လေယာဉ်ပျံ safety တစ်စွန်းတစ်စ

ကဲ ပိတ်သတ်ကြီး ရေ

ဒီတလော ဖွဘုတ် မှာ မော်ဒယ် တစ်ယောက် ကို MAI က လေယာဉ်မောင် က လေယာဉ်အတက် မှာ ဖုန်းပိတ်ခိုင်းလို့ ဆိုပြီး မော်ဒယ် က ချဲ ထားတာ ကို ဖတ်မိကြရဲ့လားဗျ။

မဖတ်မိသေးဘူး ဆိုလဲ အတိုချုပ် က ဂလို ဗျ။

သူ့သူငယ်ချင်း တစ်ယောက် က လေယာဉ်မောင် ပြောတာကို နားကြပ် တပ်ထားလို့ မကြားလိုက်ဘူးပေါ့။ အဲ့ဒါ ကို သူတို့က ဝိုင်းရယ် တော့ ဒါ safety အတွက် ပြောတာ ရယ်စရာ မဟုတ်ပါဘူး လို့ ပြောသတဲ့။ ဒါက တကြောင်း

နောက်ပြီး ဖုန်းကို Airplane mode လုပ်ထားတယ် ဆိုတာကို ပါဝါ ပိတ်ပေးပါ လို့ ပြောတာကို ဘယ် လေကြောင်းလိုင်း ကမှ အဲ့ဒီလို မပြောဘူးပေါ့လေ။

အဲ့လို ရန်တွေ့ထားတယ်ပေါ့။

ဒါကို အောက်က ကောမန့် တွေက ထုံးစံ အတိုင်း ဝိုင်း ဆွမ်းကြီးလောင်းထားကြသပေါ့ဗျာ။  လေယာဉ်မောင် နဲ့ လေကြောင်းလိုင်း ကို ဆွမ်းကြီးလောင်းတာကို ပြောတာနော်.. မော်ဒယ်ဂဲလ် ကိုတော့ ဘယ်သူက ရွှေစိတ်တော် ငြို အောင် လုပ်လိမ့်မတုန်း။

ဒီ ဆွမ်းကြီးလောင်းတာတွေ က ထားတော့။

ဒီမှာ မေးစရာ ရှိလာတာက ဘာလို့ လေယာဉ် အတက်အဆင်း မှာ mobile devices တွေကို ပါဝါပိတ်ခိုင်းရသလဲ နောက် ဘာလို့ လေယာဉ်မှန်ပြူတင်း တွေ ချထားတာ ရှိရင် ပြန်တင် ခိုင်းရသလဲ ဆိုတာပါ။

အရင်တုန်းက အဲ့ဒါတွေ မသိခဲ့ဘူးဗျ။ သူတို့ ဖုန်းပိတ်ခိုင်း ပြူတင်းမှန် တင်ခိုင်းလို့သာ လုပ်လိုက်ရတယ်။ ဘာတွေလဲဟ ဆိုတဲ့ အတွေးတွေနဲ့ပါ။

အဲ့ဒီ ၂ခု ကို ဖွဘုတ်မှာပဲ သူများ တွေ ပြန် ရှင်းပြ ထားတာ တွေ့ရလို့ ဒီထဲ မှာ ပြန် ရှဲ လိုက်ပါတယ်ဗျာ။

Credit Ko Charming Aung

ဒီမှာ မူရင်းလင့်ခ်

လယာဉ် အတက်နဲ့ အဆင်းဟာ လေယာဉ်မောင်းနှင်ခြင်းမှာ အန္တရာယ် အများဆုံးအချိန်တွေပါ။ ဖြစ်ခဲ့သော လေယာဉ် ပျက် ကျသော အဖြစ်အပျက်အများစု ဟာ လေယာဉ်အဆင်းမှာဖြစ် ပါတယ်။ ဒုတိယအများဆုံး က လေယာဉ်အတက်မှာဖြစ်တာပါ။

ဒါကြောင့် ကျွန်တော်တို့လေယာဉ်မောင်မယ်တွေ ဟာ ခရီးသည်တွေ မကြိုက်မှန်းသိပေမဲ့ လိုက်ပြောနေ ရခြင်းဖြစ်ပါတယ်။
အရေးပေါ်အခြေအနေနဲ့ ကြုံခဲ့ ရင် အသက်ရှင်နိုင်ရေး အတွက်လိုက်ပြောတာပါ။

