ကောက်ညှင်းဝက်သားလုံးပေါင်း easy cook

weiweiAugust 11, 20141min26922

ဇီဇီရဲ့ စတစ်ကီရိုက်တွေကို တွေ့ပြီး သတိရမိတာလေးတစ်ခု စမ်းလုပ်ကြည့်တာပါ။ စိနတိုင်းမှာနေခဲ့စဉ်တုန်းက စားခဲ့ဖူးတာလေးကို ပြန်အောက်မေ့ပြီး တီထွင်ထားတဲ့ menu တစ်ခုဖြစ်ပါတယ်။ ရိုးရှင်းလွယ်ကူပြီး စားလို့ကောင်းတဲ့အတွက် တင်ပြလိုက်ပါတယ်။

ပါဝင်သောပစ္စည်းများ
ကောက်ညှင်း … ဆန်ချိန်ခွက် ၁ ခွက်
ဝက်သားကြိတ်ပြီးသား …. ၃၀ဝ ဂရမ် (၂ဝ ကျပ်သားခန့်)
ဆား .. အနဲငယ်
သကြား … တစ်ဇွန်း
ပဲငံပြာရည် .. အကြည်/အနောက်
ဂျုံမှုန့် …. ၂ စွန်း
ကြက်သွန်မြိတ် … ၂ ပင်ခန့်
နှမ်းဆီ .. လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ငရုတ်ကောင်းမှုန့် .. အနဲငယ်
ကြက်ဥ (သို့) ဘဲဥ … တစ်လုံး

ပြုလုပ်ပုံအဆင့်ဆင့်
ကောက်ညှင်းဆန်ကို ရေဆေးပြီး တစ်ညရေစိမ်ထားပါမယ်။
ဝက်သားလုံးအတွက် ပါဝင်ပစ္စည်းအားလုံးကို ရောနယ်ပါမယ်။ အပေါ့အငံနဲ့ အရသာကို အဆင်ပြေသလို ညှိပြီးထည့်နိုင်ပါတယ်။ ပြီးရင် ဝက်သားအလုံးလေးတွေလုံးပြီး ကောက်ညှင်းနဲ့ကပ်ရပါမယ်။ များများကပ်နိုင်ရင် ပိုလှမှာပါ။ ကျွန်မကတော့ ပထမဆုံးအကြိမ်လုပ်တာမို့လို့ သိပ်မလှဘူးဖြစ်သွားတယ်။ ပေါင်းအိုးထဲထည့်ပြီး နာရီဝက်ခန့်ပေါင်းလိုက်ရင် ရပါပြီ။

ဒါက အဆင်သင့် အနေအထား
ဒါက အဆင်သင့် အနေအထား
အသားနဲ့ ကောက်ညှင်းကို ဒီလိုပဲ ကပ်လိုက်ပြီး ပေါင်းမယ်
အသားနဲ့ ကောက်ညှင်းကို ဒီလိုပဲ ကပ်လိုက်ပြီး ပေါင်းမယ်
ကျက်ပါပြီ ..
ကျက်ပါပြီ ..
သုံးဆောင်နိုင်ပါပြီ
သုံးဆောင်နိုင်ပါပြီ

22 comments

  • kyeemite

    August 11, 2014 at 1:44 pm

    ပုံကြည့်ရတာစားချင်စရာလေးပဲ…ကောင်းမဲ့ပုံ

  • ဇီဇီ ခင်ဇော်

    August 11, 2014 at 1:55 pm

    ဟမ်မငေးးးး
    စားချင်စရာကြီး ပါလားးးးး
    ကောက်ညှင်း ရယ် ဝက်သားရယ် ကိုယ့် အကြိုက်ကြီးပဲ။
    :chit:

    ပဂိုးဒါးးး
    မြင်ရင် မြင်တယ်လို့မှတ်။
    အစားရှောင် ကာလမို့။ ဂစ်ဂစ်
    :a:

    • weiwei

      August 11, 2014 at 2:08 pm

      ဒါက ဇီဇီအတွက် ရည်ရွယ်ပြီး တကူးတက ချက်ပြပြီး တင်ပေးထားတာနော် ..

      ဝက်သားကောက်ညှင်းထုတ်လုပ်ဖို့ အခုထိ ဝါးရွက်မဝယ်ရသေးတာနဲ့ ဝက်သားနဲ့ကောက်ညှင်းပါတဲ့ ဒီဇိုင်းဆန်းလေးနဲ့ အရင်လုပ်ပေးလိုက်တာ ..

