အ​ဖေသာရှိ​နေခဲ့လျှင်…​

ဟုတ်​တယ်​။ ဒီရက်​ပိုင်​း (ဒီရက်​ပိုင်​းဆိုတာ နှစ်​ပတ်​​လောက်​​တော့ ရှိပြီ) ကျွန်​မ ​တွေးဖြစ်​​နေတဲ့အ​ကြောင်​းက အ​ဖေပဲ။ ပုံမှန်​မဟုတ်​တဲ့ အ​ခြေအ​နေတစ်​ခုကို ရင်​ဆိုင်​​နေရတဲ့အချိန်​မှာ မဖြစ်​နိုင်​တာ​တွေကို စိတ်​ကူးယဉ်​မိတတ်​တာ သဘာဝပဲထင်​တယ်​။ အခုလည်​း အ​ဖေသာရှိ​နေခဲ့ရင်​ ဆိုပြီး ​တွေးချင်တာ​တွေ​တွေးမိ​နေတာ။ စိတ်​ကူးထဲမှာ​မျောပြီး ​ပျော်​သွားလိုက်​၊ ပစ္စုန်​ပ္ပန်​ကို ပြန်​​ရောက်​လာပြီး ဝမ်​းနည်​းလိုက်​နဲ့ တစ်​​ယောက်​တည်​းဖြစ်​​နေတာ။

အ​ဖေသာ ရှိ​နေရင်​ ကျွန်​မတို့မိသားစုက နယ်​ကအိမ်​​လေးမှာ တစ်​စည်​းတစ်​လုံးတည်​း ​နေ​နေလိမ်​့မယ်​။ က​ျွန်​မက​ လွဲလို့​ပေါ့။ ​မောင်​​လေးက အိမ်​ကအလုပ်​ကို ဦးစီးလိမ်​့မယ်​။ ကျွန်​မက​တော့ ရန်​ကုန်​မှာပဲ ​နေဖြစ်​မှာပါ။ အိမ်​ကို မကြာခဏပြန်​မယ်​။ အနားယူမယ်​။ အ​ဖေချက်​​ကျွေးတာ​တွေစားမယ်​။

အ​ဖေ့ကို အရမ်​းလွမ်​းမိတာ အစားအ​သောက်​​ကြောင်​့လည်​းပါတယ်​။ အစားအ​သောက်​နဲ့ ပတ်​သက်​ရင်​ အိမ်​မှာ အကျင်​့တူတာဆိုလို့ အ​​ဖေနဲ့ကျွန်​မပဲ ရှိတာ​လေ။ အ​မေနဲ့အဘွားက အရမ်​းရိုးရှင်​းတဲ့ အစားအစာ​တွေပဲ စားတာ။ ဆီပြန်​ဟင်​းတစ်​ခွက်​နဲ့ ငံပြာရည်​​ဖျော်​၊ အရွက်​​ကြော်​တစ်​ခွက်​နဲ့ ငံပြာရည်​​ဖျော်​၊ ဒီ​လောက်​ဆို စားလို့ရပြီ။ ​ထွေ​ထွေထူးထူး သိပ်​လုပ်​မစားကြဘူး။ ​မောင်​​လေးကလည်​း ​ယောကျ်​ား​လေးသာဆိုတယ်​၊ အ​မေတို့ဘက်​လိုက်​တယ်​။ ဘာမှ အ​ဖော်​စပ်​လို့မရဘူး။

အ​ဖေနဲ့ဆိုရင်​ ထူးထူးဆန်​းဆန်​း​တွေ သိပ်​စားဖြစ်​တယ်​။ မိန်​းက​လေးရယ်​လို့လည်​း ဘာမှမ​ရှောင်​ဘူး။ အ​ဖေက သူများဆီက သိလာတာ​တွေ၊ စာအုပ်​ထဲက ဖတ်​ရတာ​တွေ၊ အကုန်​လုံးကို ပြန်​လုပ်​ကြည်​့တာ။ အ​ဖေ့ကို ဒိုင်​ခံအား​ပေးတာက က​ျွန်​မ။

