မောင်ဆာမိနှင့် စူပါအိတ်စထရွာမွန်း

ေမာင္ရိုးAugust 10, 20141min28227

 

 

 

 

မနေ့ကနဲ့ ဟိုးးး တနေ့က မောင်ဆာမိတို့ဆီကို မိတ်ဆွေတချို့ဆီက ဖုံးတွေတဂွမ်ဂွမ်ဆက်ပါတယ် ……

အကြောင်းအရာကတော့တစ်ခုတည်းပါဘဲ ။

“” သတိထားနေကြ ၊ စားရေရိက္ခာစုထားကြ “”

ဒီလို … ဒီလို သံတူကြောင်းကွဲ သတိပေးစကားတွေကို ရပ်နီးရပ်ဝေး ဆွေမျိုးမိတ်သဟာများထံက ကြားရပါတယ် ။

အလွန်ကိုချစ်စရာ ကျေးဇူးတင်စရာကောင်းတဲ့ ဂရုစိုက်မှုလေးပါဘဲ။

အခုလိုသတိတယ ရှိပေးတာကိုလည်း ကျေးဇူးတော်တင်ပါကြောင်းးး ……

 

သို့သော် ……

ဘာအကြာင်းတွေများဖြစ်မှာမို့ဒီလိုသတ်တွေပေးနေတာလဲပေါ့ ။

မောင်ဆာမိလည်း ပတ်ဝန်းကျင် နဲနဲစပ်စုလိုက်တော့ … လား လား တချိ်ု့တွေက အတော်ကိုထိတ်လန့်နေတာတွေ့လိုက်ရတယ် ။

လန့်ရှာမှာပေါ့လေ … တချို့မြို့နယ် ရပ်ကွက်တွေမှာ အုပ်ချုပ်ရေးပိုင်းက လူကြီးတွေက လော်စပီကာနဲ့လိုက်အော်နေပါသတဲ့ ။

ဘာတဲ့ …… “” စူပါမွန်း ကြောင့် ကမ်းနားလမ်း ရေ (၇) တက်မတဲ့ သက်ကြီးရွယ်အိုနဲ့ ကလးသူငယ်များ လေးလွတ်ရာရှောင်ထားပါတဲ့ ပြီးတော့ရှိသေးရဲ ့ ငလျင်လည်း လှုပ်ဦးမယ် တဲ့ “”

 

ဒီလိုကြေငြာချက်တွေ ဖြစ်စဉ်တစ်ခုက်ို ချဲ့ကားပြီး လိုရာဆွဲတွေး ပုံကြီးချဲ့မှုတွေကြောင့် မလိုအပ်တဲ့ထိတ်လန့်မှုတွေ ၊ အကြောက်တရားတွေနဲ့ လွဲမှားတဲ့ဆုံးဖြတ်ချက်တွေချမိတတ်တာပေါ့။

တကယ်တော့လည်း လဆန်း လဆုတ်ဒီရေအတက်အကျဖြစ်တာ ဖြစ်နေကျ သဘာဝပါလေ ။ အခုဖြစ်စဉ်က လနဲ့ ကမ္ဘာ ပိုပြီးနီးလာလို့ ပြီးဆွဲငင်နိုင်တယ်ဆိုရင် အရင်ထက်တော့ နဲနဲပိ်ုတက်မှာပေါ့လေ ။ သက်ဆိုင်ရာပညာရှင်တွေက သတင်းထုတ်ပြန်ပေးနေတာပါဘဲ ။

ခက်တာက နက္ခတတွေဘာညာတွေ ဟိုဟာဒီဟာတွေရောပြီး မြန်မာနိုင်ငံဘာအသင်းဥက္ကဋ္ဌ ဆိုတဲ့ ဆြာသမားတွေက တွက်ချက်လိုက် ၊ ဟိုးးး အရင် စစ်ကိုင်းပြတ်ရွေ့ပေါ်က ပဲခူးငလျင်ကိစ္စကို ဆရာမင်းသိင်္ခ က သူ့ရဲ့ပိတုန်းသုံးကောင်ဝတ္ထုထဲမှာ ရေးထားတာကို ဥပမာပြုလိုက်နဲ့ မောင်ဆာမိတို့လည်း ရေကြီးမှာကြောက်ရလို့ အထပ်မြင့်တိုက်ပေါ်မှာဘဲနေရမလိုလို ။

