” ကဲ ဘယ်လိုလဲ “

ခင္ခAugust 16, 20141min963

” ကဲ ဘယ်လိုလဲ “

 

ကဲ ကဲ ဘယ်လိုလုပ်ကြမှာလဲ………..

၆၅ ကျပ် နဲ့ လျှော့ဈေးပေးမယ်ဆိုရင် ယူကြမှာလား၊

ဈေးဖွင့်တုန်း လူမစည်ခင် စောစောစီးစီး လိုချင်တဲ့ဈေးကို တောင်းထားပါလား

နောက်မှ ဘာဖြစ်တယ် ညာဖြစ်တယ် မပြောနဲ့နော် လူတိုးလာရင်တော့ ဒီဈေးရ မရ မသေချာဘူး

ဟိုဘက်ကတော့ ဝယ်ဝယ် မဝယ်ဝယ် အမြတ် ၂၅% ဖိုးက အရင်ကထဲက တင်ထားပြီးသားလေ

အဲဒါကတော့ သွားထိလို့မရဘူး အဲဒါကြိုယူထားတဲ့ အမြတ်ဖြစ်နေလို့လေ။

အမှန်က အဲဒီကြိုယူထားတဲ့ အမြတ်ကို ၁၀% လောက်ဘဲ ထားပါလား ဘာလားဆိုပြီး လျှော့ခိုင်းရမှာ။

ဒါပေမယ့် လူကြိုက်များတဲ့ ဟို ကုန်ပစ္စည်းကိုတော့ လွယ်လွယ်နဲ့ လက်လွှတ်ပါ့မလား အဲဒါလည်းထဲ့စဉ်းစားပေါ့ ဘာဘဲဖြစ်ဖြစ် အတင်းဇွတ်ယူသင့်ရင်တော့ ယူရမှာဘဲ ကိုယ်က အဲဒါကို ပြင်ပြီး ဒီဇိုင်းပြန်လုပ်အုံးမှာဆိုတော့ ရမှဖြစ်မှာကိုး။ ဒါပေမယ့် အိန္ဒြေရရလေးတော့ အရင်လုပ်ကြည့်ပေါ့နော်။

ကဲ ဘယ်လိုလဲ စဉ်းစားပြီးပြီလား ဘယ်လိုလုပ်မှာလဲ။ အချိန်က သိပ်ရှိတော့တာမဟုတ်ဘူးနော်။

ဪ ချိတ်ထားတဲ့ဗီနိုင်းမှာတော့ Discount Democracy တဲ့ဗျာ။

 

 

ခင်ခ။

3 comments

  • မြစာကလေး (23122011)

    August 17, 2014 at 2:19 am

    တကယ်တော့ Discount ဆိုတာ သုံးဖို့ မော်ဒန်အောက်နေ တာ ကို ပေးတာဗျ။
    အခုဟာက ပြင်ပြီးသုံးရင်တောင် မနဲ ပြင်ရမှာ။
    ဒီအတိုင်း မဝယ် ဘဲ နေလိုက်ရ။
    တစ်စစီ ဖဲ့ ရောင်း ပစ်မှာ မြင်ယောင်သေး။

  • ဇီဇီ ခင်ဇော် (15102012)

    August 17, 2014 at 6:58 am

    ရယ်ဒီမိတ် လာတဲ့ ပစ္စည်းမှန်သမျှကို ပြင်ရန်မစဉ်းစားပါနှင့်။
    ခစ်ခစ်
    :mrgreenn:

    သူ့ အတိုင်းကို လက်မခံနိုင်တာ တစ်ခုရှိရင်ကို အလကားပေးတောင် မယူပါ။
    အိမ်မှာ အမှိုက်ဖြစ်သွားပါမည်။
    :k:

    ဒစ်စကောင့်
    ဆေး(လ)
    လျှော့ဈေး မှန်သမျှ ရ နှစ်လောက် လိုက်ဖူးသည့် အတွေ့အကြုံကို အခြေခံ ပြောခြင်းဖြစ်။

    :k:

Leave a Reply