အ​ဖေရှိစဉ်​တုန်​းက ကျွန်​မက ​ငယ်​​သေး​တော့ စားပဲစားတတ်​တာ။ မီးဖို​ချောင်​ကို စိတ်​မဝင်​စား​သေးဘူး။ အ​​မေက နည်​းနည်​းပါးပါးခိုင်​းလို့ ထမင်​း​တော့ချက်​တတ်​တယ်​။ ဟင်​းမချက်​တတ်​ဘူး။ ထမင်​းချက်​တာက ငှဲ့ချက်​ရတာ။ နို့ဆီဗူး​ခြောက်​လုံးခွဲအထိ​တော့ ချက်​တတ်​တယ်​။ ကြက်​သွန်​လှီး၊ ငရုတ်​သီး​ထောင်​း​တောင်​ အဖြစ်​ရှိ​အောင်​ မလုပ်​တတ်​​သေးဘူး။

​နောက်​ပိုင်​း ရန်​ကုန်​မှာ အ​ဆောင်​​နေ၊ သူငယ်​ချင်​း​တွေနဲ့ တိုက်​ခန်​းငှါး​နေ ​နေဖြစ်​​တော့ ကိုယ်​ဘာသာကိုယ်​ ချက်​စားဖြစ်​တယ်​။ တဖြည်​းဖြည်​းနဲ့ အချက်​အပြုတ်​ကို စိတ်​ဝင်​စားလာတယ်​။ ဒါ​ပေမယ်​့ အ​ဖေက မရှိ​တော့ဘူး။ အပြင်​မှာလည်​း အစားမျိုးစုံ စားတတ်​ပြီး ကြိုက်​တတ်​လာ​တော့ ကိုယ်​တိုင်​ချက်​တတ်​ချင်​လာတယ်​။ စာအုပ်​​တွေဖတ်​၊ သူများဆီက ချက်​နည်​း​တွေ​မေးပြီး ကိုယ်​တိုင်​ကြိုးစားကြည်​့တယ်​။

အဲဒီလိုအချိန်​မျိုး​တွေဆို အ​ဖေ့ကို အရမ်​းလွမ်​းတယ်​။ အ​မေက အစား​ရွေးတယ်​။ စား​နေကျမဟုတ်​ရင်​ မစားသလို တကူးတကလုပ်​စားရမှာလည်​း စိတ်​မဝင်​စားဘူး။ စားချင်​ရင်​ ဝယ်​စားလိုက်​မယ်​ဆိုတဲ့သူမျိုး။ ဒီ​တော့ ကျွန်​မ တစ်​ခုခုလုပ်​စား​တော့မယ်​ဆိုရင်​ အ​ဖော်​ညှိလို့မရဘူး။ သမီးစားချင်​တာသာလုပ်​စားဆိုပြီး မီးဖို​ချောင်​ထဲကို ဝင်​မလာ​တော့တာ။ မလုပ်​တတ်​လုပ်​တတ်​နဲ့မို့ အဆင်​​ပြေမ​ပြေ လာကြည်​့​ပေးဖို့ ​ပြောရင်​လည်​း ငါမသိဘူးချည်​း​ဖြေတယ်​။ တစ်​​ယောက်​တည်​း မီးဖို​ချောင်​ထဲမှာ အ​ဖေ့ကို လွမ်​းမိ​နေ​ရော။ ​ပြီးရင်​လည်​း သိပ်​အား​ပေးကြတာ။ ​မောင်​​လေး​ရော အ​မေ​ရောက ကျွန်​မချက်​ထားတာဆို လုံးဝမစားဘူးတဲ့။

