အဖွန်လောသွားခြင်း…

ကုိ ထြဋ္August 12, 20141min1138

laughing_out_loud

တခြား ဟုတ်ပါဘူးဗျာ.. ကိုယ်တွေ့လေးပါ…

အဖွန်လောတယ်ဆိုတာ… ခေတ်စကား ဗန်းစကား  စကားလိမ် နဲ့ အဖောလွန်သွားတယ်လို့ ပြောတာပါ… ခိ…ခိ…

ဟိုကောင်လေး ခန့်ဖြိုးတောင် မေ့ဖျောက်ချင်တာကို ပြောင်းပြန်ပြန်လိုက်တာ မျောက်ဖြစ်ချင်တယ် ဆိုတာနဲ့ပဲ နာမည်ကြီးသွားတာ… ကိုယ်လဲ ကြီးမလားလို့…

အခုမှပဲ နည်းနည်းအားသွားတယ်ဗျာ… မြေကတမျိုး အိုင်အက်စ်အိုက တမျိုးနဲ့…

ဖြစ်ပုံက ဒီလိုပါ… ကျွန်တော်တို့ အသိ အဘကြီးတယောက်ပေါ့… စက်ဘီးစီးနေရင်း နောက်ကနေ ကားကဖြတ်တိုက်သွားတာ ခါးရိုးအဆစ်လွဲသွားတယ်ဗျ…

ကြားကြားချင်းက ခါးရိုးကျိုးသွားတယ်လို့ ဆိုတော့ တော်တော် စိတ်မကောင်းဖြစ်သွားတယ်… ဆေးရုံကိုသွားလဲ မကြည့်ဖြစ်ခဲ့ဘူး… အလုပ်က မအားတာနဲ့ပဲ…

ဖြစ်တာက ဗုဒ္ဓဟူးနေ့က… အဲလို နေနေရင်း စနေနေ့ကျတော့ ကျွန်တော်က စာသင်ဖို့သွားရတယ်ဗျ… အဲဒါ ယောက္ခထီးကို ပိုက်ဆံပေါ့… လျော်ကြေးရတာလဲ ရတာပေါ့…

ကိုယ့်မင်္ဂလာဆောင်တုန်းကလဲ  နှစ်ဖက်မိဘတွေ့ဆုံပွဲ၊ စေ့စပ်ပွဲ၊ လက်မှတ်ထိုးပွဲ၊ မင်္ဂလာပွဲ အကုန်လုံးကို စိတ်ပါလက်ပါ ဦးဆောင် ကူညီထားတာဆိုတော့ အကူအညီပေးမယ်ဆိုပြီး ပိုက်ဆံပေးလိုက်တယ်…

ကူငွေဆိုပြီး… ပြီးမှ … ခိ… ဆောရီးးးးးးးး စကားမှားသွားတယ်… ဒါထက်ဆိုးတာက အဖွန်လောတာ အခုမှ စတာ…

နောက်နေ့ တနင်္ဂနွေနေ့… အိမ်ပြန်ရောက်ပြီကြားတော့ သွားကြည့်ကြတယ်… ယောက္ခမလဲ လိုက်လာတယ်.. လမ်းမှာလဲ မှာတယ်.. စကားမမှားဖို့…

နဂိုကားတိုက်ခံရလို့ စိတ်ဓာတ်ကျနေပါတယ်ဆိုမှ… ပြီးတော့ အဲဒီ အဘက အသက်သာကြီးတယ်… စိတ်မြန်လက်မြန်ရယ်.. အဲလို လူမျိုး အိပ်ယာထဲလဲတော့ ပိုဆိုးတာပေါ့…

အကြောင်းက ၂ မျိုးရှိတယ်… သူ့သမီးကိစ္စရယ်.. အခု ကားတိုက်ခံရတာရယ်ပေါ့… ဟိုရောက်တော့ စကားမမှားပါဘူး… အားပေးစကားပြောတာလဲ အကုန်အိုကေပဲ…

ကိုယ်လဲ အပီပေါ့.. အကုန်အဆင်ပြေနေတယ်ဆိုပြီး… ပြန်ခါနီးမှာ အဘ ကုတင်အောက်မှာ အင်္ဂလိပ်ကားတွေ အများကြီးတွေ့လိုက်တယ်ဗျ…. သူ့မြေးကို အရင်က ရောင်းတာ မြင်ဖူးတယ်ဗျ…

