( Super moon ညမှာ မင်း နဲ့ ငါ )

( Super moon ညမုာ မင်း နဲ့ ငါ )

ဩဂုတ်လ ၁ဝ ရက် ဝါခေါင်လပြည့်နေ့ ၊ တစ်နေ့လုံး ရုံးကလူတွေနဲ့ သန်လျင်ဘက်က သီလရှင်စာသင်တိုက်တစ်ခုဆီ အလှူကိစ္စနဲ့သွားခဲ့ရလို့ ပင်ပန်းချင်နေတာမို့ ကုတင်ပေါ်လှဲနေရင်း ကလာနေတဲ့ ဇာတ်ကားကိုကြည့်ရင်း နားနေမိတယ် ၊ ဆိုင်မှာထိုင်နေကျ ဘော်ဒါတွေကတောင် ဘာလဲ Super moon နေ့ ရေကြီးမယ်ဆိုလို့ စောစောတက်ပြေးတာလားလို့ နောက်ကြသေးတယ် ၊ ဟုတ်ပါတယ်လေ ၊ ရ နာရီတောင် မထိုးသေးပဲကိုး ၊ ခဏအကြာမှာတော့ ဖုန်း ဝင်လာတယ် ၊ ကိုယ်မသိတဲ့ နံပါတ် ၊ ဟုတ်ကဲ့ ပြောပါ ဆိုတော့ ( ဦး = = ဆက်တာပါ ၊ ဒီဖုန်းကို ပြန်ခေါ်ပေးပါ ) တဲ့ ၊ အိပ်ချင်စိတ်တွေရော ပင်ပန်းတာတွေရော ဘယ်ရောက်ကုန်တယ်မသိ ၊ အဲဒါနဲ့ ၆၇ရ နဲ့ဆုံးတဲ့ အဲဒီဖုန်းကို ပြန်ခေါ်လိုက်တယ် ၊ နာရီကြည့်တော့ ရ း ဝ၆ ၊ ( ဦး = = ကို တစ်ခုလောက် ကူညီပါ ၊ အခု အိမ်ပေါ်က ဆင်းလာတာ ၊ အဖေက အရမ်းရိုက်လို့ ၊ ပိုက်ဆံလည်း မပါဘူး ၊ အခု ကားသမားဆီက ဖုန်းနဲ့ ဆက်နေတာ ) တဲ့ ၊ အောင်မယ်လေး ဘုရား ဘုရား ၊ ဘာတွေဖြစ်လာရတာတုန်း ၊ စိတ်ထဲ အတော်ပူသွားတယ် ၊ အိမ်ပေါ်က ဆင်းလာတဲ့ မိန်းကလေးရယ် ကားသမားရယ် ၊ ဟူးးးးးးး ၊ အိပ်ထဲကြည့်တော့ တစ်သောင်းကျော်ကျော်လေးပဲရှိ ၊ ဒါနဲ့ပဲ အမေ့ကို ခေါင်းခွေ့ပြီး ပိုက်ဆံချေးရတယ် ၊ အမေကလည်း ထုတ်ပေးခဲ့တယ် ၊ အဝတ်အစားလဲပြီး တိုက်အောက်ပြန်ဆင်း ၊ နာနတ်တောလမ်းမဘေးကနေ သူလာမယ့်ဘက်ကို မျှော် ၊ ဖုန်းကို အခါခါခေါ်ရင်း ဘယ်လမ်းက ဘယ်လိုလာ ဆိုတာ လမ်းညွှန်ရသေးတယ် ၊ ပြီတော့ သူ့ကို ဘယ်ခေါ်သွားရမလဲ ဆိူတာ ခေါင်းပူအောင် တွေးရသေးတယ် ၊ ကိုယ့်အိမ်ပေါ်ခေါ်ပြီး အမေနဲ့ အိပ်ခိုင်းရမလား ၊ ရပ်ကွက်ထဲကပဲ အသိ မိန်းကလေး ရှိတဲ့ အိမ်ကို ပို့ရမလားပေါ့ ၊ နောက်တော့မှ စမ်းချောင်းထဲက ညီဝမ်းကွဲကို သတိရ ၊ သူက သူ့မိန်းမရယ် သမီး ၂ ယောက်ရယ်နေကြတာ ၊ တိုက်ခန်းကလည်း ကျယ်တယ် ၊ သူ့ဆီဖုန်းဆက်တော့ သူ့မိန်းမနဲ့ပဲတွေ့တယ် ၊ ညီက သီလဝါမှာ ဂျူတီ တဲ့ ၊ ညီက လ ဝ က ကပါ ၊ သူ့မိန်းမကို အကြောင်းစုံပြောပြတော့ ရပါတယ် ကိုမျိုးရယ် တဲ့ ၊ ကိုမျိုး ခိုးလာတာတော့ မဟုတ်ပါဘူးနော် တဲ့ ၊ ခိုးမှတော့ သူ့ဆီခေါ်သွားမလားဗျ နော့ ၊ ခဏနေတော့ = = ရောက်လာတယ် ၊ မျက်နှာက ချောင်ကျ ၊မတွေ့ဖြစ်တဲ့ ၁ နှစ်အတွင်းမှာ အသားတွေက ညိုသွားလိုက်တာ ၊ ဘယ်မလဲကားက ၊ ကားခဘယ်လောက်တုန်း ဆိုတော့ မဟုတ်ဘူးဦး ဟို ဟို ကျောက်မြောင်းက သူငယ်ချင်းက သူကူညီမယ်တဲ့ ၊ ဖုန်းဆက်ပြီး မေးလိုက်တာ ၊ အေးပါ ၊ ဦးတို့ ဒီဂိတ်က ကားနဲ့သွားမယ် ၊ ဒီအထိကားခ ဦး ရှင်းလိုက်မယ် ဆိုတော့ မဟုတ်ဘူးး ကားပေါ်မှာ အထုပ်တွ ပါသေးတယ် တဲ့ ၊ အထုပ်ပါတာ ဘာဖြစ်လဲ ဒီကကားနဲ့ တင်လည်း ရတာပဲ ၊ မဟုတ်ဘူးဦး ဟိုကျမှ ကားခရှင်းတော့မယ် တဲ့ ၊ စိတ်ထဲ တစ်ခုခုတော့ လွဲနေပြီဆိုတာ သိလာတယ် ၊ ဘေးနားက သူငယ်ချင်းတစ်ယောက်က အဲဒီကားကို သွားမှတ်လာတယ် ၊ ကားနံပါတ်ကော စီးတီးတက္ကစီ နံပါတ်ပါ မှတ်လာတာ ၊ ကားက လမ်းဟိုဘက်မှာ ၊ ဆူဇူကီး အနီရောင် ၊ ကားပေါ်မှာ လူ ၂ ယောက် ၊ သူနဲ့ဆို ၃ ယောက် ၊ ဒါဆို ပိုနေတဲ့ တစ်ယောက်က ဘယ်သူလဲ ၊ ဦး မနက်ဖြန်ညနေ ဦးရုံးဆင်းချိန် သံလမ်း လှိူင်မင်းကို လာခဲ့မယ် ၊ လေး ငါးသောင်းလောက် ရအောင် လုပ်ထားပေးပါ ၊ လကုန်ရင် ဆက်ဆက် ပြန်ပေးပါ့မယ် တဲ့ ၊ အေးပါ အေးပါ ဆိုပြီး သူနဲ့အတူ ကားလမ်းကူးမယ် လုပ်တော့ နေခဲ့ပါ ရတယ် ဦး ဆိုပြီး မကူးစေခဲ့ဘူး ၊ ကျောက်မြောင်း ရောက်လောက်မယ့် အချိန် = = ဆီဆက်ပါ ၊ ဖုန်းဘေလ် မရှိတော့လို့ ဆိုပြီး ခပ်သုတ်သုတ် ပြေးသွားလေရဲ့ ၊ ည ၈ နာရီထိုးပါပြီ ၊ အိမ်ပေါ် ပြန်မတက်ချင်သေးတာနဲ့ ဂျန်းရှင်းစကွဲယား မရောက်ခင်နားက သုံးရာသီမှာ ဘီယာတစ်လုံးနဲ့ သွားထိုင်နေမိတယ် ၊ ၈ း ၄ဝ လောက် ၉၀၄ နဲ့ဆုံးတဲ့ သူ့ဖုန်းကို ဆက်တော့ ဧရိယာပြင်ပ တဲ့ ၊ ဘယ်ကမ႓ာကိုများ ထွက်သွားပါလိမ့် ၊ ဒါနဲ့ ကားသမားဆီပြန်ဆက်တော့ ပို့ခဲ့ပြီးပြီ တဲ့ ၊ ကျောက်မြောင်း ဘယ်နားလဲ ဆိုတော့ ဝေ့လည်လည်နဲ့ ၊ ခင်ဗျား ကားသမားပဲ ဘယ်လမ်းဆိုတာ သိရမှာပေါ့ ဆိုတော့ ဩဘာလမ်းဘက်ကဝင်တာ ၊ သူပြောသလို ဟိုကွေ့ ဒီကွေ့ ဆိုတော့ ဘယ်လမ်းမှန်း မမှတ်မိဘူးတဲ့ ၊ ဒါနဲ့ သူ့ကို ကားနံပါတ်ကော စီးတီးတက္ကစီနံပါတ်ပါ ရွတ်ပြလိုက်ပြီး အေး တစ်ခုခုဖြစ်လာရင် ကျုပ်ငြိမ်နေမှာ မဟုတ်ဘူး လို့ပြောလိုက်တယ် ၊ ဘီယာဆက်သောက်နေရင်း ဟို နံပါတ်ကို ထပ်ခါ ထပ်ခါ နှိပ်နေမိတယ် ၊ ၉ း ၄၈ မှာ ဖုန်း ဝင်သွားတယ် ၊ ရင်းတုန်းသီချင်းလေးက ဒို့ မခွဲဘူး ဆိုပါလား ၊ ခဏလေးပဲ ဖုန်းချသွားတယ် ၊ ဘာလို့ မကိုင်ရတာလဲ ၊ ဘာတွေက ပိုအရေးကြီးနေလို့ ဒီဖုန်းကို မကိုင်တာလဲ ၊ လဲ လဲ လဲ လဲပေါင်းများစွာကြားမှာ ကိုယ့်ကိုယ်ကို မလဲအောင်ထိန်းရင်း အိမ်ပေါ်ရောက်လာတော့ ၁၂ နာရီထိုးပါပြီ ၊ Super moonကြီးက ထိန်ထိန်သာနေတဲ့ လပြည့်ညမှာ အိပ်မရသူက ကျနော်ပါ ၊

