အီဘိုလာ ဘာလဲဘယ်လဲ

nicolus agralAugust 10, 20141min23916

 

အီဘိုလာနဲ့ပက်သက်ပြီး သိထားတာလေးတွေ မေးချင်တာလေးတွ ဖလယ်ရအောင်
comment ကနေပြောရအောင်ဗျာ
သိချင်တဲ့သူကမေး သိတဲ့သူကဖြေကြေး
ရွာထဲမှာ ဆကာကြီးတွေအများကြီး ရှိတယ်လို့ ကြားဖူးပါတယ်

let start the show…………..

 

IMG_1186
1
IMG_1187
2
IMG_1188
3
IMG_1189
4

16 comments

  • nicolus agral

    August 10, 2014 at 5:24 pm

    စမေးမယ်ဗျာ

    အီဘိုလာ ဘယ်နေရာက ဝင်လာနိုင်လဲ။
    ဝင်လာရင် ဘယ်လိုသိနိုင်မလဲ။
    သိရင် မပြန့်အောင် ကာကွယ်ရေး ဘယ်လိုစီစဉ်ထားလဲ။
    ပြည်သူတွေအတွက် လိုက်နာဆောင်ရွက်ရမှာတွေက ဘာတွေလဲ။

  • ဇီဇီ ခင်ဇော်

    August 10, 2014 at 6:24 pm

    BBC Burmese
    အီဘိုလာ ဗိုင်းရပ်စ် ကူးစက် ပျံ့နှံ့နေတဲ့ လိုင်ဘေးရီးယား နိုင်ငံမှာ သမ္မတ Ellen Johnson Sirleaf က အရေးပေါ် အခြေအနေကို ကြေညာလိုက်ပါတယ်။

    ရောဂါ ကူးစက် ခံနေရတဲ့ ဒေသတွေမှာ လူတွေရဲ့ အဝင်အထွက်ကို ထိန်းချူပ်ဖို့ အဖြူရောင် တံတိုင်း White Shield လို့ ခေါ်တဲ့ အထူး စီမံကိန်းကို သောကြာနေ့မှာ အပြည့်အဝ စတင်မယ်လို့ လိုင်ဘေးရီးယား ပြန်ကြားရေး ဝန်ကြီးက ပြောပါတယ်။

    အနောက် အာဖရိကက ဂီနီ၊ ဆီရီယာ လီယွန်းနဲ့ နိုင်ဂျီးရီးယား နိုင်ငံတွေမှာ ကူးစက် ဖြစ်ပွားနေပြီး ခုချိန်ထိ စုစုပေါင်း ၉၃၂ ဦး သေဆုံးခဲ့ရကာ အဲဒီ အထဲက ၂၈၂ ဦးက လိုင်ဘေးရီးယားမှာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

    နိုင်ဂျီးရီးယား နိုင်ငံမှာတော့ လွန်ခဲ့တဲ့ တစ်လကတည်းက သပိတ်မှာက်နေခဲ့တဲ့ နိုင်ဂျီးရီးယား ကျန်းမာရေး အသင်းဟာ အီဘိုလာ အန္တရာယ်ကြောင့် သပိတ်လှန် လိုက်ကြဖို့ ဆုံးဖြတ်လိုက်ပါတယ်။

    နိုင်ဂျီးရီးယားဟာ အာဖရိကတိုက်မှာ လူဦးရေ အများဆုံး ဖြစ်ပြီး အီဘိုလာကြောင့် ၂ ဦး သေဆုံးခဲ့ပြီး တခြား ၅ ဦးလည်း ကူးစက် ခံနေရကြောင်း တွေ့ရှိထားပါတယ်။

    အီဘိုလာ ရောဂါကို ထိန်းချုပ် ကာကွယ်နိုင်ဖို့အတွက် ဂျနီဗာမြို့မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ပညာရှင်တွေ ဆွေးနွေးနေပြီး ကမ္ဘာလုံး အတိုင်းအတာနဲ့ အရေးပေါ် အခြေအနေ သတ်မှတ် သင့် မသင့် ဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်။

    http://www.bbc.co.uk/burmese/world/2014/08/140807_ebola_liberia_nigeria.shtml

  • ဇီဇီ ခင်ဇော်

    August 10, 2014 at 6:27 pm

    အီဘိုလာ ရောဂါပိုးကို သတ်နိုင်မည့် ဆေးတွေ ့ပြီ

    အမေရိကန် နိုင်ငံကို ရောက်ရှိနေသည့် အီလိုလာပိုး ကူးဆက်ခံနေရသူ
    ဒေါက်တာ ဘရက်ဒလီ ကို ZMapp ဟုခေါ်သည့် ဆေးရွက်ကြီး ပင်တမျိုးက
    ဖေါ်စပ်ထားတဲ့ဆေးနဲ့ ကုသလိုက်တဲ့အခါ. အီဘိုလာ ကူးစက်ခံလာရတဲ့
    ဒေါက်တာ ဘရက်ဒလီ တယောက်ချက်ချင်း သက်သာလာတယ် ဆိုပါတယ်။ အမေရိက က အတ်လန်တာ ဆေးရုံ မှာ ကုသ နေပါတယ်။ ရောဂါရှိတဲ့
    မျောက်တွေကို စမ်းသတ်ကုသတဲ့အခါ သုံးပုံ. နှစ်ပုံ. အသက်.
    ရှင်တယ် ဆိုပါတယ်။

    ယခု ဆေးရွတ်ကြီးပင်မျိုးမှာ ဩစတေးလျ Australia နိုင်ငံမှာ ပေါက်ရောက်ပြီး ဆေးပြင်းလိတ်ထုတ်လုပ်တဲ့ အပင်မျိုးမှာပါဝင်ပြီး မျောက်တွေကို အရင်စမ်းသတ်ခဲ့တာ တိုးတက်မှုတွေတွေ ့ရပြီး ပိုးတွေအား လျှော့ကုန်ကြောင်း။ ၎င်းဆေးအာနိသင်မှာ
    အဆိပ်တောက်များကို နိုင်သည်- ပိုးများကိုသေစေနိုင်ပါသည် ။ ၎င်းဆေး အား လွန်ခဲ့သော ၁ဝနှစ်ခန် ့ကပင် စမ်းသတ်မှုများပြုလုပ်နေခဲ့သည်။ ယခုအီဘိုလာ လူနာ ဒေါက်တာ ဘရက်လီ ပြန်လည်နေကောင်းအောင် ကုသပြီးပါက အာဖရိက
    နိုင်ငံများမှ အသေစောင့်ရေကြသည့် လူနာများအတွက်ဝမ်းမြောက်ဖွယ်ဖြစ်သည်။
    ကောင်းကျိုးမပေး မူးရစ်ဆေးဆိုသော်လည်း လူသားတွေအသက်ကယ်တင်
    နိုင်သည့် ဆေးရွတ်ကြီး မျိုးပင်မှာ အီဘိုလာနိုင်သည့် ကယ်တင်ရှင်အပင်
    ဖြစ်လာနိုင်သည်။

    credit -breaking news

  • ဇီဇီ ခင်ဇော်

    August 10, 2014 at 6:27 pm

    အီဘိုလာ ဗိုင်းရပ်စ်ကို ကြိုတင် ကာကွယ်ရန် နည်းလမ်းများ
    ——
    credit …. ပြည်ချစ်သား

    ၂ဝ၁၄ ခုနှစ်အတွင်း အီဘိုလာ ဗိုင်းရပ်စ် ပျံ့နှံ့မှုမှာ လိုက်ဘေးရီးယား၊ ဂါနာ၊ ဆီယဲရား လီယွန်း အစရှိသည့် နိုင်ငံများတွင် ဆိုးရွား နေသည့် အတွက် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး က ၎င်းနိုင်ငံ ခေါင်းဆောင်များ နှင့်အတူ အမေရိကန် ဒေါ်လာ သန်း ၁ဝဝ တန် အရေးပေါ် စီမံချက် ချမှတ်ကာ အီဘိုလာ ဗိုင်းရပ်စ် ပြန့်ပွားမှုကို ထိန်းချုပ် နိုင်ရန် ကြိုးပမ်းလျက် ရှိရာ နိုင်ငံ အများအပြား ကလည်း အီဘိုလာ ကူးစက်မည်ကို စိုးရိမ်သဖြင့် ၎င်းနိုင်ငံများသို့ လေယာဉ် ပျံသန်းမှု များကို ရပ်ဆိုင်း ထားကြသည့် အပြင် ဗိုင်းရပ်စ်ပိုး မကူးစက်အောင် ကြိုတင် ကာကွယ်နည်း များကိုလည်း အောက်ပါ အတိုင်းထုတ်ပြန် ကြေညာ ထားကြောင်း သိရသည်။

    အီဘိုလာ ဗိုင်းရပ်စ်သည် ကူးစက် ခံထားရသူ၏ သွားရည်၊ ချွေး၊ သွေး၊ အန်ဖတ်ရည် အစရှိ သည်တို့နှင့် ထိတွေ့မိလျှင် ကူးစက်နိုင်ပြီး ကာကွယ်ဆေးလည်း မရှိသကဲ့သို့ ကုသဆေးလည်း မရှိကြောင်း၊ ခံတွင်း၊ နား၊ မျက်လုံး တို့မှ သွေးယို စီးကာ အသက်သေဆုံး နိုင်ကြောင်း သိရသည်။

