ပန်း အရောင်းပြပွဲ Garden Festival @ Garden By The Bay.

DSC_1326

 

 

 

 

 

 

 

 

ဒီ ဆန်းဒေး မှာ အသိတွေ အဖော်ကောင်းတာရယ် lens လေး စမ်းချင် တာရယ် နဲ့ Garden By The Bay က ပန်း အရောင်းပြပွဲ ကို ရောက်သွားလေရဲ့။

အဲ့ဒီမှာ ပန်းပင်တွေ ပျိုးပင်တွေ ကန္တာရပင် တွေ အပင် အားဆေး တွေ ဥယျာဉ်သုံး ပစ္စည်းတွေ မျိုးစုံ ရောင်းနေကြတာကိုး။

ပိုက်ပိုက် ၁၈ကျပ် ပေးပြီး ဝင်ရတဲ့ နေရာ တော့ ရှိသေးဗျ။ နှမြော တာနဲ့ပဲ အပြင်က အလကား ကြည့်လို့ရတာတွေ ပတ်ကြည့် ပတ်ရိုက်လာခဲ့တာ။

အများစု က တော့ သစ်ခွ တွေပါပဲ။ ဘယ်ပန်း က ဘာနာမည် ဆိုတာတွေတော့ မသိဘူးဗျ ဟီးဟီး ကိုယ်တွေက အဲ့ဒီ ဘက် မှာ ပါရမီ ကောင်းသကိုး။

အမေ တို့ ဒီကို တစ်ခါလာတုန်းက ဒီက နာမည်ကြီး သစ်ခွဥယျာဉ် ဆိုလို့ ခေါ်သွားပြမိပါတယ် မျက်နှာ မရ ခြေထောက် ရ ပဲ။

ဟိုသစ်ခွလဲ မြန်မာပြည်မှာ ရှိတယ် ဒီသစ်ခွလဲ မြန်မာပြည်မှာ ရှိတယ် နဲ့မားသားနဲ့ တွေ့တော့မှပဲ ကိုယ့်နိုင်ငံ ကိုယ် ဂုဏ်ယူရကောင်းမှန်း သိတော့တယ်။ း)

ဒီ ပန်း တွေ မြင်ရင်လဲ ဘာပြောဦးမယ် မသိ။

DSC_1189 DSC_1201 DSC_1206 DSC_1216 DSC_1219

ဒီပန်းလေး ကြည့်ရတာ အလယ် မှာက လူလေး မတ်တတ်ရပ်နေသလိုလို ...
ဒီပန်းလေး ကြည့်ရတာ အလယ် မှာက လူလေး မတ်တတ်ရပ်နေသလိုလို …

DSC_1224 DSC_1225 DSC_1229 DSC_1232 DSC_1242

ဒီ ဆက်တင် လေး တွေ သဘောကျတာ ဗျာ။ ဝယ်လဲ ဝယ်ချင်ပါရဲ့ ခက်တာက အခန်းထဲမှာလဲ ထားစရာ နေရာ မရှိ။ အလုပ်မှာ ထားပြန်တော့လဲ နေရောင် က မရ နဲ့။
ဒီ ဆက်တင် လေး တွေ သဘောကျတာ ဗျာ။ ဝယ်လဲ ဝယ်ချင်ပါရဲ့ ခက်တာက အခန်းထဲမှာလဲ ထားစရာ နေရာ မရှိ။ အလုပ်မှာ ထားပြန်တော့လဲ နေရောင် က မရ နဲ့။
ဒီပန်းပွင့်ကြီးတွေက အပြင်မှာ အတော်ကြီးသဗျ။ လက်တစ်ဝါး သာသာ လောက် ရှိမလားပဲ။
ဒီပန်းပွင့်ကြီးတွေက အပြင်မှာ အတော်ကြီးသဗျ။ လက်တစ်ဝါး သာသာ လောက် ရှိမလားပဲ။