ငလျင်လှုပ်မှာကြောက်ရလို့ မြေကြီးပေါ်ဘဲ ထွက်ထိုင်ရမလိုလို ပြေးပေါက်ကို မှားနေတော့တာပါဘဲ ။

အိုဘယ့် ……… ရပ်ကွက်လူကြီးများးးး :kwi:

 

ကဲ ဗျာ မိုးလေဝသပညာရှင်ဦးထွန်းလွင်ရဲ့ FB ပေါ်က စတေးတပ်လေး ကူးတင်ပေးလိုက်ပါတယ် ။

စူပါမွန်းနိုက်မှာ အိပ်ပျော်အောင်အိပ်နိုင်ကြပါစေ :mrgreen:

 

 

 

 

Tun Lwin

3 hrs · Edited ·

လမင်းကြီးကိုအားနာလိုက်တာ

အဲဒါ..မြန်မာပြည်

Extra-supermoon Day

10-8-2014

5:33 am

 

ဒီနေ့ညဟာ Supermoon Day ဖြစ်ပါတယ်။ နေ၊လ၊ကမ္ဘာ တို့ တစ်တန်းတည်းကျတဲ့ အနေအထားရောက်နေမယ့်အပြင် လဟာကမ္ဘာနဲ့ အနီးဆုံးအကွာအဝေးဖြစ်တဲ့ 221,765 miles (356,896 kilometers) အကွာကိုရောက်လာတော့မှာဖြစ်တယ်။ ပုံမှန်ထက် မိုင်(၃၀၀၀၀)လောက် ပိုနီးလာပါမယ်။ဒီအချိန်မှာ လမင်းကြီးဟာ ပုံမှန်ထက် ၁၆% ပိုကြီးလာပြီး၊၃၀%ပိုတောက်ပလာမှာဖြစ်ပါတယ်။အခြား supermoon ဖြစ်စဉ်တွေထက် August 10 2014 မှာဖြစ်ပေါ်မယ့် supermoon က လဟာ ကမ္ဘာနဲ့အနီးဆုံးဖြစ်လို့ ဒီ supermoon ကို extra-supermoon လို့တောင် ခေါ်ကြ ပါတယ်။ ဒီနေ့လမင်းကြီးရဲ့အလှပဆုံးအချိန်ကို လပြည့်ချိန် 18:10 UTC (00:40 MST ၁၁-၈-၂၀၁၄) ျမှာ တွေ့ကြရပါမယ်။ လမင်းကြီးဟာ အိန္ဒိယသမုဒ္ဒယာအပေါ်မှာ တည့်တည့် ကျရောက်နေမှာဖြစ်ပြီး ဒီနေ့လို extra-supermoon မျိုးကို နောက်တစ်ကြိမ်အဖြစ် ၂၀၃၄ ခုနှစ် မှာမှ တွေ့မြင်နို်င်ကြမှာဖြစ်ပါတယ်။

 

Supermoon ဖြစ်စဉ်နဲ့အတူ ပွဲထွက်လာမှာကတော့ Meteor Showers တွေပါဘဲ။ တစ်နာရီကို shooting stars 100 နှုန်းလောက်နဲ့ ကောင်းကင်ယံမှာ ပွဲဆင်ယင်ကျင်းပနေမယ့် ဒီညမှာ အကောင်းဆုံးတွေ့နို်င်တဲ့အချိန်ကတော့ နံနက်(၂)နာရီဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးက ဝါသနာရှင်တွင်၊လေ့လာသူတွေ၊ ပညာရှင်တွေ၊ အများပြည်သူတွေဟာ ဒီနေ့ညမှာအဝေးကြည့်မှန်ပြောင်းတွေ၊ ဓါတ်ပုံရိုက်ကရိယာတွေနဲ့” ငွေစန္ဒာလရထား” ရဲ့အလှပြပွဲကို အမိအရ ရိုက်ယူကြည့်ရှုကြတော့မယ်။

