ဧဝံမေသုတံ – ၂၀၁၄ခု ဂျူလိုင်လအတွက် ဖတ်ရွေးဆုရှင်…

ဦးေက်ာက္ခဲAugust 12, 20142min34360

ပြီးခဲ့သောပို့စ် https://myanmargazette.net/202175

 

ဒီလိုနဲ့ပဲ ဆြာမိုက်ကိုအဖော်ပြုလို့ အကြားအမြင် ဗေဒကဝိ ဆြာဆာမိဆီ ချီတက်ခဲ့ကြတာပေါ့ခင်ဗျာ…

“ဗျို့ ကိုရင်ကျောက်ခဲရဲ့ … အကြားအမြင် ဗေဒကဝိကတော့ နားလည်ပါတယ်ဗျ ။ ကျုပ်ကြားဖူးတာ ပုဏ္ဏားတို့ ၊ ဆရာကြီးမင်းသိင်္ခရဲ့ ပုံနားဘကွန်းတို့ပဲရှိတာ… ဟို… အွန်လိုင်းတို့ ပုံစားတို့က ဘာတွေလဲဗျ ။
“ဆြာမိုက်ကတော့ ခေတ်ကြီးနဲ့ အဆက်ပြတ်နေပြီ ။ နာမည်ကိစ္စကတော့ ဆြာ့ကိုတွေ့ရင် ရှင်းသွားလိမ့်မယ် ။ အဟောအပြောကတော့ မှန်သလားမမေးနဲ့ ၊ ပြီးခဲ့တဲ့ ကမ႓ာ့ဖလားဗိုလ်လုပွဲမှာ ဟောလိုက်တာများ မှန်ချက်ကတော့ အာဂျင်တီးနားအသင်းကို အားပေးနေတဲ့သူတွေ နံဘေးကို ပိတ်ကန်လိုက်သလိုပဲဗျ ။ ကျနော်တို့ အရပ်မှာဆို အာဂျင်တီးနားတွေရှုံးလို့ စိတ်ထောင်းကိုယ်ကြေ အိပ်ရာထဲလဲသူလဲ ၊ မတ်စိငုံပြီး ရေထဲ ခုန်ချဖို့ပြင်သူကပြင် ၊ လက်ခမောင်းခတ်သူကခတ် ၊ ကံကောင်းလို့ မကြားဝံ့မနာသာတွေ မကြားခဲ့ရတာဗျို့…”
“ဟမ်… ဒါကတော့ ကျုပ်တောင် ဟောနိုင်သေးတယ် ၊ ၂သင်းပဲကန်တာ… အာဂျင်တီးနားရှုံးရင် ဂျာမန်အာပြဲတွေ နိုင်မှာပေါ့ဗျ ။ ဖြစ်နိုင်ချေ ၅ဝ – ၅ဝ ရှိနေတဲ့ဟာကို…”
“ဒါတော့ ဒါပေါ့ဗျာ… ဒါပေသည့် ဒီလိုအဟောထွက်တာ ဒီတစ်ယောက်ပဲ ရှိသေးတယ်ဗျ ။ ကျနော်တို့ မိတ်ဆွေ စာဂျပိုးကြီးတွေဆို ဒီလို ယတိပြတ် ပြောရဲတာမဟုတ်ဘူး ၊ ဟိုလိုလို သည်လိုလို ပညာခန်းပဲပြနိုင်တာကလား…”
“တော်ပါဗျာ… ကျုပ်က ဘောဆို ဘယ်ဘောမှစိတ်ပါတာမဟုတ်ဘူး ။ သူ့ဟာသူ မနေနိုင်မထိုင်နိုင် လျှောက်ကန်နေကြတာ ၊ မနိုင်တော့ ကုန်းကိုက်သေးတယ်… ဘယ်မှာကောင်းလို့လဲ ။ ကျုပ်သာ ဖီဖာဥက္ကဋ္ဌဖြစ်ရင် အဲသည့်ဘောသမားတွေကို လုမကန်ရအောင် တစ်ယောက်တစ်လုံး ဝယ်ပေးတယ် ။ ဟို ဂိုးသမားလေးတွေလည်း မပင်ပန်းရအောင် ဘောဖမ်းတဲ့ပိုက်ကို အနောက်မှာမထားပဲ ဂိုးပေါက်ရှေ့က ပိတ်ကာထားလိုက် … ကွင်းပြင်ထွက်ပြီး ခင်ဗျားလုပ်တဲ့ပေါက်စီတောင် ဝယ်စားလို့ရသေးတယ်…”
“ဟမ်… တော်ဘီ ငှက်ကထဂျီး ဆြာမိုက် ၊ အိုင်ဒီယာကောင်းလွန်းလို့ ဟို ဆောင့်ကြွားကြွားဘောသမား ငဒိုနဲ့ ဂျာမန်အာပြဲတွေ ထိုင်ငိုကုန်ဦးမယ်…”

 

အနှီကဲ့သို့ ပလေပဆာ တောရောက်တောင်ရောက်တွေပြောရင်း ဆြာဆာမိရဲ့ အဟောခန်းကို ဦးကျောက်ခဲနဲ့ ဦးကြီးမိုက်တို့ ဂျူလိုင်လ ဖတ်ရွေးအကြိုက် ဆုအတွက် ဗေဒင်မေးရောက်သွားပါလေရောခင်ဗျ ။ ဦးကျောက်ခဲတို့လည်း အလှည့်မကျသေးတာမို့ ဆြာကတော် နေရာချပေးတဲ့ သင့်လျော်ရာခွေးကတက်မှာထိုင်ရင်း …
“ဆြာကတော်ရေ … ဟောသည့်အစ်ကိုတော် ဦးကြီးမိုက်က ဆြာဆာမိရဲ့ ဘွဲ့တွေကို နားမလည်ဘူးဖြစ်နေတယ် ၊ ကျေးဇူးပြုပြီး ရှင်းပြပေးပါ ခင်ဗျာ”
“ဒီလိုပါ ဦးကြီးမိုက်ရှင့် ။ ကိုကိုမိကလေ အွန်လိုင်းတက်ပြီး ဓာတ်စီးရင် သူများဆြာတွေနဲ့ မတူဘူး ။ ဓာတ်ပြားကိုပွတ်ပြီး ပါးစပ်ကလည်း ပွစိပွစိ ပြုံးလိုက်ရယ်လိုက် ၊ ထမင်းပွဲဦးတိုက် စားပွဲနဲ့ကျွေးလို့မရတော့ဘူး…။ အဲဒါကြောင့် ကျမက ပန်းကန်ထဲမှာ သူစားချင်တာတွေ ပုံပြီးကျွေးမှ စားတာမို့ အွန်လိုင်းဗေဒကဝိ ပုံစားဆြာဆာမိလို့ ဘွဲ့မည်သညာ တွင်ရတာပါရှင်…”

 

