” သြော် ငါလည်း  လှုပ်ရှားမိပါ၏ “

 

ကောင်းကင်ကို မော့ကြည့်လိုက်တော့ တိမ်တိုက်တွေက လှုပ်ရှားကာရွှေ့နေကြတယ်။

လူတွေကိုကြည့်လိုက်တော့လည်း ဟိုဟိုဒီဒီ သွားလာလှုပ်ရှား နေကြတယ်။

လမ်းပေါ်မှာလည်း ကားမျိုးစုံကလည်း အမောင်းနင်လို့ လှုပ်ရှားသွားနေကြရော။

လက်မှပတ်ထားတဲ့ နာရီကိုငုံကြည့်မိတော့ နာရီစက္ကန့်တံကလည်း ရွှေ့လျားကာလှုပ်ရှားနေစဲ

အဲဒီအချိန် ခွေးသုံးကောင် ကျုပ်ရှေ့နောက်ကနေ အပြေးလေးဖြတ်ကာ လှုပ်ရှားသွားလေရဲ့

တဖက်လမ်းက သစ်ပင်ကိုလှမ်းကြည့်မိတော့ လေအတိုးမှာ သစ်ရွက်ကလေးတွေဟာ လှုပ်ရှားနေပေါ့

ထိုသစ်ပင်က ဌက်တစ်သိုက်ကလည်း စတင်လှုပ်ရှား ကောင်းကင်ကိုပြန်တက်သွားတယ်

ဒီကမ္ဘာကြီးကလည်း နေကို ရက်ပေါင်းသုံးရာခြောက်ဆယ့်ငါးရက် တစ်ပတ်အဖြစ်ပတ်ကာ အမြဲလှုပ်ရှား နေတယ်တဲ့

ကိုယ့် ကို ပြန် တွေး မိ တယ် ငါ ဘာ လို့ ရပ် နေ တာ လဲ ???????????????????

ခဏအကြာမှာ ကျုပ်စီးရမယ့် ဘတ်စ်ကားမှတ်တိုင်ဝင်လာလို့ ထိုကားပေါ်တက်ဖို့ ကျုပ်ခြေထောက်တွေ စတင်လှုပ်ရှား ပြေးသွားမိတယ် ” သြော် ငါလည်း လှုပ်ရှားမိပါ၏ “

အဲဒီအချိန် ဘတ်စ်ကားမှတ်တိုင်နောက်က လဖက်ရည်ဆိုင်မှ ပျံလွင့်လာတဲ့ သီချင်းလေးကဖြင့်

xxxxxx ထိုင်နေလို့တော့ ဘာမှမဖြစ်လာဘူး XXXXXxxx ထိုင်နေလို့တော့ ဘာမှမဖြစ်လာဘူး XXXxxx ထိုင်နေလို့တော့ ဘာမှမဖြစ်လာဘူး XXXXXXX

 

ခင်ခ။

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..