ပန်းတွေကြားမှာ စားကြမယ်

ဇီဇီAugust 18, 20145min24929

https://myanmargazette.net/202847
ပန်း အရောင်းပြပွဲ Garden Festival @ Garden By The Bay.- JackSkellington။

 

https://myanmargazette.net/193126
Gardens By the Bay – အပိုင်း (၁)- ဇီဇီ ခင်ဇော် (15102012)

 

 

https://myanmargazette.net/193249
Gardens By the Bay – အပိုင်း (၂)- ဇီဇီ ခင်ဇော် (15102012)

 

 

https://myanmargazette.net/196274
ကျူးးးးးး ကျူးးးးး ပြီး လစ် တဲ့ Tulip- ဇီဇီ ခင်ဇော် (15102012)

 

 

 

စနေနေ့က Garden By the Bay  မှာ Singapore Garden Festival တဲ့။

နောက်တစ်ပတ် တနင်္ဂနွေထိ ရှိပါမယ်။
အဲလာ သွား ဖလန်းပြီး ခဲ့ပြီး ပြောပြချင်လို့။
အဲဒီ ပြပွဲမှာ အရှေ့တောင်အာရှက နိုင်ငံ တော်တော်များများ လာကြတယ်။

(အနော်တို့ စိုက်ပျိုးရေးနိုင်ငံမပါ)

:a:
သူတို့ အပင်၊ နည်းပညာ၊ ပစ္စည်းကိရိယာ၊ ဆေးဝါး စတဲ့ ဟာတွေကို ပါ ချရောင်းတယ်။
ဈေးတန်းကြီးလိုက်ပဲ။
ပြပွဲမှာတော့ ပန်းတွေနဲ့ အလှဆင်တဲ့ ဒက်ကော် တွေ အများကြီးပဲ။
တစ်ခါတည်း တင်ရင် ဓာတ်ပုံတွေ အများကြီးမို့ တဖြည်းဖြည်းချင်း စိတ်ပါတာလေးတွေ တင်ရတာ။
ဟိ။   :mrgreenn:

အစဉ်တော့ မကျဘူးးး…..
ခုဟာက ပန်းတွေနဲ့ ထမင်းစားပွဲ ပုံစံ မျိုးစုံ အရင် ပြမလို့။ နာမည်လေးတွေနဲ့ အရမ်းများလို့ ရိုက်ပျင်းတာ။
အမှန်တော့ လေးလက်မ ဒေါက် နဲ့ ညောင်းလို့ ဖိနပ်ချွတ်ကြီးနဲ့ ကြည့်မကောင်းလို့ အမြန်ပဲ။
ဟိ၊

:mrgreenn:
အစိမ်းစားကြည့် (အဲလေ) စဉ်းစားကြည့်။
ပြပွဲမှာ ဓာတ်ပုံရိုက်ပြီး ပြိုင်ပွဲပါဝင်လို့ရတယ် ဆိုတော့ ပြောင်းကြီး ပြောင်းငယ် အသွယ်သွယ် ၃ ချောင်းထောက်မက လှေကားတွေနဲ့ပါ လာကြတဲ့ ဆရာ့ ဆရာကြီးများ ကြားးး
ဂလောက် လူမပါအောင် ရိုက်နိုင်တာ ကံကောင်းလို့။
သည်းခံ ကြည့်ကြပါကုန်။

:mrgreenn:

အိပ်ခန်းတို့ မီးဖိုချောင်တို့ ဧည့်ခန်းတို့ မှာပါ အပင် ဘလဘွ တွေ နဲ့ ပြခန်းတွေပါရှိသဗျ။
သဘောမကျလို့ (ဘယ်နဲ့ အိပ်ခန်းထဲ မြွေမကြောက် ကင်းမကြောက် အပင်တွေ အများကြီးးး) မတင်တော့ဘူးး

လူတွေတော့ ကျိတ်ကျိတ်တိုးပဲ။

ပန်းပုံတွေက ဥ ထားသေးတယ်။
ဟိ!!

IMG_8172
1

:k:

IMG_8173
2

 

IMG_8175
3

 

IMG_8182
4

 

IMG_8185
5

 

IMG_8191
6

 

IMG_8197
7
IMG_8201
8

 

IMG_8202
9

 

IMG_8203
10

 

IMG_8210
11

 

IMG_8211
12

 

IMG_8212
13

 

IMG_8215
14

 

IMG_8218
15

 

IMG_8220
16

 

IMG_8231
17

 

IMG_8233
18

 

IMG_8234
19

 

IMG_8235
20

 

IMG_8239
21

 

29 comments

    • ဇီဇီ ခင်ဇော် (15102012)

      August 19, 2014 at 7:30 am

      Thank you.