အဲသည်တော့မှ ဦးကြီးမိုက်လည်း ရှင်းရှင်းလင်းလင်းသိသွားပြီမို့ ခေါင်းတဆတ်ဆတ်ငြိမ့်ရင်း နှစ်ကိုယ်ကြား ကြားနိုင်ရုံလေသံဖြင့်…
“ကိုရင်ကျောက်… ဆြာကတော်က ဖြူဖြူချောချောနော် ၊ ကိုရင့် ဆြာဆာမိက ဘယ်လိုချိတ်လိုက်တယ် မသိဘူး… ဟီ ဟိ”
“အာ… ဆြာမိုက်က စပ်စုပြန်ပြီ ။ ဒီလိုဗျ …. ဆြာဆာမိက လက် ခဏ လည်း ကျွမ်းကျင်တယ်ဗျ… ။ အဲဒါကြောင့် လက် ခဏ ကောင်းမှုနဲ့ အိမ်ထောင်ကျတာ ။ အခု ကလေး တစ်ဒါဇင်ပြည့်ဖို့ တစ်ကျိတ်ပဲ လိုတော့တယ်”
“ခင်ဗျားကလည်း လက္ခဏာလုပ်ပါဗျ … မတော် ဂဇက်သတ်ပုံဂိုဏ်းကကြားရင် ခင်ဗျားတော့ အော်မေ့သိုင်းကွက်တွေနဲ့ အဆော်ခံရမယ်…”
“ညှင်း ညှင်း… ဆြာမိုက် ၊ ကျောက်စ်က သူတို့ဂိုဏ်းသူကိုတောင် စိနတိုင်းအထိ မ ပြေးလာတာ ၊ အော်မေ့အကွက်လောက်ကတော့ အေးချေး… ။ အခုဟာက တကယ် လက် ခဏ မို့ လက် ခဏလို့ ပြောတာ ။ ဒီလိုဗျ … ဆြာဆာမိက လက္ခဏာလည်း ကျွမ်းကျင်တော့ ကောင်မလေးတွေတွေ့ရင် လက် ခဏခဏကိုင်ကြည့်တယ်ဗျ ။ အဲသည့်လိုကနေ ဆြာကတော်နဲ့ အကြောင်းပါလာတာ ။ ဒါတောင် ရည်းစားဖြစ်နေတုန်း တခြားကောင်မလေးကို ဘတ်စ်ကားပေါ်ကအဆင်း လက် ခဏလုပ်တာ လူမိသွားလို့ ကွိုင်တက်ဖူးသတဲ့… အဟိ”
“ထူးဆန်းပါ့ပေ့ ကိုရင်ကျောက်ရယ် ၊ ကျုပ်မှာတော့ အဲသည့်လိုနည်းတွေ မတတ်လို့ ကိုးမီးဖဲကို စွန့်လွှတ်ပြီး ချစ်ရတဲ့မီးကလေးကို မ ပြေးတာ… ကြိုက်မီး ကြီးမိုက်လို့တောင် အမည်တွင်သဗျ”
“အဲဒါပဲ… အဲဒါပဲ…။ ဦးမိုက်အဲဂလို သရီးရှဲဒိုးကို ကြိုမမြင်လို့ ငှက်ကထလုပ်ပြီး ဖိအထောင်းခံရတာပေါ့ဗျ”

 

ဦးကြီးမိုက်လည်း နားအေးပြီးရောဆိုပြီး ဦးကျောက်ခဲကို နှုတ်လှန်မထိုးတော့ဘဲ ငြိမ်နေတုန်း ၊ အသားတော် ညိုပြာညက်နဲ့ ဆံပင်ရှည်ရှည် ပိန်ပိန်ပါးပါး အရပ်မြင့်မြင့် မျက်နှာသွယ်သွယ် အမျိုးသမီးငယ် တစ်ဦးဝင်လာတာမို့ မျက်စလှမ်းပစ်ပြပါတယ် ။ သူကလေးက အဝေးကနေ မလာခင် တိုကင်ကြိုယူထားတာကြောင့် ဦးကျောက်ခဲတို့လို စောင့်စရာမလိုဘဲ ဟောခန်းထဲကို တန်းဝင်သွားတယ်ခင်ဗျ ။
“ဪ… လမ်းလျှောက်လို့မရ ရေငုတ်လို့မရ ၊ ပါးစပ်ဟရင် ရေထွက်တဲ့တိုင်းပြည်က ညီမဂျီးကိုး… ကြွပါခင်ဗျ”
“ဆြာဆာဆာရယ်… သများနေတဲ့ တိုင်းပြည်ကို အဲ့သလိုမပြောပါနဲ့ ၊ ရေကြည်ရာ မြက်နုရာ ဘရန်းပေါတဲ့တိုင်းပြည်ပါ… ”
“အဟမ့်… အဲသည့်လိုမပြောလို့ ဘယ်လိုပြောရမတုန်း ၊ ခင်ဗျားတို့ တိုင်းပြည်ရဲ့ အမှတ်သညာ တံဆိပ်တော်က အပေါ်ပိုင်းလည်း လက်မပါလို့ လမ်းလျှောက်မရ ၊ အောက်ပိုင်းကလည်း ရေယက်မပါလို့ ရေကူးမရ ၊ နှုတ်ထွက်စကားကလည်း ရေတွေ ၊ ဘာမှ သုံးစားလိုမရတဲ့ အကောင်ကြီးလေ… ဟုတ်တယ်မဟုတ်လား ။ ကိုင်း ကိုင်း … အဲဒါအသာထား ၊ လာရင်းကိစ္စကို ပြောပါဦးဗျ”
“ကျန်းမာရေး စီးပွားရေး… အဓိက ကတော့ ချစ်သူတွေ ဝိုင်ဝိုင်းလည်နေလို့ ယတြာချေရအောင် လာတာပါဆြာရယ်”
“အင်း… အမိက အလွန်တရာလှပတဲ့ ကန်ရာသီဖွားမို့ ကန်ချင်တဲ့သူပေါ… အဲ အဲ… ချစ်သူခင်သူပေါတာ မဆန်းပါဘူး ။ ဒါပေမယ့် ၇-ပြည်ထောင်မင်းတွေ နပန်းသတ်လောက်အောင်ဖြစ်လာရင်တော့ ၇-ပိုင်း ပိုင်းပြီး ၇-တိုင်း အဝေခံရကိန်းရှိတာမို့ သံကွန်ခြာ ၇-ထပ်အတွင်းမှာနေပြီး ကျည်ကာမှန်ပါတပ်ထားနိုင်မှ တော်ကာကြလိမ့်မယ်… ”
“အဟင့် အဟင့်… ဆြာဆာဆာရယ် သများကို အဲသည့်လောက် လူမချစ်အောင် လူမုန်းဆေးဖော်ပေးပါလားဟင်…”
ဆြာဆာမိလည်း အသံတိုးတိုးဖြင့် ကျိတ်ပြီး ဒိုင်လျှိုယတြာတွေ ပေးနေတာကြောင့် ဦးကျောက်ခဲတို့လည်း အကုန်အစင် စပ်စုလို့ မရခဲ့ပါဘူးခင်ဗျာ….။

ဟိုသူငယ်မဂျီးတို့တိုင်းပြည်ရဲ့  အမှတ်သညာ
ဟိုသူငယ်မဂျီးတို့တိုင်းပြည်ရဲ့ အမှတ်သညာ

 

ယခုတော့ ဦးကျောက်ခဲတို့ ဗေဒင်မေးဖို့ အလှည့်ရောက်ပြီမို့ ဆြာဆာမိရှေ့မှာ ဝင်ထိုင်လိုက်တော့…
“ကိုင်း… ဒီက အစ်ကိုဂျီးတို့ နာမည်နဲ့ လာရင်းကိစ္စပြောပါ…”
“ကျနော်က ကျောက်ခဲ ၊ ဟောသည့်အစ်ကိုတော်က ဦးကြီးမိုက်… ၂၀၁၄ခု ဂျူလိုင်လ ဖတ်ရွေးအကြိုက် စာမူဆုအတွက် လာပါတယ် ခင်ဗျာ”
“ဘယ်လို ဘယ်လို ဖွတ်ရှူးအဖွဲ့… ဟုတ်စ ။ အွန်လိုင်းတခွင် ပြဲပြဲစင်အောင် နတ်မျက်စေ့ဓာတ်ပြားနဲ့ ဖြဲကြည့်လာတာကြာဘီ… ကြား မကြားဘူးပေါင်ဗျာ…”
ဦးကျောက်ခဲလည်း ရှင်းပြဖို့ ပြာပြာသလဲ ကြိုးစားပေမယ့် မမီတော့ဘဲ ၊ စိတ်မြန် နှုတ်မြန် ဦးကြီးမိုက်က ဒေါဖောင်းပြီး …
“ဒီမှာဗျ… ကျုပ်တို့အဖွဲ့ကို ဖွတ်ရှူးတွေ ဖတ်ရွတွေလို့ လာမနှိပ်ကွပ်နဲ့ ၊ ဗျောက်အိုးရောင်းတဲ့အကောင်ရော အောင်ရင်ငြိမ်းရော ဒီအဖွဲ့ထဲမှာ မရှိဘူး ။ ကျုပ်တို့က စာချစ်သူ စာပေဝါသနာရှင်တွေ စုစည်းပြီး အွန်လိုင်းမှာစုစည်းထားတဲ့ အဖွဲ့ ၊ အရေးကြုံရင် အဖွဲ့သားတွေစုပြီး လှုဖို့တန်းဖို့ ကူညီဖို့ ဖွဲ့ထားတဲ့ အဖွဲ့ဗျ ။ ဘယ်သူမှ ပရော်ဖတ်ရှင်နယ် စာရေးသူမပါဘူး … အသက်အရွယ်စုံ အလွှာစုံက စာဖတ်သူအကြိုက် စာမူတွေကိုရွေးပေးတဲ့ ဖတ်ရွေးအဖွဲ့ဗျ… ”

