ရန်ကုန် စက်မှုတက္ကသိုလ်၊ ဗိသုကာဌာန၊ ပါမောက္ခဟောင်း ဦးမျိုးမြင့်စိန်

kaiAugust 15, 20143min1788

ယခုလ ထင်ရှားကျော်ကြားမြန်မာများကဏ္ဍမှာ  ရန်ကုန် စက်မှုတက္ကသိုလ်၊ ဗိသုကာဌာန၊ ပါမောက္ခဟောင်း ဦးမျိုးမြင့်စိန်နဲ့ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
{ဆောင်းဦးပန်း}

၁။ ဆရာ့ဇာတိနဲ့ ကိုယ်ရေးအကျဉ်းပြောပြပေးပါ။
ကျနော့်ဇာတိက  မန္တလေး။  မေမြို့အထက်တန်းကျောင်း St Albertsကျောင်းကနေ အထက်တန်းအောင်ပြီး မန္တလေးတက္ကသိုလ်မှာနှစ်နှစ်တက်ခဲ့တယ်။ ရန်ကုန်တက္ကသိုလ်ကနေ
BSc Engineering, Architectဘွဲ့ရခဲ့တယ်။ University of Michigan ကနေ ၁၉၆၁မှာ ဘွဲ့ရပြီး  ၁၉၆၃မှာ ရန်ကုန်ပြန်ပြီး RITမှာ ဆရာပြန်လုပ်တယ်။ ၁၉၇၁ကနေ ၁၉၈ဝထိ ဗိသူကာဌာန၊ ပါမောက္ခအဖြစ်တာဝန်ထမ်းဆောင်တယ်။ ၁၉၈၁မှာ မြန်မာပြည်ကိုလျော်ကြေး ငွေ၅သောင်းကျပ်ပေးပြီး USကို ထွက်လာတယ်။ USမှာ တောက်လျှောက်အလုပ်လုပ်ပြီး ၂၀၀၂မှာ ပင်စင်ယူပါတယ်။ ၂၀၀၄မှာ အပြီးအစီးနားရတယ်။ ဇနီးဒေါ်ခင်သက်ဝင်းက  အထက၂လသာနဲ့ International Schoolတွေမှာ ဆရာမအလုပ်လုပ်ခဲ့တယ်.။ သမီးတယောက်၊ သားတယောက်၊ မြေးနှစ်ယောက်ရှိတယ်။ စာပေမျိုးရိုးလဲရှိတယ်ဗျ။ဆရာ့ဦးလေးတွေက ဟိုခေတ်ကသတင်းစာဆရာတွေ။ အမ်ဖိုးရှိန်နဲ့ နှစ်ဖက်ချွန်မောင်စိန်။ဟံသာဝတီသတင်းစာအယ်ဒီတာချုပ်လေ။

၂။ ဆရာ့ရဲ့ USပညာသင်အတွေ့အကြုံနဲ့အလုပ်အတွေ့အကြုံ။
၁၉၆ဝမှာ University of Michiganကိုလာခဲ့တယ်။ Rackham Graduate School of Studyအဲဒီ့နားမှာ ကမ္ဘာမှာနာမည်ကြီးတဲ့  ဗိသုကာ 0fficeနှစ်ခုရှိတယ်။ Eero Saarinen and partners နဲ့ Minoru yamasaki and associates ဆိုတဲ့ဗိသုကာofficeနှစ်ခုရှိတယ်။ အဲဒီ့မှာလဲ studyလုပ်ခဲ့တယ်။ တနှစ်တောင်မကြာဘူးcreditပြည့်တာနဲ့ဘွဲ့ရပြီးတာနဲ့ Minoru yamasaki က recruitလာလုပ်တယ်။ အဲဒါနဲ့ဆရာကလုပ်သင့်မလုပ်သင့်စဉ်းစားနေတုန်း ဆရာ့ပါမောက္ခက ဒီ့ပြင်ရုံးတရုံးကိုသွင်းပေးတယ်။ Architech၂၀ဝမှာ ဆရာအပါအဝင်ဒီဇိုင်းနာရယောက်ပဲရှိတယ်။ စစချင်း အိမ်သာဒီဇို်င်း၊ လှေခါးဒီဇိုင်းတွေဆွဲခိုင်းတယ်။ ကြိုက်သွားတာနဲ့ ၃၄ထပ်အဆောက်အဦမှာ ၁၂ထပ်ကို ဒီဇိုင်းလုပ်ဖို့ပေးတယ်။ အဲဒီ့မှာလုပ်နေတုန်းတင် Minoru yamasaki ရုံးက ရုံးဖုန်းကိုရော၊ အိမ်ဖုန်းကိုရောဆက်ပြီး အလုပ်ခေါ်တာနဲ့ အလုပ်ပြောင်းလိုက်တယ်။

