ဘယ်သူ့ကားလဲ?

ဘာရယ်မဟုတ်ပါဘူးဗျာ။ဒီရက်ပိုင်း အလုပ်ကမအား
ရေးစရာကလဲမပေါ်။
ဖတ်စရာစိတ်ကြိုက်ကလည်းမတွေ့။
ဒါနဲ့ကိုသူရတင်တဲ့ပိုစ့်တပုဒ်ပေါ်လာတော့ ဝင်ဖတ်ကြည့်။ ဝင်ပြီးနဲနဲလျှာရှည်။
အဲဒီမှာသူကြီးနဲ့ညှိတော့တာပဲ။
မအားပါဘူးဆိုနေမှ လောဂျစ်သလေးဘာလေးနဲ့ကွန့်နေလိုက်တာများ။
ပြန်ရေးမယ်လုပ်တော့ ကော်နရှင်ကကျ။
ဟိုမရောက်ဒီမရောက်နဲ့။
ကိုသူရပိုစ့်ထဲဝင်ရေးလို့မရလဲ ပိုစ့်အနေနဲ့တင်မယ်ဆိုပြီး ရှားရှားပါးပါး
အားတုန်းပိုစ့်တပုဒ်အနေနဲ့တင်လိုက်ရတာပါ။
(အမှန်ကသူကြီးနဲ့သိပ်မဆိုင်ပါဘူး။
သူကြီးပြောတာနဲ့ရေးစရာတခုသတိရ
သွားလို့ပါ :mrgreen: )
သူကြီးကြောင့်ရေးစရာတခုသတိရသွား
စေတဲ့စကားကတော့(အတိအကျတော့
ကော်နရှင်မကောင်းလို့မကူးလိုက်ရ)
“လော့ဂျစ်အရ
ပညာလိုချင်ရင် ငွေရှာ
ပညာတတ်လေလေ ငွေရလေလေ”

ဟိုးးးးရှေးးးး ရှေးးးးး တုန်းကပေါ့ဗျာ။
မောင်ဘ နဲ့ မောင်လှ ဆိုသော သူငယ်ချင်း နှစ်ယောက်ရှိလေသည်
အဲသလိုနဲ့ပဲအပြင်ကလူတွေရဲ့နာမည်
ရင်းကို လွဲပြီးပြောရပါတော့မယ်။
အဲသည်နှစ်ယောက်သည် အသက်တူ
အခြေအနေတူ အိမ်နီးချင်းများဖြစ်ကြလေသည်။
မောင်ဘသည် စာတော်သည်။ကြိုးစား
သည်။စာမေးပွဲဟူသမျှ အဆင့်တစ်ချည်း
သာတည်း။ ရုပ်ရည်အသင့်အတင့်နှင့်
မိဘသွန်သင်မူ့အောက်မှတသွေမတိမ်း
ဘဝခရီးလမ်းကို မှန်မှန်လျောက်လှမ်းရင်း မိဘကဲ့သို့ပင်
အချိန်တန်တော့အစိုးရဝန်ထမ်းဖြစ်ခဲ့ရ
လေတော့သည်။
မိဘများထက်သာလွန်သောအရာရှိကြီး
အဆင့်သို့ပင်ရောက်ရှိခဲ့လေပြီ။
———————————————–
မောင်လှမူကားးး ရုပ်ရည်ချောမောပြေ
ပြစ်သည်သာမက ပေါင်းသင်းဆက်ဆံ
ရေး ပါကောင်းမွန်သဖြင့် တကျောင်းလုံး
နှင့်သူငယ်ချင်းဖြစ်လျက် စတားဖြစ်နေ
သော်လည်း ပညာရေးကံမပါလာချေ။
ပညာရေးတပိုင်းတစနှင့် ဟိုမရောက်
သည်မရောက် ဘဝတွင် ချစ်သူမိန်းက
လေးအား ခိုးယူမိသည်နှင့် နှစ်ဖက်မိဘ
အိမ်မှမောင်းချလျက် လမ်းဘေးသို့
ရောက်ရှိသွားရလေသည်။
ပညာမတက်၍ငွေကောင်းကောင်းရသည့် အလုပ်မျိုးမရနိုင်ချေ။ ပါးစပ်ပေါက်များကလည်း နှစ်နှစ်လျှင်တပေါက်နုံန်းဖြင့် မှန်မှန်တိုး
ပွားလျက်ရှိလာချေပြီ။
မောင်လှတယောက် ပညာကို အခြေအနေပေးလျက် ကောင်းကောင်း
မသင်ခဲ့ရခြင်းကို နောင်တရနေပြီလော ?
————————————————
အနှစ်သုံးဆယ်ကြာသော် —————-
မြန်မာပြည်တွင်ပါလီမန်စနစ်သို့တိုင်ခဲ့
လေပြီ ။
တိုင်းအဆင့် စီးပွားရေး ဆွေးနွေးပွဲတခု
ဟိုတယ်ကြီးတခုတွင်ကျင်းပလေသည်။
ယင်းအစည်းအဝေးတွင် တက်ရောက်လာသူများ၏စီးတော်ယဉ်
များကို လွယ်လင့်တကူဖြစ်စေရန် သီးသန့်ပြင်ဆင်ပေးထားရာ
ကားမျိုးစုံ တစုတဝေးရပ်နားထားသည်ကိုတွေ့ရလေသည်။
ကားနှစ်စင်းမှာဘေးချင်ယှဉ်လျက်တမူ
ထူးခြားလျင်ရှိပုံမှာ
ဂျပန်ပြည်ထုတ်ကားများပင်ဖြစ်သော်
လည်း တစီးမှာ အဌားကား
တစ်စီး ဖြစ်ပြီး
တစီးမှာ ပရာဒို အဖြူရောင်တစီး ဖြစ်
လေသည်။
တိုက်ဆိုင်စွာပင်အစည်းအဝေးပြီးချိန်
တွင် သီးသန့်နေရာမှ အခြားကားများ
ထွက်ခွါသွားကြသော်လည်း ထိုကား
နှစ်စီးမှ ဒရိုင်ဘာနှစ်ဦးမှာ မိမိတို့ အရှင်
နှစ်ပါးအလာကို လည်ဆန့်၍မျော်နေဆဲဖြစ်လေသည်။
မကြာမှီ ရှေးဟောင်းနှောင်ဖြစ်များပြောဆိုကြလျက်
အရှင်နှစ်ပါး မိမိ ကားအသီးသီးသို့ ဝင်ကြ လေရာ
တဦးမှာ မောင်ဘ ဖြစ်လျက်
တဦးမှာ မောင်လှဖြစ်လေသည်။
ပါရာဒိုကားပေါ်သို့ မည်သူတက်သွား
သည်ကိုကား မမြင်လိုက်ရချေ။
ဘယ်သူ့ကားဖြစ်မည်ထင်ပါသလဲ ?