 

“ဟမ်မယေး… ဟမ်မယေး ဒေါသရှေ့ထားရင် မှားမှာပေါ့ နောင်ကြီး မိုက် ရယ် ။ ကျနော် ဆြာဆာမိလည်း မှားတဲ့အခါ မှားပေမပေါ့ … သေချာရည်လည်အောင်သာရှင်းပြပါ…”
အကျယ်အကျယ် မငြိမ်းဖွယ်တွေဖြစ်မှာစိုးတဲ့ ဦးကျောက်ခဲလည်း စကားအတင်းဖြတ်ပြီး အမေဂျီးကားပြည် လော့ကျတဲ့အိမ်အနီးက သဂျီးဦးကိုင်ရဲ့ မြန်မာ့ဂဇက်ဟုခေါ်တွင်သော ဝဘ်ဆိုက်မှ မြစ်ဖျားခံလာသည်ဖြစ်ကြောင်း အကြေအလည်ရှင်းပြသည်တွင် ဆြာဆာမိလည်း မျက်လုံးစုံမှိတ် အာရုံခံလိုက်ပြီးသည့်သကာလ…
“ဖျား ဖျား … လက်ချ်မီးမယ်တော် ဟောသည့် အစ်ကိုတော်တွေကို စောင်မပါ… ။ အစ်ကိုဂျီးတို့ တကယ့်လူနဲ့မှတွေ့တာကိုး … အဲဒါ မိုက်တိုင်စန်ကို လက်ဝှေ့ရုံသွင်းတဲ့ လာ့စ်ဗေးဂတ်စ်က ဒွန်ကင်း (Don King) ခင်ဗျ ။ အခု လက်ဝှေ့ရုံသွင်းတာမကိုက်လို့ ဦးကိုင်လို့ နာမည်ပြောင်း ၊ အစ်ကိုဂျီးတို့ကို ဂဇက်မှာ စင်ထိုးပေးပြီး ဆွပေးနှိုက်ယူ ကိုဘေးနွားကင်နဲ့ မြည်းနေတာ… ကံသီလို့ပါလား…”
“ဟမ်… ဆြာဆာမိ… ခင်ဗျားလည်း ဒီလောက်သိပုံထောက်နေရင်… ဘာလဲ ခင်ဗျားက လက်ဝှေ့ပွဲမှာ အသံသေးအသံကြောင် အာပေါင်အာရင်းသန်သန်နဲ့ မြှောက်ပေးတဲ့ Boxing Announcer Jimmy Lennon Jr. လားဗျ…”
ဦးကြီးမိုက်က အထက်ပါအတိုင်း ဆတ်ကနဲပြန်ပက်လိုက်တာမို့ ဆြာဆာမိလည်း ပျက်သွားတဲ့ဣန္ဒြေကိုပြန်ဆယ်ရင်း…
“မဟုတ်… မဟုတ်ရပါဘူးဗျာ ၊ လိုရင်းတိုရှင်း အစ်ကိုဂျီးတို့ရဲ့ ဆန်ကာတင်စာရင်းသာပေးပါတော့” လို့ စကားဖြတ်ပါတယ်…။

သူဂျီးဦးကိုင်ဟု ကောလဟလ ထွက်နေသူ
သူဂျီးဦးကိုင်ဟု ကောလဟလ ထွက်နေသူ
လက်ဝှေ့ပွဲ ကြေငြာသူ Jimmy Lennon Jr.
လက်ဝှေ့ပွဲ ကြေငြာသူ Jimmy Lennon Jr.

 

တိန်… အခုမှခက်ချေပြီ…။ ဆြာဆာမိသည်လည်း ဂဇက်ပရိတ်သတ်မို့ အွန်လိုင်းတက်ပြီး ဓာတ်စီးတိုင်း ဓာတ်ပြား (မိုလ်ဘိုင်းဖုန်း) နှိပ်လို့ ဂဇက်ထဲမှာ မွှေနှောက်နေကြ … ။ အကောင်းတကာ့ အကောင်းတွေမို့ ဂျူလိုင်လအတွက် ဖတ်ရွေးဆုရှင်ကို သူကိုယ်တိုင်တောင် မဝေခွဲနိုင်… ။ အခုမှ တိုက်တိုက်ဆိုင်ဆိုင် သူ့ကိုမှဗေဒင်လာမေးတာမို့ ကြံရာမရဖြစ်သွားသော်လည်း… ဟန်ကိုယ့်ဖို့ပြင်ရင်း…
“အဟမ်း… ဒါကတော့ ဒီလိုရှိတယ် အစ်ကိုဂျီးတို့… ဒါမျိုးက ဒဲ့ဟောဖို့မသင့်ဘူးခင်ဗျ ။ ကျနော့်ပညာက ဒါမျိုးကို ခွင့်မပြုဘူး ။ ကျနော် တားရော့ကတ်လှန်ပေးမယ် … အကိုဂျီးတို့ဖာသာ အဓိပ္ပါယ်ကောက်ကြပေတော့…” ဟု အလိမ္မာသုံးပြီး ဖြစ်လိုရာဖြစ်ဟု ရှောင်ထွက်ဖို့ပြင်လေတော့သည် ။

တားရော့ကဒ် အဟော
တားရော့ကဒ် အဟော

 

သို့ပါသော်လည်း “လူကနေပေမည့် ပညာကမနေ” ၊ ဘာရယ်မဟုတ် အကြံအိုက်သဖြင့် ဆြာဆာမိလည်း မေးစေ့ကိုပွတ်စမ်းရင်း တွေ့ကရာအဖုလေးအား ဖျစ်မိသည်တွင်… စိတ်အတွင်းမှ ကြားသာရုံ “ဗျစ်” ဆိုသောအသံနှင့်အတူ ၊ အကဲခတ်နေသော ဦးကြီးမိုက်နှုတ်မှ…

“ဟာ… ဂျိုး ဗျ ဂျိုး” 

ဟု အော်သံကြီးကြောင့် မလုံမလဲ အလန့်ထညက်ဖြစ်သွားသော်လည်း…. ဂဇက်ဖတ်ရွေးအဖွဲ့က “၂၀၁၄ခု ဂျူလိုင်လအတွက် ဖတ်ရွေးအကြိုက် စာမူဆု” ကို ကြေငြာလိုက်သည်မှာ…

” ဂျိုး စာစုများ https://myanmargazette.net/200025 marblecommet ”

ဟု ” ဧဝံမေသုတံ – ဤကဲ့သို့ကျွန်ုပ်ကြားသိလိုက်ရသည်” တွင် … “ကျုပ်… နိမိတ်ပေးတဲ့အတိုင်း…” ဟု ပြုံးပြုံးကြီး အောင်ပွဲခံလေသတည်း….။

 

စာဖတ်သူများ၏ ဖတ်ရွေးအဖွဲ့ရဲ့ မှတ်ချက်

” ဂျိုး နှစ်ပုဒ်လုံးဟာ သိင်္ဂါရ ရသအပြည့်ပေးနိုင်တဲ့ ပို့စ်တွေပါပဲ ။ ချစ်ခြင်းမေတ္တာရဲ့ စမ်းရေစီးသံကို အနုပညာမြောက်စွာ ဖန်တီးတို့ထိပြနိုင်သလို ၊ စာရေးခြင်းအတတ်ပညာကို တစ်စိတ်တစ်ဒေသ မြင်ခွင့်ရခဲ့ပါတယ် ။
ရင်ဘတ်နဲ့ဖန်တီးထားတယ်ဆိုတာ ခံစားမိသူတိုင်း နားလည်နိုင်ပါတယ်လေ ။ ကိုကမ်းဝေးဟာ မော်ဒန်ကဗျာဆရာတစ်ယောက်အဖြစ် ခံယူထားပေမယ့် စကားပြေရေးဟန်မှာလည်း လက်ဖျားခါအတုယူဖွယ်ကောင်းပုံကို ဒီပို့စ်တွေမှာ တွေ့မြင်ရပါတယ်…”
” ဖွဲ့နွဲ့တာ ကောင်းလွန်းလို့ ရွံစရာတွေတောင် ချစ်စရာဖြစ်သွားရလောက်အောင်ပါပဲ “

