ခေါင်းရွက်သည်.. မှောင်မှောင်သည်… အထမ်းသည်

ဇီဇီAugust 15, 20141min76951

 

ညင်းညင်းးး
ဒီ ပို့(စ) က တီချယ်ကြီး တင်ဖူးတယ်။ ကျနော့ဆီက တင်မယ် ဆိုပြီး ယူသွားတဲ့ ပို့(စ)။
အဲဒါ ဇီဇီ အကောင့် မှာ တစ်ပေါင်းတည်း ထားချင်လို့ ထပ်တင်ပါတယ်။
ခိခိ။

:k:

 

မန္တလေး ကို လွမ်းရတဲ့ အကြောင်းတွေထဲမှာ မနက်၊ နေ့လယ်၊ ညနေ၊ ညပိုင်း မရိုးရအောင် လာတတ်တဲ့ အသည်မျိုးစုံလည်း ပါပါတယ်။

ကိုယ့်မြို့လေးမှာ နေနေကြတုန်းက သိပ်သတိမထားမိပေမဲ့ ဒီရောက်တော့ ……..

ကျန်တဲ့ မြန်မာအစားအစာလေးတွေ ဘယ်လောက်လွယ်လွယ် ရတယ်ပဲဆိုဆို…..

ဖြတ်သွားတဲ့ ဈေးသည် တစ်ယောက်မဟုတ် တစ်ယောက် ခေါ်ပြီး ပါလာတဲ့ အစားအသောက်တွေကို ဝယ်စားရတဲ့ အချိန်မျိုးကတော့ ဘယ်လိုမှ အစားထိုးပြန်မရပါဘူး။

:a:

.

.

မနက်ခင်း လင်းတာနဲ့ ကြားရတဲ့ အသံက ပဲပြုတ်နဲ့ ကောက်ညှင်းပေါင်း။

ကောက်ညှင်းပေါင်း ပူပူလေးပေါ်မှာ စားတော်ပဲပြုတ်အိအိလေးတွေတင် နှမ်းထောင်းလေးဖြူးထားတာကို ဝယ်ပြီး အိမ်က ဖျော်ထားတဲ့ကော်ဖီလေးနဲ့ စလိုက်ရတဲ့ နေ့တွေ သတိရပါတယ်။

.

.

 

နေ့လယ်ခင်း

(အင်း နေ့လယ်ခင်း အသည်က နဲနဲ များတယ်။ ဘယ်သူကို စလွမ်းရပါ့)

၁) သာကူကျို၊ မုန့်လက်ဆောင်း၊ နို့ထမင်း၊ ဒိန်ချဉ် သည် –

နွေနေ့လယ် ပူပူမှာလာတဲ့ ဒီ အသည်ကို ခေါ်၊ မောင်နှမ တွေ ဝိုင်းပြီး ကိုကြိုက်ရာကိုယ်မှာစားကြတာပေါ့။

သာကူကျို နွေးနွေးလေးပေါ်မှာ အုန်းခြစ်လေးတွေဖြူးထားတာ စားမလား။

ထန်းညက်ရည်အေးအေးလေးနဲ့ မုန့်လက်ဆောင်းဖတ်ဖြူဖြူလေးတွေကို သောက်မလား။

ဒိန်ချဉ်နဲ့ ထန်းညက်ရေနဲ့ ခေါက်စားရကောင်းမလား စသည်ဖြင့် ကိုယ်ကြိုက်ရာကိုယ်ရွေးကြတာပဲ။

.

.

၂) ကြာဆံကြော်၊ ခေါက်ဆွဲကြော်သည် –

နဲနဲလေး ထပ်စောင့်လိုက်ရင်တော့ ဒီအသည်လာပါပြီ။

ကြာဆံကြော်၊ ခေါက်ဆွဲကြော် ဆီခြောက်ခြောက်ကြော်ထားတဲ့ အပေါ်မှာ ငါး အရေခွံကြော်လေး ကို အလွတ်မပေးကြပြန်ဘူး။

.

.

၃) ငှက်ပျောထုပ်၊ ကောက်ညှင်းထုပ်နဲ့ မုန့်ဦးနှောက် သည် –

အဲဒီ အသည်တွေ မမှီတော့ဘူး ဆိုရင်တော့ ငှက်ပျောဖက်လေးတွေနဲ့ ထုတ်ထားတဲ့ မုန့်လေးတွေ့ စောင့်ရုံပေါ့။

သူတို့က ငှက်ပျောထုတ် စားမယ်ဆိုရင် သကြားလေးဖြူးပေးတယ်။

ကောက်ညှင်းထုတ်စားမယ်ဆိုရင် ဆီချက်လေးဆမ်းပေးတယ်။

မုန့်ဦးနှောက်စားမယ် ဆိုရင်တော့ မြေပဲမှုန့်နဲ့ ဆီချက်လေးထည့်ပေးတယ်။

.

.

 

ညပိုင်း

(ညပိုင်းမို့ မရှိဘူးမထင်နဲ့ဗျ၊ ရှိပါ့)

၁) ပြန်ပေါင်းထုတ်၊ ဌာပနာထုတ်သည် –

အစကတော့ ဘာမှန်းမသိ၊ 🙄

ဝယ်စားကြည့်ပြီးမှ မုန့်ဖတ်ထုပ် ကိုပြောတာ။

ကောက်ညှင်းမှုန့်ကို နယ်ပြီး အုန်းသီးခြစ်နဲ့ထန်းလျက် ဒါမှမဟုတ် သကြားကို ဌာပနာပြီးမှ ပေါင်းတဲ့မုန့်ပေါ့။

(ပြန်ပေါင်းချင်တဲ့လူတွေက ဒါနဲ့ ယတြာချေတယ်တဲ့။ဟုတ်မဟုတ်တော့မသိ။)  :mrgreenn:

.

