” သမိုင်းလှလှ ထုဆစ်သူပင် “

 

ဘ၀တစ်ခုမှာ ခဏပြုကာ

တွေ့ကြ ဆုံကြ ခင်မင်ကြနှင့်

ငြင်းကြ ခုံကြ ရန်ဖြစ်ကြဖြင့်

အချိန်တွေကုန် အရွယ်လွန်အို

ကိုယ်ပြုသည့်ကံ ကိုယ်ထံမှာရှိ

မောဟဖုံးလွှမ်း ရင်မောစခန်းနှင့်

ဒေါသဖုံးလွှမ်း ပင်ပန်းဖြစ်အင်

စစ်မက်ပေါများ ပျက်စီးသို့အစဉ်

ကိုယ်လုပ်ခဲ့သမျှ အများအကျိုးရရင်

သမိုင်းလှလှ ထုဆစ်သူပင်။

 

ခင်ခ။

PPtu

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..