ဦးထုပ်ကလေး ထူးအိမ်သင်…။

black chawAugust 21, 201421min63229

Bird 4

“သိတ်တော်လာသူကို ဘုရားသခင်က ပြန်ပြန်ခေါ်တတ်တယ်။ အရမ်းတော်အောင် မလုပ်နဲ့ကွ”

ဟု ပုသိမ်သား ပန်းချီဆရာတစ်ယောက်ကပြောခဲ့တယ်ဆိုလား စာအုပ်တစ်အုပ်ထဲ ဖတ်ခဲ့ဘူးပါတယ်။

ဟိုးရှေးရှေးတုန်းကပေါ့။ အဆိုတော်လုပ်တော့မယ့် လေးဖြူက

သူ့သီချင်းရေးဆရာ ကဗျာဆရာ ကျော်အောင်သစ် ကို ပြောခဲ့ဖူးသတဲ့။

“ဟေ့ကောင် မင်း…ထူးအိမ်သင်ဆိုတဲ့ နာမည်ကွာ၊ ငါကတော့ အမြဲတမ်းစဉ်းစားမိတယ်။

ထူးအိမ်သင်ဆိုတော့ HAT ကွ။ HAT ဆိုတာ သူများခေါင်းပေါ်မှာ အမြဲတမ်းရှိနေတာကွ”

ဟူလို။

အခုတော့ HAT ဆိုတဲ့ ထူးအိမ်သင် ရော KAT ဆိုတဲ့ ကျော်အောင်သစ် ရော

နှစ်ယောက်စလုံးကို သိတ်တော်လို့ ဆိုပြီး ဘုရားသခင်က ပြန်ခေါ်သွားခဲ့ပြီးပြီ။

လေးဖြူ  အပြောအရ ထူးအိမ်သင် ဆိုတာ ဦးထုပ်လေး ပေါ့။

ကျွန်တော်တို့ ခေါင်းပေါ်မှာ အမြဲတမ်းရှိနေမယ့် ဦးထုပ်လေးပေါ့။

ဦးထုပ်လေး  ကွယ်လွန်ခြင်း ၁ဝ နှစ်ပြည့်

အမှတ်တရ ရှိုးပွဲကြီး ၏ ဂယက်က အတော်လှုပ်လှုပ်ခပ်ခပ် ရှိလှပါသည်။

Bird 10

 

ဘာပဲဖြစ်ဖြစ်ပါ။

ပြသနာက ဦးထုပ်လေး  ၏ ပကတိ တန်ဘိုးကို ထိခိုက်မှာစိုးရိမ်ကြခြင်းဖြစ်ပါသည်။

ဦးထုပ်လေး ကတော့ မသေခင် သူလုပ်စရာရှိတာတွေကို လုပ်သွားခဲ့ပြီးပါပြီ။

ကျန်ရစ်နေသူတို့မှာသာ…။

နားစွန်နားဖျားကြားရသလောက်ကတော့ ဂျဒ်စင်ထိပ်က လရိပ်ပြာ ကို အိမ့်ချစ် ဆိုမည်တဲ့။

အဲဒီမှာ နည်းနည်းတော့ စိုးရိမ်စိတ်ဝင်မိပါသည်။

အခါလွန်မိုး ကို ဖြူဖြူကျော်သိန်း ဆိုမည်တဲ့…။ တစ်ပုဒ်တည်းဆိုမှာတဲ့…။

ဒါကိုတော့ စိတ်ချ လို့ ရကောင်းသည်ဟု ထင်ပါသည်။

၁၆-၈-၂၀၁၄ ပုသိမ်ဟိုတယ် မှာလည်း “ထူးအိမ်သင် ဝေးသွားတဲ့အခါ ၂၀၁၄ အလွမ်းပြေ” ပွဲကြီးကျင်းပသွားခဲ့သေးသည်တဲ့။

 

Bird 5

 

 

 

 

 

 

 

 

 

 

 

သမီးလေး မိကွန်ထော တို့ကလည်း ထူးအိမ်သင် ၁ဝ နှစ်ပြည့် အမှတ်တရ ကုသိုလ်တော် ဆိုပြီး

လှူခဲ့တန်းခဲ့တာလည်း တွေ့ခဲ့ရပါတယ်။

Bird 7

 

 

 

 

 

 

 

 

 

 

 

 

 

ဘလက်ချောကြီး ကတော့ အဆိုတော် မဟုတ်လို့ သီချင်းဆိုပြီး ဂုဏ်ပြုခွင့်မရတော့ပါ။

အဲဒီတော့ ပို့စ်လေးတစ်ပုဒ်ဖြင့် ဦးထုတ်လေး ကို ဂုဏ်ပြုလိုက်ချင်ပါသည်။

အဲဒါကတော့ သတင်းစာ ရှင်းလင်းပွဲ လုပ် ပြီး ဖြေရှင်းရလောက်အောင် အကုသိုလ်များမယ်မထင်ပါဘူး။

ဘယ်လိုပို့စ်မျိုးတဲ့…လဲ…။

ကျွန်တော့်လိုပဲ ဦးထုပ်လေး ကို ဂုဏ်ပြုထုတ်ဝေထားသော

ကိုအောင်ဝေး ၏ စာအုပ်လေးတစ်အုပ် ထွက်လာပါသည်။

ကဗျာစာအုပ်လေးပဲ ဆိုကြပါစို့ဗျာ။

ကိုအောင်ဝေးရဲ့ အတ္တမဲ့အလင်း (သို့မဟုတ်) ငှက်သို့တမ်းခြင်း ဆိုသည့် ကဗျာစာအုပ်လေး

အကြောင်းရေးပြီး ထူးအိမ်သင် ကို ဂုဏ်ပြုလိုက်ရပါတယ်ဗျာ။

ကဗျာစာအုပ်ဆိုပေမယ့် ဆောင်းပါးတစ်ပုဒ် နှင့် ကဗျာ ရ ပုဒ်ကို စု ထုတ်ထားခြင်း ဖြစ်ပါသည်။

မျက်နှာဖုံးပန်းချီကို နေမျိုးဆေး က ဆွဲထားသည်။

 

A

 

 

 

 

 

 

 

 

 

 

 

 

 

ဆန်းစသော်တာ စာပေမှ ထုတ်ဝေသည်။ တစ်အုပ် ၁၅၀ဝ ကျပ်။

ဒါပေမယ့်…စာအုပ်နာမည်ကိုက

အတ္တပုံဆောင်ခဲများ စီးရီးစ် မှ ကိုငှက် သီချင်းတစ်ပုဒ်ဖြစ်သော အစိမ်းရောင်တံခါးများသီချင်းပါစာသား။

ငါဟာ အတ္တမဲ့ အလင်းတစ်ခု ဖြစ်ချင်တယ်

ပိုင်ဆိုင်တာတွေ စွန့်ပစ်ခဲ့ ရေလို စီးဆင်းသွားချင်လည်း

ငါ့အတွက် တံခါးများက အမြဲတမ်း ပိတ်ဆို့ထား

အရူးအမူး နှလုံးသားက အာ…ထွက်ပေါက်မရှိ

ဆိုသည့်အပိုဒ်မှ အတ္တမဲ့ အလင်းတစ်ခု ဖြစ်ချင်တယ် (သို့မဟုတ်) ငှက်သို့တမ်းခြင်း ဆိုသည့်

နာမည်နဲ့တင် ၁၅၀ဝ တန်သွားပါပြီ။

မာတိကာ ကို ကြည့်လိုက်တော့ အစီအစဉ်က ရှစ်ခု တိတိ။

၁။ အရေးတော်ပုံ ရင်ခုန်သူများ

၂။ နှုတ်ဆက်တေး

၃။ မိကွန်ထော ဖတ်ဖို့ ကဗျာတစ်ပုဒ်

၄။ မြေကြီးအောက်ကငှက်

၅။ ပုသိမ်သားများမဖတ်ရ

၆။ သူရဲကောင်းတစ်ခေတ်၊ သစ္စာဖေါက်တစ်ခေါတ်

၇။ မင်းသေသွားတာ ကောင်းတယ် ငှက်

၈။ မစ္စစ္စပီမှ ဧရာဝတီသို့၊ ပြီးတော့…ငှက်သို့

 

ကဗျာ ရ ပုဒ် နှင့် ဆောင်းပါးတစ်ပုဒ်။

အစီအစဉ် ၁ ဖြစ်တဲ့ အရေးတော်ပုံရင်ခုန်သူများ ဆောင်းပါးလေးက ဖတ်လို့ကောင်းပါတယ်။

မယုံရင် ဖတ်ကြည့်ဗျာ။

အရေးတော်ပုံ ရင်ခုန်သူများ

တစ်ညနေ…ဆည်းဆာအောက်မှာ ခြေစုံရပ်ပြီး ကောင်းကင်ပေါ်ငှက်တစ်အုပ် ဖြတ်ပျံသွားတာ

ကြည့်ငေးနေမိတယ်။ ချက်ခြင်းပဲ ကျွန်တော့်စိတ်ထဲက ကိုရီးယားစကားပုံတစ်ခုကို အမှတ်ရမိသွားပါတယ်။

“မိုးတိမ်တွေက လေစုန်နဲ့ မျှောလိုက်တတ်ကြတယ်။

ငန်းရိုင်းတွေကတော့ လေဆန်ကိုဖြတ်ပြီး အိပ်တန်းကို ရှာကြတယ်လေ” တဲ့။

ကျွန်တော့် ရင်ထဲမှာ ထိထိရှရှ ဖြစ်ပြီး ကျွန်တော့်တိုင်းပြည်ကလေးက လေဆန်ငှက်တစ်ကောင်ကို

သတိရ တမ်းတသွားပါတော့တယ်။

လွန်ခဲ့တဲ့ အနှစ် ၂ဝ ကျော်၊ အတိအကျ ပြောရရင် ၁၉၈၉ ခုနှစ်၊ မိုးဦးကျ လေဦးကျ အချိန်ဖြစ်ပါတယ်။

အဲဒီအချိန်မှာ ကျွန်တော်က NLD ရဲ့ ဧရာဝတီတိုင်း စည်းရုံးရေးတာဝန်နဲ့ ပုသိမ်မြို့မှာ ရောက်နေခဲ့ပါတယ်။

ပုသိမ်မြို့၊ တံတားကြီးတန်းရပ်၊ ဓနိတန်းလမ်းမှာ ကျွန်တော်တို့ရဲ့ ဧရာဝတီ NLD တိုင်းရုံး ရှိပါတယ်။ အဲဒီအချိန်က

၁၉၈၉ ခုနှစ်၊ ဇန်နဝါရီလတုန်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဧရာဝတီတိုင်းအနောက်ခြမ်း စည်းရုံးရေးခရီးစဉ်မှာ

ကျွန်တော်တို့ တစ်အုပ်စုလုံး အဖမ်းခံကြရပြီး အာမခံရလို့ အပြင်ကနေ တစ်ပတ်တစ်ခါ တရားရင်ဆိုင် ရုံးချိန်း

သွားနေရတဲ့ ကာလပါ။

           မိုးဦးကျ လေဦးကျမှာ ဧရာဝတီတိုင်း ငြိမ်ပိ (နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့) ဥက္ကဌ ဖြစ်သူ

န တ ခ (အနောက်တောင်တိုင်းစစ်ဌာနချုပ်) တိုင်းမှူးဗိုလ်ချုပ်မြင့်အောင်ကလည်း စစ်ဦးဘီလူး သရဲမရဲစီးသလို

အင်မတန်ကြမ်းနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဧရာဝတီ အနောက်ခြမ်း ခရီးစဉ်မှာတင်ပဲ ဧရာဝတီတိုင်းအဝင်

မအူပင်ကစပြီး ဧရာဝတီအထွက် မြန်အောင်၊ ကြံခင်းအဆုံး အားလုံး NLD အဖွဲ့ဝင်ပေါင်း ၈ဝ ကျော် အဖမ်းခံခဲ့ရတာပါ။

ဗိုလ်ချုပ်မြင့်အောင်ဆိုတာ တခြားနေရာမှာ ဒီမိုကရေစီရချင်ရမယ်။ သူ့နယ်မြေမှာ ဘယ်တော့မှ မရစေရဘူးလို့ ထုတ်ဖေါ်

ကြိမ်းဝါးခဲ့တဲ့သူပါပဲ။

            အဲဒီလို ဖက်ဆစ်သံဖနောင့်အောက်က ဖိနှိပ်ချုပ်ချယ်မှုတွေ တင်းကျမ်းပြည့်နေတဲ့ နေရာကို မိုးဦးလေးဦးနဲ့အတူ

လေဆန်ငှက်တစ်ကောင် မုန်တိုင်းမိုးတိမ်တွေထဲမှာ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ချလာခဲ့ပါတယ်။ မိုးတွေ သဲသဲမဲမဲ

ရွာနေတဲ့တစ်နေ့မှာ ကျွန်တော်ရှိရာ ဓနိတန်းလမ်းထဲက NLD တိုင်းရုံးကို သူ ရောက်လာခဲ့ပါတယ်။ သူ့ တစ်ကိုယ်လုံး

ပုသိမ်မိုးရေတွေနဲ့ ရွှဲရွှဲစိုလို့ပါ။ ကျွန်တော်တို့ ပုသိမ်တိုင်းရုံးမှာရှိတဲ့ NLD လူငယ်တွေက သူ့ကို လှိုက်လှိုက်လှဲလှဲ

နွေးထွေးစွာကြိုဆိုခဲ့ကြပါတယ်။ သူကလည်း အားလုံးကို တရင်းတနှီး ပြန်လည်နှုတ်ဆက် ပွေ့ဖက်ပါတယ်။

            မိုးစဲလေစဲမှာတော့ NLD တိုင်းရုံးမှာ အဆိုတော် ထူးအိမ်သင် ရောက်နေတယ် ဆိုတဲ့ သတင်းက ပုသိမ်မြို့ပေါ်က

ကျောင်းသားလူငယ်တွေကြားမှာ တောမီးလို ပျံ့နှံ့ သွားပါတော့တယ်။ အဲဒီနေ့က ထူးအိမ်သင်နဲ့ ကျွန်တော်

တံတားကြီးတန်း တိုက်ကြီးကျောင်းတိုက်ရှေ့က ဦးကြင်သိန်းရဲ့ လက်ဖက်ရည်ဆိုင်ကလေးမှာ စကားတွေအများကြီး

ပြောဖြစ်ခဲ့ကြပါတယ်။

           အဲဒီအချိန်က သူတောထဲက ပြန်ရောက်လာတာ မကြာလှသေးပါဘူး။ ရှစ်လေးလုံးအရေးတော်ပုံကြီးဖြစ်တော့

သူ (ထူးအိမ်သင်) ဟာ သူ့မိဘများရှိရာ မော်လမြိုင်ကို ရောက်နေခဲ့တာပါ။ အဲဒီကနေ စစ်တပ်က အာဏာသိမ်းလိုက်တဲ့

အခါ အခြား ဒီမိုကရေစီအင်အားစုတွေနဲ့အတူ သူ တောထဲကို ရောက်သွားပါတော့တယ်။ ပထမ သေဘောဘိုးကို အရင်

ရောက်သွားတယ်လို့ ဆိုတယ်။ သေဘောဘိုးမှာ တောခိုလာတဲ့ ကျောင်းသားတွေ လူငယ်တွေကြားမှာ

အဆိုတော် မွန်းအောင်နဲ့ သူ တွေ့ဆုံရတာပါပဲ။

            ကိုမွန်းအောင်နဲ့သူ ပထမတော့ သေဘောဘိုးမှာပဲ အတူနေနေကြရတယ်။ နောက်တော့မှ တော်လှန်ရေးအတွက်

အနုပညာဌာနဖွင့်ဖို့ သူတို့နှစ်ယောက် (ကိုမွန်းအောင်နဲ့ ထူးအိမ်သင်) ကို KNU မာနယ်ပလောဌာနချုပ်က

ခေါ်ယူလိုက်တာပါ။

            ကျောင်းသားတွေ တောထဲရောက်ပြီး နီးစပ်ရာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တွဲနေရတဲ့ ကာလပါ။

အဲဒီလို အချိန်မှာ ဗိုလ်ချုပ်ကြီးခင်ညွန့်က ကျောင်းသားတွေကို အိမ်ပြန်လာဖို့ ပြန်လည်ဖိတ်ခေါ်တဲ့ ကြေညာချက်

ထုတ်ပြန်ခဲ့ပါတယ်။ ပြန်လာတဲ့သူတွေကို အရေးမယူဘူးဆိုတာလည်း န ဝ တ ရဲ့ ကြေညာချက်ထဲမှာ ပါလာခဲ့ပါတယ်။

            ဒီလို အခြေအနေမှာ ထူးအိမ်သင် အနေနဲ့ လက်နက်ကိုင် တော်လှန်ရေးမှာ သူ့အနေနဲ့ စွမ်းဆောင်နိုင်ရည်

နည်းပါတယ်။ ဒီနေရာက သူနဲ့ မကိုက်ညီလှဘူး။ ဒီတော့ သူနဲ့ ကိုက်ညီတဲ့နေရာကို ပြန်ပါရစေဆိုပြီး မွန်းအောင်နဲ့

ရဲဘော်တွေကို တောင်းပန်ကာ သူပြန်လာခဲ့တာပဲလို့ ထူးအိမ်သင်က ပြောပြပါတယ်။ သူ့မိခင်တပ်ရင်း (MOTHER UNIT)

ဖြစ်တဲ့ ဂီတလောကကို သူ ပြန်လာခဲ့တာပါပဲ။

            သူပြန်လာတဲ့အချိန်မှာ န ဝ တ စစ်အုပ်စုက ကိုမင်းကိုနိုင်ကို ထောင်ထဲ ဖမ်းထည့်လိုက်ပါပြီ။ ကိုမိုးသီးဇွန်လည်း

တောခိုသွားပါပြီ။ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲက ဘယ်နေမှန်းမသိသေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့

