” ငါ့ဘဝ မနက်ခင်း “

ခင္ခAugust 16, 20141min957

” ငါ့ဘဝ မနက်ခင်း “

 

မနက်မိုးလင်း

ကျေးဌက်တို့မြူး သံစုံကျူး

ပဲပြုတ်သယ်က အော်သံစူး

ဗိုက်ဆာကလေး ငိုသံထူး

ကျောင်းသွားမည့်သူ ထကာမြူး

ရုံးဝန်ထမ်းက ရုံးအိတ်ပြင်

အိမ်ရှင်မခဗျာ မီးဖိုချောင်ဝင်

မိုးလင်းတာနဲ့ စက်ရုပ်လိုပင်

နေ့တဓူဝ ပြုကြအမြဲပင်

ရှောင်လွဲမရ ငါ့ဘဝ မနက်အစဉ်။

 

ခင်ခ။

7 comments

  • နောင် ရိုး

    August 16, 2014 at 1:49 pm

    အဲ့လိုမနက်တွေကို ရှောင်လွှဲမရတာတော့ လူတိုင်းနီးပါး ဖြစ်မယ်ထင်ပါတယ်…ကိုခင်ခရေ….
    ဝမ်းရေးအတွက်ပဲလေ….
    ကျနော်လဲ လှုပ်ရှားနေတုန်းပါပဲဗျာ……….

  • ခင် ခ

    August 16, 2014 at 3:29 pm

    ကိုနောင်ရိုးပြောသလို လူတိုင်းလှုပ်ရှားနေရတာပေါ့ဗျာ ကျွန်တော်လည်းထိုနည်းလည်းကောင်းပါဘဲ။
    ဒီမနက် မိတ်ဆွေတစ်ယောက်ကို အလုပ်ကိစ္စနဲ့ဝင်ခေါ်တာ သူ့ဧည့်ခန်းမှာစောင့်နေတုန်း မြင်ရတာလေးကို ဘဝတူတွေမို့ ရေးခြစ်လိုက်တာလေ။

  • အလင်းဆက်(24/05/2011)

    August 16, 2014 at 4:04 pm

    တခါတခါတော့လည်း..
    ကျနော်တို ့ဟာ…
    ရင်ခုန် သက်ဝင်လှုပ်ရှားနေတဲ့ စက်ရုပ်တွေလို….

    • ခင် ခ

      August 16, 2014 at 4:13 pm

      အဲဒီစက်ရုပ်တွေ သံပတ်မကုန်သရွေ့တော့ လှုပ်ရှားနေမှာပေါ့ ကိုအလင်းဆက်ရေ။

  • manawphyulay

    August 18, 2014 at 12:25 pm

    ဝမ်းရေးမလွယ်
    လွမ်းရေးနယ်မှာ
    ကြိုးစား ရုန်းကန်
    လှေစုန်ဆန်သို့
    မလျော့လုံ့လ
    အားမာန်တင်း၍
    အောင်မြင်မှုကို
    ရှေးရှုရင်း.
    နေ့စဉ်ဘဝကို ဖြတ်သန်းလျက်…..

  • ဇီဇီ ခင်ဇော် (15102012)

    August 18, 2014 at 12:41 pm

    ကောက်ညှင်းပေါင်းမပါတဲ့ နာ့ဘွ ရဲ့ နံနက်ခင်းး
    မုန့်ဟင်းခါး မပါတဲ့ နာ့ဘွရဲ့ နံနက်ခင်း
    နန်းကြီးသုပ် မပါတဲ့ နာ့ဘွရဲ့ နံနက်ခင်း
    ဪ နာကြိုက်တဲ့ နံနက်စာမပါတဲ့ နာ့ဘွရဲ့ နံနက်ခင်းး

    😥

    • Mr. MarGa

      August 18, 2014 at 12:46 pm

      သစ်စ် အစ်စ် ဂလိုဘယ်လိုက်ဇေးရှင်းးး :mrgreenn:
      တစ်ချိန်ချိန်မှာတော့ အဲဒီ အစားအစာတွေဟာ ကမာ္ဘပတ်မှာပါ
      လောလောဆယ်တော့
      စားချင်ရင် ကွကိုယ်လုပ်စား :mrgreenn:

Leave a Reply