” လိုက်နာမယ်ထင် “

ခင္ခAugust 15, 20141min17512

” လိုက်နာမယ်ထင် “

 

ဟဲ့ ကလေး နောက်မလုပ်နဲ့

မိဘတို့များ ဆိုဆုံးမတယ်

မတော်ရာတွေ တွေ့တဲ့အခါဝယ်၊

 

ဆိုဆုံးမစကား မပြောကြားရင်

ထိုသားသမီး ကြီးလျှင်ဆိုးဖွယ်

ဒါကြောင့်သင်တယ် ငယ်ငယ်ကကွယ်၊

 

မိဘဆုံးမ လိုက်နာကြလို့

လိမ္မာသားသမီး ထွန်းပေါက်လို့လာ

ကြီးပွားတော့ကာ မိဘဝမ်းသာ။

 

ပြည်သူတွေဟာ မိဘပါတဲ့

ပြောတဲ့စကား မိဘပြည်သူများ

ဒါဆိုမမိုက်လေအောင် ဆိုဆုံးမရင်

ထိုသူတို့မှာ လိုက်နာမယ်ထင်

တွေးမိတာလေး ချကာရေး။

 

ခင်ခ။

12 comments

  • အလင်းဆက်(24/05/2011)

    August 15, 2014 at 3:12 pm

    မိဘပြည်သူများ…ခညာ……

    အဟွတ်…

    အဟွတ်…

    ကျ ုပ်တို ့လာရင်… လမ်းဖယ်စမ်းးးးးးး

    :mrgreen:

    • ခင် ခ

      August 15, 2014 at 3:31 pm

      မိဘပြည်သူများ ခံဗျာ
      ခံလိုက်ရတာလဲ ပြောမနေပါနဲ့

      ဒါနဲ့ဒီလိုတွေတော့တွေ့တာဘဲ
      ဆက်သွယ်ရေးဆိုလည်း နိုင်ငံတကာနဲ့ရင်ပေါင်တန်းနိုင်လို့
      လျှပ်စစ်မီးဆိုလည်း ထိန်ထိန်လင်းနေတာ နှစ်ဆယ့်လေးနာရီ
      မီးရထားဆိုလည်း စောင်ခြုံပြီးအိပ်လိုက်ရလောက်အောင် အဲကွန်းလေးနဲ့ဇိမ်ရှိလွန်းလို့
      အဲဒီလို သူများနိုင်ငံတွေမှာ ဖြစ်တည်နေတာ မနေ့ကတီဗွီထဲတွေ့ရတာပြောပါတယ် အဟိ။

  • ဇီဇီ ခင်ဇော် (15102012)

    August 15, 2014 at 3:26 pm

    အိုဗျာ။
    ၃ နှစ်သားရှိပြီ။
    ခုထိ ထမင်းခွံ့ရတုန်းး
    လမ်းလည်း ကောင်းကောင်းမလျှောက်နိုင်သေးဘူးး
    :a:

  • အင်း ဒါ ပေမယ့် အဲဒီကလေး က လူကြီးတွေခေါင်းကိုတော့ ကောင်းေ ကာင်း ခေါက်တတ်တယ်နော်

    • ခင် ခ

      August 16, 2014 at 3:45 pm

      ခေါင်းတာခေါက်တာ ကန့်တော့ (Sorry)လို့တော့ ပြောမယ်မထင်။

  • မြစာကလေး (23122011)

    August 16, 2014 at 2:09 am

    ပြည်သူတွေဟာ မိဘ ဆိုတော့ ဘူသူ တွေက သားသမီး လဲ ကိုခ။
    သားသမီး မကောင်း မိဘခေါင်း ဆိုတော့ ကိုယ့်ဆီဘောလီဘောပြန်ရောက် လာဦးမယ်။
    နောက် ရှိသေး မိဘဆိုတာ တောင်းဆိုး ပလုန်းဆိုး သာပစ် မယ် သားဆိုး သမီးဆိုး မပစ်ဘူးတဲ့။
    ဟင့်အင်း ကိုခ
    သားသမီး နဲ့ မိဘ ဖြစ်လို့ ရသေးဘူး။
    တော်ကြာ ပစ် မရ ဘဲ ဖြစ်နေဦးမယ်။ lol;-)