DSC_1262 DSC_1267 DSC_1276 DSC_1279 DSC_1284

သူတို့ decoration လုပ်တာလေးတွေ လှတာ ပြောပါတယ်။ အရုပ်လေးတွေတောင် တင်ထားလိုက်သေး။
သူတို့ decoration လုပ်တာလေးတွေ လှတာ ပြောပါတယ်။ အရုပ်လေးတွေတောင် တင်ထားလိုက်သေး။

DSC_1287 DSC_1295 DSC_1300 DSC_1309 DSC_1310 DSC_1314 DSC_1317 DSC_1319 DSC_1321 DSC_1323 DSC_1324 DSC_1325

Dancing Lady လေးတွေ။ ဒါမျိုးကို အဝါသက်သက်အပွင့်တွေပဲ အရင်က မြင်ဖူးတာ။ အခုမှ အနက်ကြားလေးနဲ့။ တော်တော် လှတာပဲ။
Dancing Lady လေးတွေ။
ဒါမျိုးကို အဝါသက်သက်အပွင့်တွေပဲ အရင်က မြင်ဖူးတာ။ အခုမှ အနက်ကြားလေးနဲ့။
တော်တော် လှတာပဲ။
ဒါက ဘေးတိုက်ဗျူး မသိရင် ဘွန်ဆိုင်း ပင် လိုလို ဘာလိုလို း)
ဒါက ဘေးတိုက်ဗျူး မသိရင် ဘွန်ဆိုင်း ပင် လိုလို ဘာလိုလို း)

DSC_1331 DSC_1333

16 comments

  • Iris

    August 19, 2014 at 4:58 am

    ဒန်​းစင်​း​လေဒီ အနက်​ကျား​လေးကို ခုမှမြင်​ဖူးတယ်​။ အနီ​ရောင်​​တောပန်​း​လေးက ဆွဲလည်​းပန်​းလို့ ​တောမှာ​ခေါ်ကြတယ်​။ သစ်​ခွဥယဉ်​ကသစ်​ခွက ငှက်​ခြံကသစ်​ခွ​လောက်​​တော်​မလှ​တော့ဘူး။ ဒါ​ပေမဲ့ အဲ့မှာ နာမည်​​ကျော်​ပုဒ်​ဂို​လ်​​တွေစိုက်​ထားတာ​တွေရှိတယ်​။

    • JackSkellington

      August 19, 2014 at 5:12 am

      ဟုတ်တယ်ဗျ။ ဒီ က သစ်ခွဥယျာဉ် ထက် စာရင် ပြင်ဦးလွင် က သစ်ခွ ဥယျာဉ် က မှ ပိုပြီး စုံသေးသလိုလို….. အဲ့မှာက လိပ်ပြာပြခန်း ခေါ်သလား ပဲ အဲ့ဒါလဲ ရှိတယ် း)
      တကယ်ကတော့ ကိုယ်တွေ ရွှေပြည်ကြီးမှာ အတော်လေးကို ပန်းမျိုးစိတ် အကောင်ဗလောင် မျိုးစိတ် တွေ စုံရှာတာ။ မပြုပြင်တတ် မပြစားတတ်လို့ရယ်သာ။

  • ဇီဇီ ခင်ဇော် (15102012)

    August 19, 2014 at 5:01 am

    Wow…..
    So nice., ko Jack yayy….
    Can I refer this post in my interia deco post, please..?
    🙂

    • JackSkellington

      August 19, 2014 at 5:09 am

      Refer ပါ ခည။ း)

  • Mr. MarGa (12512)

    August 19, 2014 at 9:00 am

    ခွိ
    အရင်အပတ် ပိတ်ရက်က သွားပြီး ဒီနေ့မှ တင်မယ်လို့ချည်း တွေးထားကြလားမသိ တိုက်ဆိုင်လိုက်ပုံများ
    ဒီဘက် ပို့စ် က အပြင်ဘက်ခြမ်းကို ငေးပြီးပြီဆိုတော့
    ဟိုဘက်ကို ကူးလိုက်ဦးမယ်ဗျို့ 🙂