အ​ဖေရှိ​နေရင်​ သိပ်​​ကောင်​းမှာပဲလို့ ခံစားမိသလို အ​ဖေ့ဆီက မသင်​ယူလိုက်​ရတာ​တွေကိုလည်​း ​နောင်​တရမိတယ်​။ အ​ဖေထွက်​သွားတာ အရမ်​း​စောတယ်​ဆိုတဲ့ ခံစားချက်​နဲ့ ယူကျုံးမရဘူး။

ဟုတ်​တယ်​။ အ​ဖေထွက်​သွားတာ ​စောလွန်​း​နေတယ်​။ တစ်​နည်​းအားဖြင်​့ ကျွန်​မငယ်​လွန်​း​နေခဲ့တယ်​။

အ​ဖေနဲ့အတူတူရှိတဲ့အချိန်​တုန်​းက အိမ်​​ထောင်​​ရေးဆိုတာကို နားလည်​မိခဲ့ရင်​ အ​ဖေ ဒီထက်​ အသက်​ရှည်​ရှည်​​နေခဲ့ရမယ်​ ထင်​တယ်​။ အ​မေနဲ့ပဲ အနီးကပ်​​နေခဲ့​တော့ အ​မေ့ရဲ့ခံစားချက်​​တွေ၊ အ​မေရင်​ဆိုင်​​နေရတဲ့ မ​ပြေလည်​မှု​တွေကိုပဲ နားလည်​မိပြီး အလုပ်​​ကောင်​း​ကောင်​းမလုပ်​ဘဲ အရက်​ပဲ​သောက်​​နေတဲ့ အ​ဖေ့ကို ငြူစူပြစ်​တင်​ခဲ့တယ်​။ စိတ်​နာတယ်​။ ​ဝေး​ဝေးက​ရှောင်​တယ်​။ တစ်​ခုခု​ပြောရင်​​တောင်​ အရက​်​​သောက်​ပြီး လာမဆုံးမနဲ့လို့ ပြန်​​​ပြောတယ်​။ အရွယ်​​ရောက်​လာပြီဖြစ်​တဲ့ သမီးမိန်​းက​လေးကျွန်​မရဲ့ ဝတ်​ချင်​စားချင်​စိတ်​​တွေကို အ​မေ့ရဲ့မျက်​နှာရိပ်​​အောက်​မှာ မျိုသိပ်​ချိုးနှိမ်​ခဲ့တယ်​။ ဆရာ​တစ်​​ယောက်​ပြီးတစ်​​ယောက်​ ​ခေါ်သင်​​နေတဲ့ ပြိုင်​ဘက်​​တွေကို ပညာဒါနသင်​​ပေးတဲ့ဆရာနဲ့အတူ ရင်​ဆိုင်​ခဲ့တယ်​။ စိတ်​အခန်​့မသင်​့တဲ့အခါတိုင်​း ကျွန်​မရဲ့မ​ကျေနပ်​မှု​တွေဟာ အ​ဖေ့​ပေါ်ကို ပုံကျခဲ့တယ်​။ ​နောက်​ဆုံး တစ်​ခါတစ်​ခါ အ​ဖေအရက်​နာကျလို့ ​ဆေးခန်​းပြ၊ ပိုက်​ဆံကုန်​တိုင်​း အ​ဖေမရှိ​တော့ရင်​​ကောင်​းမယ်​လို့​တောင်​ ​တွေးမိခဲ့တယ်​။