၃။ မြန်မာပြည်ကိုပြန်ဖြစ်တာ ဘာကြောင့်လဲဆရာ။ RITဗိသုကာဌာနမှာ ဆရာတစ်ဦးလုပ်တော့ စစချင်းအတွေ့အကြုံတွေက။

မြန်မာပြည်က သူငယ်ချင်းတွေက စာရေးတယ်လေ။ ဗိသုကာဌာနကြီးကတော်တော်ပျက်စီးနေပြီတဲ့။ ဆရာတွေလဲမရှိတော့ဘူး။ ပြန်လာခဲ့တဲ့။ Minoru yamasaki အလုပ်က Bossကတော့ပြောတယ်လေ။ ပြန်ချင်ပြန်တဲ့။ ဒါပေမယ့် မင်းတနေ့USကို ပြန်လာရမှာပဲတဲ့။ ဒါနဲ့ ၁၉၆၃မှာဒီမှာလစာ$600ရနေတာကနေ ရန်ကုန်ပြန်ပြီး RITမှာ
Assistant Lecturerကနေစလုပ်တော့လစာက မြန်မာငွေ၄၂ဝကျပ်ဗျ။ ပြီးမှ lecturerဖြစ်ပြီး professor ဖြစ်တယ်။ ဟိုတုန်းက courseတွေက တော်တော်ပျက်စီးနေပြီ။ ဆရာ့ဌာနကို လိုက်ပြပါဆိုတော့  ဆရာဆိုလို့ ရုရှားဆရာတစ်ဦးပဲရှိတယ်။ ကျောင်းသားတွေမရှိဘူး။ ဒါနဲ့ သူ့ကိုဒီဇိုင်းပညာပြန်သင်ပေးတာက စရတယ်။ courseတွေပြန်ဆွဲရတယ်။ ၁၉၆၆နောက်ပိုင်းကစပြီး Motivational teachingဆိုတာ ထွင်လိုက်တယ်။ စာမေးပွဲတွေကို ဖြုတ်ပြီး thesisနဲ့ term paperတွေကိုဦးတည်တဲ့စနစ်။
ဌာနတွေနဲ့ ဗိသုကာလုပ်ငန်းလုပ်နေတဲ့ဌာနတွေနဲ့ ကျောင်းသားတွေကို ဆက်သွယ်ပြီး သုတေသနတွေလုပ်တယ်။ terms paperတွေရေးတယ်။ တော်တော်လေးအောင်မြင်တယ်။ ကျနော် မဆလပါတီမဝင်ခဲ့ဘူး။ ဆရာတာဝန်ထမ်းဆောင်ချိန်မှာ ဗိသုကာlibraryဆိုတဲ့ဌာနစာကြည့်တိုက်မှာ  main libraryက ဗိသုကာthesisနဲ့ term paper တွေကိုယူပြီး အဲဒီ့မှာ စနစ်တကျ  သိမ်းဆည်းထားတယ်။ ဆရာတွေguideလုပ်ပြီးကျောင်းသားတွေက runရတာ။ ဆရာပြန်သွားတော့ ဒေါက်တာဆွေဆွေအေးက ဆရာ့ကို ဆရာထိုင်ခဲ့တဲ့ရုံးခန်းက ကုလားထိုင်မှာထိုင်စေပြီး ကျောင်းသားတွေကိုခေါ်လာပြီး ဆရာ့လက်ထက်ကစုထားတဲ့ thesisနဲ့term paperတွေထုတ်ပြတယ်။ နောက်တခုက researchနဲ့ပတ်သက်ပြီး  Expandable House ဆိုပြီး အိမ်လေးတလုံးဆောက်ခဲ့တယ်။ researchလုပ်တုန်းက ဆရာတစ်ယောက်ထဲအဲဒီ့မှာနေတယ်။ ခုထိရှိသေးတယ်ပြောတယ်။ ဆရာရန်ကုန်သွားတော့ RITနောက်ဘက်က ချုံတွေကထူတော့ ခပ်လှမ်းလှမ်းကမြင်ခဲ့ရတယ်။

