” အင်း ညာ ညာနိုင်လွန်း…………..တဲ့”

ခင္ခAugust 13, 20141min11410

” အင်း ညာ ညာနိုင်လွန်း…………..တဲ့”

 

” မင်းတို့နိုင်ငံက အမြန်လမ်းတွေဟာ ဘာဖြစ်လို့ ခဏ ခဏ ကွေ့ကွေ့သွားနေတာလည်းကွာ”

” သွားနေတဲ့ခရီးလမ်း အရှိန်လေးတန့် တန့် သွားအောင် ဒါအရှိန်ထိန်းစနစ် သုံးထားတာလေ”

” မင်းတို့အရှိန်ထိန်းစနစ်ကလည်း ဖန် ဖန်တီးနိုင်လွန်းပါတယ်ကွာ ကြည့်ပါလား မိတ္ထီလာမှာ ဖန်တီးလိုက် မန္တလေးပိုင်းမှာ ဖန်တီးထားလိုက်နဲ့ လိုချင်တဲ့နေရာ ရောက်ဖို့ အလကားကြာတာပေါ့”

“ဒါကတော့ မြန်မာနည်း မြန်မာဟန်ပေါ့”

“တစ်ချို့နေရာတွေမှာ ဘတ်ပြန်ခေါက်လို့ရတဲ့နေရာတောင်ထဲ့ထားသေးတယ်”

“ဒါလည်း ပြန်လှည့်ချင်ရင် အချိန်မရွှေးလှည့်ရအောင် ကြိုတင်စီမံထားတာပါ”

“ဒါနဲ့နေပါအုံး လမ်းခွဲ လမ်းဆုံရောက်တိုင်း ဘာလို့ ညာ ကိုဘဲချိုးနေကြတာလဲ”

“ဒို့နိုင်ငံက ညာ ဘဲသွားနေတာလေ စာဆိုတောင်ရှိသေးတယ် မြန်မာပြည်ရှေ့ခရီး ညာ ရင်ပြီး တဲ့”

“အကယ်လို့ ဘယ် သွားရင်ကောကွာ”

” ဘယ်သွားရင် ဖယ်ရှားမယ်ပြင် တဲ့၊ ရှေ့ကသွားတဲ့သူတိုင်း ညာ တော့လည်း ခုထိ ညာ နေစဲပေါ့လေ”

” အင်း ညာ ညာနိုင်လွန်း…………..တဲ့ တိုင်းပြည်ဘဲလေ”

 

ခင်ခ။

10 comments

  • surmi

    August 13, 2014 at 10:46 am

    :mrgreen:

    ဦးခ နောက်တယ်ဗျာ :mrgreenn:

  • စစ်သင်တန်းတွေ တက် တုံး က တော့ ခဏ ခဏ အော်ရ တာ သ တိရတယ်

    ညာ………………………………..ညှိ

    ဆိုင်လားတော့ မသိဘူး

  • Kaung Kin Pyar

    August 13, 2014 at 11:40 am

    မြန်မာပြည်က ညာသန်တယ်ချင့်…….

    🙂

  • manawphyulay

    August 13, 2014 at 12:18 pm

    ဪ လက်တွေတောင် ဘယ်သန်ထက် ညာသန်က ပိုများတာကိုး လေးခရဲ့
    ဒီလောက်တော့ ရှိရမှာပေါ့… :mrgreen:

  • kyeemite

    August 13, 2014 at 1:35 pm

    -ညာ…ညာ…ညာ …အင်း…အဲ့ဒီ ညာကပ်မောင်းစံနစ်စကတည်းက ညာလာတာခုထိ (ဟို သွားလေသူကြီးစခဲ့တာပေါ့) 🙂

    • kai

      August 13, 2014 at 2:00 pm

      ၈၉လောက်က.. မြန်မာ့ကားလမ်းစနစ်ကို.. (ဂျပန်အင်ပို့ကားများသမို့) ဘယ်(လက်ဝဲ) ကပ်မောင်းလုပ်သင့်တယ်လို့.. ကျုုပ်က.. ဆောင်းပါးရေးပြီး.. ကိုမြတ်ခိုင်ရဲ့.. ကြီးပွားရေးဆီပို့လိုက်တာ.. စာပေကင်ပေတိုင်က.. ဖြတ်ချခံဖူးသဗျ…။

      အဲဒီဂျပန်ကားတွေနဲ့.. ညာကပ်မောင်းစနစ်ကြောင့်.. ကားမတော်တဆမှုတွေနဲ့.. သေခဲ့တဲ့လူအသက်တွေတွက်တာနဲ့တင်ကို.. အဲဒီစနစ်လုပ်ခိုင်းတဲ့သူကို.. သေဒဏ်ပေးလို့ရလောက်တယ်…

      ညာ…ညာ…. ဆက်ညာ… :k:

      • ခင် ခ

        August 13, 2014 at 2:35 pm

        စာပေကင်ပေတိုင်တို့ လက်ဇောင်းထက်ချိန်နဲ့ ကြုံသွားတာကိုး။
        သေဒဏ်ပေးချင်လည်း အဲဒီစနစ်လုပ်သူက သွားရှာပြီဗျ။ သားစဉ်မြေးဆက် အမွေဆက်ထိန်းသိမ်း လာတဲ့သူကိုကျတော့ ဆိုးမွေဆို တာဝန်ယူမယ်မထင်။

  • ဇီဇီ ခင်ဇော်

    August 13, 2014 at 1:54 pm

    လွှတ်တော်က အမတ်တွေ ညာချတာတို့ ဘာတို့ ကြားဖူးတာပဲ။

    :k:

  • အလင်းဆက်

    August 13, 2014 at 4:34 pm

    လွှတ်တော်ထဲမှာတောင်… ညာချကြတာဆို…
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    ခေါင်းပေါင်းတွေ..ပြောပါတယ်

    :mrgreen:

Leave a Reply