.

၂) ကျွဲခေါင်းသီးပြုတ် –

နာမည်နဲ့လိုက်အောင်ပဲ ကျွဲခေါင်းပုံ (ချိုကလေး နှစ်ဘက်ကပါသေး) အသီးကို ပြုတ်ထားတာပါ။

စိမ့်စိမ့်လေးနဲ့စားလို့ အလွန်ကောင်းပါတယ်။

.

.

၃) ဝက်မြေဥပြုတ် –

အခွံခွါပေးပါ့မယ်လို့ ကတိပေးတဲ့သူရှိမှပဲ စားချင်တဲ့ အစာပါ။  :mrgreenn:

ချိုချိုစိမ့်စိမ့်လေးနဲ့ စားလို့ကောင်းသလောက် အခွံမည်းမည်းတွေခွါရတာ လက်ဝင်သလိုပါပဲ။

ဒါတွေက ခေါင်းရွက်သည်တွေပဲ ရှိပါသေးတယ်။

:mrgreen:

.

.

 

 

လွမ်းလက်စနဲ့တွန်းလှည်းသည်တို့အထမ်းသည်တို့ကို ပါ လွမ်းပရစေ။

(ညနေစောင်း အစားအသောက်တွေပေါ့လေ။)

၁) နို့ဟင်းမလိုင် –

ဘာနဲ့ဘာနဲ့ချက်တယ်တော့ မပြောတတ်ပါဘူး။

နွားနို့အရသာလေးနဲ့ ချိုစိမ့်လေး စားရတာပဲ မှတ်မိပါတယ်။

.

.

၂) ရေခဲခြစ်၊ ရေခဲချောင်း၊ ရေခဲသုပ် –

အိမ်က တားမြစ်ထားသော အသည်ပါ။

ဒါကြောင့်မို့လားမသိ၊ ပိုစားကောင်းလိုက်တာမှ။

ဆိုးဆေး ရောင်စုံပါသော ရေခဲအမျိုးမျိုးကို လျှာ ရောင်စုံဖြစ်အောင်ခိုးစားခဲ့ရပါတယ်။

(အသည်ကြီးကို လမ်းထိပ်မှာ စောင့်ဖို့ မျက်စပစ်ရသေး။)  :mrgreenn:

.

.

၃) ရွှေရင်အေး၊ ကျောက်ကျော အုန်းနို့ဆမ်း။ –

ဘယ်လိုပြောရမှန်းမသိအောင်ကို အရသာကောင်း လွန်းပါရဲ့။

အုန်းနို့အစစ်ကိုး။

အသက်ငယ်တုန်းက သတိမထားမိပေမဲ့ ခု ဒီတစ်ခေါက်ပြန် စားမိတော့ သွေးတိုးတယ်။

(ဟီးဟီး။ ကိုယ့်အသက်ကို မေ့ပြီး အဝသွားစားတာ)  :mrgreenn:

.

.

၄) မှောင်မှောင်သည် – အမျှော်ရဆုံး အသည်ပါ။

ငရုတ်သီး အစိမ်းမှုန့်နဲ့ နယ်ထားတဲ့ သစ်တော်သီးစိမ်း၊ သရက်သီးစိမ်း၊ -ငံပြာရည်၊ ငရုတ်သီးမှုန့်နဲ့နယ်ထားတဲ့ မက်မန်းသီး၊ စောင်းလျားသီး၊-ပဲမှုန့်နိုင်းချင်းနဲ့ သုပ်ထားတဲ့ သင်္ဘောသီးခြစ်လေးတွေ၊

(အမလေး၊ ရေးရင်းနဲ့သွားရည်ကျလာပြီ။ ရပ်မှ)

.

.

 

ကဲ အထမ်းသည်တွေဘက်လှည့်မယ်။

၁) တို့ဟူးသုပ်သည် –

၂ မျိုး ရှိတယ်။

ဗမာသုပ်နဲ့ ရှမ်းသုပ်လို့ပဲ အလွယ်မှတ်လိုက်တယ်။

ဗမာသုပ်က မြေပဲမှုန့်၊ မန်ကျည်းမှည့်ရေ တို့နဲ့ ချဉ်ငံစပ်သုပ်တယ်။

ရှမ်းသုပ်ဆိုတာက သံပုရာရည်၊ရှာလကာရေ တို့ကို နှမ်းထောင်းလေးတွေနဲ့ အရည်ရွှဲရွှဲသုပ်တာပဲ။

နည်းအတိအကျတော့မသိဘူး။

နှစ်မျိုးလုံးကြိုက်တာပဲ မှတ်မိတယ်။  :mrgreenn:

.

.

၂) မုန့်ဟင်းခါးသည် –

ဆိုင်ထိုင်သည်တွေ ပေါ်လာပြီးနောက် သိပ်မတွေ့ရတော့ဘူး။

ပဲနဲ့ချက်ထားတဲ့ ဟင်းရည် ကျဲကျဲကို ပူပူလေးစားရတာကိုတော့ အရမ်းကြိုက်ခဲ့တယ်။

:mrgreen:

.

.

