မနေ့က အစည်းအဝေးသွားတယ်။
စလုံး လိုကယ် ကမ်ပနီထဲမှာ တော်တော်နာမည်ကြီးတဲ့ ကမ်ပနီ တစ်ခုပေါ့လေ။
ချိန်းထားတဲ့လူက စီနီယာ ပရော့ဂျက် မန်နေဂျာ။
လူပုံချောချောသန့်သန့် နဲ့ အဲဒီ ကမ်ပနီမှာ မျက်နှာပြရတဲ့ အလုပ်ပဲ လုပ်ရတယ်။

ဆိုတော့ ကိုယ်တွေက အလုပ်အတွက် တွေ့ဖို့ချိန်းတိုင်း သူနဲ့ပဲ ပြောရတယ်။
မင်းသားကြီးနဲ့ အတော်လေပေးဖြောင့်တယ် ပြောရမယ်။

သိတာလည်း ၄ နှစ်လောက်ရှိပြီ။
အလုပ်သာ အတူမလုပ်ဖူးတာ။

ကိုယ့်လည်း ဘယ်လောက်များချစ်တုန်း၊ မျက်စိကျတုန်းဆို မင်းသားကြီးရှေ့တင် သူတို့ ကမ်ပနီကို လာ အလုပ်လုပ်မလား…အမြဲခေါ်နေတာ။
ဆိုတော့ ကေဇီနဲ့ အတော်ချစ်ခင်တဲ့ အချစ်တော်တစ်ယောက်လို့ ပြောရမှာပေါ့လေ။

ကေဇီ မင်းသားကြီး ဆီမှာ မလုပ်ဖြစ်တော့ဘူး ဆိုရင် သူ့ဆီ သွားဖို့စဉ်းစားထားတာပါ။ မင်းသားကြီး ကို မခွဲနိုင်သေးလို့သာ။
ဟေးဟေးဟေးး

:mrgreen:
အဲဒါလေ မနေ့က အစည်းအဝေးမှာပဲ ဒင်းနဲ့ ဇာတ်ခေါင်းကွဲပါရော့လားးး..

:a:
သူ့ နာမည် အက်ဒီ တဲ့။

အစည်းအဝေး စ တာနဲ့ အက်ဒီ ရယ် မင်းသားကြီး တော်မီ ရယ် ပြောလိုက်ကြတာ အကြောင်းအရာစုံ ရေပက်မဝင်မို့။
ကိုယ်တွေရယ်၊ အဲဒီဘက်က အင်ဂျင်နီယာလေးတွေရယ် က ငုတ်တုတ်ပေါ့။

ခဏ နေကျတော့ စကား လမ်းကြောင်းက မြန်မာပြည်ကို ရောက်သွားပါတယ်။

မင်းသားကြီး က ရန်ကုန်ဘက် နယ်ချဲ့ချင်တာ သိထားတော့ အကျိုးအကြောင်း မေးသပေါ့။
မင်းသားကြီးကတော့ ပြောပါတယ်။
ဒီ အချိန် ရန်ကုန်မှာ အလုပ်လုပ်ဖို့ စဉ်းစားဖို့ ကောင်းကြောင်းးး
ဒီ က အင်/ယာတွေလည်း တော်တော်များများပြန်နေပြီဖြစ်ကြောင်းးးး

အက်ဒီ က လည်း ဟုတ်မှန်ကြောင်းးး
ခု ဆို ကွန်ဒို မီနီရမ် ပရော့ဂျက်တွေ အများကြီး ရှိကြောင်းး
ဟို ခု ပရော့ဂျက် တစ်ခုမှာ သူတို့ ပါကြောင်းး (ဟို တခါ မနော တင်တဲ့ ပရော့ဂျက်ဟာလေ)
အဲဒီလို ဘာညာသာရကာကို ကိုယ့်ရှေ့မှာ ကိုယ့်ထက် မြန်မာပြည် အကြောင်း သိတဲ့ အထာတွေနဲ့ ပြောကြပါတယ်။

:a:

စိတ်ထဲမှာ ပြင်ပေးချင်တဲ့ တစ်ချို့ ထင်မြင်ချက်ရှိပေမဲ့ ကေဇီ အောင့်ထားပါတယ်။ မပြောပါဘူးး။။

:i:

 

အဲ။ အဲဒီမှာ နောက်တစ်ခု အက်ဒီ ရယ် ဘာပြောလဲ ဆိုတော့…..

ခိုင်၊ နင် တို့ ဆီမှာ ဗိုလ်ချုပ်တွေ အများကြီးပဲ နော်တဲ့။
အရမ်းချမ်းသာတာပဲ တဲ့။ အိမ်တိုင်း က အကြီးကြီးနဲ့ ပြိုင်ကားတွေလည်း ရှိတယ် တဲ့။

:i:

ငင့်!!