 

အဲဒီလို လမင်းကြီးက ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးဆီကို အနီးကပ်ဆုံးအကွာအဝေးအထိ ချဉ်းကပ်လာပြီး ကမ္ဘာသူကမ္ဘာသားတွေကို နှုတ်ဆက်နေတဲ့အခိုက် တကမ္ဘာလုံးက လူသားတွေ က သောင်းသောင်းဖြဖြ ကြိုဆိုနေကြတဲ့အချိန်မှာ ကျွန်တော်တို့ နိုင်ငံမှာတော့ ပရိတ်တွေ ရွတ်ရ၊အသံချဲ့စက်တွေနဲ့အော်ရ၊လူတွေဟာလည်းမြေငလျင်တွေလှုပ်တော့

မယ်၊ဆူနာမီတွေဖြစ်တော့မယ်၊ မုန်တိုင်းတွေဝင်တော့မယ်နဲ့ ကျီးလန့်စာစားခြောက်ခြောက်

ခြားခြားဖြစ်နေကြပြီးမကောင်းဆိုးဝါးတစ်ကောင်ကိုတွေ့ကြရတော့မယ့်အလား ဖြစ်နေကြရတာကိုမြင်ရလေတော့ ကျွန်တော်လေ

“လမင်းကြီးကို အားနာလိုက်တာဗျာ။”

 

မောင်ထွန်းလွင် (မိုးလေဝသ)

 

 

 

 

## တကယ်တော့ အဲဒီ လမင်းကြီးရဲ့လရောင်အောက်မှာ ဂဇက်ရွာစကားဝိုင်းလေး ဖွဲ့လိုက်ရရင်ဖြင့် …………

 

27 comments

  • ဇီဇီ ခင်ဇော်

    August 10, 2014 at 10:04 am

    အဲဒီ စကားးးဝိုင်းးး ဖြစ်ရင်
    ဂျွိုင်းးး ပါရစေ!!!

    :k:

    • surmi

      August 10, 2014 at 10:12 am

      ဖြစ်မယ်တော့မထင် ……
      ရပ်ကွက်လူဂျီးတွေ ရမ်းသန်းအော်နေလို့ ့ ပြေးပေါက်မမှားအောင် ရှောင်နေရတယ် ဒုက္ခ 🙁

      ##အိမ်စာလာမယ်နော် ကြားဖြတ်အစီအစဉ်ဝင်နေလို့ :mrgreenn:

  • pooch

    August 10, 2014 at 10:16 am

    ဒီမှာမိုးရိပ်​​တွေနဲ့ သာယာ​နေမဲ့လမင်​းကြီးကို မြင်​နိုင်​မယ်​မထင်​ 🙁

    • surmi

      August 10, 2014 at 10:26 am

      သေချာတာပေါ့ဗျာ
      ပြီးတော့ မြို့သစ်တွေမှာ လူတွေ ဘုမသိဘမသိ ထိတ်လန့်နေတာတွေ့ရတော့လည်း အတော် ဂွကျတယ်

  • Crystalline

    August 10, 2014 at 10:38 am

    အမှန်​အတိုင်​း​ပြောရရင်​ လပြည်​့ ​ရေတက်​ရက်​​တွေဆို စိတ်​မ​ပျော်​… အိမ်​ထဲ​ရေသုံးခါဝင်​ပြီးကတည်​း လပြည်​့​ရေတက်​ရက်​​တွေ မိုးရွာမှာ​ကြောက်​ :((

    • surmi

      August 10, 2014 at 10:43 am

      ဟဲ ဟဲ
      လရောင်က အေးမြပါတယ်ဗျ
      အနည်းဆုံး ရေဝင်ပြီးအေးပါတယ် :kwi:

  • Paing Lay

    August 10, 2014 at 10:50 am

    ဒီလိုလူတွေနဲ့ ခက်ပါတယ် လူတွေကို မကြောက်ကြောက်အောင် ဖြဲခြောက်သလိုဖြစ်နေတယ် 😆

    • surmi

      August 10, 2014 at 10:57 am

      ဒါကြောင့် စူပါ အိတ်စထရွာ မွန်း လို့ ပြောတာ
      သူတို့လုပ်မှ နောက်ထပ်လတစ်စင်း ထပ်ဆွဲသလို ရေတွေကြွ လာမှာ :mrgreen:

