မသိခြင်းတရား

ကာရံAugust 17, 20141min803

အလင်းမဲ့ည မလင်းတက်တဲ့ငါ့ဘဝ
တမာစားလို့ ခါးနေရော့သလား

စိတ်အရောင် ခြယ်ကာသ လမင်းကင့်မဲ့
ထိုညလေးမှာ ညမွှေးပန်း အလည်မလာခဲ့ပါဘူးလေ

အတွေးစိတ်ကလေး ရူးနေဖူးတယ်
အထူးအထွေ မရှိတဲ့ ငါ့ဘဝက
မေတ္တာလည် ငတ်နေဖူးပြန်သေးတယ်

နေလောင်ပန်းဘဝမို့ ရေစဉ်ပတ်ဖြန်းပေရင်လေ
ငါလေ အငမ်းမရ ဖြစ်နေခဲ့ဖူးတယ်

ဘဝ ဘဝ ဘဝဆိုတာ ချိုတစ်ခါ ခါးတစ်လှည့်မို့
အမှားမကင်းတဲ့လောက အလည်မှာ
ငါ့သောက ခြေရာ ထက်နေဦးမှာပေါ့လေ

ကာရံ ၁ရ ့၈ ့၂၀၁၄

3 comments

  • အလင်းဆက်(24/05/2011)

    August 18, 2014 at 6:17 pm

    သယ်ရင်း
    ကဗျာလေးကို ဖတ်သွားတယ်
    အဓိပ္ပာယ်လေးကိုလည်း ခံစားကြည့်သွားပါတယ်။

    ဒါနဲ့ သတ်ပုံလေး ပြန်စစ်ဦး။
    စစ်ပြီး ပိုစ့်ကို အက်ဒစ် လုပ်။
    လုပ်လို့မရ ရင် သဂျီးကို အသိပေးတဲ့အနေနဲ့
    မမဂျီးခိုင်ဇာရဲ့ အဟောင်းအသစ်ပြောင်းချစ် ဆိုတဲ့ပိုစ့်ထဲ ဝင်အော်

    :mrgreen:

  • ကာရံ

    August 18, 2014 at 9:40 pm

    ကောင်းပါပြီဗျာ ဖုန်းနဲ့ရေးတာဆိုတော့ အမှားတွေ ပါသွားတယ်လေ

  • ခင် ခ

    August 27, 2014 at 4:26 pm

    တစ်ချို့က ဘဝ ချိုချို
    တစ်ချို့က ဘဝ ခါးခါး
    မောင်ရင်က ဘဝ ဆိုတာ ချိုတစ်ခါ ခါးတလှည့်
    အင်း ဘဝက ခပ်ချဉ်ချဉ် ဆိုပြီး ဖွဲ့နွဲ့ရင်ကောင်းမလားဘဲဗျာ။

Leave a Reply