သူကလဲ တချိန်က ပညာဒါနမှာ တပည့်ဖြစ်ဖူးတော့… သမီးရေ… အခွေတွေ မရောင်းဘူးလားပေါ့… သူကလဲ ပြန်ဖြေပါတယ်… ခိုးကူးတွေလိုက်ဖမ်းနေတယ်တဲ့…

အာ.. ဒါကတော့ လမ်းကြောင်းရှိရင် ရဲတွေ လက်တို့မှာပေါ့လို့… လိုင်းကြေးလေးပေးထားရင် ရပါတယ်ဆိုပြီး… ပြောဖြစ်ခဲ့တယ်… 🙂

တပည့်မကလဲ တော်ရှာပါတယ်.. မပြောဘူး… နောက်မှ အိမ်ရောက်တော့ သူ့သမီးကိစ္စဆိုတာ ဘာလဲ သိလားတဲ့… မိန်းမကမေးတယ်… သိဘူးလို့… လင်နောက်လိုက်ပြေးတာလားပေါ့…

ဘယ်ကလာဗျာ… ခိုးကူးရောင်းလို့ တပည့်မရဲ့ အမေက ပါသွားတာတဲ့ဗျာ…  အဲဒါကို ကျွန်တော်က လိုင်းကြေးပေးရင် ရတယ် ဘာနဲ့… ဆရာကြီးလုပ်နေတာဗျာ… အဖြစ်အပျက်ကတော့ ဒါပါပဲဗျာ..

ဟုတ်တိပတ်တိနဲ့… ကိုယ်လဲ တချိန်က လုပ်ဖူးတော့ အေးဆေးပဲဆိုပြီး ဆရာလုပ်လိုက်တာ.. ခိ.. ပြီးမှ အားနာလိုက်တာဗျာ….. 🙁  🙁   အဖွန်လောတာ… အဖွန်လောတာ….

 

8 comments

  • ဇီဇီ ခင်ဇော်

    August 12, 2014 at 7:27 pm

    ဖွန်တယ် ဆိုတာရော၊ (စာဖတ်သျှမ်းတာ)
    ကြောင်ပုံရောမြင်တော့ အောင်ကြူးကို နှိပ်ပဟဆိုပြီး ဆွမ်းကြီး လောင်းမို့ (အဲလေ) ထိမ်းထိမ်းသိမ်းသိမ်းဖြစ်အောင် လာလိုက်တာ။
    ခိခိ။

    :kwi:

  • kyeemite

    August 13, 2014 at 10:23 am

    -ဖစ်မှဖစ်ရလေ ကိုရင်ရေမြေ့သနင်းရယ်

  • Yae Myae Tha Ninn

    August 13, 2014 at 11:54 am

    မျက်နှာလဲပူ.. ရီရတာလဲ အူနှိပ်နေတာပဲ… ခိ..ခိ… 🙂

  • မဟာရာဇာ အံစာတုံး

    August 14, 2014 at 4:01 am

    အော် ဟော် …
    ကျုပ် ညီတော်မောင်နဲ့သာ တွဲပေးထားလိုက်ရင်
    ဇာတ်လမ်း ပြတ်ပြီပဲ ….

    ဒါနဲ့ …
    မျောက်ဖြစ်ချင်တယ် ဆိုတာကို ခုမှ ဘောပေါက်သွားသဗျ … ဟီးးးး
    :mrgreen:

  • Yae Myae Tha Ninn

    August 14, 2014 at 8:55 am

    ညီတော်မောင်က ဘယ်သူလဲ ကိုရာဇာရဲ့… 🙂

  • myat pearl phyu

    August 20, 2014 at 4:54 pm

    ဘယ်နှစ်ခါ ဖော ပီး သွား ပီ လဲ … ဟဲဟဲ

    ဒါမျိုးဒွေလည်း ဖစ် တတ် ပါ ဒယ် ဂျာ …

    အလွဲလေးတွေပေါ့..ခ်ခ်

  • Yae Myae Tha Ninn

    August 21, 2014 at 9:09 am

    ကြုံဖြစ်ပါတယ်.. မရေးတင်ရသေးတာပါ.. နောက်များကြုံရင် ထပ်တင်ပါ့မယ်.. အားပေးလို့ ကျေးဇူးပါ… 🙂

Leave a Reply