လူထု စည်းရုံးရေးခရီးစဉ်တွေကို န ဝ တ က အကြီးအကျယ် ပိတ်ပင် ဟန့်တား နေတဲ့အချိန်ပါ။

            ဒီအချိန်မျိုးမှာ သူ ကျွန်တော်ရှိတဲ့ ပုသိမ်ကို ရောက်လာခဲ့တယ်။

၁၉၈၉ မိုးဦး။ ကျွန်တော်တို့ ညီအစ်ကို သူငယ်ချင်း နှစ်ယောက် လတ်တလော ဗမာ့ နိုင်ငံရေးအခြေအနေတွေကို

ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြပါတယ်။

            ကျွန်တော် ကဗျာမရေးပဲ NLD မှာ နိုင်ငံရေးဝင်လုပ်နေတာကိုတော့ ထူးအိမ်သင်က ဘာမှတ်ချက်မှ

မပေးပါဘူး။

            အဲဒီမှာ ထူးအိမ်သင်ကပဲ သူ ပုသိမ်က ကျောင်းသားလူငယ်တွေအတွက် တစ်ခုခုလုပ်ပေးခဲ့ချင်တယ်ဆိုလို့

ကျွန်တော်တို့က ဓနိတန်းလမ်း ရုံးခမ်းမမှာ လူစုပေးရပါတယ်။ သူနဲ့အတူ ရုံးကိုလိုက်လာတဲ့ ပုသိမ်သား ငယ်သူငယ်ချင်း

တစ်ယောက်က ထူးအိမ်သင်တောထဲမှာရေးစပ်ခဲ့တဲ့

“အရေးကြီးပြီ ညီနောင်အပေါင်းတို့

သွေးစည်းကာ ညီစေ ညီကြစို့”

ဆိုတဲ့ “အဆုံးသတ်တိုက်ပွဲ” သီချင်းကို အသေအချာ စံနစ်တကျ နုတ်စ်တွေဘာတွေနဲ့ ပုသိမ်က

ကျောင်းသားလူငယ်တွေကို သင်ပေးခဲ့တာပါပဲ။

ထူးအိမ်သင် ပုသိမ်ကနေ ပြန်သွားတော့ ကျွန်တော် သူ့လက်ထဲ ကျွန်တော်ကိုယ်တိုင် ရွတ်ဆို

အသံသွင်းထားတဲ့ ဒေါ်အောင်ဆန်းစုကြည် ဧရာဝတီတိုင်း စည်းရုံးရေးခရီးစဉ် ကဗျာတိပ်ခွေကလေး

လက်ဆောင်ထည့်ပေးလိုက်ပါတယ်။

            ၁၉၈၉ ခုနှစ် ဇူလိုင်လ ၁၉ ရက် အာဇာနည်နေ့ အရေးအခင်းနဲ့ ကျွန်တော်တို့တွေ တစ်အုပ်ကြီး

ပုသိမ်အကျဉ်းထောင်ထဲ ရောက်သွားကြရပြန်တော့ ထူးအိမ်သင် သင်ကြားပေးခဲ့တဲ့ “အဆုံးသတ်တိုက်ပွဲ”

သီချင်းဟာ ထောင်ထဲမှာ ကျွန်တော်တို့ရဲ့ တိုက်ပွဲဝင်သီချင်းတစ်ပုဒ် ဖြစ်လာခဲ့တော့တာပဲပေါ့။

           ၁၉၉၂ မှာ ကျွန်တော် ထောင်က ပြန်လွတ်လာပြီး ရန်ကုန်ကို တက်လာတော့ ထူးအိမ်သင်က ၃၃ လမ်း

လေထန်ကုန်းမှာ ကျွန်တော့်ကို လာရှာပြီးတွေ့ပါတယ်။ ကျွန်တော့်အတွက် လက်ပတ်နာရီတစ်လုံး နဲ့ သူ့ရဲ့

“အတ္တပုံဆောင်ခဲများ” အခွေ လက်ဆောင်ပေးပါတယ်။ ဒီအခွေထဲမှာ သူ့ရဲ့နာမည်ကျော်

“ရာဇဝင်များရဲ့ သတို့သမီး” သီချင်းပါတယ်လေ။

            ငှက်တစ်ကောင်တော့ လေဆန်ကို ဖြတ်ပြီး ပျံသန်းသွားပါပြီ။

ကျွန်တော်တို့ အိပ်တန်းရှာတွေ့ဖို့ပဲ လိုပါတော့တယ်။

           “လေဆန်မှာ မြားတန်းလန်းနဲ့

            ပျံသန်းရဲတဲ့ ငှက်သာ

            မနက်ဖြန်အတွက် ဖြစ်တယ်”

 

အဲဒါ ကိုအောင်ဝေးရဲ့ ငှက်သို့တမ်းခြင်း စာအုပ်ထဲက တစ်ပုဒ်တည်းသော

ဆောင်းပါးဖြစ်ပါတယ်။

ဒီဆောင်းပါးထဲမှာ ကိုငှက် တောထဲအထိ ရောက်ခဲ့ပြီး မွန်းအောင်အတွက်

သီချင်းရေးခဲ့တာလည်း ပါခဲ့ပါတယ်။

ကိုငှက် သေတော့ အဆုံးသတ်တိုက်ပွဲ ဟာကိုငှက်သီချင်းပါလို့ ဂုဏ်ယူဝင့်ကြွားစွာ

ဖေါ်ပြခဲ့တဲ့ ဂျာနယ်တစ်စောင်ကို ကိုငှက် မိသားစုနဲ့ နီးစပ်သူတစ်ယောက်က

သေတဲ့လူလည်း သေပါပြီ။ ကျန်ရစ်သူမိသားစု ကို ငဲ့ကွက်ကြပါဦးလို့ ပြောခဲ့တာကို

မှတ်မိနေပါသေးတယ်။

ဟုတ်ပါတယ်။ အဲဒီအချိန်က စစ်အစိုးရ အုပ်ချုပ်ဆဲကာလ ဆိုတော့ ထူးအိမ်သင် သီချင်းတွေ

မဆိုရ။ ပြန်မထုတ်ရ လုပ်လိုက်ရင် မိသားစု က နစ်နာရဦးမှာလေ။

ကိုအောင်ဝေး ဆောင်းပါးကို ဖတ်ပြီးတော့ ကိုကြွက်နီ ခေါ် သိမ်းတင်သား ရေးခဲ့တဲ့

ဆောင်းပါးတစ်ပိုင်းတစ်စကို သွားသတိရမိပါတယ်။

ဆိုင်ဆိုင်မဆိုင်ဆိုင်ဗျာ…နည်းနည်းလောက်ဖတ်ကြည့်စမ်းပါ။

ကိုဘဲဥခေါ်…ကိုသျှပ်ခေါ်…ကိုထူးအိမ်သင် ပြောတာ တကယ်လေးနက်ခဲ့ပါတယ်။

တကယ်ကြေကွဲစရာတွေပါတယ်။

“ငါ…တောထဲရောက်တယ်ကွာ။ အလုပ်လုပ်လို့ရအောင်…C.E.C လေး လုပ်ရအောင် လုပ်ခဲ့တယ်။

မရပါဘူးကွာ။ လူက ၅ ယောက် လာတယ်။ ဥက္ကဌ တစ်ယောက်။ အတွင်းရေးမှူး တစ်ယောက်။

C.E.C က ၃ ယောက်။ နောက်တစ်ဖွဲ့က လူက ၄ ယောက်။ ဥက္ကဌ တစ်ယောက်။ C.E.C က ၃ ယောက်။

ဘယ်လိုမှ ညှိလို့မရတော့ တော်တော် စိတ်ကုန်သွားခဲ့တာကွာ။ အရေးထဲကရင်က မင်းတို့ ကျောင်းသားထဲမှာ

Fifth Column တွေ (ပဉ္စမံတပ်သား) မိထားတယ်။ တို့ အဆုံးစီရင်မယ်လုပ်တော့ ငါကပဲ တားရတယ်။

ဒီလိုမလုပ်ရဘူး။ လက်မခံနိုင်ဘူး။ သတ်ချင်းသတ် ကျုပ်တို့ပဲ သတ်မယ်။ အစဉ်အလာအဖြစ်မခံနိုင်ဘူး

ဆိုတော့မှ လွှတ်ပေးတာ။ အဲဒီမှာကွာ ငိုတဲ့သူက ငို။ ဒီလို Central Body လေးတောင်မှ ဖွဲ့လို့ မရတော့

ငါလည်း ထွက်ထိုင်နေတော့တယ်။ ငါ…KNU က ဗိုလ်ချုပ်မောင်မောင် ရဲ့သား မင်္ဂလာဆောင်မှာ

သီချင်းဆို လက်ဖွဲ့ပေးရတော့ ဪ…ဒီကလေးတွေဟာ ဒီလို တောထဲ တောင်ထဲမှာမွေး၊ ကြီးပြင်း၊

လက်ထပ်၊ တိုက်ပွဲဝင်၊ အသက်တွေကြီး အချိန်တွေကုန်ကြတာပဲ ဆိုပြီး တော်တော် ဝမ်းနည်းမိတယ်ကွာ”

လို့ ဘိုးတော်က ပြောခဲ့ပါတယ်။

ကျွန်တော်က ခင်ဗျားသီချင်းရော ရေးဖြစ်ခဲ့လားဆိုတော့မှ… “အေးကွာ…ငါ ABSDF အတွက်

Marching Song တစ်ပုဒ်ရေးပေးခဲ့တယ်။ အဆုံးသတ်တိုက်ပွဲ ဆိုတဲ့ သီချင်းပဲ”

အဲ့ဒါလေးပါဗျာ။

 

အစီအစဉ် နံပတ် ၂ အနေနဲ့ နှုတ်ဆက်တေး ဆိုတဲ့ ကဗျာလေး ကို ဖေါ်ပြပေးထားပါတယ်။

နှုတ်ဆက်တေး

ဂွတ်ဘိုင် ကပ္ပတိန် ထူးအိမ်သင်။

ငါတို့ အသက်ကယ်လှေပေါ် ရှင်သန်နေဆဲပါ

မင်း သင်္ဘောကြီးနဲ့အတူ ပင်လယ်ထဲ နစ်မြုပ်ခဲ့ရာ။

ဂွတ်ဘိုင် ကပ္ပတိန် ထူးအိမ်သင်။

မင်းဝိညာဉ် ကမ်းကြည့်ငှက်ကလေး ပြန်လာတဲ့ အခါ

ငါတို့ တစ်နေ့ အောင်ပွဲနဲ့ ကုန်းမြေကို တွေ့နိုင်တာ။

ဂွတ်ဘိုင် ကပ္ပတိန် ထူးအိမ်သင်။

နောင်တစ်ချိန် ငါတို့ လွတ်လပ်စွာ မွေးဖွားခွင့်ရှိရာ

ကလေးတွေကို မင်းနာမည် ပေးမှာ အသေအချာ။

ဂွတ်ဘိုင် ကပ္ပတိန် ထူးအိမ်သင်။

ဂွတ်ဘိုင် ကပ္ပတိန် ထူးအိမ်သင်။

ဂွတ်ဘိုင် ကပ္ပတိန် ထူးအိမ်သင်။

(၂၀၀၄)

 

ကိုအောင်ဝေးပြောတာ ဟုတ်တာပေါ့။

ခင်ဗျားတို့ရဲ့ မွေးဖွားလာမယ့် ကလေးတွေကို နောင်တစ်ချိန်မှာ

မောင်ထူးအိမ်သင် ရယ်လို့ ဂုဏ်ယူဝင့်ကြွားစွာ နာမည်ပေးကြဦးမှာပါ။

 

အစီအစဉ် နံပတ် ၃ အနေနဲ့ မိကွန်ထော ဖတ်ဖို့ ကဗျာတစ်ပုဒ် ကို ကိုအောင်ဝေးက

ရေးသားထားပါတယ်။

မိကွန်ထော ဖတ်ဖို့ ကဗျာတစ်ပုဒ်


ငှက်… မြေကြီးကို ဘယ်သူဖွင့်ကြည့်ရဲသလဲ… ငှက်

ငှက်… ငါသည် အာလဖဖြစ်၍ ငါသည် ဩမေဂလည်း ဖြစ်သည်တဲ့… ငှက်

ငှက်… အိမ်မက်ထဲ၌ အသက်ရှင်သူ အိပ်မက်၌ပင် အသက်စွန့်၏… ငှက်

ငှက်… သားကောင်ရဲ့နောက်သို့ မုဆိုးသည် ထက်ကြပ်လိုက်သကဲ့သို့… ငှက်

ငှက်… သေခြင်းတရားသည် ရှင်ခြင်း၏ နောက်ပါးက လိုက်နေဆဲ… ငှက်

ငှက်… ကောင်းကင်က တဖြည်းဖြည်း နိမ့်နိမ့်လာပြီ… ငှက်

ငှက်… နွေဦး ကောက်ရိတ်ပွဲတော်က ရောက်မလာသေး … ငှက်

ငှက်… ဒီအချိန်မှာ ကျွန်တော် ကတာ ယဉ်ရဲ့လား မမေးနဲ့… ငှက်

ငှက်… ဓါးတို့ရဲ့အောက်က ကမ္ဘာမြေ သတိရပစေ… ငှက်

ငှက်… နှောင်ကြိုးမှအပ ဆုံးရှုံးစရာ အခြားဘာမှမရှိ… ငှက်

ငှက်… သည်လိုပုံနှင့် မိုးကြီးချုပ်လျှင်… ငှက်

ငှက်… ကျွန်ုပ် အိမ်ပြန်ရောက်မည် မဟုတ်ပါ… ငှက်

ငှက်… ကမ္ဘာကြီးက လက်တွန်းလှည်းကလေးတွန်းပြီး … ငှက်

ငှက်… ငရဲပြည်သွား တောလားက မဆုံးသေးဘူးလား … ငှက်

ငှက်… ဒွေး သေသွားပြီ… ငှက်

ငှက်… ဒွေး မသေသေးဘူး … ငှက်

ငှက်… နွားရိုင်းသွင်းချိန် လွန်သွားပြီ… ငှက်

ငှက်… ကမ္ဘာပေါ်၌ ငြိမ်သက်ခြင်းသည် ရှိပါစေသတည်း… ငှက်

ငှက်… မနက်ဖြန် အိုးထရက်ဖို့ဒ်မှာ တွေ့မယ်… ငှက်

ငှက်… ဓနိတန်းထိပ်က ကောင်မလေးလည်း လင်ရသွားပြီ… ငှက်

ငှက်… ဒေါနတောင်တန်းကြီးက မေးနေတယ်… ငှက်

ငှက်… သောင်ရင်းမြစ်ကို သွားငေးရဦးမယ်… ငှက်

ငှက်… ဒီနေ့ လိုနေတာက… ငှက်

ငှက်… ထရမ်းပက်တစ်ထောင် ပြိုင်တူမှုတ်ဖို့ပဲ… ငှက်

ငှက်… တစ်ပွင့်ကြွေရင် နှစ်ပွင့်ဝေမယ်… ငှက်

ငှက်… ကြြွေခြင်းဆိုတာ ပွင့်ခြင်းပဲ… ငှက်

ငှက်… ဗဟုဝါဒဆိုတာ… ငှက်

ငှက်… ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်တာပါပဲ… ငှက်

ငှက်… လေနုအေးက တနွဲ့နွဲ့နော့နေဆဲ… ငှက်

ငှက်… အကောင်းကို ရှာ၏… ငှက်

ငှက်… အကောင်းကား မရှိ… ငှက်

ငှက်… တံတားအောက်မှာ မြစ်ရေတွေ စီးဆင်းသွားကြပြီ… ငှက်

ငှက်… အသက်တစ်ရာ မနေရပေမဲ့… ငှက်

ငှက်… အမှုတစ်ခုမှ မတွေ့ရင် အကောင်းဆုံး … ငှက်

ငှက်… ဒီအကြောင်းတွေကို… ငှက်

ငှက်… မိုးရွာထဲမှာ ထီးဆောင်းပြီးပြော… ငှက်

ငှက်… တင်ဇာဝင်းပြည့်လည်း ကလေးတစ်ယောက်ရပြီ… ငှက်

ငှက်… ပုသိမ်မှာ ကော်ရည်သွားသောက်ရအောင်… ငှက်

ငှက်… အစ်မ ခင်ပန်းနှင်းကလည်း ငိုငိုနေတယ်… ငှက်

ငှက်… ပိုင်သနဲ့ တွေ့သေးလား … ငှက်

ငှက်… ဆော့ခရတ္တိက မသေခင် အကြွေးးဆပ်ခဲ့တယ်… ငှက်

ငှက်… သမိုင်းကြွေးးကို ဘယ်လိုဆပ်မလဲ… ငှက်

ငှက်… ပျက်စီးတယ်ဆိုတာ ဖျက်ဆီးခံရလို့ပဲ… ငှက်

ငှက်… ရုပ်ရှင်ရိုက်မလား … ငှက်

ငှက်… တောင်ကိုရီးယား ဓါးစာခံတွေ အမြန်လွတ်ပါစေ… ငှက်

ငှက်… အီရတ်က ငြိမ်းချမ်ရေးမရဘဲ… ငှက်

ငှက်… အာရှဖလားရသွားတယ်… ငှက်

ငှက်… ငယ်ငယ်တုန်းကလည်း ဂန္ဒီကို ကြိုက်တယ်… ငှက်

ငှက်… ကြီးလာတော့လည်း ဂန္ဒီကို ကြိုက်ဆဲ… ငှက်

ငှက်… မွန်ရိုးကို သတိမရဘူးလား … ငှက်

ငှက်… သေနင်္ဂဗျူဟာ အနိုင်တိုက်ဖို့… ငှက်

ငှက်… တစ်ခါတစ်ရံ နည်းပရိယာယ်ရေး အရှုံးပေးရတယ်… ငှက်

ငှက်… ကြွက်နီကို ဘာမှာဦးမလဲ… ငှက်

ငှက်… အသက်ဉာဏ်စောင့်သတဲ့… ငှက်

ငှက်… ဘီယာနှစ်ခွက်လောက်ကတော့ ဘာမှ မဖြစ်ပါဘူး … ငှက်

ငှက်… တင်ဇာမော် ယောက်ျားယူသွားပြီ… ငှက်

ငှက်… မန်ယူကို ဝယ်ရင်ကောင်းမလား… ငှက်

ငှက်… ဒေါ်မေကြည်ကတော့ စာကောင်းကောင်းမရေးလို့ … ငှက်

ငှက်… စိတ်ဆိုးတော့မှာပဲ… ငှက်

ငှက်… ဘယ်လိုမှ မအောက်မေ့နဲ့… ငှက်

ငှက်… မော်လမြိုင်မှာ ဆရာကြီး ဒေါက်တာလှဘေ ဆုံးရှာပြီ… ငှက်

ငှက်… ပါရီဟာ အမြဲတမ်း ပါရီပဲ… ငှက်

ငှက်… ဒုက္ခဟာ အမြဲတမ်း ဒုက္ခပဲ… ငှက်

ငှက်… ဆန္ဒရှိရင်… ငှက်

ငှက်… ကောင်းကင်ကို ငုံ့ကြည့်လိုက်… ငှက်

ငှက်… ကံကောင်းရင် မြင်ရလိမ့်မယ်… ငှက်

ငှက်…

ငှက်…

ငှက်…

 