​ပြသနာတစ်​ခုကို အ​ဖြေရှာသလို အ​ဖေဘာ​ကြောင်​့ အရက်​​သောက်​တာလဲလို့ ​စဉ်​းစားဖူးတယ်​။ မ​သောက်​ဘဲ​နေရင်​ ရရဲ့သားနဲ့ အရက်​ကို ကြိုက်​လို့က်ို ဆက်​​သောက်​​နေတာလို့ပဲ မြင်​ခဲ့တယ်​။ အ​ဖေ့ရဲ့အရက်​နံ့ကို မခံနိုင်​လို့ အ​မေက အိပ်​ယာခွဲအိပ်​တာ၊ ​နောက်​ပိုင်​း တဖြည်​းဖြည်​းနဲ့ အ​ဖေပို​သောက်​လာတာ၊ အ​မေနဲ့အ​ဖေ့ကြားက ​ခေါင်​းမာအရွဲ့တိုက်​မှု​တွေ ပြင်​းထန်​လာတာကို ဆယ်​တန်​းက​နေ တက္ကသိုလ်​တက်​တဲ့ကာလတစ်​​လျှောက်​လုံး ကျွန်​မ မသိတတ်​ခဲ့ဘူး။ ကျွန်​မ ငယ်​လွန်​း​နေခဲ့တယ်​။ ဒီအချိန်​မှာ အ​ဖေ့ကို ရှိ​စေချင်​တယ်​။ ကျွန်​မ အ​ဖေ့ကို နားလည်​​ပေးနိုင်​​နေပြီ​လေ။

အရက်​​သောက်​ပြီး ​ငွေမရှာနိုင်​ခဲ့တဲ့ အ​ဖေဟာ အ​မေ့ဆီက အရက်​ဖိုး လက်​ဖြန်​့​တောင်​းရင်​း၊ ဂျာစီအကျႌအစုတ်​​လေး​​နှစ်​ထည်​ကို အလဲအလှယ်​ဝတ်​ရင်​း ​လောကကြီးထဲက ထွက်​သွားခဲ့တာပါ။ အ​ဖေသာရှိ​နေရင်​ ဆိုတာရဲ့​နောက်​မှာ အ​ဖေ့ကို ကျွန်​မ ဖြည်​့ဆည်​း​ပေးချင်​​တာ​တွေ​ရော၊ အ​ဖေ့ဆီက ကျွန်​မလိုချင်​တာ​တွေ​ရော အ​​​တွေး​​​တွေအများကြီးနဲ့​ပေါ့။ အခု​လော​လောဆယ်​ အ​​ဖေ့လက်​ရာ ငါးရံ့ဆန်​​လှော်​ဟင်​းပူပူ​လေးကို တစ်​ဝကြီး​သောက်​ပစ်​လိုက်​ချင်​တယ်​။

(၅) နှစ်​​ကျော်​ခဲ့ပြီ အ​ဖေ…။ အ​မေ တစ်​ခါမှ ချက်​မ​ကျွေးခဲ့ဘူး…။ ။

image

Posted from WordPress for Android

24 comments

  • ဇီဇီ ခင်ဇော် (26102012)

    August 15, 2014 at 9:48 am

    မွန်မွန်လေးးး
    😥
    အဖေ့ ကို နားမလည်ခဲ့တာလည်း အပြစ်မဆိုသာပါဘူးး ညီမလေးရယ်။
    ငယ်လည်း ငယ်သေးး သဘာဝချင်းမတူတဲ့ ယောင်္ကျား နဲ့ မိန်းမ သဘာဝမို့ နားလည်တတ်ဖို့ ဆိုတာ အချိန် အတော်ယူရတာပါပဲ။
    😥
    အဲဒီလို နောင်တမျိုး ထပ်မရချင်ဘူး ဆိုရင် ….
    ခုချိန်မှာ အမေ့ကို အရင်ကထက် နားလည်နိုင်အောင် ပို ကြိုးစားပါကွယ်။
    😥

    • ဟုတ်တယ်.. အမေ့ကိုလည်း အဲ့လိုဖြစ်မှာ အရမ်းကြောက်တယ်… နောင်တဆိုတာ နောင်မှ ရတတ်တာဆိုတော့.. အခုချိန်မှာ ကိုယ်ဘာလုပ်မိနေလဲကို မသိလိုက်မှာ ကြောက်တယ်.. 😥