၄။  မြန်မာပြည်နဲ့USမှာ ဆရာ့လုပ်ဆောင်ချက်တွေနဲ့ အမှတ်တရဖြစ်စရာက။

၁၉၆ဝတုန်းကTwin Towerအတွက် ဒီဇိုင်နာရွေးခံရတဲ့၈ယောက်ထဲမှာကျနော်ပါတယ်။ တချိန်လုံးအဲဒီ့မှာနစ်မြုပ်နေမှာစိုးတော့ သိပ်ကြာကြာမလုပ်ခဲ့ဘူး။
Northwest  National Life  Insurance Company, Minneapolis, Minnesotoမှာ lead designer။ အမှတ်တရဖြစ်စရာက အဲဒီ့မှာelevator၈ခုရှိတယ်။ elevator lobbydesignလုပ်တော့ ကျနော်က ဗမာပြည်ကလှေပုံလုပ်တာ မျက်နှာကျက်ဒီဇိုင်းကအစသေချာလုပ်တာ။ လူတွေ တော်တော်သဘောကျကြတယ်။ အကုန်အကျကများတဲ့အတွက် ခုထက်ထိဒါမျိုးလုပ်တာထပ် မတွေ့ဘူး။
Century Plaza Hoel, Los Angelesမှာပေါ်တီကိုဒီဇိုင်းလုပ်ခဲ့တယ်။
North Shore Glen Coveမှာရှိတဲ့ Senacot???မှာ အတွင်းဒီဇိုင်းတွေလုပ်ခဲ့တယ်။  Los Angeles Downtown Disney Concert Hall ဆောက်တော့ Architectural design viewနဲ့ပတ်သက်ပြီး quality, maintainenceနဲ့ပတ်သက်လို့ သူတို့ကို reviewလုပ်ပေးဖို့ ကျနော့်ကိုတာဝန်ပေးတယ်။  မြန်မာပြည်တွင်းမှာတော့ အင်ဒိုနီးရှားသံရုံးမှာ ကျောင်းဆောက်တယ်။ ဩစတြေးလျသံရုံးရဲ့ club houseလုပ်တယ်။ စာပေးစာယူhead quarterဆို ဒီဇိုင်းဆွဲရုံတင်မကဘူး constructionကူမ္မဏီမရှိတော့ ကိုယ့်ဟာကိုယ် constructလုပ်ရတယ်။ လွှတ်တော်အဆောက်အဦးကို studyလုပ်တယ်။ ပြည်သူ့ရင်ပြင်ကို ဆောက်လုပ်ရေးဌာနနဲ့တွဲပြီး ဒီဇိုင်းလုပ်တယ်။ သုဝဏအားကစားကွင်းအတွက်prop consultingလုပ်တော့ တရုတ်တွေနဲ့ဆွေးနွေးရတယ်။

၅။ ဗိသုကာပညာက စိတ်ဝင်စားစရာကောင်းပါလျက်နဲ့ RITမှာ ဗိသုကာဝင်ခွင့်သတ်မှတ်ချက်အမှတ်နဲနဲလေးသတ်မှတ်တာ ဘာကြောင့်လဲဆရာ။

အပြစ်တင်စရာတွေအများကြီးထဲမှာ  အဲဒီ့အချိန်ကအုပ်ချုပ်သူတွေကို အပြစ်တင်ရမှာပဲ။ ဆရာတို့တိုင်းပြည်မှာ အဆောက်အဦးအကြီးကြီးတွေမှမရှိတာ။ အလုပ်မရှိဘူးပေါ့။ဆရာတို့တွေprojectတင်တာပဲ။ ဖြစ်မလာဘူး။ လူတွေက ပိုက်ဆံမရှိတော့ အဆောက်အဦ၊ လမ်း၊ တံတားတွေမဆောက်နိုင်ဘူး။ ခုကျ ဗိသုကာပညာရပ်က ကမ္ဘာမှာtopဖြစ်နေပြီ။ အားလုံးသဌေးတွေချည်းပဲ။

၆။ ပုဂံခေတ်ဗိသုကာပညာရဲ့ ကမ္ဘာ့ခေတ်ပြိုင်နိုင်ငံတွေက ဘာတွေများဖြစ်မလဲဆရာ။ ပုဂံဗိသုကာပညာအပေါ်ဆရာ့အမြင်။

