ဇီဇီဆာဆာ – အပိုင်း (၄) ဆက်လက်ဖြန့်ဝေနေပါပြီ…

ဇီဇီAugust 12, 201412min38666

 

ဇီဇီ ဆာဆာ ပို့(စ) တွေ က ဒီ မှာပါ၊။

https://myanmargazette.net/wp-admin/edit.php?tag=%e1%80%87%e1%80%ae%e1%80%87%e1%80%ae-%e1%80%86%e1%80%ac%e1%80%86%e1%80%ac

 

 

ဇီဇီဆာဆာ ဆက်လက်ဖြန့်ဝေနေပါပြီ။
ဇီဇီဆာဆာ ဆက်လက်ဖြန့်ဝေနေပါပြီ။

 

အဟမ်းးး!!!
နံပတ်တပ်တာက တခြားမဟုတ်ဘူးနော်။ အရီး ရေ တွက်ရလွယ်အောင်ရယ်။
အဟင့်။ ကြောက်နေရတာဗျဲ။

အပိုင်းခွဲတာကို ဂလောက် ရှင်းပြထားတာတောင်မှ ခံစားကြတယ် ဆိုတော့။
အဟင့်။

:a:
ဘာပဲဖြစ်ဖြစ် စ မိတဲ့ လမ်းကို ဆုံးအောင်ဆက်လျှောက်ပါရစေ။

မကျေနပ်တာလေးတွေ စု ပြီး အကုန်ပြီးမှ ဆဲနိုင်ပါတယ်နော့။

:s:

 

၄၉)
ဂဇက် က ချစ်ရတဲ့ မောင်လေး တစ်ယောက်ပါပဲဗျ။
ရွာထဲ စဝင်ကတည်းက ပျော်ပျော်ရွှင်ရွှင်ကြိုဆိုခဲ့တာပေါ့ဗျာ။
ဗေဒင်…
ရသစာ…
ကဗျာ…
ဘာသာရေး…
နိုင်ငံရေး စတာတွေကိုပါ ရေးနိုင် ဆွေးနွေးနိုင်တာမို့ သူ့ အသက်တန်းမှာလည်း လူတော်တစ်ယောက်လို့ သတ်မှတ်လို့ ရရဲ့ဗျာ။

ခါတိုင်းလို ပုံမှန်ပြန်ဝင်ရင်တော့ ကောင်းမယ်ဗျို့။ မဂျီး ဆွိ ဆိုတဲ့ ခေါ်သံ လွမ်းသဗျာ။

ကျုပ်တို့ရွာထဲက နာမည်ကျော်ကဗျာဆရာများစွာထဲကတစ်ယောက်ပေါ့ဗျာ ။
သင်္ဘောပေါ်ကအတွေ့အကြုံတွေကိုလည်းမျှဝေတတ်သလို ခံစားမှုစာစုလေးတွေကလည်း နှလုံးသားတွေများနုရင် ဆတ်ဆတ်ခါသွားလောက်တယ်ဗျို့  :mrgreenn:
သူရေးခဲ့တဲ့ စာအပုဒ်ပေါင်းများစွာထဲက ကျုပ်အနေနဲ့ မှတ်မှတ်ထင်ထင်ဖြစ်နေတာကတော့…
“” ညဗေဒင်နဲ့လမင်းကြီး “”  ဆိုတဲ့ ပို့စ်ပါဘဲ ။
ကုန်းပတ်ပေါ်က လွမ်းချင်းတစ်ခုပေမယ့် မော်ဒန်ဆန်ဆန် ဒဿနပိုင်းပါတို့ထိထားတဲ့ အဲဒီပို့စ်ကိုဖတ်မိရာက ကျနော်လည်း “တစ်ခါက ” ပေါင်းများစွာရေးမိနေတဲ့အထိပါပဲ ။
မန်းဂဇက်အမှတ်တရစာအုပ်ထဲက  “သင်္ဘောခန်းထဲက ဝိညဉ်ခေါ်သံ ” ဆိုတဲ့ပို့စ်ဟာ ဖတ်မိသူတိုင်း စိတ်ဝင်တစားနှစ်သက်ခဲ့ကြပါတယ် ။
(အဲဒီစာအုပ်ကို ကျနော်လူတစ်ချို့ကိုလက်ဆောင်ပေးဖူးတယ် )
ကဲဗျာ …
ပျောက်ချက်သားကောင်းလှတဲ့ကိုရင်စည်သူ ရေ ……
ရသစာစုတွေ အားပေးရအောင် အရင်လိုပဲ သင်္ဘောပေါ်က ပြေးလာပါဦးဗျာ…..

 

၅၀)
နောက် လူဂျီး တစ်ယောက် အကြောင်း ပြောပြပါဦးမယ်။ အင်မတန် ပျော်တတ်ပုံလည်း ရ၊ သီချင်းဆိုရတာလည်း ဝါသနာပါပုံရတဲ့ လူဂျီးးးး….
အဲ ဒါပေမဲ့ အငြင်းကလည်း သန်သေးးး။ ကျနော်ကတော့ ဂလုဒ လို့ ခေါ်တယ်။

သူနဲ့ကျနော့ ကြား အလွဲတွေလည်း ရှိသေးးး

အဲဒီတုန်းက ကျောက်(စ) ရယ်ဗျာ… ရွာသူ ချစ်သူ အကြောင်း ပဟေဠိဖွက်ထားချိန်၊

ရွာထဲက ရွာဝင်ချိန် တူတဲ့ ကျနော်နဲ့ ကျောက်(စ) တို့ ဖလန်းချိန် ဆိုတော့

သူက ကျောက်(စ) ပဟေဠိ ရဲ့ အဖြေဟာ ကျနော်ထင်ပြီး ကျနော့ ပို့(စ) တိုင်း ဂဠုန်ကြီး သောင်းကျန်းဖူးသဗျာ။

ကော်မန့်တွေ ဗလဘွနဲ့။ စောင်းပါးရိပ်ခြေတွေ မေးးး၊

ကျနော်က အထူအပါး နားမလည် ဖြေချင်ရာဖြေ၊

နောက်ဆုံး ကျောက်(စ) ကိုယ်တိုင် တိုးတိုးတိတ်တိတ် ဝင်ရှင်းမှ တော်တော့တယ်။ ဟဲဟဲဟဲ။  :mrgreenn:
အဟမ်းးး Grauda ဆိုရင်တော့ ဒုတ်ထိုးအိုးပေါက် ပြောတတ်လွန်းလို့ ကျုပ်သိပ်သဘောကျတဲ့သူပေါ့ဗျာ ။
နောက်တစ်ခုက ကမ္ဘာကြိီးဟာအတော်လေးကျဉ်းကြောင်းကိုလည်း သူနဲ့ ကျုပ်တို့ ဘော်ဘော် ဆြာကျောက်တို့အဖြစ်က သက်သေတည်နေတာဗျ ။
ဆြာကျောက်နဲ့ ငယ်သူငယ်ချင်း တစ်ယောက်ဟာ ဒီဂဇက်မှာ လာဆုံမယ်လို့ ကြိုပြောထားရင် ရီကြလိမ့်မပေါ့ ။
နိုင်ငံတကာရေးရာနဲ့ အထွေထွေ သု /သိ /ပညာ ပြည့်စုံကြောင်းကိုတော့ သူကွန်မန့်တွေကနေမှန်းလို့ရပါတယ်ဗျို့ ……
ခက်တာက … ဒီလူကြီးကလည်း မပေါ်လာတာကြာပေါ့ဗျာ ။
သူကသာ လူတွေကိုမသိဘူးဆိုတာဖြစ်ကောင်းဖြစ်ပေမယ့် သူ့ကို သတိယ စောင့်မျှော်နေသူတွေ၊ သူ့ကွန်မန့်တွေကို သဘောကျနှစ်ချိုက်နေသူတွေ ရှိနေတယ်ဆိုတာကိုတော့ …
ကျုပ် ရဲရဲကြီးပြောနိုင်တယ်ဗျို့  ………

 

 

၅၁)
ရွာထဲက ကျနော့ အချစ်တော် အကိုဂျီးတွေထဲ အမတ်မင်းပြီးရင် ကိုဂျီးဖက်ကို အချစ်ဆုံးဗျ။ စကားပြောလို့ သိပ်ကောင်းတယ်။ ကိုဖက်နဲ့ကတော့ လုပြောရတယ်။
ဘရန်းသမားကိုးးး၊ သူမသိတာလည်း မရှိတာမို့ စကားလက်ဆုံကျမိရင် အဲဒီနေ့ ရုံးအလုပ် မလုပ်ဖြစ်ဘူးး၊။
နည်းပညာ…
သရော်စာ…
ဘာသာပြန်…
အကျိုးပြု…
ရသ … ဘာရေးရေး ကောင်းတဲ့ လက် (ဝတုတ်) ပိုင်ရှင်ပေါ့ဗျာ။ ခိခိ….

ကြောင်ဂိုဏ်းသားတွေထဲက ထူးထူးခြားခြား တစ်ယောက်ပေါ့ဗျာ ။
အတွေးအခေါ်လွတ်လပ်ပွင့်လင်းပြီး ရဲရဲတွေး ရဲရဲရေးတတ်တဲ့ စူပါမဟာလစ်ဘရယ် တစ်ဦးဆိုရင်လည်းမမှားဘူးလို့ပြောလို့ရသဗျ ။
သူ့ကိုကြည့်ပြီး တခါတလေ ကျုပ်တွေးမိတာလေးကတော့ သူ့ဦးနှောက်က သူ့ဗိုက်တလုံးအပြည့်များရှိနေမလားပေါ့ ……
ဟုတ်တယ်လေ … ကျုပ်တို့ မတွေးတတ်တာတွေပြီး နှိုက် နှိုက်ချွတ်ချွတ် သိနိုင်လွန်းလို့ပါဗျာ ။
စုံထောက်ဝတ္ထု ရေးတာလည်း ဘာကောင်းသလည်းမမေးနဲ့ ။အဲဒီတုန်းက အပတ်စဉ်ကိုစောင့်ဖတ်ခဲ့ရသေးတာပေါ့ ။
“” စုံထောက်အောင်တိုက်နှင ့်ကြောင်ဝတုတ် ဂိုဏ်း “” တဲ့လေ ။
လုံချင်း လက်ရာတကယ်မှီတယ်ဆိုတာ ဖတ်ကြည့်လိုက်ဗျို့ ။
ကျုပ်ကတော့ သူ့ကိုပထမဆုံး စတွေ့ဖူးတဲ့အချိန်မှာ ဘာကိုသွားသတိယသလဲဆိုတော့ ………
နာဂစ်အရေးတုန်းက အဲဒီဒေသကိုရဟတ်ယဉ်နဲ့သွားပြီး ကိစ္စဝိတ်စ ဆောင်ရွက်ရာမှာ ရဟတ်ယဉ်မှူး ပြင်သစ်ကြီးက ဗွက်အိုင်တစ်ခုပေါ်ကနေ ခုန်ချ ခိုင်းပါသတဲ့ ။
သူ့ခန္ဓာကိုယ်နဲ့ ဗွက်ထဲ ခုန်ချပုံကိုတွေးမိပြီး ကျုပ်ဗျာ ………
ရီလိုက်ရတာ ဖတ်ဖတ်ကိုမောရောဘဲ   :mrgreen:

 

 

၅၂)
ဒီရွာမှာ နာမည် အကြီးဆုံးထဲ ပါတဲ့ ဆူး မမ အကြောင်းလေးရော ပြောပြပါဦးး…
ကျနော် ဆူး ပြောတာလေးတစ်ခု အမှတ်ရတယ်ဗျ။

လူသစ်တိုင်းကို လည်း အားပေးတဲ့ အနေနဲ့ ကြိုးစား ပြီး ကော်မန့်ပေးတယ် တဲ့။

အဲဒီလို စိတ်ဓာတ်လေးကို သဘောကျသဗျာ။
ဆူးရဲ့ ပို့(စ) တွေ အကုန်လိုက်ဖတ်ဖူးတယ်ဗျ။

အနှစ်ကြီးပဲ။ စာ အရမ်းဖတ်ထားတာလည်း သိသာတယ်။
စိတ်ဓာတ်ရင့်ကျက်မှုရှိတာလည်း မြင်သာတယ်။

