” ကဲ ဘယ်လိုလဲ “

 

ကဲ ကဲ ဘယ်လိုလုပ်ကြမှာလဲ………..

၆၅ ကျပ် နဲ့ လျှော့ဈေးပေးမယ်ဆိုရင် ယူကြမှာလား၊

ဈေးဖွင့်တုန်း လူမစည်ခင် စောစောစီးစီး လိုချင်တဲ့ဈေးကို တောင်းထားပါလား

နောက်မှ ဘာဖြစ်တယ် ညာဖြစ်တယ် မပြောနဲ့နော် လူတိုးလာရင်တော့ ဒီဈေးရ မရ မသေချာဘူး

ဟိုဘက်ကတော့ ၀ယ်ဝယ် မ၀ယ်ဝယ် အမြတ် ၂၅% ဖိုးက အရင်ကထဲက တင်ထားပြီးသားလေ

အဲဒါကတော့ သွားထိလို့မရဘူး အဲဒါကြိုယူထားတဲ့ အမြတ်ဖြစ်နေလို့လေ။

အမှန်က အဲဒီကြိုယူထားတဲ့ အမြတ်ကို ၁၀% လောက်ဘဲ ထားပါလား ဘာလားဆိုပြီး လျှော့ခိုင်းရမှာ။

ဒါပေမယ့် လူကြိုက်များတဲ့ ဟို ကုန်ပစ္စည်းကိုတော့ လွယ်လွယ်နဲ့ လက်လွှတ်ပါ့မလား အဲဒါလည်းထဲ့စဉ်းစားပေါ့ ဘာဘဲဖြစ်ဖြစ် အတင်းဇွတ်ယူသင့်ရင်တော့ ယူရမှာဘဲ ကိုယ်က အဲဒါကို ပြင်ပြီး ဒီဇိုင်းပြန်လုပ်အုံးမှာဆိုတော့ ရမှဖြစ်မှာကိုး။ ဒါပေမယ့် အိနြေ္ဒရရလေးတော့ အရင်လုပ်ကြည့်ပေါ့နော်။

ကဲ ဘယ်လိုလဲ စဉ်းစားပြီးပြီလား ဘယ်လိုလုပ်မှာလဲ။ အချိန်က သိပ်ရှိတော့တာမဟုတ်ဘူးနော်။

သြော် ချိတ်ထားတဲ့ဗီနိုင်းမှာတော့ Discount Democracy တဲ့ဗျာ။

 

 

ခင်ခ။

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..