” ဪ ငါလည်း လှုပ်ရှားမိပါ၏ “

ခင္ခAugust 12, 20141min9414

” ဪ ငါလည်း  လှုပ်ရှားမိပါ၏ “

 

ကောင်းကင်ကို မော့ကြည့်လိုက်တော့ တိမ်တိုက်တွေက လှုပ်ရှားကာရွှေ့နေကြတယ်။

လူတွေကိုကြည့်လိုက်တော့လည်း ဟိုဟိုဒီဒီ သွားလာလှုပ်ရှား နေကြတယ်။

လမ်းပေါ်မှာလည်း ကားမျိုးစုံကလည်း အမောင်းနင်လို့ လှုပ်ရှားသွားနေကြရော။

လက်မှပတ်ထားတဲ့ နာရီကိုငုံကြည့်မိတော့ နာရီစက္ကန့်တံကလည်း ရွှေ့လျားကာလှုပ်ရှားနေစဲ

အဲဒီအချိန် ခွေးသုံးကောင် ကျုပ်ရှေ့နောက်ကနေ အပြေးလေးဖြတ်ကာ လှုပ်ရှားသွားလေရဲ့

တဖက်လမ်းက သစ်ပင်ကိုလှမ်းကြည့်မိတော့ လေအတိုးမှာ သစ်ရွက်ကလေးတွေဟာ လှုပ်ရှားနေပေါ့

ထိုသစ်ပင်က ဌက်တစ်သိုက်ကလည်း စတင်လှုပ်ရှား ကောင်းကင်ကိုပြန်တက်သွားတယ်

ဒီကမ္ဘာကြီးကလည်း နေကို ရက်ပေါင်းသုံးရာခြောက်ဆယ့်ငါးရက် တစ်ပတ်အဖြစ်ပတ်ကာ အမြဲလှုပ်ရှား နေတယ်တဲ့

ကိုယ့် ကို ပြန် တွေး မိ တယ် ငါ ဘာ လို့ ရပ် နေ တာ လဲ ???????????????????

ခဏအကြာမှာ ကျုပ်စီးရမယ့် ဘတ်စ်ကားမှတ်တိုင်ဝင်လာလို့ ထိုကားပေါ်တက်ဖို့ ကျုပ်ခြေထောက်တွေ စတင်လှုပ်ရှား ပြေးသွားမိတယ် ” ဪ ငါလည်း လှုပ်ရှားမိပါ၏ “

အဲဒီအချိန် ဘတ်စ်ကားမှတ်တိုင်နောက်က လဖက်ရည်ဆိုင်မှ ပျံလွင့်လာတဲ့ သီချင်းလေးကဖြင့်

xxxxxx ထိုင်နေလို့တော့ ဘာမှမဖြစ်လာဘူး XXXXXxxx ထိုင်နေလို့တော့ ဘာမှမဖြစ်လာဘူး XXXxxx ထိုင်နေလို့တော့ ဘာမှမဖြစ်လာဘူး XXXXXXX

 

ခင်ခ။

14 comments

  • ဇီဇီ ခင်ဇော်

    August 12, 2014 at 11:23 am

    ထိုင်နေရင်း အလုပ်ဖြစ်တာ ဗေဒင်ဆြာတွေပဲ ရှိတယ်။
    ခိခိ။

    :mrgreenn:

    • ခင် ခ

      August 12, 2014 at 1:36 pm

      ပါးစပ်လေးတော့ လှုပ်ရလိမ့်မယ် ထင်တယ်၊ ဝစီပိတ်ဗေဒင်ဆရာကလွဲလို့ပေါ့

  • Yae Myae Tha Ninn

    August 12, 2014 at 1:22 pm

    ပွဲစားအကြီးစားတွေလဲ ပါတယ်.. ထိုင်ပြီး ပိုက်ဆံယူရုံပဲ…
    နောက်တယောက် မီးပွိုင့်က ပုလိပ်… ကားသမားတွေ ပိုက်ဆံလေးတွေ ပစ်ပေးသွားတယ်… ကောက်ခိုင်းထားတဲ့ ကလေးလဲ ရှိတယ်… ဟီး… ဝင်ရောက်အားပေးသွားပါတယ်… 🙂

    • ခင် ခ

      August 12, 2014 at 1:31 pm

      သူတို့တွေ အိမ်ကတော့ လုပ်ငန်းခွင်ဆီကို ထွက်လာရတာဘဲလေဗျာ
      အိမ်မှာထိုင်နေရင်တော့ဖြင့်……………….