 

 

အဲဒီလိုမှ အိမ်မှာ မစောင့်ချင်ရင်တော့ နီးနီးနားနားမှာသွားလို့ရတဲ့ လမ်းဘေးဆိုင်သေးသေးလေးတွေ အများကြီးပဲ။

၁) အကြော်စုံ –

ဘူးသီးကြော်၊ ဘယာကြော်၊ မတ်ပဲကြော်၊ ပြောင်းဖူးကြော်၊ ပဲကပ်ကြော် စသည်ဖြင့် မန်ကျည်းမှည့်အချဉ်ရည်လေးနဲ့ တို့စားရတဲ့ အကြော်စုံပေါ့။

.

.

၂) အပေါင်းသည် –

ကောက်ညှင်းကိုမှ ကုလားပဲနဲ့ပေါင်းထားတာလည်းရတယ်။

ခေါက်ပဲပေါင်းဆိုတဲ့ဟာ ပဲ မဲမဲလေးတွေနဲ့ ပေါင်းထားတာလည်းရတယ်။

ဒီ အဆိုင်နဲ့ အကြော်စုံဆိုင်က ကပ်ရပ်ဖွင့်တာများတယ်။

.

.

၃) ကော်ပြန့်စိမ်း၊ ကော်ပြန့်ကြော်၊ ကော်ပြန့်ကြော်သုပ် –

ဒေသစွဲတယ်ပဲဆိုဆို စားဖူးတဲ့ကော်ပြန့် တွေထဲ မန်းလေးက ကော်ပြန့်ပဲကြိုက်တယ်။

ကော်ပြန့်လို့ကြားဖူးကာစကတော့ နာမည် အတိုင်းပြန့်ပြန့်ပြူးပြူးမှတ်နေတာ။

အလိပ်လိုက်လေးကိုး။

အထဲမှာ ဂေါ်ဖီ၊ ပဲပင်ပေါက်၊ခါချက်ဥခြစ် တစ်ခါတစ်ခါ စိမ်းစားဥခြစ်လေးလည်းပါတယ်။အဲဒါတွေကိုအရင်ကြော်ပြီးထည့်လိတ်၊ ပြီးမှပြန်ကြော်တာ ကော်ပြန့်ကြော်။

ပါဝင်ပစ္စည်းတွေ ကို ရေစစ်ပြီး အရွက်ထဲ ထည့်လိတ်ထားတာ ကော်ပြန့်စိမ်းလိတ်။

အဲဒါလေးတွေကို ငရုပ်ချဉ်နဲ့တို့စားရတယ်။

.

.

၄) မုန့်ပြစ်စလက် (မုန့်ပျားသလက်)၊ရေမုန့်၊ ခေါက်မုန့် –

ဘယ်လိုပဲခေါ်ခေါ် ဆန်မှုန့်နဲ့ လုပ်တဲ့မုန့် တွေချည်းပဲ။

အဲဒီ ဆိုင်တွေက များသောအားဖြင့် ထိုင်စရာရှိဘူး။

ပါဆယ် ယူရတာများတယ်။

အနီမုန့်ဆိုရင် ထန်းညက်ရည်လေးဆမ်းပြီးအိုးကင်းကပ်ပေးလိုက်တာ။

အချိုကြိုက်သမား အတွက်ပေါ့။

အဖြူမုန့်ဆိုရင် နံနံပင်၊ငရုပ်သီးစိမ်းပါးပါးလှီးထည့်ပြီး စားတော်ပဲပြုတ်လေး ဖြူးလိုက်ရော။

ဒါက အစိမ့်ကြိုက်သမားတွေ အတွက်။

ရေမုန့် (ရန်ကုန်က ခေါက်မုန့်လို့ခေါ်တာ မနှစ်ကပြန်မှသိတယ်) က အပါးမျိုးပေါ့။

ပါးပါးပြားပြားလေးကို ခေါက်ပေးလိုက်တာ။ အိုးကင်းကတ် ကြွပ်ကြွပ်လေး ပိုစားကောင်းသေး။

.

.

အင်း၊ မနက်၊ နေ့လယ်၊ ညနေ၊ ည အဆာပြေ သရေစာတွေက ကုန်သလောက်ရှိပြီထင်ပါရဲ့။

ရှာရှာဖွေဖွေ ရေးရမယ်ဆိုရင်တော့ ကျန်သေးတာပေါ့လေ။

နောက်တစ်ခေါက်မှပဲ မနက်ခင်းစာတွေ သီးသန့်ရေးတော့မယ်။

ခု ရေးရင်း ဗိုက်ဆာတဲ့ ဒဏ်မခံနိုင်တော့ဘူး။

 

:a:

 

51 comments

  • Nyo Win

    August 15, 2014 at 9:49 am

    ဖတ်ဖူးတယ်ဆိုတာ လာပြောတာ…… 🙂

    • ဇီဇီ ခင်ဇော် (26102012)

      August 15, 2014 at 9:50 am

      ကျန်းးးး!!
      အာ့ဆို …
      အဲဒီတုန်းက …
      ဘာလို့ ကော်မန့်မပေးတာလည်း ပြန်ရန်တွေ့မယ်။
      :mrgreen:

      • Ko chogyi

        August 15, 2014 at 4:09 pm

        ဖတ်ပြီးသား ပြနါမဖတ်ချင်ပါဘူး
        .
        .
        .

        .

