သတင်းစုံလင်မှာ…

manawphyulayAugust 14, 20141min2184

ဩဂုတ်လ အတွက် ဂရီယာဆန်ဆုရ မှတ်တမ်း ရုပ်ရှင် ဗြိတိသျှကောင်စီတွင် ကြည့်နိုင်ပြီ
MugabeandtheWhiteAfrican

ဗြိတိသျှကောင်စီ မြန်မာတွင် မြန်မာပရိသတ်များအတွက် ယူကေနိုင်ငံမှ ဆုရ မှတ်တမ်း ရုပ်ရှင်များကို လစဉ် (၂၀၁၄ မေလ မှ ဒီဇင်ဘာလ အထိ) ပြသမည် ဖြစ်ပါသည်။
ဩဂုတ်လ အတွက် ပြသမည့် ရုပ်ရှင်မှာ ဒါရိုက်တာ Lucy Bailey နှင့် Andrew Thompson တို့မှ ရိုက်ကူးထားသည့် Mugabe and the White African ဖြစ်ပါသည်။

နေ့ရက် – ၂၀၁၄ ဩဂုတ်လ ၂၁ ရက် (ကြာသပတေးနေ့)
အချိန် – ညနေ ၆ နာရီ မှ ၈ နာရီ အထိ
နေရာ – ဗြိတိသျှကောင်စီ စာကြည့်တိုက် (အမှတ် ၇၈၊ ကမ်းနားလမ်း၊ ရန်ကုန်မြို့)

မူဂါဘီနှင့် အာဖရိကသားလူဖြူ (Mugabe and the White African)
ဇင်ဘာဘွေနိုင်ငံတွင် သမ္မတ ရောဘတ်မူဂါဘီ၏ အကြမ်းဖက်သော မြေယာပြုပြင်ပြောင်းလဲရေး အစီအစဉ် ၂၀၀ဝ ခုနှစ်တွင် စတင်ခဲ့ချိန်မှ နောက်ပိုင်း နိုင်ငံအတွင်း ကျန်ရှိနေသေးသော လူဖြူလယ်သမား ရာဂဏန်းအနည်းငယ်အနက် မိုက်ကယ်ကင်းဘဲလ်လည်း တစ်ဦးအပါအဝင်ဖြစ်ပါသည်။
မတရားမှုနှင့် ရက်စက်ကြမ်းကြုတ်မှု ဖုံးလွှမ်းလာသည်ကို လူတစ်ယောက်နှင့် ၎င်း၏မိသားစုတို့က သတ္တိ ပြောင်မြောက်စွာ ရင်ဆိုင်ခဲ့ပုံ ဖြစ်စဉ်ကို အသေးစိတ် ရသမြောက်စွာနှင့် မကြာခဏ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ရိုက်ကူးတင်ဆက်ထားပါသည်။

ဗြိတိသျှကောင်စီသည် ဂရီယာဆန် အကျိုးဆောင်ရန်ပုံငွေအဖွဲ့နှင့် ကာလကြာရှည်စွာ မိတ်ဖက်အဖြစ် ဆောင်ရွက်ခဲ့ရာ ယူကေမှ ဆုရ မှတ်တမ်းရုပ်ရှင်များ အမျိုးအစား အားလုံးကို ကမ္ဘာတစ်ဝှန်းမှ ပရိတ်သတ်များ မျက်မှောက်သို့ ဆောင်ကြဉ်းပေးနိုင်ခဲ့သည်။
John Grierson (1898-1972) သည် Drifters and Night Mail မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူအဖြစ် နာမည်ကျော်ပြီး မှတ်တမ်းရုပ်ရှင်၏ ဖခင်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ယူဆခြင်းခံရသူ ဖြစ်ပါသည်။
ဂရီယာဆန် အကျိုးဆောင်ရန်ပုံငွေအဖွဲ့သည် နှစ်စဉ် ဂုဏ်သတင်းကျော်ကြားသော ဗြိတိသျှမှတ်တမ်း ရုပ်ရှင်ဆုကို ချီးမြှင့်လျက် ဗြိတိန်နိုင်ငံနှင့် အခြားနိုင်ငံများမှ အကောင်းဆုံး မှတ်တမ်းရုပ်ရှင် ရိုက်ကူး တင်ဆက်ခြင်းကို အသိအမှတ်ပြုလျက် ရှိပါသည်။ နှစ်စဉ် အကောင်းဆုံးအဖြစ် အဆိုပြုသော မှတ်တမ်းရုပ်ရှင်များကို အထူး ကြည့်ရှုသုံးသပ်ခွင့် ရရှိခဲ့ပါသည်။