လေယာဉ် ပြူတင်းပေါက်နေကာတံခါးများ ကို ဖွင့်ခိုင်းခြင်း

နေပူ နေတာပဲဖြစ်ဖြစ် လေယာဉ် အတက်နဲ့အဆင်းမှာ ပြူတင်းပေါက်နေကာတံခါးများကိုဖွင့်ခိုင်းပါတယ်။
ဘာကြောင့်လဲ
အရေးပေါ်အခြေအနေ(လေယာဉ် အင်ဂျင် မီးလောင်ခြင်း) ကို မြင်နိုင်ပြီး လေယာဉ်မှူးကြီးကို ကြိုတင် အသိပေးလို့ရပါ ခြင်း
အရေးပေါ် လေယာဉ်ဆင်းသက်ပြီး ပြင်ပြအခြေအနေကို သိရှိနိုင်ခြင်း (ပြင်ပမှာ အန္တရာယ် ရှိ မရှိ ကြည့်ကာ ချက်ခြင်း လေယာဉ်အားစွန့်ခွာသင့် မသင့် ဆုံးဖြတ်နိုင်ခြင်း
ပြင်ပတွင် အန္တရာယ်ရှိပါက ခရီးသည်မှ လေယာဉ်မောင်မယ်အား အကြောင်းကြားနိုင်ခြင်း
လေယာဉ်တံခါး ကို ပုံမှန်အခြေအနေမှာဖြစ်စေ အရေးပေါ်အခြေအနေမှာဖြစ်စေ ဖွင့်ရန်အတွက် ပြင်ပ တွင် အန္တရာယ် ရှိမရှိသိရှိနိုင်ခြင်း
စသော အကြောင်းများ ကြောင့် ဖွင့်ထားခိုင်းခြင်းပါ။

လက်ကိုင်ဖုန်းများ mp3 mp4 ipad စသော လျှပ်စစ်ပစ္စည်း များ အား လေယာဉ်အတွင်းအသုံးပြုသော Flight mode ဖြစ်နေစေပါမူ ပိတ်ခိုင်းခြင်း

Signalling device တွေ က ထုတ်လွှင့်သော ရေဒီယို လှိုင်းတွေဟာ လေယာဉ် အတော်များများရဲ့ လေကြောင်းထိမ်းသိမ်းရေး ကိရိယာတွေကို အနှောက်အရှက်ဖြစ်စေတဲ့ အတွက် အန္တရာယ်အများဆုံး အချိန် ၂ချိန်မှာ ပိတ်ခိုင်းထားခြင်းပါ။
ဖုံး signal ဟာ အမြင့်ပေ ၃ သောင်းကြော်မှန်ပျံသန်းနေချိန်မှာ မမိပါဘူး ဒါပေမဲ့ Flight mode မဟုတ်ရင် ဖုန်း ဟာ ရသမျှ signal ကို လိုက်ဖမ်းသလို သူကလဲ signal ပြန်ထုတ်ပါတယ်။
တစ်ခါ Hongkong အသွာ းလေယာဉ် က နှိမ့်ဆင်း ပြီး အနိမ့်ပိုင်းရောက်ချိန်မှာ ဗလယာဉ်မှူးက ခေါ်ပြီး လူတစ်ယောက် ဖုန်းသုံးနေပုံ ရကြောင်းလိုက်ရှာပြီး ပိတ်ခိုင်းပါတယ်။
အဲဒီဖုန်းကြောင့် လေကြောင်းပြ ကိရိယာ က Error တက်ပြီး လေကြောင်း က 3 to 5 ဒီဂရီလောက် လွဲနေဘို့ပါပဲ။
မြေပြင်ပေါ်မှာ ၃ဒီဂရီဟယာ ဘာမှ မဖြစ်လောက်ဖူး ထင်မှာပါ။
ဒါပေမဲ့ လေယာဉ်ပေါ်မှာတော့ အရမ်း အန္တရာယ်များပါတယ်။
Flight Mode လုပ်ထားတယ်ဆိုပြီး သေချာ FlightMode ဖြစ်သလား မဖြစ်သလားဆိုတာ ပြောနိုင်ပါသလား။
Flight Mode နဲ့ MP3တို့ MP4 တို့နားထောင်ကြည့်ရှုလို့ရနိုင်ပေမဲ့ လေယာဉ်ဆင်းချိန်မှာ အာရုံ စူးစိုက်မှု ကို Safety မှာသာရှိစေချင်လို့ ပိတ်ခိုင်းတာပါ။
mp3 တို့ mp4 တို့ Game တို့ သုံးနေချိန်မှာ မိမိအာရုံဟာ လွင့်ပါးနေတဲ့ အတွက် ရုတ်တရက် အရေးပေါ် အခြေအနေ ကြုံလျှင် ချက်ခြင်း ဘယ်လိုမှ တုန့်ပြန်လို့မရနိုင်ပါဘူး။
နောက်ပြီး အရေးပေါ် အခြေအနေကြုံကြောင်း လေယာဉ်မောင်မယ်တွေ က အော်ပြောနိုင်ပေမဲ့ နားမှာ နားကြပ်ကြီးဆို့ပြီး ကျယ်လောင်စွာနားထောင်နေသူအနေနှင့်မကြားနိုင်ပါ။
အထက်ပါ အကြောင်းအရာများဟာ ဒီလျှပ်စစ်ပစ္စည်းတွေ အားလေယာဉ် အဆင်းနဲ့ အတက်မှာပိတ်ခိုင်းရခြင်းရဲ့ အကြောင်း တစ်ချို့ပါ။

လေယာဉ်မောင်မယ်တွေ ဟာ သင်တို့ တတွေ အရေးပေါ်အခြေအနေ ကြုံချိန်မှာ အသက်ရှင်နိုင်ရေး ဘေးကင်းစွာ လေယာဉ်ပေါ်မှဆင်းသွားနိုင်ရေးအတွက် သင်တို့ မကြိုက်မှန်းသိရဲ့သားနဲ့ လိုက်ပြောပေးတာပါ။

17 comments

Leave a Reply