အစီအစဉ် နံပတ် ၄ အနေနဲ့ကတော့ မြေကြီးအောက်က ငှက် ဆိုတဲ့ ကဗျာလေးပါ

မြေကြီးအောက်က ငှက်

မမခင်ဦးစံပယ်ရယ်
မြေကြီးအောက်မှာ ငှက်တစ်ကောင်ရှိတယ်.
မြေကြီးအောက်က ငှက်ဟာ
တောင်ပံတဖက်တည်းနဲ့ မြေကြီးကိုယက်ပြီး
ကောင်းကင်ပေါ်တက်လာနိုင်တယ်။

မြေကြီးအောက်ကငှက်ဟာ
တောင်ပံမပါဘဲနဲ့လည်း မြေကြီးထဲကထွက်ပြီး
မိုးပေါ်ကို တက်လာနိုင်တယ်။

မြေကြီးအောက်က ငှက်ဟာ
ဂစ်တာတလက်နဲ့လည်း ကမ္ဘာမြေငြိမ်းချမ်းဖို့
တေးတို့နိုင်တယ်.။

မြေကြီးအောက်က ငှက်ဟာ
ဂစ်တာမပါဘဲနဲ့လည်း ကမ္ဘာပေါ်ကစစ်ပွဲတွေရပ်စဲဖဖို့
တေးညှို့နိုင်တယ်။

မမခင်ဦးစံပယ်ရဲ့
မြေကြီးအောက်ကငှက်ဟာ သောင်းရင်းမြစ်ကို ဖြတ်ပြီးတော့လည်း
သွားခဲ့ဖူးတယ်။
သောင်းရင်းမြစ်ကို ကျော်ပြီးတော့လည်း
ပြန်ခဲ့ဖူးတယ်။

မမခင်ဦးစံပယ်ရယ်
မြေကြီးအောက်က ငှက်ဟာ
ချစ်ခြင်းမေတ္တာနဲ့ ဉာဏ်ပညာကို ယုံကြည်သတဲ့

မြေကြီးအောက်က ငှက်ဟာ
သီချင်းနဲ့ မတောင်းရမ်းခဲ့ဖူးဘူး။

မြေကြီးအောက်က ငှက်ဟာ
မာနမဲ့ ဒူးထောက် အရှုံးမပေးခဲ့ဖူးဘူး။

မြေကြီးအောက်ကငှက်
သူဟာ “အတ္တမဲ့အလင်း”

မြေကြီးအောက်က ငှက်ဟာ
ပေါ်လစီတွေ မဆိုခဲ့သလို
ပေါ်လစီတွေလည်း မရေးခဲ့ဘူး။

ပေါ်လစီတွေပေါ်ကိုလည်း
ဘယ်တုန်းကမှ မတက်ခဲ့သူလေ။

မြေကြီးအော်ကငှက်ကို
အာဏာ၊ ငွေကြေး၊ ရမ္မက် ၊ဂုဏ်ထူးဆောင်လက်မှတ်တွေနဲ့
မြူဆွယ်လို့မရဘူးလေ။

မြေကြီးအောက်ကငှက်ဟာ
ဗမာ့ဒုက္ခနဲ့ အသည်းကွဲခဲ့ဖူးသလို
ကမ္ဘာဒုက္ခနဲ့လည်း အသည်းကွဲခဲ့ဖူးသူပေါ။

မြေကြီးအောက်ကငှက်ဟာ
အတောင်ညောင်းလို့ အနားယူအိပ်စက်ရတဲ့အခါ
ဆရာကြီး မင်းသုဝဏ်နဲ့ ဘေးချင်းယှဉ်ပြီး အိပ်စက်ခွင့်ရတယ်။

မြေကြီးအောက်ကငှက်ဟာ
သေနတ်များကိုလည်းခုံမင်ပြီး
နှင်းဆီပန်းများကိုလည်း စွဲလမ်းသူဖြစ်တယ်။

မြေကြီးအောက်ငှက်ဟာ
ရှစ်လေးလုံးအရေးတော်ပုံကို ကောင်းကောင်းရင်ခုန်ခဲ့ဖူးတယ်။

အကယ်၍ အသက်ထင်ရှားရှိနေဦးမယ်ဆိုရင်
မြေကြီးအောက်ကငှက်ဟာ
ရွှေဝါရောင်တော်လှန်ရေးကိုလည်း ကျိန်းသေရင်ခုန်ဦးမှာမလွဲ။

ရန်သူနဲ့မိတ်ဆွေ မခွဲခြားနိုင်ဘဲနဲ့
တော်လှန်ရေး လုပ်လို့မရနိုင်ဘူးဆိုရင်
မမခင်ဦးစံပယ်ရဲ့
မြေကြီးအောက်ကငှက်ဟာ တော်လှန်ရေးသမားပဲ။

တကယ်တော့ မမခင်ဦးစံပယ်ရယ်
မြေကြီးအောက်ကငှက်ဆိုတာ
ကောင်းကင်ကိုတောင်မှ ငုံ့ကြည့်နိုင်စွမ်းရှိသူပေကပဲ။

မြေကြီးအောက်ကငှက်ဟာ
စိတ်ကူးယဉ်အရာမှာ
ရာဇဓိရာဇ်အရေးတော်ပုံကျမ်းတောင်
ရုပ်ရှင်ရိုက်ပြချင်သေးသတဲ့။

မမခင်ဦးစံပယ်ရဲ့
အဲ့ဒီငှက်ကို
အနာဂတ်ကလည်း နှစ်လိုခဲ့မယ်။

သူ့ကိုဂုဏ်ပြုဖို့ဆိုရင်
ဘဝတွေကို လုံခြုံအောင်လုပ်ရမယ်
ဘဝတွေ လုံခြုံဖို့ဆိုရင်တော့……။

မြေကြီးအောက်ကငှက်ကို လွမ်းတဲ့အခါ
“ရာဇဝင်များရဲ့ သတို့သမီး”သီချင်းကိုနားထောင်ပါ
မြစ်မင်းဧရာဝတီကိုကာကွယ်ပါ။

မမခင်ဦးစံပယ်
အခုကျနော် သူ့ကိုလွမ်းနေတဲ့အကြောင်း
မြေကြီးအောက်ကငှက်ဆီ အီးမေးလ်ပို့လိုက်မယ်။

ပြီးတော့ သူ့ကိုလွမ်းလို့ရေးတဲ့ ဒီကဗျာ..
သူ့သမီး မိကွန်ထောဖတ်ဖို့
ဖက်စ်နဲ့ပို့ရဦးမယ်။

သူ့မဟေသီကိုလည်း
ကျနော်သတိရကြောင်း ပြောပြပေးပါ မမခင်ဦးစံပယ်။

မမခင်ဦးစံပယ်
တချိန်ချိန်ပေါ့
သူ့ကိုလွမ်းတဲ့ပွဲလေးလုပ်ကြီး တချိန်ချိန်ပေါ့။

အခုတော့ လွမ်းမြိုင်ကျေးရဲ့ အဝေးမှာ
လွမ်းရုံပဲ လွမ်းနိုင်သေးတာ
မြေကြီးအောက်ကငှက်ကို အားနာတယ်
မမခင်ဦးစံပယ်ရေ..
ကောင်းကင်ပေါ်မှာလည်း ငှက်တစ်ကောင်ရှိနေတယ်လေ။ 

 

အစီအစဉ် နံပတ် ၅ ကိုတော့ ပုသိမ်သားများ မဖတ်ရ ဆိုတဲ့ ကဗျာလေးနဲ့ တင်ဆက်ပေးထားပါတယ်။

ပုသိမ်သားများ မဖတ်ရ

ပု သိ မ် သ ာ း မ ျ ာ း မ ဖ တ် ရ
——————————————–

ငှက်ရေ…
မင်း လာခေါ်မလားလို ့
ငါ စောင့်နေတာ။

၂၀၀ရ တုန်းကလည်း
မင်း လာမခေါ်။

၂၀၁ဝ ရွေးကောက်ပွဲကျတော့လည်း
မင်း ပေါ်မလာ။

ငှက်ရေ…
မင်း လာခေါ်နိုးနိုးနဲ ့
ငါ စောင့်နေခဲ့တာ။

ရုရှားက
ယက်ဗ်တူရှင်ကိုရဲ ့
”စောင့်စားခြင်း” ကဗျာ
ငါ သတိရတယ်။

ရထားကို
ငါစောင့်နေတာ
နွေဦးကို
ငါစောင့်နေတာ
မျှော်လင့်ခြင်းကို
ငါစောင့်နေတာ
ဝင်းမော်ဦးကို
ငါ စောင့်နေတာ။

ငှက်ရေ…
မင်းကို ငါစောင့်နေတာ။

မင်း လာခေါ်လေမလား
ငါစောင့်နေတာ။

ငါတို ့ဒီမှာ
ပုသိမ်သားတွေ စုမိနေကြတယ်။

သစ်ကောင်းအိမ်ရယ်
ဆောင်းယွန်းလရယ်
ငါရယ် ဆိုပါတော့။

သစ်ကောင်းအိမ်က
တံတားကြီးတန်းသား
သခင်စိန်မောင်ကြီး အိမ်နားက။

ဆောင်းယွန်းလက
တာဝတိ ံသာသားထင်ရဲ ့
မြင့်မိုးရဲ ့
ယောက်ဖသုံးဝမ်းကွဲဟောင်းပေါ ့ကွာ။

ညောင်လေးပင်သား ငါက
လေယာဉ်ကွင်းဘေးက
စစ်တပ်ထဲမှာ ကြီးပြင်းခဲ့။

မင်းကတော့
ပြည်တော်သာတိုက်တန်းမှာ
ကြီးပြင်းခဲ့။

မင်းနေတဲ့ ပြည်တော်သာတိုက်တန်းနဲ ့
ငါတို ့
သစ်ကောင်းအိမ်တို ့နေတဲ့
ပုသိမ်အကျဉ်းထောင်ကြီးက
နီးနီးလေးပေါ ့ကွာ။

ဒီမှာ …
တို ့ပုသိမ်သားတွေဆုံရင်
မင်းအကြောင်း ရင်ခုန်ဖြစ်ကြတယ်။

မင်းက
သမ္မတကြီး ဒေါက်တာဘဦးတို ့
ဗိုလ်ချုပ်ကြီး(ဟောင်း)သူရဦးတင်ဦးတို ့လို
ထင်ရှားတဲ့ပုသိမ်သား။

ပုသိမ်သားက
ပုသိမ်သားကိုလွမ်းတာ
မဆန်းပါဘူးနော်။

ငှက်ရေ…
တို ့ ပုသိမ်ပြန်ပြီး
ကော်ရည်သောက်ကြရအောင်။

ဗွက်ကြီးတန်းက ကော်ရည်
မင်းကြိုက်သလို
ငါတို ့လည်းကြိုက်တယ်။

ဒီမှာ
သစ်ကောင်းအိမ် မိန်းမ
ဟိုင်းကြီးသူ ကေခိုင်က
ကော်ရည် အချက်ကောင်းကွ။

တို ့တွေ
ပုသိမ်ကိုလွမ်းတိုင်း
ကော်ရည် ချက်သောက်ကြ။

ကော်ရည်သောက်ရင်း
မင်းအကြောင်းပြောမိကြ။

ကြွက်နီနဲ ့မြင့်မိုးတို ့ကိုလည်း
ငါတို ့သတိရတယ်။

တို ့သုံးယောက်
(သစ်ကောင်းအိမ်၊ ဆောင်းယွန်းလ၊ အောင်ဝေး)
ဒီမှာတော့
ပြည်ပြေးကဗျာဆရာတွေပေါ ့ကွာ။

ပြည်ပြေးလုပ်ရတာ
မစားသာပါဘူး ငှက်ရာ။

ဆောင်းယွန်းလက
ရှစ်ဆယ့်ရှစ်မှာ တောခို
ရဲဌေး နဲ ့အတူ။

ရဲဌေးဆိုတာ
(ဒီလေးလုံးဖိနပ် ရဲဌေးမဟုတ်)
အခုတော့ ”လူအိမ်” ဆိုပြီး
မြန်မာကဗျာလောကမှာ
ရမ်းကားနေတဲ့ ပုသိမ်သားပေါ ့။

သစ်ကောင်းအိမ်က
ငါ ့အရင်
ထွက်တော်မူ နန်းကခွာတယ်။

ငါက
ရွှေဝါရောင်မှာ
ထွက်တော်မူ နန်းကခွာတယ်။

အခု
တို ့ပုသိမ်သားသုံးကောင်
လရောင်အောက်က ငဝံမြစ်ကြီးကို
လွမ်းတယ်။

ပုသိမ်ကောလိပ်
မြဝါးရုံရိပ်က
အိပ်မက်တွေကို လွမ်းတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ ့
ပုသိမ်ကြောင်းချီကြပုံ
လွမ်းတယ်။

သွားလေသူကြီး
ဗိုလ်ချုပ်မြင့်အောင်နဲ ့
တိုက်ခဲ့ရတဲ့
ပုသိမ်တိုက်ပွဲ လွမ်းတယ်။

တစ်ခါတုန်းကတော့
ပုသိမ်သား လေးယောက်
ချီကာဂိုမှာ
အတူ ဆုံခဲ့ကြဖူးတယ်။

အိုင်အိုဝါတက္ကသိုလ်ကို
မင်းထက်မောင်လာတုန်းကပေါ ့
တို ့လေးယောက်
ချီကာဂိုမှာ ချိန်းပြီးလွမ်းကြတယ်။

ငှက်ရေ…
အခုနေ ပုသိမ်ပြန်သွားရင်
ချိုမြိန်လောက်မယ်။

ပုသိမ်ကောင်းကင်မှာ
ကြယ်တွေ စုံနေတယ်။

သပိတ်စုံရင်
သူပုန်ထလို ့ရတယ်။

ပုသိမ်မှာ
မောင်အောင်ပွင့်ရှိတယ်။

ပုသိမ်မှာ
စိုးအိမ်နဲ ့တိုးဝေရှိတယ်။

ပုသိမ်မှာ
လင်းတည်ဦးရှိတယ်
မောင်ရွှေမူရှိတယ်။

ပုသိမ်မှာ
နောက်မျိုးဆက်သစ်တွေလည်းရှိတယ်
မင်းတို ့ငါတို ့ရဲ ့တောပြန်ကြီး
နေမျိုးဇော်လည်းရှိတယ်လေ။

တို ့တွေ
ဗွက်ကြီးတန်းမှာ
ကော်ရည်သောက်ရင်း
ဒီသူငယ်ချင်းတွေနဲ ့တွေ ့နိုင်တာပေါ ့။

မင်းကိုနိုင်တို ့လာတာနဲ ့
ကြုံရင်လည်း
အရေးတော်ပုံ ရင်ခုန်နိုင်တာပေါ ့။

ငှက် …
ဟိုတုန်းက
ပုသိမ်ထောင်ထဲမှာ
အတူနေခဲ့ရတဲ့
ဆေးကျောင်းသား လှခိုင်
အခုတော့ ပုသိမ်ထောင်မှာ
ထောင်ဆရာဝန်ကြီး ဒေါက်တာလှခိုင်ဖြစ်လို ့။

တို ့ပုသိမ်သွားရင်း
အကယ်လို ့
(ဖွဟဲ့ လွဲပါစေ)
တစ်ခုခု အမှားအယွင်းဖြစ်ရင်
ပူစရာမလိုတော့ဘူး
ပုသိမ်ထောင်ထဲမှာ
ဒေါက်တာလှခိုင်ရှိတယ်။

ပုသိမ်နွေရိုင်းမှာ
လွမ်းတိုင်းပွင့်တဲ့ပန်းတွေ ရှိတယ်။

ငှက်ရေ …
တို ့ပုသိမ်ပြန်ကြရအောင်။

မင်း လာခေါ်မလားလို ့
ငါ ့မှာ စောင့်နေခဲ့တာ။

ဗွက်ကြီးတန်းကို
ပျံသန်းကြစို ့ငှက်ရေ။

မင်း လာခေါ်မလားလို ့
ငါ ့မှာစောင့်နေခဲ့တာ။

ဓနိတန်းလမ်းထိပ်က
သူပုန်အိပ်ရာမှာ
တို ့အိပ်မက်တွေရှိသေးလား
ကြွက်ကို မေးကြည့်ပါဦးကွာ။

မြင့်မိုးနဲ ့မြင့်မိုးများကတော့
တို ့ကိုမျှော်မယ်။

ငှက်ရေ …
နွားရိုင်းသွင်းချိန်လွန်ရင်
တို ့ပုသိမ်ပြန်ကြရအောင်။

မောင်ချောနွယ်နဲ ့
ပိုင်သ ကိုခေါ်ပြီး
ပုသိမ်ရွှေမြို ့တော်ကြီးကို မြန်းကြမယ်။

လွမ်းတတ်တဲ့လူတွေ
အကုန်လိုက်ခဲ့
ကော်ရည်တိုက်ဖို ့မလို
တိုက်ပွဲဝင်ဖို ့ပဲလိုတယ်။

ငှက် …
ဒီကဗျာ
ပုသိမ်သားများမဖတ်ရ။

ဖတ်ရင်
လွမ်းမှာစိုးလို ့ပါ။ ။

 

အစီအစဉ် နံပတ် ၆ ကတော့ သူရဲကောင်းတစ်ခေတ်၊ သစ္စာဖေါက်တစ်ခေတ် ဆိုတဲ့ ကဗျာလေးပါ။

သူရဲကောင်းတစ်ခေတ်၊ သစ္စာဖေါက်တစ်ခေတ်

ငှက်ရေ…

သစ်ပင်တစ်ပင်လုံး

အရွက်ဆိုလို့

တစ်ရွက်မှ မရှိတော့ဘူး။

မြေကြီးအောက်

တောက်ပတဲ့ အမြစ်တွေသာ

ရုန်းကန်တုန်းပေါ့။

ငှက်ရေ…

သူတို့ပဲ သူရဲကောင်း

သူတို့ပဲ သစ္စာဖေါက်။

မြွေပွေးကိုက်တုန်း မသေ

မြက်လျှောပတ်မှ သေကြ

မတတ်နိုင်ဘူး။

မသေခင်

ပျောက်ဆုံးနေတဲ့ အနာဂတ်ကိုတော့

တွေ့အောင် ရှာရဦးမယ်။

အမေဇုံမြစ်ကြီးရဲ့

အောက်နက်နက်မှာ

နောက်ထပ် အမေဇုံ မြစ်ကြီးတစ်စင်း

ရှိနေတာ

(မြေကြီးအောက်က)

မင်း အသိဆုံးပေါ့ကွာ။

ငှက်ရေ…

မင်းသေသွားတာကောင်းပါတယ်။

မြေကြီးအောက်မှာပဲ

စိမ်းစိုတဲ့ အမြစ်တွေနဲ့

တို့ခေတ်ကို ရောက်နှင့်နေဦးပေါ့ ညီလေးရာ။         ။

 

အစီအစဉ် နံပတ် ရ အနေနဲ့ မင်းသေသွားတာ ကောင်းတယ် ငှက် ဆိုတဲ့ ကဗျာပါ။

မင်းသေသွားတာ ကောင်းတယ် ငှက်

မင်းသီချင်း “……………………………….”