    ထို့ကြောင့် အီဘိုလာ ဗိုင်းရပ်စ် ကူးစက်မှုမှ မိမိကိုယ်ကို ကာကွယ်ရန် –

    လက်ကို ရေနွေး၊ ဆပ်ပြာ အသုံးပြုကာ မကြာခဏ ဆေးကြော ပေးပါ။
    ဗိုင်းရပ်စ် ကူးစက်ခံထား ရသူဟု သံသယ ရှိသူကို အကာအကွယ် မပါဘဲ ကိုင်တွယ်ခြင်း မပြုပါနှင့်။
    နှာခေါင်းနှင့် ပါးစပ်ကို အုပ်ထားပါ။
    လက်အိတ်စွပ်ပါ။
    အထူးသဖြင့် ၎င်း၏ ခန္ဓာကိုယ်မှ ထွက်သော အရည် တစ်မျိုးမျိုးကို အထူး ရှောင်ကြဉ်ပါ။
    သင်သည် ကျန်းမာရေး ဝန်ထမ်းတစ်ဦး ဖြစ်ပါက ခန္ဓာ တစ်ကိုယ်လုံးကို ဖုံးအုပ်ပေးသော ပိုးသတ် ထားသည့် ဝတ်စုံကို ဝတ်ဆင်ပါ။
    လူနာများ အသုံးပြု ထားသော နေရာကို ရေနွေးဖြင့် ဆေးပါ။
    လူနာများနှင့် ထိတွေ့ ကုသပြီး လျှင်လည်း သင့်ဝတ်စုံ တစ်ခုလုံးကို ပိုးမသတ်ဘဲ မချွတ်ပါနှင့်။
    လူနာ အသုံးပြု ထားသော အိပ်ရာခင်း၊ စောင်၊ ခေါင်းအုံး တို့မှ ပိုးကူးနိုင် သဖြင့် အထူးဂရုပြု ပိုးသတ်ရန် လိုအပ်သည်။

    သင်သည် အီဘိုလာ လူနာနှင့် အကာအကွယ်မဲ့ ထိတွေ့ မိလျှင် သော်လည်းကောင်း၊ သင့်တွင် အီဘိုလာ ဗိုင်းရပ်စ် ကူးစက်ခံ ရပြီဟု သံသယ ဖြစ်လျှင် သော်လည်းကောင်း အောက်ပါ လက္ခဏာများကို စောင့်ကြည့် ရပါမည်။ ကိုယ်အပူချိန် ရုတ်တရက် မြင့်တက်ခြင်း၊ ကြွက်သားများ နာကျင်လာခြင်း၊ အန်ခြင်း၊ တစ်ကိုယ်လုံး ယားယံလာပြီး အဖုအပိန့်များ ထွက်လာခြင်း တို့ဖြစ်ပေါ် လာလျှင် သင့်သည် အီဘိုလာ ဗိုင်းရပ်ပိုး ကူးစက်ခံရပြီ ဖြစ်သည်။ ယင်းတို့ လက္ခဏာ ပြလျှင် မည်သူနှင့်မျှ မထိတွေ့ တော့ဘဲ သီးခြားနေကာ ဆေးဝါး အစောင့် အရှောက် ချက်ချင်း ခံယူရန်လို အပ်ပြီး ရောဂါ မပြင်းထန်မီ ဆေးကုသမှု ခံယူနိုင်မှ သာလျှင် အသက် ချမ်းသာရာ ရမည် ဖြစ်ကြောင်း သိရသည်။

  • ဇီဇီ ခင်ဇော်

    August 10, 2014 at 6:35 pm

    ‪#‎EBOLA‬ is a severe, infectious, often fatal disease in humans and primates (monkeys, gorillas, and chimpanzees) caused by infection from the Ebola virus. – Department of Health (Philippines)

    Ebola can be transmitted through close contact with:
    • Blood secretions, organs or other bodily fluids of infected animals
    • Body fluids and stools of an infected person
    • Contaminated needles and soiled linen used by infected patients
    • Direct contact with the body a deceased person

    Signs and symptoms:
    Fever, headache, intense weakness, joint and muscle pains, and sore throat; this is followed by vomiting, diarrhea, stomach pain, rash, impaired kidney and liver function, and in some cases, both internal and external bleeding; sometimes, rash, red eyes, hiccups, and bleeding from body openings may be seen in some patients.

    The DOH advised suspected cases to be taken immediately to the nearest health facility for medical attention. Severe cases require intensive supportive care. At present, there is no specific treatment or vaccine yet available.

    According to Ona, the most at risk to contract Ebola infection are health care workers and laboratory workers who may be exposed to secretions and specimens from infected individuals. Family members and those in close contact with those who are sick can also become infected.

    Prevention measures include:
    1) avoid close contact with infected patients;
    2) avoid consumption of the raw meat of possible infected animals like fruit bats, monkeys or apes;
    3) wear gloves and appropriate personal protective equipment when taking care of ill patients at home;
    4) wash hands after visiting sick relatives in the hospital and after taking care of ill patients at home.

  • ဇီဇီ ခင်ဇော်

    August 10, 2014 at 7:03 pm

    အီဘိုလာ ကိစ္စ WHO အရေးပေါ် ဆွေးနွေး

    အီဘိုလာ ရောဂါ တိုက်ဖျက်ရေး နည်းလမ်းသစ် တွေကို ဆွေးနွေးကြဖို့ ကမ္ဘာအနှံ့က ကျန်းမာရေး ပညာရှင်တွေဟာ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ WHO မှာ အရေးပေါ် တွေ့ဆုံ နေကြပါတယ်။

    ၂ ရက် ကြာမြင့်မယ့် ဒီတွေ့ဆုံပွဲကနေ ကမ္ဘာလုံး အတိုင်းအတာနဲ့ အရေးပေါ် အခြေအနေ သတ်မှတ်သင့် မသင့် ဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်။

    ဗုဒ္ဓဟူးနေ့ အစောပိုင်းက ဆော်ဒီအာရေဗျ နိုင်ငံမှာ လူတစ်ဦး အီဘိုလာကြောင့် သေဆုံးတယ်လို့ ယူဆရပြီး ဒီသတင်း အတည်ပြုနိုင်ရင်တော့ အာဖရိက အပြင်ဘက်မှာ အီဘိုလာကြောင့် သေဆုံးရတဲ့ ပထမဆုံးသူ ဖြစ်လာမှာပါ။

    နိုင်ဂျီးရီးယား နိုင်ငံမှာလည်း ဗုဒ္ဓဟူးနေ့က အီဘိုလာကြောင့် သူနာပြု တစ်ဦး ထပ်သေဆုံးခဲ့ရာမှာ သေဆုံးသူ ၂ ဦး ရှိသွားပြီး၊ အခြား ၅ ဦးမှာလည်း အီဘိုလာ ကူးစက်နေပြီး သီးသန့် ကုသပေးနေတယ်လို့ နိုင်ဂျီးရီးယား ကျန်းမာရေး ဝန်ကြီးက ပြောပါတယ်။

    အနောက် အာဖရိကမှာ အီဘိုလာ ဗိုင်းရပ်စ်ကြောင့် အခုနှစ် ဖေဖော်ဝါရီ နောက်ပိုင်း လူ ၉၀ဝ နီးပါး သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။

    ပုံစာ- နိုင်ဂျီးရီးယားနိုင်ငံ Lagos မြို့ လေဆိပ်မှာ ဆိုက်ရောက် ခရီးသည်တွေကို ရောဂါ ရှိမရှိ စစ်ဆေးနေစဉ်

    http://www.bbc.co.uk/news/health-28673380

  • ဇီဇီ ခင်ဇော်

    August 10, 2014 at 7:06 pm

    The Voice Weekly
    အီဘိုလာအရေး စိတ်မအေးစရာ

    (အယ်ဒီတာတစ်ဦး)

    “အီဘိုလာဟု ခေါ်သည့် မကောင်းဆိုးဝါးသည် လေယာဉ်စီးကာ အနောက်သို့ ဦးတည်နေသည်” ဟု အမေရိကန် ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဗဟိုဌာန (CDC) က သတိပေးချက်တစ်ရပ် ထွက်ပေါ်လာသည်။ ကမာ္ဘ့ကြောက်စရာ အကောင်းဆုံးနှင့် ကူးစက်မှုအမြန်ဆုံး အနောက်အာဖရိကမှသည် အမေရိကသို့ ဦးတည်နေပြီ ဖြစ်သည်။ ဒေသခံများက စုန်းကဝေ အတတ်ဖြင့် ပြုစားခြင်း ခံထားရသည့် ရောဂါဝေဒနာဟု အယူသီးကာ ယုံကြည်နေကြသည့် ယင်းရောဂါဆိုးသည် နှစ်ပေါင်း လေးဆယ်အတွင်း အဆိုးရွားဆုံး ပြန်လည် ပေါ်ပေါက်လာခဲ့သော ကူးစက်ရောဂါကြီး တစ်ခုဖြစ်ကြောင်း Medecine Sans Frontieres အဖွဲ့မှ လုပ်ငန်းဒါရိုက်တာ တစ်ဦးဖြစ်သူ ဘတ်ယန်ရှောင်းက ပြောကြားခဲ့သည်။