  • အမွန့်ရဲ့အဖေအကြောင်းရေးတာတွေမဖတ်ချင်ဘူး စိတ်မကောင်းဖြစ်လွန်းလို့
    အစ်မဆို ဖေဖေမရှိတော့ရင်ဆိုတဲ့အတွေး တွေးကိုမတွေးရဲတာ။
    ဖေဖေနဲ့အိုပါးသာမရှိရင် အစ်မကတော့ ရပ်တည်တတ်မှာကိုမဟုတ်တာ အမွန့်ကိုတော့တကယ်ချီးကျူးပါတယ်။
    အဖေအကြောင်းဖတ်ရတာ ဇာတ်နာတဲ့ရုပ်ရှင်တစ်ပုဒ်လိုပဲ ဝမ်းနည်းရတယ်
    😥

  • manawphyulay

    August 15, 2014 at 10:27 am

    ဟုတ်တယ် ညီမလေး အမေနဲ့သာ အနေနီးတဲ့ သမီးတိုင်းဟာ အဖေ့ရဲ့ ရင်ထဲကို သေချာ မမြင်နိုင်ကြဘူးလေ။
    အရွယ်ရောက်လာတဲ့ သမီးတိုင်းက အဖေကို ဆရာလုပ်ချင်လာတာ မနောတစ်ယောက်လည်း အပါအဝင်ပေါ့။

    • ဟုတ်တယ် အစ်မရယ်.. ငါ လူကြီးဖြစ်လာပြီ.. နားလည်တတ်နေပြီ တွေးမိတာ.. တကယ်တော့ မဟုတ်ခဲ့ဘူး..
      ကိုယ့်ရဲ့အမြင်တွေက တစ်ဖက်သတ်ပဲ ရှိခဲ့တာ.. 🙁

  • မွသဲ ( 1782011 )

    August 15, 2014 at 10:49 am

    မိဘတွေကို ကိုယ်တိုင်မိဘနေရာရောက်တာတောင် နားလည်နိုင်ဖို့ခဲယဉ်းနေတုန်းပါပဲ။ အမွန်နားမလည်နိုင်ဘူးဆိုတာဖြစ်သင့် ပါတယ် ငယ်သေးတာကိုး။ အဲ့တော့ ကျန်တဲ့အမေကို နားလည်နိုင်အောင်ကြိုးစားလိုက်ပေါ့

    • ဟုတ်တယ် တီသဲရယ်.. အမေ့ကိုလည်း နားလည်အောင် ကြိုးစားရင်းနဲ့ နားမလည်နိုင်ဖြစ်နေတာ..

  • ရွှေတိုက်စိုး

    August 15, 2014 at 10:50 am

    အော်မွန်မွန်ရယ်……. သများတည်ငြိမ်နေတဲ့နှလုံးသားကို လာ ဆွလိုက်ပြန်ပြီ… ကျုပ်လဲ အဖေ အလွမ်းသမားပါပဲဗျာ… ဘဝမှ ရှုံနိမ့်မှု အနိုင်ကျင့်ခံရမှု ဖိနှိပ်မှုတွေ ခံရတိုင်း ကျုပ်အဖေကို ကျုပ် အရမ်းကို သတိရမိတယ်ဗျာ….
    ကျုပ်ဘေးနားက သူများတွေ အဖေဖဖဖဖဖဖဖဖဖဖ လို.အားရပါးရခေါ်တိုင်း ကျုပ ်မျက်ရည်ဝဲခဲ့တဲ့ကောင်ဗျ….
    အဖေတစ်ယောက်ရဲ ဘဝရပ်တည်မှုက သားသမီးတွေ အတွက် အလိုလိုနေရင်း အင်အားဖြစ်နေတယ်ဆိုတာတော့ အမှန်ပဲဗျ…..
    နိုင်ငံတာဝန်တွေထမ်း အသက်လုပြီး အိမ်အပြေးပြန်လာပြီး သားရေ လို. ခေါ်ယူပွေ.ဖက်တက်တဲ့ ကျွန်တော် အဖေကို ဒီလို သာသာယာယာ အေးအေးချမ်းချမ်းအချိန်လေးမှာ ငါ့သားကြီး ရဲ. သမီး သူမြေးလေးနဲ. ဆော့ကစားနေတာကို မြင်ချင်လိုက်ပါဘိဗျာ…
    အခုတော့ အဖေ့ကို လွမ်းရင်း အဖေနေရာရောက်နေတဲ့ ကျုပ် သားသမီးတွေအတွက် အသက်ရှည်ရှည်နေနိုင်အောင် ကြိုးစားရအုံးမယ်ဗျာ….