21 comments

  • Iris

    August 18, 2014 at 5:52 pm

    ကိုခန်​့က ​မောင်​လှကို ပရာဒို စီး​စေခြင်​တာလား။ သူကြီး​ကော်​မန်​့​တော့မဖတ်​ရ​သေးဘူး။အဲ​တော့သူဘာဆိုလိုချင်​တာလည်​းမခန်​့မှန်​းတတ်​​သေးဘူး။ ကျမ အယူအဆ ဆိုရင်​​တော့ ပညာတတ်​တာပိုကြိုက်​တယ်​။ ပညာနဲရှာတဲ့ဝင်​​ငွေကို ပိုတန်​ဖိုးထားတယ်​။ ပညာဆိုတာ​ကျောင်​းသင်​ခန်​းစာကိုချည်​းဆိုလိုတာမဟုတ်​ပါဘူး။ ဖြစ်​နိုင်​ရင်​ ကိုယ်​နှစ်​သက်​တာကို​လေ့လာ​စေချင်​တယ်​။ ပိုက်​ဆံရတဲ့အရာကို​လေ့လာတာထက်​ ကိုယ်​နှစ်​သက်​ရာကို လုပ်​တာပိုထူးချွန်​​စေတယ်​။ စိတ်​ဖိစီးမှုနည်​းပြီး တတ်​​မြောက်​မူမြန်​ဆန်​တယ်​။ အဲ့ဒီအရာ​တွေကိုယ်​့မှာပိုင်​ဆိုင်​ထားရင်​ပိုက်​ဆံက​နောက်​ကလိုက်​လာလိမ်​့မယ်​။။

    • မင်း ခန့် ကျော်

      August 19, 2014 at 9:39 am

      အန်တီလဲ့ လားတော့မသိဘူး။
      ဟုတ်ကဲ့ပါအန်တီပြောသလို ပညာနဲ့ရှာတဲ့ဝင်ငွေကိုကျတော်
      လည်းကြိုက်ပါတယ်။
      ဒါမျိုးက ရေးလိုက်ရင်ဖတ်လို့ကောင်း
      ပြောလိုက်ရင် နားထောင်လို့ကောင်း
      ဆိုတော့
      ကျတော်ထပ်ပြီးပေးချင်တဲ့မက်ဆေ့က
      အန်တီရဲ့ ချစ်ရတဲ့သူတွေထဲက ဘယ်သူကို
      မဆို (အကို အမ အမျိုးသား အမျိုးသမီး သား သမီ)
      texi ပဲစီးစေချင်သလားးး?
      prado ပဲစီးစေချင်သလားးး?
      အခြေခံလူ့ကျင့်ဝတ်နဲ့အညီရရှိတဲ့ဝင်ငွေချင်းအတူတူ။

