မော်ဒယ်လေး များ ရဲ့ အပြုံး များ ( ဓါတ်ပုံပိုစ်)

1 လှ လှ လေး ပြုံး
1 လှ လှ လေး ပြုံး
2 စ သလိုလိုပြုံး
2 စ သလိုလိုပြုံး
3 ချစ်စဖွယ်ပြုံး
3 ပြောင်စပ်စပ်ပြုံး

 

4 ပြုံးလဲ့လဲ့
4 ပြုံးလဲ့လဲ့
5နွဲ့နွဲ့လေးလေးပြုံး
5နွဲ့နွဲ့လေးလေးပြုံး

 

6ချစ်ဘို့ကောင်းအောင်ပြုံး
6ချစ်ဘို့ကောင်းအောင်ပြုံး
7တည်ငြိမ်စွာပြုံး
7တည်ငြိမ်စွာပြုံး

အရင်ကတော့ ကျနော် ရှု့ခင်းတွေဘဲရိုက်ပါတယ်။

အခုနောက်ပိုင်းတော့ မော်ဒယ်တွေလဲ ရိုက်ပါတယ်။

 

ရိုက်ထားတာ တွေ ထဲ က လှသောအပြုံးကိုဆောင် တယ် လို့ ထင် ရ တဲ့ပုံများကို

ရွှေးပြီးတင်ပေးလိုက်ပါတယ်။

 

ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ

15-8-2014

27 comments

  • မြစာကလေး (23122011)

    August 16, 2014 at 2:06 am

    ကပေါက်ကြီး
    ကျွန်မလဲ သိပ်တော့ ခေတ်တုံးကြီး မဟုတ်ခဲ့ပါဘူး။
    မဟုတ်သေးဘူး လို့ လဲ ကိုယ့်ဟာကိုယ်မှတ်ပါသေးတယ်။
    ဒါပေမဲ့
    အာရှမျက်နှာ တွေ နဲ့ ဆံပင် တွေ ဆိုးထားတာ ကို ဘယ်လို မှ ခံစားလို့မရဘူး။
    မျက်နှာပေါက်၊ အသားအရောင် နဲ့ လိုက်ပြီး သဘာဝ က ဖြစ်လာတာ ကို ပြင်တော့ တစ်ချို့ ဆို အတော်လေး ရုပ်ဆိုးတယ်လို့ တောင် မြင်မိတာ။
    တကယ်တော့ ဖက်ရှင် ဆိုတိုင်း ကိုယ့်မှာ မလှတာ ကိုယ် နဲ့ မလိုက်တာ သိကြဖို့ သင့်တယ်။
    မသိပါဘူး။
    ကျွန်မ ဘဲ အတော် ဒိတ် အောက် နေလားလို့။

    ပုံတွေ ထဲမှာ ထိပ်ဆုံး ပုံ လေး ကို သဘောအတွေ့ ဆုံးပါ။

  • မြကလေးရေ

    ခေတ်ရေစီးရဲ့ပြောင်းလဲမူ့ အရ ဆို တော့ အားလုံးက ဒိလိုတွေဖြစ်ကုန်ပါပြီ

    ကျားကျားမမ အတော်များများဆိုး တဲ့ ခေတ်ရောက်နေပြလေ ( ဆံပင်)

  • kyeemite

    August 16, 2014 at 10:17 am

    ပုံ ၁ ရယ် ၅ ရယ်အလှဆုံးလို့ထင်တယ်…ဟုတ်တယ်ဗျ..မြစာကလေး (23122011)ပြောသလို
    ကျုပ်လည်းခံစားရတယ်….

  • ပုံတစ်နဲ့ပုံငါး ကဆရာမောင်မောင်ဝင်းကို ရဲ့ ဟောပြောပွဲမှာရိုက်လာတာပါ

    ပြုံးနေတဲ့ ကလေးမလေး ကတော့ 2014 မဟာသင်္ကြန်မှာပါ

    ထီးကလေးနဲ့ ကလေးမလေး ကတော့ မွန်မွန်သီရိလှိုင်ပါ ကျနော် တို့ ဓါတ်ပုံ သင်တန်းမှာရိုက်ထားတာပါ။