  • မင်း ခန့် ကျော်

    August 10, 2014 at 11:08 am

    စူပါမွန်းဒေးမှာ
    သားငယ် ဂျူနီယာ မင်းခန့်ကျော် ရဲ့ ရှစ်နှစ်ပြည့်
    မွေးနေ့ကို ချိမ်ချိမ်သဲသဲကျင်းပနေပါကြောင်းးးးး
    ဝက်သားအိုးတာဝန်ယူထားလို့ ရမ်းသမ်းမှန်းသန်း
    ချက်နေရပါကြောင်းးးးးး

    • surmi

      August 10, 2014 at 11:39 am

      သရေကျအောင်ပြောနေပြန်ပါပြီ 🙂
      အလှူအိမ်က အိုကြီးချက် ဝက်သားဆိုု အကောင်လိုက်မောင်းသွင်းချင်တာ :kwi:

  • koyinmaung

    August 10, 2014 at 11:23 am

    ဂြိုလ်ကြီး၉လုံးတန်းထဲဖြစ်ခါနီးတုန်းကလဲ အဲ့လိုဘဲပြောကြတာ ခုကဂြိုလ်၃လုံးထဲတန်းမဲ့ကိစ္စ ခုည မိုးမရွာပါစေလို့ဆုတောင်းနေတာ ခုတော့နေသာနေလို့ဝမ်းသာနေတယ်……..

    • surmi

      August 10, 2014 at 11:40 am

      အစ်ကိုကြီးရေ
      ဒီမှာတော့ မြက်ရဖို့မလွယ် 🙁
      မိုးဆက်တိုက်ဆော်နေတာ လပေါက်နေပြီ

  • မြစာကလေး

    August 10, 2014 at 1:49 pm

    ဟင်
    “မြ ရဲ့ လ “ကို မကြိုက်ကြဘူး တဲ့လား။

    ဟောဒီမှာ စူပါမွန်း ထပ်ဖြစ်မဲ့ ရက်များ ပါရှင့်။
    နှစ်တိုင်း မှာ ရှိပါတယ်။
    တို့ ရွှေပြည်ကြီး က ဒီနှစ် မိုးကြီး တာ နဲ့ ရောပြီး ကြိတ်လိုက်ပုံရတယ်။

    Dates for future supermoons

    10 August, 2014
    9 September, 2014
    28 September, 2015
    14 November, 2016
    2 January, 2018

    ဒီမှာလဲ ဒီနေ့ မုန်တိုင်း သတိပေးပြီး မိုးတွေတစ်အား ရွာ နေလို့ မြ တစ်ယောက် လကို ကြည့်လို့ ရပါ့မလားတောင် မသိ။
    အဲ့ မုန်တိုင်း က သူကြီးမင်း တို့ ဆီက လာနေတာ။ အားတော့ ပျော့ သွားပြီ ဆိုတာဘဲ။

  • မြစာကလေး

    August 10, 2014 at 1:53 pm

    နောက် ထပ် ကြုံတုန်း “Money Bags” ရက် ဆိုပြီး ပြန့် နေတာ။
    Claim:
    August 2014 will include five Fridays, five Saturdays, and five Sundays, a phenomenon that occurs only once every 800+ years.
    အဲဒါလဲ လျှောက်ပြောနေတာပါ။
    May 2015 မှာလဲ 5 Fridays 5 Saturdays 5 Sundays ထပ်ရှိပါမယ်။
    :-)))