    အော် အဖေ လို.မခေါ်ရတာ… နှစ်ပေါင်းအတော်ကို ကြားပြီပေါ့ဗျာ……………… 🙁

    • ဟုတ်တယ်.. တစ်ခါလောက် ပြန်လိုချင်မိတာ.. ကိုယ်က ဖြည့်ဆည်းပေးနိုင်တဲ့အချိန်မှာ မရှိတော့ဘူးဆိုတဲ့အသိနဲ့ အတူတူရှိခဲ့ဖူးတဲ့ အချိန်တွေကို ပြန်လွမ်းမိနေတယ်.. 🙁

  • မဟာရာဇာ အံစာတုံး

    August 15, 2014 at 11:14 am

    ငယ်တုန်း အရွယ်မို့
    အဖေ့ အပေါ်မှာ နားလည်မှု လွဲမှားခဲ့တာဟာ
    အပြစ် မဆိုသာပါဘူးရယ် …
    အခုလို အကျိုးအကြောင်း ဆင်ခြင်ပိုင်းခြားပြီး သိတတ်လာတဲ့ အရွယ်မှာ အဖေ မရှိတော့ပေမယ့် …
    တစ်နှစ် တစ်ခါလောက် အိမ်မှာ အဖေ့အတွက် ရည်စူးပြီး ကုသိုလ်တွေ လုပ်ပေးပေါ့ …
    ပြီးတော့ .. လက်ရှိ အမေ့ကိုလည်း နားလည်းပေး၊ ဂရုစိုက်ပေးပေါ့ …

  • ခင် ခ

    August 15, 2014 at 11:32 am

    အစားပြန်မရသော ဆုံးရှုံမှုကို ပြန်တွေးမိရင် ပိုဝမ်းနည်းတတ်တဲ့သဘာဝရှိပေမယ့် မိဘကို တမ်းတခြင်းသည်က တစ်ခါမကရှိလည်း မရိုးနိုင်ဘဲ သတိရစဲပေါ့။

  • အလင်းဆက်(24/05/2011)

    August 15, 2014 at 1:50 pm

    ဘာပြောရမှန်းတောင်…မသိတော့ဘူး.. ။
    ဖတ်ပြီး..နင့်နင့်နဲနဲ..ကြီး… ခံစားပြီး…ငိုင်ကျသွားတယ်ဟာ..

    အောက်က.. ကဗျာ စာသားလေးတွေက…ပို ထိရောက်တယ်.. ။

  • pooch

    August 15, 2014 at 2:20 pm

    အဖေလို့မခေါ်ရတာတောင် နှစ် ၂ဝ နီးပါး ရှိနေပြီ
    ပြီးခဲ့ တဲ့ ဧပရယ်ကလည်း ဒုတိယအဖေလို့ တင်စားလို့ ရတဲ့ အမေ့ရဲ့ အကိုအကြီးဆုံး ဦးကြီးက ခွဲသွားတယ်။
    ခုအိမ်မှာ ကိုယ်က လူကြီး လုပ်နေရတယ် မွန်မွန်
    အမေရယ် အဒေါ်ရယ် ညီမ လေး ၄ ယောက်မှာ ကိုယ်က အကြီးဆုံး
    လာသမျှဘေးတွေ ကိုယ်က ချည်းပြေးပြေးတွေ့နေရတယ်။

