” လိုက်နာမယ်ထင် “

 

ဟဲ့ ကလေး နောက်မလုပ်နဲ့

မိဘတို့များ ဆိုဆုံးမတယ်

မတော်ရာတွေ တွေ့တဲ့အခါဝယ်၊

 

ဆိုဆုံးမစကား မပြောကြားရင်

ထိုသားသမီး ကြီးလျှင်ဆိုးဖွယ်

ဒါကြောင့်သင်တယ် ငယ်ငယ်ကကွယ်၊

 

မိဘဆုံးမ လိုက်နာကြလို့

လိမ္မာသားသမီး ထွန်းပေါက်လို့လာ

ကြီးပွားတော့ကာ မိဘ၀မ်းသာ။

 

ပြည်သူတွေဟာ မိဘပါတဲ့

ပြောတဲ့စကား မိဘပြည်သူများ

ဒါဆိုမမိုက်လေအောင် ဆိုဆုံးမရင်

ထိုသူတို့မှာ လိုက်နာမယ်ထင်

တွေးမိတာလေး ချကာရေး။

 

ခင်ခ။

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..

   Send article as PDF