ဆူး မ မ ရဲ့ သီးသန့် ပရိတ်သတ်တွေလည်း အများကြီးပဲ မို့ ပြန်လာရင် ကောင်းမယ်ဗျာ။

ရွာတော်ရှင် လို့ပြောလိုက်တာနဲ့ ဆူး  ဆိုတဲ့ ရွာရဲ့ ဆူးမမ ကို လူတိုင်းသိကြမှာပါလေ ……
ရွာသက်အရသက်တော်ရှည်ဖြစ်သလို ရွာရဲ့ အကျိုးဆောင်မှုတွေမှာ လေးစားအတုယူဖွယ်တွေဆောင်ရွက်ခဲ့လို့ ကျုပ်ကတော့ အရင်ကတည်းက ဘွားတော်ဆူးလို့ခေါ်သဗျ   :mrgreen:
ဘာသာရေးပို့စ်တွေမှာလေးလေးနက်နက် ဆွေးနွေးတတ်သလို ပျော်စရာလေးတွေနဲ့ ရွာကိုတန်ဆာဆင်တတ်လွန်းလို့ ကျုပ်တို့အားကျခဲ့ရတာပေါ့ ။
သူရှိစဉ်က ရွာထဲမှာ ဟောင်းသစ်မရွေး ကွန်မန့်လေးတွေနဲ့ စည်းရုံးအားပေးတတ်သလို ရွာသူားတွေအပေါ်မှာလည်း အတော်ကိုခင်မင်တတ်သူပါဘဲ ။
ရွာရဲ့ မမေ့နိုင်တဲ့ အလှူပေါင်းများစွာထဲက ဒုတိယအကြိမ် ပန်းတနော်အစုကြီးကျေးရွာ မျက်စိကု ဆေးရုံအလှူဟာဆိုရင် ဆူးရဲ့စည်းရုံးလှုံ့ဆော်မှုကြောင့် တကယ့်ကို ပျော်ပျော်ပါးပါးသွားဖြစ်ခဲ့ကြတာပေါ့ ။
အခု FB မှာ ရှိနေတဲ့ မန်းဂဇက်ရွာသူားများဂရု ဆိုရင်လဲ ဆူး စတင်တည်ထောင်ပေးခဲ့တာပါဘဲ ။
ဆူး နဲ့ပါတ်သက်လို့ပြောမယ်ဆို တစ်နေကုန်သွားပါလိမ့်မယ် ။
တချိန်က အင်မတန် သွက်လက်ချက်ချာပြီး ရင့်ကျက်တဲ့အတွေးအမြင်များနဲ့ စိတ်ကူးပုံဖေါ်ရေးသားတတ်တဲ့ ဆူး ကို ကျုပ်အပါအဝင် တစ်ရွာလုံးသတိယနေမှာပါလေ ။
မိသားစုတာဝန်တွေ လုပ်ငန်းတာဝန်တွေကြောင့် ရွာထဲမလာဖြစ်ပေမယ့် စုပေါင်းလုပ်ကိုင်ကြတဲ့ ရွာ ့အရေးတွေမှာ လက်မနှေးတတ်တဲ့ဆူး ကိုတွေ့မြင်ကြရမှာပါ ။
ကဲ …… ဘွားတော်ဆူး…. စာလေး ဘာလေး ရေးဖို့တိုက်တွန်းပါတယ်နော   :mrgreen:

 

 

၅၃)
ရွာထဲ ဝင်စကနေပြီး ခုထိ မြဲတဲ့ အက်တစ်ဖြစ်တဲ့ ကလေးမအနေနဲ့ ချစ်သဗျာ.။

ရသလည်း အရေးကောင်းဗျ။
ဇကာတင်ထဲတောင် ပါလိုက်သေးးး၊

သူ့ကိုသူတော့ ကချင်သပုန်ဆိုပဲ။ ရှေးရိုးစွဲ အတွေးအခေါ်တွေကို တော်လှန်လိုတဲ့ စိတ်ရှိပုံပဲ။

ခင်မင်နှစ်လိုဖွယ် ဂဇက်ညီမ တစ်ယောက်ပါဘဲ ။
ပွင့်လင်းတဲ့အပြော ဖေါက်ထွက်ဆန်းသစ်တဲ့တွေးခေါ်မှုတွေနဲ့ စာရေးတတ်သူလို့ဆိုချင်ပါတယ် ။
တိုင်းရင်းသူတစ်ယောက်လို့ ဆိုထားပေမယ့် မြန်မာစာ စကားကတော့ဖြင့် တကယ်လက်ရည်ပြောင်မြောက်လှပါတယ် ။
စဝင်လာစကတဲက တရင်းတနှီးပြောဆိုတတ်လို့ လူဟောင်းကျောင်းပြန်လို့တောင်ထင်မိပါသေးတယ် ။
ပြီးမှသိရတာက ဂဇက်ရွာရဲ့ တိတ်တဆိတ်စာဖတ်သူတစ်ယောက်ပါတဲ့ ။
အလင်းဆက်ရဲ့ လက်ရာလေးတွေကိုအားပေးရင်း တစ်ရွာလုံးရဲ့ ပရိတ်သပ်တစ်ယောက်ဖြစ်နေခဲ့ပါတယ် ။
ဟော …… အခုတော့  သူလည်း ရွာသူစစ်စစ်လေးဖြစ်လို့နေပါပြီ ။
ကဲ …… လုလု ရေ …
ညငှက် ပ်ု့စ်လေးလို ရဲရင့်တဲ့အတွေးအရေးလေးတွေမျှော်နေမယ်နော…..
များများဖတ်သလို များများလဲရေး…..
ပြီးတော့ သဂျီးကို မွဲဆေးဖေါ်ဖို့ ကွန်မန့်များများ ရေးပါနော…..   :mrgreen:

 

 

၅၄)
ဒီရွာက ဓာတ်ပုံဆရာထဲ အချောဆုံးက ဘယ်သူတုန်း သိသလား ဆာဆာ။

ကိုယ်တိုင် ဓာတ်ပုံဆရာဆိုပေမဲ့ လူက တော့ မော်ဒယ်(လ) ပုံဗျားးး၊
ပစ္စည်း ကွာလတီကိုလည်း အကောင်းမှ ကြိုက်တတ်သူမို့ သူရိုက်တဲ့ ဓာတ်ပုံတွေကိုလည်း အကောင်းဆုံးမှ လက်လွှတ်ချင်တတ်တဲ့ စိတ်ကိုမြင်ရသဗျာ။
အဲ!! ဓာတ်ပုံတင်မဟုတ်ဘူးနော်။

သရော်စာ ရေးလက်မှာလည်း လက် စ ရှိတယ်ဗျ။ ဟိုတခါ အမတ်မင်းကို မင်းသားထားပြီး ရေးထားတဲ့ ပို့(စ) ၂ ပိုင်းလုံး ဖတ်ပြီးကတည်းက ဒီ လူဂျီးကို အဲလို မျိုးတွေ ဆက်ရေးစေချင်သဗျာ။
စာဝင်ဖတ်တာတော့ သိပေမဲ့ စာလည်း ရေးစေချင်သေးတယ်။
ကို Mလုလင် ပေါ့ ဗျာ။ ဂဇက်ရွာရဲ့ အထင်ကရ ဓာတ်သေဆရာတစ်ယောက်ပါ ။
အလွန်ကို ကူညီတတ်ပြီး ဂဇက်ရွာရဲ့ ပထမဆုံးအလှူမှာ မျက်နှာထွက်ပြခဲ့သူပေါ..
ရွာအလှူအတွက် ငွေကောက်ခံတာတို့ အလှူပွဲတွေ တွေ့ဆုံပွဲတွေအတွက် ဓာတ်ပုံမှတ်တမ်းတွေကိုလည်း မမောတန်း မပန်းတမ်း လုပ်ပေးတတ်သူပါဘဲ ။
သူ့ကိုသတိထားမိခဲ့တာတော့ ကိုပေါက်တို့နဲ့အတူ မန္တလေးမှာဓာတ်ပုံတွေရိုက်ကြပြီး  “”ရန်ကုန်တစ် မန်းသုံး အသေအကြေရိုက်တဲ့ပွဲ”” ဆိုတဲ့ ပို့စ်မှာ
မတူခြားနားတဲ့ ဓာတ်ပုံရိုက်ချက်လေးတွေကနေတစ်ဆင့် မှတ်မှတ်ထင်ထင်ရှိလာခဲ့ပါတယ် ။
နောက်ပိုင်း ဓာတ်ပုံပြပွဲလေးတွေလုပ်ဖြစ်တော့ ကျနော်ဗုတ်ခဲ့တဲ့ဓာတ်ပုံက သူ့ပုံဖြစ်နေတာပါဘဲ ။
သူနဲ့ကျနော်ဖုန်းပြောဖြစ်ခဲ့ပြီး တစ်နှစ်လောက်အကြာမှာမှ တွေ့ဖူးဆုံဖူးခဲ့တာပါ ။
ခင်ဖို့ကောင်းပြီး ကူညီတတ်တဲ့ ညီလေး လုလင်ရေ ……
လက်ရာကောင်းလေးတွေနဲ့ ရွာကို ချယ်သပါဦးးး လို့ …………

 

 

၅၅)
စီဂျေကြီး အကြောင်း ပြောရအောင်။

ဟိ။ ကျနော့ ကို အစားအသောက်ချည်း တင်လို့ ဆိုပြီး ဝိတ်ကျနည်းပါ တင်ရမယ်လို့ လာပြောတဲ့ လူဂျီးးး
ရွာထဲကို အလာကျဲပေမဲ့ လာတတ်တဲ့ မနက်စောစောပိုင်းတွေ မှာ ရသလောက် ကော်မန့်တွေလည်း ပေးပေးသွားရဲ့။
ကျနော့ အလုပ်ခွင် အင်တာဗျူးနဲ့ ပတ်သက်တုန်းက ပို့(စ) တွေမှာ လာရေးတဲ့ ကော်မန့်က အဖိုးတန်တွေမို့ အဲဒီ အပိုင်းတွေ ကျွမ်းကျင်တယ်လို့ မှတ်ယူထားလိုက်တယ်။
ကိုထူးဆန်း ကြီး ပို့(စ) တွေကျဲသနော်။

ရေးပါဦးး။

Htoosan  ဆိုတဲ့ နာမည်ကို 2011 မိုးတွင်းလောက်မှာဘဲ စတွေ့ပြီး သတိထားမိလာတာပါ ။
ဂဇက်စည်းကမ်းကို အထူးလိုက်နာတယ်ဆိုတာ အဲဒီကတဲက သိလိုက်ရတယ် ။
ဒီလိုဗျ ……
ဟိုတုန်းက ဖိုရမ်ဆိုပြီး သပ်သပ်ရှိတယ် ။သဂျီးက ဘေးလိုင်းစည်းကမ်းချက်တွေမှာ ပြောထားတယ်လေ ဆုတောင်းတာတို့တောင်းပန်တာတို့ အဲသလို အများနဲ့သိပ်မဆိုင်တဲ့ကိစ္စကို ဖိုရမ်မှာရေးခိုင်းထားတာ ။
အတော်များများကသိပ်မလိုက်နာပေမယ့် ကိုထူးဆန်းကြီးကတော့ လိုက်နာသဗျ…
ပြီးတော့ သူ့ကိုသတိထားမိတာ ကွန်မန့်တွေဘဲ ။
အချက်အလက်သေချာကိုင်ပြီးပြောတတ်တာ ။
ဥပဒေပိုင်းဆိုင်ရာဆိုလည်း အတိအကျချပြနိုင်တာ ။

ရေးခဲ့ဖူးတဲ့စာများစွာထဲက ခရီရေးတစ် တော်တော်ကောင်းတဲ့ ပို့စ်တစ်ပုဒ်ကိတော့ အိမ်ခန်းငှါးခ ငွေသုံးသိန်းလို လို့ စပွန်ဆာရှာတဲ့မိန်းကလေးတစ်ယောက်အကြောင်းရယ် “”CJ ကထူးဆန်း”” ဆိုတဲ့ သရော်စာတစ်ပုဒ်ရယ်ကို အခုထိစွဲနေတုန်း ။
သူ့က်ိုတော့ စည်ပင်ရယ် ယဉ်မှုစစ်ရယ်က လိုက်ရှာနေတယ်ကြားတာဘဲ ။

ဟုတ်တယ်လေ …… အဲဒီဌါနတွေရဲ့မတော်မတည့်တွေက်ို ဆော်ပလေည်တီးလွန်းလို့   :mrgreen:
ပြီးတော့ တင်အောင်နီကာတွန်းထဲက ကိုထူးဆန်းကြီးကိုလဲ မြင်ယောင်မိတယ် ။ ခင်ချောဆွိ များခေါ်လိုက်ရင် ပျာပျာသလဲ ။
ကျုပ်တို့ ကထူးဆန်းကတော့ ဒီလိုဟုတ်မယ်မထင်ပါဗျာ   :mrgreen:

 

 

 

၅၆)
ဂဇက် တကြောမှာ အချော ဆုံး ဆိုရမဲ့ ရွာသူပါပဲဗျာ။
အပြစ်ပြောစရာမရှိအောင် ပြည့်စုံတဲ့ အမျိုးသမီးမို့  မမနို ဒါလင်ကလည်း သိပ်ချစ်ပုံပါပဲ။
စာရေးလည်း ကောင်း…

