ရွှေအကြောင်းသိကောင်းစရာ 135,136,137,138

Zaw AungAugust 17, 20141min1303

ရွှေအကြောင်းသိကောင်းစရာ(135)
(စဉ် 134 မှအဆက်)

နိုင်ငံခြားကရွှေပေါက်ဈေးကို ဒေါ်လာဈေးနဲ့မြှောက်ပြီး
မြန်မာငွေနဲ့ တစ်ကျပ်သားဘယ်လောက်ကျလဲလို့ ပြန်တွက်ကြတဲ့အခါမှာ အချို့က 16.606 gram ဈေးကို
တွက်သလို တစ်ချို့က 16.328 gram ဈေးကိုတွက်ကြပါ
တယ် ရွှေလောကနဲ့ သိပ်မနီးစပ်တဲ့သူတွေ နားလည်ဖို့
နဲနဲခက်ပါတယ် ဖြစ်နိုင်ရင်ကိုယ်တွက်ပြတဲ့ တစ်ကျပ်သား
ဘေးမှာ ကွင်းစကွင်းပိတ်နဲ့ ဘယ်နှစ်ဂရမ် ဆိုတာထည့်ရေး
ပေးရင် အားလုံးရှင်းသွားမယ်လို့ ထင်ပါတယ် ဥပမာ
1 troy ounce ဈေး 1330, ဒေါ်လာဈေး 970 နဲ့တွက်ကြည့်ရအောင် တစ်ကျပ်သား ( 16.328 g)
ပေါက်ဈေး = 1330 ÷ 1.905 × 970 = 677217
တစ်ကျပ်သား (16.606 g) ပေါက်ဈေး = 1330 ÷ 1.875
× 970 = 688053 ဒီဆောင်းပါးဖတ်ပြီးတဲ့သူတွေကတော့
1.905 နဲ့ စားထားတာမြင်ရင် တစ်ကျပ်သား 16.328 gram နဲ့ တွက်ထားပြီး 1.875 နဲ့ စားထားတာမြင်ရင် တစ်
ကျပ်သား 16.606 gram နဲ့ တွက်ထားမှန်းသိပြီးဖြစ်သွား
မှာပါ

ရွှေအကြောင်းသိကောင်းစရာ(136)

ခံရတာတွေရေးတာများလာတော့ တစ်ချို့ကအခုထိခံနေရ
တုန်းပဲလား မတိုးတက်သေးဘူးလား လို့မေးကြတယ်
အခုတော့သိပ်မခံရတော့ပါဘူး ကိုယ်အတွေ့အကြုံများ
လာတာ တစ်ခုတည်းကြောင့်တော့မဟုတ်ပါဘူး အတွေ့
အကြုံရင့်ကျက်တဲ့ ဝန်ထမ်းတွေရှိလာတာကပိုအဓိကကျပါ
တယ် CCTV ကင်မရာတွေပေါ်လာတာကလဲ ရွှေဆိုင်တွေ
အတွက်တော်တော်ကောင်းသွားပါတယ် ခိုးမယ့်လူက TV
မှာ ကိုယ့်ပုံကိုယ်ပြန်မြင်လိုက်ရရင် ဗီဒီယိုရိုက်ထားမှန်းသိ
သွားရင် တော်ရုံတန်ရုံ မခိုးရဲတော့ပါဘူး တစ်ခါကကောင်
မလေးတစ်ယောက် ဆိုင်မှာရွှေလာဝယ်တယ် ဟိုဟာဝတ်
ကြည့်ဒီဟာဝတ်ကြည့် ဟိုပစ္စည်းဈေးဆစ် ဒီပစ္စည်းဈေးဆစ်
လုပ်နေတယ် ဆိုင်ကဝန်ထမ်းတွေကလဲ အတွေ့အကြုံရှိ
တော့ ဒီကောင်မလေးသာမန်ရိုးရိုးသားသား ဈေးဝယ်သူနဲ့
မတူဘူး နဲနဲထူးခြားနေတယ်ဆိုတာကို ရိပ်မိတော့ သတိထားနေတယ်
(စဉ် 137 သို့)

ရွှေအကြောင်းသိကောင်းစရာ(137)
(စဉ် 136 မှအဆက်)