မူးမူးနဲ့ ယွင်းနေတဲ့ ငနဲတွေ

မင်း ဆဲမိနေဦးမယ်။

မင်းဆိုးမင်းညစ်တို့အလယ်မှာ

သေသူကို

ရှင်သူ မနာလိုဖြစ်သတဲ့။

ဖြစ်မပေါ့

သေသူတွေက

နာမည်ကောင်းနဲ့ သေသွား

မြေကြီးထဲ

ဘယ်တော့မှ သစ္စာမဖေါက်။

ရှင်သူတွေသာ

မထင်မှတ်ဘူး

တစ်ယောက်ပြီးတစ်ယောက်

သစ္စာဖေါက်သွား

မသေခင်

နာမည်ဆိုးနဲ့ ပျောက်သွား။

ဒီနေ့က

တိုက်ပွဲမလို

ပူးပေါင်းဆောင်ရွက်ဖို့သာ လိုသတဲ့။

ဟုတ်ပါ့မလား

မောင်ကာဠုရယ်။

ခေတ်ပျက်ကြီးထဲ

တဝုန်းဝုန်းခုန်ချ

အတုံးအရုံး

ကြွေပြနေလိုက်ကြ

သစ်ပင်တစ်ပင်လုံး

အရှိုးရာတွေချည်းပါလား။

 

အဲ…အစီအစဉ် နံပတ် ၈ ကတော့

မစ္စစ္စပီမှ ဧရာဝတီ သို့၊ ပြီးတော့…ငှက်သို့ ဆိုတဲ့ ကဗျာရှည်ကြီးတစ်ပုဒ်ပါ။

ဒီစာအုပ်ရဲ့ နောက်ဆုံးကဗျာရှည်လည်း ဖြစ်ခဲ့ပါတယ်။

ဒီကဗျာကိုတော့ စာအုပ် ဝယ်ပြီးမှ ဖတ်ကြဖို့ တောင်းပန်ချင်ပါတယ်။

ဒီစာအုပ်မှ ကဗျာ ရ ပုဒ်နဲ့ ဆောင်းပါးတစ်ပုဒ်ပါရာမှာ

ကျွန်တော်က ကဗျာ ၆ ပုဒ်နဲ့ ဆောင်းပါးတစ်ပုဒ်ကို ထူးအိမ်သင်ကို ချစ်ခင်လေးစားတဲ့ စိတ်နဲ့ရော

ကဗျာဆရာ အောင်ဝေးကို ချစ်ခင်လေးစားတဲ့ စိတ်နဲ့ရော ဒီပို့စ်ထဲမှာ တင်ပေးလိုက်ပါတယ်။

ကိုငှက်ကို ချစ်ရင်…

ပြီးတော့ ကိုအောင်ဝေးကိုချစ်ရင်…

ပြီးတော့ မိကွန်ထောလေးကို ချစ်ရင်…

ပြီးတော့ ကိုငှက်အမေကို ချစ်ရင်…

ပြီးတော့ ကိုငှက်ညီ အောင်မျိုးဟိန်းကို ချစ်ရင်…

ဒီစာအုပ်ကလေးကို ၁၅၀ဝ ကျပ်နဲ့ ဝယ်ဖတ်ဖြစ်အောင်

ဖတ်လိုက်ကြစမ်းပါလို့ တိုက်တွန်းလိုက်ချင်ပါတယ်ဗျာ။

အဲ…လွမ်းလို့ မပြီးသေးဘူးခင်ဗျ။

ကိုငှက် ကွယ်လွန်တာ ၁ဝ နှစ်ပြည့်အတွက် ကိုအောင်ဝေး ရေးထားတဲ့

ဒီစာအုပ်ထဲမပါခဲ့တဲ့ ကဗျာလေးတစ်ပုဒ်ကိုလည်း တင်ပေးလိုက်ချင်ပါသေးတယ်။

ဖတ်ကြည့်ကြစမ်းပါ။

ထူ း အိ မ် သ င် သို ့ ေ အ ာ က် ေ မ့ တ သ ချ က် ။

ေ ခ တ် ပျ က် ကြီ း ထဲ ေ က ာ င် း ေ က ာ င် း ည ည် း တွ ာ း မိ တဲ့ အ သံ
( ေ အ ာ င် ေ ဝ း )

ဒီနေ ့အဖို ့
ငါ ့အတောင်ပံတွေ ကြိုးဖြေ
လေနဲ ့ချည်ထားလိုက်။
လှောင်ချိုင့်ထဲ
နှင်းဆီရဲ⁠ရဲပွင့်။
မာယာအင်ဂျလို
သေသွားတာမကြာသေးဘူး။
မမြင်ရတဲ့မြစ်က
ရေနစ်နေတယ်။
အိပ်မက်က
ပုဒ်မ(၁၄၄)ရှိလို ့
အပြင်မထွက်ရဲဘူး။
အူသံ
ဝံပုလွေတွေ အူသံ။
ခက်တယ်
မင်းတို ့”ပွက်”တွေကြောင့်
ခက်တယ်ကွယ်။
ဟိုလူကလည်း ပွက်
ဒီလူကလည်း ပွက်
တစ်ပွက်တည်းပွက်နဲ ့
ပွက်တိုင်းငါးစာချ။
ခက်တာက
အဲဒီပွက်တွေက
ရန်ချည်းဖြစ်နေကြတာပဲ။
ချစ်သူတွေရန်မဖြစ်ကြနဲ ့
ကဗျာဆရာတွေရန်မဖြစ်ကြနဲ ့။
ညီမလေးရယ်
သိပ်စိတ်ညစ်တာပဲ။
“ဘယ့်နှယ်
ငုံးလိုမွဲပြာပြာနဲ ့
ကိုယ့်ကိုယ်ကိုယ်ကဗျာဆရာခေါ်ရဲတာလဲ
ဒီနေ ့လိုနေတာက
သံလက်သီးနဲ ့
ကမ္ဘာ့ဦးခေါင်းခွံကိုရိုက်ခွဲပစ်ဖို ့ပဲ”(မာယာကော့ဖ်စကီး)
ဗုံနဲ ့တယော
ရောဖွဲ ့ဂီတ
(ငါတို ့)
ဗမာ့ဦးခေါင်းခွံကိုကော
ရိုက်ခွဲဖို ့မလိုဘူးလား။
ညဉ် ့နက်လှပြီ
ကလေးရေ…အိပ်တော့။
ခရီးကဝေးသေးတယ်
အိပ်တော့ ကလေးရေ။
မနက်ဖြန်
ရှင်ဘုရင် ဖြစ်ချင်လည်းဖြစ်မယ်
ခွေးဖြစ်ရင်လည်းဖြစ်မယ်။
ဒီနေ ့
စစ်ကျွန်ဖြစ်နေရဆဲ ငှက်။
မနေ ့က
မင်းအိပ်ခဲ့တဲ့ အိပ်ရာကလေး
ပူနွေးနေတုန်းပဲ။
တို ့ဆက်လျှောက်ရမယ်
လမ်းဆက်လျှောက်ရမယ်
တောက်ပဝိညာဉ်
ဥယျာဉ်သစ်ဖွဲ ့
စစ်ခုံရုံးလည်းဆောက်ရမယ်။
နွေဦးက
တို ့ကိုကြိုနေပြီ။
ကောက်ရိတ်ပွဲတော်
တိုက်ပွဲခေါ်သံ
မျှော်လင့်ခြင်းကို
အကျဉ်းထောင်နံရံပေါ်မှာ
ထွင်းထုထားမယ်။
လှောင်အိမ်ကို
ရွှေရည်စိမ်ထားချင်တဲ့သုတွေ
နေရစ်တော့။
သံတိုင်ကြားမှာ
တို ့အတူ သာခဲ့တဲ့ လ
နံရံခြားတော့မှ
မတူကွဲပြား ကျကွဲ
အဲဒီ လ အကွဲကိုမှ
အလှဆွဲချင်တဲ့သူတွေ
နေရစ်ခဲ့ကြတော့။
ငှက်
တချို ့က
အဘိဓမ္မာညှာကြွေပြုတ်
လေလှုပ်တိုင်းယိမ်းခါ။
ငှက်
တချို ့က
ကိုယ့်အမြီးကိုယ်ပြန်မျိုတဲ့မြွေလို။
ငှက်
တချို ့က
ကိုယ့်ဖိနပ်ကိုယ်ပြန်နင်း
(တချို ့ကျ
ကိုယ့်တပ်ကိုယ်ပြန်နင်း)
ငှက်
တချို ့က
ကျားသေကိုအသက်ပြန်သွင်း။
ငှက်
တချို ့က
ကျနော်ကတာ ယဉ်ရဲ ့လားမေး။
စိတ်ညစ်တယ်
စိတ်ညစ်တယ်
အောင်ဝေး သိပ်စိတ်ညစ်တယ်။
ငှက်
တချို ့က
ရက်ဘတ်တလာ။
ငှက်
တချို ့က
သေနာပတိပျက်လူတန်းစား။
ငှက်
တချို ့က
ငြိမ်းချမ်းရေးပွဲစား။
ငှက်
တချို ့က
လက်မှတ်ထိုးသမား။
ငှက်
တချို ့က
တချို ့က
တချို ့က…။
(ခိုင်ထူးရေ
တချို ့တွေ နေနိုင်လွန်းတယ်)
တကယ်တော့
ငါတို ့ဟာ
ခေတ်ပျက်ကဗျာဆရာတွေပါ
ခေတ်ပျက်အနုပညာရှင်တွေပါ။
ငါတို ့ဟာ
ခေတ်ပေါ်လည်း မဟုတ်
ခေတ်ပြိုင်လည်း မဟုတ်
ငါတို ့ဟာ ခေတ်ပျက်ပဲ။
ခေတ်အပျက်မှာ
လူဖြစ်လာရ
ငါတို ့အနုပညာဟာ
ခေတ်ပျက်အနုပညာပေါ ့။
ငါတို ့ကဗျာဟာ
ခေတ်ပျက်ကဗျာပေါ ့။
အဲဒီခေတ်ပျက်ထဲမှာ
ငါတို ့အသက်ရှည်ခဲ့ကြ။
အဲဒီခေတ်ပျက်ထဲမှာ
ငါတို ့ရတက်ပွေခဲ့ကြ။
ဒီခေတ်ပျက်ကြီးပဲ
တို ့ဖြတ်သန်းနေရ။
ခေတ်ပျက်ကြီးဟာ
ကားပျက်ကြီးလိုပဲ
တချို ့တွေ တက်တက်စီးကြ။
အဲဒီ ခေတ်ပျက်၊ ကားပျက်
လူပျက်တွေပဲ
တို ့နှလုံးသားပေါ်
တို ့ဦးနှောက်ပေါ်
တက်နင်းသွားကြ
တက်ကြိတ်သွားကြ။
ငှက်ရေ
အဲဒီခေတ်ပျက်ကြီးကိုတော့
ဖျက်မှဖြစ်တော့မယ်။
ဒီလိုမှ
တို ့မဖျက်နိုင်ရင်တော့
(အသစ်မပြင်နိုင်ရင်တော့)
ရာဇဝင်မှာ
ထူးအိမ်သင်လည်း
ခေတ်ပျက်အဆိုတော်ပဲ
အောင်ဝေးလည်း
ခေတ်ပျက်ကဗျာဆရာပဲ
ရာဇဝင်ရိုင်းတော့မယ်။
ငှက်ရေ
မင်းပြန်လာခဲ့။
ဘိုင်ရွန်က
မြင်းဖြူလေးကောင်က
ရထားနဲ ့လာတယ်။
ငါက
(အောင်ဝေးက)
ခရမ်းပြာမြင်းရိုင်းနဲ ့
ဒုန်းစိုင်းလာမယ်။
အနာဂတ်မှာ
တို ့ပြန်ဆုံကြတာပေါ ့။
အနာဂတ်မှာ
တို ့တပ်ပေါင်းစုဖွဲ ့ကြတာပေါ ့။
မင်းက
လေကြောင်းက ချီ။
ငါက
ကြည်းကြောင်းက ချီမယ်။
ကြွက်ကို
ရေကြောင်းက ချီခိုင်းတာပေါ ့။
တပ်ပေါင်းစုံရင်
ဒဂုံကို အရင်သိမ်းကြမယ်။
ဒဂုံကျသွားရင်
ပထမဆုံး
သခင်ကိုယ်တော်မှိုင်းတော်လှန်ရေးသိပ္ပံဖွင့်
သင်တန်းတွေပို ့ချ
ကေဒါတွေမွေးပေါ ့။
ငှက်ရာ
တော်လှန်ရေးလုပ်ဖို ့
မိုင်(၆၀⁠၀၀)မလိုပါဘူး။
ကဗျာတစ်ပုဒ်
သီချင်းတစ်ဆုပ်နဲ ့လည်း
တောင်ကုန်းကို တက်သိမ်းနိုင်တာပဲ။
မင်းပြန်ခဲ့
ငှက်ရေ…။
ပျက်နေတဲ့ခေတ်ကြီးထဲ
မင်းပြန်ခဲ့ ငှက်ရေ။
ပျက်နေတဲ့ခေတ်ကြီးကို
တို ့မဖျက်နိုင်ရင်
ပျက်နေတဲ့ခေတ်ကြီးက
တို ့ကိုဖျက်ဆီးသွားလိမ့်မယ်။
စိတ်မကောင်းဘူးကွာ
တချို ့လုံးလုံးပျက်
တချို ့လည်း မပျက်တပျက်
တချို ့ကျ
မဖျက်ခင်က ပျက်ချင်ချင်။
အများစုကတော့ကွာ
စစ်ကျွန်ခေတ်မှာ
လူရာမဝင်ချင်ကြပါဘူး။
တော်လှန်ရေးကို
ဖျက်ဆီးတဲ့အရာ(၂)ခုရှိတယ်။
တစ်ခုက
ကလေကချေ(လန်ပန်)တွေ
နောက်တစ်ခုက
ပဉ္စမံ(ရန်သူ ့သူလျှို)တွေပေါ ့။
ငါကြွေးကြော်မယ်
ငါတောင်းဆိုမယ်
ငါဟစ်အော်မယ်
ဒီနေ ့အဖို ့
ကလေကချေကဗျာဆရာတွေ အလိုမရှိ
ကလေကချေအနုပညာရှင်တွေ အလိုမရှိ။
ငါထပ်ကြွေးကြော်မယ်
ငါထပ်တောင်းဆိုမယ်
ငါထပ်ဟစ်အော်မယ်
ဒီကနေ ့အဖို ့
ပဉ္စမံကဗျာဆရာတွေ အလိုမရှိ
ပဉ္စမံအနုပညာရှင်တွေ အလိုမရှိ။
ဪ…ငါ ့နှယ်
ခေတ်ပျက်ကြီးထဲ
ငါ ့အော်သံ
မန် ့ချ်ရဲ ့အော်သံလောက်မှ
ဒေါ်အောင်ဆန်းစုကြည် ကြားပါ ့မလား။
ဘာပဲဖြစ်ဖြစ်
ဒေါ်အောင်ဆန်းစုကြည်ကို
ငါတို ့ချစ်တယ်။
ရေနစ်နေတဲ့မြစ်ကို
ဆယ်တင်ရမယ်။
နရသိန်တံခါးတွေ
ရိုက်ချိုးဖွင့်ပစ်ရမယ်။
လူဆိုးဗိုလ်ကြီးရွှေရွှေကို
သည်ဟိဂ်ခုံရုံးပို ့ရမယ်။
ဒီခေတ်ပျက်ကြီး
တို ့ရအောင်ဖျက်ရမယ်။
ခေတ်ပျက်ထဲမှာ
ထူးအိမ်သင်လည်း
ခေတ်ပျက်အဆိုတော်
အောင်ဝေးလည်း
ခေတ်ပျက်ကဗျာဆရာ
တို ့ရာဇဝင်ရိုင်းရော ့မယ်။
အဖိနှပ်ခံတို ့သမိုင်းဆိုတာ
ငပလီသောင်ယံက
လှိုင်းခတ်သံ မဟုတ်ဘူး။
တော်လှန်သူတို ့သမိုင်းဆိုတာ
တောရိုင်း တောင်ရိုင်းပေါ်က
ဒုန်းစိုင်းဆင်းလာတဲ့
တောင်ကျချောင်းပဲဖြစ်တယ်။
တို ့ဘဝတွေကို
တို ့ချစ်ကြမယ်။
တို ့ကဗျာတွေကို
တို ့ချစ်ကြမယ်။
တို ့အနုပညာတွေကို
တို ့ချစ်ကြမယ်။
တို ့တိုက်ပွဲကို
တို ့ချစ်ကြမယ်။
တို ့ပန်းတိုင်ကို
တို ့ချစ်ကြမယ်။
တို ့ကလေးတွေကို
တို ့ချစ်ကြမယ်။
နောင် အနှစ်(၁၀၀)ကြာရင်
တို ့ချစ်ခဲ့ကြောင်း
အဲဒီ တောင်ကျချောင်းတွေက
ကောင်းကောင်းပြန်ပြောပြနိုင်ရမယ်။
ငှက်ရေ
ဒီနေ ့အဖို ့
ငါ ့အတောင်ပံတွေကို ကြိုးဖြေပြီး
လေနဲ ့ချည်ထားလိုက်ပြီ။
ညီရေ…
ချစ်ခြင်းအားဖြင့်ပါပဲ
ညီရေ… ။ ။