အီဂျစ်၊ ဂရိ၊ ရိုမန်တို့ကနည်းနည်းပိုစောတာပေါ့။ BCထဲက ပိရမစ်တွေကပေါ်နေပြီလေ။ ပုဂံခေတ်မတိုင်မီက ပြူခေတ်ရှိတယ်။ pre Baganပြီးတော့ရွှေစည်းခုံ။ ပုဂံခေတ်ဗိသုကာလက်ရာတွေမှာ စေတီနဲ့ templeဂူကျောင်းဆိုပြီး ၂မျိုး၂စားတွေ့ရတယ်။  အိန္ဒိယဗိသုကာပညာလွှမ်းမိုးမှုတွေတွေ့ရတယ်။
ပုဂံခေတ်မှာ စေတီတည်မယ်ဆို ပထမစေတီကို နောက်တခါထပ်ကြီးကြီးဆောက်ချင်တယ်ဆိုငုံလိုက်တယ်။ ငုံငုံပြီးဆောက်ဆောက်သွားတာ။ ပုဂံခေတ်ဗိသုကာလက်ရာနဲ့ပြန်ကြည့်မယ်ဆိုု လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ထောင်ကျော်ကဆောက်ခဲ့တဲ့ဂူဘုရားတွေနဲ့ တကမ္ဘာလုံးနဲ့ ယှဉ်ကြည့်မယ်ဆို US, Europeတွေမှာဟိုတုန်းက  environmental impact နဲ့ပတ်သက်လို့ သိပ်ဂရုမစိုက်ကြဘူး. ပုဂံဗိသုကာလက်ရာတွေကကျ အရပ်လေးမျက်နှာ၊ လေဝင်လေထွက်၊ lighting ဒါတွေကို အသားပေးထားတာတွေ့ရတယ်။ scientific knowledgeကြောင့်လား။ လုပ်ရင်းလုပ်ရင်းexperienceရလာလို့လား မသိဘူး။ ရာသီဥတုနဲ့ပတ်သက်ပြီး အလေးထားရမယ်ဆိုတာကသိသာနေတယ်။ အပြင်ကရာသီဥတုအထဲမရောက်နိုင်အောင်။ အထဲကရာသီဥတုအပြင်မရောက်အောင် insulationလိုဖြစ်နေတယ်။ ပုဂံခေတ်မှာ ဒီထူးခြားချက်က uniqueဖြစ်နေတယ်။ အဲဒီ့အချက်ကို ဘုန်းကြီးကျောင်းတွေဆောက်တဲ့ထိယူသွားတယ်။ ပတ်ပတ်လည်ကအုတ်တွေနဲ့တည်ဆောက်ထားပြီး အုတ်တွေကလည်း ဘယ်လောက်ထူသလဲဆို အထဲမှာ ရွံ့၊ ကောက်ညှင်း၊ စပါးခွံ၊ တွေကို ဘိလပ်မြေmixtureလိုမျိုး ထည့်ဆောက်ထားတယ်။ radiation artကို ပုဂံခေတ်မှာပဲ တွေ့ရတယ်။ accidentလား။ purposeနဲ့လားတော့ မပြောနိုင်ဘူး။ မနူဟာဘုရားကိုဆောက်တဲ့  philosophyက ဘယ်လောက်မြင့်သလဲဆို ဒီဆင်းတုတော်ကြီးဟာ ဒီtempleထဲမှာ လွတ်လပ်ပေမယ့်  ကျဉ်းကျဉ်းကျပ်ကျပ်လေးနေရတယ်ဆိုတာ မြင်နိုင်တယ်။ ရွှေသာလျောင်းဆိုလည်း သူအိပ်နေပေမယ့် မလှုပ်နိုင်ဘူး။ မသိလိုက်မသိဘာသာ အချုပ်ခံနေရတယ်ဆိုတာ ပြတယ်။

၇။ ဗိသုကာပညာရှင်တစ်ယောက်အနေနဲ့ မြန်မာပြည်ကရှေးဟောင်းအဆောက်အဦးတွေ ထိန်းသိမ်းတာနဲ့ပတ်သက်ပြီး ဆရာဘာပြောချင်လဲ။