    ကိုမိုက်ရေ

    ခေတ်ရေစီးကြောင်းဆိုတာအ လိုလိုပြောင်းသွားတာပါ။

    ကိုမိုက်အခု ဆံပင်အရှည်ကြီး ထားချင်သေးလား

    ကျနော်ငယ်ငယ်က တော့ ဆံပင်အရှည်မထားရ လို့ အိမ်ကို ရန်တွေလုပ်ခဲ့တာ

    အခု တော့ ထားပါ ဆိုရင်တောင် မထားချင်တော့ ဘူး။

    အဲဒါ ကျနော်တို့ ကိုယ်တိုင် မသိလိုက် မသိဘာသာမျော ပါ နေတဲ့ခေတ်ရေစီးကြောင်းပါဘဲ

  • ခင် ခ

    August 16, 2014 at 11:03 am

    ပုံ – ၁ အပြုံးရော ထိုမင်းသမီးလေးရော လှတယ်ဗျ။

  • Myo Thant

    August 16, 2014 at 1:29 pm

    အကိုကြီး ဆရာကိုပေါက်

    နံပါတ် ၁ က အဒူလေးလဲ ဟင် 🙂

    • Myo Thant

      August 16, 2014 at 2:09 pm

      နာ့ဆရာကလည်း အားမကိုးရဘူး ၊ 🙂

      anyway မော်ဒယ်ပုံရိုက်တော့လည်း ဂွတ်သဗျာ

      Bravoooooooooooooo

      • ကိုမျိုးရယ် နာ မယ် မမေးနဲ့

        တစ်ခါ ထဲ မိတ်ဆက်ပေးလိုက်ပါ့မယ်

        မန်းလေး ကို သာ လာ ခဲ့ ပါ

  • နောင် ရိုး

    August 16, 2014 at 2:14 pm

    ညစ်ကျယ်ကျယ် အပြုံးကိုလိုချင်ရင်…ဟိုကလေးမကို ကျနော် ပြောပေးပါ့မယ်ခင်ည….
    ခွိ….
    :k:

  • ညစ်ကျယ်ကျယ်အပြုံးတွေလဲ ရှိပါ့။
    အဲလိုပုံတင်ပေးလိုက်ရင်

    သူစိတ်ကောင်းမည်လား ကိုနောင်ရိုးရေ

  • အလင်းဆက်(24/05/2011)

    August 16, 2014 at 4:26 pm

    ဂလုစ်….

    အစားအသောက်ပိုစ့်လည်း..မဟုတ်ပဲ..ဘာလို့များ..သွားရည်ကျမိပါလိမ့်..

    ဂစ်ဂစ်..

    :mrgreen:

  • kai

    August 16, 2014 at 4:30 pm

    အင်းနော…
    အာရှမျက်နှာပေါက်နဲ့.. ဆံပင်ပြောင်းဖူးမွှေးရောင်တို့.. အညိုတို့.. ကြည့်ရတာကြောင်တောင်တောင်နိုင်တယ်..။
    ဒီမှာတော့.. ခပ်ရှားရှားပေါ့..။

    အာရှသားတွေချမ်းသာလာတဲ့ခေတ်.. ။ ဆံနက်တွေဂုဏ်တက်လာတဲ့ခေတ်…။
    ဆံနက်ကလေးနဲ့မှ. .လှတယ်.. လိုက်တယ်… ထင်..။ :k:

  • အော် ကိုခို်င်က လဲ ခေတ်ရေစီးကြောင်းလေ ဗျာ

    အခု တော့ ဒီလို လေးတွေ မြင်ရ တာ ကို က လှ နေ တယ် လို့ ထင် နေ ကြ ပြီလေ

    ခေတ်ရေစီး ဖက် ရှင် ဆို တာ ကန့် သတ်ချက်မရှိဘူး ထင်ပါတယ်

    • kai

      August 16, 2014 at 4:42 pm

      မြန်မာပြည်ထဲ.. ဘန်ကောက်ထဲ.. သွားစီးနေတဲ့.. စီးကြောင်းကြီးပါလို့..။
      ယူအက်စ်မှာ.. ကယ်လီဖိုးနီးယားက.. အာရှသားအများဆုံး..။
      ကယ်လီဖိုးနီးယားမှာမှ.. တောင်ပိုင်းကယ်လီ.. အယ်လ်အေက.. အာရှသားအများဆုံးနေတာဗျ..။