        .
        .
        .
        .
        .
        .
        ခဏခဏဖတ်ရင် ခဏခဏဗိုက်ဆာလို့

        • ဇီဇီ ခင်ဇော် (15102012)

          August 17, 2014 at 7:04 am

          အာ့ ဆို ခဏ ခဏ စားပေါ့။

          :k:

  • weiwei

    August 15, 2014 at 10:08 am

    မန်းလေးမှာက ရန်ကုန်မှာထက် မုန့်သည်တွေပိုစုံပြီး အရသာပိုကောင်းတယ် ..
    အရင်တုန်းက နွေကျောင်းပိတ်ရက်တွေဆိုရင် မန်းလေးက အမျိုးတွေအိမ်ကို သွားလည်ပြီး တစ်လလောက်အထိ နေခဲ့ဖူးတယ် .. အကြိုက်ဆုံးအစားအစာက မနက်စာ လှည်းနဲ့လည်ရောင်းတဲ့ မြီးရှေ၊ လှည်းနဲ့လိုက်ရောင်းတဲ့ မုန့်ဟင်းခါး၊ မလိုင်တွေများတဲ့ တရုတ်တန်းဘက်က ဒူးမလိုင်တို့ ဖာလူဒါတို့ ..
    ဈေးထဲရောက်ရင် အမြဲတမ်းစားဖြစ်တာက မုန့်တီ၊ မောင်းသံနဲ့လှည့်ရောင်းတဲ့ မောင်မောင်သည် ..
    အစုံပါပဲ … မန်းလေးသွားပြီး အဲဒါတွေ သွားစားချင်စိတ်တောင်ပေါက်လာပြီ ..

    • ဇီဇီ ခင်ဇော် (15102012)

      August 15, 2014 at 10:18 am

      ခိခိ။
      အဲဒီ အထမ်းသည်တွေကို ဘယ်လိုကြိုက်မှန်းမသိဘူးးး
      အစားအသောက်ကိုပြောတာ။ :mrgreenn:
      ဘာမှလည်း အထွေအထူးမပါပဲနဲ့။
      သူတို့ ပြင်တာကြည့်တတ်ရင်လည်း တကယ် အီးဇီးကွတ်ပဲ။
      :mrgreenn:

      ခိုတောင်မုန့်တီကို ခေါင်းရွက်သည် လာရင် ဝယ်စားတာက သူပြင်တာကို ကြည့်ချင်လို့က တစ်ဝက်ပါတယ်။
      ကျနော်က အသားမပါပဲ မစားတတ်လို့ ခိုတောင် မုန့်တီကို မကြိုက်ဘူးးး ခိခိ :mrgreenn:

  • မွသဲ ( 1782011 )

    August 15, 2014 at 10:21 am

    အဟိ ရှမ်းပြည်ကနေ ရန်ကုန်ရောက်ခါစ အိုက်လိုဈေးသည်တွေက်ု အထူးအဆန်းလိုက်ကြည့်ဖူးတာမှတ်မိတယ်။ နောက်တော့ စားစရာမှန်းသိသွားတော့ လာသမျှအသည်မလွတ်တမ်းခေါ်အားပေးတာ။ နောက်ဆုံး အိုးတိုက်ဖွဲပြာသည်ကျမှပဲခံလိုက်ရတာ။ စားစရာမှတ်တာကိုး။ :mrgreen: နောက်တော့ အသည်တွေကိုစီစစ်စားဖြစ်တော့တယ်။
    နို့ဟင်းမလိုင်က ဆန်လှော်မှုန့်နဲ့နွားနို့သကြားပစ်အောင်ရောကြိုထားတာ။ မလိုင်လေးတွေတက်လာတာကိုမွှေလိုက်တော့သိမ့်သွားတာ။ လုပ်စားအုံးမှ :sar:

    • ဇီဇီ ခင်ဇော် (15102012)

      August 15, 2014 at 10:24 am

      အဟီးဟီးး
      မန်းလေးမှာ အဖိုးအိမ်မှာ မောင် ၂ မ ဝမ်းကွဲ ၈ ယောက်ဗျာ။
      တစ်သည်မဟုတ် တစ်သည် ဘယ် အသည်မှ မလွတ်ဘူးးး
      လွမ်းလိုက်တာ။

      :s:

  • ခင် ခ

    August 15, 2014 at 11:42 am

    နိုမလိုင်ဟင်းသည်တွေ မန်း ရောက်ခါစက ညနေဆို ကျုံးဘေးမှ စီကာရီကာရောင်းလို့ အခုတော့ အဲဒီမှာ ဖွင့်ခွင့်မပေးထဲက ဟိုရောက်ဒီရောက်နဲ့ အတော်နည်းသွားပြီလေ။ အခုနောက်ပိုင်းဆိုင်တိုးလာတာကတော့ ဘီယာ အကင်ဆိုင်တွေပါဘဲလေ။

    • ဇီဇီ ခင်ဇော် (15102012)

      August 15, 2014 at 11:44 am

      ဟုတ်တယ်။
      အရင် တစ်ခေါက်ပြန်တော့ တွေ့ခဲ့တာ
      ကိုရီးယား အကင်သည် ဆိုပဲ။
      တွန်းလှည်းလေးတွေနဲ့။

      :a:

  • မဟာရာဇာ အံစာတုံး

    August 15, 2014 at 12:06 pm

    မမဂျီး ပို့စ်ကို ဖတ်ပီး
    ငယ်ငယ်က လမ်းက ဖြတ်သွားတဲ့ ဈေးသည်တွေဆီက
    ဝယ်စားခဲ့ရတဲ့ အခိုက်အတန့်ကို လွမ်းမိသွားသဗျာ …
    အဲ့ဒီတုန်းက အဲ့ဒီဈေးသည်တွေ အော်သံကြားတာနဲ့
    အန်တီကို ပြေးကပ်တော့တာပဲ ….