ဓာတ်ပုံရိုက်လည်း တော်…

စိတ်စေတနာလည်း ကောင်း… တာမို့ ချစ်ခင်ရတဲ့ အမကြီး စာရင်းထဲ ပါသဗျာ။
ကံစမ်းမဲလေးများ တွေ့ရင် မနိုဗွီ ကိုသတိယသဗျာ ။

ကျုပ်ကလည်း သူ့ကံစမ်းမဲနှစ်ခါပေါက်ဖူးတာကိုးးး
တက်ကြွလန်းဆန်းနေတဲ့ရွာရဲ့ကွမ်းထောင်ကိုင် မနို ကိုစတင်သိခဲ့တာကတော့ အစားအသောက်ပို့စ်လေးတွေကနေတဆင့်ပေါ့ ။
ရွာ ရဲ့ပထမဆုံး နာရေးကူညီမှုအသင်းအလှူမှာ မနိုဗွီကိုမြင်ဖူးခဲ့တာပါ (ဓာတ်ပုံထဲကပါ   :mrgreen:  )
မန်ိုက စာရေးကောင်းသလို ရွာသူားတွေနဲ့ရွာအတွက်ဆို အမြဲစေတနာထားပြီတက်တက်ကြွကြွပါဝင်တတ်ပါတယ် ။
ပန်းတနော်အလှူကိုအစောကြီးသွားကြတုန်းကတောင် ငါးခြောက်ဖုတ်နဲ့ကောက်ညှငါးပေါင်းဆိုလား … လမ်းမှာစားဖို့ယူလာသေးတယ်ဆိုပဲ ။
တွေ့ဆုံပွဲနဲ ဆုပေးပွဲတွေ ၊ ရွာရဲ့ စုပေါင်းအလှူေတွေမှာ အလုပ်များတဲ့ကြားက အမြဲလာရောက်ဝိုင်းဝန်းတတ်တဲ့ မနို တစ်ယောက် အခုတလောတော့ပျောက်နေသဗျ ……
ကဲ …… ရွာဆော်မောင်းထုလိုက်ပါဦးမယ် …
ကြားရာအရပ်က ကံစမ်းမဲပိုက်ပြီး မြန်မကြာ လှမ်းလာခဲ့ပါတော့ဗျို့ ……   :mrgreen:

 

 

၅၇)
ကျုပ် အကိုကြီး တစ်ယောက် အကြောင်း ပြောပြရဦးမယ်။ :mrgreenn:
စကားလေး အရွဲ့တိုက်တတ်တာကလွဲရင်…
စိတ်တိုရင် ခပ်ငေါ့ငေါ့ လေသံတွေ ထွက်လာတာကလွဲရင်…
စကား အကောင်းမှန်း အဆိုးမှန်း မသိအောင်ပြောတတ်တာက လွဲရင်… အရည်အချင်းရှိသော ရွာသားတစ်ယောက်ပဲ။ (ယောင်းမ တော်ချင်သူများ စာရင်းပေးနိုင်၊ ဟိဟိ)
သရော်စာမှာ ကိုရဲ ရဲ့ လက်ရာကို အကြိုက်ဆုံးပါ၊၊

ရွာမှာ ပြဿာနာ ဖြစ်တိုင်း သူ တရားခံပါလို့ လာလာရွဲ့ပြီး ဝန်ခံတာကို ချစ်သေးတာ။ ဟိ။
အစားစားတိုင်း ကျနော့ကို သတိတရ တဂ် တဲ့ အကိုကြီးးး

မိန်းမရရင် သူ့ မင်ဂါဆောင် သွားမွှေဦးမှာ။
စောဖွပြေး  တဲ့ ၊ ခင်ခက်ခက်ခေါ  တဲ့  နာမည်ပြောင်တွေနဲ့ ရွာရဲ့  ဆည်းလည်းတစ်ယောက်ပါဘဲ ။
ပျော်တတ် ၊ ကူညီတတ် သရော်တတ်တာလေးတွေကြောင့် မသိသူမရှိ လူချစ်လူခင်ပေါလွန်းတဲ့ ကိုရဲစည်ဟာ ရသစာပေကိုနှစ်သက်သူ အားပေးသူတစ်ယောက်ဆိုရင် ယုံကြမလားဗျာ ။
တကယ်ပါ …… လွန်ခဲ့တဲ့ နှစ်နှစ်တာကာလလောက်မှာ ဂဇက်ရွာရဲ့ ရသစာပေကို  အားပေးအားမြှောက်ပြုဖို့ ရသစာပေဆု ရယ်လို့ လုပ်ပေးဖို့စီစဉ်ဖူးပါတယ် ။
အခြေအနေ အကြောင်းကြောင်းကြောင့် အကောင်အထည်မပေါ်ခဲ့ပေမယ့်လည်း…
ကိုရဲစည်ရဲ့ ရွာအပေါ်ထားတဲ့စေတနာနဲ့ စာပေချစ်စိတ်ကိုတော့ တစ်စွန်းတစ်စ မြင်ခဲ့ရတယ်ဗျို့   ။
အတည်အခန့်လေးတွေရေးတာ အလွန်လက်ရာမြောက်ပေမယ့် များသောအားဖြင့်တော့ အမြင်မတည့်တာလေးတွေကိုသရော်ရင်း ထိန်းသိမ်းတတ်သူပါ ။
ရွာအတွက် ၊ ရွာသူားတွေအတွက် စေတနာကောင်းတာကတော့ ကိုရဲစည်ပါဝင်ခဲ့ဖူးတဲ့ အလှူပွဲတွေမှာမြင်နိုင်ပါတယ် ။
ဘဝတစ်ကွေ့ကြုံခဲ့ဖူးတဲ့ဖြစ်စဉ်တွေကို ရေးဖွဲ့ရာမှာလည်း တမူထူးခြားတဲ့ သဘာဝကျကျ အရေးအဖွဲ့များနဲ့ သရုပ်မှန်စာပေကို ထင်ဟတ်စေပါတယ်။
မတူတဲ့အမြင်လေးတွေကို ဖေါ်ဆောင်ရင်း ဂွကျကျ ကွန်မန့်လေးတွေကတော့  “”ရဲစည်”” ဆိုတဲ့ ဂဇက်ရွာသားတစ်ယောက်ရဲ့ မူပိုင်အမှတ်အသားတစ်ခုပါ … လို့……….

 

 

 

၅၈)
လကဗျာ ရဲ့ ပို့(စ) တွေက မလွတ်တမ်းဖတ်ရတဲ့ ပို့(စ) တွေပေါ့။

ဒီလို ချစ်စရာ ကလေးမလေး ခေါင်းထဲမှာ ဒီလို ဟာသလေးတွေ ရှိနေတယ် ဆိုတာ ကို ချစ်စရာ ဟာသတစ်ပုဒ်ပါ…
ဖတ်မိရင် စဉ်းစားပြီး ရေးလဲ ရေးတတ်တဲ့ သူပါပဲလို့ အမြဲ ရီနေရတယ်။
ခုတလော ကျဲသွားပြန်ပြီ။ ပြန်လာခဲ့ပါဦး ကဗျာလေးးရေ။
ပထမဆုံး ရွာသူားတွေတွေ့ဆုံကြဖို့ စုစည်းခဲ့ဖူးတဲ့သူတစ်ယောက်ပါ ။
ရွာကိုချစ်တဲ့စိတ်က ဘယ်လောက်ဝေးနေပေမယ့် အခွင့်သင့်ရင် ရောက်လာတတ်တာက သက်သေပြနေပါတယ် ။
တစ်ချိန်က စာအစုံရေးသားခဲ့ပေမယ့်အခုချိန်မှာရေးနေတဲ့ သရော်စာလေးတွေကတော့ “”တွေးတတ်လေခြင်း”” ရယ်လို့ ဩချယူရပါတယ် ။
မြင်သမျှ မတော်မတည့်တွေကို အတည်ပေါက်နဲ့ သရော်…… ကြုံလာရတဲ့အခက်အခဲဒုက္ခတွေကို ရီစရာလုပ် ………
ကပ်သီးကပ်သတ် ဂွကျကျလူတွေက်ို အရွှန်းဖေါက် ………
ဒီလို   ဒီလို  ရေးတတ်တဲ့ လကဗျာဟာ ဂဇက်ရွာရဲ့ သက်တော်ရှည်ထဲမှာပါတဲ့ရွာသူတစ်ယောက်ပါလေ … ။
ခလုတ်တိုက်ရင်တောင်စာတစ်ပုဒ်ဖြစ်အောင်ရေးတတ်တဲ့ လကဗျာကို ပထမဆုံးဆုပေးပွဲနဲ့ တွေ့ဆုံပွဲမှာ မြင်ဖူးခဲ့ပါတယ် ။
မိတ်ဆက်စကားပြောကြတော့ “”ဒီတစ်ခါတော့မလွဲတော့ဘူးနော် “” တဲ့ ……
ဟုတ်တာပေါ့ ……
2010 ကာလတွေတုန်းက တစ်ယောက်နဲ့တစ်ယောက် ဆုံဖို့ခက်တယ်မဟုတ်လား  ………

 

 

 

၅၉)
လူလေးက သေးသေး ချစ်စရာလေးမှာ လူနဲ့ မလိုက်တဲ့ စာ အတည်လေးတွေ ရေးတတ်တဲ့ မိန်းကလေးပါ။
အကျိုးရှိမဲ့ ပို့(စ) တွေလည်း မျှဝေတတ်သေးရဲ့။

မနောဖြူလေး ပါ…

ရွာကို သံယောဇဉ်မကုန်မှန်းကတော့ တစ်ခါတစ်ခါကြိုးစားပြီး ဝင်လာပေးတဲ့ ကော်မန့်တွေ ပို့(စ) တွေက သက်သေပါ။
ဘွားတော် မနောလို့ပြောရမလားပဲ ……   :mrgreenn:
ရွာသက်က ဘွားတော်တန်းဝင်နေလို့ပါ ။
သတင်းအချက်အလက်တွေကို မပြတ်တန်းမျှဝေတတ်ပေမယ့် ကိုယ်ပိုင်ရေးဟန်မှာလည်း အလွန်ချောမွေ့စွာရေးတတ်ပုံကို “”စာရူးပေရူးလေးကျမ”” ဆိုတဲ့ပို့စ်မှာ ထင်ထင်ရှားရှားတွေ့ရပါလိမ့်မယ် ။
ဒီဇိုင်းတွေဖန်တီးတာက်ို စိတ်ဝင်စားပါသတဲ့ ။
ပြီးတော့ …… ကျုပ်အနေနဲ့မမနောကို အမှတ်တရဖြစ်စေ ခဲ့တာကတော့ ကျုပ်အတွက် ပို့စ်တစ်ပုဒ် ရေးပေးခဲ့ဖူးသေးတာပေါ့ ။
“” ဆာမိ နာမည်ပြောင်းသင့် မပြောင်းသင့်””  တဲ့လေ ။
သူတို့တွေ လှုပ်ရှားခဲ့ကြတဲ့ ဂဇက်ရွာအစောပိုင်းကာလတွေကိုမမှီလိုက်ပေမယ့် သူတို့ပြောပြတဲ့ ……
သူတို့ သယ်ဆောင်လာတဲ့ ………
သူတို့ တွဲခေါ်ခဲ့တဲ့ ရွာထဲမှာ ကျုပ်တို့အားလုံး သူတို့တွေကို သတိရနေတယ် ဆိုတာ ……………
လမ်းကြုံရင်ပြောပြလိုက်စမ်းပါဗျာ ………   …

 

 

၆၀)
မကာရဖွား မအိ ။   :mrgreenn:

သတိထားမိတာ ကျနော့ ပို့(စ) တိုင်းမှာ လာမန့်တတ်တဲ့ အမ။
ပန်းတွေ ချစ်တတ်…
အစားအသောက် ချက်တတ်…
အပြောအဆို ယဉ်ကျေးလို့ သတိထားမိရာက မကာရ ရာသီဖွား ဆိုတာနဲ့ ပိုချစ်သွားတော့တာပါပဲ။

