အက္ခရာ ငါးစင်း ၀တ္ထုတိုစုစည်းမှုရွာသူရွာသားများကို ကြုံတုန်းလေး မာကက်တင်းဝင်သွားတယ်လို့တော့မထင်ပါနဲ့နော်။ တကယ်တော့ ဆိုက်ဆိုက်မြိုက်မြိုက်ကို  ကြော်ငြာဝင်သွားတာလို့သဘောထားပေးဗျာ။ အထက်က မျက်နာဖုံးလေးကိုတွေ့တဲ့အခါ ဒါ တို့ရွာသားလို့ ပြောမိသွားမယ်ထင်ပါတယ်။ ခုချိန် ဒီစာအုပ်လေးဖြစ်မြောက်လာတော့မယ်ဆိုတာနဲ့ ကျွန်တော်ဘယ်ကနေ စတင်ဝင်ရောက်စာတွေရေးဖြစ်ခဲ့သလဲ ဆိုတာကို ပြန်အမှတ်ရတယ်ဗျ။ လွန်ခဲ့တဲ့ ခန့်မှန်းခြေ ၂၀၁၀ လောက်မှ ရွာထဲကိုစတင်ဝင်ရောက်ဖြစ်ခဲ့တဲ့ ကျွန်တော် ရွာသူ ရွာသားတွေရဲ့အားပေးဖတ်ရှုမှုနဲ့ ကြိုးစားရေးသားဖြစ်လာရင်က ခုဆို ရည်မှန်းထားတဲ့ အနေအထားတစ်ခုကို အတိုင်းအတာတစ်ခုလောက်အထိရောက်ခဲ့ပြီလို့ပြောလို့ရခဲ့ပါတယ်။

ခုဆိုရင် ကျွန်တော်တို့ လွိုင်ကော်က စာရေးသူ ကလောင်ရှင် (၅)ဦးရဲ့ “အက္ခရာ ငါးစင်း” ဆိုတဲ့ ၀တ္ထုတို စုစည်းမှုစာအုပ်လေးကို အကောင်အထည်ဖော် စီစဉ်ဖြစ်ခဲ့ပါတယ်။ ဒီစာအုပ်လေးထဲမှာ စာရေးသူတစ်ဦးလျှင် ၀တ္ထုတို (၃)ပုဒ်ပါဝင်ရေးသားထားကြပါတယ်။ မဂ္ဂဇင်းများထက်မှာ ဖော်ပြပြီးသား ၀တ္ထုများပါသလို အသစ်များလည်းပါဝင်ပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ဘ၀မှတ်တိုင်လေးတစ်ခုဆိုရင်လည်းမမှားပါဘူး။ ရွာသူရွာသားများကို မိတ်ဆက်တဲ့အနေနဲ့ရော ( အားပေးဖတ်ရှုပေးစေလိုတဲ့ သဘောနဲ့ရော( ဟီး) ကြိုတင် ကြေငြာပေးလိုက်တာပါ။ သော်ဇင်(လွိုင်ကော်)ရယ်လို့ဖြစ်လာစေတဲ့ ရွာသူရွာသားတွေကိုလည်း မှတ်မှတ်ရရနဲ့သတိတရသိစေချင်လို့ပါ။

လာမယ့်စက်တင်ဘာမှာ ကျွန်တော်က ရန်ကုန်မှာရှိတဲ့ ဂေဇက်ရွာသူ ရွာသားများကို စာအုပ်မိတ်ဆက်ပွဲကိုဖိတ်ဖို့ စီစဉ်ထားပါတယ်။ ဒါကြောင့် စာအုပ်မိတ်ဆက်ပွဲကိုတက်ရောက်ပေးနိုင်မည့်သူများကို ကျွန်တော်က နာမည်များနှင့်တကွ ဖုန်းနံပါတ်များကိုပါ ကြိုတင်ပြီးတောင်းဆိုထားချင်ပါတယ်။ ဒါမှလည်း ကြိုတင်ဖိတ်ကြားဖို့စီစဉ်စရာများကို စီစဉ်နိုင်ဖို့ပါ။

ဒီပို့စ်အောက်မှာ နာမည်နဲ့ဖုန်းနံပါတ်များပေးဖို့အဆင်မပြေရင်လည်း ကျွန်တော်ရဲ့

https://www.facebook.com/thawzinloikaw

Facebook Account ကို Add ပြီး Message မှတဆင့်ပေးထားနိုင်ပါတယ်။

ဂေဇက်ရွာသူ ရွာသားများနဲ့ ကျွန်တော်တစ်ခါမှမဆုံဖူးသေးလို့ပါ။ မန်းလေးက လေး ကိုပေါက်(မန္တလေး)၊ ဦးမာဃ၊ ဗုံဗုံ၊ တို့နဲ့ပဲဆုံဖူးပါသေးတယ်။ ခုလည်း ရန်ကုန်က ဂေဇက်ရွာသူရွာသားများနဲ့ ဆုံချင်သေးလို့ပါ။

ဆိုတော့ ကျွန်တော်တို့ရဲ့ “အက္ခရား ငါးစင်း”ကို

အားပေးဖတ်ရှုကြပါဦးလို့

ကြေငြာသွားပါတယ်နော်။

 

 

လေးစားစွာ

သော်ဇင်(လွိုင်ကော်)

ဒီမှာလည်း ကြေငြာထားပါတယ်

About သော်ဇင် (လွိုင်ကော်)

သော်ဇင် (လွိုင်ကော်) has written 192 post in this Website..

ရင်ဘတ်နဲ့ခံစားပြီးရေးတဲ့ စာတွေ တင်ပြပါရစေခင်ဗျား

   Send article as PDF