ဂုဏ်ယူပါတယ် marblecommet ခေါ် ကဗျာဆရာကိုကမ်းဝေးရေ …။ ဆက်လက်ပြီး အောင်မြင်မှုတွေ ရရှိပါစေ…
ရွေးရခက်လောက်အောင် အမှတ်တွေကပ်နေတဲ့ ဆန်ကာတင် စာမူရှင်များလည်း နောင်လာမည့်လတွေမှာ စာမူကောင်းတွေ တင်ဆက်နိုင်ပါစေ… လို့

 

 

 

60 comments

  • နှူးဘာ မိဂီ

    August 12, 2014 at 9:58 pm

    ကဗျာဆြာ ရဲ့ ဂျိုး …
    ဂျိုး ရဲ့ ကဗျာဆြာ ….
    ဗရာဗို ပါဗျာ……
    သူ့စာဖတ်ရတာ ကျနော်တောင် ယုစ့်လေးကို ညှစ်ချင်မိတယ်..
    ဝက်ခြံ ပြောပါတယ်…

    အားဟိ..

    😀

  • ခင် ခ

    August 12, 2014 at 10:04 pm

    ရွှီး ရွှီး ဖြောင်း ဖြောင်းးးးးးးးးးးးးးး
    ဆြာကမ်းဝေးရေ လက်ခေါက် လက်ခုပ် အစုံနဲ့အားပေးသွားပါကြောင်းးးးးးးး

  • မြစာကလေး

    August 12, 2014 at 11:12 pm

    အဲ့ တော့
    စောဒီး
    ဒီ ကလေး ကလဲ စာလုပ် သကွဲ့။ တော်လယ်။ တော်လယ်။
    ဖတ်လိုက်ဦးမယ်။
    အရင် တောင်းပန် စကောပန် ထားတာ။ ၁၃ကျပ် ယူရင်း။
    :-)))

  • မြစာကလေး

    August 12, 2014 at 11:19 pm

    တားရော့ကတ် က အစွမ်း မထက် ဘဲ ဆြာဆာမိ မေးစေ့ က အဖု က အစွမ်းထက် တဲ့ သဘောပေါ့ လေ။
    ရီ လိုက်ရတာ ကျောက်စ်ရယ်။ :-)))

    Many Congratulations ပါ မောင်ကမ်း the ကဗျာဆရာ။

    လက်စသတ်တော့ ဂျိုး က ဆိုက်အကြီး ဆုံး ကိုး။ ;-)))
    မုန့်ဝယ်ကျွေးလိုက်ဦး။
    တစ်ခုတော့ရှိရဲ့ ။
    ဘာတွေများ ထပ်ပြီး အနှိပ်စက် ခံ ရဦး မလဲ။
    သိချင်စမ်းရဲ့၊
    ဒါနဲ့ ဂျိုး က ဘာနေ့သမီး လဲ ဟင်။

    PS – “ဝန်ရှင်တော်ရွှေဖလား ” ကို ပိုလို့ တောင် ကြိုက်ပါတယ်။

    • ဦးကျောက်ခဲ

      August 14, 2014 at 12:29 pm

      ကဗျာဆြာကိုရင်ကမ်းက ဆက်သွယ်ရေးဧရိယာပြင်ပရောက်နေလို့…
      ကြေငြာပေးတဲ့ ကျောက်စ်ကပဲ ခွန်းတုန့်ပြန်ပါရစေ…
      အားပေးသွားတဲ့…
      ဘိုနူးဘာ မောင်ဂီ ၊ အကိုခ ၊ အကိုပေါက် ၊ မနန်းတော်ရာသူ ၊ ဂျီးဒေါ်မြစာကလေး…
      ကိုကမ်းဝေးကိုယ်စား အားလုံးကို အထူးကျေးဇူးတင်ပါတယ် ခင်ဗျား…
      :k:

  • surmi

    August 13, 2014 at 12:15 am

    စောစောကတည်းကဖတ်ပြီး ဗိုက်နှိတ်ရီနေတာ ……
    ကားပေါ်မှာဖြစ်နေလို့ မန့်လိုကမရ :mrgreen:

    ကဲ …… ကိုကမ်းရေ ……
    အလွန်အင်မတန် ဝမ်းမြောက်ဝမ်းသာဂုဏ်ယူပါတယ်ဗျို့ ။
    ဂဇက်ရွာစာချစ်သူများရဲ့”ဆု” ဆိုတာထက် ……
    တားမနိုင် ဆီးမရ ရင်ထဲကိုရောက်လာပြီး စွဲကျန်နေအောင်ရေးထားတဲ့ ကိုကမ်းရဲ့ နှလုံးသဲပွတ် “ဂျိုး” ကို စာချစ်သူများအဖွဲ့က နှစ်နှစ်ကာကာ ဂုဏ်ပြုဦးညွှတ်ခဲ့တာပါဘဲ …… လို့ 🙂
    .
    .
    .
    .
    ကဲ ကဲ ဗေဒင်မေးမယ့်သူတွေတန်းစီ .…
    ရှေ့ကလူက ရှေ့မှာနေ …
    နောက်ကလူက ကျော်မတက်နဲ့ …
    ပညာကြေးလေးကို ဟောဟိုက ပုံးထဲထည့် :mrgreenn:
    များများမှန်ချင် များများလှူသွားကြ
    တားရော့လေးတွေအစာကျွေးချင်လို့ :mrgreen:

    ဗျို့ အရီးးး ……
    တားရော့ကအစွမ်းထက်ပါတယ်ဗျ
    နမိတ်ပုံကိုက ချစ်သူနှစ်ဦးလေဗျာ ဟဲ ဟဲ
    ဂျိုး ဆိုတာကလည်း ရည်ညွှန်းသူရဲ့ သိပ်ချစ်ရသူဘဲမဟုတ်လားးး
    ဒါကြောင့် ……… :kwi:

    • ဇီဇီ ခင်ဇော်

      August 13, 2014 at 7:32 am

      ဒီ ဗေဒင် ဆရာ က ဖွတ်ရှူး အဖွဲ့ က ချောဆွဲလို့ ….
      ဓာတ်ပြားပွတ် အခန်းဝင်မယ်ဆိုပြီး ခွင့်တိုင်တာကို ခွင့်ပေးတဲ့ မက်နှာမှ မထောက်…..!!!
      :mrgreenn:
      ဒီ က အင်္ဂါသမီးကို ဟောလိုက်ပါတော့လားးး ပေါ့စိမ့်လေးသောက်ပြီးးးး
      :mrgreenn:
      ဒါနဲ့ စကားမစပ်
      မုန်းဆေးက တကယ် စွမ်းတယ်နော်။
      ဟိဟိ။ :mrgreenn:

      • surmi

        August 13, 2014 at 9:34 am

        ဆေးကုန်ရင်ပြောနော်
        အများကြီးကျန်သေးတယ်
        အားမနာနဲ့ :mrgreen:

        • ဇီဇီ ခင်ဇော်

          August 13, 2014 at 10:19 am

          ဒီ တစ်ခါတော့ တစ်ယောက်တည်း မသောက်တော့ဘူးးး
          ယောက်ခမွတွေရော
          ဒက်ဒီတွေပါ အတူသောက်ရမှာပဲ။

          နို့မို့ သများတစ်ယောက်တည်း ထွက်ပြေးနေရတယ်။

          :mrgreen:

    • ဦးကျောက်ခဲ

      August 14, 2014 at 12:40 pm

      လက် ခဏဆြာ အွန်လိုင်းဗေဒကဝိ ဆြာဆာမိကိုလည်း…
      ကိုကမ်းဝေးကိုယ်စား ကျေးဇူးတင်ပါတယ်ခင်ဗျ…
      ဟိုကျွန်းသူ ပိန်ပိန်ပါးပါးအမဂျီးကို ဖော်ထားတဲ့ဆေးတွေ အကုန်မတိုက်နဲ့နော်…
      မတော် ၁၁ကျပ်ကျပြီး မလေးရှားလေကြောင်းလိုင်းနဲ့ ယူကရိန်းကိုလစ်သွားမှ….အဟိ
      :k:

  • မြစာကလေး

    August 13, 2014 at 2:26 am

    အသေအချာ ထပ် ပြန်ဖတ်မိမှ …

    ( ကျောက်စ်က သူတို့ဂိုဏ်းသူကိုတောင် စိနတိုင်းအထိ မ ပြေးလာတာ )
    အောင်မြလေး ။
    ဂုဏ်ယူစွာ ကြွားစ် ထားတာ ကို ဖတ်မိတယ်၊

    {သရီးရှဲဒိုး }
    အဲဒါ ဘာတုန်း?