ခိခိ။ ကျနော့ စားဖိုမှူးတစ်ယောက်ပါပဲ။
အန်တီအိရဲ့ ဂဇက်ကိုရောက်လာတဲ့ဖြစ်ရပ်လေးက နောက်ခံသမိုင်းလေးနဲ့ဗျ ။
ပထမအကြိမ်အလှူဖြစ်တဲ့နာရေးကူညီမှုအသင်းအလှူအတွက် အီးတီ တို့ ရွှေတိုက်စိုး တို့အလှူငွေလိုက်ယူပေးရာကနေ ဂဇက်ရွာကြီးဆီကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့တာပေါ့ ။
ပျော်ပျော်ပါးပါး ကွန်မန့်လေးတွေရေး …… မုန့်မျိုးစုံ ဟင်းမျိုးစုံချက်ကျွေးနဲ့ ပျော်ပိုက်နေတဲ့ရွာသူကြီးပေါ့…
ဂဇက်ရွာရဲ့ အထင်ကရ စာဖိုမှူးများစွာထဲက တစ်ယောက်ပါဘဲ ။
တစ်ခါက ခရီးသွားအခန်းဆက်ပို့စ်လေးတွေရေးရင်း တင်ပေးခဲ့တဲ့ မက်မန်းသီးတစ်ပန်းကန် ပုံလေးဆိုရင်ဘဲ နိုင်ငံပိုင်သတင်းစာတစ်ခုရဲ့ဆောင်းပါးရှင်က တိတ်တဆိတ်တောင်ကူးယူသုံးသွားပါသေးတယ်   :mrgreenn:
အမှတ်တရအနေနဲ့ပြောရရင် ပြီးခဲ့တဲ့ တတိယအကြိမ် ဆုပေးပွဲနဲ့တွေ့ဆုံပွဲမှာ ဆင်းဒဝစ်ချ်နဲ့ ကော်ဖီကို ကိုယ်တိုင်ဟန်းမိတ်လုပ်ပြီး ရွာသူားတွေကိုဧည့်ခံသွားပါသေးတယ်
(နောက်တစ်ပွဲမှာလဲ မျှော်လင့်လျှက်  :mrgreen:   )
မရှက်တမ်းပြောရရင် ကျနော် နှစ်ပွဲစားခဲ့တာပေါ့   :kwi:
ဟုတ်ကဲ့ …… ဒီနေရာကနေ အမှာစကားပါးရရင် စေတနာကောင်းလှတဲ့ ကျုပ်တို့အစ်မကြီး စားစရာလေးများယူဆောင်လို့ အားရင် လာခဲ့စေချင်ပါတယ်နော   ………

 

 

၆၁)
ဟိုလေ ရွာမှာ သရဲ၊ နတ် စုန်း စတဲ့ ပို့(စ) တွေ ရေးတဲ့ သူတစ်ယောက် ရှိခဲ့ဖူးတယ် ဆို။

ကျနော်မ မှီလိုက်လို့ ပြောပြပါ ဆာဆာ။
မေဖလားဝါး လေ။ ထူးထူးခြားခြား ဘယာနက ရသတွေကို ဂဇက်ရွာမှာ ရေးသားခဲ့သူပါ ။
ယုံတာမယုံတာအပထားလို့ အလွန်ဖတ်ကောင်းပြီး စိတ်ဝင်တစားအားပေးခဲ့ကြပါတယ် ။
နေရာဒေသအစုံရဲ့ နတ်ကိုးကွယ်မှုပုံစံ ၊ မြန်မာ့ရိုးရာလို့ပဲဆိုရမလား ဒါမှမဟုတ် လုပ်လေ့လုပ်ထရှိတဲ့ ဓလေ့ထုံးစံ တင်မြှောက်ပသမှုလို့ပဲဆိုရမလား ………
မေဖလားဝါးရဲ့ ပို့စ်လေးတွေဟာ တောရွာတွေမှာတွေ့ရတတ်တဲ့ လူမှုဝန်းကျင်တွေကို ထင်ဟတ်စေခဲ့ပါတယ်။
ဖတ်ရင်းဖတ်ရင်း ရင်တလှပ်လှပ် ……
ရေငတ်လို့မှ ထမသောက်ရဲ ,……
ညနက်သန်းကောင် ချွတ်ကနဲကြားရင် ကျောမလုံလို့ နောက်ပြန်လှည့်ကြည့်ရ ……
ဒီလို ဒီလို အဖွဲ့အနွဲ့ကောင်းသူတစ်ယောက်ဟာ “”ပြတိုက် “” ဝဘ်ဆိုဒ်ရဲ့ ပင်တိုင်တစ်ယောက်လည်း ဖြစ်ခဲ့သေးတာပေါ့ ။
ကျနော်တို့ ရွာမှာ စာမျိုးစုံရှိတယ်လို့ပြောချင်ရင် မေဖလားဝါး ရဲ့ ပို့စ်လေးတွေဟာလည်း ကဏ္ဍတစ်ခုသီးသန့်ရပ်တည်နိုင်ပါတယ်  လို့  ပြောရင်းးးး ………
ကဲ ဗျာ ……
နောက်တစ်ကြ်ိမ်  သရဲတစ္ဆေတွေနဲ့ က ခုန် ချင်ပါသေးတယ်ဗျို့    :mrgreen:

 

 

၆၂)
အချစ်နဲ့ ပတ်သက်တဲ့ ပို့(စ) တင်တိုင်း သူ့မိန်းမကို သတိရတတ်တဲ့ လူဂျီးပေါ့။
ရွာရဲ့ အခက်အခဲ ဆိုရင် စိတ်ဝင်စားပြီး ကူညီချင်တတ်တဲ့ ကိုအောင် ပါ။
မလာတာကြာလှပြီ။ ထိုင်ဝမ်သားကြီးထင်ပါ့။
သမီးလေးတွေကို ရင်အုပ်မကွာထိန်းသိမ်းနေရလို့များလားမသိ။
သူလည်းကျွန်းသားတစ်ယောက်ဘဲဗျ ။
ကျနော်တို့ဂဇက်ရွာမှာ ပို့စ်တင် ကွန်မန့်ရေးတာ နဲပေမယ့်…
ဂဇက်ရွာရပ်တည်နိုင်ရေး ထောက်ပံ့လှူတန်းနေတဲ့ အလှူရှင်တစ်ယောက်ပါ ။
ဂဇက်ရဲ့ရှေးဦးလူသားတွေထဲကတစ်ယောက်ပေါ့ ။
မြင်ရခဲလှတဲ့ တိုင်ဝမ်ကျွန်းရဲ့ပုံရိပ်တွေကိုလည်း ပြသခဲ့ပါသေးတယ် ။
ကိုအောင်ဆိုတာ ရွာထဲမှာ မတွေ့ရပေမယ့် မီးမှိတ်ပြီးစာဖတ်နေသူပါ တဲ့ ။
ကျနော်တို့အားလုံးက သူ့ကိုမသိရင်တောင်မှ သူကအားလုံးကို သိနေသူပါ ။
ပျောက်နေတာကြာလို့ မလာတော့ဘူးလို့တော့မထင်နဲ့ဗျို့ ……
သူ လည်းဖတ်နေမှာပါ တဲ့ဗျာ….

 

 

၆၃)
ဒွန်ရော်နယ် ရဲ့ ပို့(စ) တွေကို မမန့်ဖူးဗျ။

မလွတ်တန်းတော့ ဖတ်တယ်။
ဗဟုသုတ ရတာနဲ့ တူတူ ရီလည်း ရီရလို့။

နှုတ်ဆက်လိုက်ပါဦး ဆာဆာရေ။
မင်္ဂလာပါ အဘ  (သူကမှတကယ့် အဘ  :mrgreenn:   )
အဘကိုရွာကမတွေ့လို့မေးနေတယ်နော် ။
ကြောင်ရွာတစ်ပုဒ်တင်ပြီးကတဲက ပျောက်သွားလိုက်တာ …… ပေါ်ကိုမလာတော့ဘူး
ဘာတဲ့ …… သူ့ကိုငယ်ငယ်တုန်းက တရုတ်ဦးပေါ်ဦးဆိုဘဲ ဗျ ။
အဲဒါသာကြည့်တော့ဗျာ ……
ဘယ်လောက်များ စကားတတ်ပြီး ပုံတိုပတ်စ တွေနဲ့နောက်ပြောင်တတ်တယ်ဆိုတာ ။
အခု ဂဇက်မှာ အရင်လိုဘဲ ပျော်စရာပို့စ်လေးတွေလာတင်ပါဦး ။
ကခုန်နေတဲ့ ရုပ်ပြောင်အရုပ်လေးတွေရောပဲ ။
ဒီတစ်ခါတော့ တွင်းနက်ကြီးထဲကျတဲ့ မကောင်းဆိုးဝါးကောင်ရဲ့နောက်ဆက်တွဲလေးရေးနော်   :mrgreen:

 

 

၆၄)
“ရိုးသားတဲ့ ကရင်မလေးရယ်။ မေ့ပျောက်လို့ မရတော့ဘူးထင်တယ်”။
ခိခိ။ ကျနော်နဲ့ မယ်ဝါး လု နေရတဲ့ အချစ်တော်လေးဗျ။

ကျနော်ချစ်တဲ့ ရွာသူထဲ သူက ထိပ်ဆုံးက ပါတယ်။
သိပ် အကင်းပါးပြီး မှတ်ညာဏ်အရမ်းကောင်းတယ်။

ရွာကို သံရောဇဉ် ရှိသူမို့ သူ့ကို တစ်နေ့မမြင်ရရင် ဘာများဖြစ်လည်း မှတ်တာပဲ။
ခွစ် ကို နေ့တိုင်း တွေ့ပါရစေ။

:s:
ဒီမှာ ဇီဇီ……… ကျုပ်တို့ စာရေးတဲ့သူတွေအတွက် မရှိမဖြစ်လိုအပ်တာ ဘာလဲ သိလားဗျ ?
ဟဲ ဟဲ  …… မဖြေနိုင်တော့ဘူး မဟုတ်လား ……
မှင်တွေ ကလောင်တွေ ခဲတံတွေ ကွန်ပြူတာတွေ လို့တော့ တလွဲတွေမတွေးနဲ့နော  ……
စာဖတ်သူ ဗျ … စာဖတ်သူ  သိလား ။
အဲဒီ စာဖတ်သူသာမရှိရင် ခင်ဗျားဟာ ခင်ဗျား မိုးပျံနေအောင်ရေးနေလဲ  အလကားဘဲဗျ ။
ဒါကြောင့် စာဖတ်သူဆိုတာ ကျုပ်တို့ ခင်ဗျားတို့ ဝါသနာရှင် တွေအတွက် ပင်မဒေါက်တိုင်တစ်ခုဘဲ ။
အဲ ……… ခရစ္စ  ဆိုတာ အဲဒီလို ဦးယဉ်တိုင်မျိုးဗျ ။
ပို့စ်မတင် ကွန်မန့်နဲနေလည်း သူမဖတ်ဖြစ်တဲ့ ဂဇက်ပို့စ်ဆိုတာ ခတ်ရှားရှား ။
လက်ကုန်ပြောမယ်ဗျာ … မိုးပြာပို့စ်တောင် ဘာရယ်မဟုတ် ဖတ်ဖူးခဲ့သေးတယ် ။
ကဲ … ဒီတော့  ခရစ္စရေ ………
တိတ်တိတ်လေး ဖတ်တာလည်းဖတ်…
အချိန်ရရင်တော့ စာရေးသူတွေအတွက် ကွန်မန့်လေးတွေလည်း ရေးသွားပေါ့နော ……
ပြီးတော့ …… ခံစားချက်တွေ ရှိရင်လည်း အောက်မထားနဲ့ …
ဖွင့်ချလိုက် …… ဖွင့်ချလိုက်    :mrgreen:

 

 

၆၅)
အမျိုးသမီး ရသရေးလက်မှာ အကြိုက်ဆုံးပါ။ မမှီရဲ့ ပို့(စ) တိုင်းမှာ အကြောင်းအရာအရ အရေးအသား ရိုးသားမှုကို ခံစားရတယ်။ ထွင်ရေးတာ မပါဘူးးး၊
နောက်ပြီး မမှီကို သတိထားမိတာ ခေါင်းစဉ်ပေးသိပ်တော်တယ်။ နောက်ပြီး ပို့(စ) ရဲ့ အဆုံးသပ် က လှတယ်။
အမမှီကိုလည်း ရွာမှာ ပုံမှန်မြင်ချင်လိုက်တာဗျာ။