      • Iris

        August 19, 2014 at 11:04 am

        ပရာဒိုပဲစီး​စေချင်​တာ​ပေါ့။ ဒါ​ပေမဲ့ ပညာတတ်​လည်​း သူများခိုင်​းတာလုပ်​ သူ​ဌေးမဖြစ်​ဘူးဆိုတဲ့မတ်​​စေ့ အများကို မ​ပေး​ချင်​ဘူး။ ပညာတတ်​ရင်​ပိုပြီးကြီးပွားမယ်​ အခွင်​့အ​ရေးပိုရလွယ်​တယ်​ဆိုတဲ့မတ်​​စေ့ပဲ​ပေးချင်​တာ။ မြန်​မာနိုင်​ငံပြင်​ပမှာ ပညာ​ရေးနဲ့လိုက်​ပြီးဘယ်​​လောက်​ ကွဲပြားသွားတယ်​ဆိုတာ ကိုယ်​တိုင်​​တွေ့​နေရလို့ပါ။ ဖတ်​လို့​ကောင်​းဖို့ပဲ​ရေးတာဟုတ်​ဘူး။ တကယ်​ကြိုးစား​စေချင်​တဲ့​စေတနာပါ။

        • မင်း ခန့် ကျော်

          August 19, 2014 at 3:33 pm

          မြန်မာနိုင်ငံရဲ့လက်ရှိပညာရေးစနစ်က
          မပေးချင်တဲ့မက်ဆေ့ချ် နဲ့တူနေပါတယ်။
          ပညာတတ်ကြီးဖြစ်ဖို့ ပါရမီရှိပြီးတကယ်ကြိုး
          စားတဲ့သူတယောက်အတွက်ကုန်ကျမဲ့
          ကုန်ကျစရိတ်ကို အဲဒီပညာနဲ့ပြန်ရှာနိုင်ဖို့က
          ရာခိုင်နုံန်းနည်းပါတယ်။
          လက်ရှိပညာရေးစနစ်ကို အရင်ပြင်မလားး?
          တိုင်းပြည်ရဲ့စီမံခန့်ခွဲရေးကိုအရင်ပြင်မလား?
          ပညာရေးကို ပြင်မယ်ဆိုရင် ကျတော်က
          ပညာတတ်ပြီး သူများခိုင်းတာလုပ်သဌေးမဖြစ်ဘူး
          ဆိုတဲ့မတ်ဆေ့ချ်ကိုပဲပေးချင်ပါတယ်။

  • JackSkellington

    August 18, 2014 at 9:48 pm

    ပညာ မှာက စီးပွားရှာတာလဲ ပညာ
    လူပေါင်းသူပေါင်းဆန့်တာလဲ ပညာပဲ ဆိုတော့ကာ…….

    • မင်း ခန့် ကျော်

      August 19, 2014 at 9:43 am

      ပညာဆိုတာမှာ များပြားကျယ်ပြန့်တဲ့အထဲက
      ကျောင်းပညာရေးကို သူကြီးကဆိုလိုတယ်လို့ယူဆပြီး
      ကျောင်းပညာတတ်ခြင်းမတတ်ခြင်းကိုပဲကျတော်ဦးတည်ချင်
      တာပါ။

  • ဇီဇီ ခင်ဇော် (15102012)

    August 19, 2014 at 9:48 am

    အိုးး
    မသိဘူးးး :mrgreenn:
    ရောက်တဲ့နေရာမှာ ရေပေါ်ဆီဖြစ်ဖို့ အရေးကြီးတာပဲ။
    ဟိ။ :mrgreenn:
    တန်ဖိုးတွေဘာတွေ ကြည့်မနေပါနဲ့။
    ထောပတ်ဖြစ်ဖြစ်၊ ယိုကျထားတဲ့ ဆီ ဖြစ်ဖြစ် ရေပေါ် ပေါ်တာပဲ ဟာ။။

    သေရင် ပြီးပြီဟာကို။
    နာမည်ကျန်မကျန် ကိုယ်မှ မသိတော့ပဲ။ :mrgreenn:

    အဲဒီတော့ အဆုံးစွန် ……
    သူပုန် ဖြစ်လည်း သူပုန်ဗိုလ် လုပ်။
    (မိန်းခေးဆိုရင် သူပုန် ဗိုလ် ကတော်ဖြစ်အောင်လုပ်)
    အဟွတ်။
    :k:
    ပြီးတာပဲပေါ့။

    ပညာတွေ ပြင်ညာတွေ ခွဲလို့ ရတဲ့ အစိုးရအုပ်ချုပ်တဲ့ ခေတ်ကြီးမှ မဟုတ်။
    .
    ..
    အတွေးအခေါ်တွေ ပြောင်းနေကြပြီ။ :mrgreenn:
    အတန်းပညာ တတ်လို့ ဘာမှလုပ်စားလို့ မရ လို့ တွေးရတဲ့ ခေတ်ရောက်နေပြီ။
    ထလော့ မြန်မာ!!
    :mrgreen:
    ကျောင်းတက်ဖို့ တော့မဟုတ်။ :mrgreenn:

    • မင်း ခန့် ကျော်

      August 19, 2014 at 10:34 am

      “ပိုက်ဆံသည်သာအရာရာ” ခေတ်ဖြစ်နေတဲ့ မြန်မာပြည်
      ဖြစ်နေသကိုးးးး :mrgreen:

      ကျောင်းပညာရေးသည် စက်မူ့တော်လှန်ရေးအတွက်
      ကုန်ထုတ်လုပ်သားများ မွေးထုတ်ပေးရာဌာနများဖြစ်
      လေသည်။
      ထို့ကြောင့် စာများများသင် ကျောင်းများတွင် နှစ်ရှည်လများ
      တက်ရောက်ခြင်းဖြင့် အဖိုးတန် ကျွန်များကို
      မွေးထုတ်ပေးနိုင်ခဲ့သည့်ကျွန်ပညာရေးစနစ်သာဖြစ်လေသည်။
      ယခုမြန်မာနိုင်ငံ၏ပညာရေးစနစ်မှာ ထိုကဲ့သို့သောပညာရေး
      စနစ်သာဖြစ်လေသည်။
      ပညာရှင်ကြီးတွေပြောတာကြားဖူးလို့ပြန်ပြောကြည့်တာ :mrgreen:

      • ဇီဇီ ခင်ဇော် (15102012)

        August 19, 2014 at 1:50 pm

        ၁ဝ တန်းတုန်းက ဆရာ တစ်ယောက်ပြောဘူးတယ်။
        လူတစ်ယောက်က ပညာ/ဥစ္စာ/အာဏာ အနည်းဆုံး တစ်ခု ရှိမှ အရာရောက်သတဲ့။
        (ဝယ်လို့ရတဲ့ ပညာတွေကို ပြောတာတော့ ဟုတ်ဘူးပေါ့ဗျာ)
        :a:
        ခုခေတ်က တဲ့ ….
        အာဏာနောက်က ဥစ္စာလိုက်နိုင်တဲ့ ခေတ်တဲ့။
        ပညာရှင်တွေ တိုးလို့ မရတဲ့အချိန်ကို ရောက်ဦးမှာတဲ့။
        :a:
        နောက် ၁၄ နှစ် အတွင်း ကျနော်တော့ အခြေအနေတွေကို မြင်တိုင်း အဲ့ ဆရာကြီးစကားပဲ သွားသွား သတိရတယ်။
        အဲတော့ လူတွေက လုပ်ပိုင်ခွင့်တို့၊ အာဏာတို့၊ ဘက်ဂရောင်းကောင်းကောင်း ဆိုတာတွေနောက်လိုက်ရင်းနဲ့ ကျန်တာတွေ က အရေးမပါဘူးဖြစ်ကုန်တာ။
        :a:

        ခါတလေတော့လည်း …
        အဆီကို စား အသားကို မြိုနေတဲ့ သူတွေက အသံထွက်စရာမလိုဘူးလေ။
        ငတ်တဲ့ သူတွေက အသံထွက်တော့ ..
        အသံထွက်တာပဲ လူကြားတာကိုးးး

        😥

        • မင်း ခန့် ကျော်

          August 20, 2014 at 9:25 am

          ဆယ်တန်းတုန်းကဆရာပြောတာခုထိမှန်နေဆဲပါလို့။
          ဒီတော့ဒီလိုခေတ်ထဲမှာ ပညာသင်ကြားကြတဲ့ကျောင်းသူား
          အများစုအနေနဲ့စာကြိုးစားပြီးပညာတတ်တွေဖြစ်နိုင်ချေရှိမရှိ။
          ဖြစ်လာတဲ့ပညာတတ်တွေရဲ့%ဘယ်လောက်က ပညာနဲ့ပါတ်သတ်ပြီး
          ဘယ်လောက်ဝင်ငွေများများရနိုင်သလဲ။
          ဒါမှမဟုတ်အပေါ်ကမောင်လှလိုပညာတပိုင်းတစနဲ့ပြင်ပလက်တွေ့ဘဝမှာ
          ကျင်လည်ကြိုးစားရင် ဘယ်လောက်ထိငွေရနိုင်သလဲ။
          မြန်မာပြည်တွင်းထဲက ဘေးဘီအကဲခတ်ထားမိတာလေးးးး
          ပြောကြည့်ပါလားးး။
          ထီပေါက်တာ။အမွေရတာ။မိဘချမ်းသာတာမပါပေါ့။

  • Yae Myae Tha Ninn

    August 19, 2014 at 2:48 pm

    ကျွန်တော် နည်းနည်း ဆွေးနွေးကြည့်မယ်နော်… ပညာ.. အခု ဘွဲ့ရတဲ့အထိ တက်ခဲ့တဲ့.. ပညာ… တကယ်တော့ သညာပါ.. Concept ပါ… အခုခေတ်ပညာရေး မကောင်းဘူး ဘယ်လောက် ပြောပြော.. ကုမ္ပဏီတွေက ဆယ်တန်းအောင် ဘွဲ့ရလို့ ဘာလို့ ခေါ်ကြတာလဲ… အဓိကက စဉ်းစားတွေးခေါ် ဆက်စပ်တွေးခေါ်မှုက အနည်းနဲ့ အများ ကွာတယ်ဗျ… အဲဒီမှာပဲ ပညာတတ်အတူတူ… တချို့က ဝန်ထမ်း… တချို့က ကိုယ်ပိုင်လုပ်…ဝန်ထမ်းနဲ့ မကြီးပွားဘူး မပြောနိုင်ဘူး… ဒါတွေက အတန်းပညာကဟာတွေ နဲ့ မဆိုင်ဘူး… ပြင်ပ ပညာ… ကျွန်တော် ပြောပြောနေတဲ့ General Knowledge (ဂျန်နဝါရီနောလစ်) နဲ့ ဆိုင်တယ်ဗျ… အဲတော့ Summary က လူ(ကိုယ်ကိုယ်တိုင်)ရယ်၊ သူ့ပတ်ဝန်းကျင်ရယ်၊ ထိုက်သင့်သော အတန်းပညာရယ် ပေါင်းရင် ပရာဒိုစီးတဲ့သူ ဖြစ်မှာပဲ… ကျေးဇူးတင်ပါတယ်… ဒါက ကျွန်တော့်ရဲ့ Point Of View ပါ… 🙂