    “ဒီကူးစက်ရောဂါမျိုးကို တကယ့်ကို မကြုံဖူးဘူး။ တကယ့်ကို ထိန်းချုပ်ရလည်း ခက်တယ်။ ဒီလိုသာဆက်ပြီး ကူးစက်နေမယ်ဆိုရင် အခြေအနေက စိုးရိမ်ရတယ်။ လစ်ဗျားနဲ့ ဆီရရာလီယွန်တို့လို အရေးကြီးတဲ့ ဒေသတွေမှာ ကူးစက်လာပြီ ဆိုရင်တော့ အခြေအနေတွေက ပိုပြီးစိုးရိမ်ရတယ်၊ အခြေအနေကို အမြန်ဆုံး မထိန်းချုပ်နိုင်ဘူးဆိုရင် နောက်ထပ် ကူးစက်သွားနိုင်တဲ့ နိုင်ငံတွေ အများကြီး ဖြစ်သွားနိုင်တယ်” ဟု ယန်ရှောင်းက ဆိုသည်။

    အီဘိုလာသည် ယခုအခါ အနောက်အာဖရိက လေးနိုင်ငံတွင် ပျံ့နှံ့နေပြီး လာဂို့စ်၊ နိုင်ဂျီးရီးယား၊ အာဖရိကစသည့် အကြီးဆုံးနိုင်ငံကြီးများဆီသို့ ခြေလှမ်းပြင်နေပြီ ဖြစ်သည်။ ထိုနိုင်ငံများရှိ လူဦးရေ ၂၁ သန်းအဖို့ ရင်လေးစရာပင် ဖြစ်သည်။

    အာဖရိကတိုက်ဘက်သို့ ခရီးထွက်ပြီး ပြန်ရောက်လာသည့် ဟောင်ကောင်တွင် နေထိုင်သူ အမျိုးသမီးတစ်ဦးတွင် အီဘိုလာရောဂါ အရိပ်လက္ခဏာများ တွေ့လာရသည်။ သူမတွင် အဖျားတက်ခြင်း၊ အော့အန်ခြင်းများကို တွေ့ရပြီး ရောဂါ စမ်းသပ် စစ်ဆေးကြည့်သည့် အခါတွင်လည်း negative ကို ပြနေသည်။

    နိုင်ဂျီးရီးယာနိုင်ငံ၏ မြို့တော်ကြီး ဖြစ်သော လာဂို့စ်တွင်လည်း သတိပေးချက်တွေ ထုတ်ပြန်ထားရသည်။ ထိုမြို့တွင် လူဦးရေ ထူထပ်ပြီး ရေမြောင်းတွေက ညစ်ပတ် နံစော်လွန်းလှသည်။ ဆင်းရဲသည့်အတွက် မိလ္လာစနစ်ကလည်း အလွန်ညစ်ပတ်ပြီး စိတ်ပျက်စရာ ဖြစ်သည်။ လူတိုင်း မြောင်းဘေးထိုင်ပြီး ကိစ္စပြီးလိုက်ကြသည်သာ ဖြစ်သည်။ ကျန်းမာရေး ဝန်ဆောင်မှုများကိုလည်း ထိုမြို့တွင် နေထိုင်ကြသူများ မရရှိကြသဖြင့် ရောဂါဖြစ်ပြီး ကူးစက်ရန် အကောင်းဆုံး အနေအထားတွင် ရှိနေသည်။

    နိုင်ဂျီးရီးယား နိုင်ငံသားများသည် နေ့စဉ် ကမာ္ဘပတ်နေသူများဟု ဆိုနိုင်သည်။ သူတို့နိုင်ငံ လေဆိပ်မှ ကမာ္ဘ့နေရာအနှံ့သို့ အလုပ်အကိုင်များ ထွက်လုပ်ရန်အတွက် ခရီးထွက်နေကြသူများ ဖြစ်သည်။ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုနှင့် ဥရောပနိုင်ငံများသို့ သူတို့ခြေဆန့်ပြီး နေ့စဉ် ရောက်ရှိနေကြသည်။ သို့ဖြစ်ရာ အီဘိုလာ ရောဂါသည် နိုင်ဂျီးရီးယားတို့နှင့်အတူ ကမာ္ဘ့နိုင်ငံ မည်မျှသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း မည်သူမျှ မပြောနိုင်သည့် အနေအထားတွင် ရှိသည်။

    မကြာသေးမီက လာဂို့စ်တွင် အီဘိုလာ ဖြစ်ပွားနေသည့် လက္ခဏာများကို တွေ့လိုက်ရသဖြင့် အားလုံး ထိတ်လန့်ကုန်ကြသည်။ တစ်ကမာ္ဘလုံးက လာဂို့စ်ကို အာရုံစိုက်ကာ အရေးပေါ် စစ်ဆေးမှုများကို ပြုလုပ်လာကြသည်။ ဗြိတိန်တွင် အနောက်အာဖရိကမှ ထွက်ပြေးပြီး လာရောက် နေထိုင်သူများစွာ ရှိသည်။ ယင်းတို့အထဲတွင် နိုင်ဂျီးရီးယားက ပြည်ပြေးတွေ အများဆုံး ဖြစ်နေသည်။ ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်က “မြွေဟောက်” ဟု အမည်ပေးထားသော အရေးပေါ် အစည်းအဝေး တစ်ရပ်ကိုခေါ်ပြီး အီဘိုလာ ဖြစ်နိုင်သော ရပ်ကွက်များကို စောင့်ကြည့်ရန် စစ်ဆင်ရေး တစ်ရပ်အသွင် လှုပ်ရှားနေသည်။

    ဝန်ကြီးချုပ်က “အလွန်ကြောက်မက်ဖွယ်ရာ ခြိမ်းခြောက်မှုကြီး” တစ်ခုဟု ထိတ်လန့်တကြား ပြောလိုက်ပြီး၊ ဗြိတိန်တွင် ထိုရောဂါ ရောက်နေနိုင်ကြောင်း တပ်လှန့်လိုက်သည်။ အမေရိကန်ပြည်ထောင်စုလို အနောက်အာဖရိကမှ လူများကို လက်ခံမှု နည်းသည့် နိုင်ငံတွင်ပင် ထိတ်လန့်မှုများ ဖြစ်နေကြသည်။

    အမေရိကန်တို့ ကြောက်မည်ဆိုလည်း ကြောက်လောက်သည်။ မကြာမီက လာဂို့စ်တွင် ပြန်ပြီး သေဆုံးသွားသူ တစ်ယောက်သည် အမေရိကန်နိုင်ငံသား တစ်ယောက် ဖြစ်နေသည်။ သူသည် လိုင်ဘေးရီးယားတွင် အလုပ်လုပ်ကိုင်နေသူ တစ်ဦးဖြစ်ပြီး အမေရိကန်ပြည်ထောင်စု၊ မင်နီဆိုးတားရှိ သူ့မိသားစုနှင့် လာပြန်တွေ့ပြီးမှ လာဂို့စ်တွင် ကွယ်လွန်သွားခဲ့သည်။ သူသည် လိုင်ဘေးရီးယားမှ ပြန်လာစဉ်က ရောဂါလက္ခဏာ မပြခဲ့ပေ။ သူသည် လာဂို့စ်ရှိ ညီမဖြစ်သူ တစ်ယောက် ကွယ်လွန်သည့် အသုဘ အခမ်းအနားကို တက်ခဲ့သေးသည်။ သူ့ညီမသည် အီဘိုလာဖြင့် သေဆုံးခဲ့ခြင်း ဖြစ်သည်။ သူအမေရိကန် ပြည်ထောင်စုသို့ ပြန်လာစဉ်က လာဂို့စ်သို့ သွားခဲ့ကြောင်း အာဏာပိုင်များကို ပြောပြခဲ့ခြင်း မရှိပေ။ အမှန်မှာ သူလာဂို့စ်မှာကတည်းက ရောဂါကူးစက်လာခြင်း ဖြစ်နိုင်သည်။ မည်သို့ဆိုစေ အီဘိုလာသည် အမေရိကကို တံခါးလာခေါက်နေပြီ ဖြစ်သည်။

    ကမာ္ဘ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အဆိုအရ အီဘိုလာ (Ebola) ရောဂါ၏ ရှေ့ပြေးလက္ခဏာသည် အမွှေးရှည် သတ္တဝါများ၏ အသားကို စားသုံးခြင်းမှတစ်ဆင့် ကူးစက်လာသည်ဟု ဆိုသည်။ အထူးသဖြင့် အသီးစားလင်းနို့များကို လူတို့က သတ်ဖြတ် စားသောက်ရာမှတစ်ဆင့် ကူးစက်ခြင်း ဖြစ်ကြောင်း၊ ထိုလင်းနို့များကို အနောက်အာဖရိက အရပ်တွင် စွပ်ပြုတ်လုပ်ကာ သောက်လေ့ရှိကြောင်း၊ အီဘိုလာ အခြေခံ ဗိုင်းရပ်စ်သည် အသီးစား လင်းနို့များတွင် တွေ့ရှိရကြောင်း သတင်းထုတ်ပြန်ထားသည်။