နှစ်ခုပြောချင်တယ်။ ပထမတစ်ခုက ကိုလိုနီအဆောက်အဦးတွေကို Heritageခေါင်းစဉ်ထဲထည့်တဲ့ကိစ္စ။  Heritageဆိုတဲ့အဓိပ္ပာယ်က ဘိုးစဉ်ဘောင်ဆက်အမွေ။ colonial buildingတွေဆိုတာ နယ်ချဲ့ကိုလိုနီတွေက ဆရာတို့တိုင်းပြည်ထဲလာပြီး ငါတို့အတတ်ပညာကမင်းတို့ထက်ဘယ်လောက်သာတယ်ဆိုတာ လာပြခဲ့တာ။ အပြင်ကလာတာ။ ” Revitalization of Heritage Buildings လို့သုံးကြတယ်။
” ံHistorical” လို့ခေါ်သင့်တယ်။ Not  Heritage။ နောက်တစ်ခုက ယူနက်စကိုက ပုဂံကို ံ့Historical siteအဖြစ်လုပ်ဖို့ပြောတော့ ပုဂံအကြောင်းရေးထားတယ်။ ဆရာ့အမြင်က သူများတွေနဲ့တူချင်တူပါလိမ့်မယ်။ ပုဂံကရှေးဟောင်းအဆောက်အဦးတွေဆိုတာက Romeတို့၊ Egyptတို့က အဆောက်အဦးတွေနဲ့ လုံးဝမတူဘူး။သူတို့က static structure  ငြိမ်နေတဲ့နေရာ။ပုဂံက dynamicမြို့။ ပုဂံကအဆောက်အဦးတွေက အသုံးချနေရတဲ့အဆောက်အဦးတွေ။ not stagnant။ Bagan is always moving forwards. အခြေခံကိုနားလည်ဖို့လိုတယ်။ ပုဂံဘုရားတွေက တဖြည်းဖြည်းငုံငုံတက်လာတာ။ ဘုရားတည်ကြတာ ကုသိုလ်လိုချင်လို့။ လူတယောက်မေတ္တာမဟုတ်ဘူး။ လူအများမေတ္တာရဖို့ဘုရားတည်တာ။ ဘုရားကိုအသစ်ဖြစ်အောင်လုပ်ချင်တာ။ ဒါကို ကန့်ကွက်လို့ရမလား။ လူအများကလုပ်ချင်တယ်ဆို လုပ်ခွင့်ပေးရမယ်။ ပုဂံကို dynamic cityဆက်ဖြစ်ပါစေ။ ထပ်တိုးပါစေ။ ထပ်ဆောက်ပါစေ။ ထပ်ပြုပြင်ပါစေ။ ဒီခေတ်က ဗိသူကာပညာကဒီလိုရှိတယ်။ နောက်ခေတ်က ဒီလိုရှိတယ်။ မှတ်တမ်းမှတ်ရာ သေသေချာချာလုပ်ဖို့ဘဲ အရေးကြီးတယ်။ သူ့ခေတ်ကအမွေ သူ့ဟာသူခံစားခဲ့ရတယ်။ ရှေ့ခေတ်မှာ ဆက်လုပ်ကြပါစေ။ သမိုင်းကွင်းဆက်ပေးရမယ်။ full respectပေးရမယ်လို့ မြင်တယ်။

၈။ ငလျင်နဲ့ပတ်သက်ပြီး အထူးသဖြင့်ရန်ကုန်မြို့အတွက် ဆရာ့ရဲ့ပညာရှင်အမြင်နဲ့ ပြောချင်တာ။

မြန်မာပြည်ရဲ့ စစ်ကိုင်းပြတ်ရွေ့ကြောက ရန်ကုန်ကို ဘေးနားကဖြတ်သွားတယ်။ ကြီးကြီးကျယ်ကျယ်တခါမှမဖြစ်ဘူးပေမယ့် ငလျင်ကြီးဘယ်အချိန်လာမယ် ဘယ်သူမှမပြောနိုင်ဘူး။  ရစ်တာစကေး8.2လာရင် ခံနိုင်မယ့်အဆောက်အဦတွေဆောက်ဖို့လိုတယ်။ Northridge မှာ ငလျင်လှုပ်တော့ ကျနော်က countyမှာ အလုပ်လုပ်တော့ မြို့ထဲကအဆောက်အဦးတွေ စိတ်ချရ၊ မရ reportလုပ်ရတယ်။ Geotechnical report တွေလိုတယ်။ ပထမအချက်က အဆောက်အဦးတွေကို အန္တရာယ်ရှိမရှိသေချာ studyလုပ်ရမယ်။ ဒုတိယအချက်  မြန်မာပြည်မှာဆို အုတ်တွေနဲ့ဆောက်ရင် အန္တရာယ်ကြီးတယ်။ တတိယအချက် အဆောက်အဦးတွေမှာ life safetyနဲ့ပတ်သက်လို့ စိုးရိမ်စရာကောင်းတဲ့ နာမည်ကြီးဟိုတယ်တွေမှာလည်း တွေ့ခဲ့ရတယ်။ အရေးပေါ်အခြေအနေမှာ တခုခုဖြစ်ရင်ထွက်ပြေးနိုင်တဲ့ emergency exitလိုတယ်။ မီးလောင်ရင်ခံနိုင်တဲ့ 20 minutes door, 1 hour ကော်ရစ်တာတွေရှိရမယ်။ stair caseသပ်သပ်ထားရမယ်။ ဓာတ်လှေကားနဲ့မဆက်ရဘူး။ လူပြေးနိုင်တဲ့ကော်ရစ်တာတွေမှာ မီးမကူးနိုင်အောင်လေဝင်လေထွက်ကောင်းအောင်လုပ်ပေးရမယ်။.