    • မင်း ခန့် ကျော်

      August 20, 2014 at 10:11 am

      ဟုတ်ကဲ့ပါ ကျတော်ပြောချင်တာက ပညာကောင်းကောင်း အတန်းမြင့်မြင့်
      ဘွဲ့ကြီးကြီးကိုပြောချင်တာပါ။
      ဒါပေမဲ့ရိုးရိုးဘွဲ့ နဲ့ဝန်ထမ်း စပ်ဆက်ပုံ ကျတော့်အမြင်လေးတော့ပြောပါရစေ။
      ပညာရေးအောက်ခြေအစ အချိန်နဲ့ကျောင်းတက်ရပါတယ်။အချိန်နဲ့ထမင်းစား
      ရပါတယ်။အချိန်နဲ့ကျောင်းဆင်းရပါတယ်။ပြဌာန်းစာအုပ်ပါစာတွေကိုဆရာ/မ
      သင်တဲ့အတိုင်း မှတ်ရ ကျက်ရပါတယ်။ဒါရေးဆိုရေးရပါတယ်။ ဖြေဆိုရင်
      ဖြေရပါတယ်။ ဒီလို ပုံစံခွက်ထဲကို တနှစ်ပြီးတနှစ်သွားရပါတယ်။နှစ်ပေါင်း
      ဆယ့်ငါးနှစ်လောက်သွားလိုက်ရင်ဘွဲ့တဘွဲ့ရပါတယ်။
      ဒီလိုဘွဲ့ရတဲ့သူတွေကိုအလုပ်ထဲခေါ်ပါတယ်။ ဘာနဲ့ဘွဲ့ရခဲ့သည်ဖြစ်စေ
      ခေါ်လိုက်တာပါပဲအလုပ်ရှင်တွေက။ အစိုးရက။
      ဒီတော့ နှစ်ပေါင်းများစွာ အချိန်နဲ့သွား အချိန်နဲ့စား ပြောတာနားထောင်
      ခိုင်တာလုပ်ခဲ့ရတဲ့ခေါက်ရိုးတွေက ဝန်ထမ်းဘဝမှာအံကိုဝင်လို့။
      မကောင်းဘူးလားးး?အလုပ်ရှင်တွေအတွက်။အစိုးရအတွက်။
      ဒီအတိုင်းကြီးလည်ပါတ်လာလိုက်တာ ဘွဲ့ရတွေထုတ်တာများသွားလို့
      ဘွဲ့ရအလုပ်လက်မဲ့တွေကိုပုံလို့ :mrgreen:
      နောက်အဲသည်လူတွေအတွက်ကလည်း အချိန်တန်အလုပ်သွား
      အချိန်တန်ရင်စား ခိုင်းတာလုပ် ပြောတာနားထောင် ပေးသလောက်နဲ့မာန်တက်။
      ဘာဆိုဘာမှအပိုမတွန့်။တွန့်မိတဲ့ကျောင်းသားကိုဆရာကအပြစ်ပေးသလို
      အလုပ်ထဲက မန်နေဂျာဆရာကပေးမှာကိုးးးး။
      ဒါကသက်သက်
      သညာအပြင်ဗဟုသတရှာဖို့ဆိုတော့ကား
      ဘောင်ခတ်ထားတဲ့ပညာရေး ဘောင်ထဲကအလုပ်ခွင် အများစု 99%အတွက်မလွယ်။
      အိမ်ထောင်ရေးသားရေးသမီးအရေး မိသားစအရေးကလည်းရှိသေးတာကိုးးး။
      ဒီတော့ ပညာကိုလိုသလောက်ပဲအချိန်ပေးသင် ကျန်တဲ့အချိန်တွေမှာ အတွေ့အကြုံ
      ရယ်လက်တွေ့ရယ် ဗဟုတွေရယ် ရသလောက်ရှာ ဒီလောက်ဆိုရင်
      ပရာဒိုလောက်တော့အသာလေးးး။
      ကျတော်ပြောနေတာက ငွေရှာရင်း အဓမ္မနည်းလမ်းတခုမှမပါဘူးနော်။
      ဝန်ထမ်းလုပ်ပြီးပရာဒိုစီးဖို့ ညွှန်ချုပ်အဆင့်တောင်မလွယ်။
      ဒါပေမဲ့ကိုရေပြောတဲ့အောက်ဆုံးကပြောသွားတာလေးတော့
      အမြင်တူပါကြောင်း