အဲဒါနဲ့ ဘယ်လို သိတုန်း လို့ မေးတော့။

လွန်ခဲ့တဲ့ ၂ နှစ်လောက်က ပရော့ဂျက် ရချင်လို့ သူရယ် သူ့ဘော့(စ) ရယ် မြန်မာပြည် သွားပြီးးး
ပရော့ဂျက် လိုက်ကြတာမှာ ဗိုလ်ချုပ် (သူ့ အပြော ဂျင်နရယ် General တဲ့) တော်တော်များများကို သာ ပိုက်ဆံပေးလိုက်ရတယ်၊

ဘာမှ လည်း မထူးပဲ တရုတ် ကမ်ပနီ တစ်ခုပဲ နောက်ဆုံး ရသွားတာပဲ တဲ့။

ဗိုလ်ချုပ်တွေ များလွန်းလို့ ဘယ်သူ ပေါက်ရောက်မှန်းမသိပဲ ကုန်သွားတာ အဖတ်တင်တယ်ပေါ့။ အဲဒီလို ဆိုလိုချင်တာ။

အဲဒါကလည်း ငြင်းမရတဲ့ အပိုင်းမို့ မငြင်းမိပါဘူးး..

:a:

ဆက်ပြောတယ်။
ခုတော့ ပြောင်းလဲပါပြီ တဲ့။

အရင်က ရွှေ က သာ မကောင်းတာ မဟုတ်လားး၊ ခု စိန် က တော့ ကောင်းတယ် မဟုတ်လား တဲ့။

အော်ရီချင်တာ မရီပဲ ထိမ်းပြီး “ဘာတွေ ပြောင်းလဲတာတုန်း” လို့ ပြန်မေးမိရော။ ဟုတ်တယ်လေ။ သူတို့ အမြင်ပေါ့။

:k:

ပြန်ဖြေတယ်။
ခု ပရော့ဂျက် ရဖို့ ဗိုလ်ချုပ် အများကြီးကို ပေးစရာမလိုတော့ဘူးလေ တဲ့။

လွှတ်တော် လူကြီး တွေရဲ့ သားသမီးတွေ က ကမ်ပနီတွေ ထောင်ထားတယ်လေ တဲ့။
သူတို့ကို ဆက်သွယ်ရုံပဲ တဲ့။ နာမည်တွေပါ ပြောပါတယ်။

:b:

ဪ။

ဂလိုကိုးး၊ ကိုယ် မပိုင်တဲ့ အကြောင်းတွေ ရောက်သွားပြီ။ အဲဒါနဲ့ နားထောင်ရသမျှ အမြတ်ပဲ ဆိုပြီး ဆက်နားထောင်တော့ ဆက် ပြောပါတယ်။

အဲဒီ လူကြီးတွေ စလုံးမှာ ကွန်ဒို ဝယ်တာ အကြွေးတောင် မဟုတ်၊ ကက်ရှဒေါင်း ချပေးတာ။ အရမ်းချမ်းသာတာပဲ  တဲ့။
သူတို့က ဘဏ်တွေပါ ပိုင်တယ် ဆို တဲ့။

ဒီလိုသာ စီးပွါးရေးပြေလည်နေရင် နောက်နှစ် နင်တို့ ထောက်ခံ နေတဲ့ လေဒီ မလိုဘူးပဲ တဲ့။

:b:

 

ဂစ်။
ရှိတဲ့ ကော်ဖီ ခွက်နဲ့ ပိတ်ပေါက်ချင်စိတ်ကို မနည်းထိန်းပြီးးး “နင်က သူတို့ ဘဝတွေကိုပဲ မြင်တာကိုး၊ အောက်ခြေ ဘဝတွေကို မှ မမြင်နိုင်တာ” လို့ ပြောတော့…
ကိုယ့် အကြောင်း သိတဲ့ မင်းသားကြီး က ဖြတ်ပြောပါတယ်။

သူတို့ ယူလို့ ဝပြီ ပဲ တဲ့။ အောက်ခြေ လူတန်းစား အတွက် လေဒီ ကို လိုအပ်လို့ နောက်နှစ်တော့ လက်ဂိုး Let go လုပ်သင့်ပါတယ် လို့ ဝင်ပြောတယ်။
ကေဇီ မင်းသားကြီးကို ချစ်တာ အဲဒါပါ။

အဲဒါကို ဒင်းရယ် ဆက်ပြောတယ်။
လေဒီ တက်ရင် ခု စီးပွါးဖြစ်နေသူတွေ အစဉ်ပြေမှာမဟုတ်ဘူး တဲ့။

အကုန် ပြောင်းလဲ ကုန်ရင် အလုပ်တွေ ရပ်ဆိုင်းကုန်မှာ သူ စိုးရိမ်သတဲ့။
ဂဒါဖီတို့ ရှိတုန်းကလည်း သူ့ကြောင့် နိုင်ငံ အခြေအနေ ဆိုးတယ် ဆိုးတယ်နဲ့ မရှိတော့ လည်း အခြေအနေ ပိုဆိုး တာ မျက်မြင်ပဲ မဟုတ်လား တဲ့။

ဆိုးတဲ့ သူမှ မရှိတော့ပဲ…
လေဒီ လည်း မလိုပါဘူး တဲ့၊

(ဒင်းက ကြိုးဆွဲရုပ် ကြီးကို အဟုတ်မှတ်နေတာ)

:evil:
ပြောပုံက ပိတ်ရိုက်ချင်စရာ။
အဲဒါနဲ့ ကိုယ်လည်း မလျှော့တော့ဘူးး….