    • ခင် ခ

      August 16, 2014 at 3:41 pm

      မြစာကလေး ရေးပြမှဘဲ ကျွန်တော်တောင် စဉ်းစားသွားရပြီဗျာ။

  • ဇီဇီ ခင်ဇော် (15102012)

    August 16, 2014 at 7:55 am

    JEALOUS you, Singapore
    ရောက်ကာစတုန်းက ရထားပေါ်မှာ ဘတ်စ်ကားပေါ်မှာ ကလေးလေးတွေပါတဲ့ မိသားစုတွေကိုတွေ့ရင် သူတို့ရဲ့ ကြည်နူးစရာကောင်းတဲ့ ပျော်စရာလေးတွေက ကျုပ်ဆီပါကူးစက်ပြီး ကျူပ်ပါပျော်လာတယ်၊ ဒါပေမယ့် ခဏခဏမြင်ရဖန်များလာတော့ မိကွဲဖဝေး မိသားစုနဲ့ ခွဲနေရတဲ့ ကျူပ်ကိုကျူပ်ပြန်သနားပြီး သူတို့ဘဝတွေကို မနာလိုဖြစ်လာပြန်ရော၊ ဘုရားဟောအရ အဲဒီမနာလို မစိ္ဆရစိတ်က မကောင်းမှန်းသိပေမယ့် လူစိတ်ဆိုတာ ဆန်းကြယ်သားလားဗျာ၊ အဲဒီက စလို့ မနာလိုတတ်တဲ့ ရောဂါက ရင့်ရင့် လာတယ်။
    .
    ခေါင်းလောင်းသံလေးနားစွင့်ရင်း အောက်ကြို့ပြီး အမှိုက်ပစ်ရတဲ့ အမေကို မြင်ရတော့ ကိုယ့်အခန်းမီးဖိုချောင်ထဲမှာ ဒါမှမဟုတ် ကိုယ့်အထပ်မှာ ရှိတဲ့ Rubbish Chute ကနေ လွယ်လွယ်ကူကူ အမှိုက်ပစ်လို့ရတဲ့ ခင်ဗျားတို့ကို မနာလိုဘူး၊
    .
    ၆ထပ်မြင့်တဲ့ အခန်းကနေ ရိုးရိုးလှေကားနေ တက်လိုက်ဆင်းလိုက်နားလိုက် လုပ်နေရတဲ့ အသက် ရဝ ကျော် ကျူပ်အဖေ့ကို မြင်ရတော့ တိုက်အို တိုက်ဟောင်းတွေပါ မချန် UP GRADE လုပ်ပြီး အထပ်တိုင်းရပ်တဲ့ ခင်ဗျားတို့ ဓါတ်လှေကားတွေကို မနာလိုဘူး။
    .
    ၃ လ တစ်ခါပေါင်းထုတ်တာတောင် ကြေးအိုးဘိုး တက္ကစီဘိုး ပေးပြီးရင် သိပ်မကျန်တော့တဲ့ အဖေတို့ အမေတို့ ပင်စင်အကြောင်းကြားရရင် ခင်ဗျားတို့ CPF ကိုမနာလိုဘူး။
    .
    တစ်နှစ်လုံးမှ စုစုပေါင်းဝင်ငွေ ရ ေ သာင်း ကျပ်ဘဲရှိတဲ့ ကျူပ်သူငယ်ချင်း အကြောင်းကြားရတော့ ဝင်ငွေခွန်တောင် တစ်နှစ် ၁၄ သိန်း ၁၅ သိန်းပေးရတဲ့ ခင်ဗျားတို့ ဝန်ထမ်းတွေကို မနာလိုဘူး။
    .
    အဖာဗလပွနဲ့ ပိုက်ဆံအစုတ်တွေကို အထပ်လိုက် ဗရားအိတ်အကြီးကြီးနဲ့ သယ်သွားရတဲ့ သူတွေကိုမြင်ရတိုင်း လူထူထူ နေရာတိုင်း ဈေးတိုင်းမှာရှိတဲ့ ခင်ဗျားတို့ ATM စက်နဲ့ BANK CARD ေ တွကိုမနာလိုဘူး။
    .
    တုံချည့်ချည့်နဲ့ ဘတ်စ်ကားပေါ်က ဆင်းနေရတဲ့ အဖွားကြီးကို စပယ်ရာက ဟောက်နေတာ မြင်ရတော့ ခင်ဗျားတို့ အမြဲတမ်း ဦးစားပေးစဉ်းစားနေကြ WHEEL CHAIR ဂုံးကျော်တံတားတွေ WHEEL CHAIR ဘတ်စ်ကားတွေကို မနာလိုဘူး။
    .