ဂဇက်ကို သံယောဇဉ်မပြတ်ဘဲ ခက်ခက်ခဲခဲကွန်နက်ရှင်ကြားက ချစ်တဲ့သူတွေထဲမှာ ကျုပ်တို့ အစ်မတော် မှီ တယောက်လည်းပါတာပေါ့ဗျာ ။
သားရေးသမီးရေး အိမ်မှုကိစ္စတွေမအားတဲ့ကြားက ဂဇက်ရွာကို မျက်ခြေမပြတ်သူပေါ့ ။
၂၀၁၁ မေလ လောက်မှာ “” မုန့်ဟင်းခါးအလွယ်ချက်နည်း ‘”” ဆိုတဲ့ ပို့စ်လေးနဲ့ ဂဇက်ရွာမှာ ပထမဆုံးစာမျက်နှာ ဖွင့်လှစ်ခဲ့တယ်လေဗျာ ။
မြန်မာလူမျိုး ရှားတဲ့နေရာ … မြန်မာ အစားအစာ ပစ္စည်းပစ္စယ ရှားပါးတဲ့နေရာဒေသမှာ မြန်မာ့မုန့်ဟင်းခါးကိုဘယ်လိုလွယ်လွယ်ချက်ရမလဲဆိုတာ စေတနာထားပြီးကိုယ်တွေ့လေးကိုရေးပြထားတာပေါ့ ။
မြန်မာပြည်နေသူတွေအနေနဲ့မထူးလှပေမယ့် မမှီရဲ့စေတနာ ပေါ်လွင်လွန်းတာကြောင့် ဖတ်ပြီးခြင်းကို ချက်စားချင်စိတ်ဖြစ်စေတာပါဘဲ ။
နိုင်ငံရပ်ခြားနေသူ မြန်မာတွေအတွက်တော့ အဲဒီ ပို့စ်အတိုင်းချက်ပြီး “” ငါတို့ မုန်ဟင်းခါး ကွ”” လို့ကြွားလို့ရတယ်ဗျို့
အမှန်က အဲဒီပထမဆုံးပို့စ်တင်မဟုတ်ပါဘူး အခုနောက်ဆုံးရေးထားတဲ့ ကြံပန်းခိုင် အထိဖတ်ကြည့်စမ်းပါဗျာ ။ ပထမ ပို့စ်ကနေ နောက်ဆုံးပို့စ်အထိ လက်ရည်တပြင်တည်း ဆိုတာ တွေ့ရမယ်ဗျို့ ။
မမှီ အနေနဲ့ မိသားစုတာဝန်တွေကြောင့် ဂဇက်ကို မလာဖြစ်တဲ့ကာလလေးတွေရှိခဲ့ပါတယ် ။ဒါပေမယ့် ရောက်လာပြန်တော့လဲ အားလုံးနဲ့ တရင်းတနှီးကိုဖြစ်လို့ဗျာ ။

ပြီးတော့ သူ့စာသားလေးတွေထဲက ထူးခြားတဲ့ရေးဟန်လေးတွေလည်းသတိပြုမိသဗျ ။
မမှီ ငယ်ငယ်ကအတော်လေးစာဖတ်တာ စုံခဲ့လေတော့ “တိုင်းရင်းမေ ” စာစောင်လေးတွေလည်းဖတ်ဖူးပါလိမ့်မယ် ။
ဘယ်ပို့စ်ဘယ်နေရာမှာ သေသေချာချာ မသိတော့ပေမယ့် တိုင်းရင်းမေ စာစောင်ထဲက ဟန်လေးတချို့ကိုတောင် တွေ့မိခဲ့သေးတယ်ဗျို့ ။
ကဲ ကဲ မမှီရေ ………
နောက်ဆုံးသတင်းရထားတာတော့ ပို့စ်တွေ ရေးထားပြီးပြီတဲ့နော် …
ဖတ်ချင်နေပြီဗျာ :mrgreen:

 

 

 

 

 

66 comments

  • အလင်းဆက်

    August 12, 2014 at 4:46 pm

    ဆက်လက်..ဖတ်ရှုနေပါသည်… ။
    ဖတ်ရင်း… မတွေ ့တာကြာသူတွေကို..လွမ်းရင်းနဲ ့…
    အလွမ်းဆက် လို ့တောင် နာမည်ပြောင်းရတော့မလို…ဖြစ်နေပါပြီ.. ။

    :mrgreen:

    ဟိုလေ…
    မမဂျီး ရဲ ့… ဆီဆီဆာဆာ စာရင်းထဲ…
    ဖွေးဖွေးအကြောင်းလေးများ..ထည့်ရေးပေးပါလားဟင်…
    ဖတ်ချင်လို့ … ။

    ဆိုင်တော့မဆိုင်ဘူးပေါ့. ..။ ဒါပေမယ့်… ဖတ်ချင်လို ့ပါဆို..

    😆

    • ဇီဇီ ခင်ဇော်

      August 12, 2014 at 4:53 pm

      မေ့ကျန်ခဲ့မှာ ဆိုးလို့ မနည်း စဉ်းစားပြီး ရေးနေရတာပါဆို မဟုတ်တာ လာတောင်းဆိုနေတယ်။
      ဖွေးဖွေးထည့်ပြီး ဆက်ဆက်ကို မေ့နေမှ ငိုမနေနဲ့ နော်။
      ဟွန်းးးးး

      :mrgreen:

      • Ko chogyi

        August 13, 2014 at 12:33 pm

        ဖွေးဖွေးအကြောင်းပါအောင်ရေးပေးလိုက်ပါ
        ချစ်သုဝေ ဖွေးဖွေးနှင့် ဒေါ်ဖွားမေတို့အကြား ဗျာများနေသောမောင်လေးလို့

        • ဇီဇီ ခင်ဇော်

          August 13, 2014 at 12:40 pm

          ပြီးမှ ဖွေးဖွေးလည်း မရ
          ဒေါ်ဖွားမေလည်း မရ သော မောင်လေးးး ဆိုပြီး

          :mrgreen:

        • အလင်းဆက်

          August 13, 2014 at 3:41 pm

          ဖွေးဖွေးကိုမှ မရရင်….
          .
          .
          .
          .
          .
          .
          .
          .
          .
          .
          .
          .
          .
          .
          .
          .
          .
          .
          .
          .
          ..
          .
          .
          .
          .
          .
          .နောက်နစ်ယောက်…ပြောင်း…ကြံမယ်…

          ဂစ်ဂစ်

          :mrgreen:

  • ခင် ခ

    August 12, 2014 at 5:04 pm

    ရွာတိုင်းခန်းလှည့်ဝင်တဲ့ စတုတ္ထမြောက်လမ်းကတော့ ရွာ ဆြာ ဆြာမ အချောအလှနဲ့ သဘောကျစရာ လူကြီးတွေ နေတဲ့လမ်းပေကိုး။ ရန်ကုန်လိုဆို ဝင်ဒါမီယာလိုပေါ့ဗျာ။

    • black chaw

      August 12, 2014 at 6:08 pm

      ဇီဇီ ရေ
      အံစာ ဆိုတဲ့ လူကြီး
      ဦးဘက်ကို ဖျက်ဆီးသွားတယ်။
      ပို ့စ် ဝင် မဖတ်ပဲ
      ကွန်းမန် ့ပေးလို ့ ရ အောင်
      သင်ပေးသွားတာ
      ပြောတာပါ။
      WordPress ဆိုလား
      အဲ့ဒါကြီးနဲ ့ ကွန်းမန် ့ ဝင် ပေးလို ့ရ အောင် သင် ပေးသွားတယ်။
      အခုလည်း
      ပို ့စ် မဖတ်ပဲ
      ကွန်းမန် ့ အရင် ဝင် ပေးတာပါ။
      မောင် ပန်းမွှေး က
      ကဗျာလေး တစ်ပုဒ် ရေးခဲ့ဖူးတယ်။
      ဘယ်သူဖြစ်ဖြစ် ဘာဖြစ်ဖြစ်
      ချစ်တယ်ပြော ရင် ဝမ်းသာ သည်
      မုန်းတယ် ပြောရင် လွမ်းပါသည်
      တဲ့။
      ဆိုတော့…
      ဒီပို ့စ်ထဲ ပါတဲ့
      ရွာသူ ရွာသားတွေက
      သူတို ့ကို ချစ်တယ်ပြောလို ့
      ဝမ်းသာကြမှာပါ။
      မုန်းတယ်မ ပြောပေ မယ့်
      ရွာကို
      သူတို ့လည်း
      လွမ်းနေကြ ရှာမှာပါ။
      ချစ်ခင်လေးစားတဲ့
      ဘလက်ချော…။

      • black chaw

        August 12, 2014 at 6:11 pm

        ဆာဆာ့ နာမည် ပါမသွားလို ့
        နောက်ထပ် ကွန်းမန် ့ တစ်ခု
        ထပ်ရေးပါဦးမယ်။
        မကြာမီ လာမည်
        မျှော်…။

        • ဇီဇီ ခင်ဇော်

          August 12, 2014 at 7:15 pm

          ဘာတုန်းးး
          ဟွန့်။
          သင်တဲ့သူ နာမည်ပျက်အောင် ကွန်မန့်ကလည်း တလွဲကြီးးး
          ကိုခ ကော်မန့်ကို ရီပလိုင်းလုပ်တာတဲ့။
          ဟီးဟီးဟီးးး
          ကွကိုရ် အေးအေး အသံသွင်းနေတာမဟုတ်ဘူးးး
          လာချင်သေးတယ်။
          အေးဆေးမှလာ…..
          ဖတ်ပြီး မှ ကော်မန့်ပေးးး
          :s:

    • ဇီဇီ ခင်ဇော်

      August 12, 2014 at 7:16 pm

      အဲလိုမဟုတ်ပေါင်ဗျာ။
      လူတိုင်း အလှကိုယ်စီ လှကြချောကြလွန်းလို့ တစ်လမ်းဝင်တိုင်း သတိထားနေရတယ်။
      ချော်လဲမှာ စိုးလို့လေ။

      :k:

  • thit min

    August 12, 2014 at 6:55 pm

    အပိုင်းလေးဆိုတော့….အပေးလိုင်းကိုး..။

    …………

    သူတို့လက်ထဲမှာ..ဇီဇီဆာဆာရဲ့လက်ထဲမှာ..
    လူသစ်လူဟောင်းတွေရဲ့…
    အတိတ်ပုံရိပ်တွေ..
    လက်ရှိအရောင်အသွေးတွေ..
    ပုံဖော်နေတဲ့..စုတ်တံလေးတွေ..ရှိနေပြီးးးးး
    လှပတဲ့ စုတ်ချက်တွေနဲ့ ပန်းချီကားတွေ တချပ်ပြီးတချပ်နဲ့..
    ခု ၄ ချပ် မြောက်ခဲ့ပါပေါ့..။
    စွမ်းနိုင်သူများပါလို့..။

    • ဇီဇီ ခင်ဇော်

      August 12, 2014 at 7:12 pm

      အပေးလိုင်း ကို လာ အားပေးတဲ့ ကိုသစ်မင်းကို ကျေးဇူးပါ။
      တစ်ယောက်ချင်းစီမှာ ကိုယ်ပိုင်အလှတရား ကိုယ်စီရှိပြီးသားမို့ မီးမောင်းထိုးပြရုံပဲလုပ်ရတာပါဗျာ။

      😆

  • lu lu

    August 12, 2014 at 7:18 pm

    ခုတလော အမျိုးမျိုးသော ကိစ္စ ဝိစ္စတွေကြောင့်
    ရွာသူတစ်ယောက်အနေနဲ ့တာဝန်များစွာပေါ့
    လျော့ခဲ့သောကြောင့်တောင်းပန်ဗျာ့စေ ဇီဇီ ရယ်
    စာကောင်း ရသကောင်းတွေထွက် လာဖို ့အတွက်
    စာတွေပဲဖတ်ဖြစ်နေပါတယ် ။ အလုပ်တွေလည်း
    တအားရှုပ်လို ့ ပင်ပမ်းတဲ့အချိန်မှာ အမောမပြေတဲ့အပြင်
    အင်တာနက်
    လိုင်းကိုစိတ်ပျက်ဒေါသထွက် ရလွန်းလို ့ရွာထဲ သိပ်
    မဝင်ဖြစ်ပါဘူးး ။ စာရေးခြင်း အနုပညာကို နှစ်သက်မြတ်နိုး
    တဲ့ ကချင်သပုန် ။
    :mrgreen:

    • ဇီဇီ ခင်ဇော်

      August 12, 2014 at 7:29 pm

      မဝင်ဖြစ်တဲ့ အချိန်တွေမှာ ကြိုးစားပြီး ရေးထားလေ လုလုရေ။
      ဝင်ဖြစ်တဲ့ လိုင်းကောင်းတဲ့ အချိန်ကို တင်လေကွယ်။

      :s:

  • နှူးဘာ မိဂီ

    August 12, 2014 at 7:37 pm

    ပိုစ့်ကိုဖတ်ရတာ ယုစ့် ရဲ့ အလှ ကိုကျိရသလိုပဲ ပြည့်စုံလွန်းနေတဲ့အတွက်
    အထွေအထူး မှတ်ချက် ပေးစရာမရှိပါဂျောင်း…
    ကောမန့် ဝင်ရေးသွားပါသည်..။။

    ပြန်လိုက်ပါအုံးမည်…
    (ဈာစာျထက် ပုံသစ်တက်သတဲ့ … )
    ဝါသနာပါလို့ မဟုတ် ခေတ်မီအောင်လို့ပါ…

    အားးးဟိ..