    လောကဓံရယ် ဘဝခါးခါးရယ် တခါတလေ ကော်ဖီနဲ့မျှောချပလိုက်တယ်.
    အမစိတ်ညစ်တတ်တယ် စိတ်ဓာတ်ကျတတ်တာကို တော်တော်များများ
    ဘေးနားကလူတွေက မယုံကြဘူး 🙁

    • ဦးဆောင်နေရတာ အရမ်းပင်ပန်းနေတဲ့ တစ်ခါတစ်လေ.. တစ်ယောက်ယောက်ကို အားကိုးတကြီး မှီပစ်လိုက်ချင်တယ်..

  • sorrow

    August 15, 2014 at 4:48 pm

    တချိန်က အဖေဆိုတာ သူရဲကောင်းကြီး .. ခုတော့ နှစ်နဲ့ချီ နေမကောင်းလို့ လူရောစိတ်ရောထောင်းထောင်းကြေ ..အလုပ်လဲမလုပ်နိုင်တော့တဲ့ဘဝမှာ တခုခုဆို ကျော့်ရင်ဘတ်ဝင်ပြီး ဝမ်းနည်း မျက်ရည်ကျတတ်နေတဲ့ ..အရိုးပေါ်အရေတင်.
    (တချိန်က ပေါင်နှစ်ရာလောက် လူထွားကြီးရယ်ပါ)…ဆောရိုးတို့ ရာထူးတက်ပုံများ … ။ သို့သော်လည်း ခမ်းနားဆဲ … ခန့်ညားဆဲ..ခုလဲ သူရဲကောင်းကြီးပါပဲ.. ။ …

  • sorrow

    August 15, 2014 at 5:00 pm

    အဖေဆိုသည်မှာ

    1) သူ့ကောင်မလေး ( ကျော့်အမေဖြစ်လာမည့်သူ ) ကို နောက်ပြောင်သည်ဟုဆိုကာ SSA စခန်းကို ဓါးထမ်းပြီး တပ်မဟာမှုးကို စိန်ခေါ်သည့် ရဲရဲတောက် ကျောင်းအုပ်ဆရာ
    2) မြေပဲဆီအစစ် ငါးပိသာပုလင်းကို သူ့အမျိုးသမီး ( ကျော့်အမေ ) စားစေချင်လို့ ရန်ကုန်မှ ပြင်ဦးလွင်သို့ လေယာဉ်နှင့်သယ်သော လူကြီး
    3) နေမကောင်းသည့်ကြားမှ သူ့အမျိုးသမီး လာမည့်လမ်းကို သာစေချင်သည် ဟုဆိုပြီး ဓါးကောက်ထရမ်းရင်း ..ခါးဆစ်ရိုးနှစ်ရိုးလွဲသွားသောသူကြီး
    4)သားသမီးအတွက် မုန်ညင်းချဉ်တဖတ်ကိုသာ ဟင်းလုပ်ပြီး … ကျပ်မပြည့်သည့်သားကို GM ကြီးဖြစ်အောင်အထိ တွန်းတင်သည့် အာဂအမျိုးသား
    5) သမီးဖုန်းမက်ဆေ့မှ ကောင်လေးကကြူသည့် မတ်ဆေ့ဖတ်မိပြီး ထမင်းမစားနိုင်အောင် သဝန်တိုသည့် အချစ်ကြီးသည့် လူသား