      တောင်ပိုင်းကယ်လီမှာပဲ.. မက်ဟီကိုဖက်က.. ခိုးဝင်တဲ့.. လက်တီနို..လက်တီနာနွယ်တွေက.. စပိန်မျိုးနွယ်တွေက.. ဥရောပမျက်နှာပေါက်… နည်းနည်းလိုက်တာမို့.. သူတို့က.. ဆံပင်အရောင်ဆိုးပြီး.. ကော့ကေးရှန်(အဖြု)ရုပ်ဖမ်း.. ပုံမှားရိုက်တယ်လေ..
      မျက်နှာပေါက်နဲ့.. အရိုးပုံကကျပြီးမို့.. သဘာဝလိုက်ဖက်ပြီးလှတာပါပဲ..။

      အာရှသားတွေလုပ်ရင်တော့.. ဖက်ရှင်ပွဲမှာလူကြည့်အောင်တော့.. အညို.. အနီ..အပြာ.. ကြောင်ကြားကောက်ဆိုးလည်း.. မဆိုးပါဘူး..
      ထင်ရှားသပေါ့…

      ဒါပေမယ့်…
      တော်တော်နိမ့်သွားတယ်.. လို့.. ထင်မိတယ်..။
      ဒါကြောင့်လည်း..အနေကြာတဲ့ အေရှန်းမိန်းကလေးတွေ အဲလို.. သိပ်မလုပ်ကြ..။
      အမေရိကန်-အေရှန်း.. ယူအက်စ်ဖွားတွေဆို.. သာ,မလုပ်ကြ…။

      ဒါပေမယ့်.. ဂျပန်.. ကိုရီယား.. အာရှဖက်လည်းရောက်ရော..
      ဘာဖြစ်ကြတယ်မသိ…။

      အဲဒါလေးတွေ.. သိအောင်.. ပြောချင်တာ..။ :k:

  • ကောင်း မလား လှ မလား ဆို တဲ့ စိတ် နဲ့ အတု ခိုးပြီးလုပ်ကြတာကိုးဗျ

    ဒီမှာက သင်္ကြန်နားနီးရင်ပိုဆိုးတယ်

    လူငယ်အတော်များများက ဆံပင်ကိုအပျက်ခံ ပြီးေ ဆး ဆိုး ကြတော့ တာပါ ဘဲ

    တစ်ချိန်မှာတော့ ဆံ ပင် အနက် တွေ အဖိုးတန်လာမယ်ထင်ပါတယ်

    • kai

      August 17, 2014 at 8:31 am

      အဟမ်း..
      အပေါ်မြောက်ပစ်လိုက်တဲ့ ခဲလုံး.. ပြန်အကျ..
      ဒီအထဲက..ရွာသူတွေတချို့.. ထိသွားပုံပေါ်ပါတယ်..
      ကိုယ့်ဆံပင်နဲ့ကိုယ်… မိုးကြိုးပစ်ပစ်..
      ဘယ်သူ့ထိခိုက်နေလို့လည်း.. ပြောချင်နေကြမှာ.. :k:

      • ဇီဇီ ခင်ဇော် (15102012)

        August 17, 2014 at 9:01 am

        ကိုယ့်ဆံပင်နဲ့ကိုယ်… မိုးကြိုးပစ်ပစ်..
        ဘယ်သူ့ထိခိုက်နေလို့လည်း..

        👿

        :k:
        ခိခိ။
        သများက ဆံပင် ခု ဘာရောင်လဲ သိလားဟမ်?
        ခရမ်းရောင်။
        နေပူမှ မြင်ရတယ်။
        အရိပ်မှာ အမည်းပဲ။ မွေးမေလေ့ ကို ကြောက်လို့ သူမလာခင် အရောင်ပြောင်းးး
        :mrgreenn:

        အာရှမျက်နှာ ကို ဆံပင်ဆိုးချင်ရင် ….
        မရမ်းရင့်တို့ မင်းဂွတ်သီး အခွံရောင်တို့ အလှဆုံးပဲ။
        :mrgreenn:

        အရောင် အကုန်ဆိုးဖူးတယ်။
        မျက်ခုံး အမည်းနဲ့ ဘယ်လို မှ မလိုက်တာ တွေ့ဖူးကြုံဖူးပြီး အဝါတို့ အဖြူဖောက်တို့ဘက် မဆိုးတော့တာ။