    • ဇီဇီ ခင်ဇော်

      August 12, 2014 at 7:42 pm

      ယု ထက်လှသောသူ ရေးတာဖြစ်သောကြောင့် (အဟွတ်) ပို့(စ) က လှရခြင်းဖြစ် (အဟစ်) ။
      :kwi:

      နိ မို့ သားစိတ်မယားစိတ်ကုန်မဲ့ ဈာစာျထက် ပုံတွေ ကြည့်ဖို့ ကြံနေတယ်။

      :byee:

      • နှူးဘာ မိဂီ

        August 12, 2014 at 8:33 pm

        ဝုတ်ကဲ့ဘာ ဝုတ်ကဲ့ဘာ
        ယုစ့်ထက် လှဘာဒယ် ယုစ့်မယှဉ်သာဘာဘူး

        နနထ တို့ ရဇ တို့ ဇဇထ တို့ ဇသဇ တို့ မမမ တို့ လောက်ကို လှဘာဒယ်..

        ငိငိ

  • pooch

    August 12, 2014 at 8:56 pm

    ခု​ရေးသမျှအပိုင်​း​တွေထိသိ​သေးတယ်​ဆို​တော့ ကိုယ်​့ရွာသက်​လည်​းမနည်​းဖူးပဲ

    • ဇီဇီ ခင်ဇော်

      August 13, 2014 at 7:26 am

      အဟိဟိ။
      လူတွေကို သိတယ် မှတ်မိတယ် ဆိုတာ
      ရွာသက် နည်းတာ များတာထက် Observation ကောင်းတာ နေမှာ။
      :s:

    • ဇီဇီ ခင်ဇော်

      August 13, 2014 at 7:27 am

      kyayy zuu tin par the, with PC

      🙂

  • မယ် ပု ရယ် ညည်းရွာသက်ကလဲ မနည်းပါဘူးအေ

    ဖလ်နန်းထက်လိုလေး တစ်ပုဒ်လောက်ရေးပါအုံးအေ

  • ဦးကျောက်ခဲ

    August 12, 2014 at 10:42 pm

    ပြောရရင်တော့ ဂဇက်က ကျောက်စ်အတွက် အမှတ်တမဲ့တွေကို အမှတ်တယဖြစ်စေတယ်…
    လူမသိအောင် ပုန်းပြီး စာရေးပါမှ… အပြင်လောက က မိတ်ဆွေတွေ ဂဇက်ထဲရောက်နေလို့…
    ပရိုက်ဗိတ်မေးလ်ကို စာပို့ပြီး ကွန်မန့်ပေးတာက ၂-ယောက်… (ဘယ်သူတွေလည်း မသိ)
    သူငယ်ချင်းတွေရဲ့ အိမ်သူသက်ထား ဇနီးမယားက ၃-ယောက်… (ရွာဝင်ခဲ့ပါဗျို့)
    ဗရုတ်ကျခဲ့တဲ့ဇာတ်လမ်းတွေအကုန်သိတဲ့ မ Tin Tin Htwe …. (ဘယ်ပျောက်နေတယ်မသိ)
    ငယ်သူငယ်ချင်း ဂလု Grauda …. တဂျီးနဲ့ငြိပြီး မလာတော့ဘူး… (ပြန်လာခဲ့ သယ်ရင်း)
    ဘဝတကွေ့မှာ ဇာတ်လမ်းရှိခဲ့ဖူးတဲ့ လူဂျီးတစ်ယောက်ရဲ့အမျိုး… ကိုဆွေ
    ဟို… CJ ကြီး ကိုထူးဆန်းကတော့… ဘယ်စာရင်းထဲသွင်းရမယ်မသိ… ဟီ ဟိ
    :k:

    • ဇီဇီ ခင်ဇော်

      August 13, 2014 at 7:29 am

      သများက ရော ဘယ် စာရင်းထဲ ပါတုန်းးး
      အမွေတောင်းမလို့။
      :s:

  • မြစာကလေး

    August 12, 2014 at 11:08 pm

    တောက်စ် (မူ – ဂ) – ကြိုက်သကွယ်။ အဲဒီ သရုပ်ဖော် ပုံလေးတွေ ကို။
    အဲ့ ဆံပင် စတိုင် လေး လဲ လှ တယ် ဇီ။

    ရွာထဲ ကို အိမ်စာ ဘယ်သူပြီး လဲ ဝင်စစ် တာ။
    အဂါင်္ သားသမီး ရဲ့ အိမ်စာဘဲ ပြီး တယ်။
    နှစ်ယောက် အားမို့လားမသိ။
    ဟို တနလာင်္နံ မောင်မောင်ကျောက်စ် မြေကြွက်စ် ကတော့ မီးဖိုချောင် ဝင်နေရလို့လား။
    စာမပြီးသေး။

    (၄၉) ကိုရင်စည်လေး – ပြောရရင်တော့ အမျိုးလှည့်ပါတ်တော်ချင်ရင် အစ်ကို မောင် တွေ နဲ့ စပ်ပြီး တော်လို့ ရတယ်။ ကိုယ့် သွေးအားလုံး က ပင်လယ်ပျော် တွေမို့ သူတို့ နဲ့ ရောပြီး ကိုရင်လေး ကိုလဲ အမျိုးလိုပါဘဲ။
    သူ့အိမ်လွမ်းချင်းလေးတွေ ကို ကိုယ်ချင်းစာတဲ့ စိတ်ရင်း နဲ့ ခံစားပြီး ဖတ်ခဲ့တာပါ။
    အဆင်ပြေချိန် ရွာထဲ ပြန်ဝင်ခဲ့ပါ ကိုရင်လေးရယ်။

    (၅၀) Grauda – သူကြီး တို့ အဘဖော တို့က တစ်ဖက် Grauda က တစ်ဖက် ပွဲကြီး ပွဲကောင်း တွေ ရှိဘူးပါ့ရှင်။
    ဒီ နှစ်ယောက် ကို အခြေအတင် ပြောနိုင်သူ ရှားရှားပါးပါး လေးမို့ မောင်ကြီး Grauda ရယ်
    ပြန်လာနိုင်ရင် ပြန်ခဲ့ပါ့။ ရေချမ်း နဲ့ စောင့်ခေါ်ပါမယ်။

    (၅၁) ကြောင်ဝလေး – ပန်းသီးချစ်သူကြီပေါ့။ ရွာထဲ တစ်ခြား အကြောင်းသာ မသိချင် မကြားချင် နေမယ်။ ပန်းသီး သံ ကြားလို့ ကတော့ ပယောဂ မှန်လို့ တုန်ဆင်းလာမြဲ။
    သူစခဲ့တဲ့ ကိုဂျွန်နီ ခမျာ လဲ ဇာတ်ခုံပေါ်မှာ တန်းလန်းကြီး။
    အဲဒီကနေ မှတ်ချက်ပေးဖို့ စောင့်နေတဲ့ အရီး လဲ စာတွေ မေ့တော့ မယ်။
    ကဲ ရွာစား ရေ မတိမ်း မဆောင်း ဗိန်းဗောင်း လေး ထုပါဦး။
    ဂျွန်နီ ရဲ့ ဇာတ်ပွဲ ပြန်ထွက်ရအောင်လို့။

    (၅၂) ရွာသူ မဖြစ်ခင် မှာ ရွာသူ ဖြစ်ရလေအောင် ဆွဲဆောင်ခဲ့သူထဲ “ရွာတော်ရှင်ဆူး” အပါပေါ့။
    မှတ်မှတ်ရရ သူ့ ရဲ့ “ရွာ့ အစည်းအဝေး အပိုင်း တွေ” ကို ဖတ်ပြီး အူလှိမ့်ရီခဲ့ဘူးတယ်။
    သူကြီး ကို တောင်ရှည်ကြီးပေးဝတ်ပြီး ချွေးသုတ်ခိုင်းတာ။ အဲဒီ စာလေး တွေ ကို လွမ်းပါတယ်။
    သူ့မှာ အင်မတန် ချစ်ဖို့ကောင်းတာတစ်ခုကလဲ အသစ် တွေ ဆို တကယ်ဘဲ လှိုက်လှိုက်လှဲလှဲ ခရီးဦးကြိုသူပါ။
    ခြေထောက်မှာ ဗွေ ပါလားထင်ရအောင် ခရီး သွားနိုင်သူလဲ ထင်ပါ့။ သူ့ ခရီးသွား ဆောင်းပါး တွေ နဲ့ ရောက်ခဲ့တဲ့ နေရာ တွေလဲ မနဲဘူး။
    သူကလဲ ချစ်လို့ ကို အပြင်မှာ ရအောင် သွား တွေ့ခဲ့ သူထဲ က တစ်ယောက်ပေါ့။
    သူလဲ တူနှစ်ကိုယ်တိုင်းပြည် ထူထောင်အပြီး ရွာ ဘက် ခြေမချနိုင်သူပေါ့။
    ဂဇက် နဲ့ ဆူး ခွဲမရပါ ဆူး ရယ်။ပြန်လာပါဦး။

    (၅၃) လုလု – နာမည်ကြားတာနဲ့ အရီး တို့ ခေတ်က “တစ်ခါက တစ်ဘဝ” ကျော်ဟိန်း နဲ့ ခင်သီတာထွန်း ရုပ်ရှင်ကို သတိရတယ်။
    မင်းသမီး က လုလု၊ မင်းသားက ဒေဝ လား၊ ဝေဋ္ဌု လား မမှတ်မိတော့ဘူး။
    တိုင်ရင်းသားချစ်ကြည်ရေး လုပ်ဖို့ ဆို ဒီ ကလေးမ ကို အားကိုးရမယ်။
    ဆဆာ ပြောသလို ဘဲ လူဟောင်းတစ်ယောက်လို ရှိပြီး သူတွေ နဲ့ ချက်ချင်း ကို အံဝင်အောင် နေနိုင်တာကိုး။
    ဆကာတင် Post လေး အတွက် လဲ Congratulations ပါ လုလုရေ။

    (၅၄) Mလုလင် – ဓာတ်ပုံ လို့ ပြောရင် Mလုလင် ကို ရှေ့ဆုံးက မြင်ပါတယ်။ ဘောင်ကွတ် ထားလေ့ ရှိတယ် သူ့ ဓာတ်ပုံ လေးတွေ က တကယ်ဘဲ အဆင့်မြင့်ပါ့။
    စာရေးလဲ ကောင်းသူပါ။ ဒီလို လူ က ရွာက လက်လွှတ် ဖို့ မဖြစ်ပါဘူး။
    အချိန်လေးများ ပေးပြီး ဝင်နိုင်ချိန် ဝင်လာပါဦး။
    အမှန်တော့ ကိုးနတ်ရှင် ကောင်း ပြီး ရွာ ကို အဝင်ရ မခက်ရင် လူ တွေ ဒီလောက် ပျောက်မယ် မထင်ပါဘူး။

    (၅၅) ကထူးဆန်း – မပြောတော့ဘူး။ မပြောတော့ဘူး။ လူထူးဆန်းကြီး အကြောင်း ကို။
    အလှူငွေ လေး ကို တစ်ခုတ်တစ်ရ သွားပြီး ယူပေး၊ လှူ ပေး ဘူး တာလေး ကိုတော့ အမြဲ အမှတ်ရ ကျေးဇူးတင်ပါကြောင်းလေး။
    ရွာထဲ မှာ အသံမပေး ဘဲ ပျောက်နေတာကိုတော့ မကျေနပ်ဘူး ဆရာ။
    တစ်ပါတ် မှာ တစ်ခါ နှစ်ခါ အသံ လေးပေးနိုင်ရင် ကို ကျေနပ်တဲ့ အခြေပါရှင့်။

    (၅၆) မနို – အချောအလှ ထိပ်ခေါင် ရွာ့ မင်းသမီး ကို ကိုရီးယားချဉ်ပတ် ကင်မ်ချိ နဲ့ တွဲ မှတ်မိ မိ တာ။ နိုဗီ လို့ စစ သိချိန် သူ့ Avatar ပုံ လေး ကို လဲ သဘောကျလို့ မဆုံးဘူး။
    သူ့ ပုံ ကို မြင်ဘူး လိုက်တော့ အဲဒါထက်တောင် ချောနေတော့ တာလေ။
    ဒါလင် ကို လဲ ဂရုစိုက်ပါ။ ရွာ ကိုလဲ သတိရပါ မနိုရယ်။
    စစ်ကိုင်း မှာ ကိုင်မိတဲ့ သူခိုး လက် အကြောင်း မျိုး လဲ ရေးပါဦး။ အသက်ပါလွန်းလို့။

    (၅၇) မောင်ရဲစည် – စကားများများ မပြောချင်ဘူး။ မင်း ဆရာ “စိန်ကြက်ဆင်” ကို ခေါ်လာပါ။ ဒါဘဲ။
    ခေါ်လာနိုင်ရင် ကွန်ချီတာ လေး နဲ့ မိတ်ဆက်ပေးမယ်။
    ဟိုတလောက ကျက်ထား တဲ့ ပရိတ်စာ တွေရော ရ သေးလား။