  • surmi

    August 10, 2014 at 1:57 pm

    အဲဒါဘဲ အရီးရေ ……
    ဟိုနက်ခတ်တ ဘေဓ ဘာညာငှက်ကထ ဆိုတဲ့ ဆြာတစ်ယောက် ပြောလိုက်တာနဲ့ကို
    ရပ်ကွက်တွေထဲ လော်နဲ့အော်လိုအော် ……
    မြို့သစ်လိုနေရာတွေမှာအဆိုးဆုံး
    ဘယ့်နှယ် .. လမ်းမတော်မြို့နဟ်သားတစ်ယောက်ပြောတာဆို သူတို့လမ်းထဲမှာလိုက်သတိပေးနေတယ်ဆိုပဲ
    ကမ်းနားလမ်းပေါ် ရေ ရပေ တက်မယ်တဲ့ :mrgreenn:
    ဆိုတော့ ……
    နောက် သုံးရက်အတွင်းကျနော်ပေါ်မလာရင် ရေ (၇)ပေတက်လို့သာမှတ်ဗျာ :kwi:

  • TNA

    August 10, 2014 at 3:40 pm

    ခုမှပဲရှင်းသွားတော့တယ်ကျေးဇူးပါအူးဆာရေ။

  • kai

    August 10, 2014 at 3:47 pm

    လကပိုနီးတော့ ဆွဲအားပိုများမယ်..
    ဒီရေပိုတက်မယ်..။
    ချဉ်ဖတ်..။ ငပိမြန်မြန်နပ်မယ်..။
    အပင်တွေ ဒီအချိန်မှာခုတ်ရင်..သစ်သားမှာ ရေဓါတ်များမယ်..။
    အသီးအနှံတွေ အရည်ရွှန်းမယ်..။

    လူလည်းဦးနှောက်ထဲသွေးပိုရောက်သမို့.. အတွေးအခေါ်ပိုကောင်းမယ်..။
    ဤကား.. လေဖမ်းဒါန်းစီး အဆိုတည်း…။ :k:

    မှတ်ချက်။ ။ သိပ္ပံနားမလည်သူများ၏ ငရဲနဲ့ခြောက်ဘုံနဲ့မြောက်စကားများ.. ပစ်ထုတ်ကြစေလို.. :a:

  • မဟာရာဇာ အံစာတုံး

    August 10, 2014 at 4:23 pm

    ဟိတ်လူဒွေ …
    ကျုပ်တို့က အားအားယားယား လျှာအရိုးမရှိတိုင်း လိုက်အော်နေတယ်များ မှတ်နေဒလား …
    နလဘိန်းဒုန်းဂျီးမို့ သူညားပြောတာတွေ ယောင်ပြီး လိုက်အော်နေတယ်များ မှတ်နေဒလား …
    ဒီမှာ .. ကိုယ့်လူဒို့ထက် ခေါင်းတစ်လုံး အပိုပါလို့ လူဂျီး လုပ်နေဒယ် မှတ်ဘာ …
    ဒီလို လိုက်အော်တော့ .. ဘုမသိ၊ ဘမသိလူတွေ များတဲ့ နေရာမှာ ကျုပ်တို့ မျက်နှာရမယ် …
    ဟိုဟာ ငှားခ၊ ဒီဟာ ငှားခ တွေကိုလည်း ပိုတောင်းလို့ ရမယ် …
    ကျုပ်တို့အတွက် ဂွင်ဘဲ ….. ဟဲဟဲဟဲ …
    :mrgreen:

  • Ko chogyi

    August 10, 2014 at 4:52 pm

    ကျွန်တော်က မြစ်နဲ့အနီးဆုံး မြေအနိမ့်ဆုံး ရန်ကုန်မြို့ရဲ့အစွန်ဆုံးမှာနေတာပါ
    သူများတွေဆီမှာ ရ ပေတက်ရင် ကျွန်တော်ဆီမှာ ၁ဝ ပေ ဖြစ်မယ်
    ဒါပေမယ့်ကျွန်တော် သိတာ ရ မီတာပါ
    ပိုဆိုးတယ်မတွေးပါနဲ့ မြစ်ကြမ်းပြင်ကနေတွက်တာပါ
    ပြီးခဲ့တဲ့လက ၂၃ ပေအထိတက်သွားပါတယ်
    ဒီလဒါထက်ပိုနိုင်တယ်လို့ပဲသုံးသပ်ရပါသေးတယ်
    ဘယ်လောက်ဆိုတာမသိပါဘူး
    မိုးမရွာရင်အခြေအနေကောင်းပါတယ်
    ဒီနေ့ ၂၂ ပေ ၆ လက်မတက်ပါတယ်
    ဒါကြောင့်အမြင့်ဆုံး ၂၄ ပေလောက်တက်မယ်လို့ ခန်းမှန်းပါတယ်

