်း…အိုးထဲမှာပဲ ငရုတ်ကျည်ပွေ့လေးနဲ့ လိုက်ဖိပါတယ်.. အကုန်ဖိစရာမလိုပါဘူး.. အရည်လေးနောက်ပြီး အချိုပိုထွက်ရုံလေးပေါ့.. ပြီးရင် သီးစုံ ၃ရာဖိုးလောက် တပုံဝယ်… ပြီးရင် ဆီသတ်..အရောင်လှချင်ရင်တော့ ဆီသတ်တဲ့အခါ ငရုတ်သီး အစိမ်းမှုန့်လေး နည်းနည်းထည့်လိုက်ပေါ့… ပြီးတာနဲ့ အိုးထဲ ထည့်လိုက်… ဆူလာ အနံ့လေး မွှေးလာရင် ကွက်တိပါပဲ.. အချဉ်နည်းနည်းထည့်ချင်ရင်တော့ မကျဉ်းသီးလေး ကြိုရေစိမ်ထား.. အသီးစုံ လေးတွေ နည်းနည်း ပြဲရင် ထည့်လိုက်ပါ…
    ပဲပုတ်ထောင်း – သက်သက်လွတ်တောင် ဖြစ်နေမလားပဲ… ပဲပုတ်ထောင်းနဲ့ဆိုတော့… သို့သော်စားကောင်းပါတယ်ဗျ… မဟုတ်လဲ ငရုတ်သီးမှုန့်လေးကိုပဲ ကြက်သွန်ဖြူလေးနဲ့ ရောထောင်းပြီး.. ငရုတ်သီးဆားထောင်းဆိုလဲ အင်မတန်လိုက်ဖက်ပါတယ်… အသားစားချင်ရင်တော့ ငါးနီတူလေးကို ငရုတ်သီး အကြမ်းမှုန့်လေးနဲ့ ကြော်ကြော်… အာပြဲခြောက်လေးကို အစပ်ပုံစံ ကြော်ကြော် ထပ်ဖြည့်စားသုံးနိုင်ပါတယ်လို့ ပြောရင်း တပတ်စာလေးကို ချွေတာစုဆောင်း တင်ပြလိုက်ပါတယ်…

  • မမချွိ

    October 27, 2014 at 4:46 pm

    Bravo..!! Ninn Ninn..
    :k:

    I will fill up in the post later..
    🙂

  • Yae Myae Tha Ninn

    October 27, 2014 at 5:06 pm

    ကေပါ လက်ရှိတော့ ဂိုးပြီ… အမေ့ ဆေးခန်းပြရဦးမယ်… 🙂

  • Ma Ma

    October 27, 2014 at 5:43 pm

    အမဲသားချက်နည်း မှတ်သွားတယ်။
    အမဲသားကြိုက်ပေမယ့် အိမ်မှာချက်လေ့မရှိလို့ အပြင်ဆိုင်မှာ စားမှ အမဲသား စားဖြစ်လို့။

    ပြည့်ရှင်မင်းကို မီးဖိုချောင်ထဲသွင်းနိုင်တဲ့ ကေဇီေရော၊
    ချက်နည်းပြတဲ့ ပြည့်ရှင်မင်းကိုရော ကျေးးးး ဇူးးးးးးးးးးးးးးး 🙂

    • Yae Myae Tha Ninn

      October 28, 2014 at 8:41 am

      ဟုတ်ကဲ့ပါ.. Ma Ma… တကယ်ကို မညှီတာတော့ လက်တွေ့ .. ဘာလို့ဆို ညှီရင် ကျွန်တော်ကိုယ်တိုင် စားမရလို့ပါ… အမဲသားဟင်းကတော့ ယောက္ခမ ချက်တာပါ… ကျန်တာက မဒမ်က ချက်တာပါ… ဟီး.. အနော်က ဘေးက လိုက်ကြည့် .. အားသုံးရမယ့် အထုအထောင်းဆို လုပ်.. ကျန်တာက မြည်း… ဒါပဲ လုပ်တာဗျ… 🙂 ဇီဇီကတော့ ဇွဲရှိလို့… ကျွန်တော်က အင်မတန် စာရေး ပျင်းပါတယ်… ၂ ပတ်လောက် သူ စောင့်လိုက်ရတယ်… 🙂