    (၅၈) လကဗျာ – ရွာထဲ မှာ လူတစ်ယောက် အရည်အချင်း တစ်မျိုး မှာ ဟာသ နဲ့ တင်ဆက် တတ်တဲ့ အရည်အချင်း ကတော့ ပေါ်ပြူလာ အဖြစ်ဆုံးပေါ့။
    ဒီ အရည်အချင်း ရှိသူ လေးရယ်။ ရွာကို မကြာမကြာ လာပြီး ဂလိထိုး လှည့်ပါ။

    (၅၉) မနော – ရိုးသား ကြိုးစား နေ တဲ့ အားမာန် အပြည့် မိန်းကလေး တစ်ယောက် ရဲ့ ပုံရိပ် ကို ဆောင် နေသူလေးပေါ့။
    ရွာထဲ က စီနီယာ နာမည်ကျော် တွေထဲ က တစ်ယောက် မို့ လေးစားပါတယ် မနော ရေ။

    (၆၀) မအိ – အီကိုသူ ညီမ တစ်ယောက်လို့ ထင်မိတယ်။ တစ်ခါတစ်ခါ မှ စာရေးသူဖြစ်ပေမဲ့ တစ်ခါ ဆို တစ်ခါ အဖိုးတန် စာတွေ ချန်ထားတတ် သူပါ။
    ဟင်းချက်ကောင်း တဲ့ သူ အစားအသောက်ကောင်း လေးတွေ လုပ်ပုံ ကို Post တင်တတ်သူ မို့ မှတ်မှတ်ထင်ထင် ရှိပါတယ်။
    သူ ခေါ်လို့ ရှမ်းပြည် လိုက်လည် ရတာလဲ မှတ်မိတယ်။
    အမှတ် မမှားရင် ခင်ဝမ်း ရဲ့ ပန်းချီကား တွေ ကို မျှဝေ ပြပေးခဲ့ တာလဲ မအိပါဘဲ။
    ဟုတ်တယ်နော်။

    (၆၁) မေဖလားဝါး – သူ့ရဲ့ သရဲတစ္ဆေ အကြောင်း အပြင် ဗီယက်နမ် အစာ ကို ရေးထား တဲ့ လေး ကိုလဲ မှတ်မိနေတာဘဲ။
    အဲလိုမျိုး အဲလိုမျိုး လေးတွေ နဲ့ ရွာ ကို အသံပေး ပါဦးလား မေဖလားဝါး ရယ်။

    (၆၂) ကိုအောင် – ကိုအောင် ဆိုရင် သူ့ သမီး အချောလေး နှစ်ယောက် ကို အရင် မှတ်မီပါတယ်။
    ပြောရရင် သူ တင်တဲ့ Post တွေက ဟင်းလျာ တွေ ကြည့်ကြည့် ပြီး နေ့လည်စာ ဆင်းဒဝစ် စားချိန် ကို ပျော်အောင် နေခဲ့ရသူပါ။
    သနားရင် အဲဒါမျိုး လေးတွေ သားရေကျ အောင် ထပ်မျှပါဦး ကိုအောင် ရယ်။
    သမီးလေးတွေ ပညာရေး အကြောင်းလဲ Update လုပ်ပါဦး။

    (၆၃) ဒွန်ရော်နယ် – ရိုးသားစွာ ဝန်ခံ ရရင် သိပ်ပြီး မရင်းနှီး ဘူး။
    ရင်းနှီး သွား အောင် ပြန်လာပါဦး လား။

    (၆၄) ခရစ္စ – ဟော လာပါပြီ။ ဘောလုံး ပွဲ ကြည့် ဖက် လေး။
    မှတ်မှတ် ရရ။ အရင်နှစ်က ၂၀၁၂ က ခရစ္စ ရယ်၊ မောင်ဖက်ရယ်၊ မောင်ဂီ ရယ်၊ မိုးဇက် ရယ် နဲ့ ဥရောပဖလား ကြည့်တာ။
    ခရစ္စ ရဲ့ အသင်း စပိန် နိုင်သွားပေါ့။
    အရီး ကတော့ သူ့ ကို မကြည်စင် လို့ ခေါ်တယ်။
    တကယ် ကရင်မလေးလား။

    (၆၅) မမှီ – မှတ်မှတ် ရရ ကိုယ်ရွာထဲ စဝင်ချိန် မမှီ ပြည်တော်ပြန် ဖို့ နှုတ်ဆက်ချိန်ပါဘဲ။
    သူ့စာကောင်းကောင်း လေး တွေ ကို စ ဖတ်လို့ မှ အားမရသေး ပျောက်သွားတော့တာ။
    အခုလို တစ်ချက် တစ်ချက် လေး ပြန်ပေါ် လာတာ ကို က ရွာ ကို ဘယ်လောက် သံယောဇဉ်ကြီးမှန်း မှန်းလို့ ရပါတယ်။
    စာလေးတွေ ဆက်ရေးပါ။ မျှော်နေသူတွေ ရှိပါတယ် မှီ ရယ်။
    :-))))

    • surmi

      August 13, 2014 at 12:26 am

      ကျေးကျေးပါအရီးရယ်
      အခုလို အားဖြည့်ပေးတော့ ပိုပြီးပြည့်စုံသွားတာပေါ့ ။
      မနက်မှဘဲပြန်လာတော့မယ်ဗျို့ ……
      မြန်တျန့် စံတော်ချိန် ည ၁၂ နာရီ ၂၅ ဖြစ်နေလို့ :mrgreen:

    • ကထူးဆန်း

      August 13, 2014 at 6:52 am

      ရွေးကောက်ပွဲဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ၊ (၂၀၁၅) (တသီးပုဂ္ဂလ)
      ဖြစ်ဖို့ အာမခံကြေးတင်ရမဲ့ ငါးသိန်း ရအောင် ခြစ်ခြုတ် စုနေရတာရယ် အဝိုင်းခုထိ မရပ်နိုင်သေးတဲ့ MPT ကြောင့်ရယ် ရွာထဲ အပြေးအလွှားဝင် အပြေးအလွှားဖတ်ပြီး မမန့်ဖြစ်လို့ပါ အရီးရယ်
      တကယ်တော့ ရွာပြင်တော့ နေ့စဉ်နီးပါးလောက် ရောက်ပါတယ်..

      ပုံ
      ကထူးဆန်း
      ( ရွေးကောက်ပွဲဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ၊ ၂၀၁၅) (တသီးပုဂ္ဂလ)
      မန်းဂေဇက် စီဂျေ (အငြိမ်းစား)
      မဒမ်ထူးဆန်း
      ( ရွေးကောက်ပွဲဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ကိုယ်စားလှယ် ၊ ၂၀၁၅) (တသီးပုဂ္ဂလ)
      မန်းဂေဇက် စီဂျေ (အငြိမ်းစား) ကတော် (အဂ္ဂမဟေသီ မိဖုရားခေါင်ကြီး)
      (အန်တီမမ ၏ comment မှ )
      :mrgreen:

  • Crystalline

    August 13, 2014 at 7:13 am

    အပိုင်းမှာလေးကို ခုမနက်မှဖတ်ရတယ်… ဒီလူတွေလည်းအကုန်သိသေးတယ်… မမေဖလားဝါးနဲ့မမိုချိုတို့အကြောင်း အပိုင်း၃ ဖတ်ကတည်းက သတိယနေမိသေးတာ :))
    သများလည်း မိုးတွင်း ရေတက်ရက်တွေဆို စိတ်ဂယောက်ဂယက်ဖြစ်ပြီး ရွာထဲမဝင်နိုင်ဖြစ်နေတယ်.. :((

    • ဇီဇီ ခင်ဇော်

      August 13, 2014 at 7:25 am

      ဟယ်။
      ဒီမှာလည်း တစ်ဂေါက် ပေါ့.။ :mrgreenn:
      သများကတော့ ဂေါက်တဲ့ ကြားက ပို့(စ) တွေ တန်းစီ ရေးဖြစ်နေလို့ ဂေါက်နေတာပိုကောင်းသလား မှတ်ရ။
      စကားမစပ် ခွစ်လေးကို မြင်တော့ ဝါး ကို လွမ်းတယ်။

      😥

  • kyeemite

    August 13, 2014 at 9:22 am

    အင်း…အပိုင်းလေးအထိတော့ အကုန်သိနေသေးတယ်….ဒါပေမဲ့အဲ့ထဲက တစ်ချို့တွေ ပျောက်ချက်သား
    -ကောင်းနေကြတော့ ..မေ့တေ့တေ့တောင်ဖြစ်နေပေါ့ဗျာ…. :))
    -အထူးသဖြင့်ကတော့
    -ကိုရင်စည်သူ
    -Grauda
    -မေဖလားဝါး
    -ကိုအောင်
    -ဒွန်ရော်နယ်…တို့တတွေပေါ့…ရွာထဲပြန်လာကြပါအုံးလို့ ဆာဆာ ဇီဇီ တို့ အရီးမုတ်ဆိတ်တို့လိုပဲ
    -ကျုပ်ကလည်းမေတ္တာနဲ့ဖိတ်ခေါ်လိုက်ပါဂျောင်းးးးး :))

    • ဇီဇီ ခင်ဇော်

      August 13, 2014 at 10:00 am

      အုတ်ကထဂျီး မစ်တာ ဝေဒယ်။
      .
      .
      .
      .
      ဘာဖြစ်စေချင်တုန်းဟင်?
      :s:

      • kyeemite

        August 13, 2014 at 10:32 am

        -ရွာသူတွေယောက်ကျား ညန်ညန်ရပါဇီ :k:

  • weiwei

    August 13, 2014 at 9:27 am

    ကွန်မန့်ပေးထားပြီးမှ တက်မလာလို့ နောက်တစ်ခါ ပြန်ဝင်ပြီး ပေးရတယ် ..
    အခုအထိ အားလုံးကို သိနေပြီး တစ်ချို့တွေကို သတိရနေမိပါတယ် ..
    အထူးသဖြင့် ရွာတော်ရှင်လို့ခေါ်ကြတဲ့ ဆူးကိုပါ ..
    သူ့ကြောင့် ရွာစည်ကားလာခဲ့တယ်ဆိုတာက 2011 နဲ့ 2012 ပတ်ဝန်းကျင်မှာ ..

    • ဇီဇီ ခင်ဇော်

      August 13, 2014 at 9:47 am

      ဆူး ကို ပြန်ခေါ်လို့ ရရင် ပြန်ခေါ်ပေးပါ ဝေရေ။
      🙂

      • kai

        August 13, 2014 at 11:51 am

        မြန်မြန်မလာရင်.. နောက်တယောက်ထပ်ရမယ်ပြောလိုက်…
        ကလေး..ကလေး…. :k:

  • weiwei

    August 13, 2014 at 9:30 am

    ကာတွန်းပုံမြင်တော့ ရုပ်ရှင်ကို သတိရသွားတယ် ..
    စန်ဒရာဘူးလော့ရဲ့ကား the lake house ..
    မှန်တွေအပြည့်နဲ့ အိမ်တစ်လုံးရယ် .. စာတိုက်ပုံးလေးတစ်ခုရယ် .. ခွေးတစ်ကောင်ရယ် ..
    အချိန်တွေ နောက်ပြန် ရောက်သွားတဲ့အကြောင်းရယ် ..
    ဒါပေမယ့် အတိအကျတော့ မမှတ်မိတော့ဘူး ..