    • JackSkellington

      August 19, 2014 at 9:33 am

      ဟီး သွားတာကတော့ ဆန်းဒေးတုန်းက သွားတာပဲဗျ။
      ဆန်းဒေး ည ကို ဘာမှ မလုပ်နိုင်တော့တာနဲ့ ဖဘ ပေါ်ပဲ ပုံတွေ ပစ်တင်ထားပလိုက်တာ။ း)
      တနင်္လာနေ့ မှ ပုံတွေကို ဆိုဒ်တွေ ပြန်လျှော့ပြီး ဒီပေါ် တင်ရတော့တာပ။
      ဆိုဒ်ကြီးလို့ ဆာဗာကြီး လေးသွားရင် ဆောရီး။

  • ဇီဇီ ခင်ဇော် (15102012)

    August 19, 2014 at 9:24 am

    http://myanmargazette.net/202847
    ပန်း အရောင်းပြပွဲ Garden Festival @ Garden By The Bay.- JackSkellington
    .
    .

    http://myanmargazette.net/193126
    Gardens By the Bay – အပိုင်း (၁)- ဇီဇီ ခင်ဇော် (15102012)
    .
    .

    http://myanmargazette.net/193249
    Gardens By the Bay – အပိုင်း (၂)- ဇီဇီ ခင်ဇော် (15102012)
    .
    .

    http://myanmargazette.net/196274
    ကျူးးးးးး ကျူးးးးး ပြီး လစ် တဲ့ Tulip- ဇီဇီ ခင်ဇော် (15102012)
    .
    .

    .
    .

    အမှန်ဆို သစ်ခွ က ဒီ ပြပွဲ လုပ်မှာမို့ အလှ ဆင်ထားတာ။။
    ခါတိုင်း မရှိဘူးး
    Botanic Garden က Orchid Garden က ပိုစုံတယ်။
    .

    http://myanmargazette.net/182281
    သစ်ခွ ဥယျာဉ် (၁)- ဇီဇီ ခင်ဇော် (15102012)
    .
    .

    http://myanmargazette.net/182309
    သစ်ခွ ဥယျာဉ် (၂)- ဇီဇီ ခင်ဇော် (15102012)
    .
    .

    ဒါပေမဲ့ ဒီမှာက သစ်ခွ အကြီးကြီးတွေ ပိုမြင်ရတယ်။ နည်းပညာပါ ပါလို့လားမသိဘူးးး

    🙂

    နှင်းဆီ ပြပွဲ ရှိတယ် လို့ပြောတယ်။
    အဲဒါ စောင့်နေတာ။

    :mrgreen:

    • JackSkellington

      August 19, 2014 at 9:32 am

      နှင်းဆီ ပြပွဲ ဆိုရင်တော့ စိတ်ဝင်စားစွာ သွား ကြည့်ဦးမှပါ။
      ပိုက်ပိုက် ပေးရလဲ ပေးရပါစေတော့လေ… း)

      ဟိုတနေ့က ဖွဘုတ် မှာ နှင်းဆီ အနက် ကြီး တွေ ဓာတ်ပုံတွေ တွေ့လိုက်တယ် လှချက်…

      (ငါ့မလဲ ယောက်ျားတန်မဲ့ ပန်းတွေ သဘောကျနေရတယ်လို့) 🙂 🙂 🙂

      • ဇီဇီ ခင်ဇော် (15102012)

        August 19, 2014 at 9:35 am

        မဆိုင်ပါဘူးအေ။
        သဘာဝက လောကကြီး က ပေးတဲ့ အလှ တရားဟာ
        ကျားကျား မ မ ခံစားခွင့်ရှိပါတယ်။
        ဘယ်သူမှ မောင်ပိုင်စီးထားလို့ မရပါဘူးးး

        :k:

  • ခင် ခ

    August 19, 2014 at 11:04 am

    ပန်း ထံသို့
    ပိတုန်း လာမလား
    ပျား လာမလား
    သူတို့ ဘာလို့လာတာလဲ
    အနော် သေချာမသိ။