      :s:

  • JackSkellington

    August 18, 2014 at 9:45 pm

    အဲ ဒါက ၁၈ကျပ်တန် ထဲက လားဗျ။
    အဲဒီထဲ မရောက်ခဲ့ဘူး။ အပြင်က နေ ပဲ ပတ်လာခဲ့တာ။ း)

    • ဇီဇီ ခင်ဇော် (15102012)

      August 19, 2014 at 7:33 am

      ၁၄ ဒေါ်လှ တဲ့ ကိုဂျက်ရေ။
      NTUC card ရှိရင် ၁၂ ဒေါ်လှပဲ ကျတယ်။
      အဲဒီ တစ်ကက်နဲ့ပဲ Flower dome ကို ဝင်လို့ရတယ်။

      တန်တယ်။
      နယူးဇီလန်က အပင် ပန်း အလှဆင် တဲ့သူ လာလုပ်ထားတာ။ 🙂

      မှောင်တော့ မှောင်တယ်။

  • ကန္နားစီး မိဂီ

    August 19, 2014 at 8:52 am

    အင်း….
    အဲ့ဒါလေးတွေ ရိုက်ချင်ယို့ ချောင်းနေတာ ..
    ချောင်းနေရင်း ချောင်းနေရင်းကနေ..
    မုဒ်က ချိန်းသွားဒယ်…
    (မော်ဒယ်ပါ ဝမ်းတဆက် ရှာထားပေးပါ မမယီး)

    :mrgreen:

    • ဇီဇီ ခင်ဇော် (15102012)

      August 19, 2014 at 8:55 am

      စိုင်း ညီမလေးက ဒီ လ ကုန် အပြီးပြန်မှာ။
      အချိန်မှီတော့ မလာပဲနဲ့။

      :k:

  • Mr. MarGa (12512)

    August 19, 2014 at 11:19 am

    ပုံတွေ ကြည့်ပြီး တွေးမိတာ
    ငါ.. တောထဲမှာများ ထမင်းဝိုင်းထိုင်နေသလား လို့ :mrgreenn:
    ချင်ကျားပု ယာကူဇာဂိုဏ်းခေါင်းဆောင် ဖုန်းတစ်လုံးနဲ့ အလုပ်ရှုပ်နေတဲ့ပုံလေးပါတင်လိုက်ရင်…
    ဒီပို့စ် ဟာ PERFECT! :s:

    • ဇီဇီ ခင်ဇော် (15102012)

      August 19, 2014 at 11:22 am

      အဟိဟိ။
      အဲလာ လေ ချိန်းထားတဲ့ တနယ်ချင်းကို ဖုန်းခေါ်နေတာ။ နေရာ ရှာမရလို့ ဒေါသကြီးနေတုန်း ခိုးရိုက်ခံလိုက်တာတာ။
      ဓာတ်ပုံ!! :mrgreenn:

      အောက်ဒိုး ပုံတွေ တင်မှ
      တင်တော့မယ်။
      ခိ။
      :s:

      • Mr. MarGa (12512)

        August 19, 2014 at 11:26 am

        အင်းးး
        မျက်စိကို ခုကတည်းက အားဖြည့်ထားမှ
        ဘုရား တရား တ. စရာတွေ လာတော့မယ် :mrgreenn:

  • ခင် ခ

    August 19, 2014 at 11:33 am

    ပြင်ဆင်ထားတတ်တာတွေကြောင့် ပန်းတွေက ပိုလှသွားတယ်ထင်။

    • ဇီဇီ ခင်ဇော် (15102012)

      August 19, 2014 at 11:43 am

      ဟီးးး
      လက်တွေ့တော့ မကျလှဘူး ကိုကြီးခ။

      အနော်သာဆိုရင်တော့ နံနံပင်အိုး၊ ကြက်သွန်မိတ်အိုး၊ ခရမ်းချဉ်သီးအိုး၊ ငရုတ်သီးပင်အိုးတို့နဲ့ အလှဆင်မယ်။
      ဟိဟိ :mrgreenn:

      ခူးစားရုံပဲ။ စားပွဲပေါ်မှာ ငပိရည် အိုးလေးတင်ပြီးးး
      :s:

  • နောင် ရိုး

    August 19, 2014 at 11:46 am

    အဲ့မှာ…ထမင်းစားဖို့ထက်….လှဲသာအိပ်ပလိုက်ချင်တော့တယ်….။
    ပန်းနံ့လေးတွေတသင်းသင်းနဲ့….အိပ်မက်လှလှမက်ချင်ရို့……..