    အီဘိုလာဗိုင်းရပ်စ် ကူးစက်ခြင်း ခံထားရသူ၏ ချွေး၊ သလိပ်၊ သုက်ရည်၊ မစင်နှင့် ကျင်ငယ်ရည်တို့ကတစ်ဆင့် အီဘိုလာ ဗိုင်းရပ်စ်သည် အခြားသူများကို ကူးစက်နိုင်ပေသည်။ နောက်ဆုံး တွေ့ရှိချက်များအရ ရောဂါကူးစက်ခြင်း ခံထားရသူ အသုံးပြုသွားသော မိုင်ဘိုင်းလ်ဖုန်းကို အခြားသူတစ်ယောက်က ယူသုံးမိရာမှ ထိုသူလည်း အီဘိုလာပိုး ကူးစက်သွားခဲ့ရသည့် ဖြစ်ရပ်များ ဖြစ်ပွားခဲ့သဖြင့် သတိထားစရာ ဖြစ်လာခဲ့သည်။

    နောက်ဆုံး တွေ့ရှိချက်များအရ လေယာဉ်တွင် ရောဂါဖြစ်နေသူနှင့် ဘေးချင်းကပ် ထိုင်လာခြင်း၊ ရောဂါဖြစ်သူ အသုံးပြုသွားသည့် အိမ်သာကို အသုံးပြုသူတွင်ပါ ရောဂါပိုးများ ကူးစက်နေကြောင်း သိရသည်။ အီဘိုလာရောဂါ ဖြစ်သူတွင် ဒွါရကိုးပေါက်မှ သွေးများ ယိုစီးထွက်လာတတ်သည်။ မျက်လုံးများကပင် သွေးများ ယိုစီးလာနိုင်သည်။ ထိုဗိုင်းရပ်စ်သည် လူ၏ကိုယ်ခန္ဓာအတွင်းရှိ သွေးဖြူဥများကို ပျက်စီးစေသောကြောင့် ထိုသို့ ဖြစ်ရခြင်း ဖြစ်သည်။ သာမန်အားဖြင့် ထိုဗိုင်းရပ်စ် ကူးစက်နေကြောင်း သိမြင်နိုင်စွမ်း မရှိပေ။ ၉ဝ ရာခိုင်နှုန်းမှာ သေလုမြောပါး ဖြစ်နေချိန်မှသာ ရောဂါဖြစ်နေမှန်း သိရှိကြရသည်။

    ယခုအချိန်အထိ အီဘိုလာဖြစ် လာလျှင် မည်သို့ကုသရမှန်း မသိနိုင်သေးပေ။ ရောဂါဖြစ်နေကြောင်း မသင်္ကာဖွယ်ရာ တွေ့ရှိလျှင် ကြိုတင်ကုသမှုများ ပြုလုပ်နိုင်ကြောင်း အမေရိကန် ပြည်ထောင်စုရှိ CDC အဖွဲ့က ဆိုသည်။ ကုသနည်းမှာ ရောဂါဖြစ်နေသည်ဟု ထင်ရသူအား အောက်ဆီဂျင်နှင့် သွေးပေါင်ချိန်ကို ထိန်းပေးခြင်း၊ သွေးအနေအထားကို ပြုပြင်ပြောင်းလဲပေးခြင်းဖြင့် ရောဂါကို ထိန်းထားနိုင်သည်ဟု ယင်းအဖွဲ့က ဆိုသည်။ သို့သော် ယင်းကုသနည်းမှာ စိတ်ချရသည့် အနေအထားတွင် မရှိသေး။ ရောဂါပြင်းထန်လာလျှင် သေရန်သာ များသည်။

    ဆီရရာလီယွန်တွင် အီဘိုလာ တိုက်ဖျက်ရေးကို ဦးဆောင်လှုပ်ရှားနေသည့် ဆရာဝန်တစ်ဦးသည် မကြာမီက သေဆုံးသွားခဲ့ရသည်။ သူသည် လိုင်ဘေးရီးယားတွင် အမေရိကန် ကျန်းမာရေး ဝန်ထမ်းနှစ်ဦးနှင့်အတူ အီဘိုလာ တိုက်ဖျက်ရေးအတွက် တက်ကြွစွာ ပါဝင်လှုပ်ရှားနေသူ ဖြစ်သည်။ သတိကြီးစွာထားပြီး ဆောင်ရွက်နေသည့် သူ့လို ဆရာဝန်တစ်ဦးပင် သေဆုံးခဲ့ရသည့်အပြင်၊ ရာပေါင်းများစွာ အီဘိုလာအရေးတွင် ပါဝင်လှုပ်ရှားနေသည့် ကျန်းမာရေး လုပ်သားများလည်း အသက်ပေးခဲ့ကြရသည်။

    အီဘိုလာရောဂါ ဖြစ်ပွားမှုကို ၁၉၇၆ ခုနှစ်လောက်ကတည်းက ခြေရာခံမိသည်။ ၁၉၇၆ ခုနှစ် မတ်လက ဂီနီနိုင်ငံတွင် ထိုရောဂါဖြစ်သူကို ပထမဆုံး တွေ့ရှိခဲ့ရခြင်း ဖြစ်ပြီး၊ WHO သုတေသီများက အသီးစား လင်းနို့တစ်မျိုးကို စားသုံးခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ထိုစဉ်ကတည်းက ထုတ်ဖော် ပြောကြားခဲ့သည်။ ဂီနီနိုင်ငံအစိုးရက မိမိတို့နိုင်ငံအတွင်း ပြည်သူများကို လင်းနို့သား မစားကြရန် အမိန့်ထုတ်ခဲ့သော်လည်း အိမ်နီးချင်းနိုင်ငံများ ဖြစ်သည့် လီယွန်နှင့် လစ်ဗျားနိုင်ငံတို့တွင် မတားဆီးနိုင်ခဲ့ပေ။ အထူးသဖြင့် ထိုနိုင်ငံများရှိ ကျေးလက်ဒေသများတွင် ကျန်းမာရေး စောင့်ရှောက်မှုနှင့် အလှမ်းဝေးသောကြောင့် အီဘိုလာသည် ထိုနိုင်ငံများ အတွင်းသို့ ရောက်ရှိလာခဲ့ရသည်။ နိုင်ဂျီးရီးယားနိုင်ငံ မရောက်မီ ဒေသပေါင်း ၆ဝ တွင် အီဘိုလာ ပျံ့နှံခဲ့ပြီး ဖြစ်ကြောင်း WHO က ဆိုသည်။

    အာဖရိကတိုက်အတွင်း အချို့သော ကျေးရွာများသို့ ကျန်းမာရေး လုပ်သားများ ဝင်ရောက်နိုင်မှု မရှိခြင်းကြောင့်လည်း အီဘိုလာ ရောဂါဝေဒနာ မည်မျှ ခံစားနေရကြောင်း မသိနိုင်ခဲ့ပေ။ အစ္စလာမ်ဘာသာ ကိုးကွယ်သည့် ကျေးရွာများတွင် အစဉ်အလာအရ သေဆုံးသူတစ်ဦးကို ရေချိုးပေးပြီး သန့်စင်အောင် လုပ်ပေးကြခြင်းကြောင့် ထိုမှတစ်ဆင့် ကူးစက်နိုင်သည့် ပမာဏမှာ များပြားလှသည်။ ထို့ပြင် အချို့သော ကျေးရွာများတွင် ရောဂါဖြစ်သူများကို တစ်ရွာမှတစ်ရွာ သယ်ဆောင်သွားပြီး တိုင်းရင်းဆေးဆရာများ၊ နတ်ဆရာများနှင့် ပြသကုသနေခြင်းကလည်း ကူးစက်မှုအရှိန်ကို မြှင့်တင်နေသလို ဖြစ်သည်။

    အာဖရိကမှတစ်ဆင့် အီဘိုလာသည် ပျံ့နှံ့လာပြီ ဖြစ်ကြောင်း သတင်းတွေ ထွက်လာမှ နိုင်ငံတကာသည် စိုးရိမ်ထိတ်လန့်လာပြီး ကာကွယ်ရန် ပြင်ဆင်ကြသော်လည်း၊ မိမိတို့နိုင်ငံများအတွင်း ကူးစက်သူ မည်မျှ ရောက်နေပြီဆိုခြင်းကို သိနိုင်ရန် ခဲယဉ်းလှသည်။ အနောက်အာဖရိကနှင့် ဥရောပသို့ ပြေးဆွဲနေသော လေကြောင်းခရီးစဉ်များကို ပိတ်ကြသည်။ လိုင်ဘေးရီးယားတွင်လည်း နယ်ခြားဒေသများကို လူဝင်လူထွက် ပိတ်လိုက်ကြသည်။ သို့သော် လာဂို့စ်တွင် သေဆုံးသွားသော အမေရိကန်သည် လစ်ဗျားမှ ဂါနာ၊ တိုဂိုမှ လာဂို့စ်သို့ ခရီးစဉ်တစ်ခုပြီး တစ်ခု ပြောင်းခဲ့သူဖြစ်သည်။ သူက တစ်ဆင့် မည်မျှ ရောဂါတွေ ပေးခဲ့ကြောင်း မည်သူမျှ မသိနိုင်ပေ။