ေ အ ာ င် ေ ဝ း
ဩဂုတ် ၁၄ – ၂၀၁၄
ခေတ္တ – မစ်ရှီဂန်။

 

Bird 11

 

 

 

 

 

 

 

 

 

 

 

 

သမီးလေး မိကွန်ထော နဲ့ ကိုငှက်။

 

1212

 

 

 

 

 

 

 

 

 

 

ကိုငှက်…သီချင်းတွေထဲ မှာ  တိုင်းသိပြည်သိ ချစ်ပြခဲ့တဲ့ အမေ။

 

၁၃၁၃

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ကဲ…ခင်ဗျားတို့ရော ကိုငှက် ကို မလွမ်းကြဘူးလား။

သဘက်ခါ ဩဂုတ်လ ၂၃ ရက်နေ့မှာ ကိုငှက် အလွမ်းပြေပွဲရှိပါတယ်။

ရှင်စောပုလမ်းက MEP မှာ ကျင်းပမှာပါတဲ့။

ကျွန်တော်လည်း ကြည့်မလားလို့တော့ ကြံစည်နေတာပါပဲဗျာ။

ညီလေး ဂီဂီကတော့ သူ က ဓါတ်ပုံတွေ ရိုက်မယ်တဲ့။

ဦးဘလက်က ပွဲ အကြောင်းရေးတဲ့။

သွားဖြစ်မလားမသိသေးပါဘူးခင်ဗျာ။

ကိုငှက် ကို ချစ်ခင်လေးစားနေဆဲ

ဘလက်ချော…။

 

29 comments

  • ဇီဇီ ခင်ဇော် (15102012)

    August 21, 2014 at 10:15 am

    ဪ။
    သတင်း ကို တပိုင်းတစ ဖတ်ပြီး ဘာတွေတုန်း မှတ်နေတာ။
    ခုမှ သဘောပေါက်တယ်။

    ကျနော်ပြောဖူးတယ်နော့။
    ထူးအိမ်သင် အသံ နဲ့ သီချင်းကို တစ်ခွေလုံး နားမထောင်နိုင်ဘူးလို့။

    အဆီအနှစ် တွေကို တစ်ထိုင်တည်း မစားနိုင်သလိုလေ။

    :a:

  • black chaw

    August 21, 2014 at 10:28 am

    ပထမဆုံး တက်လာတဲ့ ကွန်းမန့်အတွက် ကျေးဇူးတင်ပါတယ်ဗျာ။
    ပြန်လာဦးမယ်လို့ ယူဆပြီး…မျှော်နေမယ် ဗျာ။

  • ဦးဦးပါလေရာ

    August 21, 2014 at 10:42 am

    .လောလောဆယ် ပြောထားနှင့်ချင်တာကတော့ ထူးအိမ်သင် အမှတ်တရပွဲက လက်မှတ်ကုန်သွားပြီ လို့ ကြားပါကြောင်း….
    🙁

    • black chaw

      August 22, 2014 at 10:03 am

      @ ဦးဦးပါလေရာ ;
      VIP ငါးသောင်းတန်းက တစ်တန်းထပ်တိုးပေးမယ်လို့
      ကြားပါတယ်ကိုပါကြီးရေ။

  • အလင်းဆက်(24/05/2011)

    August 21, 2014 at 10:58 am

    အဲ့ဒီ ဦးထုပ်ကလေးရဲ့ သီချင်းတွေကို
    အခုထိ ဆိုညည်းနေမိတုန်းးး

    အဲ့ဒီပွဲတော့ မသွားဖြစ်တာ သေချာသလောက်ပဲ

    အဲဒီပွဲပြီးရင် ရေးမယ့် တင်မယ့် စာတွေ ပုံတွေကို ပြန်ကြည့်ဖို့ အသင့်ပါပဲ

    အဲ့ဒီ စာအုပ်လေးလည်း ဝယ်သိမ်းချင်သေးတယ်။

    လောလောဆယ် ဒီပိုစ့်လေးကို နောက်တစ်ခေါက် ပြန်ဖတ်ဖို့ သိမ်းထားလိုက်မယ်။

    အခုက အလုပ်ထဲကနေ ဖုန်းလေးနဲ့ ကပျာကယာ ဖတ်လိုက်ရလို့။

    😆

    • black chaw

      August 22, 2014 at 10:05 am

      @ အလင်းဆက် ;
      စာအုပ် ဝယ်သိမ်းချင်တယ်ဆိုရင်တော့
      ဒီပို့စ်ကို တင်ရကျိုးနပ်သွားပါပြီဗျာ။

  • JackSkellington

    August 21, 2014 at 10:58 am

    ငယ်ငယ်တုန်းက ဇော်ဝင်းထွဋ် တို့ အက်ဆစ် တို့ စိုင်းစိုင်း တို့ နားထောင် နေတဲ့ အချိန် မှာ ဦးငှက် ရဲ့ သီချင်း တွေ က ပျင်းဖို့ ကောင်းတယ် ထင်ခဲ့တယ်ဗျ။
    နည်းနည်း အသက်ကြီးလာလို့ လေးဖြူ တို့ linkin park တို့ ဘက် ရောက်သွားတော့လဲ ဦးငှက် ရဲ့ သီချင်းတွေက အားမပါ သလိုလို သူ့ အသံကြီးကို ညှောင်နာနာ လိုလို ထင်ပြန်ရော။
    ခု နောက်ပိုင်း ကျတော့ သူ့ သီချင်းစာသားတွေက အဓိပ္ပာယ်တွေ ပြည့်နေမှန်း သူ့ အသံ က အေးချမ်းမှန်း သူ့သီချင်းမယ်လိုဒီ တွေက ငြိမ်းငြိမ်းချမ်းချမ်း ရှိမှန်း နားလည် လာတော့တယ်။

    ဒါတောင် သူ့သီချင်းတွေကို ဘယ်ဟာ က ဘာမှန်း မသိဘဲ ငယ်ငယ် ထဲက ကြိုက်ခဲ့တာတွေ အများကြီး ရှိသေး။

    • black chaw

      August 22, 2014 at 10:08 am

      @ JackSkellington ;

      ခု နောက်ပိုင်း ကျတော့ သူ့ သီချင်းစာသားတွေက
      အဓိပ္ပာယ်တွေ ပြည့်နေမှန်း သူ့ အသံ က အေးချမ်းမှန်း
      သူ့သီချင်းမယ်လိုဒီ တွေက ငြိမ်းငြိမ်းချမ်းချမ်း ရှိမှန်း နားလည် လာတော့တယ်။

      ကွန်းမန့်လေးအတွက်ကျေးဇူးပါ ခင်ဗျာ။

  • manawphyulay

    August 21, 2014 at 11:21 am

    သူ မရှိတော့ပေမယ့် သူ့ရဲ့အသံ သူ့ရဲ့ ပုံသဏ္ဍာန်၊ သူ့ရဲ့ အရိပ်တွေကတော့ ပရိသတ်တွေရဲ့ ရင်ထဲမှာ ခုထိ စွဲကျန်နေဆဲပါလေ….
    ကိုငှက် နောင်ဘဝမှာများ သီချင်းဆက်ဆိုနေလေသလား ….

  • Nyo Win

    August 21, 2014 at 11:26 am

    လွမ်းတယ်ဗျာ… 🙁

    • black chaw

      August 22, 2014 at 10:24 am

      @ Nyo Win ;
      အတူတူ လွမ်းကြတာပေါ့ ကိုညိုဝင်းရယ်…။
      🙁

  • Ko chogyi

    August 21, 2014 at 11:53 am

    ဟေ့လူကြီး ဦးထုပ်လို့ပြင်ပေး
    အဲလာပြင်ပြီးမှပြန်လာဖတ်မယ်
    မဟုတ်ရင်ဖတ်ရတာအဆင်မပြေဘူး
    ( အမှန်တော့ မအားသေးတာရယ် စာရှည်ရင်ဖတ်ရမှာပျင်းတာရယ်ကြောင့်ပါ)

    • black chaw

      August 22, 2014 at 10:23 am

      @ Ko chogyi ;
      ဟုတ်ကဲ့။ ခေါင်းစဉ်ကတော့ မနေ့ကတည်းက
      ဇီဇီ ပြင်ပေးထားတယ် ထင်ပါရဲ့။
      ပို့စ်ထဲမှာတော့ အခုပဲ ကျွန်တော်ပြင်လိုက်ပါပြီ ခင်ဗျ။
      စာက ရှည်ဆို ကိုအောင်ဝေး စာအုပ်တစ်အုပ်လုံးလို ဖြစ်နေတာကိုးခင်ဗျ။
      ပျင်းရင်တော့ မဖတ်တာပဲကောင်းပါတယ် ကိုချိုကြီးရေ။
      ပျင်းလို့ မဖတ်ပေမယ့် သတ်ပုံအမှားလေး ဝင် ထောက်ပြပေးသွားတာ
      ကျေးဇူး အထူးပါခင်ဗျာ။

      • Ko chogyi

        August 22, 2014 at 6:21 pm

        အခုဖတ်ပြီးသွားပြီဗျ ဘာရေးရမှန်းမသိအောင်
        အကွက်စေ့နေလို့
        ၁၅၀ဝ တန်စာအုပ်ဝယ်ဖတ်လိုက်ဦးမယ်

  • ဇီဇီ ခင်ဇော် (15102012)

    August 21, 2014 at 6:56 pm

    အမာခံပရိသတ်ကြီးတွေက ထူးအိမ်သင် ဆယ်နှစ်ပြည့်ကျတော့မှ ဟိုလူ မဆိုရ သည်လူ မဆိုရ နဲ ့ပြသနာတွေ ဆူပွက်နေကုန်ပါရော့။နောက်လူတွေ ပြန်မဆိုစေချင်ဖူးဆိုလဲ မဆိုနဲ့ပေါ့ဗျာ။ဇာ၈နာကတော့ကြိုက်တယ်။ဘယ်သူ ့မှ ပေးမဆိုနဲ့။မြို့မ အဖွဲ ့ကြီးဆိုလဲ ရွှေမန်းတောင်ရိပ်ခို တို ့၊ရွှေမန်းမာလာ တို့ ဘယ်သူ့မှ ပေးမဆိုနဲ့၊သကြ်န်ဆို တခြားသီချင်းသာဆိုကြပေါ့။မင်္ဂလာဆောင် ဆိုလဲ အခါတော် တို ့သက်ဝေ တို့ မဆိုကြနဲ့။မင်္ဂလာဆောင်တိုင်း သီချင်း အသစ် တစ်ပုဒ် ကိုယ့်ဖာသာ ကိုယ် တေးရေးဆရာဆီ အပ်ပြီးသာရေးကြပေတော့။စိန်ခြူးကြာညောင်ကိုလဲ လှိုင်ထိပ်ခေါင်တင် မူ နဲ ့လွဲမှာစိုူးလို ့ဘယ်သူ ့မှပေးမဆိုနဲ့။နားအေးတာပဲ။
    ဒီလိုလုပ်မယ် ဆိုရင် ကိုဇော်ဝင်းထွတ် တို ့ကိုမေတ္တာရပ်ခံချင်ပါတယ်။သူတို့အဖို း ဆရာ ရွှေတိုင်ညွန် ့ရေးခဲ့တဲ့ တပ်မတော် ကြီးကို အင်အားရ်ှိဖို ့အရာရာ မှာကူညီ ဆိုတဲ့ သီချင်း ကို ဒီနေ ့စပြီး ဘယ်သူ ့မှပေးမဆိုပါနဲ ့တော့လို ့။ရှေးကတပ်မတော် ကိုမှီမှ မမှီတဲ့ဟာ။
    ( Zarganar)
    :k:

  • black chaw

    August 22, 2014 at 10:14 am

    @ manawphyulay ;
    ဝင်လွမ်းသွားတာကျေးဇူးပါ ခင်ဗျာ။

  • ရွှေညာသား

    August 22, 2014 at 10:30 am

    ဘလက်ကြီးရေ တကယ်ပါ ရင်ထဲမှာဆို့နေအောင် ခံစားရတော့
    စကားကိုမပြောနိုင်တော့ဘူးဗျာ ။
    အဲ ကဗျာတွေက ရင်ထဲထိတယ်ဗျာ ခဏနေကျွန်တော် တတ်လာတော့မယ်
    ခင်လွန်လွန်းလို့ . .. . … . .. လှမ်းပြီး တိုးတိုးတိတ်တိတ် ပြောတာနော်…

    စောင့်ကြည့် ဘလက်အကြိုက်တွေကြည့်ပဲ ။

  • black chaw

    August 22, 2014 at 10:35 am

    @ ရွှေညာသား ;
    ကျေးဇူးပါ ကိုရွှေညာသားရေ။
    ပို့စ်တက်လာရင် အားပေးပါ့မယ် ခင်ဗျ…။

  • ကျောက်စိမ်း တိန်ညင်

    August 22, 2014 at 11:01 am

    မြန်မာအဆိုတော်တွေထဲ …. အကြိုက်ဆုံး စာရင်းထဲ ကိုငှက်ပါသပေါ့ …
    မော်လမြိုင်သွားခဲ့တုန်းက မူးနေတုန်း စကါးတခွန်းတော့ ပြောခဲ့ဖူးတယ် ” အူးလေးသီချင်းဒွေ အကုန်မကြိုက်ဘူးဗျ ကျနော်ဆိုသမျှ ထွက်သမျှသီချင်း အကုန်ကြိုက်တာက စန္ဒားလှထွဋ်နဲ့ စိုင်းထီးဆိုင်ပဲလို့ ” သူကတော့ ထုံးစံအတိုင်း အေးဆေး အဲတခွန်းတော့ ပြောတယ် သူလည်း အဲ့၂ယောက်လုံး ကြိုက်တယ်တဲ့ ….
    မှတ်မှတ်ရရပေါ့

  • ရွှေတိုက်စိုး

    August 22, 2014 at 11:07 am

    အော် လွမ်းတော့လွမ်းကြတာပေါ့ဗျာ… အဲဒီထက်အရေးကြီးတာရှိသေးတယ်ဗျ… သေသွားတဲ့သူက သေသွားပြီပဲ…. လွမ်းနေမယ့်အစား….
    သူတသက်လုံး ဖန်တီးလာတဲ့ သီချင်း၊စာသား၊ကဗျာတွေကို မပျောက်မပျက် မူရင်းမပျက်သိမ်းဆည်းထားဖို.တော့ ပိုအရေးကြီးမယ်ထင်တယ်ဗျို…..