    မွေးချင်သေးသလား ဒယ်ဒီ….တိုင်းသိပြည်သိ…ဖွပြီ….အဟိဟိ

  • zarzarhtwe

    August 15, 2014 at 9:05 pm

    ညီမရဲ့ပိုစ့်က တကယ်ကို ငိုချင်လက်တို့ပါ မွန်မွန်ရေ
    အမလည်းအဖေချစ်ပဲလေ ငယ်စိတ်နဲ့ အဖေအရက်သောက်တာကို အပြစ်တင်ခဲ့တယ်
    သားအဖ၂ယောက်က အစားအသောက်ကြိုက်တာ စားတာတွေကလည်းတူတူပဲ။အဖေကဟင်းချက်လည်းအရမ်းကောင်းတာ။
    သောက်ပြီးရင်လည်းမူးရမ်းတာမျိုးမရှိပေမယ့် မြင်နေရတာ စိတ်ဆင်းရဲတယ်။နောက်တော့မိဘတွေနဲ့ ခွဲပြီးတခြားမှာ
    အလုပ်သွားလုပ်။၈နှစ်ကြာမှ တခါ ၂လလောက်အတူနေတုန်း သောက်နေတာမြင်တော့ ပြန်စိတ်ညစ်နဲ့ပဲ။မဆုံးခင်၃နှစ်လောက်မှ
    အရက်ပြတ်တယ်။ခုတော့ ၂နှစိပြည့်တော့မယ်လေ။လေဆိပ်ထဲကို သူ့ရဲ့ အိတ်ကြီးကို စောင်းစောင်းနဲ့ လွယ်ပြီးပြန်သွားတာကို
    မျက်စိထဲကမထွက်ဘူး။

  • မြစာကလေး (23122011)

    August 16, 2014 at 1:54 am

    လုံမ ရေ

    အဖေ့ ကို သတိရ တဲ့ အကြောင်းလေး က ချစ်ဖို့ကောင်းလိုက်တာ။
    တစ်ဘက် က ကြည့် ရင် တနည်း လက်တွေ့မှာ အကောင်းဆုံး ကို ရင်ဆိုင်ဖို့ ဆိုရင် အရက်စွဲ နေတဲ့ အဖေ့ ခမျာ မရှိနိုင်တော့ ဘူး။
    အချိန်ကြာတာ နဲ့ အမျှ သူ့မှာ ရှိတဲ့ ရောဂါ က ပိုဆိုးလာမယ်။
    စိတ်ဓာတ်ရေးရာ ကျဆင်းလာမယ်။
    ဘေးက လူ တွေ နဲ့ အပြန်အလှန် အမြင်မတူ တာတွေ ပြသနာတွေ ဖြစ်လာမယ်။
    ဒီလို အဖြစ် တွေ နဲ့ သမီး အဖေ ကို ဆက်မရှင်သန် စေချင်ပါနဲ့ လုံမ ရယ်။
    သူ့ခမျာ ဆက်ရှိ နေရင် သမီး ဆီက ဒီလို လွမ်းတဲ့ စကား ကြားရမှာ မဟုတ်ဘူး။
    အခုတော့ ဒီစကား ကြားရတာ သူ သဘောကျ နေမှာပါ။
    နောက် ဘဝ တစ်ခု ရှိမယ်ဆိုရင် လဲ အဲဒီ မှာ သူ ပိုပြီး ကောင်းတဲ့ အခြေ ရှိနေ မှာပါ။
    မဟုတ်လား။
    ဒီတော့ အများ ပြောသလို လက်ရှိ အနားက ကိုယ့်ကို တစ်ချိန်လုံး စောင့်ရှောက်လာတဲ့ အမေ ကိုသာ ပိုပိုပြီး စိတ်ချမ်းသာ အောင် ပုံထားလိုက်ပေါ့။

    စိတ်ရင်း မှန်တာပြောတာနော်။ ကိုယ့် တူ လေးမို့ ပင်း ပြောတာမဟုတ်ဘူး။
    မောင်အံ လို သူငယ် ကို သား တော် ရတော့ မှာမို့ လုံမ အမေ စိတ်ကျေနပ် နေမှာပါ။

  • kyeemite

    August 16, 2014 at 2:02 pm

    😥 😥 😥 ဘွတူဖြစ်နေပါပြီ…ကျန်နေသေးတဲ့ အဖေ့ချစ်သူကိုသာ ဂရုစိုက်ပေးနေပါတယ်မွန်မွန်

Leave a Reply