  • manawphyulay

    August 19, 2014 at 12:50 pm

    ခွက်ကလေးထဲမှာ ပန်းတွေကော ကျောက်စရစ်ခဲတွေကော စုံနေတာလေး သဘောကျပါတယ်။ ဝယ်ပေးမယ်ဆိုရင် ရုံးခန်းထဲက စားပွဲပေါ်မှာ တင်ထားချင်လို့ပါနော်။ :mrgreen:

    • JackSkellington

      August 19, 2014 at 1:55 pm

      အဲ့ဒီ ခွက်လေးနဲ့ ဟာကိုက သဘောကျလို့ အနော်တောင် ဝယ်ဦးမလို့ပဲ…
      သို့ငြားလဲ ရုံးမှာက နေရောင်ခြည် မရတာနဲ့ ခွဲရမှာ သည်းမြညှာရယ် ဖြစ်လာလေရဲ့… း)

  • မြစာကလေး (23122011)

    August 20, 2014 at 2:02 am

    မောင်ဂျက်
    ချင်ကျားပူ က ဆို ရွာထဲ မှာ ဂျူတီ နဲနဲ ပိုယူ လိုရသားကို။
    အခုတော့ ပေါ်တစ်ချက် ပျောက်တစ်ချက်။
    ဒီလို Post တွေ ဆက်တင်ပါ။ မှတ်ချက်လေး တွေ များများ ချပါ ရှင့်။

    အရီး ကတော့ ဘာရောဂါလဲ မသိ ပန်းတွေထဲ သစ်ခွ ကိုရော သဇင် ကိုပါ ခံစားလို့မရ။

    မနော ရေ အဲဒီ ပန်းအိုး လေး ကို ကွ ကိုယ် လုပ်ကြည့်လေ။
    မုန့်ဖုတ်လို့ ရတဲ့ ပန်းကန်ဖြစ်ဖြစ် ကြွေ/ဖန် ပန်းကန်ဖြစ်ဖြစ် ဇောက်နက် တာရှာ။
    ကျောက်စရစ် အဖြူ ထည့်၊ မြေပဒေသာမှာ အဲဒီ ရှားစောင်းပင် အသေး တွေရှိတယ်။
    မှိုလို လေးကတော့ ပလပ်စတစ် လိုမျိုး အတု ထင်တယ်။ တရုတ် ကလာတာ တွေ ပေါမှပေါ။
    စမ်းကြည့်ပါလား။
    နောက် လှလှ လုပ်နိုင်လာ ရင် ဆင်ပြီး ရောင်းလို့တောင်ရမှာ။ :-))

    • JackSkellington

      August 20, 2014 at 9:45 am

      ဟုတ်ကဲ့ပါ အရီးရေ။ စာရေး ကို အလွန့်အလွန် ပျင်းပါသောကြောင့် ပေါ်လိုက် ပျောက်လိုက် ဖြစ်နေရခြင်း ပါ ခည။
      ရုံးမှာတောင် document ကောင်းကောင်း မရေးလို့ ဆိုပြီး ဂျာကြီး က ခဏခဏ ခေါ်ဆူတာ ခံရတာ။ း)
      အဲ့လို ကန္တာရ ပင် လေးတွေ လုပ်ဖို့ ကျောက်တုံးလေးတွေ ဂျယ်လီလေးတွေ တော့ ရောင်းတာ သိတယ်။ decoration တွေကတော့ ကိုယ့်ဟာကိုယ် ရှိတာတွေ ပစ်ထည့် ထားလိုက်ရင် modern design ဆိုပြီး ပို နာမည်များ ကြီးသွားမလားပဲ။ 😛

  • kyeemite

    August 20, 2014 at 1:35 pm

    သစ်ခွပန်းလေးတွေအားပေးသွားပါတယ်ဗျ :))

    • JackSkellington

      August 20, 2014 at 2:36 pm

      ကျေးဇူးတင်ပါတယ်ဗျ။ 😀

Leave a Reply