    • ဇီဇီ ခင်ဇော် (15102012)

      August 19, 2014 at 11:50 am

      ချစ်တူနဲ့ ဆိုရင်တော့ စကားပြောချင်စရာ။
      :mrgreenn:
      နာ က ဟို ကျူရိုးလို ဟာမျိုးတွေ ကာထားပြီး စားပွဲဝိုင်း ပုလေးကို အကြိုက်ဆုံးး
      အာ့ကြောင့် ၃ ပုံထည့်ထားတာ။

      ရှင်းတယ်။

      :s:
      ကျန်တာတွေတော့ မထိုင်ချင်စရာ.. :mrgreenn:

      ဆု က ဘယ်သူရလည်း မသိဘူးးး
      ကြိုက်သာကြိုက်တာ။
      မဲ မပေးခဲ့ရဘူးးး
      :k:

  • black chaw

    August 19, 2014 at 12:03 pm

    ဝိုး…ရေ့…။
    ပန်းပုံလေးတွေ မြင်တော့
    မောင်ပန်းမွှေး (လို့ထင်ပါတယ်) ကဗျာလေး သွားသတိရတယ်။

    တချို့က ကိုယ့်ကို အမုန်းပန်းလေးတွေပေးကြတယ်
    ကိုယ်က အဲဒီပန်းလေးတွေကို မြစ်ကလေးတစ်ခုမှာ မျှောလိုက်တယ်
    မြစ်ကလေးရဲ့နာမည်က ခွင့်လွှတ်ခြင်း…တဲ့…။

    ပန်းလေးတွေ လှပါတယ် မကေဇီရေ။

    • ဇီဇီ ခင်ဇော် (15102012)

      August 19, 2014 at 12:06 pm

      သများကတော့ အမုန်းပန်းကို မြစ်ထဲ မမျှောဘူးး
      အဆိပ်ပြန်ဖော်ပြီး ခတ်မှာ။
      ခိခိ။ :mrgreenn:

  • မြစာကလေး (23122011)

    August 20, 2014 at 2:13 am

    ဇီကလေး

    ဒီမှာလဲ အစိမ်းရောင် အပင် တွေ အိမ်ထဲ တွေမှာ အလှ စိုက်ကြတယ်။
    တစ်ချို့က ကွန်ဆာဗေထရီ ခေါ်တဲ့ မှန် အကာ နဲ့ အဖီ တွေ ထုတ်ပြီး အဲဒီ ထဲ အပင် တွေ စိုက်ကြတယ်။
    အရီးလဲ အဲဒီ အစိမ်းရောင် အပင်တွေ ကို အရမ်းကြိုက်တယ်။
    အိမ်ထဲ မှာ ပန်းအိုးတွေ နဲ့ စိုက်ထားတယ်
    မြက်ပင်လို ထီးပုံစံ အပင် တွေ ကို ပန်းအိုးထိုး ရတာ။
    နောက် Christmas cactus လို့ ခေါ်တဲ့ အစိမ်းရောင် အပင်မှာ ဒီဇင်ဘာကျ ပန်းရောင် အနီရောင် အပွင့် လေးတွေ ပွင့်တာလဲ အိုး တွေ နဲ့ ရှိတယ်။
    အပင်တွေ အိမ်ထဲရှိတာ အောက်ဆီဂျင်ထုတ်ပေးပြီး ကာဘွန်ဒိုင် ကို ပြန်စုပ် ယူတာ ကလဲ ကောင်း တာမဟုတ်လား။
    ၁၄ကျပ် ပေးပြီး အရီး တို့ ကိုပါ ပြပွဲ ခေါ်ခဲ့လို့ ကျေးဇူးပါရှင့်။

    မာမီ လာရင် ဇိမ်ဘဲ ပေါ့။ ဟင်းချက် အိမ်ရှင်းပေးမဲ့သူရောက်လာလို့။
    အရီး က နှုတ်ဆက်ကြောင်း ပြောပေးနော်။
    :-)))

    • ဇီဇီ ခင်ဇော် (15102012)

      August 20, 2014 at 8:55 am

      ဟုတ်။
      ပြောလိုက်ပါ့ မယ် အရီးရေ။
      ၂၃ ရက်နေ့ မှ ရောက်မှာ။
      :s:

      ကျနော် ကတော့ အိမ်တွင်း တစ်ပင် ၂ ပင်ချင်းကို ကြိုက်ပါတယ်။
      ဟီးးး
      ပြပွဲကဟာတွေက တာဇံ အိမ်လိုမျိုးကို အလှ ဆင်ထားလို့ ကျောချမ်းတယ်။
      :k:

    • ဇီဇီ ခင်ဇော် (15102012)

      August 20, 2014 at 8:50 am

      ဖွေးဖွေး က ဆက်ဆက်ကို ကြောက်လို့ ဓာတ်ပုံ ထဲ မပါဘူးး

      :mrgreen:

  • Nyo Win

    August 20, 2014 at 10:57 am

    တယ်နု တယ်လှပါကလား….
    ကိုယ်တွေကမနုတော့ အဲ့လိုနေရာမျိုးတွေမထိုင်ရဲပေါင်… 🙂

    • ဇီဇီ ခင်ဇော် (15102012)

      August 20, 2014 at 11:41 am

      သများလည်း မနုလို့ မထိုင်ရဲပေါင်။
      လာ။
      စင်တင်ကိုပဲ သွားကြစို့!!

      :mrgreen:

  • Kaung Kin Pyar

    August 20, 2014 at 12:22 pm

    သဘောကျဖို့ကောင်းလိုက်တာ…
    အဲ့ထဲရောက်ပြီးရင်…ပြန်တောင်ထွက်ချင်ပါတော့မလား မသိ..
    :k:

    • ဇီဇီ ခင်ဇော် (15102012)

      August 20, 2014 at 12:28 pm

      ဟမ်မငေးးး
      အေးတယ် ညလေးရဲ့။
      ဒီလောက်လေး နေမိတာတောင် အအေးမိပြီး လည်ချောင်းနာလာတယ်။

      ရေတံခွန် အတုတွေရော ပန်းနံ့တွေရော နဲ့ မှောင်လည်း မှောင်နေတော့ တခြား ကမ႓ာသစ်တစ်ခုရောက်သွားသလိုပဲ။
      အဲဒီ ပတ်ဝန်းကျင်ကို ကြိုက်လို့ ခဏ ခဏ သွားနေတာ။

      မောင်လေးလာဖြစ်ရင် အပြန်လက်ဆောင်ပေးလိုက်မယ်နော်။

      :s:

  • kyeemite

    August 20, 2014 at 1:34 pm

    -ရိုးရိုး ပန်းအလှရိုက်ပြတာလောက် မကြိုက်မိပါဘူး…အတင်းကြီးဖန်တီးထားတာသိသာနေတော့
    -ခံစားလို့မရဖြစ်သွားတာထင်ရဲ့…ကျုပ်ကသဘာဝအတိုင်းလှတာကိုပိုသဘောကျတာ :k:

    • ဇီဇီ ခင်ဇော် (15102012)

      August 20, 2014 at 1:36 pm

      ဟုတ်တယ်။
      ဟုတ်တယ်။
      မိုက်မိုက်ပြောတာ သဘူတောတယ်။

      အာ့ဆို နောက် ပို့(စ) မှ သဘာဝကျကျလှနေတဲ့ ဟာလေးတွေ တင်မယ်နော။
      ခိခိ

      :k:

  • မွသဲ ( 17082011 )

    August 20, 2014 at 7:26 pm

    ချားဘူးချားဘူး။ လှဒယ်လို့ခံစားရဘူး။ သဘာဝမကျဘူးလို့ခံစားရသလို ကျွတ်တွေ ဘောက်ဖတ်တွေ ခူယားတွေများတဲ့နေရာမှာကြီးခဲ့ရလို့ အပင်ဆိုဝေးဝေးရှောင်တဲ့ အကျင့်ကရသွားပြီ။ ခုထိ အပင်တွေကိုကြောက်တုန်း။အိုက်ထမင်းစားခန်းမှာသာကျွေးမယ်ဆိုရင် ပြေးမာဘဲ ပြေးမာဘဲ :mrgreen:

    • ဇီဇီ ခင်ဇော် (15102012)

      August 20, 2014 at 7:31 pm

      မပြေးးးနဲ့
      မိဘီ
      :mrgreen:
      မွသဲ နဲ့ အနော် ကြောက် တဲ့ အကောင် တူတယ်
      :a:

      • မွသဲ ( 17082011 )

        August 21, 2014 at 6:37 am

        အဟိ ချွိနဲ့ ယောက်ခမွ တူတာအတော်များဒယ် ရှေးရေစက်ဆိုတာဒါမိုးဖစ်မယ် 🙂

Leave a Reply