    ပျောက်သောသူကြာရင်မေ့ဆိုပေမယ့်…. သူ.သီချင်းတွေ သူ.ရဲ.ဖန်တီမှုတွေက ဘယ်ခေတ်မဆို ရှိနေအုံးမှာပါဗျာ…

  • ခင် ခ

    August 22, 2014 at 11:15 am

    ထူးအိမ်သင်ကို ကာတွန်းဆရာကြီးဦးဖေသိန်းရဲ့သား နဲ့ အတူတွေ့ပြီး သူတီးခတ်ဆိုပြတဲ့ နာရီသံတွေ ဆူညံလွန်းနေ ရင်ခုံသံတွေမြန်တယ်အချစ်ရေ…………….. ဆိုသော နာရီပေါ်မှမျက်ရည်စက်များ အခွေမထွက်ခင် စကြားခဲ့မိကထဲက သူ့အသံ သူ့စာသား ကို ကြိုက်ခဲ့ရာက …………. အခုတော့ ဝေးခဲ့ပြီလေ ခုတော့ဝေးခဲ့ပြီလေ…………….။

  • kyeemite

    August 22, 2014 at 1:06 pm

    ပုံထဲက အမေနဲ့သမီး မျက်ရည်ကျနေတာကြည့်ပြီးစိတ်မကောင်းဘူးဗျာ…ကျုပ်လည်းထူးအိမ်သင်ပရိတ်သပ်ပါ
    သူ့သီချင်းတွေကို ပေါ်ကာစကတည်းက စွဲလမ်းခဲ့တာပဲ ကျောင်းတကာရေ

  • မြစာကလေး (23122011)

    August 22, 2014 at 10:04 pm

    ကောင်းတဲ့ သီချင်း အဟောင်း တွေကို အသစ်တွေ ပြန်ဆိုကြတာ၊ ပုံစံပြောင်း ဆိုကြတာ မထူးဆန်းတော့ ပါ ကဘချောရေ။
    အများစု ကတော့ Original သီချင်း ကို ခြေဖျားတောင်မမှီ ပါဘူး။
    ဘာလို့ လဲဆိုတော့ Original သီချင်းက Original ဆိုတဲ့ သူ ရဲ့ အသံ နဲ့ ကိုက်အောင် ရေးထား တာကြောင့် လို့ ထင်မိတာဘဲ။
    အခု လဲ ထူးအိမ်သင် ရဲ့ သီချင်း တွေ ကို ပြန်ဆိုရင်လဲ သူ့အသံ ချိုရှရှ လေးကို လုံးဝ မှီကြမှာ မဟုတ်ပါ။
    ဒါပေမဲ့ မိသားစု အတွက် အကျိုးအမြတ် ရမယ် ဆိုရင် ထုတ်တာ ကောင်းပါတယ်။
    နောက်ပြီး အသစ် ထွက်တာ သူ မူလ သီချင်း သံ တွေ ပျောက်သွားမှာမှမဟုတ်ဘဲ
    ပိုပြီးတောင် တန်ဖိုး တက်လာမှာပါ။

    အရင်က ထူးအိမ်သင်လဲ အောင်ရင် ရဲ့ သီချင်းတွေ ပြန်ဆိုတယ်။
    စိုင်းထီးဆိုင် က ဝင်းဦး သီချင်း တွေ ပြန်ဆိုတယ်။
    Original ကို မမှီကြ ပါ။ မဟုတ်လား။

  • pooch

    August 23, 2014 at 2:18 pm

    သူ့ခွေတွေ CD ပြန်စုနေတယ်။ နောက်ဒီလို လူမျိုးထပ်တွေ့ရဖို့ မလွယ်တော့လို့ ။
    ကိုဘလက်သွားကြည့် ဖြစ်ရင်ကောင်းမယ် ။ မကြည့်ရတဲ့သူတွေအတွက် ကြည့်လိုက်ရသလို စာဖတ်ရအောင် ရေးပေး။
    ဒီတခါ ကိုဘလက်အလှည့်။

    ဒါနဲ့
    သိပ်တော်တာလား??? သိတ်တော်တာလား??? စာလုံးပေါင်းမှားနေတာလားဟမ် :mrgreen:

  • Paing Lay

    August 23, 2014 at 3:15 pm

    ကျွန်တော် လူမှန်းသိတတ်စအရွယ်မှာ ဦးငှက်ရဲ့ “အကြင်နာအိပ်မက်” စီးရီးနဲ့ စတင်ရင်းနှီးခဲ့ပါတယ်။ 4တန်းလောက်ရောက်လာတော့ ကိုလေးနဲ့ တွဲဆိုထားတဲ့ “ရင်ထဲက မိုးစက်များ” အရမ်းကြိုက်ပါတယ်။ နောက် အလယ်တန်းကျောင်းသားဘဝမှာ အမေဆုံးတာနဲ့ပဲ တိုက်ဆိုင်တာလားမသိဘူး။ “အမေ” သီချင်းနဲ့တွေ့တယ်။ အဲဒီစီးရီးထဲက အကြိုက်ဆုံးကတော့ “အမေ့အိမ်”ပါ။ အခုချိန်ထိလည်း အလွတ်ရနေတုန်းပဲ။ ဆယ်ကျော်သက်အရွယ်ကျတော့ “တစ်နေ့စာ အလွဲများ”ပေါ့။ 9တန်းကျောင်းသားဘဝအလွန်မှာ “သီချင်းများနဲ့ လူ” အကြိုက်ဆုံးပါ။ သူကွယ်လွန်ပြီးတဲ့ နောက်ပိုင်း လက်ရှိအရွယ်ထိ ရင်ထဲငြိတဲ့ သီချင်းကတော့ “အလင်းဆိုင် ရဲ့ သီချင်း”ပါခင်ဗျားးးးးးးးးးး။

    တော်သေးဘီ။ ခွက်ဒစ်တူ အဘဖော်
    ကျွန်တော့် ရင်ထဲငြိဖူးခဲ့တဲ့ ဦးငှက်ရဲ့ သီချင်းလေးတွေပါ။ သတိရလွမ်းဆွတ်သောအားဖြင့်
    ပိုင်လေး 🙂

  • မ " တတ် ပါ့ "

    August 23, 2014 at 6:09 pm

    မနက်ခင်းပွင့်တဲ့ ပန်းလေးထက်ကို ပိုမွှေးတာ ချစ်သမီးလေးရဲ့ ပါးနုနုလေး တွေမှာ..
    ငှက်ကလေးများရဲ့ တေးချင်းထက်ကို ချိုမြတာ ချစ်သမီးလေးရဲ့ စကားလေးများ ကြားစဉ်အခါ ..
    ကမ္ဘာကြီးထဲ ဘယ်သူဘယ်အရာမှ အနှိုင်းမရ ရင်ထဲက ရတနာတစ်ပါး ..
    အို အနက်ရှိုင်း ဆုံး ချစ်မေတ္တာတရား သမီးလေးသာ ဖန်ဆင်းပေး နိုင်ခဲ့တာ..
    ရင်မှာ စိမ့်စမ်းရေအလား စီးဆင်းတဲ့ ဒီမေတ္တာ ထာဝရသမီးလေ အတွက်ပါ ..
    တုနှိုင်းမဲ့ ရတနာလေးတောင် အရွယ်ရောက်လာပြီနော်….

    ကိုဌက် အလွမ်းပြေလေး တစ်ပုဒ်လောက် ဟဲ ခွင့်ပြုပါ။။။။။

    အလှဆုံးအပြုံးလေးများ နှုးညံ့တဲ့နှုတ်ခမ်းပေါ်မှာ ..
    ချစ်သမီးလေး အမြဲတမ်း သိမ်းပိုက် ခွင့်ရစေသား ..
    ဘာမဆို ရင်ဆိုင်ကာ တိုက်ခိုက် ဖို့ အသင့်အနေအထား ပျော်ရွှင်ပါစေ တစ်သက်လုံး သမီးလေးရဲ့ ကိုယ်စား..
    အို သမီးအတွက် အရာရာခံယူရခဲ့ပြီ..
    အို နှလုံးသားရတနာတစ်ပါး…
    အို အနက်ရှိုင်း ဆုံး ချစ်မေတ္တာတရား ..
    သမီးလေးသာ ဖန်ဆင်းပေးနိုင်ခဲ့တာ..
    ကြည်လင် စိမ့်စမ်းရေ အလား စီးဆင်းတဲ့ ဒီမေတ္တာ ..ထာဝရသမီးလေးအတွက်ပါ ..

    😥

  • JackSkellington

    August 23, 2014 at 11:02 pm

    အခု ဆယ်နှစ်ပြည့် လွမ်းခြင်းအားဖြင့် ရှိုး ကို တော့ ဖွဘုတ် က မိတ်ဆွေ အတော်များများ မကျေနပ်ကြကြောင်းပါခင်ဗျား။ 🙂

  • ဇီဇီ ခင်ဇော် (15102012)

    August 27, 2014 at 5:17 am

    ——————————
    စိတ်ပျက်ရတဲ့ ထူးအိမ်သင် ဂီတပွဲ (သို့မဟုတ်) ပြန်ဆို ယဉ်ကျေးမှု စနစ်တကျ ထွန်းကားသင့်ပြီ
    POST by ငြိမ်းချမ်းအေး|

    စီစဉ်ကတည်းက ပွဲဆူခဲ့တဲ့ ထူးအိမ်သင် ဂီတပွဲတော် ကို မိုင်ထောင်ချီနေပေမယ့် နည်းပညာစွမ်းတဲ့ ခေတ်ကြီးမို့ ဝမ်းသာအားရ ကြည့်လိုက်ရပါ့ ခင်ဗျာ။ ထူးအိမ်သင် နဲ့ မိသားစု ကို ချစ်ခြင်းအားဖြင့် ဒီပွဲ ကို ဖြစ်စေချင်ခဲ့တယ်၊ ကက်ကက်လန် ကန့်ကွက်ခဲ့သူများ စာရင်းမှာ ကျနော် မပါခဲ့ပါ။ ပုဂ္ဂလိက ခံစားမှု အရတော့ ထူးအိမ်သင် ရယ်မှ မဟုတ် ငယ်စဉ်က နားထောင် ကြိုက်ခဲ့သူ ဘယ်အဆိုတော်မျိုး မဆိုရဲ့ သီချင်းတွေကို စ နားထောင်ဖူးတဲ့ ပုံစံသာ စွဲတယ်။ အဆိုတော် တယောက်တည်း၊ ကိုုယ်ပိုင်သီချင်း ဒီ တပုဒ်တည်း ကိုတောင် မှ နောက်ပိုင်း ပြန်ဆိုရင် သိပ် ဘဝင်မကျချင်ဘူး။ ဒါပေမယ့် ဂီတ ပုံစံ အသစ် လုပ် သိသိသာသာ အားထုတ် ထားတာမျိုးဆိုရင် လှိုက်လှိုက်လှဲလှဲ ကြိုဆိုတတ်ပါတယ်။

    လူဆိုတာမျိုး ကလည်း “The first cut is the deepest — ရည်းစားဦး မြေးဦး ရတဲ့ အထိ မမေ့ဘူး” ဆိုတဲ့ စိတ်အခံနဲ့ချည်းပါ။ သီချင်းမှာလည်း အလားတူပါပဲ။ မူရင်း ပထမ ဗားရှင်းချည်းရယ်လို့ မဆိုလိုပါ။ ကိုယ့်ခေတ် ကိုယ် စ နားထောင်ဖူးကြတာကိုပဲ နားစွဲကြတာ များတယ်။ “ပလေးဘွိုင်သန်းနိုင် ပလေးဘွိုင် သန်းနိုင် ရယ်လို့ နာမည်ကြီးလို့ နားထောင် ကြည့်တယ်၊ လက်စသတ် တော့ ဇော်ဝင်းထွဋ် သီချင်းတွေ ပြန်ဆိုတဲ့ လူကြီးပါ့လား” လို့ ဆိုတဲ့ ဇော်ဝင်းထွဋ် ခေတ်ကြီးသူများရဲ့ အသံ ကို ကိုယ်တိုင် ကြားခဲ့ဖူးတယ်။ ဆိုချင်တာက လူဆိုတာ ကိုယ့်ခေတ် နဲ့ ကိုယ် မူရင်း ဟုတ် ဟုတ်၊ မဟုတ် ဟုတ် ပြန်ဆို ဆိုလည်း ကောင်းရင် အားပေး နှစ်သက် စွဲလမ်း တတ်ကြတာပါပဲ။

    ၉ဝ ခုနှစ်များကို ဖြတ်သန်း ခဲ့ရသူတယောက် အနေနဲ့ ပြန်ဆို သီချင်းများ စည်ပင်လှတဲ့ ခေတ်ကြီး ကိုလည်း မျက်မြင်တွေ့ အသားကျခဲ့တယ်။ “မသာတခု အရင်းပြုလို့” အမြင်ကတ် ဆိုလောက်ရအောင် အသိအမှတ်ပြုထိုက်တဲ့ ဂီတသမား တဦး တယောက် ဆုံးများ ဆုံးရင် လွမ်းချင်းချ ဘော်ချက်ကြတဲ့ ခေတ်ကြီးကိုလည်း ဖြတ်သန်းခဲ့ရတယ်။ မဆုံးခင်မှာကတည်းက “နှလုံးသားထဲက၊ ကလီစာထဲက..” အစရှိတဲ့ ပြန်ဆိုတေးစုတွေ ရေပန်းစားခဲ့တာလည်း ကြုံခဲ့ရတယ်။ စိတ်လည်း ကုန်ခဲ့ရတာတွေ ရှိတယ်။

    ဒါပေမယ့် တကယ် အသိအမှတ် ပြုထိုက်တဲ့ ထူးခြား ပြန်ဆို တွေကို ရင်ဘတ်ကြီး နဲ့ ခံစား သိနားလည် ကျေးဇူးသိတတ်ခဲ့တယ်။ ဥပမာ တွေ ချ ပြ ရရင် –

    ကိုယ်ပိုင်ဖန်တီးမှု အနုပညာ အပြည့်ရှိသူ ခင်ဝမ်းကြီး တယောက် သူများ ရေး၊ သူများဆိုပြီး သီချင်း အဟောင်း အများစု ကို ယူ ပြန်ဆိုသွားတဲ့ “ပန်းခရမ်းပြာ (၁၉၈၆)” ဆိုရင် ခင်ဝမ်းရဲ့ အကောင်းဆုံးများထဲက တခွေလို့ ပရိသတ်များ လက်ခံ ခဲ့ကြသလို ဂီတ ဖန်တီး စီမံ တီးခတ်မှု အရ မဇ္ဈိမလှိုင်း ရဲ့ အကောင်းဆုံး လက်ရာများထဲက တခုလို့လည်း သတ်မှတ်ခဲ့ကြတယ်။

    “တချို့တွေ နေနိုင်လွန်းတယ်..” (နောက်ဆုံးအိပ်မက်၊ ကိုနေဝင်း + ကိုရဲလွင်) ဆိုပြီး ခိုင်ထူး က နာနာကြည်းကြည်း ခပ်မာမာ အော်တယ်၊ ခင်ဝမ်း က ကြေကြေကွဲကွဲ ဆွေးဆွေးမြည့်မြည့် ဆိုတယ်၊ ကျနော်တို့ နှစ်ပုဒ်စလုံး စွဲခဲ့တယ်။ ညအိပ်ရာဝင် ဝတ်တက် သီချင်းတွေ ဖြစ်ခဲ့တယ်။

    သဇင်ည (ကိုရဲလွင်) ကို ခင်မောင်တိုး၊ ခင်ဝမ်း အသံဝါ၊ အသံလွင် ကြီးတွေနဲ့ ပုံစံတမျိုးစီ ဆိုခဲ့ကြတယ်၊ ကျနော်တို့ နှစ်ယောက်စလုံးကို ကြိုက်ခဲ့ကြတယ်။ ဆောင်းညများရဲ့ အလွမ်းဘွဲ့ ဖြစ်ခဲ့တယ်။

    သဇင်ည ခင်မောင်တိုး (၁၉၈၀)၊ ခင်ဝမ်း (၁၉၈၆) (Two Versions)
    YouTube Music Video URL: http://youtu.be/b6Ro3wxfySI

    “တေးမြုံငှက် (မောင်သစ်မင်း + ကိုရဲလွင်)” ဟာ ခိုင်ထူး ရဲ့ အမှတ် သင်္ကေတ တခုပါ၊ ဒါပေမယ့် ခင်ဝမ်း ဗားရှင်းလည်း အသစ် ဟန် တခု ပေး အနုပညာ ရသ မြောက်တော့ နှစ်သက်ခဲ့ကြတယ်။

    တေးမြုံငှက် ခိုင်ထူး (၁၉၇၉)၊ ခင်ဝမ်း (၁၉၈၆) (Two Versions)
    YouTube Music Video URL: http://youtu.be/KQAO-MOO9qc

    ဇော်ဝင်းထွဋ် မင်းမင်းလတ်ကြီး ဆုံးခါနီး နှစ်ပိုင်းများမှာ ကျကျနန ဂုဏ်ပြု အမှတ်တရ လုပ် “ဆေးဆိုးပန်းရိုက်မျက်နှာများ (၁၉၉၅)” ပြန်ဆို အခွေ ထုတ်တော့ ၉ဝ ခေတ်လူငယ် ပရိသတ် နဲ့ ရှေး စတီရီယို ခေတ်ဦး ဘုရင် မင်းမင်းလတ် သီချင်းတွေကို မိတ်ဆက် ပေးနိုင်၊ သီချင်း အဟောင်း၊ အကောင်းတွေ ပြန်လည် ရှင်သန်စေခဲ့တယ်။ ဒီလိုပဲ ပလေးဘွိုင်ကြီးရဲ့ ဂျစ်ပစီမိုးတိမ် (ဝင်းမင်းထွေး)၊ အဝါရောင်လမ်းကလေး (သုခမိန်လှိုင်) အစရှိသလို အများအပြား အကောင်းဆုံး ပြန်ဆို နိုင်ခဲ့တယ်။

    အငဲလည်း အလားတူပဲ သန်းနိုင်ရဲ့ မျှော်လင့်ခြင်း ကွင်းပြင်၊ ကိုယ်ရေးရာဇဝင် (မောင်သစ်မင်း) သီချင်းကောင်းတွေကို သူ့ခေတ် ပရိသတ် နဲ့ ဆန်းသစ် မိတ်ဆက် ပေးနိုင်ခဲ့တယ်။

    ဒီလို ကာလာတူ လိုင်းတူ တွေ ထားလိုက်ပါဦး။

    “ဆန်းသစ်မှု လက်နက်များ ကိုင်ဆောင်ပြီး..” ဆိုပြီး မြူးကြွတဲ့ အပြင်းစား ကိုယ်ပိုင် ရော့ခ်သီချင်းတွေနဲ့ ၉ဝ ခုနှစ်များရဲ့ လူငယ်များကြား ရောက်လာခဲ့သူ မာရဇ္ဇ ဆိုရင် သူများ သီချင်းပြန်ဆိုရာမှာလည်း စံထား လောက်သူပါ။ သူနဲ့ ဂီတ ပုံစံ လုံးဝ ဥဿုံ ကွဲ၊ လျှာ မတူ အာမတူ လွှမ်းမိုး၊ မင်းအောင်၊ ခိုင်ထူး တို့ ရဲ့ နာမည်ကြီး သီချင်းတွေကို သူ့ပုံစံနဲ့ သူ ပြန်ဆိုရင်း သီချင်းတွေကို ပြန်လည် အသက်သွင်း ခေတ်လူငယ်များကို ပေးသိခဲ့သူပါ။