    • ဇီဇီ ခင်ဇော် (15102012)

      August 15, 2014 at 2:01 pm

      ဟုတ်တယ်။
      ငယ် ဘွ လေးကို လွမ်းတာ။
      လက်ထဲပိုက်ဆံရှိရင် ဗိုက်ထဲ မုန့်ရောက်သွားရော။

      :k:

  • အလင်းဆက်(24/05/2011)

    August 15, 2014 at 1:16 pm

    ကျနော် မန်းလေးကို..လွမ်းရတဲ့ အကြောင်းအရင်းထဲမှာတော့.. .
    အစားအသောက်တွေ…မပါဘူး ။

    လှုပ်စိလှုပ်စိနဲ ့.. ဦးပိန်တံတားကြီးရယ်.. ။
    ဖုန်တက်နေတဲ့…. နန်းတွင်းအဆောက်အဦးတွေရယ်…
    အမှိုုက်တွေ… မျောနေတဲ့.. ကျူံးရေပြင်ကြီးရယ်…
    ဆိုင်ကယ်တွေ.. ရှုပ်ထွေးနေတဲ့… လမ်းမင်္ကြီးတွေရယ်…
    အဲဒါ…
    အဲဒါ..တွေကို..လွမ်းတာ..

    :mrgreen:

    • ဇီဇီ ခင်ဇော် (15102012)

      August 15, 2014 at 1:53 pm

      နောက်တစ်ယောက် (အဲလေ) နောက်တစ်ခု ရှိပါသေးတယ်!!

      :mrgreen:

        • Kaung Kin Pyar

          August 15, 2014 at 3:20 pm

          ကျန်းးးး မလုံတဲ့အိုးများ….တုတ်မိုးရုံနဲ့ပွင့်တယ်…
          :k:

  • Myo Thant

    August 15, 2014 at 1:57 pm

    ဇီဇီ ခင်ဇော် (15102012)

    မနေ့က မှတ်လိုက်မိတာက ဇီဇီ ခင်ဇော် (26102012)

    အညိုးညိုးပဲ ၊ 🙂

    အဲ တိုဟူးသုတ်ကြိုက်တယ် ၊

    ဆန်တိုဟူးနော် ၊ အဝါမဟုတ် အဖြူရောင် ၊

    ဆီတိုဟူးအရည်လေးနဲ့ ၊ ရှလွတ် ၊

    ရန်ကုန်မှာ မမြင်ဖူးပါ ၊ 🙁

    • ဇီဇီ ခင်ဇော် (15102012)

      August 15, 2014 at 2:00 pm

      ဟုတ်တယ်။
      ခိခိ။
      ခုမှ အမှန်ပြန်တွေ့လို့။
      :k:

      ဆန်တို့ဟူးက ရှမ်းသုပ် တွေမှာ တွေ့ရတာ။

      ဗမာသုပ်က ကုလားပဲ တို့ဟူး ပဲ သုံးတာ။

      🙂

  • နွားနို့ဟင်းဆိုတာ

    နွားနို့ရယ်၊ဆန်မူန့်ရယ်၊သကြားရယ်ကိုခပ်ပျပ်ပျစ်လေးဖြစ်အောင်ကျိုထားတာပါ။

    နောက်ထပ် စားစရာလမ်းဘေးဆိုင်လေးပြောလိုက်အုံးမယ်

    ရွှေကျီးမြင့်ဘုရားအရှေ့ဘက်ပေါက်နံဘေးမှာ ညနေ 1နာရီကျော်ရင်ဖွင့်တဲ့ဆိုင်လေးရှိတယ်။
    ထိုင်ခုံဘဲရှိတယ် ကိုယ့် ပုဂံကိုယ်ကိုင်စား။
    ဟင်းရည်မပေးဘူး။

    ပဲတို့ ဟူး ၊ဆန်တို့ဟူး၊ တိုဟူးနွေး နဲ့ ရှမ်းခေါ်က်ဆွဲရောင်းတာပါ။
    ပွဲသေး 300 ပွဲကြီး500။

    နောက်မနက်ခင်းမှာဆိုရင်

    82လမ်း 27-28ကြားမှာ
    ဒန်ပေါက်၊ဆီထမင်း။အုံးထမင်း တစ်ထုပ် 200 ကောင်းမှကောင်း

    သွားရည် ရှလွတ်ကနဲ့ ကျသွားအောင်ပြောပြတာအေ့

    • ဇီဇီ ခင်ဇော် (15102012)

      August 15, 2014 at 2:31 pm

      ဟယ်။
      ရက်စက်လိုက်တာ။
      :a:
      BTW
      အုန်းမောင်း ငှက်ပျောသီး မစားရတာ နှစ်ချီပြီ။
      အုန်းထမင်းထက် ကြိုက်တယ်။
      :k:

  • အုန်းပေါင်း ငှက်ပျော်သီ ကြော် က ညနေ သုံး နာရီ ဆိုရင် ကျုပ်တို့ အလုပ် လုပ် တဲ့ ရုံးနား ကို နေ့ တိုင်း လာတယ်။

    အုံးပေါင်းတစ်ရာဘိုး ငှက်ပျော်သီးကြော် တရာ ဘိုး ဝယ် လက်ဖက်ရည်ဆိုင်သွားထိုင် လက်ဖက်ရည် က 300ပေါင်း500ကျပ်ဆိုရင်
    နေ့ ခင်း လက် ဖက် ရည် ချိန် ကို အေးဆေး စွာဖြတ်ကျော်နိုင်၏