    ထို့ကြောင့် အမေရိကန် ဗဟိုရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ကုသရေးအဖွဲ့ (CDC) က အီဘိုလာသည် လေယာဉ်စီးပြီး ခရီးနှင်နေကြောင်း ထုတ်ဖော် ပြောကြားခဲ့ခြင်း ဖြစ်သည်။ အီဘိုလာသည် အာဖရိကမှသည် အမေရိက၊ ဥရောပ၊ အာရှအထိပါ ခရီးနှင်နေသည်။ သေမှ သိသော ရောဂါဖြစ်နေသည့်အပြင် ကူးစက်မှုနှုန်း မြန်ကာ၊ သိလျှင်လည်း သေရသည့်ရောဂါ ဖြစ်နေသောကြောင့် သတိနှင့်ယှဉ် ကြိုတင်ကာကွယ်သင့်သော ရောဂါဆိုး ဖြစ်သည်။

    Ref: Ebola ‘Just a Flight Away’, Bruce Loudon

  • kyeemite

    August 11, 2014 at 9:50 am

    စုစည်းတင်ပြပေးကြသူများကို ကျေးဇူးတင်ပါတယ်

  • ခင် ခ

    August 11, 2014 at 9:57 am

    အစုံအလင်ဖတ်ရအောင် စုစည်းတင်ပေးသူကို ကျေးဇူးတင်တယ်ဗျ

  • black chaw

    August 11, 2014 at 10:46 am

    စိတ်ကူးလေး ကောင်းလိုက်တာ။
    ဆက်လုပ်ကြပါဗျို့။

  • အလင်းဆက်

    August 11, 2014 at 11:46 am

    ” EBOLA (သို့) သေမင်းဗိုင်းရပ် “

    ကျန်းမာရေးမို့ လက်မနှေးဘဲ မျှဝေပေးလိုက်တာပါ၊ ထိုဗိုင်းရပ်က ကူးဆက်ရောဂါအနွယ်မို့ ဗဟုသုတအဖြစ် သိထားကြရင်ကောင်းမယ်လို့ ယူဆမိလို့ပါ။

    အီဗိုလာသည် ှနှာခြေ ၊ ချောင်းဆိုး စသော လေထုထဲမှတဆင့်မကူးစက်သည်မှာ အလွန်ကံကောင်း သည်ဟုဆိုရမည် ။ ၎င်းသည် တုတ်ကွေးကဲ့သို့ ချောင်းဆိုးသူကြောင့် လေထဲမှတဆင့် မပျံနှံ့ပါ ။
    EBOLA သည် ရောဂါရှိသော တိရိစာ္ဆန်များ ၏ အရည် ၊ သွေးသား တို့အား လက်ဖြင့်ထိခြင်း ၊ ထိုအသားအားစားခြင်း ။ရောဂါခံစားနေရသောသူ နှင့် လက်ခြင်းထိတွေ့ခြင်း ၊ အရေပြား ပေါက်ပြဲသောနေရာအား ထိတွေ့ခြင်း ၊ သွေးသားခြင်းထိတွေ့ခြင်း ၊ နမ်းခြင်း ၊ လိင်ဆက်ဆံခြင်းတို့ စသဖြင့် ရောဂါရှိသူ၏ အသွေးသား ၊ သွေး ၊ အချွဲ ၊ ခန္ဒာကိုယ်မှထွက်သောအရည်တို့ကို လက်ဖြင့် ထိတွေ့ရုံဖြင့် ရောဂါ ကူးဆက်နိုင်သည် ။

    အာရှတိုက်နိုင်ငံများသို့ခြေဆန့်လာသော EBOLA (သို့) သေမင်းဗိုင်းရပ်
    ********************************************************************************
    အထူးဆောင်းပါ (မလေးရှားရောက်မြန်မာအားလုံးသို့ဆက်လက်မျှဝေရန်)
    မလေးရှား (၃၁.၇.၂၀၁၄)
    အာဖရိကတိုက်အလယ်ပိုင်းဒေသတွင် အခြေခံဖြစ်တည်လာသည့် အီဗိုလာ ဗိုင်းရပ် သည် ယခုအခါ အမေရိက ၊ ဥရောပ ၊ အာရှသာမက ၊ အရှေ့တောင်အာရှရှိ ဖိလစ်ပိုင်နိုင်ငံထိတိုင်အောင် ကူးဆက်လာသောအခါ ကမာ္ဘ့နိုင်ငံများသည် အထူး ကြော်ငြာချက်များ ထုတ်ပြန်ပြီး အီဗိုလာ ဗိုင်းရပ်အား တားဆီးရန် စတင် တာဆူနေပြီဖြစ်သည် ။
    ထိုအသို့ တားဆီးရန် ကြိုးစားနေချိန်တွင်ယနေ့မလေးရှားအစိုးရမှလည်း နိုင်ငံတွင်း အီဗိုလာ ဗိုင်းရပ် တွေ့ရှိခဲ့ပါက ဖြေရှုင်းရန် အဆင်သင့်ပြင်ဆင်ပြီဖြစ်ကြောင်း ယနေ့ထုတ်သတင်းစာများတွင်ကြော်ငြာခဲ့သည်။
    သို့ကြောင့် မလေးရှားရောက်မြန်မာနိုင်ငံသားမျာသာမက အားလုံးသိရှိရန် ဤသတင်းအား ဆောင်းပါးအနေဖြင့် ဘာသာပြန်တင်ဆက်သည် ။ အောက်ပါ အီဗိုလာ ဗိုင်းရပ်အကြောင်း သေချာစွာဖတ်ရှုပါ ။

    ၁.EBOLA VIRUS – အီဗိုလာဗိုင်းရပ်ဆိုတာဘာလဲ
    ——————————————————-
    အီဗိုလာဗိုင်းရပ်ဆိုသည်မှာ သဘာဝ တိရိစာ္ဆန်များမှတဆင့် လူသို့ကူးဆက်သော ဗိုင်းရပ်ရောဂါပိုးတစ်မျိုးဖြစ်သည်။ ရောဂါ ကူးဆက်ခံရသူ ၉ဝ ရာခိုင်နှုန်း အသက်ဆုံးရှုံးကာ ရက်ပိုင်းအတွင်း သေဆုံးစေနိုင်သော AIDS ထက်အဆပေါင်းများစွာဆိုးရွားသော ဗိုင်းရပ်စ် ရောပိုးဖြစ်သည် ။
    အာဖရိကတိုက်အနောက်အလယ်ပိုင်း နိုင်ငံများရှိ လင်းနို့ ၊ မျောက် ၊ ဒရယ် ၊ မျောက်ဝံ စသော တိရိစာ္ဆန်များ တွင်အဆိုပါ အီဗိုလာ ဗိုင်းရပ်တွေ့ရှိရပြီး ရောဂါပိုး ရှိသည့် တိရိစာ္ဆန်အသားများကို စားသုံးရာမှ လူတွင် ကူးစက်ကာ ယခုအချိန်ထိ ကူးစက်ခံရသူ ၁၂၀ဝ ကျော်သေဆုံးခဲ့ပြီးဖြစ်သည် ။ ၂၀၁၄ တွင် အာဖရိက အနောက်ခြမ်း နိုင်ငံ ၃ နိုင်ငံအား ကန့်သတ် နယ်မြေမျာအဖြစ်သတ်မှတ်ကာ ထိုရောဂါကို စတင်ပိတ်ဆို့နေပြီဖြစ်သည် ။
    အီဗိုလာသည် ှနှာခြေ ၊ ချောင်းဆိုး စသော လေထုထဲမှတဆင့်မကူးစက်သည်မှာ အလွန်ကံကောင်းသည်ဟုဆိုရမည် ။ ၎င်းသည် တုတ်ကွေးကဲ့သို့ ချောင်းဆိုးသူကြောင့် လေထဲမှတဆင့် မပျံနှံ့ပါ ။
    သို့သော် EBOLA သည် ရောဂါရှိသော တိရိစာ္ဆန်များ ၏ အရည် ၊ သွေးသား တို့အား လက်ဖြင့်ထိခြင်း ၊ ထိုအသားအားစားခြင်း ။
    ရာဂါခံစားနေရသောသူ နှင့် လက်ခြင်းထိတွေ့ခြင်း ၊ အရေပြားပေါက်ပြဲသောနေရာအား ထိတွေ့ခြင်း ၊ သွေးသားခြင်းထိတွေ့ခြင်း ၊ နမ်းခြင်း ၊ လိင်ဆက်ဆံခြင်းတို့ စသဖြင့် ရောဂါရှိသူ၏ အသွေးသား ၊ သွေး ၊ အချွဲ ၊ ခန္ဒာကိုယ်မှထွက်သောအရည်တို့ကို လက်ဖြင့် ထိတွေ့ရုံဖြင့် ရောဂါ ကူးဆက်နိုင်သည် ။
    ထိုသို့ရောဂါကူးဆက်ပြီး ၂၁ ရက်အတွင်း ဝေဒနာစတင်ခံစားရမည်ဖြစ်ကာ ၊ ထိုသူမှတဆင့် ယခု နှုန်းထားအတိုင်း ၂.၅ ဦးအားဆက်လက် ကူးဆက်နေပြီး ဆက်တိုက် ပျံ့ပွားသွားမည်ဖြစ်သည် ။
    ရောဂါခံစားရပြီးမကြာခင်ရက်ပိုင်းအတွင်း သေဆုံးမည်ဖြစ်သည် ။