      “လူ(ကိုယ်ကိုယ်တိုင်)ရယ်၊ သူ့ပတ်ဝန်းကျင်ရယ်၊ ထိုက်သင့်သော အတန်းပညာရယ် ပေါင်းရင် ပရာဒိုစီးတဲ့သူ ဖြစ်မှာပဲ… ကျေးဇူးတင်ပါတယ်… ဒါက ကျွန်တော့်ရဲ့ Point Of View ပါ”

      • Yae Myae Tha Ninn

        August 20, 2014 at 1:43 pm

        အမြင်ချင်းတူတာ ဝမ်းသာမိပါတယ်… ကိုမင်းခန့်… နောက်တခုဖြည့်စွက်ချင်တာ ရှိတယ်ဗျ… အတန်းပညာလဲ တက်ပေါ့.. တက်ရင်း Dual ပြေးတယ်ဆိုတာ ရှိသေးတယ်… ကျွန်တော် ၁ဝ တန်း ပြီးပြီးချင်း ဘယ်ရောက်လဲ သိလား… ကွန်ပျူတာဆိုင်မှာ ထမင်းစားကျွန်ခံ ပညာသင်ရတယ်… ဒါနဲ့ပဲ လုပ်လာရင်း နောက်ထပ်တလိုင်းပေါ့ ကြုံရာလုပ်မယ်ဆိုပြီး မားကက်တင်းဘက်ထပ်လိုက်တယ်… ဒါပေမဲ့ ကွန်ပျူတာနဲ့ ဆက်စပ်တဲ့ မားကက်တင်းပေါ့… နောက်တော့ အိုင်တီအလုပ်က ပြန်ပေါ်လာတယ်.. ကွင်းစ မပြတ်တော့ ပြန်ဝင်တယ်… အခု မြေဘက်ရောက်တယ်… မားကက်တင်းနဲ့ နှီးနွယ်တော့ အမြင် ရတယ်.. ရောင်းတာ ဝယ်တာ လာဘ်မြင်တယ်… ဆိုလိုတာက ထမင်းစားလက်မှတ်… ဘွဲ့က သုံးစားမရတာ သိတယ်… ကြိုပြီး ထမင်းစားလက်မှတ်ကို လုပ်ထားရတာ… အမှန် ကျွန်တော် အင်္ဂလိပ်စာနဲ့ ပြီးတယ်… ဂိုက်မလုပ်ချင်လို့… အင်္ဂလိပ်စာ ဖတ်ရတဲ့ အဲဒါသိရင် ပိုအားသာတဲ့ အိုင်တီအလုပ်ရွေးခဲ့တယ်… မားကက်တင်းမှာလဲ အခင်းအကျင်းတွေက အင်္ဂလိပ်လို ရေးတော့ ပိုတတ်တယ်ပေါ့… ကိုယ်ရည်သွေးခြင်းမဟုတ်ပါ…
        ၁ လူငယ်တိုင်း ဘွဲ့ရဖြစ်စေချင်ပါတယ်… ဆက်စပ်တွေးခေါ်မှု အတန်အသင့်ရဖို့…
        ၂ ၁ဝ တန်းပြီးတာ တလုံးဝင်ဝင် ၂ လုံးဝင်ဝင် ICE (Internet, Computer & English) သင်တန်းတက်ပါ… ပညာဒါနတွေ ပေါပါတယ်…
        ၃ ဒါကိုမှ စားဝတ်နေရေးအတွက် သိပ်လုံးပန်းရရင် ပိုက်ဆံနောက် မလိုက်ပါနဲ့… ပညာရရင် လစာနည်းပါစေ လုပ်ပါ… ဒါက ပြင်ပ ပညာတွေပါ…
        ၄ ဒါတွေ ဆက်စပ်မိတဲ့ အချိန်အတိုင်းအတာ တခုကို… လူ(ကိုယ်ကိုယ်တိုင်)၊ ပတ်ဝန်းကျင်၊ ခုနက လုပ်ခဲ့တက်ခဲ့တဲ့ ပညာရယ် ပေါင်းရင် ပရာဒိုစီးရမှာ မလွဲပါဘူး…
        တခုပါပဲ အချိန် ကြာတယ် မြန်တယ်ပဲ ကွာမှာပါ… လက်ရှိကျွန်တော်လဲ အဲလို ကြိုးစားနေတာပါ…
        အောင်မြင်ခဲ့ရင် ဒီဖော်မြူလာလေးကို လူငယ်တွေ Motivation အတွက် အသုံးချမှာပါ… ကျေးဇူးတင်ပါတယ်… ဒီပို့စ်တင်ပြီး ပြောဆိုဆွေးနွေးခွင့်ရလို့ ကိုမင်းခန့်ကို ကျေးဇူးပါ… အမှားအယွင်းရှိလဲ ခွင့်လွှတ်ပါ… ဒါက ကျွန်တော့်ရဲ့ Point Of View ပါ… 🙂