  • မြစပဲရိုး

    October 28, 2014 at 2:31 am

    ထွဋ်နင်းနင်း တို့များ တော်ချက်ဟဲ့။
    သူ့ အိမ်လာပြီး ထမင်းမစားရဲ အောင် ပညာပြထားပုံများ။
    ပုဇွန်အစပ်ကြော် တော့ နှာချေ သတဲ့။
    { ပြီးရင် ငရုတ်သီး အကြမ်းဖတ် ဆ ထည့်ပြီး ကြော်လိုက်ပါ… နှာစချေပြီဆိုရင် နည်းနည်း မွှေးလာပါပြီ…}
    ဟင်းအိုး ထဲ အားလုံး စင် ကုန် ရောလား။ 🙄

    နောက်တာပါလေ။
    ဟင်းချက်နည်း အပြင် ဈေးဝယ်နည်းပါ သင်ပေးတော့ အတော်လေး တန်ဖိုး ရှိပါတယ်။
    အားလုံးကြိုက်တယ်။ ကျေးဇူးပါ။

    မဒမ် နင်းနင်း ကို ပိုပြီး ချီးကျူး တယ်။
    ကြုံရင် တိုးတိုးလေး အင်တာဗျူး ဖို့ ရှိတယ်။
    ခွင့်ပြုမလား ထွဋ်နင်းနင်း။

    ဇီကလေး ရဲ့ ဇွဲ နဲ့ စေတနာ ကိုလဲ လေးစားပြီး ကျေးဇူးတင်ပါတယ်။ :))

    • Yae Myae Tha Ninn

      October 28, 2014 at 8:45 am

      အင်တာဗျူးက ရပါတယ်.. အရီး.. ရန်ကုန်လာရင်သာ ကြိုပြောပါ… 🙂 ဈေးဝယ်နည်းကတော့ ဒီပို့စ်ရဲ့ အသက်ပါ… ရာသီပေါ် ဖြစ်ရမယ်.. အစပ်အဟပ်တည့်ရမယ်.. ဈေးဖိုးသက်သာရမယ်… တပတ်လုံး အသား နဲ့ အရွက် ထမင်းစားမြိန်ရမယ်… ၁ သောင်း မကျော်ဘူးဗျ…
      ဇီဇီလဲ တကယ်ကို စိတ်ရှည်ပါတယ်… မလောဘူး… ၁ လတောင် အချိန်ပေးထားတယ်.. ဟဲ ၂ ပတ်ကြာသွားတယ်… 🙂

      • မမချွိ

        October 28, 2014 at 11:30 am

        နာ က စာရိုက် ပိုပျင်းလို့
        စာဖိုမှူးတွေပဲ ရအောင်
        နားပူနားစာ၊
        ပတ်ချွဲနပ်ချွဲ၊
        ခြိမ်းလိုက်ခြောက်လိုက်၊
        ချော့လိုက်မော့လိုက်
        ကြိုးစားပြီး လိုက်တောင်းတယ်။

        :k:

        ချွိချွိ မင်း ပိုင်သကွာ!!!

        :mrgreen:

        • Yae Myae Tha Ninn

          October 28, 2014 at 11:40 am

          အိမ်စားတွေ ချက်ထားတော့ … အဆင်ပြေရဲ့လားတောင် မသိ… 🙂

      • မမချွိ

        October 28, 2014 at 11:42 am

        ပြေတယ်။
        အဓိက က ဟင်းစပ် ကောင်းပြီး
        ချက်ရ အဆင်ပြေတဲ့ အိမ်ထမင်း အိမ်ဟင်း ပိုလိုချင်တာ။

        :k:

  • အလင်းဆက်

    October 28, 2014 at 8:35 am

    မမဂျီးရဲ့…ဟင်းဆိုင်တွေမှန်သမျှ.. (အခု ကထွဋ်ချက်တာ အပါ)
    တစ်ခါမှ..ဖွေးဖွေးကို ဘယ်လို ဘယ်ပုံ ချက်စားရမယ်..ဆိုတာ..မပါဘူး ။

    အဲဒါတစ်ခုတော့…သိပ်မကြိုက်ဘူး ။
    ကျနော်က ဖွေးဖွေးကို CP ကြက်ကြော်ကို ကြိုက်သလိုမျိုး အရမ်းကြိုက်နေတာ.. ။

    :k:

  • Yae Myae Tha Ninn

    October 28, 2014 at 8:46 am

    ဖွေးဖွေးက အစိမ်းစားရတာ.. ဆက်ဆက်ရဲ့.. 😛

    • အလင်းဆက်

      October 28, 2014 at 9:41 am

      ဂလုစ်
      ရှလွတ်

      ဖွေးဖွေးကို ဆားမဲ… (ခွက်ဒစ်=ဥကြောင်)

      :k:

  • Yae Myae Tha Ninn

    October 28, 2014 at 10:03 am

    ဥကြောင်ကို သွားမရှုပ်နဲ့.. ဟုတ်ဘူး.. ဒီမိုဦးကြောင်… 😛

  • တောင်ပေါ်သား

    October 28, 2014 at 1:53 pm

    တနင်္ဂနွေ မှ စနေအထိ

    ( မုန်ညင်းများနှင့်ခရီးသွားခြင်း ) ကို စ ရေးနေပါပြီ မမဆွိခင်ဗျား ၊ 🙂

    ပျက်ကွက်နေတာလည်း ကြာပြီမို့ပါ ၊ ရေးပြီးလျင် အမြန်ချော နှင့် ပို့လိုက်ပါမည် ၊

    • မမချွိ

      October 28, 2014 at 1:54 pm

      ဟယ်။
      ကြားရတာ ဝမ်းသာလိုက်တာ။
      စောင့်မျှော်နေမည်ဖြစ်ပါကြောင်းးး

      :mrgreen:

  • Yae Myae Tha Ninn

    October 28, 2014 at 2:30 pm

    ဦးမျိုး ပုံ နဲ့ တကွ တင်ပေးနော်… 🙂

    • တောင်ပေါ်သား

      October 28, 2014 at 2:47 pm

      ငင် ပုံနဲ့လား

      ဒါဆို ဒီညနေ လှည်းတန်းဈေးဝင်ရဦးမှာပေါ့လေ ၊ 🙂

  • Yae Myae Tha Ninn

    October 28, 2014 at 4:10 pm

    ကဲ.. ဦးမျိုး ရဲ့ Presentation ကို စောင့်မျှော်နေပါတော့မယ်ဗျာ… မြန်မြန်လေးနော်… 🙂

  • Mr. MarGa

    October 31, 2014 at 11:55 am

    ဝယ်ချက်ရမှာတွေ
    ပျင်းတယ်
    စားချိန်ရောက်မှ အိမ်လည်သွားမယ်
    :mrgreenn:

    • ကေဇီ

      October 31, 2014 at 12:04 pm

      နင်းနင်းးး
      ဧည့်သည် လာမို့တဲ့။

      :mrgreen:

      • Yae Myae Tha Ninn

        October 31, 2014 at 12:41 pm

        လာလေ… မန်းလေး ကတောင် ဆို.. တကူးတကပဲ… ချက်ကျွေးမယ်… လေးပေါက်နဲ့ ရက်တူရင် … ကတ်ကြေးကိုက် စားရမယ်… 🙂