    ၂. ရောဂါလက္ခဏာတွေကဘယ်လိုလဲ
    —————————————-
    အီဗိုလာ ဗိုင်းရပ်စ် ကူးဆက်ခံရပြီး ၂၁ ရက်အကြာတွင် အပြင်းဖျားခြင်း ၊ မလှုပ်ရှားနိုင်အောင် အားအင်ကုန်ဆုံးခြင်း ၊ ကြွက်သားများ နာကျင်ခြင်း ၊ ခေါင်းကိုက်ခြင်း ၊ လည်ချောင်းနာခြင်းတို့ ဖြစ်ကာ မကြာခဏ အော့အန်ပြီး ဝမ်းသွားသည့် ရာဂါလက္ခဏာ ပြလိမ့်မည် ။
    ထိုမှတဆင့်ရောဂါပြင်းထန်လာကာ ကျောက်ကပ် ၊ အသဲ တို့၏ လုပ်ဆောင်ချက်များကို ဆိုးဝါးစွာ ပျက်ဆီးစေကာ မျက်လုံး ၊ ပါးစပ် ၊ နှာခေါင်းတို့စသော ဒွာရပေါက်များမှ သွေးထွက်ခြင်း ၊ အရေပြားပေါက်ပြဲကာ သွေးထွက် ခြင်း း စသည့်ခန္ဒာကိုယ် အတွင်းအပြင် တို့မှ သွေးထွက်ကာ နောက်ဆုံး သေဆုံး စေမည်ဖြစ်သည် ။
    ထိုထက်ဆိုးဝါးသည်မှာ ရောဂါကူးစက်ခံရသော သူ ထိုင်သွားသည့် ခုံ ၊ အိပ်ယာ တို့မှတဆင့် ကူးဆက်ကြောင်းတွေ့ရသော အခါ အဆိုပါ နိုင်ငံ ၃ နိုင်ငံတွင် TAXI (တက္ကစီ) ၊ ကား၊ ရထား ၊ လေယာဉ် တို့ပါ ရောဂါစောင့်ကြည့် နေရသည့် အခြေအနေ တွင်ရှိနေပြီဖြစ်သည် ။
    ထိုအီဗိုလာ ဗိုင်းရပ်အား ကုသရန်ဆေးမရှိသကဲ့သို့ ။ရောဂါကူးစက်ခံရပါက မည်သို့မှ လုပ်မရတော့ပဲ သီသန့်ခန်းထဲတွင် ခွဲထားကာ သေဆုံးသည်ကိုစောင့်ရမည်ဖြစ်သည် ။ ရောဂါပိုး ကူးစက်သူ၏ ၁ဝ ရာခိုင်းနှုန်းကိုသာ ကယ်ဆယ်နိုင်ခဲ့သေးကြောင်းသင်သိရမည်ဖြစ်သည် ။

    ၃ ဘယ်နိုင်ငံတွေအထိ ကူးစက်လာခဲ့ပြီလဲ
    ——————————————–
    ၂၀၁၄ ခုနှစ်၏အီဗိုလာ ဗိုင်းရပ်မြစ်ဖြားခံရာ Guinea နိုင်ငံမှတဆင့် ရောဂါဝေဒနာ ခံစားရသူများ ခရီးသွား သောကြောင့် ထိုနိုင်ငံ၏ အိမ်နီးခြင်းနိုင်ငံများဖြစ်သော Liberia နှင့် Sierra Leone တို့အား အလျှင်အမြန် ကူးဆက်လျှက် ရှိသည် ။
    အဆိုပါ ၃ နိုင်ငံတွင် ၂၀၁၄ မတ်လ မှ စတင်ကာယနေ့အထိ လူဦးရေ ၁၂၀ဝ ကျော်အား ကူးစက်နေပြီး – ၇၀ဝ နီးပါးသေဆုံးခဲ့ပြီဖြစ်သည် ။၎င်းသည် နှစ် ၄ဝ အတွင်း အဆိုးဝါးဆုံးသော ဗိုင်းရပ်ကူးစက် သေဆုံးမှုဖြစ်ကြောင်း WHO မှထုတ်ပြန်ခဲ့ရသည် ။
    ရောဂါဆိုးဝါးသော ဒေသများသို့ ဆေးကုသပေးရန် ရောက်ရှိနေသော အထူးကု ဒေါက်တာတစ်ဦးအပါအဝင် နိုင်ငံခြားသား လုပ်အားပေး ၂ ဦးရေဂါကူးစက်ခံရသည်ဆိုသောအခါ ကမာ္ဘနိုင်ငံများကြား အီဗိုလာ သည် အထူး သတိထားကိုင်တွယ်ရမည့် ကြောက်စရာအကောင်းဆုံး ကူးစက်ဗိုင်းရပ်ဖြစ်လာခဲ့သည် ။
    အဆိုပါ ၃ နိုင်ငံသို့ စိုက်ပျိုးရေး ၊ ကျမ်မာရေ ၊ ပညာရေ တို့အတွက် လုပ်အားပေး ရောက်ရှိနေသော အမေရိကန် နိုင်ငံသား ၃၀ဝ ကျော်ကို ယခု အခါ အမေရိကန် က ပြန်လည်ခေါ်ယူနေပြီဖြစ်သည် ။
    ယခု အမေရိက နိုင်ငံ ၊ လန်ဒန် ၊ ဥရောပနိုင်ငံများ ၊ တရုတ် ၊ ဖိလစ်ပိုင် တို့တွင် ရောဂါလက္ခာများစတင်တွေ့ရှိကြောင်း ယနေ့သတင်းစာများတွင်ကြော်ငြာအပြီး နိုင်ငံတကာလေကြောင်းလိုင်းများသည် အဆိုပါ အီဗိုလာရောဂါအား စောင့်ကြည့်ဖြေရှင်းရန် အထူး ဆွေးနွေးပွဲများဖြင့် စတင်နေရပြီဖြစ်သည် ။

    ၄. မလေးရှားတွင် ကူးစက်နေပြီလား
    —————————————
    မလေးရှားတွင်ရောဂါလက္ခဏာ တွေ့ရှိမှုမရှိသေးပါ ၊ သို့သော် မလေးရှားသည် အာဖရိက နိုင်ငံသား များ ဝင်ရောက်မှုများသောကြောင့် တွေ့ရှိလာပါက ဖြေရှင်းကိုင်တွယ်ရန် အသုံးအဆောင်များ ၊ လိုအပ်သော ကရိယာများကို ယခု ပြင်ဆင်ထားပြီဖြစ်ကြောင်း ယနေ့ည သတင်းများတွင် တင်ဆက်သွားခဲ့သည် ။
    အီဗိုလာသည် နိုင်ငံခြားသိုကူးစက်နှုန်း အလွန်နည်းသည် ၊ သို့သော် ကူးပြီဆိုပါက ထိန်းချုပ်ရန် နည်းလမ်း မှာ အားလုံးပိတ်ဆို့ပစ်ရန်သာ ရှိတော့သည် ။ သို့ကြောင့် လုံးဝမကူးရန် ကာကွယ်ထားရန်ဖြစ်ပြီး လိုအပ်သည်များကို ဆောင်ရွက်ရန် နိုင်ငံတကာမြို့ပြ လေကြောင်း အဖွဲ့ချုပ် The International Civil Aviation Organization (ICAO) သည်လည်း ဆွေးနွေးဆောင်ရွက်နေရပြီဖြစ်သည် ။