        • မင်း ခန့် ကျော်

          August 22, 2014 at 12:32 pm

          အရေးကြီးကိစ္စပေါ်လာလို့ပြန်တာနောက်ကျသွားလို့ဆောရီးပါဗျာ။

          အခုကျတော် တိုက်တလုံးဆောက်နေပါတယ်။
          ဆောက်လုပ်ရေးအဖွဲ့တဖွဲ့ကိုအလုပ်အပ်လိုက်ရပါတယ်။
          သိန်းထောင်ချီလည်ပါတ်နေနိုင်တဲ့အဖွဲ့ပါ။
          အဲဒီလူတွေရဲ့အတန်းပညာက မရှိကြပါဘူး။
          အောက်ခြေကနေတက်လာတဲ့သူတွေပေါ့။
          ၁၆တန်းအင်ဂျင်နီယာပညာရပ်ကို ပြင်ပအလုပ်လက်တွေ့ကနေ
          သီးပွင့်လာတဲ့အသီးအပွင့်တွေပေါ့ဗျာ။
          အင်ဂျင်နီယာတွေငုတ်တုတ်ထိုင်နေရတဲ့အချိန်မှာ
          လုပ်ငန်းတွေတပုံကြီးနဲ့။
          တွက်ချက်တာလဲ စည်းမျဉ်းတွေအတ်ုင်းကွက်တိ။
          ဒါကလက်တလောနီးစပ်တာလေးတခုပါ။

  • ဦးဦးပါလေရာ

    August 20, 2014 at 10:23 am

    .အခုပြောထားတဲ့ ဥပမာ ၂ ခုကိုတော့ တိုက်ရိုက် မပြောလိုတော့ပါဘူး..။
    .ဒီဥပမာတွေရဲ့ အလွတ်ကိုပဲ ဖြည့် ဆွေးနွေးချင်တယ်။

    .စာကြိုးစားပြီး ပညာတော် အရာရှိကြီးသာဖြစ်ရင် ၊ သူကလဲ ရိုးသားရင် မကြီးပွားနိုင်ပါ
    .အခု ဝန်ထမ်းလစာတွေ ဘယ်လိုဖြစ်ကုန်သလဲမသိပေမယ့်
    .တစ်လ ဆယ့်ငါးသိန်းလစာရရင် တစ်လသုံးတာနဲ့ ကုန်မှာပါ
    .နေဖို့အိမ် အလကားရရင်တောင် စုမိဖို့ မလွယ်ပါ။
    .ဆရာဝန် အင်ဂျင်နီယာ ပိသုကာ လိုမျိုး အသက်မွေးဝမ်းကျောင်းပညာနဲ့ဆိုရင်တော့ ရိုးရိုးသားသားနဲ့ နှစ်အကြာကြီးနေရင် အသင့်အတင့် ကြီးပွားနိုင်ပါတယ်။

    .အဲသလိုပဲ………….
    .ကျောင်းစာမတော်လို့ အပြင် ကိုယ်ပိုင်လုပ်ငန်း လုပ်ရင်လဲ
    .မူလအရင်းအနှီး သို့မဟုတ် မိဘအရှိန်အဝါ သို့မဟုတ် မိဘရဲ့အောင်မြင်သောလက်ငုတ်လက်ရင်းလုပ်ငန်း တစ်ခုခုမရှိပဲနဲ့
    .ရိုးသား၊ မလိမ်ညာ၊ သူတပါးအခွင့်အရေးမကျူးကျော်၊ လူ့ကျင့်ဝတ်လိုက်နာပြီး ကိုယ်ပိုင်အလုပ်လုပ်ရင် ကြီးပွားဖို့ မလွယ်ရေးချ မလွယ်ပါ..။

    .အခု လက်ရှိမှာ အချိန်တိုအတွင်း ကြီးပွားချမ်းသာလာသူတွေကို ကြည့်ရင်
    ၁။ ရာထူး နေရာ လုပ်ပိုင်ခွင့် ကို အသုံးချပြီး မတရားသောနည်းနဲ့ငွေရှာသူများ
    ၂။ ရာထူး နေရာ လုပ်ပိုင်ခွင့် ရှိသူများကို အသုံးချပြီး မတရားသောနည်းနဲ့ငွေရှာသူများ
    ၃။ မိဘ ဆွေမျိုး တို့ရဲ့ အရှိန်အဝါကို အသုံးပြုပြီး လုပ်ငန်းလုပ်ကိုင် ငွေရှာသူများ
    ၄။ မူးယစ်ဆေးဝါး လောင်းကစား ပြည့်တန်ဆာ စတဲ့ ဒုစရိုက်လုပ်ငန်းလုပ်သူများ
    ၅။ လိမ်ညာ ကောက်ကျစ် ယုတ်မာ လူ့ကျင့်ဝတ်ကင်းမဲ့စွာ ငွေရှာသူများ
    …….
    .တွေကသာ အများဆုံးဖြစ်နေပါတယ်။