    ဟော အခု ပြောရင်းတောင်ေ အာ် နေ ပြီး ” အန်းပေါင်း ပျော သီးကြောာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာ”

    • ဇီဇီ ခင်ဇော် (15102012)

      August 15, 2014 at 2:52 pm

      ဟမ်မလေးးးး
      အသည် ရဲ့ အသံကို ဒီဘက်ကို လာ ထရန်စဖာ လုပ်လိုက်သေးးး

      :a:

  • sorrow

    August 15, 2014 at 2:50 pm

    မန်းလေးမှာအမှတ်ရဆုံးက ကျောင်းသားဘဝက စားတဲ့ ရေနီမြောင်းဘေးက ထမင်းဆီဆမ်း ငပိထောင်းနဲ့ အကြော်စုံ … ဗန်းမော်တိုက်ထဲက တောင်ကြာပန်းစားသောက်ဆိုင် …( ခုရောရှိသေးလားတော့မသိ ) …ညညအဆောင်နားလိုက်ရောင်းတဲ့ မုန့်ဖက်ထုပ်သည်…အလိုလေး ..လွမ်းလို့သေပြီ.. ဂျာမန်မေဂျာက .ကျော့်ကိုတဖက်သတ်ကြွေတဲ့…..မိုးကုတ်သူလေးရယ်…အာဟိ.

    • ဇီဇီ ခင်ဇော် (15102012)

      August 15, 2014 at 2:55 pm

      ဘာ????
      ဗန်းမော်တိုက်လမ်းထဲက တောင်ကြာပန်း စားသောက်ဆိုင်။
      တီဗီဂိမ်း ဆိုင်ဘေးက ဟာလားးး

      ငိုဗျဇီ

      😥

      • အခုတောင်ကြာ ပန်း ကို မစား ဖြစ်တာကြာပြီ။
        သူက ဟင်းကို ခွက်သေးသေးလေးနဲ့ထည့်ပေးတာဗျ။

        အခုမန်းလေးမှာက ရှမ်းထမင်းပုံစား ဆိုင်ဘဲစားကြတော့ တယ်။
        73လမ်း 32လမ်းမှာ ဒီလို ထမင်းပုံစား ဆိုင်တွေပေါမှမော။

        ကျနော်ကတော့ လား ရှိုးလေးမှာအမြဲစားတယ်။

        တစ်ပွဲမှ 1200 ထမင်းလိုက်ပွဲ ကတစ်ပွဲ တစ်ရာ

        အသား ဟင်းသုံးမျိုး၊ အသီးအရွက်သုံးမျုးိ။
        ဟင်းရည်လဲ ရတယ်။
        စားကောင်းသလားတော့ မမေးနဲ့။
        ွရွာထဲက ဂန်ဒါရီ ဆရာ အုပ် ကို သာမေးကြည့် ။
        သူ့ အဲ့ဆိုင်မှာစားဘူးတယ်။

        ရွာထဲကလူ ဘူ လာလာ အဲ ဆိုင်မှာလိုက်ကျွေးမယ်။

  • ညီမလေးတို့မြို့လည်း စားစရာအတော်ပေါတာပါ။
    နယ်တကာလှည့်နေရတော့ ဘယ်မှာမှ ကိုယ့်နေရာလောက်အစားစုံပေါတာမတွေ့ရလို့ ငတ်လှသဗျာ
    😥

    • ဇီဇီ ခင်ဇော် (15102012)

      August 15, 2014 at 2:56 pm

      လူ အဆာလည်း မပြေ…..
      စိတ် အဆာလည်း မပြေ….

      :a:

  • sorrow

    August 15, 2014 at 2:57 pm

    စကားအတင်းစပ်….ဝက်မြေဥဆိုလို့ … ပြောဖို့ကျန်ခဲ့လို့….မမ…ဝက်မြေဥကို ပြုတ်လိုက်ခင်ဗျ..
    . ပြီးရင် အခွံသင် …ပြီးတာနဲ့ ရေသန့်ထည့်…သကြားအနည်းငယ်..ဆားနှစ်ပွင့်သုံးပွင့်…..
    ဘလန်ဒါထဲထည့်မွှေ…ဝက်မြေဥဖျော်ရည်ဖြစ်ကရော…အလွန်မိုက်သဗျာ….အခုလက်ရှိ ရန်ကုန် Park Royal Hotel ဧည့်ကြိုနားမှာအဲ့ဖျော်ရည်… တိုက်တယ်ဗျ…ကျော်လေ..အဲ့ကိုသွားရင် ဆယ်ခွက်လောက်သောက်တယ်…အဟိဟိ…

    • ဇီဇီ ခင်ဇော် (15102012)

      August 15, 2014 at 3:00 pm

      အင်းးး
      အဲဒီဖျော်ရည်က ဒီမှာ ရသဗျ။
      အတော်သောက်လို့ကောင်းတယ်၊
      ရောက်စ က အရမ်းသောက်တာ။
      ဘယ်လောက်သောက်တုန်း ဆို ခု ပြန်မကြည့်ချင်လောက်အောင် သောက်လိုက်တာ။
      အမုန်းပဲ။

      :k:

  • Paing Lay

    August 15, 2014 at 3:12 pm

    ရတနာပုံမှာ ကျောင်းတက်တုန်းကဆိုရင် တစ်နေကုန် ထမင်းမစားဘဲ သရေစာတွေနဲ့ တင် ပြီးခဲ့ရတဲ့ နေ့တွေကို ပြန်အမှတ်ရမိလေခြင်းးးးးးးးးးးးးးးးးးး အဲ့တုန်းက အပြန်အလှန်ဒကာခံလိုက်ကြတာ ပျော်စရာကြီးးးးးးးးးးးးးးးးးးးးး :k:

    • ဇီဇီ ခင်ဇော် (15102012)

      August 15, 2014 at 3:28 pm

      အဲဒီ သရေစာတွေ အဝ စားရင် ထမင်းလွတ်တယ်ဟ နော်။
      ပျော်စရာကြီးးးးးးးးးးးးးးးးးးးးး

      :k:

  • Kaung Kin Pyar

    August 15, 2014 at 3:25 pm

    မန်းလေး…နန်းကြီးသုပ် နာမည်ကြီးလေတော့…အလောင်းတော်ကသပ အသွား မဟာမြတ်မုနိနားမှာစားတာတော့….နည်းနည်းလေးတောင် မကောင်းးးဘာဂျောင်းးးးး

    • ဇီဇီ ခင်ဇော် (15102012)

      August 15, 2014 at 3:30 pm

      ငင်!!
      ဘယ်ဆိုင်စားစား ကောင်းတဲ့ နန်းကြီးသုပ်ကို ဘယ် မကောင်းတဲ့ ဆိုင်မှာ စားမိတုန်းးး 🙄
      ဧကန်န မုဒ် အရ မကောင်းလို့များလားးး 🙄

      :k:

      • မွသဲ ( 17082011 )

        August 16, 2014 at 11:44 am

        မန်းလေးနန်းကြီးသုတ်က ဆီလေးများသလားလို့။ အရသာကတော့ဂွတ်

  • မြစာကလေး (23122011)

    August 16, 2014 at 1:58 am

    ဗိုက်ဆာ အောင် နေနေ မယ် လို့ များ အစီအစဉ် မရှိ ဘူး လား ဒေါ်ဇီဇီ။ ;-))
    အစား နဲ့ ဆို ဘာ ကိုမှ မလဲ ဘူး မဟုတ်လား။
    ဒီလောက် အစား ကို ကြိုက်ပြီး စားနေတာတောင် မဝ တာ မင်္ဂလာတစ်ပါးဘဲ။
    ရေခဲခြစ်၊ ရေခဲချောင်း၊ ရေခဲသုပ် နဲ့ မှောင်မှောင်သည် က ဒီခေတ် မှာ ရှိသေးလား။ 🙄

    • ဇီဇီ ခင်ဇော် (15102012)

      August 17, 2014 at 7:07 am

      အဟီးဟီးဟီးးး
      ဒီ ကော်မန့်ကိုမြင်ပြီး သွားကြီး အဖြီးသားနဲ့။
      😀
      ကျနော့ မင်းသားကြီး လည်း အဲဒီ အတိုင်းပဲ ပြောတာပဲ။
      လူက မဝပါဘူး အရီးရယ်။
      ပေါင်ချိန်စက်က ဂဏန်းတွေက တက်လာတာပါ။
      အင်ကျီလေးတွေက သေးသေးသွားတာ။

      ရေခဲခြစ်၊ ရေခဲချောင်း၊ ရေခဲသုပ် နဲ့ မှောင်မှောင်သည် ကရှိသေးတယ်။
      ၂၀၁၂ က ပြန်တော့ တွေ့တယ်။
      :mrgreen:

  • kyeemite

    August 16, 2014 at 11:33 am

    -အင်း..ငယ်တုန်းကတော့ ကျုပ်လည်းသွားရည်စာသိပ်ကြိုက်ပေါ့…
    -မန်းလေးမှာကြီးခဲ့တာကိုးဗျ… ပဲဒါးလှီး ဆိုတဲ့မုန့် ကိုအထူးသတိရတယ်
    -အဖြူနှစ်လွှာကြားမှာ အမဲတစ်လွှာနဲ့…ခုတော့ရှိသေးလားမသိ :))

    • ဇီဇီ ခင်ဇော် (15102012)

      August 17, 2014 at 7:09 am

      အဲလာ တရုတ်မုန့်လားမသိဘူးး။
      ထမင်းချက် ဦးဂွမ်တီတို့ မုတ်ဆိတ်ဖြူကြီးတို့ စားစားနေတဲ့ မုန့်ဟာမလားးး
      အမဲလွှာက ပဲလွှာ။

      :k:

  • Shwe Ei

    August 16, 2014 at 8:10 pm

    နွေကျောင်းပိတ်ရက်တိုင်း မန်းလေးသွားရမယ်ဆိုရင် ပထမဆုံး လုပ်ဖို့စင်းစားတာက
    မှောင်မှောင်သည်ရဲ့ အချဉ်ပေါင်းနဲ့ သင်္ဘောသီးသုပ် အဝစားဖို့ဘဲဗျ 🙂
    အိမ်ရှေ့ကနေ မှောင်မှောင်ဆိုပီး မောင်းထုတဲ့အသံကြားတာနဲ့ လူက ခြံတံခါးနားပြေးကပ်ပီးသား…
    အိုက်ဂလောက် ဆတ်ဆလူးရမ်းတဲ့ညီမကို ကျိမရတဲ့ အိမ်ကအကိုတွေအပြောကလဲသင်းတယ်…
    ” ဟဲ့ ကောင်မလေး နင် အိုက်မှောင်မှောင်သည်နဲ့များ ကြိုက်နေသလားတဲ့ ” :'(
    ဘလိုဘဲပြောပြော တရက်လောက် မစားရရင် စိတ်မကောင်းတွေဖြစ်လို့ 😛