    ၅. ရောဂါကူးစက်တဲ့ နိုင်ငံမှာ ဘာတွေဖြစ်နေပြီလဲ
    ——————————————————
    Guinea, Liberia, Sierra Leone စသည့် အီဗိုလာ အဆိုးဆုံးကူးစက်ရာ ၃ နိုင်ငံတွင် ကျောင်းအားလုံး ပိတ်ပစ်ရပြီဖြစ်သည် ။
    အဆိုပါနိုင်ငံ ၃ ခု၏ ဒေသ အချို့တွင် ရောဂါထိန်းချုပ်နိုင်မှု မရှိတော့ပဲ ဆိုးဝါးစွာကူးစက်ပြီနေပြီဖြစ်ကြောင်း သိရသည် ။ ရောဂါကူးစက်မှုသည် ထိန်းချုပ်ကိုင်တွယ်နိုင်သည့်အဆင့်တွင်မရှိတော့ပါ ။ အခြေအနေ အလွန်ဆိုးဝါးနေပြီဖြစ်ကြောင်း ယေနေ့ နိုင်ငံတကာသတင်းဌာနများကကြော်ငြာသည် ။
    အခြေအနေ ကောင်းမလာပဲ ပိုမိုးဆိုးဝါးကာ ကူးစက်သူ ၂.၅ ဆနှုန်းဖြင့် တိုးပွာလာကြောင်း ကြောက်မက်ဖွယ်သိရှိခဲ့ကြရသည် ။
    Sierra Leone နိုင်ငံရှိ အီဗိုလာရောဂါ အတွက် အထူးကုသနေရသော ထိပ်တန်း ဆရာဝန် တစ်ဦးသည်ယခု အီဗိုလာရောဂါကူးစက်ခံရကာ သေဆုံးခဲ့ပြီးဖြစ်သည် ။
    အမေရိကန် နိုင်ငံသား ကနေဒါမှ အဆိုပါ ၃ နိုင်ငံသို့ ရောဂါကုပေရန် လုပ်အားပေး သွားရောက်သော ဆရာဝန်တစ်ဦးသည်လည်း ယခုအခါ ရောဂါကူးစက်ခံနေရပြီဖြစ်ကြောင်းတွေ့ရှိသောအခါ အီဗိုလာသည် ကမာ္ဘကိုခြိမ်းခြောက်နေသော ဗို်င်းရပ် အဖြစ် သတ်မှတ်ရတော့သည် ။
    အဆိုပါ နိုင်ငံ ၃ နိုင်ငံ၏ ရောဂါကူးစက်ပျံ့ပွားမှု ထိန်းချုပ်ရေးသည် ယနေ့ ကမာ္ဘအရေးဖြစ်လာခဲ့သည် ။
    Liberia နိုင်ငံတွင်မူ ကျောင်းအားလုံး အကန့်အသတ်မရှိ ပိတ်ထားပြီး အစိုးရဝန်ထမ်းအားလုံး ခွင့် ရက် ၃ဝ ပေးကာ လုပ်ငန်းအားလုံး ရပ်ဆိုင်းထားရပြီဖြစ်သည် ။
    Togo အခြေစိုက် pan-African လေကြောင်းလိုင်းဖြစ်သော ASKY, လေကြောင်းလိုင်းသည် အဆိုပါ ၃ နိုင်ငံမှ အခြား နိုင်ငံ ၂ဝ သို့ ပြေးဆွဲပျံသန်းနေသောလေကြောင်းဖြစ်ပြီး ယခု ASKY၏ လေကြောင်းအားလုံး ရပ်ဆိုင်းထားရပြီဖြစ်သည် ။
    အသက် ၄ဝ ရှိ Liberia နိုင်ငံသားတစ်ဦး Nigeria သို့သွားရောက် လည်ပတ်အပြီး သေဆုံးခဲ့ကာ အဆိုပါသေဆုံးမှုသည် အီဗိုလာဗိုင်းရပ်ကြောင့် ဖြစ်ကြောင်း အတည်ပြုအပြီး Nigeria နိုင်ငံတွင် ယခု စောင့်ကြည့်ကွပ်ကဲမှုများပြုလုပ်နေရပြီဖြစ်သည် ။
    လေကြောင်းလိုင်းများသည် နိုင်ငံတကာသို့ရောဂါကူးစက်စေသော ရေသောက်မြစ်ဖြစ်လာသောအခါ IATA သည် လေကြောင်းလိုင်များအား ထိရောက်စွာ ထိန်းချုပ်သွားရန် ယခု စတင်ဆောင်ရွက်ပြီဖြစ်သည် ။
    ယနေ့မှစတင်ပြီး နေ့စဉ်ရောဂါ ပျံနှုံမှုကို စောင့်ကြည့်ကာ ဖြစ်ပွားသည့် နေရာများသို့ ပျံသန်သောလေကြောင်းများကို တားမြစ်သွားမည်ဖြစ်ကြောင်း နိုင်ငံတကာလေကြောင်းထိန်းချုပ်ရေးအေဂျင်စီသည် ယနေ့ကြော်ငြာချက်ထုတ်ပြန်ခဲ့ရပြီဖြစ်သည် ။
    ———————————————————-

    အထက်ပါအကြောင်းအရာများသည် EBOLA (အီဗိုလာဗိုင်းရပ်) အကြောင်း နှင့်လက်ရှိ နိုင်ငံတကာ အဖြေအနေဖြစ်ပြီး မြန်မာနိုင်ငံသားများအား သတိ ၊ အသိ ၊ ဗဟုသုတ ရစေရန် သတင်းဌာနများ ၊ ကျမ်းမာရေးဆိုင်ရာအင်တာနက်စာမျက်နှာများ နှင့် ဆရာဝန်မိတ်ဆွေများ၏ အကူအညီရယူကာ မလေးရှားရောက်မြန်မာများ သိရှိရန် ဘာသာပြန်တင်ဆက်ပေးခြင်းဖြစ်သည် ။
    ဤဆောင်းပါးအားမည်သူမဆို ကူးယူနိုင်သလို မသိရှိသေးသည့် နီးစပ်ရာ သူငယ်ချင်း ၊ မိတ်ဆွေ အားလုံးသို့ ဆက်လက် လက်ဆင့်ကမ်း (SHARE) ကြရန် မလေးရှားရောက်မြန်မာများ facebook စာမျက်နှာမှ အထူး တိုက်တွန်းသည် ။
    ဆက်လက် ထူးခြားမှုများရှိပါက တင်ဆက်မည် မလေးရှားရောက်မြန်မာများ facebook
    http://www.facebook.com/mmrinmy
    Sources : WHO , AFP , BBC , CNN , THESTAR , VOA
    Picture : အီဗိုလာဗိုင်းရပ် ၊ ဖြစ်ပွာနေသော ဒေသ ၊ ရောဂါဖြစ်ပွားနေသူများ။

    ————————

    ” EBOLA (သို့) သေမင်းဗိုင်းရပ် “
    Posted by ခင် ခ on Aug 1, 2014
    http://myanmargazette.net/201841

  • nicolus agral

    August 11, 2014 at 5:06 pm

    လူအချင်းချင်းကူးစက်မှု ရှိ
    လူအချင်းချင်းကူးစက်ပုံ ကူးစက်ခံထားရပြီး ရောဂါစပြနေသူ၏
    သွားရည်၊ ချွေး၊ သွေး၊အန်ဖတ်ရည် အစရှိသဖြင့်
    ကိုယ်မှထွက်သောအရည်အားလုံး
    ကျန်းမာနေသောသူမှကူးစက်နိုင်စွမ်း ရောဂါပိုးရှိသော်လည်း ရောဂါလက်ခဏာမပြခင်
    ကူးစက်နိုင်စွမ်း မရှိသေးဟု ယူဆရ
    သေဆုံးပြီးသောသူမှကူးစက်နိုင်စွမ်း ရှိ
    လေထဲမှတဆင့် ကူးစက်နိုင်စွမ်း မရှိ
    ရေထဲမှတဆင့် ကူးစက်နိုင်စွမ်း သံသယရှိ
    ကာကွယ်ဆေး မရှိ
    ကုသနိုင်စွမ်း စမ်းသပ်ဆဲ ။ လမ်းစရှိ ။
    အလုံအလောက်ထုတ်လုပ်နိုင်စွမ်း မရှိသေး
    ကူးစက်မှုနှုန်း မြန်
    ကူးစက်မှုကို ထိမ်းချုပ်နိုင်စွမ်း မရှိ

    မြန်မာနိုင်ငံသို့ ကူးစက်မှု မရှိသေး
    မြန်မာ၏အိမ်နီးချင်းနိုင်ငံသို့ ကူးစက်မှု မရှိသေး
    မြန်မာနိုင်ငံ၏ ဝင်ပေါက်များတွင်စစ်ဆေးမှု ရှိ (စစ်းဆေးသိရှိနိုင်စွမ်း အားနည်း)
    မြန်မာနိုင်ငံကျန်းမာရေးဌာနမှ တပ်လှန့်မှု ရှိ (not red alert)
    မြန်မာနိုင်ငံကျန်းမာရေးဌာနမှ ပြင်ဆင်ထားမှု ရှိ (အသေးစိတ်အချက်အလက်မသိရသေး)

  • nicolus agral

    August 11, 2014 at 5:22 pm

    7 daydaily

    ရိုမေးနီးယား နိုင်ငံမှ ကျန်းမာရေး အာဏာပိုင်များသည် အီဘိုလာရောဂါ ကူးစက်ခံရသည်ဟု သံသယရှိသူ တစ်ဦး၏ မိသားစုဝင်များကို သီးခြားခွဲထုတ်ပြီး ကြပ်မတ်စောင့်ကြည့်နေကြောင်း သတင်းရရှိသည်။

    ပရာဟိုဗာ ပြည်နယ်ရှိ၊ ပလွိုင်စတီမြို့ နေအိမ်တွင် မိသားစုဝင်အားလုံးကို ခွဲခြားထားပြီး အဆိုပါ နေရာကို ရောဂါထိန်းချုပ်ရေးဇုန်အဖြစ် သတ်မှတ်ထားကြောင်း ကျန်းမာရေးဝန်ကြီး နစ်ကိုလိုင် ဘာနီကွိုင်အီက ပြောကြားခဲ့သည်။ အာဖရိကမှ ပြန်လာပြီး နာမကျန်း ဖြစ်ခဲ့သည့် အမျိုးသား တစ်ဦးသည် အီဘိုလာ ရောဂါ၏ လက္ခဏာများ ပြသနေသည့်နောက် ဆေးရုံတင်ထားပြီး ၎င်း၏ မိသားစုကိုမူ ရောဂါကူးစက်မှု စောင့်ကြည့်ဇုန် ဧရိယာတွင် သီးခြား ထားရှိခြင်း ဖြစ်သည်။