    ကိုယ့်လူနာအတွက် ကြားထိုးထားတဲ့ ကြမ်းပိုးနင်းကြမ်းနဲ့ တန်းလျား ကုတင်လေး ရဘို့အရေး မျက်နှာချိုသွေးရ လာဒ်ပေးရတာ မြင်ရကြားရတော့ ခင်ဗျားတို့ဆေးရုံက အလိုအလျောက် ထောင်နိုင်မတ်နိုင် နိမ့်နိုင်မြင့်နိုင် နစ်စ်မ ခေါ်နိုင်တဲ့ ဆေးရုံကုတင်တွေကို မနာလိုဘူး။
    .
    ရေမြုပ်နေတဲ့ မြောင်းဖုံးမညီမညာပေါ်မှာ မမြင်မကန်းစမ်းတဝါးဝါးနဲ့ လမ်းလျှောက်ရတိုင်း ပလက်ဖောင်းလေး နဲနဲအက်တာကိုတောင် ရေးကြီးခွင်ကျယ်လုပ် ချက်ချင်းပြင်တဲ့ ခင်ဗျားတို့ TOWN COUNCIL ကိုမနာလိုဘူး။
    .
    အုတ်ခဲ ၂ လုံးထောင် ဂိုးတိုင်လုပ် လမ်းပိတ် ဘောလုံးကန်နေရတဲ့ ကလေးတွေ မြင်ပြန်တော့ ရပ်ကွက်တိုင်း အိမ်အောက်တိုင်း နီးပါးလောက် လုပ်ပေးထားတဲ့ ခင်ဗျားတို့ PLAY GROUND တွေ ၊ စက်ဘီးလမ်းရော လူပြေးလမ်းပါ လုပ်ပေးတဲ့ ခင်ဗျားတို့ ပန်းခြံတွေ ကိုမနာလိုဘူး။
    .
    ခဲတံဘိုး ဘလာစာအုပ်ဘိုးလေး ပေးဘို့တောင် အလှူရှင် မျှော်နေရတဲ့ ကျူပ်တို့ကျောင်းသားလေးတွေ အကြောင်းကြားရတော့ WE BUILD OUR FUTURE ဆိုင်းဘုတ်ကြီးတွေ ချိတ်ပြီး အသစ်ဆောက်နေတဲ့ ကစားကွင်းတွေပါတဲ့၊ နားနေဆောင်တွေ ASSEMBLY HALL တွေ ပါတဲ့၊ သင်ထောက်ကူ ပစ္စည်းအပြည့်အစုံနဲ့ ခင်ဗျားတို့ကျောင်းတွေကို မနာလိုဘူး။
    .
    ၁၂ လ ပြ ည့် တိုင်း အိမ်စပေါ်အတွက်၊ နှစ်ချုပ်အတွက် မျက်ကလူးဆန်ပြာ အမြဲတမ်း ဗျာများနေကြတဲ့ သူငယ်ချင်းအိမ်ငှားတွေကို မြင်ရတွေ့ရတော့ အိမ်ထောင်စုတိုင်း မိသားစုတိုင်း အိမ်ပိုင်ဖြစ်အောင် စီမံတတ်တဲ့ ခင်ဗျားတို့ HDB တို့၊ JTC တို့ နဲ့ ဘဏ်ကနေ ငွေချေးအိမ်ရောင်းပေးတဲ့ စနစ်တွေကိုလည်း မနာလိုဘူး။
    .
    အလုပ်သမားတွေက ဆန္ဒပြလိုက်၊ နိုင်ငံခြားသား ပိုင်ရှင်တွေက စက်ရုံတွေပိတ်လိုက် ဆိုတဲ့ သတင်းတွေကြားတိုင်း နိုင်ငံခြားအရင်းအနှီးတွေ နဲ့ ပညာရှင်တွေကို ဆွဲဆောင်သိမ်းသွင်းတတ်တဲ့ ခင်ဗျားတို့ စုန်းအတတ်ကိုလည်း မနာလိုဘူး။
    .
    သယံဇာတ ကြွယ်ဝလျက် ဆင်းရဲဆုံး နံပါတ် ၁၂ ဆိုပြန်တော့ ရေနံ နဲ့ ရေနံထွက် ပစ္စည်း မပါဘဲ တွက်တာတောင် ကျူပ်တို့ထက် အများကြီး အဆမတန်များတဲ့ ခင်ဗျားတို့ GDP ကိုလည်း မနာလိုဘူး။
    .