    လွှမ်းမိုး မဆုံးခင် သူ့ သီချင်း တပုဒ်ကို ပြန်ဆိုဖို့ မာရဇ္ဇ က ခွင့်သွားတောင်းတော့ လွှမ်းမိုး က “မင်း ဘယ် ပုံစံ ဆိုမှာလဲ” မေးတယ် ဆိုတယ်၊ မာရဇ္ဇ က သူဆိုမယ့် ပုံစံကို ချက်ချင်း ကောက် ဂစ်တာ တီး ဆိုပြသတဲ့၊ လွှမ်းမိုး ကလည်း “ဟာ.. ဒီလိုမျိုး ပြန်ဆိုတာဆိုရင် ဆိုစမ်း၊ ခွင့်ပြုတယ်” လို့ ဆိုသတဲ့၊ ကြည်နူးဖွယ် ဖတ်ဖူးခဲ့ပါရဲ့။

    အခု ပွဲရဲ့ ဂုဏ်ပြုခံ ထူးအိမ်သင် ကိုယ်တိုင်လည်း ဗမာ့ စတီရီယို ဂီတ ရဲ့ ထိတ်ထိတ်ကြဲ အဆိုတော်ကြီးများရဲ့ ဂန္တဝင် သီချင်းဟောင်းများကို ကိုယ်ပိုင်ဟန် နဲ့ ပြောစမှတ်ဖြစ်အောင် ပိုင်ပိုင်နိုင်နိုင် ပြန်ဆိုတတ်သူ တယောက်ပါ။ အများစု က အတွဲခွေ တွေမှာ လူမှုရေး အရ အားနာလို့ ဝင် ဆိုဖြစ်ခဲ့တာ မှန်ပေမယ့် လက်လွတ်စပယ် ဘယ် တပုဒ် ကိုမှ မလုပ်ခဲ့ဘူး။ ပြန်ဆိုရင် တကယ့်ကို ကြိုက်နှစ်သက် ငယ်ဘဝ စွဲလမ်းခဲ့တဲ့ သီချင်းတွေကို သာ အကောင်းဆုံး ရွေးချယ် ပြန်လည် ဖော်ထုတ်ဆိုခဲ့တာချည်းပါ။ အမေဘွဲ့ သီချင်းကောင်းများကိုဆို လားရှိုးသိန်းအောင် ရဲ့ အမေတခု၊ သားတခု (ကိုသက်မှူး) က အစ ခေတ်ပြိုင် ထွက်ထားတဲ့ ဇော်ဝင်းထွဋ်၊ ဆောင်းဦးလှိုင်ခေတ်သီချင်း များ အထိ ပါ အကောင်းဆုံး ပြန်ဆိုခဲ့တယ်။ (အခု သူ့သီချင်း ပြန်ဆိုကြတော့ စာသားတောင် မမှန်တာ တချို့ တွေ့ရတယ်။)

    ရီတာစိုးဝင်း ရဲ့ လျှို့ဝှက်အချစ် (ဝင်းမင်းထွေး)၊ ချိုပြုံးရဲ့ “နွေဦးကံ့ကော် (ကိုလေးလွင်)” (နှစ်ကြိမ်တောင် သီဆိုခဲ့) ၊ ပလေးဘွိုင် သိန်းတန် + သန်းနိုင် တို့ ရဲ့ “ဖြည်းဖြည်းလေးနဲ့ငြိမ့်ငြိမ့်လေး (ကိုလေးလွင်) (ထူးအိမ်သင် ဆိုတော့ ဘိုဘို နဲ့ တွဲ၊ နှစ်ယောက်သား ဖျားလောက်အောင် ပြန်ဆိုသွား)”၊ ဂျေမောင်မောင် ရဲ့ သတိရနေတဲ့သီချင်း (ဂျေမောင်မောင် + ဂျယ်ရီ Shells) (နှစ်ကြိမ် သီဆိုခဲ့)၊ အောင်မြင် ရဲ့ နန်းမိုးခမ်း (စောဘွဲ့မှူး) အစရှိတဲ့ ပြန်ဆိုသီချင်းတွေ အများကြီး အောင်မြင် ပေါက်မြောက် ပုံစံ တခုနဲ့ လုပ်ခဲ့သူ တဦးပါပဲ။

    နန်းမိုးခမ်း၊ အောင်မြင် (၁၉၇၈) ၊ ထူးအိမ်သင် (၂၀၀ဝ ဝန်းကျင်)
    YouTube Music Video URL: http://youtu.be/7cVB5NdiBKE

    နွေဦးကံ့ကော် ချိုပြုံး (၁၉၈၂)၊ ထူးအိမ်သင် (၂၀၀၃) (Two Versions)
    YouTube Music Video URL: http://youtu.be/VzDPlBfxugY

    သတိရနေတဲ့သီချင်း ဂျေမောင်မောင် (၁၉၈၃)၊ ထူးအိမ်သင် (၁၉၉၈) (Two Versions)
    YouTube Music Video URL: http://youtu.be/3K4-oKlmiY4

    ခေတ် မတူ၊ လိုင်းကွဲ ပေမယ့် ဂီတရသ အနုပညာမြောက်အောင် တီထွင် ဆန်းသစ် ပြန်ဆိုခဲ့ကြတဲ့ အထဲမှာ လေးဖြူ ရဲ့ ဒုတိယ မြောက် ကိုယ်ပိုင်သံစဉ် အခွေ သားကောင် (၁၉၉၈) ကိုလည်း ထည့်ဆိုရပါမယ်။ ဗမာ့ ကိုယ်ပိုင်သံစဉ် ဂီတ မှာ အသိအမှတ်ပြုထိုက်တဲ့ ပုဂ္ဂိုလ်ကြီးများ ရဲ့ သီချင်းကောင်းတွေကို ပုံစံ အသစ်နဲ့ အကောင်းဆုံး ပြန်ဆို နိုင်ခဲ့တယ်။ စိုင်းထီးဆိုင် ရေး/ဆို အတွေးသက်သက်၊ ခင်မောင်တိုး ရဲ့ စိမ်းရက်လေခြင်း (ကိုမောင်မောင်)၊ ဆလိုင်းသွှအောင် ရဲ့ ဂီတဉ္ဇလီ၊ မွန်းအောင် ရဲ့ အချစ်၏လက်များဖြင့် (မောင်သစ်မင်း)၊ ထူးအိမ်သင် ရဲ့ လွမ်းသူ့အိပ်မက် အစရှိတဲ့ သီချင်းများကို ကိုယ်ပိုင်ဟန် အပြည့်နဲ့ ပြန်လည် သီဆို အောင်မြင်အောင် လုပ်နိုင်ခဲ့တယ်။

    ဒီထဲက ဂီတဉ္ဇလီ ကိုဆိုရင် ဗမာ့ကိုယ်ပိုင်သံစဉ် ဂီတ မှာ မှတ်တိုင် ကျန်အောင် မူရင်း ရေးသားသီဆိုခဲ့သူ ဆလိုင်းသွှအောင် ကိုယ်တိုင် က “ဒီပုဂ္ဂိုလ်တွေ ပြန်လည် ဂီတ ဖန်တီး စီစဉ်တာ သီချင်းနဲ့တောင် မတန်ပါဘူးဗျာ..” ဆိုပြီး ကျနော့် ကို ပြောဖူးခဲ့တယ်။ ကိုသွှအောင် က စကားပြောရင် အမြဲတမ်း နှိမ့်ချ ကိုယ့် ဂုဏ်ကို မဖော်တတ်သူ ဖြစ်တာကြောင့်လည်း ပါ ပါတယ်။ ဒါပေမယ့် လေးဖြူ ရဲ့ အဲ့ဒီ “သားကောင်” အခွေ ဟာ လေးဖြူ သီဆိုမှု၊ IC တီးခတ်မှု၊ ဆလိုင်း ခင်မောင်သန့်၊ ချစ်စမ်းမောင် တို့ရဲ့ ဂီတ စီစဉ်မှု အသိအမှတ်ပြုထိုက်တယ် ဆိုတာကတော့ ငြင်းမရခဲ့ပါ။

    ဂီတဉ္ဇလီ ဆလိုင်း သွှအောင် (၁၉၇၉)၊ ဖိုးချို (၁၉၈၃)၊ လေးဖြူ (၁၉၉၈)
    YouTube Music Video URL: http://youtu.be/wj2V2zdR3-Y

    ကွယ်လွန်ခဲ့သူ ဂီတပညာရှင်များကို အမှတ်တရ ဂုဏ်ပြုမှု ဆိုရင်လည်း ၁၉၉ဝ ခုနှစ်များ ရဲ့ အလယ်နှောင်းပိုင်းမှာ စောဘွဲ့မှူး ကို IC နဲ့ သူ့မိသားစု ရဲ့ အမှတ်တရ ဂုဏ်ပြုမှု တေးစုများ က အသိအမှတ်ပြုထိုက်တယ်၊ အောင်မြင်မှုလည်း ရခဲ့တယ်။ စောဘွဲ့မှူး ဂီတသက်တမ်း တလျှောက် ခေတ်အဆက်ဆက် ဖန်တီးခဲ့တဲ့ သီချင်းဟောင်း တွေကို လူသစ်၊ ပုံစံ သစ်နဲ့ လိုက်ဖက်ညီ ဆန်းသစ် ချီးမွမ်းဖွယ် လုပ်ပြနိုင်ခဲ့ကြတယ်။

    ထိပ်တန်း ဂီတသမား တဦး ဖြစ်တဲ့ ဆလိုင်းဂျွန်သင်ဇမ်း သီဆိုခဲ့တဲ့ စောဘွဲ့မှူး ရဲ့ နာမည်ကျော် “မှားတဲ့ဘက်မှာ” ကို IC နဲ့ အဖွဲ့ ပြန်လည် ဖော်ထုတ် ဂုဏ်ပြုခဲ့တာ ဆိုရင် လေးစားဖွယ်ပါ။ ဗားရှင်း အကွဲ တွေကို ယှဉ် နားထောင်ကြည့်ပါ။ အားလုံး တမျိုးစီ ခံစား ရသ မြောက်တာ ကို တွေ့ရပါမယ်။ အမှတ်တရ လုပ် ဂုဏ်ပြုတယ် ဆိုရင် အဲ့သလို အနုပညာ ဂုဏ်ရည်ပြည့်မီအောင် လုပ်ရမယ်ဆိုတာ ဂီတသမား တိုင်းရဲ့ ကျင့်ဝတ်သီလတာဝန် ပါ။

    မှားတဲ့ဘက်မှာနေကြည့်မယ်၊ ဂျွန်သင်ဇမ်း (၁၉၈၀) ၊ မျိုးကျော့မြိုင် (၁၉၉ဝ ခုနှစ်များ)
    YouTube Music Video URL: http://youtu.be/DjU1cNKxig0

    မှားတဲ့ဘက်မှာ ဇော်ဝင်းထွဋ်၊ ထူးအိမ်သင်၊ လေးဖြူ၊ မာရဇ္ဇ၊ ထွဏ်းထွဏ်း၊ အငဲ၊ မေဆွိ၊ မေခလာ၊ ကော်နီ၊ ပိုးဒါလီသိန်းတန် MTV (၁၉၉၇)
    YouTube Music Video URL: http://youtu.be/3HEeu2nI6kw

    အခု ဆိုခဲ့သမျှက အကောင်းတချို့ကို ကောက်နှုတ် တင်ပြခဲ့တာပါ။ ဗမာ့ဂီတ ပြန်ဆိုယဉ်ကျေးမှု နဲ့ စင်တင်ပွဲတွေမှာတော့ အများစုက ဥပမာပြုပြခဲ့တဲ့ ပြန်ဆို သီချင်းများလို မဟုတ်ခဲ့ပါဘူး။ ပစ်စလက်ခတ် ဖြစ်ကတတ်ဆန်း တွေ သာ ကြီးစိုးနေတယ်။

    အခု ထူးအိမ်သင်ပွဲ က အဆိုး ဥပမာ ပြစရာ တခု ဝမ်းနည်းဖွယ် ဖြစ်သွားခဲ့ ပါတယ်။ ထူးအိမ်သင်လို အဆင့်တန်းရှိရှိ ဂုဏ်ပြု လွမ်းဆွတ်ရမယ့် သူမျိုးကို ဒီလို လုပ်ရက်ခဲ့ကြတာဟာ ပို ထောက်ပြစရာ ဖြစ်ခဲ့ပေမယ့် ဒီကိစ္စ က ဒီ ဖြစ်စဉ် တခုတည်း မဟုတ်ပါဘူး။ တော်ရိလျော်ရိ လုပ်ကြတာက ခေတ်ရေစီးကြောင်းကြီး ကို ဖြစ်နေပါပြီ။

    အခု ပွဲဟာလည်း အမှတ်တရ ပွဲမို့ အနုပညာရသ မြောက် အထိ အများကြီး မမျှော်လင့်ပါဘူး။ အမှားကင်းတဲ့ သာမန် အဆင့်ပဲ မျှော်လင့်ထားတာပါ။ အခု ဖြစ်ပုံက ကျနော် လုံးဝနားမထောင် ဖူး၊ မမြင်ဖူး၊ ရုပ်မပြောနဲ့ နာမည်တောင် သိပ် မကျက်မိတဲ့ ကလေး သာသာ အဆိုတော်လေးကတောင် တချို့ (၁၀) နှစ် (၁၅) နှစ် ဝါရင့် နေကြပြီဖြစ်တဲ့ အဆိုတော်များထက် သာအောင် ဆိုသွားနိုင်တာ တွေ့ရတယ်။ အဲ့ဒီ အဆိုတော်ငယ် ဆိုရင် ထူးအိမ်သင် ဆုံးတော့ အလွန်ဆုံး ရှိလှ ပေါက်စ လေးငါးခြောက်နှစ်ပေါ့။ ဒါပေမယ့် ကြိုးစားသွားတယ်။ ပွဲမစခင်က သူ့နာမည် ဦးတိုက် လူအများက အပြစ်တင် စောခဲ့ကြတာ အားနာဖို့ ကောင်းလှတယ်။ “ပိုသာဆိုး” တွေ ကို တွေ့လိုက်ရတာကိုး။

    ဆိုချင်တာက ကြိုတင် ပြင်ဆင် လေ့ကျင့်၊ သင့်တော်တဲ့ သီချင်း နဲ့ လူ သေချာ စီစစ် ရွေး အခုထက် ပို စနစ်တကျ ပြင်ဆင်ရင် ဒီပွဲ လုပ်ရကျိုး ပို နပ်မယ် ဆိုတာကို ထောက်ပြချင်တာပါ။ သီချင်း အဝင် အထွက်၊ နရီ စည်းဝါး မှန် မှု က လေ့ကျင့် ပေးလို့ ရတယ်။ ဂီတဟာ ပါရမီ နဲ့ အဓိက ဆိုင်တယ် ဆိုတာ ဟုတ်ပါတယ်။ ဒါပေမယ် အခု ဆိုကြသူ အများစု မှာ မိသားစု ကလွဲလို့ အားလုံးလိုလို ဂီတပရိုသမားများ ဖြစ်တော့ ဂီတပါရမီ ရှိပြီးသားတွေပါ။ လုံလောက်တဲ့ အချိန်၊ လေ့ကျင့်မှု ပေးရင်၊ သီချင်း လူ ရွေးရင် စာသား ကျန်၊ အဝင် လွဲ၊ သီချင်း၊ လူ၊ ဆိုဟန် တခြားစီ ဖြစ်နေ တာမျိုးတွေလောက် အထိ ဆိုးရွားတဲ့ အမှားမျိုးတွေ မဖြစ်နိုင်ပါဘူး။

    အဆိုးဆုံးက ထူးအိမ်သင် ရဲ့ ဂန္တဝင် မှတ်တိုင် အမှတ်တံဆိပ် သီချင်းတွေ ဖြစ်တဲ့ အမေ့အိမ် နဲ့ ရာဇဝင်များရဲ့ သတို့သမီး ကို အုပ်စုလိုက် နောက်ဆုံးပိတ် အိတ်နဲ့လွဲ (အိတ်နဲ့လွယ် မဟုတ်ပါ) ဝိုင်း ဖျက်ဆီး ပရိသတ် ကို ညှဉ်းဆဲမှုပါ။

    ပွဲ ကို အဓိက ပံ့ပိုး ကူညီသူ ထဲက တဦးဖြစ်သူ တေးရေး မြင့်မိုးအောင် ဧရာဝတီ အင်တာဗျူး မှာ ဟိုတလောက ဖြေသွားခဲ့တယ်။ “ကောင်းမယ်လို့ ကျနော်တို့ ဘယ်လို ယူဆလို့ရမလဲ၊ အမှတ်တရ ပွဲလေးမှာ အမှတ်တရ အလျောက် အားလုံးက လွမ်းဆွတ်ခြင်း၊ တမ်းတခြင်းတွေနဲ့ လုပ်တဲ့ကိစ္စကို နားလည်ပေးသင့် တယ်” ဆိုခဲ့တယ်။

    ဟုတ်ကဲ့။ ကျနော် တယောက်တည်း အနေနဲ့တော့ နားလည်ပေးပါတယ်၊ လက်ခံတယ်၊ ကြိုဆိုတယ်။ ထူးအိမ်သင် မိသားစု နဲ့ သီချင်းများ ရှေရှည် စည်ပင်ရေး အတွက် ဆိုရင် နောက်နှစ်တွေလည်း (၂) နှစ်ခြား တခါ ဖြစ်စေ ထပ်လုပ်ဖို့ အကြုံ တိုက်တွန်းချင်ပါတယ်။ ဒါပေမယ့် အခုထက်ပို စနစ်ကျတဲ့ ပြင်ဆင်မှုမျိုး တော့ လုပ်သင့်ပါတယ်။