  • Yae Myae Tha Ninn

    October 31, 2014 at 12:39 pm

    ကောင်းလှချည်လား…. ဖိုးသကြားရယ်… 🙂

  • Crystalline

    October 31, 2014 at 1:53 pm

    ကေဇီရဲ့ထားစားလို့ရတဲ့အစားလေးတွေရေးတဲ့.. အဖုထွက်ပို့စ်ကတည်းက ရေးပေးမလို့.. ကြားထဲ..အသုဘတွေဆက်သွားလို့..အခု.. ကိုရေမြေင်းချက်တဲ့ပို့စ်မှ ရေးပေးဖြစ်လိုက်တယ်.. သများကြိုက်လို့.. စိတ်လိုလက်ရရှိရင် ကိုယ်တိုင်ကြော်ချက်ထားပြီး ထားစားလေ့ရှိတဲ့ ဘူးသွပ်..ပုလင်းသွပ်အကြော် အလှော်နည်းတွေပေးလိုက်တယ်.. သိပြီးသားလည်းဖြစ်မှာပါ.. နည်းတွေက ခက်လွန်းတော့..
    သများကတော့ လက်တမ်းချက်နေကြဆိုတော့.. အချိုးအစားအတိအကျတော့မသိ.. ဆား..ငံပြာရည်.. ကြက်သားမှုန့်တို့ .. သကြားပုလင်းတို့ကို ဆပြီး..စောင်းထည့်လိုက်တာပဲ….. ရယ်ဒီမိတ် Paste တွေဝယ်ပြီး သူတို့အထုတ်ပေါ်က အချိုးနဲ့ချက်ရင် ဘယ်တော့မှအချိုးမပြေတတ်လို့.. ကိုယ့်လက်ဆကိုပဲအားကိုးတယ် :mrgreenn:

    ငါးကွမ်းရှပ်ဆားပေါ့တုံး/ငါးရောင်ခြောက်တုံး
    ငါးခြောက်၂ဝသားလောက်ကို လက်သန်းတစ်ဆစ်စာလောက်တုံး.. ရေဆေးပြီး နေပြန်ပြထား.. နေ၁နာရီလောက်ပြပြီးရင် နနွင်း..အရသာမှုန့်ထည့်နယ်ထား.. ဆီအိုးထဲ ဆီထည့်.. ငါးခြောက် ၂ဝသားဆို.. ဆီလည်း အဲလောက်ထည့်ကွာ.. များရင်ပြန်ခပ်ထုတ်ရတာပဲကို.. နောက် ငါးခြောက်ထည့်မွှေတော့ ရေဆေးထားတော့ နည်းနည်းကြာကြာလေးမွှေကြော်.. ကိုယ်လိုချင်တဲ့အနေအထားရောက်ပြီ.. (အမာ..အပျော့) ဆိုရင် ငရုတ်သီးခွဲခြမ်းတစ်ထုတ်.(ဒီမှာဆိုရင် ၂၀ဝတန်အထုတ်လောက်) ဖောက်ထည့်မွှေ.. မီးလျော့..ငရုတ်သီးမွှေးနံ့ထွက်ရင် မီးပိတ်… အအေးခံ.. ကြက်သွန်နီကြော်ရယ်ဒီမိတ်နဲ့ရော..(ကွကိုယ်ကြက်သွန်ကြော်မယ်ဆိုရင်တော့ ဟိုငါးခြောက်တွေ မကြော်ခင် ကြက်သွန်အရင်ကြော်ပြီးခပ်ထား) သများကတော့ ကြက်သွန်ကြော်ကြိုက်လို့ များများရောတယ်.. သများအရမ်းကြိုက်.. ပဲဟင်းတွေဘာတွေနဲ့လိုက်မှလိုက်.. :b:

    ငါးကျည်းကျပ်တိုက်အစပ်ကြော်..
    ငါးကျည်းကျပ်တိုက်အကြီး ၁ဝကောင်လောက်ရေစိမ်ထား.. ကြက်သွန်နီအကြီး၆၊ရလုံးလောက်ခွာ..ပါးပါးလှီး.. ငါးဖောင်းလာရင် အရိုးထုတ် အသားလေးတွေ နည်းနည်းသေးအောင်နွှင်ပြီး ငံပြာရည်၊ နနွင်း၊ အရသာမှုန့်နယ်ထား.. ချက်ပြီ.. ဆီများများထည့်.. ကြက်သွန်ထည့်ကြော်.. နီရောင်သမ်းလာရင်ဆယ်ထား.. ပြီးရင် ငါးထည့်ပြီး ၅မိနစ်လောက်မွှေကြော်.. နောက်..ငရုတ်သီးခွဲခြမ်းထည့်ပြီးဆက်မွှေမယ်.. ငရုတ်သီးမွှေးလာရင် ကြက်သွန်ကြော်ပြန်ထည့်မွှေပြီး မီးပိတ်.. တချို့လည်း မကျည်းမှည့်ရည်ထည့်တယ်.. ကျမတော့ မထည့်.. ငါးကျည်းကျပ်တိုက်က ဈေးကြီးတော့ ကြက်သွန်များများရောပြီးပွားတာ.. စိတ်ထဲ.. ကြက်သွန်များရင်လည်း ပိုကြိုက်လို့.. :p:

    ဆတ်သားခြောက်အစပ်ကြော်.. (Feel မှာဝယ်ရင် ၂ထောင်ဖိုး..တစ်ယောက်စာ..တစ်ခါစားပဲရလို့.. ကွကိုယ်စမ်းကြော်တာ.. )
    ဈေးက ဆတ်သားခြောက်၂ဝသားလောက်ဝယ် ရေဆေး.. မိနစ် ၂ဝလောက်ပြုတ်ပြီးရင် အတုံးသေးသေးတုံး.. ယိုးဒယားငံပြာရည်.. အရသာ..နနွင်းနယ်ထား.. ကြက်သွန်ဖြူ ၊ ကြက်သွန်နီ၊ ဂျင်းလက်တစ်ဆစ် ၃မျိုးပေါင်း..ဟင်းချို ပန်းကန်လုံး တစ်လုံးစာလောက်ရအောင်ထောင်း.. ငရုတ်သီးခွဲခြမ်းကိုလည်း တစ်လုံးစာနီးနီးထည့်….ကြက်သွန်နှစ်နဲ့ပြန်သမ.. ဆီအိုးတည်.. ဟင်းနှစ်ထည့်ဆီမွှေသတ်.. အသားထည့်.. ဆီပြန်ခြောက်ခြောက်လေးဖြစ်အောင် ချက်ပါလေ… မကျည်းမှည့်ရည် စားချင်ရင်ထည့်ပါ… :k:

    မြေပဲလှော်.. (နိုင်ငံခြားက ပြန်သင်ခဲ့တဲ့နည်း )
    မြေပဲလှော်ကိုများလို့ မပြောနဲ့… အိုဗာတင်းဖျော်ချင်ရင် လုပ်လို့ရအောင်.. သူတို့မှာဝယ်စားရတာနဲ့ယှဉ်ရင် ဈေးလည်းသက်သာပြီး.. စားလို့လည်းအရမ်းကောင်းလို့ပါ..
    ကြက်သွန်ဖြူ၅မွှာ..ဂျင်းလက်တစ်ဆစ်..အချောင်းလေးတွေလှီးထား..( ဒီက ရှမ်းကြက်သွန်ဖြူသေးသေးလေးတွေဆို အခွံမခွာပဲနွင်ထား.. )
    ရေနွေးတစ်အိုးတည်ပြီးဆူလျင်.. မြေပဲစိမ်းသန့်သန့် နို့ဆီဗူးလေးလုံး ရေနွေးအိုးထဲလောင်းချလိုက်.. ပြီးရင် ချက်ချင်း ဆန်ကာနဲ့ပြန်စစ်ထား…. ပြီးရင် အဲ့သည်မြေပဲကို မိုက်ကရိုဝေ့ထဲထည့်လို့ရတဲ့ ကြွေဇလုံအထူထဲထည့်.. ကြက်သွန်ဖြူ ၅မွှာလောက်ထောင်းထည့်.. ဆား/ကြက်သားမှုန့်/chicken flavored salt ကြိုက်ရာထည့်ပြီး သမအောင်နယ်ပါ..ပြီးလျှင် မိုက်ကရိုဝေ့ထဲထည့် ၅မိနစ်တိုင်မာပေးမွှေ့.. ၅မိနစ်ပြည့်ရင် အပြင်ထုတ်.. အထက်အောက်သမ.. ပြီးပြန် ၅မိနစ်မွှေ့.. အဲဒီနည်းအတိုင်း.. ၅မိနစ်၂ခါ၊ ၃မိနစ်က ၃ခါ..၄ခါ.. မြေပဲအနည်းအများပေါ်မူတည်ပြီး ကွကိုယ်ချိန်ဆ.. ၃မိနစ် ၃၊၄ခါပြီးချိန်… ကြက်သွန်ဖြူ..ဂျင်းလေးတွေမျှင်ထားတာထည့်.. (ကြိုက်တတ်လျှင်သာထည့်ရန်).. ပြီး ၂မိနစ် ၂ခါလောက်မွှေ့.. နောက်ဆုံးကြွပ်ရွသွားစေရန်.. တစ်မိနစ်.. တစ်မိနစ်စီထပ်လည်ပေးလိုက်.. သများ မြေပဲကြွပ်မကြွပ်မြည်းနည်းကတော့ စက်ထဲခနထုတ် အထက်အောက် မွှေချိန်.. ၃..၄စေ့နှိုက်ထားပြီး အအေးခံမြည်းတာ.. 🙂 ပြီးရင် အအေးခံ.. ပုလင်းထဲထည့်.. ဘီယာနဲ့မြည်း.. :mrgreenn:

    အမဲကြော်..
    အမဲသား၁ပိသာ လက်မသာသာ အမြောင်းလေးတွေတုံး… အရသာ..နနွင်းနယ်.. ဂျင်း..ကြက်သွန်ဖြူ ဓားပြားရိုက်.. ပရယ်ရှာကွတ်ကာနဲ့ ၁၅မိနစ်လောက် ရေခန်းပြုတ်.. အမဲသားတုံးလေးတွေ တစ်တုံးချင်း ငရုတ်ဆုံထဲထည့်.. ၂ခုလောက်ထု.. ကြော်တဲ့အခါ အကောင်းဆုံးကတော့ ဆီကို တစ်ခါကြော်ပဲထည့်.. အမဲသားကြွပ်အောင်ထည့်ကြော်.. ပြီးအမဲသားဆယ်..ဆီကိုလည်း သီးသန့်ခွက်ထဲထည့်.. အထက်နည်းအတိုင်း ကုန်သည်အထိကြော်.. အမဲကြော်ကို ပုလင်းထဲထည့်.. ခုနကြော်ထားတဲ့ဆီမြုပ် အောင်လောင်းထား.. သများတခါကြော်ရင် ၄၊၅ရက်ဆိုကုန်တယ်.. အဲ့ဒီအချိန်အထိတော့ ကြွပ်ရွနေရော.. ၄၊၅ရက်ထက်ပိုမခံလို့.. အချိန်ဘယ်လောက်အထိ ကြွပ်နေလဲတော့မသိ.. ဆီကိုတခါကြော်တာနဲ့..ထပ်ကြော်တာနဲ့ ဘာကွာလဲဆိုရင် အနံ့ကွာတယ်.. ကျမစမ်းသပ်ပြီး.. ပြီးရင်ဘီယာနဲ့မြည်းမလား.. သန့်စင် ထမင်းသုတ်နဲ့စားမလား.. :loll:

    • ကေဇီ

      November 1, 2014 at 6:42 am

      အာ့ဆို ခွစ် ပုလင်းးသွတ်တွေ ချည်းး တစ်ပုဒ် တင်လို့ ရဘီ
      Thank u and love u..
      :chit:

  • Yae Myae Tha Ninn

    October 31, 2014 at 2:02 pm

    ဂလု ခရစ်ရေ… အရက်မသောက်တော့ပေမယ့်.. ဘီယာ ဂွတ်နေသေးတော့… မဒီကိုပဲ ဒါလေးး ပေးဖတ်.. လုပ်ခိုင်းလိုက်တော့မယ်… 🙂

Leave a Reply