    • ဇီဇီ ခင်ဇော် (15102012)

      August 17, 2014 at 7:11 am

      အဟီးဟီးးး
      သူတို့ကလည်း သူ့ထက်သူ လူစွမ်းကောင်း စုံအောင် လုပ်ရောင်းရတယ်။

      – သင်္ဘောသီးသုတ်
      – သစ်တော်သီးသုတ်
      – သရက်သီးသုတ်
      – မက်မန်းသီးသုတ်
      – မာလကာသီးသုတ်

      အဲ နောက် တစ်သုတ်တော့ ပြောတော့ဝူးးး

      :k:

  • ဇီဇီခင်ဇော် စိတ်ညစ်အောင်လုပ်တဲ့ နည်း ကိုသိသွားပြိ။

    နောက် ရက် မန်းလေးက စား သောက်ဆိုင် (လမ်းဘေးဆိုင်)တွေ ဓါတ်ပုံရိုက်ပြီး

    တစ်နေ့ တစ်ပုံခြင်းတင်မယ်။

    ဘယ်လောက်စားကောင်းတယ်ဆိုတာညွန်းမယ်

    လောလောဆယ် တစ်ဆိုင်ညွှန်းလိုက်အုံးမယ်

    လမ်း30 -81လမ်း အမျုးိသားကျောင်းနံရံမှာကပ်ဖွင့် တဲ့ ခိုတောင်မုန့် တီ ရှယ်မှ ရှယ်ဘဲ
    ငါးဖယ်နဲ့မှ သုံးရာ ငါးခေါင်း က နှစ်ရာဘိုး ဘိုက်ကို ကားရောဘဲ

    ကောင်းမှကောင်း နောက်ရက် ဓါတ်ပုံ ရိုက်တင်လိုက်မယ်နော်

    • ဇီဇီ ခင်ဇော် (15102012)

      August 18, 2014 at 9:29 am

      ဟယ်။
      သူ
      သများ..!!ကို စိတ်ညစ်အောင် လုပ်တဲ့ နည်း ရှာဖွေတွေ့ရှိသွားပြီ။
      အတော် ကြိုးစားလိုက်ရပုံပေါ်တယ်။
      ခိခိ
      :k:

  • Mr. MarGa

    August 18, 2014 at 9:22 am

    အိမ်မှာရှိနေချိန် နေ့လည်တိုင်းမှာ
    လာသမျှ အသည်တွေ စုံအောင် ပတ်စားခဲ့ဖူးတဲ့
    ကျောင်းပြီးစ အချိန်ကို သတိရ..
    ခုတော့ ရုံးနဲ့အိမ်နဲ့ကြားမှာ ချာချာလည်နေလို့ 🙁

    • ဇီဇီ ခင်ဇော် (15102012)

      August 18, 2014 at 9:29 am

      ဂျစ်တူ ရယ်
      အိမ်ရယ်
      ရုံးရယ် တော့ လုပ်လိုက်ပါ။

      :s:

      • Mr. MarGa

        August 18, 2014 at 10:08 am

        🙂 🙂 🙂
        ပုံမှန်လည်ပတ်နေတာက အိမ်နဲ့ရုံးပဲလေ 🙂

  • manawphyulay

    August 18, 2014 at 12:02 pm

    မန်းလေးလာရင် ဒါတွေ အကုန်လုံး ဝယ်ကျွေးမှာလားဟင်…. :mrgreen:

    • ဇီဇီ ခင်ဇော် (15102012)

      August 18, 2014 at 12:05 pm

      ကျွေးမှာပေါ့။
      ရောက်အောင်သာ လာခဲ့နော်။

      :mrgreen:

  • naywoon ni

    August 18, 2014 at 12:25 pm

    မန်​း​လေးမှာ ​ကျောင်​းတက်​တုန်​းက​ပေါ့ ညကိုးနာရီ ဆယ်​နာရီ​လောက်​ဆို အ​ဆောင်​​ရှေ့လာ​အော်​ဘီ ။ ပထမ​တော့ဘာလဲမသိ ။ နားထဲမသဲ မကွဲ ကြားလိုက်​တာက ” ထာပနာထုတ်​ အီကြာ​ကွေး ” ဆိုပဲ။ ​နောက်​မှ သူငယ်​ချင်​း​တွေကို ​သေချာ​မေးကြည်​့​လေ​တော့မှ ” ထာပနုထုပ်​ ပူပူ​လေး ” လို့ ​အော်​သွားတာဆိုပဲ :)။ ဝယ်​စားချင်​​ပေမဲ့ အမျိုးသားအ​ဆောင်​ဆို​တော့ ည ​ခြောက်​နာရီ ပိတ်​တာနဲ့ အပြင်​နဲ့ အဆက်​အသွယ်​ မလုပ်​ရဲလို့ ဝယ်​မစားခဲ့ရပါဘူး ။ လွမ်​းလိုက်​တာ အဟိ 🙂

    • ဇီဇီ ခင်ဇော် (15102012)

      August 18, 2014 at 12:36 pm

      အမယ်။
      လေသံ က အဟိ တဲ့။ လွမ်းတာက မုန့်ဖက်ထုပ်မှ ဟုတ်ရဲ့လားး

      :k:

  • ဦးကြောင်ကြီး

    August 18, 2014 at 12:27 pm

    အနော်က လဗြွတ်သယ်… ဟောသမှာ ဝယ်ဂျအုံးမား..

Leave a Reply