၉။ ဗိသုကာပညာရှင်တစ်ဦးအမြင်နဲ့ USမှာ ဆရာ့အကြိုက်ဆုံးအဆောက်အဦးတွေက ဘာတွေလဲ။
Los Angelesက Disney Concert Hallကတစ်ခု။ ကိုယ်တိုင်လည်း တည်ဆောက်တဲ့ထဲမှာ ပါဝင်ခဲ့တယ်လေ။ နောက်တစ်ခုက Boston, Visual Art Centerက French ဗိသုကာပညာရှင်ရဲ့လက်ရာ။ သူ့ကိုဘာလို့ကြိုက်သလဲဆို မနက်နေထွက်ချိန်ဆို သူ့imageကတစ်မျိုးရှိတယ်။ ညနေနေဝင်ချိန်ဆို imageက ပြောင်းသွားတယ်။ interior environment changes  according to sunrise and sunset.

၁၀။ အသားအရောင်နဲ့ပတ်သက်ပြီးUSမှာအလုပ်လုပ်စဉ်က ခွဲခြားခံရတာရှိလား။ ဆရာဘယ်လိုကျော်လွှားခဲ့လဲ။
discussionတွေဘာတွေအငြင်းအခုံဆို အသားအရောင်နဲ့ပတ်သက်ပြီး စကား အများကြီးပြောတယ်။ ဘယ်လောက်ထိလဲဆို ” Boat people coming here tell us what to do” ဆိုပြီး ဘေးကနေစောင်းပြောတာကြုံဖူးတယ်။။ Boat people ဆိုတာ ကျနော်တို့ဒီရောက်တဲ့အချိန်တုန်းက ဗီယက်နန်ကနေ သဘောင်္နဲ့ပြေးလာတဲ့သူတွေကို ဆိုလိုတာ။ ” Why do you talk about the boat people? When I was doing buildings top in the world, you were not born is yet. After you were born, you went to school, you still wet behind your ears. You should go back to school study .Then talk to me. Do you know my background is?  You can call  boat people but I did not come with the boat. I flew inလို့ပြန်ပြောမှ မျက်နှာလေးတွေငယ်ပြီး ကျန်ခဲ့တယ်။ ဒီလောက်ထိတောင်ရှိတယ်နော်။ ဒီမှာက ခွာရာချင်းတူလာပြီဆို ကိုယ့်နေရာယူမယ့်ကောင်ဘာညာဆိုတဲ့ကောင်ဘာညာဆိုတာက ဝင်လာတာပဲ။

၁၁။ ဆရာခုလိုအသက်၈ဝအရွယ်မှာ ကျန်းကျန်းမာမာနဲ့မှတ်ဉာဏ်ကောင်းတာ ကျန်းမာရေးကို ဘယ်လိုထိန်းသိမ်းလဲ။

မနက်တိုင်း လမ်းလျှောက်တယ်။ Balboa Parkကိုတနေ့၆မိုင် လမ်းလျှောက်တာ နှစ်၃ဝကျော်ရှိပြီ။ ကျောင်းသားဘဝမှာ တင်းနစ်စ်ရိုက်တယ်။ ဘောလုံးကန်တယ်။ ဟိုတုန်းက RITဆရာဘဝထဲက RITကျောင်းဝန်းကို ပတ်ပြီးပြေးတယ်။ အစားအသောက်ကတော့ မရှောင်ပါဘူး ။ အကုန်စားတယ်။

၁၂။ မြန်မာပြည်ပြန်ဖြစ်လားဆရာ။
၁၉၉၆ကတခါပြန်တယ်။ စက်မှုတက္ကသိုလ် ပါချုပ်ဦးကျင်စိုးက လက်ချာပေးခိုင်းလို့ ရန်ကုန်နဲ့မန္တလေးစက်မှုတက္ကသိုလ်တွေမှာ ကျောင်းသားတွေကို စာသင်ပေးခဲ့တယ်။ ၂၀၀၃က တခါပြန်တယ်။