        ဘိုဆန်တဲ့ မျက်နှာပေါက် (နှာတံချွန်ရင် မေးစေ့ချွန်ရင် များသောအားဖြင့်လိုက်တတ်ပါတယ်)
        ခေတ်ရေစီးကတော့ ဘယ်လိုတားလို့ ရမလဲ။
        သူတို့ဟာသူတို့ ဒီလိုလုပ်တာ မကောင်းဘူးထင်တဲ့ အချိန်မှ ရပ်မှာပဲ။
        ငယ်တုန်းတော့ စိတ်ချမ်းသာသလို လုပ်ကြတာ အကောင်းဆုံးးး
        ခိခိ

        :k:
        တစ်ခုပဲ။
        အလှတရားနဲ့ ခေတ်ရေစီးဖက်ရှင်ဆိုတာတော့ ဘယ်တော့မှ တိုက်ရိုက် အချိုးမကျ ဘူးကိုးးး
        :mrgreen:

  • ဇီဇီ ခင်ဇော် (15102012)

    August 17, 2014 at 8:16 am

    အပြုံးတစ်ခုဟာ\
    လူ ၂ ယောက်ကြားက စကားလုံး မလိုတဲ့ ဆက်သွယ်မှုတဲ့။

    အမြဲတမ်း ပြုံးနိုင်ကြပါစေ။

  • အပြုံးဆိုပေမယ့်

    အစစ်ပြုံး
    မာယာပြုံး
    ဟန်ဆောင်ပြုံး
    မချိပြုံး
    ဆိုပြီးအပြုံးအမျုးိမျုးိရှိကြတာကိုးဗျ။

    သီချင်းလေးတစ်ပုဒ်တောင်ရှိပါသေးတယ် ” အပြုံးကိုဆောင်”တဲ့။

    အဲဒီသီချင်းလေးထဲက စာသားလှ လှ လေးကတော့

    “ချစ်ရင်လဲ ပြုံးပါ မုန်းရင်လဲပြုံးပါ” တဲ့။

    ခင်ဝမ်းကတော့

    “ပြုံးလဲ မပြုံးတတ်တော့ ပါဘူး” တဲ့။

    ကဲ ဘယ် နှယ့် ရှိစ

  • မဟာရာဇာ အံစာတုံး

    August 17, 2014 at 6:01 pm

    သူ့ဟာနဲ့ သူတော့
    လှဂျဒါဘာဘဲ …
    ဒါမယ့် .. ကိုယ်ထင် ကုထင် ရွှေနန်း ဆိုတော့ဂါ …
    ကျုပ်ဂလေ …
    တစ်ယောက်သော သူလေးကိုသာလျှင် ကမ္ဘာမှာ အလှဆုံးလို့ ထင်ဒါ …
    ဒါကြောင့်မို့ … ဟိုသီချင်းထဲက …
    ချစ်တော့ .. ချစ်ပါတယ် … အမေ ဆူလိမ့်မယ် .. လို့ ….
    အခုလည်း ..
    လှတော့ .. လှပါတယ် .. တူနှယ် . တူနှယ် ….
    :mrgreenn:

    • အေးဘာ ကွဲ နောင် ဆယ် နှစ် ဒီစကားမှတ်မိသေးလား ပြန်မေးမယ် တလွဲဖြေလို့ ကတော ့ ကွာ

      ဇီဇီ ဒီစကားကို မှတ်တမ်းတင်ထားပါ

      • ဇီဇီ ခင်ဇော် (15102012)

        August 17, 2014 at 10:06 pm

        Okie…!!!
        Recorded…!!!
        :mrgreen:

  • manawphyulay

    August 18, 2014 at 10:41 am

    လေးပေါက်ရေ… မော်ဒန်တွေထက် လေးပေါက်ရိုက်တဲ့ ရှုခင်းတွေကိုပဲ သဘောကျတယ်။ မော်ဒန်တွေရဲ့မျက်နှာတွေက သဘာဝကျတယ်လို့ သိပ်မခံစားမိလို့ပါ။ ရှုခင်းတွေများများရိုက်ပြီး တင်ပေးဦးနော်… ရှုခင်းတွေကျတော့ ကြည့်လိုက်ရင် အေးချမ်းမှုကို ပေးစွမ်းပြီး ကြည်နူးမှုကို ဖြစ်စေပါတယ်။

Leave a Reply