” အင်း ညာ ညာနိုင်လွန်း…………..တဲ့”

 

” မင်းတို့နိုင်ငံက အမြန်လမ်းတွေဟာ ဘာဖြစ်လို့ ခဏ ခဏ ကွေ့ကွေ့သွားနေတာလည်းကွာ”

” သွားနေတဲ့ခရီးလမ်း အရှိန်လေးတန့် တန့် သွားအောင် ဒါအရှိန်ထိန်းစနစ် သုံးထားတာလေ”

” မင်းတို့အရှိန်ထိန်းစနစ်ကလည်း ဖန် ဖန်တီးနိုင်လွန်းပါတယ်ကွာ ကြည့်ပါလား မိတ္ထီလာမှာ ဖန်တီးလိုက် မန္တလေးပိုင်းမှာ ဖန်တီးထားလိုက်နဲ့ လိုချင်တဲ့နေရာ ရောက်ဖို့ အလကားကြာတာပေါ့”

“ဒါကတော့ မြန်မာနည်း မြန်မာဟန်ပေါ့”

“တစ်ချို့နေရာတွေမှာ ဘတ်ပြန်ခေါက်လို့ရတဲ့နေရာတောင်ထဲ့ထားသေးတယ်”

“ဒါလည်း ပြန်လှည့်ချင်ရင် အချိန်မရွှေးလှည့်ရအောင် ကြိုတင်စီမံထားတာပါ”

“ဒါနဲ့နေပါအုံး လမ်းခွဲ လမ်းဆုံရောက်တိုင်း ဘာလို့ ညာ ကိုဘဲချိုးနေကြတာလဲ”

“ဒို့နိုင်ငံက ညာ ဘဲသွားနေတာလေ စာဆိုတောင်ရှိသေးတယ် မြန်မာပြည်ရှေ့ခရီး ညာ ရင်ပြီး တဲ့”

“အကယ်လို့ ဘယ် သွားရင်ကောကွာ”

” ဘယ်သွားရင် ဖယ်ရှားမယ်ပြင် တဲ့၊ ရှေ့ကသွားတဲ့သူတိုင်း ညာ တော့လည်း ခုထိ ညာ နေစဲပေါ့လေ”

” အင်း ညာ ညာနိုင်လွန်း…………..တဲ့ တိုင်းပြည်ဘဲလေ”

 

ခင်ခ။

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..

   Send article as PDF