    .အဲ…..
    .ဒီပိုစ့်ထဲက ပရာဒိုကား ကတော့ ကျုပ်ကားမဟုတ်တာသေချာကြောင်း….
    .ဒီလောက် ကားတွေ ချေးပေါသေးပေါဖြစ်နေတာတောင် အဲ့ကားမျိုးမစီးနိုင်သေးပါကြောင်း…
    :mrgreen:

    • မင်း ခန့် ကျော်

      August 20, 2014 at 1:32 pm

      ငြင်းစရာမရှိ။ကွက်တိကွက်တိ။
      အဲဒါတွေက လက်ရှိပကတိမြန်မာ့အခြေအနေတွေပါ။
      ပညာသင်ကြားခြင်း (ကျောင်းတက်စာသင်)ရဲ့အကျိုးဆက်
      ခံစားခွင့်(ငွေကြေးပမာဏ) နဲ့
      ပြင်ပကိုယ်ပိုင်လုပ်ငန်းလုပ်ခြင်းရဲ့အကျိုးဆက်ခံစားခွင့်(ငွေကြေးပမာဏ)
      ကို ညီမျှခြင်းချရရင် ယေဘုယအားဖြင့်အတူတူ။
      စာတတ်တဲ့အရာထမ်းကမရိုးသားမူ့ကူမှ ကြီးပွားမယ်။
      စာမတတ်တဲ့ကိုယ်ပိုင်သမားက လည်းအရင်းအနှီးရှိမှကြီးပွားမယ်။
      ဒါပေမဲ့
      အရာထမ်းက မိုးမခေါင်တာလောက်ပဲ မျော်ကိုးခွင့်အမြင့်ဆုံးရှိချိန်မှာ
      ကိုယ်ပိုင်သမားက ပရာဒိုအထိတော့မှန်းနိုင်ပါတယ်ခင်ဗျာ။

  • manawphyulay

    August 20, 2014 at 12:47 pm

    ပါရာဒိုကားပေါ်သို့ တက်သွားသူသည် မနောဖြူလေးပင် ဖြစ်ပေတော့သည်…. :mrgreen:

    • မင်း ခန့် ကျော်

      August 20, 2014 at 1:38 pm

      လူနာမည်နဲ့ ကားအရောင်နဲ့က ဝမ်းဆက် :mrgreen:

  • အလင်းဆက်(24/05/2011)

    August 21, 2014 at 8:34 am

    အော်
    အခုမှ ဝင်ဖတ်မိတယ်
    လတ်စသတ်တော့ အကြောင်းးပြုအရင်းခံက
    ဒေါ်ဖွားမေနဲ့ မောင်သူရကိုးးး

    :mrgreen:

    ကျန်တာတော့ နောက်မှ ပြောတော့မယ်
    လောလောဆယ်ပြောချင်တာလေးကတော့. . .

    ပညာရေးမှာ
    ကျောင်းခန်းထဲက စီစဉ်ပြီးသား မေးခွန်းတွေ အဖြေတွေကို အလွတ်ကျက်ပြီး အမှတ်ပေးတဲ့ ပညာရေးထက်
    ကိုယ်တိုင် လုပ်ယူရတဲ့
    လွတ်လပ်သော ပညာရေး
    ဘောင်ထဲက မဟုတ်သော ပညာရေးကိုသာ
    ရွေးချယ်ချင်ပါကြောင်းးးး

    လွတ်လပ်သော ပညာရေးကို လွတ်လပ်စွာ ရွေးချယ် ရယူနိုင်မယ့်အခွင့်အရေး
    ဟောဒီတိုင်းးပြည်မှာ (ဘက်ပေါင်းများစွာက)နည်းပါးနေပါကြောင်းးးး

    • မင်း ခန့် ကျော်

      August 22, 2014 at 12:41 pm

      ဒေါ်ဖွားမေ နဲ့ ကိုသူရ ကျေးဇူးမကင်းတဲ့ပိုစ်ပါ :mrgreen:

      ပညာရေးပြောရ ရင်ဖြင့်
      ခုလက်ရှိသင်ရိုးကမဆိုပါဘူး။ (ဒီသင်ရိုးနဲ့ပညာတတ်တွေထွက်ထွက်လာတာတွေ့တွေ့နေရလို့ပါ)
      အရင်ပြင်စေချင်တာက အစိုးရတဖွဲ့လုံးရဲ့စနစ် အသုံးချ တဲ့ပေါလစီ။
      ပညာရေးမိုးပျံအောင်ကောင်နေပါစေ တခြားနိုင်ငံကို ထွက်ထွက်သွားကြရင်ဖြင့်
      မဟုတ်သေးဘူးထင်တာပဲ။
      ခေါင်းကနေစပြင်စေချင်တာပါပဲ။

      • ခင် ခ

        August 22, 2014 at 12:57 pm

        ( ပညာရေးမိုးပျံအောင်ကောင်းနေပါစေ တခြားနိုင်ငံကို ထွက်ထွက်သွားကြရင်ဖြင့်
        မဟုတ်သေးဘူးထင်တာပဲ။ )
        ဟုတ်လိုက်လေဗျာ။
        အဲအချက်ပါဘဲ ကျုပ်လည်းပြောချင်တာ။

Leave a Reply