၁၃။ ဆရာထုတ်ဝေဖြစ်တဲ့စာအုပ်တွေ။
The Sustainable Metropolis Mrauk-Uကို ရခိုင်ပြည်နယ်မှာ ၁ဝနှစ်သုတေသနလုပ်ခဲ့တဲ့အတွေ့အကြုံနဲ့ရေးခဲ့ပါတယ်။ မြတ်ဘုရားရွှေတိဂုံတော်ကြီးစာအုပ်။ ဒီစာအုပ်ကတော့ ၂၀၁၂ကထုတ်တယ်။ ၁၉၇၅ငလျင်လှုပ်တော့ ထီးတော်ယိုင်သွားတာနဲ့ ပညာရှင်အဖွဲ့မှာပါဝင်တုန်းက သုတေသနပြုပြီးရေးခဲ့တယ်။  မလေးရှားမှာထုတ်ပြီး Amazon.comမှာလည်းတင်ရောင်းပါတယ်။ သုုတေသနစာအုပ်တွေက U Palai Thein : The  Ordination Hall, Baganနဲ့ Revitalization of Heritage Buildings Rangoon ရေးခဲ့တယ်။ ဆရာရေးခဲ့တာတော့ တပည့်တွေအတွက်အဓိကရည်ရွယ်ပါတယ်။ ရွက်နုဝေနဲ့Myanmar Timesစာအုပ်တွေမှာလည်း စာတမ်းတွေရေးပါတယ်။

၁၄။ မြန်မာ့ဂဇက်သတင်းစာကနေ RITကဆရာ့တပည့်ဟောင်းတွေကို ဘာတွေပြောချင်လဲ။
ဆရာ့တပည့်တွေကလည်း အကုန်လူူကြီးတွေဖြစ်ကုန်ကြပြီ။ ၂၀၁၂ဆရာပူဇော်ပွဲကို ဆရာမြန်မာပြည်ပြန်သွားလို့တွေ့ရတာ အဆောက်အဦး၊ လမ်း၊ တံတားတွေ တော်တော်အားရစရာတွေ့ရတယ်။ RITကထုတ်လိုက်တဲ့ပုဂိုလ်တွေစွမ်းအားကဘယ်လောက်အောင်မြင်လဲဆိုတာနိုင်ငံခြားအကူအညီဘယ်လောက်မှမပါဘဲ သူတို့အစွမ်းအစနဲ့လုပ်နိုင်တာတွေ့ရတယ်။  Challengesတွေအများကြီးရှိပေမယ့် အောင်အောင်မြင်မြင်လုပ်နိုင်တာကို ဂုဏ်ယူတယ်။ ရှေ့ဆက်ပြီးလည်း လုပ်နိုင်ဖို့လိုတယ်။ ဒီထက်မကလုပ်နိုင်အောင် အားလုံးကြိုးစားပါ။ အဓိကကြီးကြီးကျယ်ကျယ်စဉ်းစားဖို့လည်းလိုတာ မြို့ကြီးတွေနဲ့ပတ်သက်လို့၊ အဆောက်အဦးတွေနဲ့ပတ်သက်လို့ usersအသုံးချမယ့်သူတွေကိုဂရုစိုက်ပြီး အဓိကထားပါလို့။ Architect is the full responsibility for the building. တခုခုဆို အရင်တရားစွဲခံရမှာက Architect ပဲ။

မှတ်ချက်။  ။ မြန်မာဂဇက် ၂၀၁၃ ဒီဇင်ဘာထုတ်တွင်ပါပြီးဖြစ်ပါသည်။

8 comments

  • ဇီဇီ ခင်ဇော် (15102012)

    August 15, 2014 at 10:59 am

    ဟိ၊ မဆိုင်တော့ မဆိုင်ဘူးး
    ပြောရမယ် ဆိုရင် ကျနော်တို့ ဆီမှာ ဗီသုကာ ပညာရပ်မှာ ရှေ့မရောက်သေးဘူးးး။
    ပုံစံထုတ်တတ်တာနဲ့ ပုံဆွဲတတ်တာနဲ့ မတူဘူးးး
    ဒီဇိုင်း ပြေလည်ရုံနဲ့လည်း မပြီး ၊ဖန်ရှင်းပြေလည်ရုံနဲ့လည်း မပြီး၊ ခေတ် ကိုရော၊ နည်းပညာ ရော ခရီးရေးတစ်ဖြစ်မှုရော လုံခြုံမှုရော အများကြီး ပြေလည်အောင် စဉ်းစားနိုင်ရတာ။
    နောက်ပြီး ဗိသုကာ ပညာရပ်ကို ကောင်းကောင်း ပံ့ပိုးမပေးနိုင်သေးဘူး လို့ မြင်တာပဲ။

    လွန်တာရှိ ဝန်ဒါမိ..!!