9b

15 comments

  • Mr. MarGa

    August 12, 2014 at 2:18 pm

    ( Super moon ညမုာ မင်း နဲ့ ငါ )…

    ဖတ်အပြီးမှာ ချာချာလည်သွားတာက ကျနော်ပါ 🙂

  • Myo Thant

    August 12, 2014 at 4:04 pm

    မလည်အောင် ရေးထားတာ ၊

    😛

  • ဇီဇီ ခင်ဇော်

    August 12, 2014 at 4:10 pm

    ခေါင်းစဉ်နဲ့ ပြေးလာတာ။
    ဟွန့်။
    လူဇိုးးးးး
    ဘာညာ ဘာညာ လည်း မပါဘူးးး
    :k:

    အဟွာ။ ဒင်နာ တို့ ဘာတို့။ :mrgreenn:

    • Myo Thant

      August 12, 2014 at 4:33 pm

      ဘာဘာ ဘာမှ မဘာရပါဘူးကွယ် ၊

      ဇာတ်သိမ်းခန်းကား မကြာမီ

  • ခင် ခ

    August 12, 2014 at 4:53 pm

    ရှုပ်ရှက်တောင်ခတ်သွားတယ်ဗျာ
    ဒါနဲ့နေပါအုံး အဲဒီကလေးမ ဘယ်ရောက်သွားပြီလဲ ဦးးးးးးးးးးးးးးးးးးးးးး