    လက်ရှိ နာမကျန်းဖြစ်နေသည့် အမျိုးသားသည် နိုက်ဂျီးရီးယားသို့ စီးပွားရေးကိစ္စဖြင့် ခရီးသွားခဲ့ပြီး ဇူလိုင်(၂၅)ရက်က ရိုမေးနီးယားသို့ ပြန်ရောက်လာခြင်း ဖြစ်သည်။ ပြီးခဲ့သည့် သီတင်းပတ်မှ စတင်ကာ နိုက်ဂျီးရီးယားတွင် အီဘိုလာ ကူးစက်မှု အရှိန်အဟုန် တစ်စထက်တစ်စ မြင့်တက်လာနေသည်။ အမျိုးသား၏ ဇနီးနှင့် ကလေးတို့တွင်မူ ကျန်းမာရေး ဖောက်ပြန်မှု တစ်စုံတစ်ရာ မရှိသေးကြောင်းလည်း သိရသည်။

    “အခုလောလောဆယ်တော့ ရိုမေးနီးယားမှာ အီဘိုလာ ကူးစက်လာပြီလို့ အတည်ပြုနိုင်စရာ မရှိသေးပါဘူး”ဟု ဝန်ကြီး ဘာနီကွိုင်အီက ဆိုသည်။ ၎င်းက အမျိုးသားထံမှ သွေးနမူနာကို ရယူပြီး ဂျာမနီသို့ ပို့ဆောင်ကာ အီဘိုလာ ကူးစက်ခြင်း ဟုတ်မဟုတ် စစ်ဆေးမှု ခံယူထားကြောင်းလည်း ပြောကြားခဲ့သည်။ အသက်(၅၁)နှစ်ရှိ အမျိုးသားသည် အာဖရိကမှ ပြန်ရောက်လာပြီးနောက် အဖျားတက်ခြင်း၊ ပျို့အန်ခြင်း၊ မအီမသာဖြစ်ခြင်း၊ သွေးဝမ်းသွားခြင်း အစရှိသည့် အခြေအနေများ ဖြစ်ပေါ်လာသည့်နောက် ပလွိုင်စတီရှိ အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှု ယူနစ်သို့ ပို့ဆောင်ခဲ့ရသည်။

    “လူနာကို ဆေးဘက်ဆိုင်ရာ အသေးစိတ် စစ်ဆေးမှုတွေ ပြုလုပ်သွားပါမယ်”ဟု ဆေးရုံမှ ပါမောက္ခ အက်ဒရီယန် စထရိုင်နူ ကာဆဲလ်က ဆိုသည်။ ၎င်းနှင့် သက်ဆိုင်သော ဆေးစစ်ရလဒ်များ ထွက်ပေါ်ရန် ဂျာမနီမှ ကျွမ်းကျင်သူများ အနေဖြင့် (၃)ရက်မှ (၇)ရက်မျှထိ အချိန်ယူရမည်ဟုလည်း သိရှိရသည်။

  • kai

    August 12, 2014 at 1:07 pm

    လူနာသုည(ပထမဆုံးစဖြစ်သူ) က… အသက်၂နှစ်အရွယ် ယောက်ျားလေးတဲ့..။

    Ebola Virus Patient Zero Identified as a Two-Year-Old Boy
    guardianlv.com/…/ebola-virus-patient-zero-identified-as-a-two-year-old-…
    2 days ago – Researchers working on tracing the Ebola virus back to patient zero think that they have identified him, a two-year-old boy who died on …

  • nicolus agral

    August 12, 2014 at 3:32 pm

    7 day daily

    အမေရိကန် ကုမ္ပဏီ တစ်ခုသည် အီဘိုလာရောဂါကို ကုသနိုင်ရန် ရည်ရွယ်ထုတ်လုပ်နေသည့် စမ်းသပ်ဆဲအဆင့် ဆေးဝါးကို အနောက်အာဖရိက နိုင်ငံတစ်ခုသို့ ပေးပို့ခဲ့ကြောင်း သတင်းရရှိသည်။

    ဩဂုတ် (၁၂)ရက်တွင် လက်ရှိထုတ်လုပ်ပြီးသမျှ ZMapp ဆေးဝါးအားလုံးကို တင်ပို့ခဲ့ကြောင်း Mapp Bio ကုမ္ပဏီက ကြေညာသည်။ ZMapp သည် အာဖရိက အနောက်ပိုင်း ဒေသတွင် ဆိုးဆိုးရွားရွား ကူးစက်နေသည့် အီဘိုလာ ရောဂါကို ကုသရန် စမ်းသပ်ထုတ်လုပ်ထားသည့် ဆေးဝါး ဖြစ်သည်။ ဆီအာရာလီယွန်၊ လိုက်ဘေးရီးယား၊ ဂီနီရာနှင့် နိုက်ဂျီးရီးယားတို့တွင် အီဘိုလာရောဂါ အဓိက ကူးစက်နေပြီး အနည်းဆုံး လူ(၉၆၁)ဦး သေဆုံးခဲ့ပြီး ဖြစ်သည်။

    “အနောက်အာဖရိက နိုင်ငံတစ်ခုဆီက ပန်ကြားမှုကို တုံ့ပြန်တဲ့ အနေနဲ့ ရှိသမျှ ZMapp ဆေးဝါး အားလုံးကို တင်ပို့ခဲ့ပါတယ်”ဟု Mapp Bio ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ ထို့အပြင် “စမ်းသပ်ဆဲအဆင့် ဆေးဝါးဖြစ်တာကြောင့် ZMapp ကို သုံးသင့်၊ မသုံးသင့် ဆိုတာကို သက်ဆိုင်ရာ လူနာတွေကို ကုသနေတဲ့ ဆရာဝန်တွေကသာ ဆုံးဖြတ်ပါမယ်”ဟုလည်း ထည့်သွင်း ကြေညာထားသည်။

    အမေရိကန်နှင့် ကနေဒါမှ သုတေသီများသည် ဆေးရွက်ကြီးကို အခြေပြုသည့် ဆေးဝါးတစ်မျိုးကို ဖန်တီးခဲ့သော်လည်း အရေအတွက် အများအပြား ထုတ်လုပ်ရန် အခက်အခဲများစွာ ကြုံနေရသည်။ Mapp Bio က ZMapp ဆေးဝါးများ တင်ပို့လိုက်သည့် နိုင်ငံ၏ အမည်နှင့် ဆေးဝါးအရေအတွက်ကို ကြေညာခြင်း မရှိချေ။ CNN သတင်းဌာနကမူ စမ်းသပ်ဆဲ ဆေးဝါးများ လက်ခံရရှိသည့် နိုင်ငံမှာ လိုက်ဘေးရီးယား ဖြစ်နိုင်ကြောင်း ဖော်ပြခဲ့သည်။

    လတ်တလောတွင် အာဖရိက၌ ရောဂါကူးစက် ခံလာရသည့် အမေရိကန် ကျန်းမာရေးဝန်ထမ်း နှစ်ဦးနှင့် စပိန်မှ သာသနာပြု ပုဂ္ဂိုလ်တစ်ဦးတို့ကို ယင်းဆေးဝါး ထိုးသွင်းပေးထားပြီး ဖြစ်သည်။ လူနာများတွင် စမ်းသပ်ဆဲ ဆေးဝါးများ အသုံးပြုခြင်းသည် ကျင့်ဝတ်ပိုင်းအရ မေးခွန်းထုတ်စရာများ ရှိနေသော်လည်း အီဘိုလာ၏ ခြိမ်းခြောက်မှု မြင့်တက်လာခြင်းကြောင့် ZMapp ကို အားကိုးနေရခြင်း ဖြစ်သည်။ ကမာ္ဘ့ကျန်းမာရေး အဖွဲ့ကြီးသည် ယင်းအခြေအနေနှင့် ပတ်သက်ပြီး ဩဂုတ်(၁၁)ရက်နေ့က အစည်းအဝေးတစ်ရပ် ပြုလုပ်ဆွေးနွေးခဲ့သည်။

    လက်ရှိအခြေအနေများအရ ကမာ္ဘပေါ်တွင် အီဘိုလာရောဂါကို ကုသနိုင်သော၊ သို့မဟုတ် ကာကွယ်နိုင်သော တရားဝင်ဆေးဝါး မရှိသေးချေ။

    _Ref: Channelnewsasia

    • kai

      August 12, 2014 at 4:27 pm

      လက်ရှိတွင် အမေရိကန်နှင့် အမေရိကားကို မသဲကွဲသူ၏ ဘာသာပြန်ကို ဖတ်ရန်မသင့်ပေ..
      အဟမ်း..
      နောက်ပြီးတကယ်ပြောတာ..။ :k:

Leave a Reply