    :k:

  • မဟာရာဇာ အံစာတုံး

    August 15, 2014 at 12:14 pm

    ဆရာရေ ….
    အခုလည်း မြန်မာပြည်ရဲ့ အဆောက်အဦတွေမှာ
    နောက်ဖေး ပြေးပေါက် လှေကားတွေ တပ်လာကြပါတယ်ဗျ ..
    မတပ်မနေရ အမိန့်ကြောင့် ထင်ပါရဲ့ …
    ဒါပေမယ့် …
    ငါ့ဖို့သာ ကြည့်တတ်တဲ့ လူမျိုးတွေနဲ့ …
    ရေပေးလိုက်ရင် မျက်စိ ကန်သွားတတ်တဲ့ တိုင်းပြည်ဖျက် လူမျိုးတွေကြောင့် …
    အဲ့ဒီ အရေးပေါ် လှေကား ဆိုတာကလည်း ခနော်နီ ခနော်နဲ့ ပါပဲရယ် … :mrgreen:

    • ခင် ခ

      August 15, 2014 at 12:32 pm

      အရေးပေါ်လှေကားက
      အရေးပေါ်လိုဆင်းရင်
      အရေးပေါ် ကိုတန်းရောက်သွားနိုင်လောက်တယ်ဗျ။
      ရန်ကုန်က တစ်ချို့တိုက်တွေရဲ့ နောက်ဖေးဘက်မှာတပ်ထားပုံက……….

      • Kaung Kin Pyar

        August 15, 2014 at 3:44 pm

        အရေးပေါ်လောက်ဆို တော်သေးတာပေါ့ လေးခရယ်….။ မျက်လုံးထဲမတော့ ဦးကျော်သူ့မျက်နှာကြီးကိုပဲ ပြေးပြေးမြင်နေတယ်..

  • မြစာကလေး (23122011)

    August 16, 2014 at 1:57 am

    ဒီ အချိန် မှာ အတိတ် ကို ပြန်ပြင် ဖို့ အခွင့် ရ ခဲ့ ရင် – ဗိသုကာ တစ်ယောက် မဖြစ် ဖြစ်အောင် ကြိုးစားတော့ မှာ။
    ဒီ Post က ဆရာ အကြောင်း ကို ဖတ်ပြီး အရင် ငယ်တုန်းက ကိုယ့် အပျင်းကြီး မှု ပေါ့ဆမှု ကြောင့် ဝါသနာ ပါရာ ကို မလုပ်နိုင်ခဲ့ တာ နောင်တ ရယ် လို့ တော့ မဟုတ်ပါဘူး။
    အားမရ ဖြစ်သွားမိတာ။
    ဒီမှာ တီဗီ စီးရီး တွေ ထဲ Grand Design ဆိုတဲ့ အိမ် မျိုးစုံ ကို ဆောက်ပြ တဲ့ Program ရှိတယ်။ အဲဒါ ကို အားတိုင်း မရိုး တမ်း ကြည့် နေ မိတာ။
    သို့ပေမဲ့ ..
    သူကြီးမင်း ပြောနေကျလိုပေါ့။
    အခုတော့လဲ … ဒါတွေ .. ဒါတွေ … ပြီး ခဲ့ပါပြီ။

  • kyeemite

    August 16, 2014 at 11:18 am

    ၅။ ဗိသုကာပညာက စိတ်ဝင်စားစရာကောင်းပါလျက်နဲ့ RITမှာ ဗိသုကာဝင်ခွင့်သတ်မှတ်ချက်အမှတ်နဲနဲလေးသတ်မှတ်တာ ဘာကြောင့်လဲဆရာ။
    အင်း…ပြောရရင်တော့…မဆလာခေတ်မှာ ကျောင်းပီးရင် အစိုးရအလုပ်ပဲအားကိုးစရာရှိခဲ့တာ…
    ဆိုတော့…ဆစ်ဗယ်နဲ့ အာခီတက် က အလုပ်ရဖို့အခက်ဆုံးပဲ..ဆိုတော့ အမှတ်နိမ့်နိမ့်နဲ့ဝင်နိုင်တယ်
    လျှောက်သူနည်းတယ်…မက္ကယ်နီကယ်က အမြင့်ဆုံးပဲ..အလုပ်အကိုင်ရနိုင်ခြေများလို့….
    ဆိုတော့..များသောအားဖြင့် ဝါသနာနောက်မလိုက်နိုင်ကြဘူး…ကျုပ်ဆို ဆစ်ဗယ် ဝါသနာပါတာ..
    ခုတော့…တောက်စ်…အစကပြန်စချင်သား :k:

    • မြစာကလေး (23122011)

      August 22, 2014 at 11:23 pm

      ကကြီးမိုက်
      အခုဘဲ ဖဘ ထဲ တွေ့လိုက်တာ BE (Civil) အလုပ်ခေါ်တာ အသက် ၅ဝ နှစ် အထက် တဲ့။
      လစာ သိန်း ၂၅ မှ သိန်း ၅ဝ ဆိုဘဲ။

Leave a Reply