  • Mr. MarGa

    August 12, 2014 at 1:54 pm

    programmer တွေ developer တွေ ကျန်ပါသေးတယ်ဗျ…. (အိမ်မှာလည်းထိုင်လုပ်ကြတယ်) :mrgreenn:

    • ခင် ခ

      August 12, 2014 at 2:00 pm

      အိမ်မှာနေသော်လည်း ဉာဏ်ပညာ ဦးနှောက်တွေ မစဉ်းစား မလှုပ်ရှားဘဲနဲ့တော့ program တွေ ဖြစ်လာလောက်ပါဘူးလေ

  • ထိုင်နေလို့ ဘာမှ ဖြစ ်မလာ ပေ မယ့် ထိုင်နေ အကောင်း သား ထ မသွား မှ ဘာဖြစ်ညာဖြစ်တို့

    အသွားမတော် တစ် လှမ်း တို့ ကို မေ့ ထားလ ို့ မရ

    • ခင် ခ

      August 12, 2014 at 3:25 pm

      အင်း အဲလို တွေးပူတတ်ရင်တော့လည်း တစ်မျိုးပေါ့လေ ကိုပေါက်ရေ။

  • အလင်းဆက်

    August 12, 2014 at 4:16 pm

    ဒါပေမယ့်….
    ထိုင်နေရင်းနဲ ့…ဒီပိုစ့်….ဖတ်လိုက်တာ…
    အတွေးစတွေ.. ရလိုက်တယ်.. ။

    :mrgreen:

    • ခင် ခ

      August 12, 2014 at 4:56 pm

      အတွေးတစ်စသည် စာအုပ်တစ်အုပ်မက ဖြစ်သွားနိုင်သလို အကြံကောင်းရင် ကမ္ဘာပတ်လောက်အောင် မီလျှံနာကြီး ဖြစ်တယ်လို့ ဆိုကြသမို့ ကိုအလင်းဆက်ရေ အတွေးကိုဖြန့်ကျက်လိုက်ဗျာ။

  • lu lu

    August 13, 2014 at 7:42 am

    လှုပ်လှုပ်ရှားရှားနဲ ့ပဲဝင်ဖတ်သွားပါတယ်
    တခြားနေရာသွားလှုပ်ရှားလိုက်ဦးမယ်
    :mrgreen:

  • Kaung Kin Pyar

    August 13, 2014 at 12:03 pm

    မိုးအေးအေးမနက် အလုပ်မသွားချင်တိုင်း အတွေးတစ်ခု ဝင်မိတာ သူငယ်ချင်းတစ်ယောက်ကိုပြောမိတယ်..
    မိဘပိုင်မဟုတ်ဘဲ ငါပိုင်တဲ့အိမ်တစ်လုံး အမြန်ဆုံးလိုချင်တယ် လို့…။
    အိမ်နဲ့ ကွိုင်တက်သလား၊ အိမ်ပေါ်က ဆင်းမလို့လားတဲ့..။ အပြင်ငှားနေချင်ရင် ငါ့တိုက်ခန်းပြန်ငှားမတဲ့…(အဲ့လို အချွန်နဲ့ မ ပြီးကူညီချင်သူ အဆင်သင့်)
    အမှန်က အိမ်ပေါ်က ဆင်းစရာမလိုသေးဘူးရယ်..(အမေနဲ့အဖေက ခုတောင်ကြီးမှာမို့..)
    အိမ်ငှားစားပြီး..ဘာမှ မလုပ်ဘဲ ထိုင်စားချင်လို့ဟေ့…လို့ ပြန်ပြောခဲ့တယ်..။
    ထိုင်တော့ ထိုင်နေချင်တယ်….။ (ကြာရင်တော့ ပျင်းမယ်ထင့်…:) )

  • manawphyulay

    August 13, 2014 at 12:49 pm

    ထိုင်မနေနဲ့ဦး။ မိုးအရမ်းရွာပြီး ထိုင်နေတဲ့အပေါ်က သစ်ကိုင်းကျိုးကျလာဦးမယ်….
    နေမကောင်းနေပေမယ့် လှုပ်ရှားနေရတယ် ဝမ်းစာရေးအတွက်ပေါ့….

  • ခင် ခ

    August 13, 2014 at 1:18 pm

    ဤပိုစ့်သည် လှုပ်ရှားမှုကို ဇောင်းပေးထားသောကြောင့် လှုပ်ရှားကြကုန်သော
    မနှောဖြူ ၊ ကောင်းကင်ပြာ ၊ လုလု ထို(၃)ယောက် တို့အား စာရေးသူမှမှတ်တမ်းတင်ထားပါတယ်ဗျ။

Leave a Reply