    {ကန်ရာသီဖွားမို့ ကန်ချင်တဲ့သူပေါ}
    အဲလာ အဲလာ သူ လုပ်ချင်တာ ကို စာထဲ ထည့်ရေးနေတာ ကျုပ်တူမကြီး ကို။

    {ဖွတ်ရှူးအဖွဲ့}
    ခေါ်တတ်ပါ့ တော်။

    { လက်ဝှေ့ရုံသွင်းတဲ့ သူ }
    ဖျား ဖျား အဲဒါ တို့ သူကြီးမင်း လား။
    အလိုလေးလေး ခက်ကြပေါ့။
    မနေ့က သတင်းစာထဲ လက်ဝှေ့ရုံသွင်းတဲ့ သူ တစ်ယောက် ကျားဘဝ ကနေ မ ဘဝ ကို အခွဲအစိတ်ခံပြီး ကူးသွားသတဲ့။
    ဖစ် မှ ဖစ် ရလေ သူကြီးရယ်။
    http://www.dailymail.co.uk/news/article-2721600/I-couldn-t-I-end-Boxing-promoter-Frank-Maloney-reveals-torment-wanting-woman-drove-brink-suicide.html
    ပုံထဲ မျက်မှန်ချင်း တော့ ဆင်နေတာဘဲ။
    :-)))))

    • ဇီဇီ ခင်ဇော်

      August 13, 2014 at 4:26 am

      Three shadows-အရိပ် သုံးးပါးးး

      :kwi:

    • ဇီဇီ ခင်ဇော်

      August 13, 2014 at 7:36 am

      အရီးရယ် …..
      ကန်ရာသီမို့ သများ က ကန်ရမလားမှတ်တယ်။
      သများကို ချည်း အကန်ခံရတယ်။
      ဟိဟိ။ :mrgreenn:
      အရီးက ချိတ်ချိတ်ချင်း မို့ ဆိုလို့ ဆုံးမထားလို့ …
      သများ ပုံပြောင်းထားပါတယ်။ .
      ခု ချိတ် မဟုတ်တော့ဘူးးး
      နောက်တစ်ချိတ်နဲ့ ချိတ်မိ မစိုးလို့။
      .

      .
      .
      .
      .
      .
      .

      .
      .
      တယ်လီဖုန်းကြိုး စပလိန် ပုံ!!!! :mrgreenn:
      အဲဒါဆို အဖြောင့်ကိုပါ ချိတ်လို့ရပြီ။ :mrgreenn:

      ခိခိ
      ဒီ ဘွ~~~
      ချိတ်ရမှာ နေပျော်မှာ~~~
      :mrgreenn:

    • ဦးကျောက်ခဲ

      August 14, 2014 at 12:44 pm

      အဟိ အဟိ… ခဲတစ်လုံးထဲနဲ့ တစ်ရွာလုံးမှန်အောင် ပစ်ချင်နေတာ… အရီးရယ်
      အခုတော့ မစွမ်းနိုင်လို့ ဟိုထိသည်ထိပဲ ပစ်သွားတယ်… နာတွားရင် အာ ဘွား
      :mrgreen:

  • ဇီဇီ ခင်ဇော်

    August 13, 2014 at 4:43 am

    :mrgreen:

    o m g…!!

    မဖတ်လိုက်ရလို့ အိပ်မက်ဆိုးးးများးတောင် မက်ပါတယ် အောက်မေ့ တာ အကန် ခံ နေ ရ သကိုးးးးးး
    အဲလေ ချစ်တဲ့ သူများးးနေသကိုးးး
    အစောကြီးးး ထ ဖတ်ရ တန်တဲ့ အတွက် ပို့စ် ကိုတခုခု လုပ်ကြံ ချင် အဲ လုပ်ပေးးချင်ပါတယ်။ :mrgreenn:

    ချစ်သော ကိုကမ်းးးးရေ – very congratulations..!!!
    ကိုကမ်းးး အပေါ်တင်တဲ့ အကြွေးးး ကို နောင် ဘွ အဲလေ နောင်များးးမှ ဆပ်ပါ့မယ်။
    :s:

    ဒီနေ့ စကားးးတွေ တယ်မှားးးသကိုးးး
    Bravo ကျောက်ရေ
    အလွန်တော် (စာရေးးတာ)
    :mrgreen:

    သများး စီ လာရင် ပိုင်းးလင်းး သံကွန်ခြာ ယူလာပေးးပါနော်။

    မမြင်တာကြာလို့ သများးးပုံ မေ့ သွားးးပြီလားးဟမ်
    :k:

    • ဦးကျောက်ခဲ

      August 14, 2014 at 12:48 pm

      ဒါကအမြည်းလို့မှတ်… နောင်မှ အပီကန်မှာ… အဟိ အဟိ…
      ချစ်သောကိုကမ်းးးးရဲ့ ကိုယ်စား ကျေးဇူးအထူးပါ အန်တီလေး… ဂွီ
      :s:

  • kai

    August 13, 2014 at 6:22 am

    လက်ဝှေ့ပွဲသွင်းမလို့ကြံနေတာတောင်.. တွန့်သွားတယ်…
    အကြားအမြင်တယ်စွမ်းပါ့လား..။

    ဪ…
    မေ့လို့…
    ကွန်ဂရက်ကျူးလေးရှင်းပါ.. ဂျိုးရေ..။ :k:

    • ဦးကျောက်ခဲ

      August 14, 2014 at 12:50 pm

      သိပ်မလန့်ပါနဲ့ ဦးဒွန်ကင်း… အဲ အဲ သဂျီး…
      အကြားအမြင် စွမ်းတာ CIA ကောင်းမှုပါ… အားဟိ
      :k:

    • ဦးကျောက်ခဲ

      August 14, 2014 at 12:52 pm

      Thanks…. (သထိန်းမဂျီး၏ ကပ်စေးနဲကော်မန့်)…
      :k: :k: :k:

  • amatmin

    August 13, 2014 at 7:47 am

    ဘရာဗို ပါ ကိုရင်ကမ်း ။
    ခင်ညားစာဖတ်ပိတ်သတ်အနေနဲ့
    တကယ်ဝမ်းမြောက်ပါတယ် ။

    • ဦးကျောက်ခဲ

      August 14, 2014 at 12:54 pm

      ဝမ်းမြောက်တာ ကိစ္စမရှိ… ဝမ်းများရင် ရှော့ရှိတယ်… အဟိ
      ကျေးဇူးတင်ပါတယ် ကိုအမတ်မင်းရေ…
      :k:

  • lu lu

    August 13, 2014 at 7:51 am

    ကဲ……
    မနက်စောစော မှာအခုလိုမင်္ဂလာသတင်းကြားရတာ
    တကယ်ဝမ်းသာပါတယ် ။
    Congratulation ! ပါ ဆြာ ဂျိုးး ရေ ။
    ရွှီးးးးဖြောင်းးဖြောင်းး((လက်ခုပ်သံ))
    :mrgreen:

    • ဦးကျောက်ခဲ

      August 14, 2014 at 12:56 pm

      ကျေးဇူးအထူးပါ မလုလုရေ…
      များမကြာခင် လုလုအတွက် လက်ခုပ်ပြန်တီးပေးဖို့ ပြင်ထားပါတယ်…
      :mrgreen:

  • kyeemite

    August 13, 2014 at 8:30 am

    ကိုကမ်းးးးရေ …ခီများနဲ့ဒီဆု မနီးမဝေးမှာရှိနေခဲ့တာကြာပေါ့ဗျာ…
    ခုမှချိတ်မိတော့တယ်…Congratulation !ပါဗျာ…
    ကျုပ်က ကဗျာကိုသိပ်မခံစားတတ်ပေမဲ့ ရသစာပေကိုတော့ အတော်နှစ်သက်သဗျ
    နောင်လည်း ကိုကမ်းလက်ရာ စာကောင်းလေးတွေ စောင့်ဖတ်ချင်ပါတယ်…




    -တစ်ဆက်တည်း…ဒီလဆုရသူကြေငြာပေးတဲ့ မြူးမြူးကြွကြွရေးတတ်ပါသောဆြာ ကျောက်စ် အား၎င်း
    -တဲရော့ကဒ်အဟောဖြင့် ဆုရသူကိုရွေးချယ်ပေးပါသော အွန်လိုင်းဗေဒကဝိ ပုံစားဆြာဆာမိအား၎င်း
    -အထူးကျေးဇူးဥပကာရတင်ပါဂျောင်းးးးးးးးးးးးးးးးးးးးးးး :s:

    • ဦးကျောက်ခဲ

      August 14, 2014 at 1:00 pm

      ဆြာကိုကြီးမိုက်ကိုလည်း အဂါရဝဖြစ်သွားခဲ့ရင်… လွန်တာရှိ ဝန္နာမိပါလို့…
      ကျေးဇူးအထူးတင်ပါတယ် ငှက်ကထဂျီးခင်ဗျား… :k:

  • weiwei

    August 13, 2014 at 8:36 am

    congratulations ပါ ကိုကမ်းဝေး ..
    တကယ်ကို ရသမြောက်တဲ့ စာစုတွေပါ ..
    နောက်ထပ် စီးရီးတွေလဲ ဖတ်ချင်ပါသေးတယ် ..

    ဒါနဲ့ စကားမစပ် .. ဆြာကျာက်ရဲ့ ပေါက်စီ အောင်မြင်သွားပါပြီ .. ဒါပေမယ့် yeast နဲ့ ဆော်ဒါ အတွက် ပေးထားတဲ့ ပမာဏ အဆင်မပြေလို့ အတိုး အလျော့ပြန်လုပ်ပြီး စမ်းထားရတယ် .. အခုထိ အကောင်းဆုံးအခြေအနေတော့ မရသေးဘူး .

    • ဦးကျောက်ခဲ

      August 14, 2014 at 1:05 pm

      အခုလိုချီးမြှင့်တာ ကျေးဇူးတင်ပါတယ် မဝေဝေ ခင်ဗျ..
      ပေါက်စီကတော့ သေခြာအောင် ထပ်လုပ်စားကြည့်ပါဦးမယ်…
      Yeast နဲ့ ဆော်ဒါ အမျိုး ကွာလို့လားမသိ!!!! ဖွဘုတ်မှာ တင်ပေးပါ့မယ်…
      :k:

  • thit min

    August 13, 2014 at 8:57 am

    ကိုကမ်းဝေး ဆိုတဲ့..
    သူက “ပရို” ဆုရရ မရရ သူ့စာတွေက ကောင်းပြီးသား။
    အဲဒီလိုကို ယုံကြည်ထားပြီးဆိုတော့ အံ့ဩမှုတော့မဖြစ်ပေမဲ့
    အားလုံးနဲ့ ယှဉ်ရွေး နံပါတ် တစ် အပေးခံရတာကိုတော့..
    ချီးကျူးဂုဏ်ပြုပါတယ် ညီရေ..။

    ဆုအကြောင်းဖတ်ရင်း.
    ဆုရတဲ့သတင်းရေးသူ ကိုကျောက်စ် ကို
    ဆုပေးသင့်တယ်လို့ထင်ပါကြောင်း..။

    • surmi

      August 13, 2014 at 9:30 am

      သံခမောက်ဆောင်းပြီး ထောက်ခံလိုက်ဦးမယ် ဆရာသစ်ရေ …… :mrgreenn:

      တကယ်တန်းပြောရရင်
      ဖတ်ရွေးဆုရပို့စ်တွေ စာမူဆုတွေဆိုတာ အကြောင်းကြောင်းကြောင့် အမေ့ခံ ဖြစ်နေတာကြာပါပြီ ။
      လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကျော်လောက်က စိတ်ဝင်တစားစည်ကားခဲ့ပေမယ့် ဒီဖက်နှစ်အတွင်းမှာတော့ ဝတ်ကျေတန်းကျေလောက်ပါဘဲ ။
      ဟော,.…
      အခု ဒီလမှာတော့ အရင်လို ပြန်ပြီးစည်ကားလာခဲ့ပါတယ် ။
      ညသန်းကောင်ကျော်တောင်မှ ကွန်မန့်တက်တဲ့ ပို့စ်တွေပါဘဲ ။
      ဆိုတော့……
      ဒီတစ်နှစ်အတွင်းမှာ ရေးခဲ့သမျှဖတ်ရွေးဆုကြေငြာတဲ့ ပို့စ်တွေထဲမှာ လူစိတ်အဝင်စားဆုံးးးး
      စိတ်ပျော်ရွှင်မှုကူးစက်စေမှုအများဆုံးးးး
      ကွန်မန့် အများဆုံးးးးးးးး
      ပျော်စရာအကောင်းဆုံးးးး
      ပို့စ်ပါဘဲလို့ထင်တယ်ဗျာ ။
      အဓိက ကတော့ ပိုယ်နဲ့တကွ ကိုယ့်ပတ်ဝန်းကျင်ကို ကောင်းစေချင်တဲ့စေတနာလေး နဲနဲလောက် ထည့်လိုက်ရင်ဖြင့် ………………

    • ဦးကျောက်ခဲ

      August 14, 2014 at 1:10 pm

      ဆရာသစ်ရေ… ကိုကမ်းဝေးက ဆုရသင့်တာကြာပါပြီ…
      အခုလည်း လုံးချင်းလေးထုတ်မလို့ ကြိုးစားနေရှာတယ်…
      ခွန်အားပေးတဲ့ စကားတွေမို့ ကျေးဇူးပါဗျို့…
      အဟိ… ကိုသစ်နဲ့ ကိုရင်ဆာ ဝိုင်းမြှောက်ပေးတာ ဂျွမ်းထိုးမိတော့မယ်…
      :k:

  • TNA

    August 13, 2014 at 9:21 am

    ဘရာဗိုပါကိုကမ်းရေ။ ချစ်တတ်လွန်းသူကြီးအတွက် ဂုဏ်ယူပါတယ်ဗျို့။ ဗေဒင်ဆြာဂျီးလဲတိုကင်ဘယ်တော့ဝေမလဲငင်

    • surmi

      August 13, 2014 at 9:35 am

      လူကိုခင်ရင်
      မူကိုပြင်တယ် ဟေးဟေး
      အချိန်မရွေး ဖုန်းဆက်လိုက် :kwi:

    • ဦးကျောက်ခဲ

      August 14, 2014 at 1:12 pm

      သင့်ခ်ယူပါ အန်တီသဲရေ… တိုကင်မရရင် ဗေဒင်ဆြာကို ခွနဲ့ပစ်ဗျို့…အဟိ
      :k:

  • Mr. MarGa

    August 13, 2014 at 9:35 am

    ကိုကမ်းကို ကွန်ဂရက်ကျူလေးရှင်း အကြီးကြီးလုပ်ပါတယ် (သူ့ ဝက်ခြံပို့စ် ဖတ်တဲ့တစ်ချိန်လုံး မျက်နှာကို ဘယ်နားထားရမှန်းမသိလောက်အောင်ကို ဖြစ်နေတာဗျ)