    • Foreign Resident

      August 11, 2014 at 5:06 am

      Ko chogyi says:
      ” ဒါပေမယ့် ကျွန်တော် သိတာ ရ မီတာပါ
      ပိုဆိုးတယ် မတွေးပါနဲ့ မြစ်ကြမ်းပြင်ကနေ တွက်တာပါ ”

      Ko chogyi ရေ ။
      ” မြစ်ကြမ်းပြင်ကနေ ရ မီတာ ” ဆိုရင် လူတွေ နားလည်မှု လွဲလောက်တယ် ။
      ” Chart Datum ” ကို မြန်မာလို ဘယ်လိုခေါ်ကြလဲဗျ ။
      ” Average Lowest Water Line ” ရေအကျဆုံးမျဉ်း လို့ ခေါ်ရမလားဘဲ ။

  • ကထူးဆန်း

    August 10, 2014 at 7:52 pm

    အဲ့ဒီ့ အုတ်ကထ ပါးစပ်သရမ်းတာကို ပုံနိုပ် အက္ခရာတင်တဲ့ ဂျာနယ် ဖွဘုတ်တွေကို ကလော်တုတ်ချင်နေတာ ကြာပြီ ..

    ၁.၂၀၁၃ သင်္ကြန်နားမရောက်ခင် ဟိုမြိူ ့ ဒီမြို ့ ဆော်ပလော်တီးကြတော့ လေသံကြားဖမ်းတရားနာပြီး ဂြိုလ်တွေဘာဖြစ်နေပြီဆိုပြီး ၂၀၁၃ သင်္ကြန် သွေးချောင်းစီးမှာမို့လို့ သတိထား ဆိုတာ နဲ့ သင်္ကြန် ချစ်သူတွေ သိပ်မချစ်လိုက်နိုင်ကြဘူး

    ၂. MH 370 လေယာဉ်ကို ဘယ်နေ့ အတွင်း သဲသောင်ပြင်မှာ တွေ့မယ် ဆိုပြီး ခုတော့ အစ အန ရှာမရသေးဘူး

    ၃. ဒေါ် အောင်ဆန်းစုကြည်ကိုလည်း မင်းသိင်္ခ ဟောတယ် ဆိုတာနဲ့ အပိုင် ပြောလိုက်ပြန်တယ် .. ၂၀၁၅ ရွေးကောက်ပွဲမှာ ကြီးသုံးကြီး တစ်နေရာ ရမယ် ဆိုပြီး (သမတ .နဲ့ လွှတ်တော် ဥက္ကဌ နှစ်နေရာ) … ကလေး သွားမေးတောင်ဖြစ်နိုင်ခြေ အဲ့ဒီ့လောက် ပြောနိုင်နေတာကို (သူဟောလိုက်မှ လွဲသွားရင် သူ့ပြဿ နာ သွားရှာကြပါ)

    ၄. အခုလည်း လုပ်ချလိုက်ပြန်တာ ..

    စာနယ်ဇင်းတွေ ကျေးဇူးပြု ပြီး မဖော်ပြကြပါနဲ့လို့ တောင်းပန်ချင်ပါတယ်။

  • black chaw

    August 11, 2014 at 9:41 am

    ကြောက်ချာကြီး။
    ညက ရေလည်းမတက်ဘူး။
    မနေ့က ဘုန်းကြီးတွေ ကားပေါ်တင်ပြီး
    အန္တရာယ်ကင်းပုရိတ်လိုက်ရွတ်ပေးနေတာတွေ့လိုက်တယ်။
    အဲ့ဒါကြောင့် ရေမတက်တာပဲ ဖြစ်ရမယ်။
    :k:

  • ခင် ခ

    August 11, 2014 at 9:42 am

    မနေ့ညက ဘာမှလည်းဖြစ်ဘူးထင်တာဘဲ ဒါပေသည့် သတင်းတွေတော့ လိုက်ရှာဖတ်စဲပေါ့

  • မန်းလေးက ဓါတ်ပုံ ဆရာတွေကတော့ မာရှယ်လော ရှိနေတော့
    စစ်ကိုင်းတောင်ရိုးက ဆွမ်းဦးပုညရှင်ပေါ်တက်ပြီး စူပါမွန်းကို ဖမ်းကြ ပါတယ်

    ကျနော်က တော့ တန်ဆောင်မုန်းလပြည့် နဲ့ ဦးပိန်တံ တားကို သဘောအကျ ဆုံး ပါ ဘဲ

  • Paing Lay

    August 11, 2014 at 3:15 pm

    ဒါဆိုရင် လေးပေါက်ရေ တန်ဆောင်တိုင်လပြည့်ညကျရင် ဦးပိန်တံတားရဲ့ Night Sense လေးများများတင်ပါဦးလို့ တောင်းဆိုလိုက်ပါတယ် 🙂

  • အာဂ

    August 11, 2014 at 3:58 pm

    သို့သော်..ပေါ့….နော့် ဒီကလူတွေက သိပ်နားမလည်းတော့ ဒီလိုလော်တွေနဲ့အော်ထားကြတဲ့အခါ။လှုံ့ဆော်ကြတဲ့ အခါ နည်းနည်းလေး ဆင်ခြင်မိကြမလား..ပေါ့…။.မဖြစ်ဘူး ဖြစ်ခဲ့သည်ရှိသော်…ဆိုတဲ့ သဘောမျိုးနဲ့..ဒေသခံတွေ လည်းနည်းနည်း သတိထားမိတာမျိုး နောက် တကယ်လို့ အဲလို ဖြစ်ခဲ့ရင်လည်း ကုန်းမြင့်ရှောင်ရမယ်နေရတွေ ဘာတွေသိသွားတော့ ပိုမကောင်းဘူးလားဗျ..။နာဂစ်တုန်းက ဆိုအဲလိုမျိူး လေးတွေမသိခဲ့လို့သေခဲ့ရတာအများတယ်လေ..။ သတိဆိုတာမျိုးက ပိုတယ်မှမရှိတာ..ဆရာဦးထွန်းလွင်အနေနဲ့လည်း ဖြစ်နိုင်ရင် တစ်ရက်လောက်ဖြစ်ဖြစ်ကြိုပြီးတော့ သူအမြင် အတွေ့အကြုံနဲ့ ပြောသင့်ပါတယ်လို့လည်းမြင်မိတယ်။ နောက် ဂျာနယ်တွေပေါ့..ဒီလိုဟာတွေကို သူတို့ က စဖြန့်တယ်။ ဖြန့်တာလည်း ယုတ်တိရှိရှိရေးထားတော့ ယုံမိကြတာလည်းပါတယ်။ သူကြီးပြောသလို လ နဲ့နီးတော့ ဆွဲအားများမယ်။ နောက် အဲဒီလ က မြန်မာပြည် တည့်တည့် အနီးဆုံးမှာရှိမယ်။ နောက် အရင် ဂျပန် ဆူနာမီတုန်းကလည်း အဲဒီလို လ ဖြစ်တဲ့အချိန်မှာဖြစ်တဲ့ ဆိုတာမျိုးလေးတွေရေးထားတော့ ယုံမိတာပေါ့။ဘာပဲပြောပြော အခုလို ဘာမှမဖြစ်ဘဲ အေးအေးချမ်းချမ်းလေးပြီးသွားတော့ ဝမ်းသားစရာပေါ့..။ ကျနော့်အမြင်တော့ ကြိုတင်ပြင်ဆင် ထားတာ အရင်းပါ..။ ဘာမှမဖြစ်တော့လည်း မရှံး ဘူး။ ဖြစ်လာရင်….တော့အမြတ်ပေါ့။

  • အလင်းဆက်

    August 11, 2014 at 4:04 pm

    ဟို ဂဘာအေးဘက်က..ဟိုလူကြီးတွေကလည်..မရှင်းမရှင်းတွေ…ပြောနေတာကိုး
    :mrgreen:

Leave a Reply