      • ဇီဇီ ခင်ဇော်

        August 11, 2014 at 2:13 pm

        ဟမ်မငေးးး
        ချစ်လိုက်တာ။
        :s:
        အာ့ဆို ဒီ ပိတ်ရက်လုပ်စားလိုက်တော့မယ်။
        မွေးမေလေ့ ရေ။
        သများကို ဝအောင်လုပ်နေတာ ဒီ စားဖိုမှူးတွေပါတော့။
        :mrgreen:

        ဟိဟိ။
        ကိုယ်တိုင်က သိပ်မစားချင်ရှာဝူးးး :mrgreenn:

  • ခင် ခ

    August 11, 2014 at 1:56 pm

    ဒီလိုပုံစံကတော့ မစားဘူးသေးဘူးဗျ၊ ဝက်သားကောင်းညှင်းထုပ်ဘဲ စားဖူးတာ။ ဒီလိုကတော့ အသားပိုမယ်ထင်တယ်နော်။

    • weiwei

      August 11, 2014 at 2:06 pm

      ဒီလိုပုံစံမျိုး တရုတ်ပြည်မှာပဲ တွေ့ဖူးပါတယ်။ တစ်မျိုးထဲကို အများကြီး အဝစားတာမျိုးတော့ မဟုတ်ဘူး။ မနက်စာ ဒင်းမ်စမ်း စားသလိုမျိုးဖြစ်လို့ အသားများပေမယ့် အများကြီး မစားဖြစ်တဲ့ အစားအစာတစ်မျိုးပါ။

  • Crystalline

    August 11, 2014 at 3:23 pm

    အိမ်ဘေးက ရှမ်းတရုတ်တွေကတော့ သာကူစေ့တွေထဲ ထာပနာထည့်ပြီးပေါင်းထားတာပဲ ကျွေးဖူးတယ်.. မဝေနည်းနဲ့လုပ်လည်း ရမရတော့မသိဘူး.. သူ့ဟာကတော့ မုန့်လုံးကြီးလိုမျိုး သာကူစေ့တွေအများကြီးဖြစ်နေတာ..

    • weiwei

      August 11, 2014 at 3:38 pm

      သာကူစေ့တွေနဲ့ လုပ်တဲ့နည်း နွေးသီး တစ်ခါ တင်ဖူးတယ် …
      သူ့နည်းအတိုင်း လို်က်လုပ်ကြည့်ဖူးတယ် .. ဒါပေမယ့် ပုံပျက်သွားတယ် .. သာကူစေ့တွေက ကိုင်တွယ်ရခက်တယ် ..

      • pooch

        August 11, 2014 at 7:05 pm

        သာကူ​စေ့ကို ​ရေကြာစိမ်​ပြီး မုန်​့လုံးလုံးသလိုလုံးြပြီး အစာသွပ်​ရင်​ ကိုင်​ရမခက်​ဖူး မ​ဝေ
        ​နောက်​နှစ်​အခါတွင်​း အိမ်​လာလည်​ပါ့လား
        တမျိုးြပြီးတမျိုးလုပ်​စားြပြီး
        ပို်​့စ်​တင်​ရ​အောင်​
        မ​ဝေနည်​းက လုံးဝအီးဇီးကွတ်​
        ဝက်​သားလုုံး​လေး​တွေကစားချင်​စရာ :mrgreen:

        • weiwei

          August 12, 2014 at 9:41 am

          အဖေ့ကို ဝိတိုရီယတောင်သွားဖို့ ပြောထားတယ် ..
          လာမယ့် သင်္ကြန်ပိတ်ရက်လောက် သွားဖြစ်မယ်ထင်တယ် ..

          မယ်ပုရဲ့ ကိတ်မုန့်လက်ရာတွေ သိချင်သေးတယ် … ကိတ်မုန့်လှလှလေးတွေ လုပ်ချင်တယ် .. အမကတော့ အီးဇီးလောက်ပဲ လုပ်တတ်တာ ..

  • အလင်းဆက်

    August 11, 2014 at 3:44 pm

    စားချင်စရာလေးဗျာ… ။
    ကျနော့်ဘဝကတော့… မြင်သာမြင်ရ… မစားရတဲ့ ဘဝလေးပါ… ။

    စိတ်ရှည်လက်ရှည်.. လုပ် ပေးမယ့်သူမရှိလို ့… ။

    ဖွေးဖွေးရယ်….
    သတိရလိုက်တာ..