    ဟို ချစ်သူတွေ ဝိုင်းဝိုင်းလည်နေတဲ့အစ်မကြီးခမျာတော့ ကြောက်ရှာလွန်းလို့ ပတ်ပြေးနေတာ ဘယ်နှမိုင်လောက်တောင် ရောက်နေပြီလဲမသိ။
    ဦးဆာဆီမှာ ဗေဒင်မေးဖို့တော့ နည်းနည်းတောင် တွန့်ချင်ချင် ဖြစ်လာပြီ (မမေးဘဲ စိတ်ပါလို့ ဟောပေးတာတောင် မြေကြီးလက်ခတ်မလွဲ မှန်နေလို့)
    ဦးကျောက်ရဲ့ ဂဇက်လိခ်က နည်းသေးဒယ်… အဟိ
    ဦးမိုက်
    ကျေးဇူးတင်တဲ့အထဲ အနော်မပါလို့ စိတ်ဆိုးဒယ် ဒါဗျဲ :mrgreenn:

    • surmi

      August 13, 2014 at 9:40 am

      သဂျားလေးကို နားရက်မပေးဘဲ အရေးပေါ်လူစားထိုးလိုက်ရလို့လည်း
      အထူးကျေးဇူးတင်ပါကြောင်းးးးးး
      ဆု ကောင်းကောင်း ထောင်းပါစေ အဲ မှားလို့ :mrgreenn:
      ဆု တောင်းပြည့်ပါစေကြောင်းးးးးးး 🙂

    • kyeemite

      August 13, 2014 at 1:10 pm

      -ဆောဒီးပါသဂျားမင်းရယ်…မန့်ချင်စိတ်များနေလို့မေ့သွားတယ်… :mrgreenn:
      -ဖတ်ရွေးလို့အဆင်ပြေအောင် တစ်လစာ ပေါင်းပြီး “ယနေ့ပို့စ်” ကြိုးစားတင်ပေးကြတဲ့
      -ဖတ်ရွေးပေးတဲ့ပို့စ်တွေကို စုစည်းပြီးဖတ်ရွေးအဖွဲ့ကို အထောက်အကူပေးတဲ့
      -မဟာရာဇာကိုအံစာနဲ့ ခေတ္တလူ့ပြည်ရောက်သဂျားမင်း အူးမာဃဂျီးတို့ကို
      -အလွန်တရာကျေးဇူးတင်ပါဂျောင်းးးမောင်မင်းကြီးသားအပေါင်းတို့ရေ :s:
      -ကျုပ်လည်း ကေဇီဆီကရတဲ့ အမုန်းဆေးလက်ကျန်လေးရက်ထားမိလို့ သတိထားနေရတယ် :k:

      • ဇီဇီ ခင်ဇော်

        August 13, 2014 at 1:13 pm

        ဘာရ မလဲ။
        စရိတ်မျှပေး ကျန်းမာရေးး ဆောင်ပုဒ် အရ (ဆိုင်ဆိုင် မဆိုင်ဆိုင်)
        အကုန်မျှထားတာ။ ညင်းညင်းညင်းးးး
        :kwi:

        ဆေးကုန်ရင် ပြောကြနော်။
        သများ မသောက်ပဲ မျှပေးဦးမှာ။
        :s:

    • ဦးကျောက်ခဲ

      August 14, 2014 at 1:17 pm

      ကိုကမ်းဝေးကိုအားပေးစကားအတွက်… ကျေးဇူးပါသဂျားရေ…
      ကျောက်စ်က ဘာမှမသိလို့ လိခ်စရာလည်း ဘာမှမချိရပါဘူးဗျာ… ခွိ…
      ဖွတ်ရှူးအဖွဲ့ကိုယ်စား သဂျားကိုလည်း အားဂျီး ကျေးဇူးတင်ပါကြောင်း… အဟိ အဟိ
      :k:

  • Nyo Win

    August 13, 2014 at 9:35 am

    CONGRATULATIONS!!!!!!!!! အကြီးကြီးပါ….ကိုကမ်း
    နောက်ထပ်လက်ရာတွေဖတ်ချင်ပါသေးတယ်………..

  • Hnin Hnin

    August 13, 2014 at 9:55 am

    နောက်ကျမှ ဖတ်ရပေမယ့် ရသအပြည့်နဲ့..ဟတ်ထိသွားတာပဲ…ဂုဏ်ယူပါတယ် ကိုကမ်းရေ

  • Kaung Kin Pyar

    August 13, 2014 at 10:04 am

    ဆုံခဲ့တုန်းက ကဗျာတင်မက ရသပါ အရေးကောင်းကြောင်း ကောင်းကင်ပြာချီးကျူးဖူးပါရဲ့…
    ရင်တွင်းဖြစ်စစ်စစ်တွေဖြစ်ကြောင်း ဝန်ခံခဲ့တဲ့ ဒီပိုစ့်လေးတွေနဲ့ စာပေဆုရသွားလို့ ပိုအမှတ်တရဖြစ်မယ် ထင်တယ် ကိုကမ်းရေ့…
    နောက်လဲ ခုလိုလက်ရာလေးတွေ များများထွက်လာဖို့ မျှော်လင့်ပါတယ်လို့…
    Congratulations Brother!!!!!!!

    • ဦးကျောက်ခဲ

      August 14, 2014 at 1:23 pm

      လူပျိုဂျီးဆြာညို ၊ မဒမ်ကျောက်စ် နှင်းနှင်း ၊ ကောင်းကင်ပြာ…
      ကိုကမ်းဝေးကိုယ်စားပြောပေးပါရစေ… “ကျေးဇူးအကြီးကြီးတင်ပါတယ် ခင်ဗျ”
      နောက်ထပ်လက်ရာတွေလည်း သေချာပေါက် ဖတ်ရပါ့မယ်…
      စာအုပ်ထွက်ရင်လည်း “ဝယ်ယူ”အားပေးကြပါလို့…. (အဟိ… မေတ္တာလက်ဆောင်မဟုတ်)
      :k:

  • Ko chogyi

    August 13, 2014 at 12:18 pm

    ကမ်းကြီးရေ ဂုဏ်ယူပါတယ်
    ဖတ်ရွေးဆုရတဲ့ပို့စ်ထက်
    ဆုကြော်ငြာထက်ပိုစ့်က ပိုကောင်းနေတယ်လို့ထင်မိတယ်
    Bravo ပါကိုကျောက်စ်

    • ဦးကျောက်ခဲ

      August 14, 2014 at 1:26 pm

      ကျေးဇူးတင်ပါတယ် ကိုချိုကြီးခင်ဗျား…. (ကိုကမ်းဝေး ကိုယ်စား)
      အဟိ… အနေရခက်အောင် အဲဂလို မမြှောက်ပါနဲ့ဂျာ… (ကျောက်စ်)
      :k:

  • manawphyulay

    August 13, 2014 at 12:46 pm

    Cheer…. ကမ်းပေ့

    အဲ… ကွန်ကရက်ကျူရေးရှင်း… ကမ်းကြီးရေ…

    မတွေ့တာ အတော်ကြာတော့
    ကလောင်သွားတွေ အတော်ထက်နေပေါ့….