ဟုတ်တယ်။ သူတို့ မရှိတော့ လည်း မကောင်းဘူး လို့ ။

ဘာလို့လည်း ဆို သူတို့ ချပေးခဲ့တဲ့ စစ်စတမ် ဆိုးတွေ…

မိုင်းဆက် အပုတ်အပွတွေ နဲ့ နိုင်ငံကို ဆက်ရတဲ့ အတွက် ကယ်နိုင်မဲ့သူ မရှိရင် ပိုဆိုး ဆိုးသွားမှာ မငြင်းဘူး လို့။
လေဒီ ကို မျှော်လင့်တယ် ဆိုတာ ဒီ အချက်ကြောင့်…
သူမ အလုံးစုံ မလုပ်နိုင်ခဲ့ရင်တောင် နှစ် ၆၀ ပျက်စီးမှုကို ပြန်လည် ပြင်ဆင်နိုင်မဲ့ လမ်းစ လေး တစ်ခု ချပေးနိုင်တဲ့ သူ တစ်ယောက် အနေနဲ့ပဲ ငါ တို့ မျှော်လင့်နိုင်တယ်…
နောက်နှစ် သူမ လုပ်ပိုင်ခွင့် ဘာမှ မရခဲ့ဖူး ဆိုရင် နိုင်ငံ အတွက် က လုံး ဝ  မျှော်လင့်ချက် မရှိဘူး…
ခု လေဒီ ကို ဝေဖန်နေတဲ့ သကောင့်သား သကောင့်သမီးထဲက နိုင်ငံ အတွက် လုပ်နိုင်တဲ့သူ တစ်ယောက်မှ မရှိဘူး .. လို့ ဘာလို့ ဒီလောက် အရှည်ကြီး ပြောမိလည်း ကိုယ့်ကိုယ်ကို အံ့ဩရအောင် ပြောမိတယ်။

ငိုကလည်း ငိုချချင်၊ အသံကလည်း တုန်လာသေးးး (အရေးဟယ် အကြောင်းဟယ်ဆို ဖြစ်ပြီ)

:cry:

 

အဲဒါနဲ့ မင်းသားကြီး ရယ်။ ဘေးချင်းကပ်ထိုင်ရာက လက်ကို မပြောနဲ့တော့ သဘောနဲ့ လာတို့ပြီး ဟာသဖောက်ပါတယ်။

ငါ သူ့ကို စီတီဇင်ရှစ် ပြောင်းခိုင်းတာတောင် နောက်နှစ် အဖြေကို စောင့်ဦးမှာလို့ ပြောတာ တဲ့။
သူတို့ က နောက်နှစ် အဖြေပေါ် မူတည်ပြီး မျှော်လင့်ချက်ထားတာ လို့ ဝင်ပြောပါတယ်။

သူ့ဘက်ကလည်း လွန်သွားမှန်း သိလို့လားမသိ။
ဟုတ်ပါတယ်။ သူလည်း အခြေအနေ အစုံမသိပဲ ပြောမိတာနေမှာ ပါ နဲ့ လျှော့သွားတယ်လေ။

စိတ်ထဲကလဲ ဒင်း နဲ့ ဒီ တစ်သက် အလုပ် တွဲ မလုပ်ဘူး လို့ ကြောပြတ်သွားတယ်။
အေးရော။

:(

ဘယ်နဲ့။ အခြေ အနေ အကုန် မသိပဲ လာပြီး လေးဖမ်း ဒန်းစီး ခိုနီ လေသံပေါက်နေမင့်ဟာ။
ပြီးတော့ မိုးရွာရင် ရေလျှံတဲ့ ကိစ်စတွေ ဒင်း က ဟားသေးးးး။
ဟုတ်တယ်။
ဗိုလ်ချုပ်တွေ ခိုနီတွေ ရေလျှံအောင် လုပ်ပေးနေရတဲ့ အစိုးရမို့ ရန်ကုန်ရေလျှံတဲ့ ကိစ္စ မလုပ်နိုင်သေးတာလေ..

ဇီဇီ

About ဇီဇီ

ဇီဇီ has written 357 post in this Website..

CJ # 129120