    • ဇီဇီ ခင်ဇော်

      August 13, 2014 at 9:50 am

      ဒီ ကားက ကိုရီးယားကားကို ဟောလီးဝုဒ် က ပြန်ရိုက်တာ ဝေရေ။
      ကိုရီးယား ကားက ပိုကြည့်ကောင်းတယ်။
      ဆန်ဒရာဘူးလော့(ခ) က အချစ်ကားနဲ့ မလိုက်ဘူးးး
      ကီညူးရီ(ဖ) လေးကိုတော့ အရမ်းချစ်တာရယ်။
      :chit:

      ခေတ်မတူ နဲ့ သူ ၂ ယောက် စာ ပေးစာယူနဲ့ ချစ်မိကြတာ၊.
      ၊ဘယ်တော့မှ မတွေ့နိုင်တဲ့ ၂ ယောက်ပေါ့။
      😥

  • TNA

    August 13, 2014 at 9:31 am

    သုံးနဲ့လေး ကဝေးနေလို့မျှော်နေဒါ။ သိသူ မသိသူ မေ့နေသူတွေရောနေပြန်တဲ့ပိုစ့်ပေါ့။ ဒီထဲကလူတွေက မလာတာကြာနေကြသူတွေမို့လွမ်းသွားပါတယ်

    • ဇီဇီ ခင်ဇော်

      August 13, 2014 at 9:46 am

      ဟို ဗေဒင် ဆြာ ခွင့်ယူသွားလို့ အိမ်စာမပေးရတာကြာလို့ ဝေးသွားတာပါ မွသဲရယ်။
      ဒါတောင် မနေ့က ဇွတ်တင်ရတယ်။
      မစောင့်နိုင်တော့လို့။
      သများ ရဲ့ မဟုတ်သုက္ခ ပို့(စ) လေးတွေလည်း တင်ချင်သေးတာကိုးးလို့။

      :kwi:

    • surmi

      August 13, 2014 at 9:47 am

      ဂျီးတော်ဒေါ်သဲနုပျောက်နေတဲ့ကာလက တစ်နှစ်လောက်ကြာသဗျ ။
      အဲဒီကာလမှာ ဝင်လာပြီး ဂျီးတော်ပြန်ရောက်တဲ့အချိန်မှာ ပျောက်သွားကြလို့ ခတ်စိမ်းစိမ်း ဖြစ်နေကြတာလေ ။
      တချို့လည်းအပြင်က ဖတ်နေမယ်ထင်မိပါတယ်

      • TNA

        August 13, 2014 at 3:44 pm

        အိမ်သာနက်ပတ်တနာဂျောင့်တနှစ်လောက်ပျောက်သွားရတာရယ်။ အိုက်ကာလက ဖုန်းနဲ့သုံးလို့သိပ်မရသေးတဲ့အချိန် ADSL လိုင်းဆွဲထားတာကလဲ ရွာထဲမပြောနဲ့ ဖဘတောင်ဝင်မြ ကွန်ပလိန်းတက်တော့လဲ လာမလုပ်နဲ့ နောက်လုပ်ငန်းအပြောင်းအလဲတွေကြားထဲ ရွာနဲ့ဝေးသွားတာ ကဝိကျော်ရေ။ ခုမှဖုန်းလေးနဲ့ ပြန်အဆင်ပြေသွားလို့။

  • Nyo Win

    August 13, 2014 at 10:46 am

    ဇီဇီဆာဆာ…ရဲ ့ဖတ်အားနဲ ့မှတ်ဉာဏ်ကတော့တကယ်ကောင်းဗျာ…
    တစ်ဦးချင်းစီရဲ ့ပိုစ့်တွေထဲက..မှတ်သားဖွယ်အပိုင်းအစလေးတွေအထိမှတ်မိနေတာ…
    အပိုင်း (၄) ထဲမတော့ ဒွန်ရော်နယ် ကလွဲပြီး အားလုံးသိတယ်။

    • ဇီဇီ ခင်ဇော်

      August 13, 2014 at 11:30 am

      ခိခိ။
      သိပြီမလားးး
      လက်ဖက်ရည် ကြိုတိုက်မလား မတိုက်ဘူးလားး

      :s:

  • Mr. MarGa

    August 13, 2014 at 12:08 pm

    အဲ.. ဒီထဲမှာတော့ မသိသူတွေ ပါလာပြီ
    ရွာထဲမှာ သန်းခေါင်စာရင်းဖြည့်ပြီး ရွာပြင်ထွက်နေတဲ့ကာလက ဖြစ်မယ်ထင့်

    • ဇီဇီ ခင်ဇော်

      August 13, 2014 at 12:11 pm

      ဟင်?
      မသိဘူး??
      ဘယ်သူ့ ကို မသိတာတုန်း??

      • Mr. MarGa

        August 13, 2014 at 7:37 pm

        မေဖလားဝါး တို့ ကိုအောင် တို့ ပေါ့ဗျာ 🙂

        • ဇီဇီ ခင်ဇော်

          August 13, 2014 at 8:04 pm

          ကွန်ဂရက် မွှေတယ် ဆိုပြီး မတွေ့ခဲ့ ဘူးလားး

          :kwi:

    • ဇီဇီ ခင်ဇော်

      August 13, 2014 at 12:41 pm

      ဟုတ်။ ဦးဆာ မှတ်ညာဏ် ကောင်းလွန်းလို့ မှတ်တမ်းတင်နိုင်တာ။

      🙂

      • surmi

        August 13, 2014 at 12:56 pm

        တကယ်တော့ ကြံရည်ကြိတ်စက်ကြီးကောင်းလွန်းတာဖြစ်မှာပါလေ :kwi:

        အားလုံးပြီးရင်တော့ ကြံဖတ်တွေမီးစိုက်လို့ရပြီ :mrgreen:

        • ဇီဇီ ခင်ဇော်

          August 13, 2014 at 1:06 pm

          ဟမ်မလေးးး
          အဲဒီ အချိန် ကြံရည်ကြိုစက် ကြီးလည်း……
          .
          .

          “ပြောင်ပြောင့် မေတ္တာအနန္တာ….. နှစ် ၃ဝ ဆို ကျိုလိုက်ပါ” စီမံကိန်းထဲ ရောက်တော့မယ်။
          ၃၃ နှစ် ရှိပြီ ဆိုတော့လေ။

          :kwi:

  • Ma Ei

    August 13, 2014 at 1:00 pm

    အမှတ်တရ လေးအတွက် ကျေးဇူးပါ ဇီဇီ..ဆာဆာ ရေ…
    ဒီရက်ပိုင်း အလုပ်များနေလို့ ရွာကို အပြေးလွှား ခဏလေးဘဲ ရောက်ဖြစ်နေတာ..
    ပို့စ် လေးတွေတင်ဘို့ရာ တွေးထား ရေးထား တာလေး နဲနဲရှိပါတယ်…
    မလတ်ရဲ့ အမှတ်တရ အတွက်လဲ ကျေးဇူးပါ…
    <3

    • ဇီဇီ ခင်ဇော်

      August 13, 2014 at 1:08 pm

      လွမ်းနေတယ် မွအိရေ။
      အားရင် ဟင်းချက်ကျွေးဦးနော်။

      :s:

  • Kaung Kin Pyar

    August 13, 2014 at 2:03 pm

    တချို့တွေကိုမသိဘူး…။ သိတဲ့သူတွေလဲ သိတယ်….။ သူရို့ချစ်ဖို့ကောင်းတာလေးတွေ ပိုပိုသိသွားလို့…ပိုပိုချစ်သွားပါကြောင်းးးးး
    :s:

    • ဇီဇီ ခင်ဇော်

      August 13, 2014 at 2:24 pm

      ခိခိ။
      ကင်းကောင်လေး အလှည့်ကျရင် ဂေါ်ဇီလာ အကြောင်းလေးပါ ပြောပြလို့ ရလားဟင်?
      :s:

  • manawphyulay

    August 13, 2014 at 2:36 pm

    သံယောဇဉ်ဆိုတဲ့ စကားလေးက တာသွားလှပါတယ်။ သေးငယ်ပေမယ့် မိတ်ဆွေ အပေါင်းအသင်းကြားမှာ ရေကိုသာ ဓားနဲ့ဖြတ်လို့ ပြတ်ရင် ပြတ်သွားမယ်။ သံယောဇဉ်ကတော့ ဆံချည်တစ်မျှင်လောက်ပေမယ့် ကျန်နေခဲ့ဦးမှာပါ။
    သက်ရှိသတ္တဝါတွေတောင်မှာ
    ခြေသည်းလက်သည်းတွေတောင်
    ဘယ်လောက်ပဲ ဖြတ်ညှပ်ပေမယ့်
    အစဉ်အမြဲ ရှည်နေသလို
    ဒီသံယောဇဉ်ဆိုတာလေးတွေက ဂေဇက်ရွာကြီးထဲမှာတော့ ပေါင်းကူးတံတားလေးတစ်ခုဆိုလည်း မမှားပါဘူးရှင်။

    အမြဲမလာနိုင်ပေမယ့် စိတ်ကတော့ အမြဲရောက်ဖြစ်ပါတယ်ရှင်။

    ခင်မင်စွာဖြင့်
    မနော :mrgreen:

    • ဇီဇီ ခင်ဇော်

      August 13, 2014 at 3:33 pm

      ဒီ တစ်မျှင်တည်းသော ကြိုး ပေမဲ့
      ခိုင်လွန်းလှလို့
      ဘယ်မှ မပြေးနိုင်တာသာကြည့်!!

      :s:

  • Kaung Kin Pyar

    August 13, 2014 at 2:56 pm

    မမကေဇီ… ဒီဂနေပဲ သတင်းပေးလိုက်တယ်…ဖဘ တက်မရလို့…
    ဟို ဝိုင်းစုရဲ့ အာဘွားထဲက ချစ်တာ အမှား Lyric လေး ဒေါင်းမို့…ဂူဂယ် ဆိုတာကြီးမှာ…ဒီလိုလေ…ချစ်တာ အမှား လို့ရိုက်ချလိုက်ပြီး အန်းမေ့ချ်ထဲသွားလိုက်တာ…ဇီဇီ ဆာဆာ အပိုင်း(၃)ပုံ ပေါ်လာတယ်….။ ဇီဇီ ဆာဆာ အပိုင်း(၃) နဲ့ ချစ်တာ အမှားနဲ့က ဘာဆိုင်လို့လဲငင်…
    ဂေါ်ဇီလာအကြောင်းတော့ လုပ်ပါနဲ့….။ ဂျန်ဘိုလောက်ဆို တော်သေးဒယ်…ငိငိ

    • ဇီဇီ ခင်ဇော်

      August 13, 2014 at 3:32 pm

      ဇီဇီ ဆာဆာကိုတော့ ချစ်မိတာ မမှားပါဘူးကွယ်။ အဟိဟိ

      :k:

  • hmee

    August 13, 2014 at 4:17 pm

    ​ကျေးဇူးပါ ဇီဇီ။ ဒီ​နေ့ပဲ ကွန်​ပြူတာကို ပြင်​ဆိုင်​က ယူလာပါြပြီ​နောက်​တရက်​နှစ်​ရက်​ဆို တင်​ဖြစ်​မယ်​ထင်​ပါသည်​။ 🙂 မမှီအ​ကြောင်​း​လေး ပါမှ ပါပါ့မလားလို့ ​စောင်​့ဖတ်​​နေတာ ။ ဒီတခါပါလာလို့ ြပြုံပြုံးကြီးလုပ်​ကာ ပြန်​သွားပါ​ကြောင်​း။ ပ

    • ဇီဇီ ခင်ဇော်

      August 13, 2014 at 4:26 pm

      ပါမှာပေါ့ အမရေ။
      ရသရေးလက်ထဲ စဉ်းစားလိုက်ရင် အမ နာမည် ခေါင်းထဲ အရင်ပေါ်လာတာပါဗျာ။

      🙂

  • မဟာရာဇာ အံစာတုံး

    August 14, 2014 at 3:40 am

    ဟိတ်လူတွေ အကုန်ပျံလာဂဲ့ဂျဘာ …
    ခင်ဗျားတို့ မလွမ်းပေမယ့်
    ကျုပ်တို့ လွမ်းသဗျ …

    စကားမစပ် …
    ကြယ် ၃၊ ၄ ပွင့်တွေ ရနေတဲ့ လူတွေကိုလည်း
    မကျေနပ်ဘူးဗျ … :mrgreen:

    • ဇီဇီ ခင်ဇော် (26102012)

      August 14, 2014 at 7:52 am

      မကျေနပ်ရင် ကော်ဖီတိုက်။
      စကားမစပ် နောက်တစ်ပတ် နာ့ ကော်ဖီ ပို့(စ) မှာ နိ ကော်ဖီ ပို့(စ) လေးညွှန်းထားတယ်။
      တိယားးးး

      :k:

  • ဇီဇီ ခင်ဇော် (15102012)

    August 21, 2014 at 1:00 pm

    ဘာမှ ဟုတ်ဘူးးး
    ဩဂုတ် လ ၁၂ ရက်နေ့ က သများ ဒီ ချင်ကျားပု ရောက်တာ ရ နှစ်ရှိပြီ။
    ဂစ်ဂစ်။
    ခုမှ သတိရလို့ အဲဒီနေ့ကို ဘာပို့(စ) တင်မိလည်း ပြန်ရှာရတာ။

    :mrgreen:

  • မ " တတ် ပါ့ "

    August 22, 2014 at 12:55 pm

    အမှန်အတိုင်း ဝန်ခံရမယ်ဆိုရင်လေ …
    အပိုင်း ၅ ကို အရင်ဆုံး စဖတ်တာပါ…
    ပြီးမှ ၁ ကနေ ပြန်စီ ဖတ်ခဲ့ပါတယ်…
    အခု ၄ ပြီးသွားပြီဆိုတော့ အားလုံးဖတ်လို့ပြီးပြီ….
    ဂွဇက် ရွာသူ/သား ဟောင်းများ အကြောင်း အနှစ်ကလေးဒွေစုစည်းတင်ပြထားတာ ဖတ်ခွင့်ရခဲ့လို့…
    ကျေးဂျူးပါ ဇီ နဲ့ ဆာ ….

  • အောင် မိုးသူ

    May 7, 2015 at 3:51 pm

    အဲ့တုန်းက မကျိက တားဂို ဖုတ်လေတဲ့ငါးပိ ရှိလေတယ်တောင် မထင်ဘူးထင်ပါ့။ အဟင့် ဗျဲ းးးးးးးးးး

Leave a Reply