    • ဦးကျောက်ခဲ

      August 14, 2014 at 1:28 pm

      ကျေးဇူး အထူးတင်ပါတယ် မနောဖြူလေးရေ… ရှဲ့ရှဲ့… သိုင်းကျူး…
      :k:

  • အလင်းဆက်

    August 13, 2014 at 3:34 pm

    ရဲဘော်…ကိုကမ်းရေ….
    ဝမ်းသာ ဂုဏ်ယူမိပါတယ်..ဗျ… ။

    အော်… ရသအနုပညာနဲ ့… ရွာနဲ ့…အလှမ်းမဝေးလှပါလား..လို ့ တွေးမိတယ်.. ။
    😆

    ဆုရ ပိုစ့် ကြေညာပေးတဲ့ ဦးကျောက်စ်…လက်ရာကလည်း.. ရှယ်ပဲ..ဗျို ့…

    • ဦးကျောက်ခဲ

      August 14, 2014 at 1:33 pm

      ကျေးဇူးဘယ်လိုတင်ရမှန်းတောင် မသိတော့ပါဘူး အလင်းဆက်ရယ်… အဟိ
      ရွာထဲမှာ … ရသ တင်မဟုတ်… အကုန်ရှိ… အားဟိ
      :k:

  • padonmar

    August 13, 2014 at 8:56 pm

    Congratulations အကြီးကြီးပါ ကိုကမ်းရေ။
    ဦးကျောက်ကိုလည်း ခုလိုမျိုး ဝေဝေဆာဆာ(မဝေနဲ့ ကဆာမိ မဟုတ်ဘူးနော်)အားပါးတရ ကြေငြာပေးတဲ့အတွက် ရွာသူားတွေကိုယ်စားရော၊ဖွတ်ရှူးအဖွဲ့ကြီးကိုယ်စားရော ကျေးဇူးအထူးပါဗျို့။
    ဒီလို လက်ရာမျိုး ရေငတ်သလို ငတ်နေတာကြာပြီ။

    • ဦးကျောက်ခဲ

      August 14, 2014 at 1:35 pm

      အန်တီဒုံကိုလည်း အထူးစပါယ်ရှယ်… ကျေးဇူးတင်ပါတယ် ခင်ဗျား…
      :k:

  • မဟာရာဇာ အံစာတုံး

    August 14, 2014 at 3:34 am

    ဟိတ်လူ ကိုကမ်းကြီး ….
    ခင်ဗျား ပို့စ်က ရှယ်ပဲဗျာ ….
    ခုလို ရသွားတာလည်း ကွန်ဂရက်ကျူလေးရှင်းပါဗျို့ …
    ဒီလို ရတဲ့အတွက် ကျုပ်ကို အော်ကြူးမှာ ဘီယာ လာတိုက် … :mrgreen:

    စကားမစပ် ….
    ဥငေး ပို့စ်ကို ဖတ်တာ တခွိခွိနဲ့ ရီနေရဒယ် … ခိခိ :mrgreenn:
    ဟိုဗေဒင်ဆြာ ဘတ်စ်ကားပေါ်က အဆင်းမှာ ကောင်မလေး လက်ကို ကိုင်တဲ့ အခန်းက အရီရဆုံးဘဲ … ဟီဟိ

  • aung moethu

    August 14, 2014 at 10:56 am

    ရွာထဲမဝင်တာကြာတော့ အဆက်အသွယ်တွေပြတ် း))

    • ဦးကျောက်ခဲ

      August 14, 2014 at 1:38 pm

      ရွာထဲမဝင်တာကြာနေပြီဖြစ်တဲ့… အောင်မိုးသူကိုရော..
      ဘီယာ ၂ခွက်ထက်ပိုမသောက်နိုင်တဲ့… ကိုရင်အံကိုရော…
      ကိုရင်ကမ်းရဲ့ကိုယ်စား… ကျေးဇူးတင်ပါတယ်…လို့
      :k:

  • Myo Thant

    August 15, 2014 at 1:43 pm

    ကိုကမ်းရေ

    ဘရာဗိုပါဗျာ ၊ ပရီးမီးယားလိဂ် လာတော့မှာမို့

    အရှုပ်လုပ် အဲ အဲလေ အလုပ်ရှုပ်နေလို့

    ကောမန့်ပေး နောက်ကျတာ စိတ်မဆိုးပါနဲ့နော် ၊

    စိတ်ဆိုးမယ် ဆိုရင်လည်း Prome မှာ တစ်လုံးနဲ့ ပြန်ချော့ပါ့မယ်ဗျာ ၊ 🙂

  • black chaw

    August 15, 2014 at 2:16 pm

    ကမ်းဝေးရေ။
    မင်းဆုရသွားတဲ့ အတွက် ကိုယ်ထူးပြီး မပျော်ရွှင်မိပါဘူး။
    အဲဒါ မင်းစိတ်ကို အလွတ်ရနေလို့ပါပဲ။
    မင်း ပြောသလိုတော့ အမှတ်မလျှော့လိုပါဘူး မောင်။
    မင်းဟာ ဆုနောက် ကို သည်းကြီးမည်းကြီး လိုက်တတ်သူမျိုးမဟုတ်ဘူးဆိုတာ
    ကိုယ်ကောင်းကောင်း သိပါတယ်။
    ချစ်မြဲ
    ခင်မြဲ
    လေးစားမြဲ
    ဘလက်ချော…။

  • အာဂ

    August 15, 2014 at 5:22 pm

    တူ…တူ….တူ…….“.ဟယ်လို….ကိုကမ်းဝေးနဲ့ ပြောချင်လို့ပါ…။ ” မိန်းကလေးတစ်ယောက်လေသံဖြင့်
    “ ဟုတ်ကဲ့ ခနလေးနော်…။”ဖုန်းထဲက “မောင်လေးရေ နင့်ဖုန်းလာနေတယ်”ဆိုတဲ့အသံကိုကြားပြီးမကြာမီ

    အရက်သောက်ထားပုံမရဘဲ။ကြည်လင်ပြတ်သားသောလေသံဖြင့်

    “ဟယ်လို……”
    “ကိုကမ်းလား ခင်ဗျား ဂျိုး ဒီလ ဖတ်ရွေးမှ ဆုရတယ်”
    “ဆြာ ဂလား”
    “ဟုတ်တယ်”
    “ဟုတ်လား ”လေသံကတော့ အနည်းငယ်ဝမ်းသာသောလေသံပေါက်နေသည်။
    “ကျွန်တော်လည်းမသိဘူး ။ အခုတစ်လော ဘိုင်ပြတ်နေတာနဲ့ အင်တာနတ်လည်းမသုံးဖြစ်ဘူး”
    “ကျွန်တော်လည်း ကနေ့ မှကြည့်မိလို့ ခင်ဗျားကို ဖုန်းဆက်ပြောလိုက်တာ ဖေ့ဘွတ်မှာလည်း မက်ဆေ့ ပို့ ထားတယ်။ မပြန်တာနဲ့ …ဟိုနေ့ ခင်ဗျား….များ ကျုပ်ကို စိတ်ဆိုးသွားလားလို့(မှတ်ချက်။ ။ ဒါကအတွင်းရေးပါ။)
    “ဟာ ဆြာဂ ကလည်း စိတ်ဆိုးစရာမှ မဟုတ်တာ”
    “အိုကေ အိုကေ အဲဒါလှမ်းအကြောင်းကြားတာ”
    “ဟုတ်ဆြာဂ အဆင်ပြေရင် မြို့ထဲတစ်ခေါက်လောက်ထွက်ခဲ့မယ်။ဆု ရတော့လည်း ဝမ်းသာပါတယ်ဗျာ ။အခုလို ပြောပေးတဲ့အတွက်လည်း ကျေးဇူးပဲ ဆြာဂ”
    “အိုကေလေ ကိုကမ်း ဒါဆိုဒါပဲနော်…”

  • marblecommet

    August 17, 2014 at 10:20 am

    အားလုံး ကျေးဇူးတင်ပါတယ်ခင်ဗျား….
    အထူးသဖြင့် အစ်ကိုကြီးကျောက်စ်.ကျော့်အတွက် ဗော်လံတီယာ
    ပြန်ကြားပေးပါသဖြင့်…အားနာမျက်နှာပူပူဖြင့် ကျေးဇူးအထူးပါခင်ဗျား….
    မဲဇာရောက်နေတုန်း မို့ အားလုံးနဲ့ အဆက်ပြတ်နေရတာပါ.
    အခုလည်း မဲဇာက ရိက္ခာ ခဏ လာသယ်တုန်း ရွာထဲ ဖြတ်ပြေးသွားရင်း
    ရွာသားအားလုံးကို မဖြစ်မနေ ကျေးဇူးစကား ဝင်ဆိုခဲ့ပါရစေ..
    ….
    ကျနော့်ရဲ့ ဂျိုး စီးရီးကို အသိအမှတ်ပြုခံရတဲ့အတွက်….
    ရိုးသားစွာ ဝမ်းမြောက် ဂုဏ်ယူပါတယ်ဗျ.
    ဂျိုးကိုလည်း ကျေးဇူး…..ငိငိ…..

Leave a Reply