    တံတားအဝင်မှာ မီးပွိုင့်မှာ ယာဉ်ကြော ၂ ထပ် ၃ ထပ်မကလို့ လမ်းပြောင်းပြန်ဖြစ်နေတာတောင် ဂရုမစိုက်ဘဲ တစ်စီးလောက်တစ်စီးလောက် ဆိုပြီး ကြားဖြတ်ဘို့ မရှက်တတ်တဲ့ ကားသမားတွေကို မြင်ရတဲ့အခါ ထမင်းဝယ်တာအစ ငွေထုတ်တာ အဆုံး ဘယ်မှာဖြစ်ဖြစ် တန်းစီတတ်တဲ့၊ နှစ်ယောက် သုံးယောက်ထက် ပိုရင် အလိုလို QUEUE လုပ်တတ်တဲ့ ခင်ဗျားတို့ စည်းကမ်းကိုလည်း မနာလိုဘူး။
    .
    ဖေ့စ်ဘုတ်ကနေ မျိုးချစ်မျက်ကန်းတွေရဲ့ အမုန်းတရား HATE SPEECH ဖတ်ရတော့လည်း သောကြာနေ့ ပလီတက်ဘို့ စောစောပြန်တဲ့ လုပ်ဖော်ကိုင်ဖက်ကို နားလည်ပေးနိုင်တဲ့၊ လမ်းပိတ်ပြီး တိုင်ချိကစားတဲ့ ဘုန်းကြီးကျောင်းကို နားလည်ပေးနိုင်တဲ့၊ CHURCH SERVICES ေ ကြာင့် CAR PARKING ကျပ်တာကို နားလည်ပေးနိုင်တဲ့၊ မီးနင်းပွဲကြောင့် လမ်းတွေအကြာကြီးပိတ်တာ နားလည်းပေးနိုင်တဲ့ ခင်ဗျားတို့ကို မနာလိုဘူး။
    .
    ကျူပ်တို့ နိုင်ငံမှာ လူမျိုးရေး ဘာသာရေး အဓိကရုဏ်းတွေ ခဏခဏဖြစ်နေပေမယ့် ခင်ဗျားတို့ဆီမှာ MULTI CULTURE, MULTI RACE, MULTI RELIGIOUS ေ တွ ကို ဟာမိုနီဖြစ်အောင် ထိန်းသိ်မ်းအုပ်ချုပ် နိုင်တဲ့ ခင်ဗျားတို့ ခေါင်းဆောင်တွေ၊ အစ်နေ့မှာ ပလီမှာ သွားပြီးတူတူထမင်းစားတဲ့၊ ဟက်ပီးနယူးရီးယားတူတူလုပ်တဲ့၊ GONG XI FA CAI တူတူလုပ်တဲ့ ခင်ဗျားတို့ ခေါင်းဆောင်တွေကို မနာလိုဘူး၊
    .
    ရာဘာဖိနပ်စီး လမ်းလျှောက်လို့ တစ်သွယ်၊ စက်ဘီး ဆိုင်ကယ် စီးလို့တစ်ဖုံ နဲ့ ၂လုံး ၃လုံး လောင်းကစား ဒိုင်တွေရဲ့ အိမ်တွေ၊ အရက်ပုန်းရောင်းတဲ့ အိမ်တွေကို လှည့်ပြီး လိုင်းကြေးတောင်းနေတဲ့ ကူညီပါရစေ ပြည်သူ့ရဲတွေ နဲ့ ကားသမားဆီက သူတောင်းစားလို လက်ဖြန့်တောင်းနေရတဲ့ မော်တော်ပီကယ်တွေကို အမနာပ ဝိုင်းပြီး နှာခေါင်းရှုံ့ နေကြတာမြင်ရပြန်တော့လည်း ယူနီဖောင်းသပ်သပ်ရပ်ရပ် တောက်တောက်ပြောင်ပြောင် လက်နက် EQUIPMENT အပြည့်အစုံ၊ မော်တော်ကား ဆိုင်ကယ် အကောင်းစားကြီးတွေသုံးပြီး စတိုင်နဲ့ ဂလိုင်နဲ့ စမတ်ကျကျ ပတ်တရောင်လှည့်တဲ့ ခင်ဗျားတို့ POLICE ကြီးတွေကိုလည်း မနာလိုဘူး။
    .
    ကိုယ့်မိခင်ဘာသာစကားနဲ့ ပြောရတဲ့ မိန့်ခွန်းတောင်မှ သူများရေးပေးတဲ့ စာရွက်ကြည့် အ ထစ် အ ထစ် ဖတ်ပြရနေရတဲ့ ကျူပ်တို့ ခေါင်းဆောင်တွေကို ကြည့်ရတဲ့ အခါမျိူးမှာဆိုရင် ဘာသာစကား သုံးလေးမျိုးကို နုတ်စ် မပါဘဲ လက်တန်းထိုးပြောတဲ့ ခင်ဗျားတို့ ဝန်ကြီးချူပ်တွေကို မနာလိုဘူး။
    ကျူပ် မနာလိုဆုံး တစ်ခုကို နောက်ဆုံးအနေနဲ့ ပြောမယ်။
    .