ကောင်မလေးကဟိုလျှောက်ကြည့် ဒီလျှောက်ကြည့်နဲ့
TV monitor မှာသူ့ပုံသူတွေ့သွားတယ် `ဪ ဗီဒီယိုရိုက်
ထားတာလား ဘာလုပ်မလို့လဲ´ တဲ့ ဘာမှမဟုတ်ပါဘူးလို့
ကိုယ့်ဆိုင်မှာလာဝယ်တဲ့ customer တွေအားလုံးကို
မှတ်တမ်းတင်ထားတာပါ လို့ဖြေလိုက်တယ် ခဏနေတော့
သူဝတ်ထားတာတွေပြန်ချွတ်ပေးပြီး ဘာမှမဝယ်ဘဲထွက်
သွားတယ် နာရီဝက်လောက်ကြာတော့ ဆိုင်နဲ့သိပ်မဝေး
တဲ့ အကိုဝမ်းကွဲဆိုင်က ဖုံးလာတယ် ကောင်မလေးတစ်
ယောက်ပစ္စည်းတွေဝတ်ကြည့်ပြီး ထွက်ပြေးလို့ဖမ်းထား
တယ် လာကြည့်ပါအုံးတဲ့ ဆိုင်ကိုဝင်သွားတဲ့သူဖြစ်နေတယ် အစ်ကိုဆိုင်မှာက CCTV
မတပ်ထားဘူးလေ ဒါပေမယ့်အစ်ကိုကလဲ အတွေ့အကြုံ
ရင့်တဲ့သူပဲ အစောကြီးထဲကရိပ်မိနေပြီး သူ့ဝန်ထမ်းတွေကို
ထွက်ပြေးရင် ဖမ်းဖို့အသင့်လုပ်ထားခိုင်းတာ မဟုတ်ရင်
လွတ်သွားနိုင်တယ်

ရွှေအကြောင်းသိကောင်းစရာ(138)

ကျွန်တော့်ယောက်ဖဆိုင်မှာ ဖြစ်သွားတာကတော့ ရုပ်ရှင်
ဆန်တယ် သူဆိုင်မှာမရှိတဲ့အချိန် ဖြစ်သွားတာ ယောက်ျား
တစ်ယောက် လက်ကောက်ဝယ်မလို့ဆိုပြီး တောင်းကြည့်
တယ် လက်ကောက်လဲသူ့လက်ထဲရောက်ရော ဆိုင်ရှေ့
ကိုကားတစ်စီးထိုးရပ်ပြီး သူကရုတ်တရက် ကားပေါ်ပြေး
တက်သွားတယ် မောင်းပြေးသွားတယ် ကားနံပါတ်မှတ်ပြီး
ရဲတိုင်ရတာပေါ့ ကားကခိုးလာတဲ့ကားဖြစ်နေတယ် နောက်
နေ့မှာကားကို လမ်းဘေးတစ်နေရာမှာ ရပ်ထားတာပြန်တွေ့တယ် ကားပိုင်ရှင်တော့ကားပြန်ရတာ
ပေါ့ လက်ကောက်ကတော့ဆုံးသွားတယ် တရားခံခုထိမမိ
ဘူး ရွှေဆိုင်လုပ်ငန်းလုပ်ရင် ကြုံရတတ်တာလေးတွေ သ
တိထားရမယ့်ဟာလေးတွေပေါ့ တစ်ချို့ကိစ္စတွေက ဘယ်
လောက်ပဲသတိထားထား ကံဆိုးရင်ဖြစ်သွားတတ်သလို
တစ်ချို့ကိစ္စတွေကျတော့ သတိထားလိုက်ရင် လွတ်သွားတတ်ပါတယ်

3 comments

  • မြစာကလေး (23122011)

    August 20, 2014 at 2:29 am

    အခုခေတ်မှာ CCTV တပ်ခ ဘယ်လောက်မှ ဈေးမကြီး တော့တာမို့ တပ်သင့်ပါတယ်။
    နောက်ပိုင်း ပစ္စည်းတွေ မှာ Security Tag တွေ တပ်ထား ဆိုင် အဝ မှာ ဆန်ဆာ ထား။
    ဝှက်ယူရင် အထွက်ကျ အသံမြည်ရော။
    တိုးတက်လာတဲ့ Technology က ဆိုင်ရှင် တွေ အတွက် အများကြီး ကောင်းလာတာနော်။

  • အလင်းဆက်(24/05/2011)

    August 20, 2014 at 7:38 am

    cctv တွေ ကြားကပဲ ရအောင် ခိုးသွားတဲ့ နိုင်နံခြားသားတွေလေ
    နေပူတော်ကျောက်မျက်ရတနာပြပွဲမှာလေ

    သူတို့ တော်တယ်

    😆

Leave a Reply