!cid_038a01c93573$46e82560$0b00a8c0@ANNETTE111132222331171


ပဉ္စမအကြိမ်မြောက် အလုပ်အကိုင်အခွင့်အလမ်း ပြပွဲ ကျင်းပမည်

မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်းမှ ကြီးမှူးကျင်းပသော ပဉ္စမအကြိမ် အလုပ်အကိုင် အခွင့်အလမ်းပြပွဲကို ဩဂုတ်လ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့အထိ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါသည်။ အဆိုပါ အလုပ်အကိုင်အခွင့်အလမ်းပြပွဲတွင် ပြည်တွင်း လုပ်ငန်းများ၊ ပြည်တွင်းရှိ နိုင်ငံခြားကုမ္ပဏီကြီးများမှ ပြခန်းပေါင်း (၁၀၀) ကျော်ဖြင့် ပါဝင်မည် ဖြစ်ရာ ပါဝင်ပြသလိုသူများအနေဖြင့် ဖုန်း ဝ၉၅၁၄၂၃၃၁၊ ဝ၉၅၀၉၇၁၅ဝ သို့ အသေးစိတ် အချက်အလက်များကို ဆက်သွယ်မေးမြန်းနိုင်ကြောင်း သတင်းရရှိပါသည်။

!cid_038a01c93573$46e82560$0b00a8c0@ANNETTE111132222331171

HR Champions ဟောပြောပွဲ
မြန်မာနိုင်ငံ လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှု ပညာအသင်း (MSHRM) မှ ကြီးမှူးကျင်းပသော HR Seminar ကို အောက်ပါအတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ပါ၍ မည်သူမဆို အခမဲ့တက်ရောက်နားဆင် ဆွေးနွေးနိုင်ပါသည်။

နေ့ရက် ။ ။ ၁၇.၈.၂၀၁၄ (တနင်္ဂနွေနေ့)
ဟောပြောမည့် ခေါင်းစဉ်။ ။ HR Champions
ဟောပြောမည့် ပုဂ္ဂိုလ်။ ။ ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်
နေရာ ။ ။ UMFCCI (မင်္ဂလာခန်းမ)၊ မင်းရဲကျော်စွာလမ်း

4 comments

  • kyeemite

    August 14, 2014 at 4:11 pm

    HR Champions ဟောပြောပွဲ
    မြန်မာနိုင်ငံ လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှု ပညာအသင်း (MSHRM) မှ ကြီးမှူးကျင်းပသော HR Seminar ကို အောက်ပါအတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ပါ၍ မည်သူမဆို အခမဲ့တက်ရောက်နားဆင် ဆွေးနွေးနိုင်ပါသည်။

    နေ့ရက် ။ ။ ၁၇.၈.၂၀၁၄ (တနင်္ဂနွေနေ့)
    ဟောပြောမည့် ခေါင်းစဉ်။ ။ HR Champions
    ဟောပြောမည့် ပုဂ္ဂိုလ်။ ။ ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်
    နေရာ ။ ။ UMFCCI (မင်္ဂလာခန်းမ)၊ မင်းရဲကျော်စွာလမ်း

    အချိန်လေးသိပါရစေဗျ….ကျေးဇူးပါနော

  • ခင် ခ

    August 14, 2014 at 10:31 pm

    ဒေါက်တာအောင်ထွန်းသက်ကတော့ အပြောကောင်း အဟောကောင်းဗျ

  • Kaung Kin Pyar

    August 15, 2014 at 2:42 pm

    နေ့လည် ၂းဝဝ စမှာပါ ဦးကြီးမိုက်ရေ…..။ တခြားအသေးစိတ် သိချင်တာရှိရင်…UMFCCI ဖုန်းနံပါတ်..၂၁၄၃၄၄ မှာ စုံစမ်းလို့ရပါတယ်…။
    ဟိုတစ်လောက ဆရာ့ရဲ့ Change Management ကို လွဲသွားတယ်။ ခု HR Champions ဟောပြောပွဲကိုတော့ စိတ်ဝင်စားမိပါရဲ့…

Leave a Reply