    ထူးအိမ်သင် မူရင်း အသံနဲ့ အရည်အသွေး ကောင်းကောင်း စီဒီချပ်တွေ ထုတ်တာမျိုးလည်း နောင်မှာ ဖြစ်စေချင်တယ်။ ဖိုးချိုတုန်းက အဲ့သလို လုပ်ခဲ့တယ်၊ သွှအောင် + ဂျွန်သင်ဇမ်း တို့ ရဲ့ သီချင်းဟောင်းတွေကို မူရင်း အတိုင်း စီစစ်ပြန်ထုတ်တာ ရှိခဲ့ဖူးတယ်။ တန်ဖိုးသိပ် ရှိတယ်။ နောင် မိသားစု၊ အပေါင်းအသင်း နဲ့ စီစဉ်သူများ ထူးအိမ်သင် အမှတ်တရ လုပ်ရင် ဒါမျိုး စိတ်ကူးလေးတွေ အကောင်အထည် ဖော်စေချင်တယ်။ ပွဲစီစဉ်သူများ အပြစ်ပြောစရာ ပို ဖြစ်ချင်တော့ လက်မှတ်တွေက မှောင်ခိုတောင် ဖြစ်ကုန်လို့ ပွဲမှာလည်း ပါဝင်သူ၊ မိသားစုဝင် ကိုယ်တိုင် “ထူးအိမ်သင် ပွဲ ဘယ်သူ လက်ထဲ ရောက်” လို့ လူမှုကွန်ရက်စာမျက်နှာမှာ ထုတ်မေးခဲ့တာမျိုးတောင် ဖတ်ခဲ့ရတယ်။

    အခု ပွဲက အမှတ်တရပွဲ၊ လွမ်းဆွတ်ပွဲ ဆိုတာ မှန်တယ်။ လာသူ ပရိသတ် က လည်း စင်ပေါ်က ပုဂ္ဂိုလ်များ ကို ကြည့်ချင်လို့ထက် ထူးအိမ်သင် ကို ဂုဏ်ပြု သတိရလိုစိတ် အဓိက နဲ့ လာကြတယ် ဆိုတာလည်း ဟုတ်တယ်။ ဒါပေမယ့် ဝင်ကြေး အခကြေးငွေ ယူပြီး တင်ဆက်တဲ့ ပွဲမှာ ဆိုသူ တချို့ ကီးကြောင်၊ ကီးလွဲ၊ အဝင်အထွက် မမှန်၊ နောက်ဆုံး စာသားပါ ကျန်၊ လွဲ ဆိုတာတွေကတော့ လွန်လွန်းတာပေါ့။

    ထူးအိမ်သင်ရဲ့ အနုပညာ ကို စော်ကား တာ၊ မစော်ကား တာတွေ အသာထားဦး၊ ပိုက်ဆံ အကုန်အကျခံ၊ အချိန် ပေး လာကြည့်သူ ပရိသတ် ကိုတော့ (တင်ဆက်သူများ မရည်ရွယ်သည့်တိုင်) ကျေးဇူးမသိတတ်သလို ဖြစ်နေပါပြီ။ တချို့ ထူးအိမ်သင် အမာခံ ပရိသတ်များ ဒီပွဲ အတွက် သီးသန့် နိုင်ငံရပ်ခြား က ပြန်ခဲ့ကြတယ်၊ နယ်တွေကနေ ရန်ကုန် ဆင်းခဲ့ကြရတယ်။ ကမ္ဘာ အနှံ့ က ထူးအိမ်သင် ခေတ် ကြီးခဲ့သူ ဂီတ ဝါသနာ ရှင်များလည်း အွန်လိုင်းကနေ မျှော်လင့်တကြီး စောင့်ကြည့်ခဲ့ကြတယ်။ အားလုံး က ချစ်ခြင်းအားဖြင့် အားပေးခဲ့ကြတယ်။ ပြန်ရလိုက်တာက “…. ….”။

    “အမှား ပါရင် ခွှင့်လွှတ်ပေးပါ” ဆိုတာ အပျော်တမ်းသမား စကားပါ။ ရပ်ကွက် သီတင်းကျွတ် ပွဲ မှာပဲ အသုံးဝင်ပါတယ်။ လုပ်နေတဲ့ အလုပ်က ပရို အလုပ်၊ ပြီးတော့ မှ ထူးအိမ်သင် ကို “ချစ်ခြင်းအားဖြင့် နားလည်ပေးပါ” ဆိုချင်လို့လည်း မရပါ။

    “လက်ခုပ်သံလေးနဲ့ ကြိုဆိုပေးပါ” ဆိုပြီး ပရိသတ် ဆီက လက်ခုပ်သံကို သူဖုန်းစား လို အသံတစာစာ နဲ့ တောင်းရမ်း ချူယူချင်ကြတာကလည်း ခေတ်ရဲ့ စင်မြင့် ယဉ်ကျေးမှု ဓလေ့ကြီး ကို ဖြစ်နေပါပြီ။ ပရိသတ် ရဲ့ အားပေး ချီးမြှောက် မှု ဆိုတာ ထိုက်တန်တဲ့ သူ အနေနဲ့ အလိုအလျောက် ရရှိတာမျိုးပါ။ ဒီပွဲမှာလည်း အကောင်းဆုံး ကြိုးစား တင်ဆက် သွားသူတွေကို ပရိသတ် က အသိအမှတ်ပြုပါတယ်။ IC အစီအစဉ် ရုပ်သံမှာ မကြည့်ရတော့ မဆိုသာပါ။

    ကြည့်ရသမျှမှာ အထူးသဖြင့် အဖေ၊ အမေ မျိုးဆက်ဟောင်းကြီးများရဲ့ ဂီတ အမွေကို ဆက်ခံနိုင်သူ ကိုယ်ပိုင် ဖန်တီးနိုင်စွမ်း ရှိတဲ့ လူငယ်တချို့ ကိုယ်ပိုင်ဟန် နဲ့ ကြိုးစား လုပ်ပြခဲ့တာကိုလည်း သတိထားမိတယ်။ ဆိုးသူ တွေကို နာမည် တပ် မဆိုချင်လို့ ကောင်းသူ တွေကိုလည်း နာမည် မဖော်ပြတော့ပါ။ အသိအမှတ် မပြုချင်တာ မဟုတ်ပါ။ ပွဲကို ကြည့်လိုက်ရသူ အားလုံး ဂီတ ဝါသနာ အနည်းအကျဉ်း ဝါသနာ ပါရင်ကို ဘယ်သူ၊ ဘယ်ဝါ ဘယ်လို ဆိုတာ ခွဲခြား သိနားလည်မယ် ဆိုတာ ယုံကြည်ပါတယ်။

    ထူးအိမ်သင် နဲ့ မိသားစု ကို ချစ်လို့ ခင်လို အခု ပါဝင် သီဆိုသူများအားလုံး မေတ္တာ နဲ့ စေတနာ သက်သက် ဝင်ရောက် ကူညီကြတယ် ဆိုတာလည်း အပြည့်အဝ နားလည်ပါတယ်။ ကျေးဇူးလည်း တင်တယ်။ နောင်လည်း ထူးအိမ်သင် ရဲ့ ကျန်ရစ်သူ မိသားစု ကို ဝိုင်းဝန်းပေးကြပါ။ ဒါပေမယ့် ဒီလို ချစ်ခြင်းအားဖြင့် ကူညီ လို့ ဆိုပြီး တောဆို၊ တောင်ဆို လုပ်ကြတာကို မျက်စိမှိတ်၊ ရေငုံ နှုတ်ပိတ် လက်ခံ ပေးစရာ အကြောင်း မရှိပါ ခင်ဗျာ။

    ထူးအိမ်သင် ကို ချစ်ခင် လေးစားလို့ တတ်နိုင်သလောက် နောက်က ပံ့ပိုးကြတဲ့ နောက်ခံ စင်တင် ပြင်ဆင်သူတွေ၊ ဒီဇိုင်း ဆရာ တွေ အစရှိတဲ့ ဝိုင်းဝန်းခဲ့ကြသူများ ရဲ့ စေတနာ နဲ့ လုပ်အားကိုလည်း ပရိသတ် တယောက် အနေနဲ့ အသိအမှတ်ပြုပါတယ်။

    ဝိုင်းခဲ့ကြသူ အားလုံးရဲ့ အလုပ် တွေ၊ ချစ်ခြင်း မေတ္တာ စေတနာ တွေ စုစည်း ရကျိုးနပ်အောင် တကယ် ထိုက်ထိုက်တန်တန် ဖြစ်စေချင်တဲ့ ဆန္ဒ ကြောင့် ဒီ စာရေး ဖြစ်ပါတယ်။ “မပြီးခင် ဗမာမမြင်စေချင်နဲ့” စကား ကို ကြိုမြင်လို့ရယ်၊ “ပွဲဖျက်တဲ့ မိုး” လည်း မဖြစ်ရအောင်ရယ်ကြောင့် ပြီး မှ ပဲ တို့ထိ ရေးလိုက်ပါတယ်။

    ထူးအိမ်သင် အခု ပွဲ အပြီး မှာ ရေးဖြစ်တယ် ဆိုသော်လည်း တကယ်ကတော့ သက်ရှိ ထင်ရှား / ကွယ်လွန် ဂီတ သမားများရဲ့ အမှတ်တရ ပွဲ တွေ၊ ပြန်ဆို တေးစု တွေ၊ စင်တင်ပွဲ တွေ အားလုံး ကို နိုင်ငံတကာ မှာလိုပဲ တကယ် ထိုက်ထိုက်တန်တန် အားထုတ်မှု၊ ဂုဏ်ပြုမှု၊ ဂီတ စီမံ ဖန်တီး အသစ်ထွင် ဆန်းသစ်မှု ဖြစ်စေချင်တာကြောင့် ဂီတလောက ရေးစီးကြောင်း ကြီး တခုလုံးအတွက် ရေးတဲ့ ပရိသတ် တယောက် ရဲ့ ဆန္ဒ နဲ့ အမြင် ပါ။

    ကိုနေဝင်း အသက် (၆၀) ပြည့် အမှတ်တရ ဂုဏ်ပြု စင်တင်တေးဂီတပွဲ “လပြည့်ဝန်းသို့တမ်းခြင်း (၂၀၁၁) ” တုန်းကလည်း ကိုနေဝင်း ပရိသတ်တွေ အပြင် ဂီတချစ်သူ ပရိသတ် အများ ပိုမိုကောင်းမွန် စနစ်တကျ လေ့ကျင့် ပြင်ဆင်မှု ရှိတဲ့ တင်ဆက် မှုမျိုး၊ ရွေးချယ်မှုမျိုး ဖြစ်သင့်တယ်လို့ ယေဘုယျ ယူဆခဲ့ကြပါတယ်။ ဒါမျိုး ဖြစ်စဉ်တွေ ပြီးခဲ့တဲ့ ဆယ်စုနှစ် နှစ်ခု အတွင်း ဗမာပြည်မှာ ဖြစ်ခဲ့တာ အများကြီးပါ။

    အနိမ့်ဆုံး အဆင့် သီချင်း နဲ့ လူ ရွေးချယ်ကြတာမှာကို “ချမ်းအေးတာလည်း မသိတော့ပါဘဲ လမ်းဘေးမှာပဲ အလွမ်းတေးဆိုနေမယ်..” ဆိုပြီး အမျိုးသမီး အဆိုတော် က စင်ပေါ်တက် ဟစ်တော့ နားထောင် ရတဲ့ ပရိသတ် ခမျာ ဖီလင် ဟတ်ကော့ကြီး ခံစားရသလိုမျိုး မတော်မလျော် တွေက တင်းကျမ်း မို့ အခုလို ဆိုနေရခြင်းပါ။

    လူဆိုတာ သိမှု၊ ခံစားမှု ရေချိန်အလိုက် ကိုယ့် အမြင်၊ သူ့ အမြင် ရှိကြစမြဲပါ။ ဒါပေမယ့် ဒီပွဲ အပါအဝင် ဖြစ်ပျက်နေတဲ့ ဗမာပြည် ရဲ့ ပြန်ဆို ဂီတရေစီးကြောင်း ကတော့ ထောက်ပြခဲ့သလို အလွဲတွေ အပြည့်နဲ့ ဆိုတာ က အချက် ပါ၊ အမြင် မဟုတ်ပါ။

    ဒီ စာ ချ ရေး ဖြစ်တော့ တချို့ တုံ့ပြန်ကြမှာကိုလည်း စိတ်ထဲ တွက်မိပါတယ်။ ခင်ဗျားက ဂီတ ဘယ်လောက် ဖန်တီး တတ်လို့လဲ ဆိုပြီး လူမိုက် စကားဆို စိန်ခေါ်ခံထိမှာကိုလည်း မြင်ယောင်မိပါရဲ့။ ဂီတ နားလည် တတ်ကျွမ်းသူ ပညာရှင် တယောက် အနေနဲ့ မဟုတ်ဘဲ ဂီတ ကို ခံစား သူ ဝါသနာ ရှင် တယောက် အနေနဲ့ ဖွင့်အန်ချခြင်းပါ။

    ခေတ်ကိုက ဘိန်းဘုရင်၊ လူသတ်ကောင်၊ မှောင်ခို သမား၊ အေးဓားပြ သူခိုး အကြီးစားများ က ဥပဒေပြု လွှတ်တော် ဆိုတဲ့ နေရာတက် လူတွင်ကျယ် လုပ်ခွင့်သာနေတော့ ဂီတလောကကြီး လည်း ငါးပွက်ရာ ငါးစာချ ဂီတစီးပွားသမားများသာ တိုးပွားစည်ပင်နေတာ မဆန်းဘူးဆိုတာလည်း နားလည်ပါတယ်။

    “နည်းနည်းလေးတော့ လွဲနေမယ်၊ လွဲလွဲလေးပဲ ကောင်းပါတယ်၊ စိတ်ကျေနပ်ရင် ပြီးတာပဲ၊ နေတတ်ရင် အေးဆေးလေး” ဆိုပြီးလည်း နှလုံးသွင်းပါတယ်။ ဒါပေမယ့် တနေ့စာ အလွဲများ က တခေတ် တခါ ပဲ ကောင်းပါတယ်၊ တသက်စာ အလွဲများ မဖြစ်ဖို့ရာ အတွက်တော့ ထောက်ပြ စရာ ရှိတာ တွေ အပြုသဘော ထောက်ပြ ရပါမယ်၊ ပြုပြင်သင့်တာတွေကိုလည်း ပြုပြင်ကြပါ။

    လွန်တာရှိ ဝန္ဒာမိပါ၊ အမှားပါရင် ခွင့်လွှတ်ပါ မဆိုပါ။ အကျိုး၊ အကြောင်း ပြန်လည် ဝေဖန်နိုင်ကြောင်းပါ ခင်ဗျား။

    (ငြိမ်းချမ်းအေးသည် အွန်လိုင်း၊ ပုံနှိပ် စာနယ်ဇင်း များတွင် မျက်မှောက် ရေးရာနှင့် အထွေအထွေ အာဘော် ဆောင်းပါးများ ရေးသားနေသူ တယောက် ဖြစ်သည်။ nyeinchanaye81@gmail.com ထံ စာရေး ဆက်သွယ်နိုင်သည်။)

    • ကန္နားစီး မိဂီ

      August 27, 2014 at 3:31 pm

      ကနဦးကတည်းက လွဲ သဗျ…
      ၁ဝနှစ်ကြာ တောင် တသသ ဖြစ်နေဆဲ ဆိုတဲ့
      အင်္ဂါရုပ်ကို ဖမ်းကြည့်လိုက်…
      ပြန်ဆိုမယ့် ပြန်မွမ်းမံမယ့် ဆြာတွေ ကိုငှက် ကိုမီရင်
      ပိုပြောရရင် ကိုငှက်ထက်သာရင်…..
      ကျုပ်တို့ သည်လောက်အကြာကြီး ကိုငှက်ကို လွမ်းစရာ အကြောင်းကိုမရှိဘူး…
      ကနဦးကတည်းက … မမှီမှာ အဲ့လောက်မကောင်းမှာ ဆိုတဲ့ စိတ်နဲ့ သွားကြည့်သင့်တာ
      (မခံစားနိုင်ရင် တီဗီ ခလုပ်တွေပိတ်ထားကြ)

      ခုဟာက … မမှီမှာ သိသိ နဲ့ သွားကြည့်တယ်
      ဒေါမနုသ ပွားတယ် ဆဲတယ်..
      Live မှာဆို …တပုဒ်ပြီးတပုဒ် ဝေဖန်လေကန်တွေ တင်တယ်..
      မြန်မာ့ ဂီတသမိုင်းမှာ အထူးခြားဆုံးသော live show တခုပဲ …
      တမဟုတ်ချင်း ပရိတ်သတ်က ကောင်း သင့် ညံ့ ကို ဆုံးဖြတ် ဆဲဆို မျှဝေတဲ့ပွဲ ဖြစ်သွားတာပြောပါတယ်…။
      ကျုပ်တို့ တိုင်းပြည် အစက အဲ့လောက် ဂီတပညာရှင်ပေါမှန်း မသိခဲ့ဘူးရယ်…။

      အပေါ်က ဆြာလည်း သူထင်တာ သူပြောခဲ့တာမို့
      ကွဲလွဲခွင့် ရှိပါတယ်… ဆိုသွားသူတွေလည်း Pressure ကြောင့်မှားခွင့်ရှိသလို လွဲခွင့်ရှိပါတယ်..
      သို့သော် ပရိတ်သတ်က ငှက်သီချင်းတွေ ပြန်မဆိုရ – ဆိုပြီးတော့ ထုတ်ပြန်ခွင့် တားမြစ်ခွင့်တော့ မရှိရ….။
      ဒါက မူပိုင် ရထားသော မိသားစုသဘော ဖြစ်တယ်။ ငှက်သီချင်းတွေ ပျက်ပါပြီဆိုပြီး… အော်နေ တဲ့ ဘယ်တယောက်မှ
      ကိုယ့် ဝင်ငွေ(လခ) ၁၀% တောင် မူပိုင်ကိုင်ထားတဲ့ မိသားစုကို ပေးတာမဟုတ်လို့ ပါ။

      လုပ်ချင်တာလုပ်ကြ …
      သောက်တလွဲ လုပ်ရင်တော့ ဆဲခံရမည်…
      မမှီတာ လည်း လက်ခံနိုင်ရမည် … သို့သော်
      (မလုပ်ရ လို့တော့ မတားစကောင်း)

      P.S ကျနော် လက်ရှောင်တဲ့ ဘိုးတော် အမှတ်တရအကြောင်း တခုရယ်ပါ..။

Leave a Reply