    :mrgreen:

    • TNA

      August 11, 2014 at 3:46 pm

      ဖွေးဖွေးဆိုနင်လုပ်ကျွေးရမှာပေါ့။ သူကလုပ်ကျွေးပါ့မလားဟယ်။ စင်းစင်းစားစားပြောဘာ

      • အလင်းဆက်

        August 11, 2014 at 3:53 pm

        ဟုတ်ဖူးလေ…
        သားတော်လေးက… သူ ့ကို လုပ်ကျွေးမယ်လေ…
        သူက..သားတော်လေးကို.. အာ့မျိုး.စားကောင်းသောက်ဖွယ်လေးတွေ… ပြန်လုပ်ကျွေးပေါ့.. ။

        ပြန်…လုပ် မကျွေးလို ့ကတော့..ဒေါ်ဖွားမေနဲ ့.. နောက်မီး လင်းထည့်လိုက်မှာ..
        ဘာမှတ်တုန်း…

        ဂွစ် ဂွစ်

        :mrgreen:

  • TNA

    August 11, 2014 at 3:45 pm

    သာကူစေ့တော့လုပ်ဖူးတယ်။ စားကောင်းတယ်။ ဒါပေမဲ့ ကောက်ညှင်းပိုကြိုက်လို့ဒါပိုကောင်းမယ်ထင်တယ်။ လုပ်စားကြည့်အုံးမယ် :sar:

  • hmee

    August 11, 2014 at 3:47 pm

    ကူးသွားပါသည်​။ အနဲငယ်​မဟုတ်​ပါ။ အနည်​းငယ်​ပါ။ အန်​တီမမ ကိုယ်​စား​ 🙂

    • weiwei

      August 11, 2014 at 4:07 pm

      ကျေးဇူးပါ မှီရေ .. အသံထွက်တဲ့အတိုင်း ရေးမိသွားတယ် ..

  • lu lu

    August 11, 2014 at 8:44 pm

    အိုးးးးး
    တကယ်ရိုးရှင်းပြီး အရသာရှိတယ်ဆိုတော့
    တခါလောက်တော့ စမ်းကြည့်ပါဦးမယ် ပုံထဲမှာမြင်နေရတာနဲ ့တင်
    စားချင်စိတ်တွေပေါက်နေပြီ အစ်မဝေ ရယ်
    မျှဝေမှုအတွက်ကျေးဇူးပါ နော်
    :mrgreen:

  • မြစာကလေး

    August 12, 2014 at 11:42 pm

    ဝေ
    လုပ်စားဖို့ ရပြန်ပြီ။
    အိမ်ပြောင်းပြီး ပေါင်းအိုး အတွက် ခံ တဲ့ ဇကာ ပျောက်နေတာ ပြန်မရှာနိုင်သေး။
    အမြန်ရှာပြီး ကျောက်စ် ရဲ့ ပေါက်စ် နဲ့ ဝေ့ ရဲ့ ကောက်စ် ကို ပေါင်း လုပ်ကြည့်မယ်။
    :-))

    • weiwei

      August 13, 2014 at 8:47 am

      ကျောက်ရဲ့ပေါက်စ်က မွှေစက်မရှိရင် အတော်ပင်ပန်းတယ် အရီးရေ .. (ကိုယ်တွေ့)
      ကျွန်မရဲ့ ကောက်စ်က လွယ်တယ် .. ကောက်ညှင်းဆန်များများကပ်အောင် ကြက်သားလုံးပြီးတဲ့အခါ ကြက်ဥခေါက်ထားတဲ့အရည်နဲ့အရင်စိမ်ပြီးမှ ကောက်ညှင်းကပ်ရင် ပိုပြီးကောင်းမယ်ထင်ပါတယ် … အခုလုပ်ထားတာက ပထမဆုံးအကြိမ်ဖြစ်နေလို့ ကောက်ညှင်းနည်းသွားတယ် ..

  • Kaung Kin Pyar

    August 13, 2014 at 11:33 am

    ဖဘမှာ တွေ့ကတည်းက ဒါလေး ဘယ်လိုများ လုပ်ရလဲမေးချင်နေတာ..မဝေရေ…။ ခုတော့ ဆုတောင်းပြည့်သွားတယ်..။ အိမ်မှာပိတ်ရက်လေး ဒါမျိုးလုပ်စားဖို့ ကြိုးစားကြည့်ဦးမယ်…

Leave a Reply