    ဒီနေ့ ၁၉ ဇူလိုင် အာဇာနည်ကုန်းမှာ လွမ်းသူ့ပန်းခွေ ချနေတဲ့ အမေစုရဲ့ ဓါတ်ပုံကို မြင်ရတော့ ဂဠုန်စောလို လူတွေမရှိတဲ့ အာဇာနည်နေ့ မရှိတဲ့ ခင်ဗျားတို့ တိုင်းပြည်ကို မနာလိုဘူး။ ။
    .
    Credit to Thiha win shein (19th July 2014)

    • ခင် ခ

      August 16, 2014 at 3:39 pm

      သူများရေးပေးတာဘဲ ဖတ်ပြနေရလို့နေမှာ ကိုယ်တိုင်ခံစားရေးတာမဟုတ်တော့ ဖတ်ပြီး ပြီးရော ထား ထားဟန်ဖြစ်မယ်။

  • kyeemite

    August 16, 2014 at 2:40 pm

    -မိဘပြည်သူများ
    -မရှိဘဝ အတူတူစား
    -ရှိသမျှလူလည်များ
    -အစိုးရနဲ့အတူတူထား
    -ရှိသမျှသယံဇာတများ
    -အခုတော့ပြောင်ပြီဗျား။ :buu:

    • ခင် ခ

      August 16, 2014 at 3:29 pm

      ထိမိလိုက်တာ ဆြာမိုက်ရေ။

  • kai

    August 17, 2014 at 3:38 pm

    မိဘမဟုတ်ရ..မဟုတ်သင့်ပါဘူး..
    ဘယ့်နှယ်.. အနန္တော အနန္တ ငါးပါးနဲ့သွားချိန်ထိုးရင်.. အနန္တကျေးဇူးပဲရှိသလိုလို…

    ဆိုတော့…
    အစိုးရဆိုတာ.. လူထုငွေယူအလုပ်လုပ်တဲ့.. ဝန်ထမ်း..။ :k:
    ပြည်သူလူထုက..အလုပ်ရှင်…။
    ဒီလောက်ဆိုလုံလောက်ပါပြီ..။

Leave a Reply