    • Myo Thant

      August 12, 2014 at 5:01 pm

      ဆက်သွယ်မှု ဧရိယာပြင်ပ တဲ့ ၊ 🙁

  • မြစာကလေး

    August 13, 2014 at 2:02 am

    လူ ကိစ္စ ထက် လ ကို ပိုပြီး စိတ်ဝင်စားလို့
    အဲ့ဒီ လ ပုံ က ကိုယ်တိုင်ရိုက် လား ကိုမျိုး။
    လှလိုက်တာ။
    ဒီမှာ လဲ ည တစ်ရေးနိုး မှ လ ကို ကြည်ကြည်လင်လင် မြင်ရတယ်။
    ကင်မရာ ထ ယူပြီး ရိုက်ဖို့ ပျင်းတာ နဲ့ ဒီ အတိုင်း ဘဲ ကြည့်နေလိုက်မိတယ်။
    တစ်အားလင်းပြီး အရမ်းကိုလှတယ်။
    လူကိစ္စ ကတော့ နောက်တစ်ပိုင်း မှာ ပေါ်မှာဘဲ။ ဟုတ်တယ်နော်။
    ကိုမျိုးကြည့်ရတာ အတော် အားနာကြီးပုံဘဲ။

    • Myo Thant

      August 13, 2014 at 1:33 pm

      ဓါတ်ပုံက Dailymail.co.uk ထဲကပါ ၊

      အားနာတာထက် သူ မဖြစ်သင့်တာ တစ်ခုခုဖြစ်သွားမှာကို ပူတာပါ ၊

      သူ နဲ့ ကျနော်က သံယောဇဉ်ရှိကြသူတွေပါ ၊ အချစ် မဟုတ်ဘူးနော် ၊

      ကျနော်ထင်တာတော့ ခိုးရာလိုက်တာများလား ၊ ဒါဆိုလည်း ကျနော့်ကို ဘာလို့ မရမက လာရှာရတာလဲ ?

      အခုထိ အဆက်အသွယ် မရသေးပါ ၊

  • manawphyulay

    August 13, 2014 at 12:24 pm

    သူများကိစ္စလည်း ခေါင်းထဲ ချာချာလည်အောင် ထည့်တတ်တယ်နော်.. နောက်တော့ ဘာဆက်ဖြစ်သေးလဲ…
    ဖတ်ရင်းနဲ့ လပြည့်နေ့ကို ခံစားသွားပါတယ်။ ဖုန်းထပ်ဆက်ဖြစ်သေးလား။ သူက ဘာတဲ့လဲ။ အာ
    ခေါင်းမူးနေပါတယ်ဆိုမှ သူများကိစ္စတွေးမိပြန်တယ်။

    • Myo Thant

      August 13, 2014 at 1:36 pm

      သတင်းရရင် အချိန်နဲ့ တပြေးညီ တင်ပေးပါ့မယ် ၊

      အခုတော့ ဆက်သွယ်မှု ဧရိယာပြင်ပ ပဲ ၊

      ဖဘ မှာလည်း ပေါ်မလာသေးပါ ၊

  • kyeemite

    August 13, 2014 at 3:10 pm

    -“ဦး မနက်ဖြန်ညနေ ဦးရုံးဆင်းချိန် သံလမ်း လှိူင်မင်းကို လာခဲ့မယ် ၊ လေး ငါးသောင်းလောက် ရအောင် လုပ်ထားပေးပါ ၊ လကုန်ရင် ဆက်ဆက် ပြန်ပေးပါ့မယ် တဲ့”
    -နောက်နေ့ရုံးဆင်းချိန် ငွေလာမယူဘူးလားဗျ 🙄
    -အကြောင်းစုံသိရရင်ဆက်ပါအုံးလေ

    • Myo Thant

      August 13, 2014 at 3:17 pm

      ကျနော့်မှာလည်း ၂ သောင်းကျော် ၃ သောင်း ပဲ ရှာလို့ရတာ ၊

      ညနေ သူ ပေါ်မလာပါဘူး ၊

      အဲဒီ လပြည့်ညကတည်းက ဧရိယာပြင်ပ ရောက်သွားတာ ၊

  • Kaung Kin Pyar

    August 13, 2014 at 3:39 pm

    တစ်ကယ်ပဲ ဆက်သွယ်မှုပြင်ပ ရောက်သွားတယ် ထင်ပါရဲ့ အူးမျိုးရေ….
    Super Moon မှာ အမှတ်တရပေါ့…

    • Myo Thant

      August 13, 2014 at 3:50 pm

      ဪ စူပါမွန်း စူပါမွန်း

      အခုတော့လည်း ချ ူ ချာလွန်းရပြီကောကွယ် ၊

Leave a Reply